အပိုင်း (၄၂၀) – သူမ အိမ်သို့လိုက်သွားခြင်း
Vol. 005 Ch. 420
သို့သော် ဝူလင်းယူအပြုံးမှာ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ ထို့နောက်တွင် သူ့ကိုယ်ရောင် ကိုယ်ဝါသည် အေးစက်သွားကာ ယှဉ်မရလောက်အောင်ပင်…ကြောက်မက်ဖွယ်ကောင်းလေသည်။
ဒီကောင်မလေးက စာအုပ်ကို ဖွင့်လိုက်ပြီးတာနဲ့ ခေါင်းကို ပြန်မမော့တော့တာလေ။
သူမက သူ့ကို တစ်ချက်လေးတောင် မကြည့်တော့ဘူး…
သူသည် သူမအား မနားတမ်း စိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် မခံနိုင်တော့သူက ခေါင်းမော့လာကာ ပြောလေသည် “ဗိုက်ဆာတယ်မလား၊ ဘာလို့ မစားပဲ ကျွန်တော့်ကိုပဲ ကြည့်နေတာလဲ”
ယူလင်းယူသည် ထိုစာအုပ်အား သူမကို ပေးလိုက်ခြင်းကြောင့် နောင်တရကာ ပြန်ယူချင်မိသည်။
“မင်း စာဖတ်လိုက်တာနဲ့ ငါ့ကိုတောင် မကြည့်တော့ဘူး” သူ ညည်းညူလိုက်သည် “အဲစာအုပ်က ငါ့ထက် ပိုချောနေလို့လား”
ရှီမာယူယူ မျက်ဖြူလှန်မိသည်။ သူက သူ့ရုပ်ရည်ကို စာအုပ်နဲ့လာနှိုင်းနေသေးတယ်၊ သူပြည့်ဖို့ လိုသေးတာပဲ။
“ခင်ဗျားထက် ပိုကြည့်ကောင်းတယ်” သူမ အရိုးသားဆုံးပြန်ဖြေလေသည်။
“ငါ့ထက် ပိုကြည့်ကောင်းတယ်ပေါ့” ဝူလင်းယူ အသံသည် အေးစက်နေသည်။ သူသည် စာအုပ်အား ရန်သူတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။
ရှီမာယူယူသည် သူ့အားကြည့်ပြီးနောက် သူစာအုပ်အား မစုတ်ဖြဲခင်ကို သိမ်းလိုက်သည်။
“ခင်ဗျား စားမှာလားမစားဘူးလား မစားရင် သိမ်းလိုက်တော့မယ်”
“စားမှာပေါ့ ဘာလို့မစားပဲနေရမလဲ ဗိုက်တောင်မပြည့်သေးဘူး” ဝူလင်းယူသည် သူမ စာအုပ်သိမ်းလိုက် သည်ကို မြင်သောအခါ စွတ်ပြုတ်ကို ပျော်ရွှင်စွာ စားလေသည်။
သူ စွတ်ပြုတ်သားပြီးသောအခါ အားနည်းသေးသဖြင့် ရှီမာယူယူသည် သူ့အတွက် တဲလုပ်ပေးကာ နားရန် အိပ်ရာပြင်ပေးလေသည်။
မဖြစ်နိုင်ဟု ရှီမာယူယူ ပြောချင်သော်လည်း သူ အလွန်အားနည်းနေသည်ကို ကြည့်ကာ လိုက်လျော ရပြန်သည်။
သူမသည် သူ့အား တုလေးလိုပင် ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံပေးရသည်။
သူမ တဲထိုး၊ နားရန်အိပ်ရာ ပြင်ပြီးနောက်တွင် သူ့အားနားရန် တွဲခေါ်ခဲ့လေသည်။ ထို့နောက် သူမ ပြန်ကာ စာအုပ်ဖတ်ရန် ပြင်လိုက်သည်။
သို့သော် တစ်စုံတစ်ယောက်သည် သူမအား သွားခွင့်မပေးပေ။ တစ်ခုလုပ်ပေးပြီးလျှင် နောက်တစ်ခု ခိုင်းပြန်သည်။ သူသည် သူမအား ထွက်သွားခွင့်မပြုပေ။
နောက်ဆုံးတွင် သူမ သည်းမခံနိုင်တော့ပဲ “ဝူလင်းယူ နည်းနည်းလောက် ပုံမှန်လိုနေပေးလို့ မရဘူး လား၊ ခင်ဗျားကို ဒီမှာပဲ ပစ်သွားပြီး ကိုယ့်ဘာသာထွက်သွားလိုက်မှာနော်”
သူသည် သူမကြောင့် ဒဏ်ရာရလာသည်ဆိုသည့် အချက်ကို ကြည့်ကာ သူတောင်းဆိုသမျှကို စိတ်ရှည် စွာ လုပ်ပေးခဲ့သည်။ ဒီလူ ဒီလောက်လုပ်လိမ့်မယ်ဟု သူမ မထင်ခဲ့ပေ။
ဝူလင်းယူသည် ရှီမာယူယူ ပေါက်ကွဲသည်ကို ကြည့်နေသည်။ ထိုမှသာ သူအသိပြန်ဝင်လာကာ ပြော လိုက်သည် “ငါအများကြီး မတောင်းဆိုပါဘူး၊ မင်း ဆိုဖာမှာ လှဲနေလို့ရတယ်လို့”
ရှီမာယူယူ သူ့အား မျက်စောင်းထိုးလိုက်သည်။ သူမ ဆိုဖာဆီသို့လာကာ ထိုင်ပြီး တည်ဆောက်မှု စာအုပ် ထုတ်ကာ ဖတ်လိုက်သည်။
ဝူလင်းယူသည် သူမ တိတ်ဆိတ်စွာ စာဖတ်နေသည်ကို ကြည့်ကာ သူမအား မနှောင့်ယှက်တော့ပေ။ သူ တင်ပြင်ခွေထိုင်ကာ သူ့ဝိဉာဉ်ကို ကုသနေသည်။
သူသည် ရှီမာယူယူ ပေးသော ဆေးကို စားပြီး ဝိဉာဉ်အရည်ကို သုံးပြီးသော်လည်း အားနည်းနေဆဲပင်။ အခုတော့ သူအားပြည့်အောင် သေချာလုပ်ရမည်။
သည်လိုနှင့် တစ်ယောက်သည် အိပ်ရာပေါ်တွင် ကျင့်ကြံကာ နောက်တစ်ယောက်သည် စာအုပ်ဖတ်နေ လေသည်။ သူတို့သည် တိတ်ဆိတ်နေကာ တစ်ယောက်နှင့်တစ်ယောက် နှောင့်ယှက်ခြင်း မပြုပေ။
သည်လိုနှင့် ဆယ်ရက်ကုန်ဆုံးသွားသည်။
ထိုဆယ်ရက်အတွင်းတွင် ရှီမာမျိုးနွယ်မှလူများသည် ရှီမာယူယူအား ရှာချင်သော်လည်း သူမ မည်သည့် နေရာသို့ ရောက်နေသည်ကို မသိကြပေ။ သူမ ရှိနေသော နေရာကိုသိသော ရှီမာယူလင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ကျောက်စိမ်းတုံးကို သိမ်းလိုက်သည်။
သူမ ခေါ်သွားခံရချိန်တွင် သူမသည် ခုခံနိုင်သည့်အခြေအနေဖြစ်သည်။ သို့သော် တစ်ဖက်လူမှ ခေါ်သွား ခြင်းကို သူမ ခွင့်ပြုခဲ့သည်။
သူမတွင် အကြောင်းအရင်းရှိရမည်။
ဆယ်ရက်အကြာတွင် ဝူလင်းယူသည် ပထမဆုံးအကြိမ် မျက်စိဖွင့်လာသည်။ သူ့အကြည့်သည် ချက်ချင်းပင် အလေးအနက် စဉ်းစားနေသော သူမဆီရောက်သွားလေသည်။ သူ ညင်သာစွာ ပြုံးလိုက်သည်။
“ပြီးပြီလား” ရှီမာယူယူ ခေါင်းမော့ကာ မေးလေသည်။
“အင်း” ဝူလင်းယူ ဆင်းလာကာ သူမဘေးသို့ လျှောက်သွားလိုက်သည်။ သူသည် သူမ၏ အနက်ရောင် ဆံပင်များကို ဖွကာ ပြောလိုက်သည် “တစ်ချိန်လုံး ဒီမှာရှိနေတာလား”
“အင်း” သူမ ဆံပင်များကို ပြန်သပ်လိုက်သည်။
“တစ်ချိန်လုံး စာအုပ်ဖတ်နေတာလား”
“ဒီတည်ဆောက်မှု စာအုပ်က တခြားစာအုပ်တွေထက် အများကြီးကောင်းတယ်၊ ပြီးတော့ လေ့လာဖို့ လည်းပိုခက်တယ်” ရှီမာယူယူသည် သူ့မေးခွန်းကို မသွယ်ဝိုက်ပဲ ပြန်ဖြေလေသည်။
သူမ စာအုပ်ကို ပြန်သိမ်းကာ ပြောလေသည် “ကျွန်တော် အံ့ဖွယ်အဆင့်ရောက်တာနဲ့ မိုရှားနဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ သူနဲ့ ပြောပြီးပြီ၊ အဲအချိန်ကျရင် ခင်ဗျားတို့ နှစ်ယောက်ပေါင်းလိုက်ကြပေါ့၊ အဲကျရင် ဒီကိစ္စနဲ့ စိတ်ရှုပ် စရာမလိုတော့ဘူး”
“ကောင်းပြီ အဲလိုဆိုရင် ရှေ့လျှောက်ကို မင်း အံ့ဖွယ်အဆင့်မရောက်ခင်အထိ ဘာမှမဖြစ်အောင် ငါ မင်းဘေးမှာ ရှိပေးမယ်” ဝူလင်းယူပြောလိုက်သည်။
“ခင်ဗျားက ပညာရှိစံအိမ်တော်က မြင့်မြတ်တဲ့သားတော်ပဲ၊ ကျွနတော့်နောက်ကို လိုက်ဖို့ ဘယ်လို ပြောမှာလဲ” ရှီမာယူယူ သဘောမတူပဲ ပြောလိုက်သည် “ကျွန်တော်အံ့ဖွယ်အဆင့်ရောက်ဖို့ အကောင်းဆုံး ကြိုးစားမယ်၊ ပြီးတာနဲ့ ခင်ဗျားတို့ကိုလာရှာမယ်”
“မင်းက ငါ့ကို မြန်မြန်ကို နှင်ထုတ်တော့တာပဲ နှလုံးသားမဲ့လိုက်တာ” ဝူလင်းယူ ပြောလိုက်သည်။
“ခင်ဗျားမှာလည်း ကိုယ့်ကိစ္စနဲ့ကိုယ်ရှိမှာပဲ ကျွန်တော့်ဘေးမှာ တစ်ချိန်လုံး နေစရာမလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ငါက နေချင်တာ” ဝူလင်းယူပြောလိုက်သည် “အဲဒါဆိုလည်း အဲလိုပဲလုပ်တာပေါ့”
ရှီမာမျိုးနွယ်မှလူများသည် သူမ မိန်းကလေးဖြစ်သည်ကို သိပြီးဖြစ်၍ သူမကို တစ်ခုခုစော်ကားရင် ဘယ်လိုလုပ်မလဲ။ သူ တစ်ချိန်လုံး သူမဘေးတွင် ရှိနေမှဖြစ်မည်။
ဒီကောင်မလေးက တစ်ခါဆုံးဖြတ်ပြီးတာနဲ့ အလွယ်တကူ စိတ်မပြောင်းနိုင်ဘူး။ သူမ ဘယ်သူ့ကိုမှ သဘောမကျသေးသော်လည်း သူမရှိစဉ်အတောအတွင်း တစ်ယောက်ယောက်ကို သဘောကျသွားရင် ဘယ်လိုလုပ်မလဲ။
ထို့ကြောင့် သူ ဒီမှာ နေပြီး လွှမ်းမိုးချင်သည်။
ဝူလင်းယူ အတွေးကို ရှီမာယူယူ မသိပေ။ သို့သော် သူသည် အခိုင်အမာပြောသဖြင့် ခွင့်ပြုလိုက်ရ သည်။ သူသည် သူမအား တန်ဖိုးရှိသော စာအုပ်များကို ယူလာပေးသည်ဖြစ်၍ ဒီအတိုင်းတော့ နှင်မထုတ်နိုင်သေးပေ။
သည်လိုနှင့် သူမသည် ဆယ်ရက်အကြာ ပြန်ပေးဆွဲခံရပြီးနောက်တွင် ဝူလင်းယူအား သူမ ဂိုဏ်းသို့ ပြန်ခေါ်လာလေသည်။
သူတို့ နှလုံးသားထဲမှ အလှပဂေးသည် နတ်ဆိုးယောက်ျားကို ပြန်ခေါ်လာသည်။ ထိုယောက်ျားသည် သူမ အား ပြန်ပေးဆဲသွားသော သူပင်ဖြစ်နေသည်။ ယိလင်းဂိုဏ်းမှ လူများသည် အလွန်အံ့သြသွားကာ ထို ယောက်ျားအား သူမ အိမ်သို့ ခေါ်သွားသည်ကို မြင်သောအခါ သူတို့မျက်လုံးများသည် ပြူးကျယ်သွားကြ လေသည်။
“ယူယူလား” ဘေဂုံထန်နှင့် တခြားသူများသည် ရှီမာယူယူ ဝူလင်းယူအား ပြန်ခေါ်လာသည်ကို တွေ့ သောအခါ အံ့သြကြသည်။
ရှီမာယူယူ ပခုံးတွန့်ကာ ပြောလိုက်သည် “သူ ငါတို့နဲ့ ခဏနေချင်တယ်လို့ပြောလို့”
“ဒါဆို သူဘယ်မှာနေမှာလဲ”
“ငါ ငါ့ဂျူနီယာလေးနဲ့ နေမှာပေါ့” ဝူလင်းယူသည် အပြုံးဖြင့် ပြောလေသည်။
အတူနေမယ် ဟုတ်လား။
ဖက်တီးကျူ နှင့် တခြားသူများသည် မှင်တက်သွားကြသည်။ သူက သူမနဲ့ အတူနေချင်တာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သို့သော် ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလေသည် “ငါ့ ခြံဝန်းထဲက အိမ်တစ်အိမ်ကို သူ့အတွက် ပြင် ပေးလိုက်”
ဂိုဏ်းတွင် လူအများအပြားရှိသဖြင့် ဒီလိုအိမ်မျိုးသည် သူ့အတွက်သင့်တော်မည်။ ခြံဝန်းတစ်ခုတွင် လူ အများစုနေကြသည်။ သို့သော် ရှီမာယူယူသည် ဂိုဏ်းတွင် ရာထူးမြင့်ကာ လျှို့ဝှက်ချက်လည်းများသောကြောင့် ခြံဝန်းတွင် တစ်ယောက်တည်းနေလေသည်။
အခုတော့ သူမ ခြံဝန်းတွင် ဝူလင်းယူကို နေခိုင်းရတော့သည်။ ဒါဆို သူမက သူနဲ့ နေ့ရောညပါ ဆက်သွယ်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်မလား။
သူမသည် မိန်းကလေးဟု မသိခင်က အဆင်ပြေသေးသည်။ သို့သော် အခု သူမသည် မိန်းကလေး ဖြစ်ကြောင်း သိကြသဖြင့် ဝူလင်းယူ သူမနှင့် အတူနေသည်ကို ဂိုဏ်းသားများသည် အဆင်မပြေကြပေ။
သို့သော် တစ်ဖက်လူသည် အထူးဧည့်သည်ဖြစ်ကာ ရှီမာယူယူသည်လည်း သဘောတူသည်။ သူတို့ သည် ဝူလင်းယူ သူမ ခြံဝန်းအတွင်းနေသည်ကို ကြည့်နေရုံအပြင် မတတ်နိုင်ပေ။
ရှီမာယူယူသည် ထိုလူများ၏ အလိုမရှိသော မျက်လုံးများကို သိသော်လည်း ရွေးချယ်စရာ မရှိပေ။ ဒီလူက သူမဘေးရောက်နေပြီလေ။ သူသည် တစ်ခုခုဖြစ်သည်နှင့် ချက်ချင်းသိသည်ဟု ပြောသည်။
သူ၏ ဆင်ခြေကို သူမ ခေါက်ထားလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်အား စစ်ဆေးချိန်တွင် သူတောင်းဆိုသည်ကို သူမ သဘောတူလိုက်ရသည်။
သူ့တွင် ကိစ္စတစ်ခုခုဖြစ်လာပါက သူမသည် သူ့ဝိဉာဉ်အား အချိန်မရွေးသွားစစ်ဆေးနိုင်ရန်ဖြစ်သည်။ သူ၏ အရင်ဒဏ်ရာများကိုတွေးလိုက်သောအခါ သူ၏ တောင်းဆိုချက်ကို မငြင်းဆန်တော့ပေ။
သူတို့၏ အလှပဂေးသည် သူစိမ်းယောက်ျားလေးကို သူမနှင့်အတူနေခွင့်ပြုလိုက်သဖြင့် ထိုလူငယ် များသည် ကြေကွဲကြသည်။
သို့သော် ပညာရှိစံအိမ်တော်သို့ သွားဖူးသော လူများသည် ဝူလင်းယူ၏ ရာထူးကို သိကြသည်။ သူနှင့် ယှဉ်လျှင် သူတို့တွင် အခွင့်အရေးမရှိသည်ကို သိကြသည်။
သည်လိုနှင့် သူမ ခြံဝန်းအပြင်တွင် စုရုံးနေကြသော လူများသည် တဖြည်းဖြည်းကျဲသွားသည်။
ဝူလင်းယူ ကျေနပ်စွာ ပြုံးလိုက်သည်။