← Chapters

အပိုင်း(၅၆၂)

Vol. 38 Ch. 562

အပိုင်း(၅၆၂)

Vol. 38 Ch. 562

“ဖုန်း..ဟွာ.ရွှယ်..ယွဲ့.. ရွှယ်ဝူဟမ်..”

ရှစ်ဖုန်နမည်များအားတီးတိုးရေရွတ်လိုက်သည်။

အစကတည်းက ရှစ်ဖုန့်အနေဖြင့် ဤသီချင်းအား နားထောင်နေခဲ့သည်။  ရှစ်ဖုန့်ဤသီချင်းကို ယခင်ကကြားဖူးသည်ဖြစ်သည်။

ဤသီချင်းမှာ သူ၏တပည့်ဖြစ်သူ မိုရှောင်ယောင်ထံမှဖြစ်သည်။  မူလက သံစဉ်အားတီးခတ်နေသောသူမှာ  မိုရှောင်ယောင် ၏ တပည့်ဖြစ်မည်ဟု ရှစ်ဖုန့်ထင်ခဲ့၏။

ယခု သံစဉ်အားတီးခတ်နေသောသူမှာ ချင်ယူဖန်း၏တပည့်ဖြစ်သူ ရွှယ်ဝူဟမ်ဖြစ်နေလိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။

သို့သော် ဤသည်ကားပုံမှန်သာဖြစ်သည်။  ချင်ယူဖန်း၏တပည့်ဖြစ်သူက မိုရှောင်ယောင်ဖန်တီးထားသော

တေးသွားအား တီးခတ်ခြင်းသာဖြစ်၏။

သူတို့တွေ့ဆုံလာမှတော့ရှစ်ဖုန့်အနေဖြင့်   သူ၏ဤတပည့်ဖြစ်သူအား တွေ့ချင်သည်ဖြစ်သည်။  ထို့နောက် ရှစ်ဖုန့်က အကူမိန်းကလေးအားပြောလိုက်သည်။

“ဒီသခင်လေးကို ရွှယ်ဝူဟမ်ဆီကိုခေါ်သွားပါ”

ရှစ်ဖုန့်၏စကားအားကြားသောအခါတွင်  အကူမိန်းကလေးက ဒုက္ခရောက်သောဟန်ဖြင့်ပြောလိုက်သည်။

“သခင်လေး…ဒါ..ဒါက.. သခင်လေးကို ကျွန်မမခေါ်သွားခင်မှာ  သခင်လေး ရွှယ်ဝူဟမ်ရဲ့ ခွင့်ပြုချက်ကို ရဖို့လိုပါသေးတယ်..”

ခဏမျှရပ်တန့်ပြီးနောက် အကူမိန်းကလေးကဆက်ပြောသည်။

“သခင်လေး ..ဒီလိုဆိုရင်ရော..သခင်လေးကအနေနဲ့ကျွန်မ သခင်လေးရွှယ်ဝူဟမ်ကိုသွား

မေးနေတုံးမှာ ဒီမှာခဏလောက်စောင့်ဆိုင်းပေးပါ”

“ကောင်းပြီ..သွားပါ”

အကူမိန်းကလေး၏စကားအား

ကြားသောအခါတွင်  ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဒီသခင်လေးက သူ့ရဲ့တေးသွားကိုနားဆင်နေပြီး

တော့သူ့ကိုတွေ့ချင်နေတယ်လို့

သူ့ကိုပြောလိုက်ပါ”

“ကျွန်မသခင်လေးရွှယ်ဝူဟမ်ကို

တွေ့တဲ့အခါ သခင်လေးရဲ့စကားကို သတင်းပါးလိုက်ပါ့မယ်”

အကူမိန်းကလေးကပြောသည်။

“ကောင်းပြီ..သွားပါ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ခဏလေးစောင့်ပါ သခင်လေး”

အကူမိန်းကလေးက လှည့်ပြီးထွက်ခွာသွားသည်။

ဘေး၌ရပ်နေသောရှစ်ကျင်းရွှိုက်မှာ သူတို့ကြားရှိပြောစကားများအား

ကြားပြီးနောက်  ရုတ်တရက်နားလည်သွားသည်။ရှစ်ဖုန့်ကလည်းဧကရာဇ်   မိုရှောင်ယောင်၏ တပည့်ဖြစ်သည်ကို သူသဘောပေါက်သည်ဖြစ်သည်။  ဧကရာဇ်ရှောင်ယောင်နှင့်ဆေး

ဝါးဖော်စပ်သူ ချင်ယူဖန်းတို့မှာ  ကမ္ယာပေါ်တွင်နံပါတ်တစ်ဖြစ်သူ

ငရဲဘုံကိုးခု ဧကရာဇ် ကျိုးယို၏ တပည့်များဖြစ်ကြသည်။  ရွှယ်ဝူဟမ်မှာလည်းရှစ်ဖုန့်၏ ဂျူနီယာညီတစ်ယောက်ဖြစ်၏။

ခဏကြာပြီးနောက်   ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့ထံသို့  အပြုံးတစ်ခုနှင့်ပြန်လည်ရောက်

ရှိလာသည်။  နီးကပ်လာသောအခါတွင် သူမကရှစ်ဖုန့်အားပြောလိုက်သည်။

“သခင်လေးရှင့်.. ကျွန်မသခင်လေး

ရဲ့စကားကို သခင်လေးရွှယ်ဝူဟမ်ဆီကို သတင်းပါးခဲ့ပါတယ်..ကြားပြီး

တဲ့နောက်မှာ သခင်လေးရွှယ်ဝူဟမ်က အရမ်းစိတ်ဝင်စားသွားပြီး သခင်လေးကို တွေ့ချင်နေပါတယ်”

“ကောင်းတယ်.. ဒီသခင်လေးတို့ကိုအဲ့ကိုခေါ်သွားပါ”

ရှစ်ဖုန့်ကပြောလိုက်သည်။

အကူမိန်းကလေး၏စကားအားကြားပြီးနောက် ရှစ်ဖုန့်မှာသူ၏ ဂျူနီယာညီဖြစ်သူ ကိုတွေ့ချင်နေမှန်းရှစ်ကျင်းရွှိုက်  သိလိုက်သည်။  သူကအပြင်လူ

ဖြစ်သောကြောင့် ထွက်သွားရန်ပြင်ဆင်ခဲ့သည်။ သို့သော် ရှစ်ဖုန့်၏  “ဒီသခင်လေးတို့”ဟူသောစကား

အားကြားသောအခါတွင် တစ်ချက်သွားကြည့်ရန်ဆုံးဖြတ်လိုက်၏။  ကမ္ဘာနံပါတ်တစ်ဆေးဝါးဖော်စပ်သူ၏ တပည့်ဖြစ်သူအား မည်ကဲ့သို့ပုံစံ

ရှိသည်ကို သူမြင်တွေ့ချင်သည်။

ကောင်းကင်ဘုံ အချစ် ဥယျဉ်အတွင်း၌  ဇီသာသံက ဆက်လက်ပျံ့လွင့်နေသည်။ အကူမိန်းကလေးကရှစ်ဖုန့်နှင့် ရှစ်ကျင်းရွှိုက်တို့အားဦးဆောင်ပြီး အနောက်ဥယျဉ်ထဲသို့ခေါ်သွား၏။ ထိုနေရာတွင် ကျောက်တုံးများဖြင့်ပြုလုပ်ထား

သောတံတားလေးရှိပြီး

အောက်ဘက်တွင်ရေများစီးဆင်းနေသည်။

အနောက်ဘက်ဥယျဉ်မှာ

တော်တော်လေးကိုလှပသည်ဖြစ်၏။

မကြာခင် သူတို့၏ရှေ့၌ အဆောက်ဦးသေးသေးလေးပေါ်လာ၏။  အကူမိန်းကလေးက ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့အားခေါ်ဆောင်ပြီး အဆောက်ဦးငယ်၏ တံခါး

ကိုဖွင့်လိုက်သည်။ သာယာနာပျော်ဖွယ်ဇီသာသံက ဤအဆောက်အဦးငယ်မှ

ထွက်ပေါ်လာနေပြီး အမျိုးသမီးတစ်ဦး၏ ရယ်မောသံခပ်သဲ့သဲ့ကလည်း ယှဉ်တွဲလိုက်ပါလာသည်။

မိန်းကလေး၏ ရယ်သံအားကြားလိုက်ရသော

အခါတွင်  ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီ တီးတိုးရေရွတ်လိုက်သည်။

“ဒါက..ချင်ယူဖန်းရဲ့တပည့်လား..

မိုရှောင်ယောင်တပည့်မဟုတ်ဘူးလား”

သုံးယောက်သားတံခါးနားသို့

ရောက်သောအခါတွင် ရပ်လိုက်ကြည်။ဤအချိန်တွင် အကူမိန်းကလေးက တံခါးတစ်ဖက်ခြမ်းသို့အော်ပြောလိုက်သည်။

“သခင်လေးရွှယ်ဝူဟမ်ရှင့်. ဒီသခင်လေးနှစ်ယောက်

ကိုခေါ်လာခဲ့ပါပြီ”

“တန်..”

အကူမိန်းကလေး၏ စကားဆုံးသွားသောအခါတွင်   သာ ယာနာပျော်ဖွယ်ဇီသာသံမှာ

လည်း ရုတ်တရက်ရပ်တန့်သွားသည်။  ထို့နောက်လူငယ်တစ်ယောက်၏အသံက အခန်းအတွင်းမှထွက်ပေါ်လာ၏။

“သူတို့ကိုဝင်ခိုင်းလိုက်ပါ”

ဤသို့ပြောပြီးနောက် လူငယ်၏စကားပြောသံထပ်မံ

ထွက်ပေါ်လာသည်။

“မင်းတို့တွေထွက်သွားလို့ရပြီ”

“ဟုတ်ကဲ့သခင်လေး”

လှပပြီးကြင်လင်သော အသံလှိုင်းများထွက်ပေါ်လာသည်။ ဤအသံများမှာ အမျိုးသမီးတို့၏အသံများဖြစ်ပြီး အသံအရအနည်းဆုံးအမျိုးသမီး

ဆယ်ဦးခန့်အခန်းအတွင်း၌ရှိလေသည်။

“ဒါက..တကယ်ပဲချင်ယူဖန်း

ရဲ့တပည့်လား”

ထို့နောက် အဆောက်အဦးငယ်၏တံခါးပွင့်လာပြီး လှပသောမျက်နှာများနှင့်နှစ်

လိုဖွယ်ကောင်းသော ပုံရိပ်များက ရှစ်ဖုန့်၏ မြင်ကွင်းအတွင်းဝင်ရောက်လာသည်။  ထို့နောက်  ဤအမျိုးသမီးများမှာ ညင်သာစွာရယ်မောလျှက် အဆောက်အဦးအတွင်းမှ လျှောက်လှမ်းထွက်လာကြသည်။  ဤပေါ်လာသောအမျိုးသမီးများနှင့်အတူ သင်းပျံ့သာရနံ့မွှေးတို့ကလည်း

ယှဉ်တွဲလိုက်ပါလာပြီး ရှစ်ဖုန့်နှင့် ရှစ်ကျင်းရွှိုက်တို့၏ နှာခေါင်းပေါက်အတွင်း

ဝင်ရောက်လာသည်။

ဤအမျိုးသမီးများမှာ လှပပြီးတင့်တယ်ကျတ်သ

ရေရှိသည်ဖြစ်သည်။ အချို့ကဖြူစင်ပြီးချို့ကညှို့ဓာတ်ပြင်းကာ အချို့ကတော့လုံးကြီးပေါက်လှဖြစ်၍ အချို့ကတော့ လိုလီလေးများဖြစ်ကြသည်။ ၎င်းတို့အားလုံးကမတူကွဲပြားကြပြီး ပါးလွှာသော ဇာထည်များကိုဝတ်ဆင်ထားကြသည်။

ပါးလွှာသော ဇာထည်တို့အောက်တွင် ၎င်းတို့၏တင့်တယ်သောခန္ဓာကိုယ်တို့က ခပ်ရေးရေးရှိုက်ဖိုကြီးငယ်အ

လှတို့ပေါ်ထွက်နေ၏။

စုစုပေါင်းအမျိုးသမီးဆယ့်

တစ်ယောက်ရှိပြီးတစ်ယောက်စီတိုင်းက ပြိုင်ဘက်ကင်းလောက်အောင်

လှသူများဖြစ်သည်။ရှစ်ဖုန့်နှင့်

ရှစ်ကျင်းရွှိုက်တို့အားခေါ်

လာသောအမျိုးသမီးမှာလှပသော်လည်း ဤအမျိုးသမီးများနှင့်နှိုင်းယှဉ်လိုက်လျှင်  တကယ်ကိုများစွာအလှလျော့

နည်းသွားသည်ဖြစ်သည်။

အဆောက်အဦးငယ်အတွင်းမှ

ထိုအမျိုးသမီးများထွက်ခွာသွားပြီးနောက် အကူမိန်းကလေးကရှစ်ဖုန့်နှင့်

ရှစ်ကျင်းရွှိုက်တို့အား   ဦးညွှတ်ဂါရဝပြုလိုက်ပြီး

ပြောလိုက်သည်။

“ သခင်လေးတို့ရှင့်.. ကျွန်မအခုထွက်ခွာပါတော့မယ်”

ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့အား

ဂါရဝပြုပြီးနောက် အကူမိန်းကလေးက အဆောက်အဦးငယ်အတွင်း

သို့လည်းဂါဝရလှမ်းပြုလိုက်ပြီး

ပြောလိုက်သည်။

“သခင်လေးရွှယ်ရှင့်..

ကျွန်မအခုသွားပါတော့မယ်”

ထို့နောက် အကူမိန်းကလေးက ကျတ်သရေရှိစွာလျှောက်လှမ်းပြီး လှည်ံ့၍ ဣန္ဒြေရရပြန်လည်ထွက်ခွာသွားသည်။

“အထဲဝင်ကြစို့”

ရှစ်ဖုန့်က ဘေးရှိ ရှစ်ကျင်းရွိုက်အားပြောလိုက်သည်။

ထို့နောက်သူကဦးဆောင်ပြီး အဆောက်အဦးငယ်၏တံခါးအားဖြတ်သန်း၍ အခန်းအတွင်းဝင်ရောက်လိုက်သည်။

ဤသည်မှာ လွန်စွာ ကောင်းမွန်သောအခန်းတစ်ခုဖြစ်သည်။ယခင်အမျိုးသမီးများထံမှရသောရနံ့နှင့်ဆင်

တူသည့်ရနံ့အားရှစ်ဖုန့် အနံ့ရနေသေးဆဲဖြစ်သည်။

ထို့နောက်အဖြူရောင်နှင့်ချောမော

သောလူငယ်တစ်ယောက်က ဤအခန်း၏အလယ်၌ထိုင်နေသည်

ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်းက အသက်နှစ်ဆယ့်လေးနှစ်ဆယ့်ငါးခန့်ရှိသည်။  ၎င်း၌ပုခုံးအထိကျနေသောဆံပင်ရှည်

တို့ရှိပြီးချောမောသော မျက်နှာတစ်ခုကိုလည်းပိုင်ဆိုင်ထား၏။

အဖြူရောင်နှင့်လူငယ်၏ရှေ့

တွင်ဇီသာတင်သောစားပွဲရှိမနေချေ။ ဇီသာကသူ၏ရှေ့၌သာလွင့်မျောနေသည်။

ရှစ်ဖုန့်ကကြောင့်ကြမဲ့စွာနေ

နေသောဤလူငယ်အားကြည့်လိုက်သည်။

“ဒါက..”

ရှဏ်ုဖန့်၎င်းအားကြည့်လိုက်၏။  ဤသည်မှာ မိုရှောင်ယောင်၏ အသေးစား

ဗားရှင်းဖြစ်သည်။ ဤလူငယ်မှာ မိုရှောင်ယောင်ဟူသောကောင်စုတ် ဘယ်ကမှန်းမသိသောအမျိုး

သမီးချို့အားလှည့်စားပြီး ရခဲ့သည့်တရားမဝင်သားများ

ဖြစ်နေသည်လော။  ထို့နောက် သူကချင်ယူဖန်း၏တပည့်ဖြစ်လာခြင်းလော။

ရှစ်ဖုန့်က အကူမိန်းကလေးက ရွှယဝူဟမ်ကိုမေးပေးရန်တောင်း

ဆိုခဲ့ခြင်းကြောင့်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရွှယ်ဝူဟမ်မှာ ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့နှင့် တွေ့သောအခါတွင်အပြုံးတစ်ခု

ကသူ၏မျက်နှာထက်၌ရှိနေသည်။

ထို့နောက်သူ၏အဖြူရောင်ဝတ်ရုံ

အားတစ်ချက်ဝေ့ယမ်း၍ တင့်တယ်စွာလှုပ်ရှားလိုက်သည်။ အခန်းအတွင်းမှ  မဟော်ဂနီရောင်ကုလားထိုင်နှစ်လုံးက  ရုတ်ခြည်း  ရွှယ်ဝူဟမ်ထံသို့ပျံသန်းသွား၏။

ထို့နောက်ရွှယ်ဝူဟမ်က ကုလားထိုင်နှစ်လုံးအားညွှန်ပြ၍  ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့ကိုပြောလိုက်သည်။

“ဧည့်သည်တော်နှစ်ဦး ..ကျေးဇူးပြုပြီးထိုင်ပါအုံး”

“ကျေးဇူးအများကြီးတင်ပါတယ်…”

ရှစ်ကျင်းရွှိုက်က လေးစားသမှုဖြင့်လက်သီး

နှစ်ဖက်အားဆုပ်လိုက်ကာ မဟော်ဂနီရောင်ကုလားထိုင်

ထံသို့လျှောက်သွားလိုက်ပြီး

ထိုင်ချလိုက်သည်။

ရှစ်ဖုန့်ကသူ၏ထူးမခြားနား

သောဟန်ကိုထိန်းသိမ်း

လျှက်ရှစ်ကျင်းရွှိုက်နှင့်အတူ မဟော်ဂနီရောင်ကုလားထိုင်

ပေါ်တွင်ထိုင်ချလိုက်ပြီး သူ၏အကြည့်ကိုကတော့ ရွှယ်ဝူဟမ်ပေါ်၌ စူးစိုက်ထားဆဲဖြစ်သည်။

သူ၏ဤမြေးတပည့်အားသူပိုပြီးကြည့်လေ ၎င်း၏အသွင်အပြင်၊၎င်းဝတ်ရုံ

အားဝေ့ယမ်းပုံ၊မျက်နှာပေါ်ရှိ

ကွဲပြားမှုမရှိသောအပြုံးနှင့် လေသံတို့က မိုရှောင်ယောင်နှင့်တူညီမှုပိုမိုမြင့်မား

လာကြောင်းကိုသူသဘော

ပေါက်လိုက်သည်။

ထို့အပြင် သူတို့ရောက်ခါစကာ အခန်းအတွင်း၌အလှလေး

များဖြင့်ပြည့်နေပြီး ၎င်းတို့၏ ပင်ကိုယ်စရိုက်ကလည်း လွန်စွာတူညီသည်ဖြစ်’။

ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့ထိုင်

လိုက်သည်အားတွေ့ရပြီးနောက် ရွှယ်ဝူဟမ်၏မျက်နှာမှာပြုံးနေဆဲဖြစ်ပြီး   ထိုအပြုံးဖြင့်ပင်သူကမေးလိုက်သည်။

“အစောက ကျုပ်တီးလိုက်တဲ့ ရှောင်ယောင်ချုံတေးသွားကို ကြားဖူးတာဘယ်သူများ

လဲလို့သိချင်မိတယ်”

စကားပြောပြီးနောက်   ရွှယ်ဝူဟမ်၏အကြည့်တို့က ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်ပေါ်

သို့ကျရောက်လာပြီး  ဂရုတစိုက် အကဲဖြတ်သုံးသပ်နေသည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters