← Chapters

သားရဲများ တိုက်ခိုက်မှု အသေးစား

Vol. 11 Ch. 151

သားရဲများ တိုက်ခိုက်မှု အသေးစား

Vol. 11 Ch. 151

အခန်း (၁၅၁) သားရဲများ တိုက်ခိုက်မှု အသေးစား

အစိမ်းရောင်တောင်ကြားမြို့ တစ်ဝိုက်တွင် တောရိုင်းသားရဲအချို့ကို တွေ့ရှိခဲ့ပြီး ၎င်းတို့သည် မြို့အတွက် ပြဿနာဖြစ်စေသည်။ ဟန်ရှောင်းမရောက်ခင်မှာ ဗဲလ်စက်သည် ခိုလှုံသူများကို သားရဲတွေကို အမဲလိုက်ရန် လှုံ့ဆော်ပေးဖို့အတွက် သေးငယ်တဲ့ငွေပမာဏကို အသုံးပြုခဲ့သည်။ တဖြည်းဖြည်း သူသည် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိခဲ့သည်။ ခိုလှုံသူများသည် အသေအပျောက်မရှိဘဲ တောရိုင်းသားရဲများကို လိုက်လံသတ်ဖြတ်နိုင်၏။ စူးစမ်းလေ့လာမှု တစ်ချို့ပြီးနောက်၊ ဤခိုလှုံသူများသည် ပြန်လည်ရှင်သန်နိုင်သော အက်စ်ပါ ဖြစ်ပုံရပြီး အမှန်တကယ် သေမည်မဟုတ်ကြောင်းကို သူအံ့အားသင့်စွာ တွေ့ရှိခဲ့သည်။

ဗဲလ်စက်အံ့သြသွားသည်။ လူတစ်ဦးတွင် ပြန်လည်ရှင်သန်နိုင်သော အက်စ်ပါ စွမ်းရည်ရှိခြင်းသည် သာမန်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းသည် တစ်အုပ်စုလုံးဖြစ်လျှင်မူ ကွဲပြားသောဇာတ်လမ်းဖြစ်ပေမည်။ ဒဏ္ဍာရီထဲက ဝံပုလွေအနွယ်လိုပဲ ဒီစွမ်းရည်ကို တံတွေးက ဗီဇတွေ သယ်ဆောင်သွားပြီး သာမန်လူကို ကိုက်ပြီးရင် တခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်လား။

လေ့လာပြီးနောက်၊ ဗဲလ်စက်သည် ခိုလှုံသူများက သေးငယ်သောမက်လုံးများဖြင့် အလွယ်တကူ စိတ်ကျေနပ်မှုရရှိကြောင်း တွေ့ရှိသောအခါ စိတ်လှုပ်ရှားခဲ့ရသည်။

တကယ်လို့ ဒီထူးဆန်းတဲ့ခိုလှုံသူတွေကို ငါ့အတွက် အလုပ်လုပ်ခိုင်းနိုင်ရင်၊ သူတို့ရဲ့ ပြန်လည်ရှင်သန်နိုင်တဲ့ အမှတ်အသားက ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်တပ်တစ်ခု ဖြစ်လာလိမ့်မယ်။ ငါ ဘလက်ပိုင်းက ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူး။

ဤခိုလှုံသူများသည် ပြန်လည်ရှင်သန်နိုင်စွမ်းရှိသော်လည်း သူတို့တွင် တိုက်ခိုက်ရေးစွမ်းရည် အကန့်အသတ်ရှိသည်။ ဗဲလ်စက်က သူတို့ရဲ့ မူလဇစ်မြစ်အကြောင်း မေးခဲ့ပေမယ့် သူတို့ရဲ့ အဖြေတွေက အများအားဖြင့် ပေါက်တတ်ကရ စကားလုံးတွေပင်။ ခိုလှုံသူများ၏ နောက်ခံအကြောင်း သံသယအချို့ကို မဖြေရှင်းနိုင်သေးသော်လည်း၊ ဗဲလ်စက်သည် သူတို့၏ ဝန်ဆောင်မှုများအတွက် သူတို့နှင့် ရောင်းဝယ်ဖောက်ကားရန် ဆုံးဖြတ်ခဲ့သည်။

Black Phantom ရောက်ရှိလာပြီး ခိုလှုံသူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ ဗဲလ်စက်ထိတ်လန့်သွား၏။

ဒီခိုလှုံသူတွေအတွက် Black Phantom ဒီကိုရောက်လာတာလား။ သူတို့ရဲ့ စွမ်းရည်ကို သူလည်း သိတာလား။

Black Phantom သည် သွားရှုပ်ရမည့်သူ မဟုတ်သောကြောင့် ဗဲလ်စက်သည် ထိုအခိုက်အတန့်တွင် ငြိမ်ငြိမ်နေပြီး စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်၊ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ မြို့အနီးတွင်နေထိုင်သော သားရဲများက တိုက်ခိုက်ခဲ့သည်။

မရေမတွက်နိုင်သော သားရဲသားရဲများသည် တောတွင်းမှ ထွက်လာပြီး မြေပြင်ကို တုန်လှုပ်စေ၏။

ထိုအထဲတွက် မီးခိုးရောင်နတ်ဆိုးဝံပုလွေများက အများစု ပါဝင်သည်။ သူတို့၏သားမွေးများသည် မီးသွေးကဲ့သို မဲနေပြီး ၎င်းတို့သည် ကျွဲရိုင်းများကဲ့သို့ ကြီးမားသည်။ ဝံပုလွေများကြားတွင် တွားသွားနေသည့် ဆယ်မီတာမှ မီတာနှစ်ဆယ်အထိ အရှည်ရှိသော ခရမ်းနုရောင် ‌အကြေးခွံနှင့် စပါးအုံးမြွေကြီးလည်း ရှိသေးသည်။

တောရိုင်းသားရဲများသည် ပုံမှန်သာဖြစ်ပြီး ၎င်းတို့သည် မြို့တိုင်း ကြုံတွေ့ရသော ခြိမ်းခြောက်မှုဖြစ်သည်။ ဗဲလ်စက်သည် မြို့ကို မဆိုင်းမတွ သော့ခတ်ထားရန် အမိန့်ပေးခဲ့ပြီး သားရဲများကို တိုက်ခိုက်ရန် ကင်းမျှော်စင်များရှိ စက်သေနတ်များကို အသင့်ပြင်ထားရန် သူ့စစ်သားများကို တောင်းဆိုခဲ့သည်။ မြို့ပြင်မှာ ကျန်ခဲ့တဲ့ ကစားသမားတွေသည် သားရဲတွေကို ထိန်းဖို့ သူတို့အတွက် ကြားခံဇုန် ဖြစ်လာ၏။ ဗဲလ်စက်က သူ့မှာ အခကြေးငွေ မယူဘဲ စတေးနိုင်တဲ့ ခိုလှုံသူတွေ ရှိနေလို့ ဝမ်းသာနေသည်။

အရွယ်ရောက်ပြီးသော မီးခိုးရောင်နတ်ဆိုးဝံပုလွေများများသည် အဆင့် ၂၀ ခန့်ရှိသည်။ ၎င်းတို့သည် လူအုပ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ကစားသမားတစ်ဦးကို နှစ်ကိုက် ၃ ချက်မျှသာ ကိုက်ဖြတ်ပြီး စုတ်ဖြဲလိုက်သည်။

_____________________

သင် အရေးပေါ်တာဝန်ကို စတင်လိုက်ပါပြီ။ [အစိမ်းရောင်တောင်ကြားမြို့ကို ကာကွယ်ပါ။]

_____________________

သာမာန်ကစားသမားတွေအပြင် ဟန်ရှောင်းလည်း အရေးပေါ်တာဝန်ကို လက်ခံရရှိခဲ့၏။ သို့သော် စိတ်ပျက်စရာအနေဖြင့် ဆုငွေသည် အတွေ့အကြုံအမှတ် ထောင်ဂဏန်းမျှသာရှိသော လူသစ်တန်းစံနှုန်းဖြင့် ရရှိခဲ့သည်။ ကစားသမားများသည် သားရဲများကို တိုက်ခိုက်နေချိန်တွင် ဟန်ရှောင်းသည် တစ်ဖက်ကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။

ဗဲလ်စက်က ဟန်ရှောင်းကို သူ မကြည့်မိဘဲ တိုက်ပွဲကို သေချာ အာရုံစိုက် ကြည့်နေချိန်တွင် မြို့ရိုးထိပ်သို့ တွားသွားတက်သွားသည်ကို သတိပြုမိလိုက်သည်။ ဗဲလ်စက်ထိတ်လန့်သွား၏။ လူများစွာသည် မြို့ရိုးကို ကြည့်နေကြစဉ် Black Phantom သည် နံရံပေါ်သို့ တိတ်တဆိတ် တွားသွားနိုင်သည်။ ဆိုလိုသည်မှာ သူသည် သူလိုချင်သည့် မည်သူ့ကိုမဆို တိတ်တဆိတ် ချဉ်းကပ်နိုင်သည်ဟု ဆိုလိုသည်။ တကယ်ကိုပင်၊ သူသည် ကျွမ်းကျင်ပြီး ပြီးမြောက်အောင်မြင်သော လုပ်ကြံသတ်ဖြတ်သူအဖြစ် သူ၏နာမည်ကျော်ကြားမှုနှင့်အညီ နေထိုင်နေ၏။

ကစားသမားတွေက မြို့ကိုကာကွယ်ဖို့ အားလုံးကို ပေးဆပ်ခဲ့၏။ အခြေအနေက သွေးထွက်သံယိုနှင့် ကြမ်းတမ်းနေသည်။ မြို့၏ စက်သေနတ်တွေရဲ့ အကူအညီကြောင့် ကစားသမားတွေသည် လုံး၀ ရှုံးနိမ့်နေခြင်းတော့ မဟုတ်ပေ။ ဟန်ရှောင်းသည် ကစားသမားများ၏ စွမ်းဆောင်မှုများကို အနီးကပ်ကြည့်ရှုနေသည်။ အစိမ်းရောင်တောင်ကြားမြို့ တွင် အဓိကအားဖြင့် အက်စ်ပါ နှင့် ယန္တရားပညာရှင် class နှစ်ခုမှ ကစားသမားများပါဝင်သည်။

သူသည် မတူညီသော အက်စ်ပါအများအပြားကိုတွေ့မြင်ခဲ့သည်၊ ၎င်းသည် ကျောက်များကိုစုဆောင်းခြင်း သို့မဟုတ် ကျောက်တုံးများကိုအသုံးပြု၍ ခိုင်ခံ့သောချပ်ဝတ်တန်ဆာများ ပြုလုပ်ခြင်းကဲ့သို့သော စွမ်းရည်များပါ၀င်သည့် အရည်အချင်း-မြှင့်တင်ခြင်း၊ လူသာလွန်သော ခွန်အား၊ ခံနိုင်ရည်၊ အရှိန်၊ အမြန်ကုသခြင်းနှင့် ဒြပ်စင်ထိန်းချုပ်မှုများကို သူတွေ့မြင်ခဲ့သည်။ အက်စ်ပါအများအပြားရှိသော်လည်း အများစုမှာ အဆင့်နိမ့်ပြီး ကြာရှည်မခံပေ။ သူတို့သည် ဝံပုလွေများကို ထိခိုက်ပျက်စီးမှုအချို့နှင့် ကိုင်တွယ်ဖြေရှင်းခဲ့သော်လည်း အက်စ်ပါ ကစားသမားအနည်းငယ်သာ ပိုထင်ရှားသည်။

ကစားသမားများနှင့် သားရဲများကြား တိုက်ပွဲသည် ကြမ်းတမ်းသောကြောင့် အချို့သော ကစားသမားများသည် ဖိုရမ်တွင် တိုက်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေ၏။

ဟန်ရှောင်း မျက်လုံးကို မှေးလိုက်သည်။ သူပါဝင်ပြီး ဒီတိုက်ပွဲကို အမြန်အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။ အဲဒါနဲ့ သူ နံရံပေါ်က ခုန်ဆင်းသွား၏။

သူ့လျှပ်စစ်သံလိုက်လျပ်ပြေးဖိနပ်များကို အသက်သွင်းရင်း ခြေဖဝါးအောက်တွင် ရေခဲများ ရှိနေသကဲ့သို့ လှုပ်ရှားသွားသည်။ သူသည် အနက်ရောင် လျှပ်စီးကြောင်းကဲ့သို့ တိုက်ပွဲထဲသို့ ခုန်ဆင်းကာ စစ်မြေပြင်တွင် လျှင်မြန်စွာ ရွေ့လျားပြီး အသက်ကြီးကာ အမွေးအနည်းငယ်သာရှိသည့် မီးခိုးရောင်နတ်ဆိုးဝံပုလွေထံသို့ တည့်တည့်တိုးဝင်သွားခဲ့သည်။ ၎င်းသည် အဖွဲ့၏ခေါင်းဆောင်ဖြစ်ပြီး ဟန်ရှောင်းသည် ယခုလေးတင် စောင့်ကြည့်နေချိန်တွင် ထိုအရာကို သတိပြုမိခဲ့သည်။

ဟန်ရှောင်းက ဒီအကောင်တွေကို စနိုက်ပါနှင့် မပစ်ဖို့ ဆုံးဖြတ်လိုက်သည်။ စနိုက်ပါပစ်ခြင်းသည် ပျက်စီးမှုဧရိယာ အကန့်အသတ်ရှိမည်ဖြစ်ပြီး သူနှင့်အတူ လက်နက်ခဲယမ်းမှာလည်း အကန့်အသတ်နှင့်သာ ပါရှိသည်။ ဤ အဆင့် ၂၀ သားရဲများနှင့် ဆန့်ကျင်၍ သူ၏ အဆင့် ၅၀ အရည်အချင်းများနှင့် သူဘာလုပ်နိုင်သည်ကိုမြင်ရန် သင့်တော်သော အခွင့်အရေးဖြစ်သည်။

ရေပင်လယ်ဂြိုလ်တွင် သားရဲများသည် ပုံမှန်သာ ဖြစ်သည်။ သားရဲများနှင့် အကြီးအကျယ် တိုက်ခိုက်သောအခါ တစ်ယောက်တည်း ဝင်သွားမည် မဟုတ်ပေ။ ဘက်ပေါင်းစုံမှ ကြိမ်နှုန်းမြင့်မားသော တိုက်ခိုက်မှုများက အလွန်အန္တရာယ်များလှသည်။

အစိမ်းရောင်တောင်ကြားမြို့ ရှိ သားရဲကောင်များ အရေအတွက် အလွန်နည်းပါး၏။ ဝံပုလွေများနှင့် မြွေထောင်ပေါင်းများစွာသာ ရှိသည့်အတွက် ဟန်ရှောင်းသည် သူ၏ ပင်ကိုယ်အရည်အသွေးများ ကြွားဝါရန် တတ်နိုင်လေသည်။

သန်မာသော မီးခိုးရောင်နတ်ဆိုးဝံပုလွေများ အနည်းငယ်သည် ဝံပုလွေဘုရင်ကို ချက်ချင်းဝိုင်းရံလိုက်သည်။ ဝံပုလွေဘုရင်အိုထံမှ ဟိန်းဟောက်သံနှင့်အတူ ၎င်း၏အစောင့်များသည် ဟန်ရှောင်းဆီသို့ ခုန်ဝင်လာသည်။

ဟန်ရှောင်းသည် ၎င်း၏ သံလိုက် ချပ်ဝတ်တန်ဆာကို တစ်ကိုယ်လုံး ၀တ်ဆင်ထား၏။ သူသည် ဝံပုလွေများ၏ ချွန်ထက်သော ခြေသည်းများကို ပိတ်ဆို့ရန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ထိရိုက်သံများ ကျယ်လောင်လာသည်။ သူက သူ့ထက် လေးဆကနေ ငါးဆလောက်ကြီးတဲ့ ဝံပုလွေတွေကို ယှဉ်ပြိုင်တိုက်ခိုက်နေ၏။

အဆင့် ၂၀ မီးခိုးရောင်နတ်ဆိုးဝံပုလွေများထက် ပိုမိုမြင့်မားသော သူ၏ ခွန်အားတွင် ၆၉ မှတ် ရှိသည်။ သူ၏လက်ချောင်းများသည် ဝံပုလွေ၏ ခြေသည်းများအတွင်း၌ တူးဆွပြီး ဝံပုလွေကို ခေါင်းပေါ်မှမြှောက်၍ ကြမ်းပြင်ပေါ်သို့ အဝတ်ရုပ်တစ်ရုပ်လို ပစ်ချလိုက်သည်။ ဒါပေမယ့် အဝတ်ရုပ်နှင့် မတူတာက ဝံပုလွေက မြေပြင်မှာ ကျင်းတစ်ခု ဖြစ်သွားစေပြီး ညည်းတွားနေ၏။

ဒီမြင်ကွင်းကို မြင်လိုက်ရသော ကစားသမားများ အံ့သြသွားကြ၏။ မြင်ကွင်းက အရမ်းကို အကျိုးသက်ရောက်မှု ရှိ၏။ လူပုလေးတစ်‌ယောက်က သာမန်လူတစ်ဦးကို ပခုံးပေါ်မှ ပစ်တင်လိုက်သကဲ့သို့ပင်။

ဟန်ရှောင်းသည် သူ့ခန္ဓာကိုယ် မည်မျှ သန်မာသည်ကို သိလိုက်ရသဖြင့် ဝမ်းသာသွားသည်။ သူ၏ လက်သီးများသည် ပြင်းထန်သော လေသံများနှင့်အတူ ဝံပုလွေတစ်ကောင်ပေါ် ကျရောက်သွားသည်။ လက်သီးတစ်ချက်စီတိုင်းသည် ဝံပုလွေများ၏အဆုတ်ထဲသို့ ထိခိုက်ပျက်စီးစေသည့် စွမ်းအားများဖြင့် ပြည့်နေသည်။ ဝံပုလွေတစ်ကောင်သည် အဝေးသို့ လွင့်သွားသော်လည်း ၎င်းသည် ထပြီး နောက်တစ်ကြိမ် လွင့်ပစ်ရန်သာ ရှိတော့သည်။ အတိုက်ခံရသည့်နေရာသည် ခရမ်းရောင်အမဲစက်ဖြင့် အညိုအမဲစွဲနေ၏။

ဝံပုလွေများသည် ဝံပုလွေဘုရင်ကို ကာကွယ်ရန် စတင်စုရုံးလာကြသည်။ ဟန်ရှောင်း၏ မြင်ကွင်းသည် ထောင့်ပေါင်းစုံမှ လက်သည်းများနှင့် အစွယ်များဖြင့် တိုက်ခိုက်နေသော ဝံပုလွေများနှင့် ပြည့်နေသည်။ သံလိုက် ချပ်ဝတ်တန်ဆာသည် ချွန်ထက်သော ခြေသည်းများနှင့် ထိမှန်ပြီး မီးပွားများ လွင့်ပျံနေ၏။ ဟန်ရှောင်းသည် လှုပ်ဖို့ နေနေသာသာ အဘက်ဘက်မှ ဝံပုလွေများ၏ အလေးချိန်ကို မနည်းထိန်းထားရသည်။

သားရဲကောင်အုပ်ကို သတ်ဖြတ်ပြီး ဖြတ်ကျော်ဖို့က တကယ်ကို ခက်ခဲလှ၏။ ဟန်ရှောင်းသည် သူ့အစီအစဉ်ကို ပြောင်းလိုက်ပြီး နယ်မြေ တွန်းကန်အား စက်ကိရိယာကို အသက်သွင်းလိုက်သည်။ တွန်းအားတစ်ခုထုတ်ကာ ဘေးပတ်ဝန်းကျင်ရှိ ဝံပုလွေအားလုံးကို အနောက်ဘက်ရှိ ဝံပုလွေများထဲသို့ ပြန်တွန်းပို့လိုက်သည်။

သူ့လမ်းကြောင်း ရှင်းသွားသည်နှင့် ဟန်ရှောင်းသည် သူ့ခြေဖဝါးဖြင့် တွန်းကာ လျပ်ပြေးဖိနပ်များကို အရှိန်မြှင့်လိုက်သည်။ လေများတဝူးဝူး တိုက်ခတ်ရင်း ဝံပုလွေဘုရင်ထံ အရှိန်ပြင်းပြင်းနှင့် ချဉ်းကပ်လာသည်။ သူသည် ဝံပုလွေဘုရင်၏ ပြင်းထန်သော တိုက်ခိုက်မှုများကို တားဆီးကာ ဝံပုလွေ၏ ဦးခေါင်းကို ဆုပ်ကိုင်ပြိး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူ၏ ဒူးခေါင်းဖြင့် ဝံပုလွေဗိုက်ကို တင်းတင်းကြပ်ကြပ် ဖိထားပြီး ခေါင်းကို ဘယ်ဘက်လက်ဖြင့် ဖိထားသည်။ သူ၏ ညာလက်သီးကို ဆုပ်လိုက်ပြီး ဝံပုလွေ၏ ခေါင်းပေါ်သို့ ထိုးချလိုက်သည်။ ဝံပုလွေဘုရင်၏ ဦးခေါင်းကို အနည်းငယ် ထိုးနှက်ပြီးနောက် ကြေမွသွားခဲ့သည်။ နေရာအနှံ့ သွေးများ ကျလာ၏။

သူထိုးလိုက်တိုင်း သူ့ကြွက်သားများ၊ အရွတ်များနှင့် အရိုးများမှ စွမ်းအားသည် ပြင်းထန်သော ခွန်အားကို ထိန်းထားနိုင်သော လေးတစ်ချောင်းနှင့် တူသည်။ သက်တောင့်သက်သာ ခံစားရပြီး ဤမျှကြီးမားသော ခွန်အားကို ထိန်းချုပ်နိုင်သည့်အတွက် များစွာ ကျေနပ်စရာကောင်း၏။

ဝံပုလွေတစ်ကောင်၏ အရေးပါသောနေရာသည် ၎င်းတို့၏ အစာအိမ်ဖြစ်သည်၊ သို့သော် ဟန်ရှောင်းသည် ဦးခေါင်းကို ပို၍ တိုက်ခိုက်လို၏။

အနည်းငယ် ထိုးနှက်ပြီးနောက် ဝံပုလွေဘုရင်သည် သေလုမျောပါး ဖြစ်နေ၏။ ဝံပုလွေအုပ်စုသည် အော်ဟစ်နေပြီး ဟန်ရှောင်းကို တိုက်ခိုက်ရန် ရန်သူအားလုံးကို စွန့်ပစ်လိုက်သည်။ ကြီးမားသော ဝံပုလွေအုပ်စုသည် တောင်ကုန်းငယ်လေးတစ်ခုလို သူ့အပေါ်တွင် စုပုံနေသည်။ ဟန်ရှောင်း ကြမ်းပြင်ပေါ်သို့ ဖိမိသွားသည်။

ပြင်းထန်သော ဝံပုလွေအနံ့သည် ဟန်ရှောင်း၏ နှာခေါင်းထဲ ပြည့်သွားပြီး သူ့မျက်နှာမှာ နီရဲလာသည်။ သူသည် အသက်ရှူကြပ်လုနီးပါး ဖြစ်နေသည်။ သူ၏ ထက်မြက်သော အာရုံသည် အနံ့၏ အစိတ်အပိုင်းများကို သိရှိနိုင်စေခဲ့သည်။

ဝံပုလွေ၏ ဆီး၊ မြေကြီး၊ ချွေး၊ အညစ်အကြေးခြောက် နှင့်... အယ်‽

အခန်း (၁၅၁) ပြီး၏။

လင်းဆက်

+++++

All Chapters