← Chapters

အလူမီရာ၏ ရှာဖွေသူ

Vol. 11 Ch. 154

အလူမီရာ၏ ရှာဖွေသူ

Vol. 11 Ch. 154

အခန်း (၁၅၄) အလူမီရာ၏ ရှာဖွေသူ

ဖိုရမ်ကို ကြည့်လိုက်တော့ လုဇ်မန်းက သူ အတွဲခံထားရတာကို သဘောပေါက်သွားသည်။ ပို့စ်ကို ကလစ်နှိပ်လိုက်သည်နှင့် ဓါးရူးနှင့် ရယ်မောနေသောဓါး ယှဉ်ပြိုင်တိုက်ခိုက်သည့် ဗီဒီယိုဖိုင်တစ်ခု ပါရှိပြီး လူအများက သူ့ကို ရှင်းပြရန် ဝမ်းသာအားရဖြင့် တောင်းဆိုနေကြသည်။

လုဇ်မန်းသည် မကြာသေးမီက ဖိုရမ်အမျိုးမျိုးတွင် ယန္တရားပညာရှင်အပေါ် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ သူ၏ ရပ်တည်ချက်သည် စိတ်အနှောက်အယှက်အရှိဆုံး အရာမဟုတ်ပေ။ နေရာတိုင်းမှာ ပို့စ်တင်တာက လူတွေကို စိတ်အနှောက်အယှက်ဖြစ်စေဆုံးပင်။ သူသည် သူ၏ မှတ်ချက်များကို မသိသေးသည့် လူများကို သူ့ပို့စ်ကို အမြဲဖတ်ရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။ ဒီအပြုအမူက သူ့ကို လူတိုင်းက မုန်းတီးစေခဲ့၏။

"@Luzman၊ ယန္တရားပညာရှင်တစ်ဦးက အက်စ်ပါကိုသတ်ခဲ့တယ်။ မင်းဘာလို့ ထွက်မရှင်းပြတာလဲ"

ဗီဒီယိုကိုကြည့်ပြီးနောက် လုဇ်မန်းက “ဒါက ရှားရှားပါးပါး ဥပမာတစ်ခုပါပဲ။ ရယ်မောနေသောဓါးက ဘယ်လိုကစားရမှန်းမသိဘူး!"

"ဟား၊ မင်း ဆက်တိုက် အရှုံးတွေ ကြုံခဲ့ရပေမယ့် တခြားတစ်ယောက်ယောက်က ဘယ်လို အနိုင်ယူခဲ့တာလဲ။ မင်းက လူသစ်တစ်ယောက်လို့ ဝန်ခံလိုက်ပါ လုဇ်မန်း"

လုဇ်မန်းက သူ့ဒေါသကို ထိန်းပြီး “ဓားရူးဟာ လျှို့ဝှက်တာဝန်တစ်ခုကို အစပျိုးခဲ့တယ်။ သူက အဆင့်နဲ့ စက်ကိရိယာတွေမှာ ပိုအဆင့်မြင့်တယ်။ တိုက်ခိုက်တာ ဘာအဓိပ္ပါယ်မှ မရှိဘူး!”

"NPCs ကပေးတဲ့ စက်ပစ္စည်းတွေက မလုံလောက်ဘူးလို့ ဆိုလိုတာလား။ ဒါဆို မင်းဘာအတွက် မစ်ရှင်တွေလုပ်နေတာလဲ။ ဆုကြေးတွေ ယူတာ ဘာအတွက်လဲ။ ဘာအတွက် ပိုက်ဆံစုနေတာလဲ။ မင်းက လူသစ်တစ်ယောက်လို့ ဝန်ခံပြီး အဆူခံရတဲ့အခါ မတ်တပ်ရပ်စမ်းပါ။”

ရီးပဲကွာ! လုဇ်မန်းက ဒေါသထွက်ထွက်နှင့် ချက်ချင်းပြန်ပြောသည်။ "ယန္တရားပညာရှင်အားနည်းတဲ့အကြောင်း ငါပြောတာက မင်းရဲ့အလုပ် တစ်ခုမှမဟုတ်ဘူး!"

"ဒါဆို မင်းဘာလို့ နေရာတကာတင်နေတာလဲ။ စကားမပြောခင် စဉ်းစားပါလား။

လုဇ်မန်းဒေါသထွက်သွားသည်။ "ရီးပဲဟေ့ရောင်၊ ဟောင်နေတာ ရပ်လိုက်တော့၊ မင်းငါ့ကို လာအပြစ်တင်နေရလောက်အောင် နိမ့်ကျနေလား!"

“နောက်ဆုံးတော့ မင်းရဲ့ အစစ်အမှန်အရောင်တွေ ပေါ်လာပြီပေါ့။ မင်းက မှင်စာပဲ၊ သရုပ်ဆောင်တာကို ရပ်လိုက်တော့။ ဒီအလုပ်ကို မင်းကိုယ်တိုင် ရွေးချယ်ခဲ့တယ်၊ လှည့်စားခံခဲ့ရတယ်လို့ ဘယ်လိုပြောနိုင်မလဲ။ ရယ်စရာပဲ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်‌နေတာလဲ။ ဂိမ်းကုမ္ပဏီက မင်းကို ဘာလို့ လှည့်စားရမှာလဲ။ မင်းရဲ့ ဖြစ်တည်မှု ခံစားချက်ကို နေရာတိုင်း လိုက်ရှာနေတာလား။"

"Black Phantom က ငါ့ကို မလိမ်ရင် အက်စ်ပါကို ရွေးခဲ့မှာ!"

“အို၊ အဲဒါ ငါ့အပြစ်မဟုတ်ဘူး၊ ဒါဟာ ကမ္ဘာကြီးရဲ့ အမှားပေါ့။ ဘယ်သူကမှ မင်းကို သေနတ်နဲ့ ချိန်ပြီး မင်းရဲ့ class ကို ရွေးခိုင်းနေတာလား။ မင်းက NPC ကို အပြစ်တင်ရလောက်အောင် တုံးနေတာလား။ နောင်တရရင် အကောင့်အသစ်ဖွင့်ပြီး၊ နေရာတိုင်းကို ပို့စ်တင်တာကို ရပ်လိုက်ပါတော့ ကောင်လေးရဲ့”

"ခွေးမသား…” လုဇ်မန်းဒေါသမွန်ထူသွားသည်။

ဤအခိုက်အတန့်တွင်၊ လုဇ်မန်း၏ ဖန်သားပြင်ပေါ်တွင် တရားဝင်မက်ဆေ့ခ်ျတစ်ခု ပေါ်လာ၏။

_____________________

သင်သည် မကြာခဏ စော်ကားသော အသုံးအနှုန်းများကို အသုံးပြုကြောင်း တွေ့ရှိရပါ၍ သင့်ဖိုရမ်အကောင့်ကို သုံးရက်ကြာ ပိတ်ပင်ထားမည်ဖြစ်သည်။

_____________________

လုဇ်မန်း အံ့အားသင့်သွားသည်။ ဘာလဲကွာ!

သူပြန်မဖြေနိုင်တော့ပေ။ ထုံးစံအတိုင်း၊ ဖိုရမ်ရှိ ကစားသမားများသည် မကြာမီ ယင်းကို တွေ့ရှိပြီး သူ့ကို ဝမ်းသာသွားကြသည်။

"ဟာဟား၊ ဆဲလို့ ဘန်းခံလိုက်ရတာ မဟုတ်လား"

“ဒါက အရမ်းကောင်းတယ်။”

"သွားရအောင်၊ သူက မှင်စာကောင်ဆိုတာ အသိသာကြီး။"

လုဇ်မန်းက ဖတ်သာဖတ်နိုင်ပြီး စာမပြန်နိုင်ပေ။ သူသည် ဒေါသဖြစ်ပြီး မှုန်ကုပ်ကုပ်ဖြစ်ကာ တစ်စုံတစ်ခုကို ရိုက်ချိုးရန် ယားယံနေသည်။

…

"ဒါက စိတ်ဝင်စားစရာပဲ။"

ဟန်ရှောင်းသည် ဖိုရမ်၏ မှတ်ချက်များကို ဖတ်ပြီး သူ့လက်ချောင်းများ ယားယံလာသော်လည်း ဝမ်းနည်းစွာပင် သူ ပြန်မဖြေနိုင်ပေ။ သူဖိုရမ်မှာရှိတုန်းကအချိန်ကို ပြန်တွေးကြည့်တော့၊ သူက ကြောင်ရန်ပွဲဖြစ်တဲ့လူတွေကို ကြည့်ရတာ ကြိုက်၏။ အဲဒါက ကြီးကျယ်ခမ်းနားတဲ့ ဝါသနာတစ်ခုပင်။

သို့သော်၊ ကြောင်ရန်ပွဲကြောင့် အမှန်တကယ် ဒေါသထွက်နေသော လူအချို့ရှိခဲ့သည်။ ဒီလူတွေက အပြစ်ကင်းလွန်း၏။ အငြင်းအခုံကို မအောင်မြင်နိုင်ဘူးဆိုရင် အဲဒါကို အပျော်လုပ်စရာတစ်ခုအဖြစ် သဘောထားလိုက်ပါ။ အင်တာနက်ပေါ်ရှိ အရာအားလုံးသည် အဓိပ္ပါယ်မရှိပေ။ ၎င်းသည် virtual အားလုံးဖြစ်ပြီး သင့်လက်တွေ့ဘဝတွင် သင့်အပေါ်သက်ရောက်မှုရှိမည် မဟုတ်ပေ။

ဟန်ရှောင်းသည် တစ်ချိန်က ယုတ်မာသော ဂိမ်းလယ်ဗယ်တင်ပေးသူ တစ်ဦးလည်းဖြစ်သည်။ တခြားကစားသမားတွေရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ဘာမှလုပ်စရာမရှိတဲ့အခါ ကြောင်ရန်ပွဲဝင်ပြီး သူ့တစ်နေ့တာကို ပေါ့ပါးစေမယ့်အရာအဖြစ် သဘောထား၏။

ဖိုရမ်ရှိ သက်ဝင်လှုပ်ရှားနေသော ကစားသမားများကို သူကိုယ်တိုင် ကြည့်ရှုသူသာ ဖြစ်နိုင်သောအခါ ဟန်ရှောင်းသည် အလွန်အထီးကျန်သလို ခံစားရသည်။ သူသည် ပြင်းပြင်းထန်ထန် နှုတ်ဖြင့် ဆဲရေးခြင်းတွင် ပါဝင်ခဲ့သည့် နေ့ရက်များကို လွမ်းဆွတ်နေခဲ့သည်... 'နှုတ်ဖြင့် ဆဲရေးခြင်း' ဟူသော အသုံးအနှုန်းသည် ညစ်ညမ်းသည်ဟု အမြဲခံစားခဲ့ရဖူးသည်။

အချိန်ကို ကြည့်လိုက်တော့ နေဝင်ရီတရော နီးကပ်လာသည်။ စစ်မြေပြင်ကို ရှင်းလင်းပြီးဖြစ်သည်။

ဟန်ရှောင်းသည် အဝေးမှ အင်ဂျင်သံကြားလိုက်သည်၊ မျက်လုံးကို မော့ပြီး အဝေးကို စိုက်ကြည့်လိုက်သည်။ ရွှံ့များသောလမ်းကို ဖြတ်ကျော်ပြီး ယာဉ်အချို့ အရှိန်ပြင်းစွာ မောင်းနှင်လာသည်။ အစိမ်းရောင်တောင်ကြားမြို့ သည် တံခါးများကိုဖွင့်ခဲ့ပြီး ဗဲလ်စက်သည် အဆိုပါယာဉ်အနည်းငယ်ကို လေးလေးစားစား ကြိုဆိုရန် ဂိတ်ဘေးတွင်ရပ်နေခဲ့သည်။

ဟန်ရှောင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ယာဉ်တွင် အလူမီရာတံဆိပ် ပါရှိသည်။

…

လမ်းကြမ်းယာဉ်သည် မြို့တွင်းသို့ မောင်းနှင်လာသောအခါ လက်နက်ကိုင် အစောင့်များသည် ဘတ်စ်ကားပေါ်မှ ဆင်းလာကာ သပ်ရပ်စွာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို စောင့်ကြပ်နေသည်။

အလူမီရာ၏ ဒုတိယခေါင်းဆောင် ရှောင်ကျင်းသည် ဂျာမီနယ် ဆုကြေးထုတ်ထားသည့် ဇီးရိုးကိုရှာဖွေရန် ကိုယ်စားလှယ် ရှောင်လွေ့ကို တောင်ပိုင်းတိုက်ကြီးသို့ စေလွှတ်ခဲ့သည်။ လွန်ခဲ့သော တစ်နှစ်ခွဲကျော်က၊ အလူမီရာမိသားစုက ဇီးရိုး၏ အသွင်အပြင်သည် ပျောက်ဆုံးနေသော ဟန်ရှောင်းနှင့် တစ်ထပ်တည်းဖြစ်ကြောင်း သိရှိလာသောကြောင့် ရှောင်ကျင်းသည် သူ့ကိုရှာဖွေရန် လူများကိုစေလွှတ်ခဲ့သည်။ သို့သော် သူတို့သည် အချိန် အတော်ကြာသွားသော်လည်း လက်ဗလာဖြင့်သာ ပြီးဆုံးသွားသည်။ ရှောင်လွေ့သည် ရှာဖွေရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။

ဗဲလ်စက်သည် ရှောင်လွေ့ကို အလွန် ရိုသေလေးစားနေ၏။ သူသည် အားလုံးကို ပင်မအိမ်ထဲသို့ ခေါ်သွားသည်။ စားပွဲကို အချိုရည်များနှင့် ပူပူနွေးနွေး မွှေးကြိုင်စွာ ကင်ထားသော အသားမျိုးစုံရှိ၏။ အသားပေါ်တွင် ကြက်ခြေခတ် ပိုင်းဖြတ်ထားပြီး အရေပြား၏ အသွင်အပြင်သည် သမုဒ္ဒရာလှိုင်းတံပိုးနှင့် တူသည်။ နီညိုညို အသားအလယ်တွင် ပန်းရောင်အရိပ်အငွေ့တစ်ခုရှိသည်။ အသားက မကိုက်ရသေးဘဲ နူးညံ့နေတယ်ဆိုတာ ထင်ရှား၏။ ၎င်းသည် လွန်ခဲ့သော နှစ်နာရီက စုဆောင်းခဲ့သော မီးခိုးရောင်နတ်ဆိုးဝံပုလွေ၏ အသားဖြစ်ပြီး အလွန်လတ်ဆတ်သည်။ အခြားဟင်းလျာများတွင် ဟင်းသီးဟင်းရွက်နှင့် အာလူးထောင်းကဲ့သို့သော အသီးအနှံအချို့ ပါဝင်သည်။

ဤလူဆိုးမြို့လေးတွင် ဟင်းပွဲအတွက် ကုန်ကျစရိတ်မှာ များပြားလှပြီး ရှောင်လွေ့သည် ဗဲလ်စက်၏ ဧည့်ဝတ်ကျေပွန်မှုကို အလွန်ကျေနပ်နေသည်။

သူတို့အုပ်စုသည် စားပွဲတွင် ဝိုင်းထိုင်ကြပြီး ဖုန်မှုန့်များဖုံးနေသော ရှောင်လွေ့က အစားအစာကို အငမ်းမရ စားသောက်နေသည်။ သူက တစ်ကြိမ်တည်းတွင် အသားကင် သုံးခုစားကာ မျိုချပြီးနောက်မှ နှေးကွေးသွားသည်။ သူက ပါးစပ်ကို သုတ်လိုက်ပြီး တစ်ဖက်မှာ စောင့်ဆိုင်းနေတဲ့ ဗဲလ်စက်ကို တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းရဲ့နယ်မြေမှာ ငါရက်အနည်းငယ် အနားယူပြီး အဲ့ဒီသူတောင်းစားကို ဆက်ရှာမယ်"

“အခန်းတွေပြင်ဆင်ဖို့ တစ်ယောက်ယောက်ကို ကျွန်တော် ခေါ်ပေးမယ်” ဗဲလ်စက်က ပြန်ဖြေတယ်။ "တောင်းဆိုမှုတွေ ရှိသေးလားလို့ ထပ်မေးပါရစေ။"

မိသားစုရှိ ရှောင်လွေ့၏အဆင့်အတန်းသည် သူ့ထက်သာလွန်သောကြောင့် ဗဲလ်စက်၏ ကိုယ်ဟန်အနေအထားသည် အလွန်နိမ့်ကျနေသည်။

“ကောင်းပြီ။” ရှောင်လွေ့သည် ဗဲလ်စက်၏ သဘောထားကို သဘောကျသည်။ သူသည် အစိမ်းရောင်တောင်ကြားမြို့ တွင် ရက်အနည်းငယ် ထပ်မံနေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် တောင်ပိုင်းတိုက်ကြီးရှိ ဇီးရိုး၏ သတင်းကို ရှာဖွေရန် လွန်ခဲ့သော တစ်နှစ်ခွဲခန့် ကုန်ဆုံးခဲ့ပြီး၊ သူ့တွင် ရည်ရွယ်ချက်မရှိသော ရှာဖွေမှုအလုံအလောက်ရှိသည်။ ဒါက ညှဉ်းပန်းနှိပ်စက်မှု ပုံစံတစ်ခုဖြစ်သည်။

ဟန်ရှောင်းပျောက်ကွယ်သွားကတည်းက မိသားစုက သူသေသွားပြီလို့ တွေးပြီး စိတ်ထဲမထားခဲ့ပေ။ ဒါပေမယ့် သူ ဇီးရိုးဖြစ်သွားတာကို သိလိုက်ရတော့ အားလုံးက ထိတ်လန့်သွား၏။ အလူမီရာသည် ဂျာမီနယ်ကို ရန်စလိုခြင်းမရှိပေ။ ထို့ကြောင့် ဖြစ်ပျက်ခဲ့သမျှကို အတိအကျသိရှိရန် ရှောင်ကျင်းက သူ့ကို ဟန်ရှောင်းအား မေးမြန်းရန်အတွက် မိသားစုထံ ပြန်လည်ခေါ်ဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်။ သို့သော်လည်း ခြောက်လအကြာထိ ပစ်မှတ်ကို ရှာမတွေ့ခဲ့ပေ။

ရှောင်လွေ့သည် ဟန်ရှောင်းအပေါ် မကျေမနပ်မှုများ ပြည့်နေသည်။ ဤ 'ပြန်လည်မွေးဖွားလာသော' လူကြောင့် သူ့မိသားစု၏ ဌာနချုပ်တွင် သက်တောင့်သက်သာဖြင့် သူ့ဘဝကို မပျော်မွေ့နိုင်ခြင်းဖြစ်သည်။

သူသည် အရင်က ဟန်ရှောင်းနှင့် အကြိမ်အနည်းငယ်တွေ့ဖူး၏။ သူသည် အားနည်းပြီး မျှော်လင့်ချက်မဲ့နေသည်။ ရှောင်ကျင်း၏ သားအရင်းဖြစ်ခြင်းကြောင့်သာ မဟုတ်လျှင် အိမ်သာသန့်ရှင်းရေးလုပ်ရန် စေလွှတ်ခံရမည် ဖြစ်သည်။ ရှောင်လွေ့သည် စစ်ပွဲတစ်ခုမှ မွေးစားထားသော မိဘမဲ့ဖြစ်ပြီး ရှောင်ကျင်းလက်ထက်တွင် သူကဲ့သို့ မိဘမဲ့များစွာရှိသည်။ သူတို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ကြီးပြင်းလာကြပြီး တစ်ယောက်နဲ့တစ်ယောက် သူတို့ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ သူတို့ ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့ကြရသည်။ ထို့ကြောင့် သူသည် ရုန်းကန်စရာမလိုသော ဟန်ရှောင်းကို အလွန်မနာလိုဖြစ်ခဲ့သည်။

အစောပိုင်းတွင် ဟန်ရှောင်းကွယ်လွန်ကြောင်း ကြားသိရသောအခါတွင် သူ၏ဈာပနအခမ်းအနားတွင် အလွန်ပျော်ရွှင်ခဲ့သည်။ အပြင်မှာ ဝမ်းနည်းပူဆွေးနေပေမယ့် သူ့မွေးစားညီအကိုတွေက ဒီလိုပဲခံစားရတာကို သူသိတယ်။

ရှောင်လွေ့၏ ဟန်ရှောင်းအပေါ်ရှိ ပထမဆုံးသောအထင်အမြင်သည် ဟန်ရှောင်းနှင့် Dark Net တွင်ပြောနေသည့် ဇီးရိုးကို ချိတ်ဆက်ရန် သူ့အတွက် ခက်ခဲစေသည်။

မင်းဖာသာသေပြီး ဘာလို့ ငါ့ကို တစ်ယောက်တည်း အလွတ်မပေးတာလဲ။ မင်းငါ့ကို ဘာလို့ဒီလောက် ဒုက္ခပေးရတာလဲ? ရှောင်လွေ့က တစ်ကြိမ်ထက်ပိုပြီး ငြီးတွားခဲ့သည်။ သူက ဗဲလ်စက်ကိုကြည့်ကာ ခဏလောက် စကားစမြည်ပြောပြီး "ဒီမြို့မှာ မကြာသေးခင်က တစ်ခုခုဖြစ်သေးလား။"

“ဟုတ်တယ်၊ အပြင်က ခိုလှုံသူတွေ…” ဗဲလ်စက်က သူ့တွေ့ရှိချက်အကြောင်း ပြောပြသည်။

ရှောင်လွေ့အံ့သြသွားသည်။ "တကယ်ကို ဒီလိုထူးဆန်းတဲ့လူအုပ်ကြီး ရှိနေတာလား။ မင်းရဲ့တွေ့ရှိချက်တွေကို မိသားစုကို အစီရင်ခံရမယ်။”

“ကျွန်တော်သိတယ်… တခြားတစ်ခုရှိသေးတယ်။ Black Phantom သည် ဒီမြို့မှာ အနားယူနေတယ်။ သူ့ရည်ရွယ်ချက်ကို မသိရဘူး။ သူသွားနေတဲ့ လမ်းမှာ ရှိနေတယ်လို့ သူက ပြောပါတယ်”

ရှောင်လွေ့ လန့်ဖျပ်သွားသည်။ "Black Phantom လည်း ဒီမှာလား?"

မကြာသေးမီက၊ Dark Net ၏ လူသတ်သမားစာရင်းကို အပ်ဒိတ်လုပ်ခဲ့သည်။ Black Phantom ၏အဆင့်သည် သတ္တမမြောက်သို့ တက်လာပြီး အလွန်တက်ကြွသည်။ ဤဒဏ္ဍာရီလူသတ်သမားသည် အနီးအနားတွင်ရှိနေသည်ကို သိလိုက်ရသဖြင့် ရှောင်လွေ့သည် အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။

"ငါတို့က သူ့ကို ရန်မစတာ ပိုကောင်းတယ်" ဗဲလ်စက်က ပြန်ပြောသည်။

ရှောင်လွေ့သည် မျက်မှောင်ကြုတ်ရင်း မဆုံးဖြတ်နိုင်။ သူ လှည့်ကြည့်လိုက်တော့ သူ့နောက်မှာ ရှိနေတဲ့ သူ့ကိုယ်ရံတော် လျူချန်ကို မြင်လိုက်ရတယ်။ ဒါက သူ့ရဲ့ စိတ်ဓာတ်ကို သက်သာစေ၏။

လွီချိန်သည် ရှောင်လွေ့၏ အကြည့်ကို သတိပြုမိပြီး သူ၏ ပူပန်သောကကို ဖြေဖျောက်ပေးလိုက်သည်။ “စိတ်မပူပါနဲ့။ Black Phantom နဲ့ ရင်ဆိုင်ရရင်တောင် မင်းရဲ့အသက်ကို ငါကာကွယ်နိုင်ပါသေးတယ်။ သူငါ့ကို ဘာမှမလုပ်နိုင်ဘူး။"

…

နေဝင်သွား၏။

လမ်းကြမ်းကားများ မြို့ထဲသို့ဝင်လာပြီးကတည်းက ဟန်ရှောင်းသည် အစိမ်းရောင်တောင်ကြားမြို့ တွင် အပြောင်းအလဲတစ်ခုကို ခံစားနေရသည်။ မြို့၏အစောင့်များသည် သူ့လှုပ်ရှားမှုများကို စိုးရိမ်နေသကဲ့သို့ သူ့ကို အနီးကပ်စောင့်ကြည့်နေသည်။ ဤသေးငယ်လှသော အချက်အလက်လေးအရ ဟန်ရှောင်းသည် မြို့တွင်းသို့ဝင်ရောက်လာသော ယာဉ်ပေါ်ရှိလူသည် အရေးကြီးသောဇာတ်ကောင်တစ်ဦးဖြစ်ကြောင်း ဟန်ရှောင်းက ယုံကြည်ချက်ရှိခဲ့သည်။

"ငါ့မှာ အလူမီရာရဲ့ မိသားစုအပေါ် လေးနက်တဲ့ ခံစားချက် မရှိပါဘူး။ မူရင်းတာဝန်မှာ သူတို့က အထူးအဖွဲ့ ဟုတ်ပုံမရဘူး... အိုး၊ ငါ ပြန်သတိရပြီ။ 'လေလွင့်တပ်မှူးချုပ်များ' ရဲ့ ဒုတိယတာဝန်မှာ၊ ဒီမိသားစုက စွမ်းအားအကြီးဆုံးထဲက တစ်ခုဖြစ်တယ်လို့ ထင်တယ်။ ဟုတ်တယ်၊ ဤဒုတိယတာဝန်နဲ့ Bennett ရဲ့ ခိုလှုံသူစခန်းတာဝန်မှာ နည်းနည်းတော့ ပဋိပက္ခရှိခဲ့တယ်။ တပ်မှူးချုပ်တွေ၊ စစ်ဘုရင်တွေနဲ့ ငါက အများကြီး ထိတွေ့ဆက်ဆံမှု မရှိခဲ့ဘူး၊ ဒါက ဒီတာဝန်အပေါ် သက်ရောက်မှုရှိမယ် မထင်ပါဘူး။”

ဟန်ရှောင်းသည် Bennett ၏ တာဝန်ကို အချိန်အတော်ကြာအောင် စောင့်ကြည့်နေခဲ့သည်။ ၎င်းသည် မည်သည့်အချိန်က စတင်ခဲ့သည်ကို မသိသော်လည်း Bennett နှင့် သူ၏ ကောင်းမွန်သော ဆက်ဆံရေး၊ အနက်ရောင်ကွန်ယက်အဖွဲ့အစည်းမှ အပြုသဘောဆောင်သော မှတ်ချက်များနှင့်အတူ သူ၏ ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်းတို့ကြောင့် Bennett မှ ပါဝင်ရန် ဖိတ်ခေါ်ခံရမည့် အခွင့်အရေး မြင့်မားသည်။ ခိုလှုံသူအစီအစဉ်၊ ၎င်းသည် ရေပင်လယ်ဂြိုလ်၏ ဒုတိယအဓိကတာဝန် ဖြစ်သည်။

အခန်း (၁၅၄) ပြီး၏။

လင်းဆက်

+++++

All Chapters