← Chapters

မဟာရန်ဘက်

Vol. 11 Ch. 157

မဟာရန်ဘက်

Vol. 11 Ch. 157

အခန်း (၁၅၇) မဟာရန်ဘက်

ဗဲလ်စက်သည် မျှော်စင်ရှိရာသို့ အလျင်အမြန်ရောက်ရှိလာပြီး လူချိန်၏ စခန်းအတွင်းသို့ လျှံတက်နေသော ဒုက္ခသည်အများအပြားကို တွေ့လိုက်ရသည်။ သူ ပျာယာခတ်သွား၏။

ဒီဒုက္ခသည်တွေ ငါ့မြို့ကို စွန့်ခွာနေကြပြီလား။ လူချိန်က သူတို့ကို ဘယ်လို ဆွဲဆောင်လိုက်တာလဲ။

ဤအခိုက်အတန့်တွင် ဤအထူးဒုက္ခသည်များသည် မည်သည့်အရာထက်မဆို အမြတ်အစွန်းကိုသာ တန်ဖိုးထားကြောင်း ဗဲလ်စက်သဘောပေါက်သွားသည်။ သေးငယ်သော အမြတ်အစွန်းများဖြင့် ၎င်းတို့ကို အလွယ်တကူ ခြယ်လှယ်နိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ပိုမိုကြီးမားသော အကျိုးခံစားခွင့်များကို မပေးအပ်သေးသောကြောင့် ဖြစ်သည်။ ဗဲလ်စက်က သူသည် ဒုက္ခသည်များကို ထိန်းချုပ်ထားသည်ဟု ထင်ခဲ့သော်လည်း၊ ၎င်းမှာ စိတ်ကူးယဉ်ဆန်သော အတွေးတစ်ခုသာ ဖြစ်သည်။

ငါသေတော့မယ်… ဗဲလ်စက်က အရူးမီးဝိုင်းသလို လှည့်ပတ်လျှောက်နေ၏။ ဒီဒုက္ခသည်တွေက လူချိန်ကို ဆန့်ကျင်နိုင်တဲ့ ဝှက်ဖဲတွေဖြစ်ပြီး၊ အခု လူချိန်က သူတို့ကို ရသွား‌သောအခါ သူ့အားသာချက်က မရှိတော့ပေ။

ရုတ်တရက် တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။ လူချိန်သည် ဒုက္ခသည်များ၏ အထူးလက္ခဏာသွင်ပြင်ကို မသိသင့်ပေ။

ထိုအခိုက်အတန့်တွင် သူ့လက်ထောက်က ထိတ်လန့်တကြား ပြေးသွားပြီး လူချိန်ကို ကူညီနေတဲ့ Black Phantom ၏ သတင်းကို အစီရင်ခံ၏။

ဤသတင်းသည် မိုးကြိုးပစ်ချလိုက်သည်နှင့်တူ၏။ ဗဲလ်စက်သည် ထိတ်လန့်စွာ မလှုပ်မယှက် ရပ်နေခဲ့သည်။ သူသည် သနားစရာကောင်းလောက်အောင် သေရမည်ကို သိသောကြောင့် Black Phantom နှင့် ရန်သူဖြစ်ရန် စိတ်မကူးနိုင်ပေ။ Black Phantom ရဲ့ သေနတ်အောက်မှာ သေဆုံးသွားတဲ့ စူပါလူသားတိုင်းဟာ သူ့ကိုယ်ပိုင်အဆုံးသတ်ကို ရောင်ပြန်ဟပ်နေသည်။

Black Phantom သည် ဒဏ္ဍာရီအဆင့်တစ်ခု၊ လူချိန်ကို သူဘာလို့ ရုတ်တရက် ကူညီပေးတာလဲ။

လူချိန်သည် ဒုက္ခသည်များကို ဆွဲဆောင်နိုင်ခဲ့တာ Black Phantom ကြောင့်ပဲ ဖြစ်ရမယ်။ သူက ဒုက္ခသည်တွေအပေါ် ဘာကြောင့် ဒီလောက် သြဇာရှိတာလဲ။ ထို့နောက်တွင် Black Phantom သည် သူဖြတ်သန်းသွားသည်ဟုသာ ပြောခဲ့သည်ကို ဗဲလ်စက်က ပြန်ပြောင်းသတိရသွားသည်။

လူလိမ်!

ဗဲလ်စက်သည် ဆုတ်ခွာရန် စိတ်ကူးရှိနေသည်။ ဗဲလ်စက်သည် လက်နက်ကိုင်တပ်များနှင့်အတူ ဆုတ်ခွာသွားပါက လူချိန်သည် လိုက်၍ မတိုက်ခိုက်ရန် ဖြစ်နိုင်ချေ မြင့်မားသည်။

“တိုက်ပွဲက မစသေးဘူး၊ မင်း ထွက်ပြေးဖို့ တွေးနေပြီ။ အလူမီရာမိသားစုရဲ့ စည်းကမ်းတွေကို မေ့သွားပြီလား” ရှောင်လွေ့သည် မျှော်စင်ရှိရာသို့ ရောက်ရှိလာပြီး ဗဲလ်စက်အနားတွင် ရပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမယ့် အဲဒါ Black Phantom ပဲ! ဒါ့ပြင် ဒုက္ခသည် တစ်ဝက်လောက်က ငါတို့ကို သစ္စာဖောက်ပြီ…”

“အလူမီရာဟာ စစ်ပွဲကနေ ဘယ်တော့မှ ဆုတ်မသွားဘူး။ စစ်တိုက်ဖို့ မင်းရဲ့လူတွေကို အသင့်ပြင်ထား။" ရှောင်လွေ့၏ အသံသည် ခိုင်မာပြီး ဖြောင့်မတ်ခြင်း အပြည့်ရှိသည်။

“Black Phantom ရှိသေးတယ်…”

"ငါ့ရဲ့ကိုယ်ရံတော် လွီချိန်က သူ့ကို တိုက်ပွဲမှာ မပါဝင်နိုင်အောင် တားဆီးလိမ့်မယ်။"

ရှောင်လွေ့၏ နောက်တွင်ရပ်နေသော လွီချိန်သည် လွတ်လွတ်လပ်လပ် ထွက်လာခဲ့သည်။ သူ၏ တည်ငြိမ်ပြီး၊ ယုံကြည်မှုရှိသော အမူအရာသည် ဗဲလ်စက်၏ အာရုံကို သက်သာစေသည်။

ဗဲလ်စက်သည် အံတင်းတင်းကြိတ်ပြီး ခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချကာ သူ့လက်ထောက်ကို ခေါ်လိုက်ပြီး "လူတိုင်းကို စည်းရုံးပြီး ဘလက်ပိုင်းက ခွေးကောင်ကို သူ့အိမ်ပြန်ရောက်အောင် ကန်ထုတ်လိုက်။ ငါတို့တွင် အနည်းဆုံး ဒုက္ခသည်အချို့ရှိတယ်။ ဒီတိုက်ပွဲမှာ ငါတို့မှာ အခွင့်အရေး ရှိသေးတယ်”

"ဟုတ်ကဲ့ဆရာ!" လက်ထောက်က အမိန့်ထုတ်ပြန်ဖို့ အမြန်ထွက်သွားခဲ့၏။

မျှော်စင်ပေါ်တွင် လူသုံးယောက်သာ ကျန်တော့သည်။ ရှောင်လွေ့ က သူ့ခေါင်းကို လှည့်လိုက်ပြီး လေသံနိမ့်နိမ့်ဖြင့် ပြောသည်။ "အစောင့်တွေ ကျရှုံးသွားနိုင်တယ်၊ ကားကို ပြင်ထား။ ဆုတ်ခွာနိုင်စေဖို့ သေချာစေရမယ်။ စိတ်မပူပါနဲ့၊ ကျွန်တော်တို့က တစ်ဖက်တည်း၊ မိသားစုဘက်ကပဲ။ ဒီခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲအတွက် ငါတို့အားလုံး စွန့်စားပြီး တိုက်ခဲ့တယ်လို့ မင်းကို ငါ အာမခံပေးမယ်။"

ဗဲလ်စက်က သက်ပြင်းတစ်ချက်ချလိုက်သည်။ ပံ့ပိုးမှုအချို့ရှိခြင်းက သူ့နှလုံးသားကို တည်ငြိမ်စေသည်။ ရှောင်လွေ့က ဒီသတင်းကို သူ့ဆီရောက်သွားမှာကို ကြောက်နေပေမယ့် သူကတော့ ဆင်ခြင်တုံတရား ရှိနေပုံပင်။ အစိမ်းရောင်တောင်ကြားမြို့၏ စစ်သားများကို ခုခံရန် နောက်ချန်ထားလိုက်ခြင်းက လူချိန်၏ တပ်များကို နှောင့်နှေးစေပြီး ထွက်ပြေးရန် ကူညီပေးနိုင်သည်။ အလူမီရာမိသားစုထံ ဖြေရှင်းရန်လည်း လွယ်ကူမည်ဖြစ်သည်။

…

မနက်အစောကြီးမှာ ကောင်းကင်က မှောင်နေပြီး မြူခိုးတွေ ထူထူထဲထဲ စိမ့်ဝင်နေသည်။

အစိမ်းရောင်တောင်ကြားမြို့၏ အစောင့်များသည် နံရံပေါ်ရှိ ၎င်းတို့၏ စက်သေနတ်များ၏ နောက်ကွယ်တွင် စောင့်ဆိုင်းနေကြသည်။ ခြံစည်းရိုးကာရံထားသည့်နေရာမှ သဲအိတ်များပုံပြီး စက်သေနတ်များကို ထောက်ထားသည်ကို တွေ့လိုက်ရသည်။ မြို့တံခါးတွေကို ဖြတ်ကျော်ရင် တိုက်ပွဲစတော့မည်။

“သူတို့က သေတဲ့အထိ ခုခံဖို့ ဆုံးဖြတ်ထားတာမို့ ပြင်းထန်တဲ့ တိုက်ပွဲက ရှောင်လွှဲလို့ မရဘူး။ ကံကောင်းချင်တော့၊ ခေါင်းမာတဲ့ ဒုက္ခသည်အရေအတွက်က အရမ်း လျော့ကျသွားတယ်။”

လူချိန်သည် သူ၏ မှန်ပြောင်းကို ချလိုက်ပြီး သက်ပြင်းကို ချလိုက်သည်။

သူသည် ဒုက္ခသည်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုခြင်းမရှိခဲ့ဘဲ ဟန်ရှောင်းက သူ့ကို ကြီးမားသောမျက်နှာသာပေးခဲ့သည်။ လူချိန်သည် ဟန်ရှောင်းက ဒုက္ခသည်များအပေါ်တွင် ထိုကဲ့သို့ သြဇာလွှမ်းမိုးမှု ရှိပုံရသည့်အတွက် အံ့အားသင့်သွားသည်။ ဤခက်ခဲသောပြဿနာကို ဖြေရှင်းရန် သူသည် ညတစ်ဝက်သာ အချိန်ယူခဲ့ရသည်။

အစိမ်းရောင်တောင်ကြားမြို့မှာ ကျန်ခဲ့တဲ့ ဒုက္ခသည်တွေအတွက် လူချိန်က သူတို့ကို အခွင့်အရေးပေးခဲ့ပြီး၊ စေတနာရှိဖို့ကလည်း ကန့်သတ်ချက်ရှိ၏။

“မိနစ်နှစ်ဆယ်အတွင်း တိုက်ခိုက်ပါ။”

လူချိန်က အမိန့်ပေးလိုက်ပြီး ပြင်ဆင်ချိန်ကို အခွင့်ကောင်းယူကာ၊ ဟန်ရှောင်းအား ရှာဖွေ၍ သူ့ကျေးဇူးကို ဖော်ပြလိုက်သည်။

“ဒုက္ခသည်တွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့တဲ့အတွက် အားလုံးက ကျေးဇူးတင်ပါတယ်။”

ဟန်ရှောင်းက ပြုံးပြီး တုံ့ပြန်သည်။

ကမ္ဘာပေါ်တွင် အလကားစားရသော နေ့လယ်စာ မရှိသဖြင့် ဟန်ရှောင်းက ဆုလာဘ်ကို မဖော်ပြထားလေလေ လူချိန်က စိတ်မသက်မသာဖြစ်လေလေ ဖြစ်သည်။ သူက ခေတ္တရပ်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည်။ "မင်းလို ဇာတ်ကောင်မျိုးက ငါ့အပေါ် စိတ်ဝင်စား‌စေမယ့်အရာ ဘာမှမရှိဘူးလို့ ငါတကယ်ခံစားရတယ်။"

ထိုစကားကို ဘေးမှာရပ်နေတဲ့ Bun-hit-dog က ဖမ်းမိသွားသည်။ ဖုံးကွယ်ထားသော အဓိပ္ပါယ်ကို သူ ခံစားမိ၏။

ဒီလိုဇာတ်ကောင်မျိုး? Black Phantom ၏ အထောက်အထားနှင့် ပတ်သက်သော နောက်ထပ်သဲလွန်စတစ်ခု။

Bun-hit-dog သည် သူ့ဗီဒီယို ပထမအပိုင်းအတွက် ကောက်ကြောင်း‌ရေးရေးလေးကို တွေးနေ၏။

“စစ်ပွဲပြီးရင် ပြန်ဆွေးနွေးမယ်။ ဒီဒုက္ခသည်တွေက မင်းအတွက် တိုက်ပွဲဝင်မှာပါ” ဟန်ရှောင်းက ပြန်ပြောလိုက်သည်။

“ဒုက္ခသည်တွေက စစ်သားတွေမဟုတ်ဘူး၊ ငါကလည်း ဗဲလ်စက်မဟုတ်ဘူး။ ငါ သူတို့အသက်ကို စွန့်ပစ်မှာ မဟုတ်ဘူး။” လူချိန်ခေါင်းယမ်းလိုက်သည်။

"မင်းရဲ့ အမိန့်မရှိရင်တောင် သူတို့က ဒီတိုက်ပွဲမှာ ပါဝင်ကြမှာပဲ" ဟန်ရှောင်းအသံကို လျှော့လိုက်သည် ။

ဒီလူတွေက အရူးတွေလား။ သေခြင်းကို မကြောက်ကြဘူးလား။ လူချိန်က သူ၏ သံသယများကို ထုတ်ဖော်လိုက်သည်။ သို့သော် တိုက်ပွဲဝင်ချိန် နီးလာ၏။ သူ့မှာ ထပ်မေးဖို့ အချိန်မရှိတော့ပေ။ သူ့တပ်ကို အမိန့်ပေးရန် အမြန်ထွက်သွားတော့သည်။

မော်တော်ယာဉ်များနောက်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်ခဲ့သည်။ သေနတ်သံသည် အမှောင်ထုကို ဖြိုခွဲပစ်လိုက်သည်။ လူချိန်၏ တပ်များသည် အစိမ်းရောင်တောင်ကြားမြို့ကို အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ နံရံပေါ်တွင် အခြေစိုက်ထားသော စစ်သားများ၊ စက်သေနတ်များ တင်ဆောင်ထားသော မော်တော်ယာဉ်များနှင့် အမြောက်များသည် တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်နေကြပြီး စစ်မြေပြင်တွင် အင်ဂျင်သံများ၊ စက်သေနတ်သံများနှင့် ဝေဒနာ၏ အော်ဟစ်သံများဖြင့် ပြည့်လျှံနေသည်။ ညကောင်းကင်ယံသည် လက်ပစ်ဗုံးပေါက်ကွဲတိုင်း၏ မီးတောက်များဖြင့် လင်းထိန်နေပြီး သေနတ်များမှ မီးခိုးများ ပျံ့နှံ့နေသည်။

ကစားသမားများသည် အနီးကပ် တိုက်ပွဲများတွင်လည်း တိုက်ခိုက်မှုများ စတင်ခဲ့ကြသည်၊ အစိမ်းရောင်တောင်ကြားမြို့၏ ကစားသမားများသည် သေးငယ်သော အစည်းအရုံးများ၏ ခေါင်းဆောင်များထံမှ ရှင်းလင်းသော အမိန့်များ ရရှိထားသည်။ လူချိန်ဘက်မှ ကစားသမားများသည် စည်းလုံးမှု မရှိသော်လည်း ၎င်းတို့တွင် ကစားသမား အများအပြားရှိသည်။

ဟန်ရှောင်းသည် သူ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်သေးကြောင်း တစ်ဖက်မှ သတိပြုမိသည်။ လူချိန်သည် အနိုင်ရရန် အခွင့်အလမ်း မြင့်မားသည်။

ရုတ်တရက် အရိပ်တစ်ခုက စစ်မြေပြင်ကို ဖြတ်သန်းလာပြီး စစ်မြေပြင် အစွန်းတလျှောက်မှ ဟန်ရှောင်းဆီသို့ တန်းခနဲ ပြေးဝင်လာသည်။ အမြောက်ကျည်တစ်တောင့်၏ မီးတောက်နှင့် ကျည်ဆန်များသည် ဟန်ရှောင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခဲ့သော်လည်း သူ ဒဏ်ရာ လုံးဝ မရရှိခဲ့ပေ။

"Black Phantom ငါက မင်းရဲ့ ပြိုင်ဘက်ပဲ!"

လွီချိန်သည် ခြေလှမ်းကျဲကြီးများဖြင့် ပြေးလာသည်။

"အခု ငါ့ကိစ္စကို ငါစိတ်မ၀င်စားလို့တောင် မရဘူးလား" ဟန်ရှောင်းသည် စက်သေနတ်ကို ဒေါသတကြီး ဆွဲထုတ်ကာ ပစ်လိုက်သည်။ လွီချိန်၏ မျက်ခုံး၊ နှလုံးနှင့် ခန္ဓာကိုယ်အောက်ပိုင်းကြားတွင် ကျည်ဆံသုံးချက် ထိမှန်သော်လည်း ထင်မှတ်ထား‌သော သွေးများ ထွက်မလာပေ။

သံမဏိကျည်ဆံသုံးတောင့်သည် လွီချိန်ကို ထိမိသည့်အခိုက်အတန့်တွင် အရွေ့စွမ်းအင် ရုတ်တရက် ပျောက်ကွယ်သွားပုံရသည်။ ကျည်ဆန်များသည် လွီချိန်၏ အရေပြားပေါ်မှ ကန်ထွက်သွားပြီး လောက်လေးခွလောက်ပင် အားမကောင်းခဲ့ပေ။ ထိခိုက်ပျက်စီးမှု အမှတ်များကို အပြာနုရောင် မီးခိုးငွေ့များက သူ့ခေါင်းထက်မှာ လွင့်၍ ပြသနေတာကို မြင်တွေ့ရ၏။

-၀!

-၀!

ဟန်ရှောင်းသည် ထိပ်ဖူးက ထိသည့်အခိုက်အတန့်ကို ရှင်းရှင်းလင်းလင်းမြင်ရပြီး၊ ပစ်မှတ်၏ အရေပြားသည် ပျော့ပျောင်းသော တွန့်ရာများဖြင့် တုန်ခါနေသည်။ ထို့နောက် ကျည်ဆန်သည် ၎င်း၏ အရွေ့စွမ်းအင် ဆုံးရှုံးသွားသည်။

သူ့မျက်လုံးများ မှိန်သွား၏။

အရွေ့စွမ်းအင်စုပ်ယူမှု?

အင်တာဖေ့စ်က လွီချိန်သည် အဆင့် ၄၄ သို့ရောက်ရှိနေသည်ကို ပြသခဲ့သည်။ အဆိုပါအဆင့်သည် ဟန်ရှောင်းလောက် မမြင့်မားသော်လည်း လွီချိန်၏ စွမ်းရည်သည် အလွန်ခက်ခဲ၏။ ၎င်းသည် အရွေ့စွမ်းအင်လက်နက်ကို သဘာဝအတိုင်း ခုခံကာကွယ်ခြင်းဖြစ်ပြီး သူ၏ စက်ယန္တရားများကို ထိန်းထားရန်ဖြစ်သည်။

ဟန်ရှောင်းကံမကောင်းပေ။ သူ့ကို ထိန်းချုပ်နိုင်တဲ့ရန်သူနဲ့ ဆုံတွေ့ရခြင်းပင်။

အရွေ့စွမ်းအင်ကို စုပ်ယူခြင်းဖြင့် ခန္ဓာကိုယ်ပေါ်တွင် သက်ရောက်သော စွမ်းအင်အမျိုးမျိုးကို ပျောက်ကွယ်သွားစေနိုင်သည်။ စွမ်းအားသည် စွမ်းရည်၏ ပံ့ပိုးမှုကန့်သတ်ချက်ကို မကျော်လွန်နိုင်ခဲ့ပါက ထိုစွမ်းအားကို စုပ်ယူပြီး ပြိုင်ဘက်၏ စွမ်းအားအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများကို တိုက်ခိုက်ရန် အသုံးပြုခြင်းသည် ဤစွမ်းရည်မျိုးအတွက် ထိရောက်မှု မရှိပေ။ အရွေ့စွမ်းအင်စုပ်ယူမှုကို ကိုင်တွယ်ဖြေရှင်းရန်၊ ပမာဏ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပုံစံကို အသုံးပြု၍ တိုက်ခိုက်ခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ဤစွမ်းရည်အမျိုးအစား၏ ပံ့ပိုးမှုကန့်သတ်ချက်သည် အဆင့်အတန်းနှင့် စွမ်းအားပေါ်တွင်မူတည်သည်။ ကံမကောင်းစွာပဲ၊ ယေဘုယျအားဖြင့်၊ ပံ့ပိုးမှုကန့်သတ်ချက်သည် တူညီသောအဆင့်၏ တိုက်ခိုက်ရေးစွမ်းရည်ထက် အမြဲကျော်လွန်နေလိမ့်မည်။

လွီချိန်သည် ဟန်ရှောင်းမှ မီတာအနည်းငယ်အကွာတွင် ရပ်လိုက်ပြီး "Black Phantom၊ ဒီတိုက်ပွဲက မင်းနဲ့မဆိုင်ဘူး။ ကိုယ့်ကိစ္စကို စိတ်ဝင်စားပါ။"

ဒဏ္ဍာရီဆန်ဆန်လူသတ်သမားသည် စစ်မြေပြင်အစွန်းတွင် လောဘကြီးစွာဖြင့် မျက်စိကျနေသောကြောင့် လွီချိန်က လက်ဦးမှုရယူပြီး Black Phantom ကို တိုက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးနိုင်ခဲ့သည်။

ဟန်ရှောင်း၏ တုံ့ပြန်မှုက လွီချိန်၏ မျက်လုံးများဆီသို့ ကျည်ဆံနှစ်တောင့်သာ ကျရောက်ခဲ့ပြီး ၎င်းတို့သည် ထိခိုက်မှု လုံးဝမဖြစ်စေခဲ့ပေ။ ထိပ်ဖူးသည် စိတ်ပျက်စွာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ လွီချိန်က မျက်တောင်ပင် မခတ်ခဲ့။ သူက လုံးဝမထိခိုက်ဘဲ "မင်းဟာ Dark Net ရဲ့ ထိပ်တန်းလူသတ်သမားနဲ့ သွေးပဋိညာဉ်အဖွဲ့ရဲ့ ဝှက်ဖဲပဲ။ တခြားသူတွေက မင်းကို ကြောက်ပေမယ့် ငါတော့ မဟုတ်ဘူး။ ငါ မင်းကို အကြံဉာဏ်တစ်ခုပေးမယ်၊ ဒီစစ်မြေပြင်နဲ့ ဝေးဝေးနေပါ။"

"Dark Net? သွေးပဋိညာဉ်အဖွဲ့? အဲဒါ ဘာစွမ်းအားလဲ" Bun-hit-dog သည် အကြံဥာဏ်တစ်ခုရပြီး ဤအရေးကြီး သော့ချက်စာလုံးနှစ်လုံးကို သူ့နှလုံးသားထဲတွင် အလျင်အမြန်သိမ်းဆည်းထားသည်။ Black Phantom ၏ လျှို့ဝှက်ဆန်းကြယ်သော မူလဇစ်မြစ်၏ ရေခဲတောင်ထိပ်ကို သူတွေ့လိုက်ရသည်။

ဟန်ရှောင်း၏ စိတ်သည် သူ့လက်ထဲက ပစ္စည်းများကို လျင်မြန်စွာ စစ်ထုတ်လိုက်သည်။ ပဏာမအစီအစဥ်တစ်ခုနှင့်အတူ သူ့ခြေထောက်များသည် မြေပြင်ပေါ်သို့ ဆောင့်နင်းလိုက်ပြီး လျှပ်စစ်သံလိုက်လျပ်ပြေးဖိနပ် တောက်ပလာသည်။ အားစိုက်ထုတ်လိုက်သော စွမ်းအားများက သူ့ကို လျင်မြန်စွာ နောက်ပြန်ထွက်သွားစေသည်။ သူ၏ခါးကို လျင်မြန်စွာထိလိုက်ပြီး Berserk Eagles နှစ်လက်ကို ဆွဲထုတ်လိုက်သည်။ လျင်မြန်စွာ လှုပ်ရှားရင်း၊ သူသည် အဆိပ် ကျည်ဆန်အဖြစ် ပြောင်းလဲကာ ပစ်ခတ်လိုက်သည်။ ကျည်ဆန်များသည် လွီချိန်၏ခြေရင်းဘက်သို့ ထိမှန်သွားပြီး အဆိပ်ဓာတ်ငွေ့များ မြင့်တက်လာပြီး လေထဲသို့ ပျံ့နှံ့သွားသည်။

လွီချိန်သည် အဆိပ်ဓာတ်ငွေ့ကို တွေ့ရှိပြီး မျက်မှောင်ကြုတ်လိုက်သည်။ အသက်ရှုအောင့်လိုက်ပြီး ခြေလှမ်းကြီးများဖြင့် တွန်းထုတ်လိုက်သည်။ အစောပိုင်းက သူသည် စစ်မြေပြင်ကို ဖြတ်ကျော်သွားစဉ် ပစ်ခတ်မှုများမှ အရွေ့စွမ်းအင် အများအပြားကို စုပ်ယူခဲ့သည်။ သူသည် ဟန်ရှောင်းဆီသို့ ပြေးသွားစဉ် သူ့ခြေဖဝါးအောက်ခြေမှ အရွေ့စွမ်းအင်များ ထွက်လာသည်။ သူလှမ်းလိုက်တိုင်း သူ့ခြေရာတွေက တွင်းကြီးတွေ ပေါ်လာစေ၏။ သူသည် ဟန်ရှောင်းကို လိုက်မှီ‌သွားသောအခါ မရပ်တန့်နိုင်သော တင့်ကားတစ်စင်းလိုပင်။ သူသည် အလွန်ကြီးမားသော အရွေ့စွမ်းအင်ကို စုဆောင်းပြီး ဟန်ရှောင်း၏ ရင်ဘတ်ကို ချိန်ရွယ်လိုက်သည်။

ဘန်း

ကြံ့အရူးတစ်ကောင်နဲ့ ခေါင်းချင်းဆိုင်တိုက်မိသလို သူ့ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ ပျံထွက်သွား၏။ ကျန်ရှိသော စွမ်းအားသည် ရပ်တန့်မသွားနိုင်ဘဲ၊သူ့လမ်းကြောင်းတစ်လျှောက် ကံမကောင်းလှသော ကစားသမားများစွာမှာ ဖြိုချပြီး သတ်ဖြတ်ခံလိုက်ရသည်။

အခန်း (၁၅၇) ပြီး၏။

လင်းဆက်

+++++

All Chapters