← Chapters

မိသားစု

Vol. 11 Ch. 159

မိသားစု

Vol. 11 Ch. 159

အခန်း (၁၅၉) မိသားစု

ဆယ်မိနစ်ခန့်အကြာတွင် လွီချိန် အရှိန်လျှော့ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူစုဆောင်းထားသော အရွေ့စွမ်းအင်များ ကုန်ဆုံးသွား၏။ သူလှည့်ကြည့်လိုက်တော့ ဟန်ရှောင်းသည် နတ်ဆိုးတစ်ကောင်လို နောက်ကလိုက်နေမှန်း သိလိုက်သည်။

"ငါ့ကိုသတ်လိုက်။"

လွီချိန်၏ မျက်နှာတွင် မီးလောင်ဒဏ်ရာသည် ကြောက်စရာကောင်းပြီး သူနာကျင်စွာ ပြုံးလိုက်သည်။

"အဲလိုပြောဖို့ မလိုဘူး" ဟန်ရှောင်း၏ မျက်နှာက မပြောင်းလဲပေ။ သူသည် သူ၏လက်ဖဝါးများကို ကျယ်ကျယ်ဖွင့်ပြီး လွီချိန်၏ ခေါင်းကို ဖမ်းကိုင်ကာ သူ၏ဦးခေါင်းခွံကို ထိုးဖောက်ဝင်ရောက်သွားသည်။

လွီချိန်သည် နောက်ဆုံးတွင် အသက်ရှုရပ်သွားသည်။ ဟန်ရှောင်းက မွန်းကြပ်မှုများကို ရှုထုတ်လိုက်သည်။

သူက ငါ့ကို အရှုံးပေးလုနီးပါးဖြစ်စေတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ပဲ။

သူသည် လွီချိန်၏အလောင်းကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို သားရဲများ စားသောက်ခြင်းရန်မှ ကာကွယ်ရန် ပေါက်ကွဲအားပြင်းသော ကျည်ဆန်တစ်ခုကို ပစ်သွင်းလိုက်သည်။ ထို့နောက် သေနတ်သံများကို နားထောင်ကာ အစိမ်းရောင်တောင်ကြားမြို့၏ စစ်မြေပြင်သို့ ပြန်လာတော့သည်။

တိုက်ပွဲက ပိုလို့တောင် ပြင်းထန်လာ၏။ အစိမ်းရောင်တောင်ကြားမြို့၏ ဂိတ်ပေါက်များ ပေါက်ကွဲသွားခဲ့ပြီး လက်နက်ကိုင် တင့်ကားများသည် လမ်းများပေါ်တွင် တရှိန်ထိုးမောင်းနှင်ကာ စက်သေနတ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြသည်။ အစိမ်းရောင်တောင်ကြားမြို့၏ နေထိုင်သူများသည် ၎င်းတို့၏တံခါးများနှင့် ပြတင်းပေါက်များကို လုံခြုံအောင်ပြုလုပ်ကာ နားရွက်များကို ပိတ်ထားရင်း အိမ်များထဲတွင် တုန်လှုပ်နေကြသည်။ လူချိန်၏တပ်များသည် သာမန်လူများကို သတိထားပြီး ရှောင်ထွက်သွားသည်။

လွီချိန်က သူ့ကို တိုက်ပွဲထဲ ဆွဲသွင်းလိုက်တဲ့အတွက် ဟန်ရှောင်းဟာ တိုက်ပွဲကို အမြန်အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဟန်ရှောင်းသည် အစိမ်းရောင်တောင်ကြားမြို့၏ တပ်မှူးကို ရှာဖွေရန် ထွက်ခွာသွားသည်။ အမိန့်ပေးသူအား ရှာဖွေခဲ့သော်လည်း၊ မည်သူမျှ အမိန့်ပေးခြင်းမရှိကြောင်း မကြာမီ သူသဘောပေါက်သွား၏။

အစိမ်းရောင်တောင်ကြားမြို့၏အစွန်ဆုံးတွင် မြေပြင်ပေါ်တွင် ယာဉ်၏ ဘီးရာများ ရှိပြီး၊ ဗဲလ်စက်နှင့်ရှောင်လွေ့တို့၏ နေရာကို အရိပ်အမြွက်ဖော်ပြနေသည်။

သူတို့ လွတ်သွားပြီလား?

...

လမ်းကြမ်းယာဉ်သည် အုံ့မှိုင်းသော တောအုပ်အတွင်း ဖြတ်သွားကာ အစိမ်းရောင်တောင်ကြားမြို့တွင် သေနတ်သံများ တဖြည်းဖြည်း တိုးသွားသည်။ အနောက်ခုံမှာ ရှိတဲ့ရှောင်လွေ့က သူတို့နောက်က မီးတောက်တွေကို သစ်ပင်တွေကနေ ချောင်းကြည့်ရင် မြင်လိုက်ရသည်။

"လွီချိန်သေသွားပြီ..."ရှောင်လွေ့က လက်သီးတွေကို တင်းတင်းဆုပ်ပြီး ဒူးပေါ်ဖိလိုက်တယ်။ တုန်လှုပ်ခြင်းကို မနည်းထိန်းထားရ၏။

လွီချိန်သည် မိသားစုကို ဆယ်နှစ်ကျော်ကြာ အမှုထမ်းခဲ့သည်။ သူသည် သစ္စာရှိပြီး မိမိကိုယ်ကို ပေးအပ်မြှုပ်နှံထားသည်။ ထို့အပြင်၊ သူသည် မိသားစု၏အဆင့်တွင် အကောင်းဆုံးတိုက်ခိုက်ရေးသမား ဖြစ်သည်။ သူ့မှာ အံ့မခန်း စစ်ရေးအောင်မြင်မှုတွေ အများကြီး ရခဲ့၏။ ရှောင်လွေ့က သူ့ကို အသန်မာဆုံး ထောက်ခံအားပေးသူအဖြစ် အမြဲယူဆထားခဲ့သည်။ Black Phantom ရဲ့ လက်ချက်နဲ့ သေသွားလိမ့်မည်ဟု မထင်ခဲ့ဖူးပေ။

မူလက၊ ရှောင်လွေ့သည် လွီချိန်က Black Phantom ကို မထိန်းနိုင်လျှင်ပင် သူနောက်ပြန်ဆုတ်နိုင်ဆဲဟု တွေးခဲ့သည်။ သို့သော် လွီချိန် လွတ်မြောက်လာချိန်တွင် နားကြပ်များအတွင်းမှ လွီချိန်၏ နောက်ဆုံးစကားများကို သေချာမကြားရသော်လည်း၊ သူ့ထောက်ခံသူမှာ သေလုမျောပါးဖြစ်နေကြောင်း သူသိသည်။

ဗဲလ်စက်နှင့် အခြားသော လက်နက်ကိုင် သက်တော်စောင့် လေးဦးတို့ သည် ကားပေါ်တွင် ပါ၀င်ခဲ့သည်။ ဗဲလ်စက်သည် အတော်လေး ကြောက်ရွံ့နေပုံရသည်။

“Black Phantom က မွန်းစတားတစ်ကောင်ပဲ။ သူ့ကို ရန်မစဖို့ စောစောက ပြောခဲ့တယ်! မင်းကနားမထောင်ဘူး!" ဗဲလ်စက် ချွေးသီးချွေးပေါက်များ ထွက်ကျနေ၏။

ရှောင်လွေ့၏ အသားအရေသည် နီရဲနေသည်။ "ပေါက်ကရတွေ မပြောနဲ့ အနည်းဆုံးတော့ ငါတို့ လွတ်သွားပြီ!"

"သူ ငါတို့ကို အမှီမလိုက်ဘူး မဟုတ်လား" ဗဲလ်စက်သည် နောက်ကြည့်မှန်ကို ထပ်ခါတလဲလဲ ကြည့်ရင်း နှလုံးခုန်နေသည်။

ရှောင်လွေ့ အံကြိတ်သွားသည်။ "လူချိန်က အစိမ်းရောင်တောင်ကြားမြို့ကို လောလောဆယ် တိုက်ခိုက်နေပြီး၊ မြို့တွေမှာရှိတဲ့ အစောင့်တွေက ရန်သူကို အချိန်ဆွဲဖို့ ကူညီပေးလိမ့်မယ်။ သူက ငါတို့ကို လိုက်သတ်ဖို့ အချိန်မရှိဘူး”

သူပြောပြီးသွားသည့် အချိန်မှာပင် ကားနောက်ကြည့်မှန်ထဲ၌ တစ္ဆေသရဲလို ပုံရိပ်တစ်ခုပေါ်လာပြီး အရိပ်တစ်ခုလို မော်တော်ကားကို လိုက်နေ၏။ ကားပေါ်ရှိလူတိုင်း အံ့သြတုန်လှုပ်သွားကာ အော်ဟစ်လိုက်ကြသည်။

"သူ ဒီမှာ!"

"မြန်မြန်သွား!"

"တစ်လမ်းလုံး အရှိန်မြှင့်၊ လက်မလျှော့နဲ့!"

ကားပေါ်ရှိလူတိုင်း ထိတ်လန့်ချောက်ချားသွားကြသည်။ လမ်းကြမ်းယာဉ်သည် ထွက်ပြေးသွားသော ခွေးလေခွေးလွင့်နှင့် တူပြီး အရူးအမူး အရှိန်မြှင့်လိုက်သည်။ သူတို့က ဟန်ရှောင်းကို ခဏလောက် မျက်ခြေဖြတ်နိုင်ခဲ့သော်လည်း ဒီအချိန်သည် စိတ်သက်သာရာရစေမယ့် အချိန်မဟုတ်ပေ။ ကားသည် အနည်းငယ် နှေးသွားပြီး အနက်ရောင် တစ္ဆေတစ်ကောင်သည် ဖယ်ရှားရန် ခက်ခဲသော၊ ရန်လိုသော စွမ်းအားနှင့် ဆင်တူပြီး နောက်ကြည့်မှန်ထဲတွင် နောက်တစ်ကြိမ် ပေါ်လာပြန်သည်။ ဖိနှိပ်နေသော ငရဲဘုရင်ကဲ့သို့ပင်။

လူတိုင်း၏ adrenaline သည် တိုးလာကာ သူတို့၏ နှလုံးသားများသည် တကယ်ကြီးကို လည်ချောင်းမှ ခုန်ပေါက်ထွက်လာကြတော့မလို ခံစားလိုက်ရသည်။ သူတို့တစ်ကိုယ်လုံး တောင့်တင်းသွားသည့်အထိ တုန်လှုပ်သွားကြသည်။ ထိတ်လန့်စရာရုပ်ရှင်နှင့်တူသော လေထုသည် နောက်ဆုံးတွင် ကားမောင်းသူကို အမှားလုပ်မိစေ၏။ ချောက်ချားတုန်လှုပ်နေသည့် အခြေအနေတွင် ယာဉ်သည် လျှောဆင်းပြီး အောက်ဘက်သို့ ပြုတ်ကျသွားသည်။

ပြတင်းပေါက်မှ ခုန်ထွက်ရန် ရုန်းကန်ရင်း၊ ရှောင်လွေ့၏ ဦးခေါင်းသည် လည်နေ၏။ ရုတ်တရက် အပြာရောင် မီးရောင်တွေ တောက်ပနေသော ဘွတ်ဖိနပ်တစ်ရံ သူ့မြင်ကွင်း၌ ပေါ်လာသည်။ သူ မျှော်ကြည့်လိုက်တော့ Black Phantom က သူ့အပေါ် မိုး၍ ရပ်နေတာကို တွေ့လိုက်ရပြီး သူ့ကို ဂရုမစိုက်ဘဲ ကြည့်နေတယ်။

“မသတ် ငါ့ကို မသတ်ပါနဲ့…”

ဒိုင်း! ဒိုင်း! ဒိုင်း!

သေနတ်သံတွေ ထပ်ခါထပ်ခါ ကြားနေရသည်။ရှောင်လွေ့သည် အလွန်ထိတ်လန့်သွားပြီး မျက်လုံးမှိတ်ထားကာ နာကျင်မှုမရှိသည်ကို သိလိုက်သည်။ သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သက်တော်စောင့်လေးယောက်စလုံး ပစ်သတ်ခံလိုက်ရပြီး ဗဲလ်စက်နှင့် သူသာ ကျန်တော့တာ သိလိုက်ရသည်။

ရှောင်လွေ့ တုန်လှုပ်သွား၏။ ဒီအခြေအနေမှာ တည်တည်ငြိမ်ငြိမ် နေရမယ်ဆိုတာကို သူသိသည်။ သို့သော် သေခြင်းတရားကို ကြောက်ရွံ့ခြင်းက စိတ်ကို တည်ငြိမ်အောင် ထားရန် မဖြစ်နိုင်ပေ။ သူ၏ ထိတ်လန့်သော ခံစားချက်များသည် ဒီရေနှင့်တူပြီး သူ့နှလုံးသားကို ထပ်ခါထပ်ခါ လွှမ်းခြုံနေသောကြောင့် ဟန်ရှောင်း၏ မျက်လုံးများကို တိုက်ရိုက်မကြည့်ဝံ့ပေ။ “Black … Black Phantom၊ ငါ့အသက်ကို ချမ်းသာပေးပါ။ ငါ မင်းကို ကြီးမားတဲ့ ပေးဆပ်မှုတွေ ပြန်ပေးနိုင်တယ်။"

ဟန်ရှောင်း၏ မျက်ခုံးပင့်သွားသည်။ ရှောင်လွေ့ကို ထိန်းသိမ်းထားရသည့် အကြောင်းရင်းမှာ ရှောင်လွေ့သည် သက်တော်စောင့်များကြားတွင် ညှပ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် အရေးပါသော ဇာတ်ကောင်ဖြစ်သည် ဟု သူထင်၏။

ဗဲလ်စက်သည် Black Phantom နှင့် ပဋိပက္ခဖြစ်ခြင်းအတွက် နောင်တရခဲ့သော်လည်း ရှောင်လွေ့၏ထင်မြင်ချက်ကို နားထောင်ပြီး ပို၍နောင်တရခဲ့သည်။ သူက ခေါင်းမော့ပြီး ဟန်ရှောင်း၏ မျက်လုံးများကို တည့်တည့်ကြည့်သည်။ "မင်းက လူလိမ်ပဲ၊ မင်း လူချိန်နဲ့ ပူးပေါင်းပြီးသား။ မင်းက လုံးဝ ဖြတ်သွားရုံတင် မဟုတ်ဘူး!"

Black Phantom ပြောသမျှမှာ - ပြဿနာရှာဖို့ စိတ်မဝင်စားဘူး - အားလုံးက အလိမ်အညာတွေပဲ။

ဟန်ရှောင်းသည် သူ့သေနတ်ကို ကိုင်လိုက်ပြီး ရယ်မောလိုက်သည်။ "ဒါဟာ တိုက်ဆိုင်မှုလို့ ငါပြောရင် မင်းယုံမှာလား။"

"မင်းလက်ထဲရောက်နေပြီ ငါအသက်မရှင်နိုင်ဘူးဆိုတာ ငါသိနေပြီ။ ငါ့ကိုသတ်လိုက်ပါ!" ဗဲလ်စက်သည် ရုတ်တရက် သတ္တိရှိလာပြီး ရှပ်အင်္ကျီကို စိုးရိမ်တကြီး ဆွဲနေသည့် ရှောင်လွေ့၏လက်ကို ခါလိုက်သည်။

"မင်းတကယ်သေဖို့တောင်းဆိုတာလား၊ ဒါမှမဟုတ် မင်းရဲ့ သန်မာတဲ့ဆန္ဒကို တမင်တကာပြနေတာလား ငါမသိပေမယ့် မင်းဆန္ဒအတိုင်းပဲ"

ဒိုင်း!

ကျည်ဆန်သည် ဗဲလ်စက်နားထင်ကို ထိုးဖောက်ဝင်ရောက်သွားသည်။ သူလဲကျသွားပြီး သွေးအိုင်က တဖြည်းဖြည်း ကျယ်လာသည်။

ဟန်ရှောင်း၏ မျက်ခုံးပင့်လိုက်သည်။ ဗဲလ်စက်သည် ဟန်ဆောင်နေပုံမပေါ်။ သူတကယ်ပဲ မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်ခဲ့ပြီး အမြန်သေဖို့ ဆန္ဒရှိခဲ့သည်။ မြို့ပြင်မှာ လည်ပတ်နေတဲ့ ဒီလို စစ်ဘုရင်အတွက်တော့ သူသေမှာကို ကြောက်နေရင်တောင် သူတကယ်ရင်ဆိုင်ရတဲ့အခါ အေးအေးဆေးဆေး လက်ခံမှာပင်။

တစ်ဖက်မှာကျတော့ အားနည်းတဲ့သူ တစ်ယောက်ရှိ၏။ ဟန်ရှောင်းက တချက်ကြည့်လိုက်တော့ ရှောင်လွေ့အရမ်းကြောက်သွားပြီး အသက်မရှူဝံ့တော့ပေ။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့နောက်ကျောက ချွေးအေးတွေနဲ့ ရွှဲစိုနေသည်။

ဟန်ရှောင်သည် ငုတ်တုတ်ထိုင်ကာ ရှောင်လွေ့၏ မျက်နှာကို သေနတ်ပြောင်းဖြင့် ပုတ်လိုက်ပြီး "မသေချင်ဘူးလား"

ရှောင်လွေ့ အရူးအမူး ခေါင်းယမ်းလိုက်သည်။

"ငါ့ကို အကြောင်းပြချက်တစ်ခုခု ပေးလေ။"

“ငါ… မင်းကို ပိုက်ဆံ အများကြီး ပေးနိုင်တယ်။ ငါ မင်းကို အလူမီရာမိသားစုဆီ ညွှန်းပေးလို့ရတယ်။"

"ငါက ဒါကို လိုအပ်နေတဲ့ သူတစ်ယောက်လို မြင်လား" ဟန်ရှောင်းက သူ့ကိုယ်သူ ထိုးပြလိုက်သည်။

ရှောင်လွေ့သည် ဦးနှောက်ခြောက်အောင် စဉ်းစားပြီး ဟန်ရှောင်းကို လှုပ်ရှားစေနိုင်သည့် တစ်စုံတစ်ခု ရှိမရှိကို တွေးတောရင်း သူ့တံတွေးကို မျိုချလိုက်သည်။ ဟန်ရှောင်း၏ မျက်လုံးများသည် စူးရှပြီး ရှောင်လွေ့၏ ပြည့်ပြည့်ဖောင်းဖောင်းအိတ်ကပ်ကို ရုတ်တရက် တစ်ချက်ကြည့်လိုက်သည်။ သူလက်လှမ်းပြီး ဆုကြေးစလစ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ ဇီးရိုး - သူ့ကို အလိုရှိသော ပိုစတာတစ်ခု။

ဒီအလူမီရာက ဘာလို့ ငါ့ရဲ့ ဆုကြေးစလစ်ကို သူနဲ့အတူ သယ်လာတာလဲ။

ဟန်ရှောင်းသည် မျက်ခုံးပင့်ကာ လက်ထဲတွင် စာရွက်ကို ကစားပြီးရှောင်လွေ့ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ ရှောင်လွေ့သည် နောက်ဆုံးတွင် သူ့စိတ်ဝင်စားမှုကို နှိုးဆွသော အရာတစ်ခုကို တွေ့လိုက်ရသည်။ ရှောင်လွေ့သည် ချက်ချင်းပင် လန်းဆန်းလာပြီး သူသိသမျှကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။

"ဟန်ရှောင်း? ဇီးရိုး? အလူမီရာမိသားစု"

သတင်းကိုကြားပြီးနောက် ဟန်ရှောင် တောင့်တင်းသွားသည်။

သူ့မူလကိုယ်ကို အလူမီရာမိသားစုမှ ဆင်းသက်လာမှန်း သူမသိပေ။

"...မင်းငါ့ကို မလိမ်ဘူး မဟုတ်လား?"

ရှောင်လွေ့သည် ခေါင်းကို အကြိမ်ကြိမ်ခါလိုက်သည်။ Black Phantom သည် Zero ကို စိတ်ဝင်စားပုံပေါ်သည်။ အကြောင်းပြချက်ကို သူ ဂရုမစိုက်ပေ၊ သူသိတာတစ်ခုက အခု သူ အသက်ရှင်ဖို့ အခွင့်အလမ်းရှိနေပြီ။ ထို့ကြောင့် သူသည် မည်သည့်အရာကိုမျှ မဖုံးကွယ်ဝံ့ဘဲ ကွန်ပျူတာတစ်လုံးကို ထုတ်ယူကာ ဓာတ်ပုံများစွာကို ဆွဲယူပြလိုက်သည်။

အဆိုပါဓာတ်ပုံတွင် ဂျာမီနယ်အဖွဲ့အစည်းမှ ခေါ်ဆောင်သွားခြင်းမခံရမီ ဟန်ရှောင်း၏ ငယ်ရွယ်မှုကို ပြသခဲ့သည်။ အလူမီရာမိသားစုမှ ဓာတ်ပုံအမျိုးမျိုးက အခိုင်အမာ သက်သေပြနေသည်။ ဟန်ရှောင်းက သူ့အထောက်အထားကို သံသယမရှိတော့ပေ။

ဒါဆို ငါ့မှာ မွေးစားအဖေနဲ့ ညီအကို မောင်နှမတွေ ရှိတယ်လို့ ဆိုလိုချင်တာလား။

ဟန်ရှောင်း၏ ခံစားချက်များသည် ရှုပ်ထွေးသွားသည်။ ဤလောက၌ စိုးရိမ်မှု သို့မဟုတ် ပက်သက်မှုတွေမရှိဟု အမြဲတွေးထင်နေ၏။ ဒီလိုချိတ်ဆက်မှုတွေရှိဖို့ သူ မမျှော်လင့်ထားပေ။

အလူမီရာသည် သူ့မိသားစုဖြစ်သည်။ ဟန်ရှောင်းသည်ရှောင်လွေ့ကို တစ်ချက်ကြည့်လိုက်သည်။ ဒီလူက ငါ့မိသားစုပဲလား။

အလူမီရာမိသားစု၊ မြောက်ဥရောပ၏ အကြီးမားဆုံး စစ်ဘုရင်။ ဒုတိယခေါင်းဆောင် ရှောင်ကျင်းက ငါ့မူလကိုယ်ခန္ဓာရဲ့ ဖခင်အရင်း။ သူတို့မိသားစုက အင်အားကြီးတယ်လို့ ယူဆကြတယ်...

ဟန်ရှောင်း တိတ်တဆိတ် စဉ်းစားနေမိသည်။

ရှောင်လွေ့၏ နှလုံးသည် သူ့လည်ချောင်းအနီးတွင် ရှိနေ၏။ သူသည် ပြစ်ဒဏ်ကို စောင့်မျှော်နေသော ပြစ်ဒဏ်ကျခံနေရသူဟု ခံစားရသည်။ ဒါဟာ သူ့ဘဝရဲ့ အရှည်ဆုံး တစ်မိနစ်ပါပဲ။

"မင်းထွက်သွားလို့ရပြီ" ဟန်ရှောင်းတိုးတိုးလေး ပြောလိုက်သည်။

ရှောင်လွေ့မယုံဝံ့။ တုန်တုန်ယင်ယင် မတ်တပ်ထရပ်ကာ ဆန့်ကျင်ဘက်သို့ ခြေနှစ်လှမ်း ပြေးသွား၏။ ခေါင်းကို လှည့်ကြည့်လိုက်တော့ အဖက်မလုပ်သော ဟန်ရှောင်းကို တွေ့လိုက်ရသည်။ ထိုမှသာ သူ ဝမ်းသာပီတိဖြစ်ခဲ့ရသည်။

သူ့အသက်ကို ကယ်တင်နိုင်ပြီ။

ကလဲ့စားချေမည့် အတွေးကို မတွေးထားပေ။ သူက Black Phantom နှင့် နောက်ထပ် ထိတွေ့ဆက်ဆံမှုများ မပြုလုပ်လိုပေ။ သူ့ခြေထောက်တွေကို ဆန့်ပြီး သူ့အသက်အတွက် ပြေးတော့သည်။

ရုတ်တရက် သူ့ခေါင်းနောက်ဘက်မှာ စူးစူးရှရှ နာကျင်သွားသည်။

ရှောင်လွေ့သည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့။ သူသည် အစာစားနေသော ခွေးတစ်ကောင်နှင့်တူပြီး မျက်နှာကို ငုံ့ကာ လဲကျသွားသည်။ သူ၏ မျက်ဆံများ ကျယ်လာကာ သူ့မျက်နှာမှာ အံ့သြသွားဟန်ရှိသည်။

ငါ ဘာဖြစ်သွားတာလဲ။

အရမ်းအေးတာပဲ…

ဤသည်မှာရှောင်လွေ့၏ နောက်ဆုံးအတွေးဖြစ်သည်။

ရှောင်လွေ့၏ ဦးခေါင်းနောက်ဘက်တွင် နက်ရှိုင်းသော ကျည်ဆန်အပေါက်တစ်ခု ရှိနေပြီး သွေးများ စီးကျလာသည်။

ဟန်ရှောင်းသည် Berserk Eagle ကို သူ့အိတ်ထဲတွင် ပြန်ထည့်လိုက်ပြီး သူ့မျက်နှာမှာ ခံစားချက်မဲ့နေသည်။ ခဏလောက်စဉ်းစားပြီးမှရှောင်လွေ့ကိုသတ်ပစ်ဖို့ ဆုံးဖြတ်လိုက်သေးတယ်။

အလူမီရာသည် ဟန်ရှောင်း၏ မူလကိုယ်၌ရှိခဲ့သော အဆက်အသွယ်များဖြစ်သော်လည်း ထိုကံဆိုးသောသူသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ဟန်ရှောင်းက ဟန်ရှောင်းမဟုတ်ဘဲ တခြားလူတစ်ယောက်ပင်။ ရှေးတုန်းက ဟန်ရှောင်းသည် သွေးရင်း နှီးနှောမှု ရှိခဲ့ရင်တောင် ဟန်ရှောင်းဟာ အလူမီရာမိသားစုကို သူ့မိသားစုလို မဆက်ဆံပေ။ ဘာပဲဖြစ်ဖြစ်၊ ဟန်ရှောင်းသည် သူ့အစ်ကိုကြီး၏ အသတ်ခံခဲ့ရ၏။

သူက ဟန်ရှောင်းရဲ့ ဆက်ဆံရေးကို အမွေဆက်ခံမှာ မဟုတ်ပေ။ သူ့အတွက်၊ အလူမီရာမိသားစုသည် သူစိမ်းအစုအဝေးဖြစ်ပြီး သူ့အတွက် စိုးရိမ်စရာမရှိပေ။

လိုအပ်ရင် သတ်မယ်!

ဟန်ရှောင်းသည် သူ၏ မူလအထောက်အထားကိုအသုံးပြုခြင်းဖြင့် အလူမီရာမိသားစုထံမှ အထောက်အပံ့အချို့ ရနိုင်သော်လည်း သူ၏ လက်ရှိအနေအထားဖြင့်၊ သူသည် ဤကဲ့သို့သောစွမ်းအားကို အားကိုးရန်မလိုအပ်ပေ။

အရေးကြီးဆုံးအချက်ကတော့ သူဒီလိုမလုပ်ချင်ဘူး။

ငါ့မိသားစု… ဒီကမ္ဘာကြီးမှာ မရှိဘူး။

အလောင်းကို မီးညှိပြီး လှည့်ထွက်သွားတယ်။ တောက်လောင်နေသော မီးတောက်သည် သူ၏ တိတ်ဆိတ်နေသော အရိပ်ကို ပိုရှည်လျားစွာ ဆွဲထင်စေသည်။

အခန်း (၁၅၉) ပြီး၏။

လင်းဆက်

+++++

All Chapters