← Chapters

အခန်း (၃၁၆)

Vol. 22 Ch. 316

အခန်း (၃၁၆)

Vol. 22 Ch. 316

ရှန်းထျန်းကျိုး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သူလင်းရီ ပြောနေသည့် အကြောင်းအရာများကို

အဘယ်ကြောင့် နားမလည်ပဲ နေမည်နည်း။

ရုတ်တရက် လင်းရီမှ ထိုသို့ ပြောလာလိမ့်မည်ဟု ထင်မထားသောကြောင့် ခေတ္တမျှ အတွေးနက်သွားခဲ့ခြင်းသာ။

ရှန်းထျန်းကျိုး အဝေးတစ်နေရာကို လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်ပြီး အသက်၀င်စွာ ထုလုပ်ထားသော သစ်သားပန်းပုကြီးကဲ့သို့ တစ်စုံတစ်ရာကို တွေးတောနေလေသည်။

လင်းရီ ပြောလိုက်သည့် ကမ်းလှမ်းချက်များမှာ အတော်လေးစိတ်၀င်စားဖို့ ကောင်းလှ၏။ သူမြတ်နိုးသည့် လုပ်ငန်းများကို လုပ်ကိုင်ရင်း မွေးရပ်မြေ၏ ရန်မေစွပ်ပြုတ်ကိုလည်း အားပါးတရ မြည်းစမ်းခွင့် ရပေလိမ့်မည်။

"ဒါရိုက်တာရှန်း..ခင်များက သံသယ ၀င်နေတာလား..."

လင်းရီ သူစောနလေးတင် ပရင့်ထုတ်ထားသည့် စာရွက်စားတမ်းများကို စားပွဲပေါ်သို့ တင်လိုက်ပြီး "ဒါက ကျုပ်ရဲ့ ဘဏ်ထဲ ငွေ၀င်တဲ့ အခြေနေတွေပဲ...အထဲမှာ ငွေသား သုံးဘီလီယမ်ရှိတယ်...ပြီးတော့ လုံရှင်း စင်တာရဲ့ အကောင့်ထဲမှာလည်း တစ်ဘီလီယမ် ရှိသေးတယ်... "

"နောက်ပြီး ကျုပ်မှာ တစ်ခြား ပိုင်ဆိင်မှုတွေလည်း ကျန်သေးတယ်..အားလုံးကို ပေါင်လိုက်မယ်ဆိုရင်တော့ စုပေါင်းစပ်ပေါင်း ၄၀ ဘီလီယမ်လောက်တော့ ရလိမ့်မယ်...ဒါပေါ့ ..ကျုပ်ရဲ့ ပစ္စည်းတွေကို တစ်ခါတည်း အပေါင်ခံလို့မရဘူးဆိုပေမယ့် ကျုပ်မှာ အဖက်ဖက်က ငွေ၀င်လာမယ့် ‌လမ်းကြောင်းတွေက ရှိပြီးသားပဲ... ဘာမှ စိတ်မပူနဲ့"

"ဒီတော့ ကျုပ်ခု လုံရှင်းသုတေသန စင်တာရဲ့ ဥက္ကဌအနေနဲ့...တကယ်လို့ ဒါရိုက်တာရှန်းသာ ကျုပ်တို့နဲ့ ပူးပေါင်းချင်တယ်ဆိုရင် ရန်ပုံငွေကလည်း လုံး၀ ပြဿနာ မရှိစေရဘူး...သုတေသန လုပ်ငန်းတွေ လုပ်ကိုင်တာကိုလည်း ချုပ်ချယ်မှု မရှိစေရဘူး... ဒါရိုက်တာရှန်းသာ လာမယ်ဆိုရင် ဘယ်လို တောင်းဆိုမှုပဲ ဖြစ် ကျုပ်ဖြည့်ဆည်းပေးမယ်... "

ရှန်းထျန်းကျိုး စားပွဲ‌ခုံပေါ် တင်ထားသည့် စာရွက်စာတမ်းမျာကို လှန်ပင် မကြည့်ချေ။ လင်းရီ သူ့ကို ညာလိမ့်မည် မဟုတ်ကြောင်း သူသေချာသိသည်။

သိူ့တိုင်အောင် လင်းရီမှာ ဤမျှ အသက်ငယ်ငယ်လေးဖြင့် အဘယ်ကြောင့် ဘီလီယမ်နာကြီး ဖြစ်နေလဲဆိုတာ သူသိချင်နေမိတော့၏။

ဤအရာကြီးက လုံး၀ မယုံနိုင်စရာကောင်းသည် မဟုတ်ပါလော..

"ကျုပ် မစ္စတာလင်းရဲ့ လေးနက်မှုတွေကို မြင်ရပါတယ်..."ရှန်းထျန်းကျိုး ပြောလိုက်ပြီး "ဒါပေမယ့် မစ္စတာလင်းက ဘာလို့ ဒီလိုတွေ လုပ်နေလဲဆိုတာ ကျုပ် သိချင်မိသားဗျ..."

"ကျုပ်တောင် ဒီပရောဂျက်က မုချ အောင်မြင်မယ်လို့ အာမမခံရဲဘူး..မစ္စတာလင်းရဲ့ ပိုက်ဆံတွေ အကုန်ခြူးတစ်ပြားမကျန် ဖြစ်သွားပြီး မွဲပြာကျသွားတဲ့အထိတောင် ဖြစ်သွားနိုင်တယ်နော်..ကျုပ်သိချင်မိတာက အဲ့တာတောင်မှ ဘာလို့ စွန့်စားချင်နေလဲ ဆိုတာကိုပဲ.."

" နိုင်ငံခြားကကောင်‌တွေ ကျုပ်တို့ကို နှိပ်ကွတ်နေတာကို မကြည့်ချင်လို့ပဲ..ဆင်ခြေကတော့ ရိုးရှင်းပါတယ်..."

လင်းရီ ပြောလိုက်ပြီး "ကျုပ်တို့ ဟွာရှသားတွေက ပျော့ညံ့တဲ့ကောင်တွေ မဟုတ်ဘူးဆိုတာ ကမ္ဘာကြီးကို သက်သေပြချင်လို့ပဲ..."

စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်ပြီးနောက်

"ကျုပ်ကို လေးငါးရက်လောက် အချိန်ပေးနိုင်မလား..ကျုပ်သေချာလေး စဉ်းစားဦးမယ်..."

ရှန်းထျန်းကျိုး လေးနက်တည်ကြ ်စွာဖြင့် ပြောလိုက်သည်။

"ရတာပေါ့.."

လင်းရီ နောက်ထပ် အပိုစကားများ မပြောတော့ပဲ.."အဲ့လို‌ဆို ကျုပ်အရင် သွားနှင့်ပြီ ဒါရိုက်တာရှန်း...."

"‌‌ ကောင်းပါပြီ ..ဖြည်းဖြည်းသွားပါ မစ္စတာလင်း.."

သူလှည့်ပြီး ထွက်လာခဲ့လိုက်၏။ သို့သော်လည်း တံခါးနားရောက်သည့် အချိန်တွင်တော့ လင်းရီ ရုတ်တရက် ရပ်တန့်သွားသည်။

"တစ်ခုခု ကျန်ခဲ့လို့လား.."

"ဒါရိုက်တာရှန်း ..ခင်များ ပြန်လာတဲ့ အချိန်ကျ ခင်များရဲ့ အသင်းကိုလည်း ခေါ်ခဲ့ဖို့ မမေ့နဲ့ဦး.."လင်းရီ ပြောလိုက်ပြီး "ကျုပ် ခင်များတို့ကို ဆိုရှယ်လစ်ရဲ့ အရသာက ဘယ်လိုလဲဆိုတာ သိအောင် ပြပေးမယ်..."

ရှန်းထျန်းကျိုး ခေါင်းခါရမ်းရင်း "ခင်များက တစ်ချိန်လုံး ကျုပ်အသင်းကိုပါ ပစ်မှတ်ထားနေတယ်ပေါ့..."

"သူတို့အားလုံးက ခင်များရဲ့ လုပ်ဖော်ကိုင်ဖက်တွေလေ...နောက်ကျ သူတိူ့နဲ့အတူ အလုပ်လုပ်တော့ ပိုပြီး အလုပ်တွင်တာပေါ့..."

"ကျုပ် သဘောတူမယ်လို့ မပြောရသေးဘူးနော်..."ရှန်းထျန်းကျိုး ပြောလိုက်သည်။ သူရယ်ရအခက်ကိုရအခက် ဖြစါနေလေသည်။

"အဆင်ပြေပါတယ်..ကျုပ်က သိအောင်ပြောပြထားတာ...ဒါမှ ခင်မျာ မမေ့မှ‌ောလ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"သေချာ အချိန်ယူပြီး စဉ်းစားပါ ဒါရိုက်တာရှန်း..ခင်များ စဉ်းစားလို့ ပြီးတာနဲ့ ကျုပ်အကြိုလွှတ်ဖို့ သီးသန့်လေယာဉ်တစ်စင်း လွှန်ပေးလိုက်မယ်..."

"လစ် လစ် လစ် ပေါက်တတ်ကရတွေ လာပြောမနေနဲ့.."ရှန်းထျန်းကျိုး အပြုံးလေးဖြင့် အော်ငေါက်လိုက်၏။

လင်းရီလည်း ပြုံးကာ လက်ဝှေ့ယမ်း နှုတ်ဆက်ပြီးနောက် မိုက်ခရိုတော့ဖ်ထဲမှ ထွက်လာခဲ့လိုက်၏။ သုံးနာရီ ထိုးမျှသာ ရှိသေးသောကြောင့် ဟိုတယ်သို့ မပြန်သေးဘဲ ဆန်ကျင့်ဘက်နေရာသို့ ဦးတည်လိုက်၏။

ရုံးခန်းထဲတွင်တော့ ရှန်းထျန်းကျိုး လင်းရီ ရေးသားထားခဲ့သည့် code များကို ငေးကြည့်လျက်ရှိ၏။

ကြည့်ရင်းဖြင့် မနေနိုင်စွာ ချီးကျုးမိပြန်သည်။

"ဒီကောင်လေးကတော့ ကမ္ဘာကြီးကို ဘာလုပ်မယ် ညာလုပ်မယ် ပြောပြီး code တွေကျတော့ ဒီတိုင်း ထားသွားခဲ့တယ်.."

လတ်တလော နေ့ရက်များ၌ လင်းရီ ရေးသားထားသည့် code များမှာ မိုက်ခရိုဆော့ဖ်အတွက် မည်မျှ အရေးပါကြောင်း အထူးတလည် သက်သေပြရန် မလ်ုအပ်ပေ။

သို့သော်လည်း လင်းရီမှာ code များကို မဖျက်ပစ်ပဲ ချန်ထားရစ်ခဲ့လေသည်။

တစ်နည်းအားဖြင့် ဆိုရသော် ရှန်းထျန်းကျိုး လင်းရီနောက်သို့ လိုက်သည်ဖြသ်စေ၊ မလိုပ်သည်ဖြစ်စေ ၊ ယခုရေးသားထားသည့် code မှာ သူ၏ အပိုင်ပင်။

တစ်နည်းဆိုရသော် ရှန်းထျန်းကျိုးမှ လင်းရီ ရေးထားသည့် code များကို ယူသုံး၍ ကိုယ်ပိုင် အကျိုးမြတ် ရှာဖွေလည်း ရပေသည်။

သို့သော်လည်း ရှန်းထျန်းကျိုးမှ မောက်စ်ကို ကိုင်ကာလင်းရီ ရေးသားထားသည့် code များအားလုံးကို ဖျက်ဆီးပစ်လိုက်၏။

ထို့နောက် ဖုန်းပိတ်ပြီး အသက်ပြင်းပြင်းရှူကာ ငြိမ်သက်နေသည့် ရုံးခန်းထဲသို့ ကြည့်လိုက်သည်။ သူတစ်ခုခု လိုနေသလို ခံစားနေရ၏။ လင်းရီနှင့် အလုပ်တွဲလုပ်နေကြဖြစ်၍ ယခု မရှိတော့သည့် အချိန်၌ ဖြစ်ပေါ်လာသည့် ခံစားချက်ကို သူ နေသားမကျသေးချေ။

ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရန် ကြိုးစားကြည့်သော်လည်း လုံး၀ စိတ်တည်ငြိမ်အောင် မထိန်းချုပ်နိုင်ပေ။ လင်းရီ ပြောကြားသွခဲ့သည့် စကားလုံးတို့မှာ သူ့နားထဲ၌ တဝဲလည်လည် ဖြစ်နေတော့၏။

မသက်သာသည့် အဆုံး ကွန်ပျူတာကို ပိတ်ပစ်ကာ ခေါင်းရှင်းစေရန် စီးကရက်တစ်လိပ်လောက် ခဲလိုက်သည်။

ထို့နောက် သူ၏ ကုတ်အင်္ကျီနှင့် ကားသော့ကိုယူကာ ရုံးခန်းထဲမှ ထွက်လာခဲ့ပြီး အိမ်သို့ မောင်းလာခဲ့လိုက်၏။

ရှန်းထျန်းကျိုး၏ နေအိမ်မှာ ဝါရှင်တန်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးရှိ သုံးထပ်ဗီလာတစ်ခု ဖြစ်သည်။ သို့သော်လည်း ဇိမ်ခံဗီလာဟူ၍တော့ပြော၍မရ။ အဘယ်ကြောင့်ဆိုသော် အနီးတစ်ဝိုက်ရှိ ဗီလာများကလည်း ထိုကဲ့သို့ ပုံစံများ ဖြစ်နေသောကြောင့်ပင်။

ဝါရှင်တန်ရှိ အိမ်အများစု၏ ပုံစံမှာ ယခုလို ပုံစံ ဖြစ်နေသည်ဟု ပြော၍ ရသည်။

ဟွာရှနှင့် မတူညီစွာ ယွမ်သန်းပေါင်းများစွာ တန်ကြေးရှိပါသော်လည်း ဗီလာမှာ လုံး၀ လူအထင်ကြီးစရာ မကောင်းချေ။

သူကားပါကင်ထိုးပြီး အိမ်တံခါး ဆွဲဖွင့်တော့မည့် အချိန်တွင် လင်းရီနှင့် သူ့ဇနီးတို့မှာ ခြံ၀န်းထဲ၌ ကော်ဖီသောက်နေသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။

"အိုး..ဒါရိုက်တာရှန်းတောင် ပြန်ရောက်လာပြီလား..."လင်းရီလည်း အံ့အားသင့်စွာ ကြည့်မိလိုက်သည်။

"မစ် ...မစ္စတာလင်း..ကျုပ်ဒီမှာနေတယ်ဆိုတာ ခင်များ ဘယ်လိုလုပ်သိတာ..ကျုပ်လည်း တစ်ခါမှ မပြောဖူးပါဘူး."

"အင်တာနက်ခေတ်ကြီးမှာ ဘာမဆို တစ်ချက်ရှာကြည့်လိုက်တာနဲ့ သိပြီလေ..."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒါရိုက်တာရှန်း ..ကျုပ်လည်း ပြန်တော့မယ်..‌အိုး ဟုတ်သား...ကျုပ်ပြောရဦးမယ်..မရီးကလည်း ဟွာရှကို ပြန်ချင်နေတာနဲ့ အတော်ပဲ..ကျုပ်သေချာလေး ဆွေးနွေးပြီးသွားပြီ..ဒီတော့ ဘာမှ မေးမနေနဲ့တော့ ..အထုပ်တွေသာ ကြိုပြင်ထားပြီးတော့ ပြောင်းဖို့ ရယ်ဒီလုပ်ထားလိုက်..."

ရှန်းထျန်းကျိုး :"????"

ငါက ဘာသွားပြောရတော့မှာလဲ...

ငြင်းဆန်ဖို့ နည်းလမ်းမရှိတော့ဘူးနဲ့တူတယ်...

လင်းရီ တက္ကစီနှင့် ထွက်သွားသည်ကိုမြင်တော့ ရှန်းထျန်းကျိုး သူ့မိန်းမထံသို့ လျှောက်သွားခဲ့သည်။

"သူက ဟွာရှကို ပြန်မယ့် အကြောင်းတွေ ပြောသွားတာလား..."

"ဒီတိုင်း သာမန်စကားဝိုင်းလေးပါဟယ်..ဘာမှ ထွေထူးကြီး မဟုတ်ပါဘူး.."မူရှုမင် အပြုံးလေးဖြင့် ပြောလိုက်၏။

"ဒါနဲ့ ရှင့်ရဲ့ လုပ်ဖော်ကိုင်ဖက်က အရမ်းစိတ်၀င်စားဖို့ကောင်းတာပဲနော် .သိူ့လုမျိုး စိတ်၀င်စားဖို့ကောင်းတဲ့ ပရိုဂရမ်မာမျိုး မမြင်ဖူးသေးဘူး..ဟွန့် ရှက်နဲ့တော့ကွာ‌ပါ့."

ရှန်းထျန်းကျိုး ရယ်မောလိုက်ပြီး "ပြောစမ်းပါဦး သူက ဘာတွေ ပြောသွားလို့ အဲ့လာက်တောင် သဘောကျနေရတာ..."

"ဒီတိုင်း အလ္လာဘ သလ္လာဘလေးတွေပါ.. ပြီးတော့ ဒီလို နိုင်ငံခြားမှာ မွေးရပ်မြေကလူနဲ့ ဆုံဖို့ဆိုတာက တကယ်မလွယ်ဘူးလေ....အဲ့လူငယ်လေးက စကားပြောလို့ အရမ်းကောင်းတာ....တစ်ချက်ကြည့်လိုက်တာနဲ့ ထက်မြက်တဲ့သူ....."

"နေ နေစမ်းပါဦး.."

ရှန်းထျန်းကျိုး ပြောပြီး "ဘာပြောလိုက်တယ်..ရှင်မက မွေးရပ်မြေကသူနဲ့ တွေ့လိုက်ရတယ် ဟုတ်လား..မိန်းမ မင်းက တုံးပေက မဟုတ်ဘူးလား..."

"ဟုတ်တယ်လေ.. ..မစ္စတာလင်းကလည်းတုံးပေသားပဲလေ.."

မူရှုမင်မှ ထူးဆန်းစွာကြည့်ရင်း ပြောလိုက်သည်။

"ဟွာရှကနေ ထွက်ခဲ့တာ နှစ်တွေ အတော်ကြာသွားတော့ တုံးပေရဲ့ ဒေသယိယ စကားတောင် မေ့တေ့တေ့ ဖြစ်လာပြီ..သူပြောတာ နားထောင်တာနဲ့တင် မွေးရပ်မြေကို ‌ပြန်ရောက်သွားရသလိုပဲ....."

"ဒါပေမယ့် ငါ့ပြောတာကျတော့ သူက ကျယ်ကျန်း စီရင်စုကတဲ့..."

မူရှုမင် :"????"

"ကျွန်မတို့တော့ အရူးလုပ်ခံရပြီ..."

"ဖြစ်နိုင်တယ်..."ရှန်းထျန်းကျိုး သူဖြစ်ပေါ်နေသည့် ခံသားချက်ကို ဖော်ပြရန် မည်သည့်စကားလုံး အသုံပြုရမလဲဆိုတာ စဉ်းစားရကြပ်နေလေသည်။

"ရှင်နဲ့ ရင်းနှီးဖို့ ဆိုပြီးတော့မှ မိုက်ခရိုတော့ဖ်ထိတောင် ရောက်ချလာတယ်ဆိုတော့ တော်ရုံလူတွေ စွမ်းသာတဲ့ ကိစ္စတော့ မဟုတ်ဘူးနော်."

မူရှုမင် ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်မ ရှင့်ရဲ့ အလုပ်ကိစ္စတွေကိုတော့ ၀င်မစွက်ဖက်ချက်ပါဘူး..ရှင်ဘာပဲလုပ်လုပ် ကျွန်မက နောက်ကနေ ပံ့ပိုးပေးဖို့ အသင့်ပဲ......"

ရှန်းထျန်းကျိုး ကူကယ်ရာမဲ့စွာဖြင့် ‌ပြုံးလိုက်သည်။ ယခု ဖြစ်စဉ်ကို သေချာဆက်စပ်တွေးခေါ်ကြည့်ပါက လင်းရီ သေချာပြင်ဆက်လာခဲ့ကြောင်း မြင်သာနေသည်။ အသေအချာကြီး ပြင်ဆင်လာခဲ့ကြောင်း

သူ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ဖို့ရာဖို့လည်း အင်မတန်မှ ခက်ခဲလှ၏။

"ကြည့်ရတာတော့ ငါ့မှာ ရွေးချယ်စရာ မရှိတော့တဲ့ပုံပဲ..."

"အဲ့တာဆို ကျွန်မရှင့်အတွက် အထုပ်သွားကူထည့်ထားပေးမယ်..."

စက္ကန့်အနည်းငယ်ခန့် တိတ်ဆတ်နေပြီးနောက် ရှန်းထျန်းကျိုးမှ "သွားထည့်လိုက်..."

မူရှုမင် ခေါင်းညိမ့်၍ အိမ်ထဲသို့ ၀င်သွားခဲ့၏။

ရှန်းချန်းကျိုးကတော့ နေရာမှာတင် ထိုင်နေရာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

လင်းရီ သွားခဲ့သည့် ဦးတည်ရာဘက်သို့ ရှေးရှုရင်း သူရုတ်တရက် ဖတ်ဖူးခဲ့သည့် စာတစ်ပိုဒ်ကို အမှတ်ရသွားခဲ့သည်။ အဝေးသို့ ထွက်သွားခဲ့သည့် လူငယ်လေးနှင့်လည်း အတော်လေး ကိုက်ညီနေလေသည်။

"လေတရူးရူး ၊ လှိုင်းတလှိမ့်လှိမ့် သမုဒ္ဒရာ တစ်ခွင်မှာ ထကြွသောင်းကျန်းနေတဲ့ ရေနဂါး နှင့် မြင့်မြတ်သောမီးတောက်တို့ဖြင့် တောက်လောင်နေတဲ့ ဖီးနစ်၊ မတူညီသည့် ခေတ်အဆက်ဆက်တို့ ပြောင်းလဲလာခဲ့သော်လည်း သူရဲကောင်း၏ ဘုန်းတန်းခိုးဩဇာတိက္ကမမှာ အသူရာနှင့် လစန္ဒာတို့၏ ရောင်ခြည်နှင့်အတူ အထက်နှင့် အောက်ဘုံတလွှားတွင် ပြိုင်ဘက်ကင်းစမြဲဖြစ်၏။"

All Chapters