အခန်း (၃၁၈)
Vol. 22 Ch. 318
"ဘာကြောက်စရာ ရှိလို့လဲဟ.."လင်းရီ မေးလိုက်၏။
"သူက ဟိုးးအမြင့်ကြီးထိ ရောက်ပြီးတော့မှ ဝှစ်ဆိုပြီး အောက်ပြန်လျှောကျလာတာလေ..အဲ့တာကြီးက အရမ်းကြောက်စရာကောင်းတယ် မဟုတ်ဘူးလား..."
"ငါလည်း လျှောက်စနေတာ.."လင်းရီ အလိုက်တသိဖြင့် ပြုံးလိုက်ပြီး "ဒီလိုဆိုလည်း ပန်းခြံထဲ လျှောက်သွားပြီးတော့ ပြန်ကြတာပေါ့..."
"အွန်း..အဲ့တာ အကောင်းဆုံးပဲ...""
သို့နှင့် နှစ်ယောက်အတူ လက်ချင်းတွဲကာ ရောင်စုံမီးများ ထိန်းလင်းနေသည့် ပန်းခြံတစ်ဝိုက်တွင် တခဏခန့် လျှောက်လည်ကြသည်။
လမ်းလျှောက်ရင်းနှင့် ကလေးများ ဆော့ကစားသည့် နေရာသို့ ရောက်လာခဲ့ပြီး ကလေးများ လျှောစီးနေကြသည်ကို တခဏခန့် ငေးကြည့်ရင်း အတိတ်ကို ပြန်ဆွေးတမ်းတ နေကြ၏။ ကျီချင်းရန်မှာ အတော်လေး စိတ်၀င်တစား ဖြစ်နေသည်ကို မြင်တော့
"မင်းဆော့ချင် သွားတော့လေ..ပိုက်ဆံ ပေးစရာမှာ မလိုတာ.."
"နင်ကကော...."
"ငါက ယောက်ကျားလေး..ဒီလို အရာမျိုးတွေ မကစားဘူး.."
"အဲ့တာဆို ငါလည်း မကစားဘူး.."
"မင်းက မိန်းကလေးလေ..ဘာရှက်စရာရှိလို့..."
"ဆော့နေတဲ့သူတွေ အားလုံးက ကလေး ပေါက်စနလေးတွေလေ..ပြီးတော့ ငါကျ အရွယ်ရောက်ပြီးတဲ့သူကြီး ဖြစ်နေပြီ..အဲ့တာတောင်မှ ကလေးတွေနဲ့ ရောပြီး ဆော့နေတယ်ဆိုတော့ ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်လဲ..."ကျီချင်းရန် တိုးတိုးလေး ပြောလိုက်ပြီး "သူများတွေ အဲ့လို လက်ညိုးထိုးပြောကြမှာကို မကြိုက်ဘူး..."
"ဘာမှ ရှက်စရာမလိုဘူး..ဒါက အမေရိကား..ကိုယ်ကြိုက်သလိုသာနေ..ဘယ်သူမှ မင်းကို မသိဘူး.."
"အဲ့လိုကြီးလည်း မဟုတ်သေးဘူးလေဟာ..."
"သွား သွား သွား.. ကိုယ့်ဘ၀နဲ့ကိုယ် ပျော်သလိုသာနေ..ပတ်၀န်းကျင်ပြောတာကို နားထောင်နေရင် ကိုယ့်ကိုယ်ကို ဘောင်ထဲ ထည့်ထားသလို ဖြစ်နေလိမ့်မယ်...."
လင်းရီ ကျီချင်းရန်ကို ငြင်းဆိုရန် အခွင့်အရေးမပေးဘဲ လျှောစီးသည့် နေရာသို့ တွန်းပို့လိုက်၏။
"ငါ...ငါ နည်းနည်းရှက်လို့..."လရောင်အောက်တွင် ကျီချင်းရန်မှာ ရှက်ရွံ့စွာဖြင့် နေရခက်သည့်ပုံပေါက်နေပြီး "ဒါမှမဟုတ် နင်က.. စတေးခံပြီးတော့ ငါနဲ့ အတူ အဖော်လိုက်လုပ်ပေးပါလား...အဲ့တာဆို သူများတွေလည်း ငါ့ကို မပြောတော့ဘူးလေ..နင့်ကိုပဲ ပြောကြတော့မှာ.."
"ချင်းရန်..မင်းက တကယ့်ကို အသင်းသားကောင်းပဲ..မင်းကို မှန်မယ့် ကျည်ဆံတွေကို ငါ့ အစား၀င်ခံခိုင်းတယ်ပေါ့လေ..လုပ်ရက်လိုက်ပါဘိ.."
"ခစ်ခစ်..."ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်ပြီး "ငါနဲ့ ခဏလောက်ပဲ လိုက်ကစားပေးပါလို့..နော်လို့နော်..."
"မရဘူး...သွားချင်ရင် ကိုယ့်ဘာကိုယ်သွားဆော့ချည်."လင်းရီ ယတိပြတ် ပြောလိုက်ပြီး "ဒီတိုင်း လျှောစီးတာလေးများကိုကွာ..ဘာတွေများ ရှက်စရာရှိလို့...လာ ငါလိုက်ပို့ပေးမယ်..."
"မတွန်းနဲ့...ငါက လူမသိသူမသိ သွားမှာ...တော်ကြာ နင်လုပ်တော့မှဖြင့် လူတွေ သတိထားမိကုန်ဦးမယ်..."
သို့နှင့် ကျီချင်းရန် ည၏ အမှောင်ရိပ်ကို အမှီသဟဲပြုကာ လျှောစီးသည့် နေရာနားသို့ ကြောင်မလေးတစ်ကောင် တိတ်တဆိတ် ချဉ်းကပ်လာသည့် ပုံစံလေးဖြင့် ရောက်ချလာခဲ့သည်။
မနီးမဝေးတွင်တော့ သဲပုံကြီးတစ်ပုံရှိပြီး ကလေးများမှာ ထိုနေရာတွင် သဲဖြင့် ဆော့ကစားနေကြ၏။ ကျီချင်းရန် ထိုကလေးပေါက်စနများကို မနှောင့်ယှက်မိစေရန် လျှောပေါ်သို့ တိတ်တိတ်လေး တက်လိုက်၏။ ထို့နောက် လင်းရီကို ဖုန်းကြည့်ရန် လက်ဟန်လုပ်ပြလိုက်သည်။
လင်းရီဖုန်း တစ်ချက်ကြည့်လိုက်သောအခါ ကျီချင်းရန်မှ ဝီချက်ခ်တွင် စာတစ်စောင် ပို့ထားကြောင်း မြင်တွေ့လိုက်ရ၏။
ကျီချင်းရန် : နင်ငါ့ကို ပုံလှလှလေး တစ်ပုံလောက် ရိုက်ထားပေးပါလား...
လင်းရီ : အမ်...ဓာတ်ပုံက ရိုက်ပေးရဦးမှာလားဟ..
လင်းရီ စောဒကတက်လိုက်သော်လည်း စာရိုက်ပြီးတော့ မပို့လိုက်ချေ။ သူ၏ဖုန်းကို ထုတ်ပြီး ကျီချင်းရန်ဘက်သို့ ကင်မရာ ချိန်လိုက်၏။
ရုတ်ချည်းဆိုသလို လင်းရီ ကင်မရာမှာ အမျိုးသမီးများအတွက်သာ အသူံး၀င်သည်ဟု ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် အမျိုးသားများမှာ ကင်မရာကို QR Code စကန်ဖတ်ဖို့ရာလောက်သာ အသုံးပြုကြခြင်းကြောင့်ပင်။
လျှောပေါ်တွင်တော့ ကျီချင်းရန် သူမစကတ်ကို သေချာလေး ကိုင်ထားပြီး အောက်သို့ လျှောဆင်းလာခဲ့၏။ သူမ၏ လှပသော မျက်လုံးများမှာ ဆန်းသစ်စ လခြမ်းကဲ့သို့ ဖြစ်သွားပြီး အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ကင်မရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။
မြေပြင်ပေါ်သို့ ရောက်လာခဲ့သည့် အချိန်တွင်တော့ ကျီချင်းရန်မှ ထွက်သွားဟန် ပြင်လိုက်၏။ သိူ့သော်လည်း သဲဆော့ကစားနေသည့် ကစားပေါက်စနလေးတစ်ဦးမှာ ကျီချင်းရန်ကို မြင်သွားခဲ့ပြီး ဆော့လက်စ သဲများကို ပစ်ထားကာ ကျီချင်းရန်ထံသို့ အပြေးကလေး ရောက်လာခဲ့ပြီး
"ဟယ်လို..မမကြီး သားသားလည်း အတူဆော့လို့ ရမလားဂျ..."
ရွှေရောင်ဆံပင်ပိုင်ရှင် ကလေးလေးတစ်ဦးမှ ပြောလိုက်၏။
" မမကြီးက လျှောကို ယူသွားပစ်မှာ မကြောက်ဘူးလား..."
"ကြောက်ပါဘူး.. ချောစီးတာက အရမ်း အန္တရယ်များတယ်..သားကာကွယ်ပေးမယ်..သားက မမကြီးတွက်ချို ချူပါမန်းယေ..."
ကျီချင်းရန် ပြုံးလိုက်ပြီး "အဲ့တာဆိုလည်းလာ..အတူတူစီးကြမယ်..."
အစကတည်းက မတင်းတိမ်သေးသည့် ကျီချင်းရန်မှာ သူမအား အဖော်လာစပ်နေသည့် ကလေးနှင့်လည်း ဆုံတော့ နှစ်ခါမတွေးပဲ သဘောတူလိုက်၏။
ထိုအချိန်တွင် အခြားကလေးများလည်း ရောက်လာကြပြီး ကျီချင်းရန်ရှေ့၌ ရပ်တန့်လိုက်ကြကာ တလက်လက်တောက်ပနေသည့် မျက်၀န်းတိူ့ဖြင့် ကြည့်နေကြသည်။ သူတို့လည်း ကျီချင်းရန်နှင့် အတူ ကစားချင်နေသည့်ပုံပင်။
ကျီချင်းရန်ကလည်း တစ်ယောက်ကိုမျှ ငြင်းဆိုခြင်းမပြု။ အားလူံးနှင့်အတူ ကစားပေးရန် သဘောတူလိုက်လေသည်။ အဝေးမှကြည့်မည်ဆိုပါက KG ဆရာမ တစ်ဦးမှ ကလေးများအား ထိန်းကျောင်းနေသည်နှင့်တောင် ဆင်တူနေပေဦးမည်။
"ကဲ ကဲ ဆော့မနေနဲ့တော့..ခု ဘယ်ချိန်ရှိပြီလဲဆိုတာ တစ်ချက်ကြည့်လိုက်ဦး ..ပြန်ကြမယ်..."
အချိန်ကောင်းလေးရှိနေသည့် ကျီချင်းရန်မှာ လင်းရီ၏ လေသံကို ကြားတော့ "ဘာလို့လဲ..စိတ်ဆိုးနေတာလား.."
"မင်း...သူတို့နဲ့ မဆော့ရဘူး..."လင်းရီ လျှောအစွန်း၌ ထိုင်နေသည့် ကောင်ပေါက်စနလေးကို လက်ညိုးညွှန်လိုက်ပြီး "အဲ့သောက်ကလေးက ငယ်ငယ်လေးရှိသေးတယ် ဖွန်က ကြောင်တတ်နေပြီ..သေချာပေါက် ကောင်းတဲ့ကောင်မဟုတ်ဘူး...ကြီးလာရင် မကောင်းတဲ့ကောင် ဖြစ်မှာ..."
"အမ်...."
ကျီချင်းရန် မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောမိသွားပြီး "သူကဖြင့် ခုမှ လေးငါးနှစ်ပဲ ရှိသေးတာကို..နင်က ဘာလို့ အဲ့လာက်ထိ အသည်းအသန်တွေ ဖြစ်နေတာ..."
"မကောင်းတဲ့ကောင်တွေ ဆိုတာက ငယ်ကတည်းကနေ သန္ဓေပါလာပြီးသားကွ..."
"အဲ့တော့ ကျွန်မက အရမ်းပဲ ဆွဲဆောင်မှုရှိပါတယ်ဆိုတာ သက်သေပြပြီးသား မဖြစ်သွားဘူးလား.."ကျီချင်းရန် လင်းရီလက်မောင်းကို ဖက်ပြီး ပခုံးပေါ်၌ ခေါင်းလေးမှီ၍ ပြောလိုက်ပြီး"သွားစို့..နင်က မဆော့နဲ့ဆိုလည်း မဆော့တော့ဘူးပေါ့..ပြန်မယ်.."
"ဒီလိုမှပေါ့.."လင်းရီ သူမဆံပင်များကို အသာအယာ ဖွပေးလိုက်၏။
ဟိုတယ်သို့ ပြန်ရောက်လာပြီးနောက် နှစ်ယောက်သား အခန်းကိုယ်စီသို့ ပြန်၍ အနားယူလိုက်ကြသည်။ နောက်တစ်နေ့ နံနက်တွင်တော့ လေယာဉ်စီးကာ ဟွာရှသို့ ပြန်လာခဲ့လိုက်၏။
သူတိူ့ လေယာဉ်ဆင်းသည့် အချိန်တွင်တော့ ဟွာရှတွင် နေ့ခင်းအချိန်ဖြစ်နေပြီး ကျီချင်းရန်ကို အိမ်သို့လိုက်ပို့ပြီးနောက် လင်းရီ လုံရှင်းသုတေသနစင်တာသို့ ဦးတည်လိုက်သည်။
"ဘော့စ်...ဘာညွှန်ကြားစရာ အသစ်ရှိလို့ပါလဲခင်ဗျ..."စွန်းဖုယွီမှ ရုံးခန်းထဲတွင် မေးလိုက်သည်။
"ဘာမှ ထွေထူးကြီးတော့ မဟုတ်ပါဘူးကွာ.."လင်းရီ ပြောလိုက်ပြီး "ငါခု ရှန်းထျန်းကျိုး ကိစ္စကို ကိုင်တွယ်ပြီးသွားပြီ..သူရက်အနည်းငယ်လောက်နေရင် ဒီရောက်လာလိမ့်မယ်..."
"ဗျာ...အတည်ကြီးလားဘော့စ်..."
"ဒါပေါ့ဟ..ငါဒီရက်ပိုင်းတွေ ဘာလုပ်နေတယ်လို့ မင်းထင်လဲ..."
"မာဆတ် ရောက်နေတာမဟုတ်လား..."
စွန်းဖုယွီနှင့် ဟော်ယွမ်ယွမ်တို့မှ တစ်ချိန်တည်း တစ်လေသံတည်း ထွက်လာခဲ့ကြသည်။
"ငါလခွမ်းတဲ့မှ...ငါက မာဆတ် သွားရတာ အဲ့လောက် ကြိက်တယ်များ ထင်နေတာလားဟ..မင်းတို့ ဘော့စ်တစ်ယောက်ကို လေးစားသမှုလေးနဲ့ ကောင်းတာလေးတွေ ပြောပေးလို့မရဘူးလား..."လင်းရီ ပြောလိုက်ပြီး "တကယ်တော့ ငါ အဲ့ကိုသွားတယ်ဆိုတာ အလကား သွားတာမဟုတ်ဘူး..နေမကောင်းတဲ့ မိဘကို ရှာဖွေကျွေးမွေးနေတဲ့ကောင်မလေးတွေကို သွားထောက်ပံ့တာ...."
"သဘောကောင်းလိုက်တာဘော့စ်ရယ်..."စွန်းဖုယွီ ပြောလိုက်ပြီး "ဘော့စ်ထောက်ပံ့ပေးနေလို့လဲ Durexရဲ့ ရောင်းအားက အကောင်းဆုံး ဖြစ်နေတာနေမှာ..."
"ငိုးပဲ...တခြားအကြောင်းပြောကြမယ်.."
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး "ငါမင်းတို့ကို ပေးထားတဲ့ အဆောက်အဦးက မွမ်းမံတာ အခြေနေဘယ်လိုလဲ..."
"ပြီးလုပြီးခင်လို့တောင် ဆိုလို့ရပြီ..စက်ပစ္စည်းအကြီးစားကြီးတွေကတော့ အထဲကို ရွေ့ပြီးသွားပြီ..ပြီးတော့ ကျန်တဲ့ ပစ္စည်းတွေကလည်း ရွေ့နေတုန်းပဲ...မကြာခင်မှာ ကျွန်မတို့တွေ သုတေသနလုပ်ငန်းတွေ စလို့ရတော့မှာ...."
လုရင်း လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး "ဘော့စ်...ကျွန်မတို့ရဲ့ စင်တာ အသစ်ကိုကော လုံရှင်းလို့ပဲ နာမည်ပေးမှာလား..."
"Cisco ကို မဆချမှုန်းရသေးခင် ဘာနာမည် မပေးသေးဘူး..မဟုတ်ရင် အလကား ပြဿနာတွေ ရှုပ်ကုန်မယ်..."လင်းရီ ပြောလိုက်ပြီး "ရှန်းထျန်းကျိုးကလည်း ဘယ်ချိန်ပြန်လာမလဲဆိုတာတော့ ငါလည်း အတိအကျ မသိသေးဘူး..ဒါပေမယ့် မင်းတို့ နှစ်ယောက်က စင်တာရဲ့ ဥက္ကဌတွေပဲ...ပြီးတော့ လူတွေ အများကြီး ရှိမှာလည်း မဟုတ်ဘူးဆိုတော့ ဘယပြဿနာမှ မရှိလောက်ဘူးမလား..."
"အမ်... သဘောက နောက်ထပ် လူတွေ ရောက်လာဦးမှာပေါ့..."
"ဟုတ်တယ်...ရှန်းထျန်းကျိုးအပြင်ကို သူ့ရဲ့ အသင်းကလည်း ငါတို့နဲ့ ပူးပေါင်းလာမှာ..."
"ဘာ...သူ့ရဲ့ အသင်းကော."
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မေးရိုးများ ကြမ်းပြင်သိူ့တိုင်အောင် ပြုတ်ကျလောက်သည်အထိ အံ့အားသင့်သွားကြသည်။
"အင်း...ခေါ်မယ့်ခေါ်တော့ အားလုံးတစ်ခါတည်း ခေါ်ခဲ့လိုက်တာက ပိုမကောင်းဘူးလား..."
နှစ်ယောက်သားတစ်ဖန် အကြည့်ချင်း ဖလှယ်မိလိုက်ကြပြန်သည်။ အံ့အားသင့်လွန်း၍ ဆွံအသလိုတောင် ဖြစ်နေခဲ့ကြ၏။
သူတို့ နှစ်ယောက် မိုက်ခရိုဆော့ဖ်ကို သွားပြီး ခခယယနဲ့ သွားရှာတာတောင်မှ တစ်ဖက်က တွေ့ခွင့်မပေးဘူး..ဘော့စ်ကျတော့ သူ့ကို ခေါ်ခဲ့ရုံတင် မကသေးဘူး..သူ့အသင်းကိုလည်း ပါဆယ် ဆွဲလာသေးတယ်တဲ့လား....
ဒါကြီးက...သောက်ရမ်း အံ့ဩဖို့ကောင်းတယ်ကွာ...
"ဘော့စ်က ဘယ်လိုလုပ်လိုက်တာ...ကျုပ်တို့ဆို တွေ့ဖို့ အခွင့်ရေးလေးတောင်မှ မရခဲ့တာကို ဘော့စ်ကျတော့ သူ့ကို အသာယာလေး ခေါ်လာနိုင်ခဲ့တယ်ဆိုတော့...."
"သူက အမျိုးသမီးတွေကို မကြိုက်တာလား..."စွန်းဖုယွီမှ ထူးဆန်းသလိုကြည့်၍ မေးလိုက်၏။
"ငိုးပဲလေ ..."လင်းရီ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး "ငါက မိုက်ခရိုဆော့ဖ်မှာ အမှုဆောင် ဒုဥက္ကဌ ၀င်လုပ်ပြီးတော့မှ သူနဲ့အတူ ရင်းနှီးအောင် အရင်လုပ်ခဲ့တာ....ပြီးမှ တဖြည်းဖြည်း ရင်းနှီးမှုတွေ တည်ဆောက်ပြီးတော့ ခေါ်နိုင်ခဲ့တာ.."
ဟစ်....
"ဘော့သ်က မိုက်ခရိုဆော့ဖ်မှာ အလုပ်လုပ်ခဲ့တယ်..."
"အေးလေ.."လင်းရီ ပြောလိုက်ပြီး "သူ့လိုမျိုး ဆရာကြီးကို လွယ်လွယ်တွေ့လို့ရမယ်များ မှတ်နေလားကွ.... မှတ်ထား..သွယ်ဝိုက်ချဉ်းကပ်ရတယ်...သာမန်နည်းလမ်းတွေ အလုပ်မဖြစ်ရင် ဖြတ်ထိုးဉာဏ်လေး ဘာလေးလဲ သုံးကြဦး..."
နှစ်ယောက်လူံး ပြိုင်တူ လက်မ ထောင်ပြလိုက်ကြသည်။
လင်းရီကို လုံး၀ အထင်ကြီးသွားခဲ့ကြ၏။
ဂျီးနီးယပ်စ်..လုံး၀ကို ဂျီးနီးယပ်စ်ပဲ...
"ဒီလာခဲ့တာလည်း အဲ့အကြောင်း ပြောပြဖို့ပဲ.. "လင်းရီ ပြောလိုက်ပြီး "ဒါရိုက်တာရှန်းက လုံရှင်း သုတေသနစင်တာရဲ့ ဒါရိုက်တာရာထူးကို တာ၀န်ယူလိမ့်မယ်...မင်းတို့ နှစ်ယောက်ကတော့ လက်ထောက်ဒါရိုက်တာတွေပေါ့...ဒါပေမယ့် လုံရှင်းက မင်းတို့အပိုင် ဖြစ်နေဦးမှာပါပဲ...နှစ်ဖက်လုံးက တစ်ခုက်ုတစ်ခု အမှီသဟဲ ပြုနေရမှာ..."
"ကျွန်မကတော့ အဲ့တာတွေ စိတ်မ၀င်စားဘူး..ပရောဂျက် အောင်မြင်နိုင်မယ်ဆိုလို့ကတော့ ဘာပဲဖြစ်ဖြစ်လုပ်မှာပဲ..."လုရင်း ပြောလိုက်၏။
"ကျုပ်ကောပဲ...ကျုပ်ကတော့ ဂိတ်စောင့်လုပ်ရလည်း ဖြစ်တယ်..."စွန်းဖုယွီမှ ရင်ဘက်ကြီးပုတ်၍ ပြောလိုက်သည်။
"ပြောမှပဲ အသစ်ဆောက်ထားတဲ့ စင်တာအသစ်မှာ အစောင့်လိုနေတာနဲ့ အတော်ပဲ...မင်းလုပ်မလား..."
စွန်းဖုယွီ ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး "ကျတော်ကစကားအဖြစ်ပြောတာလေဗျာ..ဘော့သ်ကလည်း ဘာလို့ အတည်ကြီးတွေ မှတ်နေတာ..."
"ငိုးပဲ..မင်းမှာ အပြင်းအထန် အားထုတ်လိုစိတ်ကို မရျိဘူး..."လင်းရီ ပြောလိုက်ပြီး "ဟော့ကင်းကို ကြည့်စမ်း....သူဆို မသန်စွမ်းဘူး..ဒါပေမယ့် နှိုင်းဆမမှီတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ရှိတယ်...မင်းကျတော့ စင်တာရဲ့ အစောင့်လုပ်ပေးရမှတောင် မလုပ်ချင်ဘူးတဲ့လား..."
"အာ...ဘော့စ်ကလည်း ကျုပ်တို့နှစ်ယောက်က မတူဘူးလေဗျာ..ကျုပ်ခြေထောက်တွေက အကောင်းကြီး ရှိသေးတယ်..."
"မင်းခြေထောက်တွေက ကောင်းသေးတယ်ပေါ့ ဟုတ်စ..."လင်းရီ ပြောလိုက်ပြီး "အကောင်းကြီးဆို လေးငါးလှမ်းလောက် လျှောက်ပြစမ်းကွာ.."
"ဘော့စ်က ကျုပ်ကို ခြေတစ်ပေါင်ကျိုးဖြစ်အောင် တော့မလုပ်ပါနဲ့ဗျာ..ကျုပ်က အလကား လျှောက်ပြောနေတာပါ..."
"ဘယ်နားကသာ..ငါဟိုးနားလေးမှာ ကြမ်းတိုက်တဲ့ တုတ်တွေ့ထားတယ်..စတီးစစ်စစ်နဲ့ပဲ..လိုချင်ရင် အဲ့တာသုံးလေ..လမ်းလျှောက်ရတာ အဆင်ပြေလောက်ရောပေါ့..."
စွန်းဖုယွီ:"...."
ကလင် ကလင် ကလင်
တစ်ချိန်တည်းတွင် လင်းရီ ဖုန်းသံ မြည်လာခဲ့ပြီး ချောင်ရှန့်ယွီမှ ဖုန်းဆက်လာခဲ့ခြင်းပင်။
"ဒီငနဲက ဇွဲတော့ အတော်လေးကောင်းသားပဲ..."
"ညီကိုလင်း ဘယ်ချိန်လောက် ပြန်ရောက်မှာ..ကျုပ်က ဒီမှာ စောင့်နေတာ အတော်လေး ကြာနေပြီနော..."
"ကျုပ်က ပြန်တောင် ရောက်နေပြီ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"အဲ့လိုဆို အိုကေတာပေါ့...ညနေငါးနာရီ မင်းဆက်ဟိုတယ်မှာ ဆုံကြမယ်..မြင်းလေးတွေက ညီကိုလင်းအတွက် ရယ်ဒီပဲ...
လုရင်း :"????
မြင်းလေးတွေ...?