← Chapters

အခန်း (၃၁၉)

Vol. 22 Ch. 319

အခန်း (၃၁၉)

Vol. 22 Ch. 319

ငါ-ိုးတဲ့မှ...

လင်းရီ လုရင်းမှသူ့ကို ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်နေကြောင်း သတိထားမိသွားခဲ့သည်။

"တကယ့်လို့ ငါစီးမဲ့မြင်းက ခြေထောက်လေးချောင်းနဲ့ အမြီးပါတဲ့ မြင်းအစစ်လို့ ပြောရင် မင်းယုံမှာလား..." လင်းရီ ဖုန်းချပြီးနောက် လုရင်းကို မေးလိုက်၏။

"ယုံပါတယ်.."လုရင်း ခေါင်းညိမ့်လိုက်ပြီး "ဘော့စ်..ရှင်ဘာပြောပြော ကျွန်မက ယုံပြီးသား..ဘာမှရှင်းပြနေစရာ မလိုဘူး..."

လင်းရီ :"...."

ငါးနာရီထိုးတော့မည်ကိုတွေ့တော့ လင်းရီ ထရပ်လိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

လုရင်းတို့ကိုတော့ ဆက်ရှင်းပြနေလည်း မည်သို့မျှ ယုံကြည်မည်မဟုတ်သောကြောင့် လွှတ်ထားလိုက်တော့၏။

လုရင်းတို့ကို မပြောနှင့်။ လင်းရီပင်လျှင် ချောင်ရှန့်ယွီ၏ စရိုက်နှင့်ဆိုပါက မိန်းကလေး လေးငါးယောက်ခန့် မခေါ်လာခဲ့ဟု မယုံကြည်ချေ။

ညနေ ငါးနာရီထိုးသည့် အချိန်တွင်တော့ မင်းဆက် ဟိုတယ်ထံသို့ ကားဖြင့် မောင်းသွားလိုက်သည်။

ချောင်ရှန့်ယွီ၏ ကားမှာ ပါကင်ထိုးထားပြီး နံပါတ်ကို မှတ်မိနေသောကြောင့် လင်းရီ မြင်မြင်ချင်း သတိထားမိသွား၏။

အခန်း ၆၀၈ သို့ ရောက်လာသည့် အချိန်တွင်တော့ လူအယောက်၂၀ ခန့် ထိုင်ဆံ့သည့် စားပွဲအရှည်ကြီး တစ်လုံးကို ၀င်၀င်ချင်း မြင်တွေ့လိုက်ရသည်။

သို့သော်လည်း ချောင်ရှန့်ယွီနှင့် သူ၏ အတွင်းရေးမှူးမလေးကသာလျှင် ထိုစားပွဲ၌ အခန့်သား ထိုင်လျက်စောင့်နေလေသည်။

"ရို..ခင်များက အလုပ်သမားခေါင်းဆောင် မစ္စတာလင်းပဲ ဖြစ်ရမယ်...."

လင်းရီကို မြင်တော့ ချောင်ရှန့်ယွီ မတ်တပ်ရပ်ပြီး ယဉ်ကျေးစွာ ကြိုဆိုလိုက်၏။

သူလင်းရီကို အမည်တပ်သည့် အချိန်၌ အခေါ်အဝေါ် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

ယခင်ကလို ညီကိုဟု မသုံးတော့ပဲ အလုပ်သမားခေါင်းတောင်ဟု ခေါ်တွင်နေလေသည်။

လင်းရီ ပြုံးမိသည်။

ငိုးပဲ...ဒီကောင်လည်း ရုပ်တည်ကြီးနဲ့ လိမ်တဲ့နေရာမှာ ဆရာတစ်ဆူပဲဟ..

သူနှင့် အပြင်မှာ တစ်ခါမျှ မဆုံဖူးသည်ကိုတောင်မှ ဖုန်းထဲတွင် တညီကိုတည်း ညီကိုနေခဲ့သည်။

ဟမ့်..သောက်ရေးမပါတာတွေ...

"ညီကိုချောင်..ကျုပ်လည်း ခင်များအကြောင်းတွေ ကြားဖူးနေတာ ကြာပါပြီ.."လင်းရီ ပြုံး၍ ယဉ်ကျေးစွာ ဆိုလိုက်ပြီး "ဒါပေမယ့် အလုပ်သမားခေါင်းဆောင်ဆိုတာက ဘာအဓိပ္ပာယ်ကြီးတုန်း..."

ချောင်ရှန့်ယွီနှင့် သူ၏ အတွင်းရေးမှူးမလေးတို့မှာ ကြက်သေသေသွားခဲ့၏။

ဒီကောင်က အတော်လေး ကတ်သီးကတ်ဖဲ့ပြောတာပဲကွ..အဓိပ္ပာယ်က ရှင်းနေတာကို လာမေးနေသေးတယ်..

"ဒီတိုင်း နာမည်ပြောင်လေးပါ.."ချောင်ရှန့်ယွီ ရယ်မောလိုက်ပြီး "ညီကိုလင်းက Sci-tech ရဲ့ ဒါရိုက်တာမလား...အလုပ်သမားခေါင်းဆောင်ဆိုတာကလည်း အင်ဂျင်နီ‌ယာခေါင်းဆိုတဲ့ သဘောမျိုးပါ..."

"အိုး...အဲ့လိုလား..."လင်းရီ သဘောပေါက်သွားဟန်ဖြင့် "ကျုပ် အင်ဂျင်နီယာ ဆိုတဲ့ စကားလုံးလေးကိုကြိုက်တယ်..နားထောင်ရတာ အတော်လေး ကိန်းကြီးခန်းကြီး နိုင်သလိုပဲ .."

"အာဟား..."ချောင်ရှန့်ယွီ ကိုးရို့ကားယား ပြုံးလိုက်ပြီး

နားထောင်ကောင်းတော့ကော ဘာသုံးစားလို့ ရလို့လဲ...

"လာပါ ကြွပါ..ထိုင်ပါဦး ညီကိုလင်း.."

ချောင်ရှန့်ယွီ လင်းရီကို ဖိတ်မန္တက ပြုလိုက်ပြီးနောက် ဟင်းများ စတင်မှာကြားခိုင်းလိုက်သည်။

"ခေါင်းဆောင်လင်း.ခင်များ စားချင်တာသာ မှာဗျာ..ဘာမှ အားနာနေစရာ မလိုဘူး..."

"အဲ့လိုဆို အားမနာတော့ဘူးနော်..ကျုပ်လည်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဩစတေးလျ စတိတ်ခ် သုံးပွဲ၊ ခေါင်းသုံးလုံးခရုက လေးကောင်၊ ဘလူးဖင်းတူနာဆာရှိမိကတစ်ပွဲ၊ မိချောင်းအမြီးစွပ်ပြုတ်လေးကောပဲ၊ အဝါရောင် ပန်းရိုင်းပွင့်၊ ငါးဥဆားနယ်၊ ပြီးတော့....."

"အဟမ်း...ခေါင်းဆောင်လင်း...ကျုပ်တို့ရှိတာက လူ သုံးယောက်တည်းလေ..ဘာလို့ အဲ့လောက် အများကြီးတွေ မှာနေတာ..."

လင်းရီ အော်ဒါတစ်သီတစ်တန်းကြီး ရွတ်ပြသွားသည်ကိုကြားဆော့ ချောင်ရှန့်ယွီ နှလုံးသားမှ သွေးများ ယိုစီးကျလာတော့သည်။

ဒီဟင်းပွဲတွေက သေချာပေါက် ဈေးမပေါဘူး..တစ်ပွဲ တစ်ပွဲကို သောင်းနဲ့ ချီလောက်တယ်..

"ညီကိုချောင်..ကျုပ်တို့က တစ်ခရီးသွားတွေလေ..ဘာလို့ ခေါင်းဆောင်လို့ လာခေါ်နေတာလဲဗျ..သူစိမ်းဆန်လွန်းပါတယ်..ညီကိုလင်းဆို ရပါပြီ .."လင်းရီ ရယ်မောရင်း ပြောလိုက်၏။

"ညီကိုချောင်က တကယ့်ကို ဧည့်၀တ်ကျေပွန်တဲ့လူပဲ..ပြီးတော့ ကျုပ်မှာထားတဲ့ အော်ဒါက နည်းတယ်လို့ ထင်နေတာမလား..မပူနဲ့ ကျုပ်က သဘောကောင်းတဲ့လူပါဗျ..စိတ်ထဲ သိမ်းမထားတတ်ဘူး..."

"အာ...ကျုပ်တို့က ညီကိုတွေပဲကို..ရပါတယ်ဗျ ရပါတယ်..."

ချောင်ရှန့်ယွီ၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားခဲ့ပြီး စိတ်ထဲတွင်တော့ အကြီးအကျယ် ကျိန်ဆဲနေလေသည်။

"ဒါပေမယ့် ကျုပ်က ဒီကနေ့ စားချက်စိတ်သိပ်မရှိဘူးဖြစ်နေတယ်..ဒီတော့ အများကြီး စားနိုင်မှာ မဟုတ်လောက်ဘူး..."

"အဲ့လိုလား...."လင်းရီ ရယ်မောလိုက်ပြီး "အဲ့တာဆိုလည်း ကျုပ်ဒီလောက်ပဲ မှာလိုက်တော့မယ်လေ..."

"အာ..အဲ့သဘောမျိုး မဟုတ်ဘူးလေ."ချောင်ရှန့်ယွီ ယဉ်ကျေးစွာ ပြောလိုက်ပြီး "ကျုပ် စားချငါစိတ် သိပ်မရှိဘူး‌ဆိုပေမယ့် ညီကိုလင်းကသာ စားချက်လို့ကတော့ မှာသာမှာ ဘာမှ ထည့်တွက်မနေနဲ့..."

"အဲ့လို ပြောနေမှတော့ ကျုပ်က ဘယ်လိုမှာရတော့မှာ."

"အဆင်ပြေပါတယ်..."

"ညီကိုချောင်က တအားတိုက်တွန်းနေမှတော့ ကျုပ်အားနာပါးနာနဲ့ နည်းနည်းလောက် ထပ်မှာလိုက်မယ်ဗျာ..."

"ဖူး...."

ချောင်ရှန့်ယွီ သွေးအန်လုနီးနီး ဖြစ်သွားခဲ့သည်။

'ငါက စကားအဖြစ် ပြောတာလေကွာ.ဒီလောက်လေးတောင် အလိုက်မသိဘူးလားဟ..'

လင်းရီ မီနူးကို ဆက်လက် လှန်လောလိုက်ပြီး "အေးမြသော အသီးရွက်သုပ်ဆိုတာက ဘာကြီးလဲ..."

"ဟုတ်....အဲ့တာက သခွားသီးက အဓိကပါ၀င်တဲ့ အသုတ်ဟင်းပွဲ တစ်မျိုးပါဗျ"

ချောင်ရှန့်ယွီ တစ်ချက် စပ်စုကြည့်လိုက်သောအခါ ထိုဟင်းပွဲမှာ ၆၈ ယွမ်မျှသာ သာကျသင့်ကြောင်း တွေ့လိုက်ရ၏။ သူ၏ စီးကရက် တစ်ဘူးစာပင် မရှိချေ။ ထို့ကြောင့် သူ ထည့်တွက်မနေရန် ဆုံးဖြတ်လိုက်သည်။

"အဲ့တာဆို ဒီ ဟင်းပွဲကလွဲရင် ကျန်တာ အကုန်ချကွာ..."

ချောင်ရှန့်ယွီ အံ့အားသင့်သွား၏။

ငိုးပဲဟျောင့်..မင်းလာနောက်နေတာလား..

"ဆာ...ယူမှာ သေချာရဲ့လားဗျ..."

"အမှန်ဆို ငါလည်း အဲ့လောက်အများကြီး မစားနိုင်ဘူး..ဒါပေမယ့် ဒီလောက်မှ မမှာပေးရင် ညီကိုချောင်ကို မျက်နှာဖြတ်ရိုက်သလို ဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား...သေချာလားဆိုတာက ဘာအဓိပ္ပာယ်လဲ..ညီကိုချောင်ကို အထင်သေးတာလား..."

"မ..မဟုတ်ပါဘူးခင်ဗျ...ကျွန်တော်တို့ လာချပေးပါ့မယ်..."

"ပြီးသာပဲ..ဒါနဲ့ နောက်ထပ် Chateau Latour ပြင်သစ်ဝိုင် တစ်ပုလင်းကောချကွာ..."

"ကောင်းပါပြီဗျ..ခဏလေးစောင့်ဆိုင်းပေးပါခင်ဗျ..."

စားပွဲထိုး ထွက်သွားပြီနောက် လင်းရီမှ"ဒီဆိုင်က ၀န်ဆောင်မှုက အတော်လေးကို မကောင်းတာ ..သူတို့က ညီကိုချောင်ကိုတောင်မှ နိမ့်ချပြီး ကြည့်ရဲတယ်...တကယ်လို့ ကျုပ်သာပိုင်ရှင်ဆိုလို့ကတော့ အဲ့လိုကောင်မျိုးတွေကို အလုပ်ဖြုတ်ပစ်တာ ကြာပေါ့..."

"ညီကိုလင်းက‌လည်း စိတ်လျှော့ပါဦး..ကျုပ်တို့ စီးပွားရေးကိစ္စ ဆွေးနွေးရဦးမယ်လေ..."

" စားရင်း ပြောကြတာပေါ့..."

မကြာမီ ဟင်းပွဲနှစ်ဆယ်ကျော်တို့မှာ တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာပြီး လင်းရီလည်း အားနာပါးနာ လုပ်မနေပဲ ဝိုင်နီကိုဖွင့်ကာ အားရပါးရ လွေးတော့သည်။

"ညီကိုလင်း..ကျုပ်မှာတစ်ခုလောက် ဆွေးနွေးစရာရှိတယ်..ခု ပြောကြတော့မလား"

"အေးဆေးပေါ့ညီကိုချောင်ရ..အစာအိမ်အရင်ဖြည့်ကြမယ်လေ...ဒါမှ စကားလေးက ပြောလို့ကောင်းတာ..."

"ကောင်းပါပြီ ကောင်းပါပြီ...ညီကိုလင်း အရင်သံုးဆောင်ပါ...."

ချောင်ရှန့်ယွီ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး သူ၏ မျက်နှာထက်တွင်တော့ အထင်သေးမှုများက အထင်းသားပင်။

၀မ်ထျန်းလုံက ဘာတွေ တွေးနေတာလဲကွ..

ဒီလိုကောင်မျိုးကို တကယ်ကြီး စက်ရုံတာ၀န်ခံ ရာထူးပေးထားတယ်တဲ့လား...

သူနဲ့သာလွှတ်ထားလို့ကတော့ သုံးလတောင် ခံမှာ မဟုတ်ဘူး.... Sci-tech ရဲ့ အဆုံးသတ်က အနောက်ရပ်သို့ ခရီးသွားခြင်းထဲက အရိုးဖြူမကောင်းဆိုးဝါးထက်တောင် ဆိုးရွားသွားဦးမှာ...

နာရီ၀က်အတွင်း လင်းရီ စားလို့သောက်လို့ ၀သွားခဲ့သည်။

ပြီးနောက် ယွမ်သောင်းပေါင်းများစွာ တန်ကြေးရှိသော Chateau Latour ဝိုင်ကို ဖောက်ကာ ခံတွင်းရှင်းလိုက်ပြီး ကျေနပ်မှု အပြည့်ဖြင့် "ညီကိုချောင်က ဘာပြောမှာ..‌ပြောစရာရှိရင် ခုစပြောလို့ရပြီ..."

"ညီကိုလင်းက Sci-tech စက်ရုံရဲ့ တာ၀န်ခံမလား....ပြီးတော့ ကျုပ်တို့နဲ့ ဆိုတာကလည်း အိမ်နီးချင်းတွေ.ဒီတော့ စီးပွားရေးလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်လို့..အရမ်းကောင်းတဲ့ စီးပွားရေးပေါ့ဗျာ..."

"ဘယ်လိုမျိုးလဲ..မြတ်မှာလား..."

"ဒါပေါ့ဗျ..သေချာပေါက် မြတ်မှာပေါ့..မမြတ်ရင် ဘယ်လိုလုပ်ပြီး စီးပွားရေးလုပ်တယ်လို့ ခေါ်နိုင်မှာ..."

"ဘာစီးပွားရေးလဲ..အသေးစိတ်လေး လုပ်ပါဦးဟ..."

"ဒီလို..ညီကိုလင်းတို့ ကုမ္ပဏီရဲ့ ထုတ်လုပ်မှုက ရပ်တန့်နေတာကြာပြီမလား....ဒါပေမယ့် ကျုပ်တို့ စက်ရုံက ခုတလော အတော်လေး အလုပ်ရှုပ်နေတယ်..ဒါကြောင့်မို့ အော်ဒါရဲ့ ၂၀%ကို ညီကိုလင်းဆီ လွှဲပြောင်းပေးရင် ကောင်းမလားလို့ စဉ်းစားနေတာ..ဘယ်လိုထင်လဲ ...."

"ဒါ မိုက်တာပေါ့ဟ..."

လင်းရီ အံ့အားသင့်နေဟန်ဖြင့် "အဲ့တာတွေ ထုတ်ဖို့အတွက် ညီကိုချောင်က ဘယ်လောက်ပေးမှာ..."

ချောင်ရှန့်ယွီနှင့် သူ့အတွင်းရေးမှုးတို့ လျှို့ဝှက်စွာအကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ယခု ငွေအကြောင်းပြောနေသောကြောင့် တစ်စုံတစ်ယောက်မှ ငွေအတွက်နှင့် လောဘကြီးလာပြီဆိုပါက ပြောရဆိုရ လွယ်ကူသွားချေပြီ။

"ကျုပ်တို့ ချစ်ပ်တစ်ခုကို ယွမ်၈၀ ပေးမယ်ဗျာ..."

"ဟမ့်..ချစ်ပ်တစ်ခုကိုမှ ယွမ်၈၀ တည်းလား..."လင်းရီ အထင်တသေးအမူအရာ ဖြစ်သွားခဲ့၏။

"ညီကိုလင်း ကောက်ချက်ချ မစောနဲ့ဦးလေ..ချစ်ပ်တစ်ခုကို ယွမ် ၈၀ တည်းဆိုပေမယ့် ကျုပ်တို့က ချစ်ပ်တစ်သိန်းမှာမယ်ဆိုရင်...."

"အမ်...၈၀ ကို တစ်သိန်းနဲ့မြောက်တော့.....ခဏ..ကျုပ် ဂဏန်းတွက်စက်နဲ့ တွက်ကြည့်ဦးမယ်.."

လင်းရီ သူ့ဖုန်းထုတ်လိုက်၍ဟိုနှိပ်ဒီနှိပ် ပြီးနောက် ထိတ်လန့်တကြား ဖြစ်သွားခဲ့၏။ "၈ မီလီယမ်..."

"အမှန်ပဲ..၈ မီလီယမ်ဆိုတာ အများကြီးပဲမလား..."

ချောင်ရှန့်ယွီ အပြုံးလေးဖြင့် ပြောလိုက်၏။

"ဘယ်လိုလဲ ညီကိုလင်း ..ကျေနပ်မှုရှိရဲ့လား..."

"နည်းနေသေးတယ်..လင်းရီ ပြောလိုက်ပြီး "ကျုပ်က သင်္ချာ တွေ ကျွမ်းတာ မဟုတ်ဘူး..တွက်ရလွယ်အောင် တစ်ခုကို ယွမ် ၁၀၀ ရာထားလိုက် ...အဲ့လိုဆို ၁၀ မီလီယမ်..တွက်ရပိုမလွယ်သွားဘူးလား.."

All Chapters