← Chapters

အခန်း (၃၂၀)

Vol. 22 Ch. 320

အခန်း (၃၂၀)

Vol. 22 Ch. 320

"အာ...တစ်ခုကို ယွမ် ၁၀၀ ဆိုတာက မြင့်တယ်လို့ ပြောလို့ရတယ်နော..."ချောင်ရှန့်ယွီမှ အခက်တွေ့နေဟန် ဆောင်လိုက်သည်။

အမှန်စင်စစ်တွင်တော့ သူလိုချင်နေသည်မှာလည်း ယခု‌ ပမာ‌ဏလောက်ပင်။ လက်ရှိ ဈေးကွက် တန်ဖိုးအရ ချစ်ပ်တစ်ခုအတွက် ထုတ်လုပ်ခ တန်ဖိုးမှာ အနိမ့်ဆုံး ယွမ် ၁၁၀ ရှိသည်။ ထိုအရာကပင် အဝေစိလောက် နိမ့်သည့် ဈေးနှုန်းပင်တည်း။

သူလင်းရီကို ယွမ် ၈၀ တည်း ကမ်းလှမ်းလိုက်သည်ကလည်း လင်းရီကို အထင်သေးသောကြောင့်ပင်။

ထို့ကြောင့် ယွမ် ၁၀၀ တောင်းဆိုလာခဲ့လျှင်တောင်မှ သူ့ဘက်က လက်ခံနိုင်သေး၏။

"ညီကိုချောင်..ကျုပ်တောင်းတာကတောင် နည်းနေသေးတယ်နော....ကျုပ်တို့မှာ လခပေးရမယ့် ၀န်ထမ်းတွေက ရှိနေသေးတယ်လေ..."

"ဒါပေမယ့် ကျုပ်အတွက်ကျ နည်းနည်း မြင့်နေပြီလေဗျာ..လက်ခံဖို့ဆို အတော်လေး ခက်ခဲတော့မှာ..."

"ကျုပ်ကို ကူညီတယ်လို့ပဲ သဘောထားပေးလိုက်ရင်ကော......."လင်းရီ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ရင်း ပြောလိုက်၏။

"ရပါတယ်..ဒါပေမယ့် ကျုပ် အသေးမွှားတောင်းဆိုစရာလေးရှိသေးတယ်..."ချောင်ရှန့်ယွီ ပြောလိုက်ပြီး "အဲ့တာကိုသာ ညီကိုလင်းသဘောတူမယ်ဆိုရင် ကျုပ် ယွမ် ၁၀၀ ပေးဖို့ သဘောတူတယ်..."

"ရတယ်လေ..ပြောပါဦး ဘာများဖြစ်မလဲ..."

"ညီကိုလင်းဘက်က ကျုပ်ကို အရင်ဆူံး ချစ်ပ်တွေ ထုတ်လုပ်ခွင့်ပေးရမယ်..ငွေပေးချောတာကိုကျတော့ အားလုံးပြီးစီးလို့ နောက်သုံးလေးလနေမှ ပေးမယ်... "

ချောင်ရှန့်ယွီ ပြောလိုက်ပြီး "ဒါပေမယ့် မပူနဲ့ .ကျုပ်ဘက်က ၀န်းထမ်းလစာအတွက် ယွမ်တစ်သန်း ကြိုပေးထားမယ်...ဘာမှ မဆုံးရှုံးစေရဘူး."

"ဒါကတော့ မဖြစ်နိုင်ဘူး.."လင်းရိ ပယ်ချလိုက်ပြီး "ပိုက်ဆံနောက်မှ ချေချင်တယ်ဆိုရင်တော့ မေ့‌လိုက်တော့..."

"ညီကိုလင်း...တကယ်လို့ အဲ့လိုတွေ ပြောမယ်ဆိုရင် ညီကိုက အမြင်ကျဉ်းနေတာပဲ..."ချောင်ရှ့န်ယွီ လင်းရီ ပခုံးကို ကိုင်၍ ပြောလိုက်ပြီး "တွေးကြည့်ကြည့်...ခု ညီကိုလင်းက ယောက်ဖက်ု ကူပြီးတော့ စက်ရုံကို ကြီးကြပ်ပေးတယ်...ဘွင်းဘွင်းရှင်းရှင်း ပြောရမယ်ဆို သူ့ရဲ့ အချိန်ပိုင်း ၀န်ထမ်းလို့တောင် ပြောလို့ရတယ်..အဲ့တော့ လ‌စာဆိုတာကလည်း ၀န်ထမ်း လစာလောက်လေးပဲ ရမှာ...ဒါပေမယ့် ကျုပ်ကိုသာ ကူညီပေးမယ်ဆိုလို့ကတော့ ညီကိုလင်းအတွက်လည်း မနစ်နာစေရပါဘူးဗျာ.."

"ဘယ်လို မနစ်နာစေမှာ.."လင်းရီ စိတ်၀င်စားသွားခဲ့သည်။

ချောင်ရှန့်ယွီ သူ၏ အတွင်းရေးမှူးကို သိူဝှက်သော အကြည့်တစ်ချက် ပေးလိုက်၏။ နားလည်သော သူမမှာလည်း ချက်ချင်းဆိုသလို အသင့်ပြင်လာခဲ့သည့် ယွမ် ၅ သိန်းတန်ချက်ခ်လက်မှတ်ကို ပိုက်ဆံအိတ်ထဲမှ ထုတ်လိုက်သည်။

"ဒါက ညီကိုလင်းအတွက် ရေဖိုး ဘာဖိုးပေါ့..ဘယ်လိုထင်လဲ....ဟိုကောင် ဖက်တီး ၀မ်ထျန်းလုံးက ဒီလောက်‌တောင် ပေးမှာ မဟုတ်ဘူးနော်..."

"ညီကိုချောင်ကလည်း စောကတည်းကနေ ဒီလိုလုပ်ရင် ပြီးနေပြီကိုပဲ..."လင်းရီ စပ်ဖြီးဖြီး မျက်နှာထားဖြင့် ချက်ခ်လက်မှတ်ကို လက်ခံလိုက်၏။

"သုံးလေး လလောက် ရွေ့ဆိုင်းတာကတော့ ပြဿနာ မရှိဘူး...ကျုပ်ယောက်ဖကိုတော့ ကျုပ်ကြည့်ပြောထားလို့ရတယ်... "

"ဒါပေမယ့် တစ်ခုတော့ ကြိုပြောထားလိုက်မယ်..အလုပ်သမားခတော့ ခင်များတို့ဘက်ကပဲ အကုန်ကျခံရမှာ..."

"ပြဿနာမရှိဘူး..ကျုပ်တို့ စာချုပ်ဖိုးထဲကနေ နှုတ်လိုက်မယ်...ယွမ် ၁၀ မီလီယမ်ဆိုတော့ ရှင်းတဲ့ချိန်ကျမှ အဲ့ထဲကနေ နှုတ်လိုက်တာပေါ့..ကျုပ်တို့ အသားတင် အမြတ်ကိုပဲ ပေးမှာပါ..."

"အိုကေ ပြဿနာမရှိဘူး..ခုကစပြီးတော့ ညီကိုချောင်က တာ၀န်ခံပဲ..ပစ္စည်းတွေကို ကြိုက်သလိုသာသုံး..ကုန်လှောင်ရုံထဲကလည်း ကြိုက်သာတာ ဆွဲထုတ်သွားဗျာ...ကျုပ်ဘာမှ ၀င်မစွက်ဖက်ဘူး...ဘာပဲပြောပြော ကျုပ်မှာလည်း စွက်ဖက်စရာအကြောင်းမှ မရှိတာ.."လင်းရီ စီးကရက်တစ်လိပ်ကို မီးညှိရင်း စိတ်မ၀င်စားဟန်ဖြင့် ပြောလိုက်သည်။

"ဒါနဲ့ ကျုပ်အတော်လေးကို ရှုပ်ထွေးမိတယ်..စက်ရုံက ဘာမှ ကြီးတာ မဟုတ်ဘူး.. ဘာလို့ ကုန်လှောင်ရုံတွေက အဲ့လောက် ပေါသောနေလဲဆိုတာ နားကိုမလည်တာ...တကယ်လို့ ညီကိုချောင်ရဲ့ အော်ဒါကြောင့်သာ မဟုတ်ရင် ကျုပ်အကုန်လုံးကို ဘူဒိုဇာနဲ့ ချပြီးတော့ ငါးမွေးတော့မလို့ .. "

"ငါးမွေးမယ်..."

"အမှန်ပဲ..ကျုပ်မြေတူးစက်တွေတောင် ငှားဖို့ လုပ်ထားပြီးသွားပြီ....အဲ့ဒီ ကုန်လှောင်ရုံတွေကို ဖြိုချမယ်..ပြီးရင် ကန်အကြီးကြီး တူးပြီးတော့ ခိုအီငါးတွေ မွေးမယ်...ကျုပ်ခုတလော အတော်လေးကို ကံဆိုးနေသလိုပဲ...အဲ့တာကြောင့် ကံလေးဘာ‌လေးလည်း ကောင်းသွားအောင် .ခိုအီငါး မွေးမလားပေါ့..."

လင်းရီ၏ စကားလုံးများကိုကြားတော့ ချောင်ရှန့်ယွီ ဆွံ့အသွားခဲ့သည်။ ဒီလိုမျိုး လုပ်ဖို့ဆို ဘယ်လောက်တောင် အဆင်ခြင်မဲ့ဖို့ လိုလိုက်မလဲ...

မင်းပိုက်ဆံမရတာ ကံမကောင်းလို့ မဟုတ်ဘူးကွ..မင်းIQကိုက စောက်ပြဿနာ တက်နေတာ...

"ညီကိုလင်း..ခင်များက တစ်ခုခုတော့ တစ်ခုခုပဲ..ခိုအီငါးတွေ လိုချင်တယ်ဆိုလည်း ကျုပ်နောက်ကျ ပို့ပေးလိုက်မယ်လေ..ကံကောင်းပါစေလို့ ဆုတောင်းပေးတဲ့ အထိမ်းမှတ်သဘောနဲ့ပေါ့..."

"အိုကေ..အဲ့တာဆို အတည်မှတ်ပြီနော်..."

"ကဲ ပြောတာလည်း ကြာသွားပြီတော့ ဒီလောက်ပဲ..."လင်းရီပြုံးပြီး ချက်ခ်လက်မှတ်ကို အိတ်ကပ်ထဲသို့ ထည့်ကာ "ကျုပ်မှာ လုပ်စရာလေးတွေ ရှိသေးလို့ အရင်သွားတော့မယ်ဗျာ....နောက်ဆုံမှထပ် တွေ့ကြတာပေါ့..."

"ညီကိုလင်းကလည်း ဘာလို့ အဲ့လောက် အလျင်လိုနေတာ..ကျုပ်တို့က နှုတ်ကတိပဲ ပြုရသေးတာလေ..စာချုပ်လက်မှတ်ထိုးဖို့ ကျန်နေသေးတယ်..."

"လက်မှတ်ထိုးဖို့ လိုသေးတယ်ဆိုတော့ ညီကိုချောင်က ကျုပ်ရဲ့ စရိုက်ကို မယုံကြည်တဲ့ သဘောလား....."

ချောင်ရှန့်ယွီ ရင်ထဲတွင် အေးစက်စက် ရယ်မောလိုက်ပြီး

မင်း ချေးစားပြောရင်တောင် မင့်စကား ငါမယုံဘူးကွ...

"ဒါပေါ့..ကျုပ်ညီကိုလင်းကို ယုံပါတယ်..ဒါပေမယ့် ကုမ္ပဏီ စည်းမျဉ်းအရဆိုတော့ ကျုပ်လည်း ဘယ်တတ်နိုင်ပါ့မလဲဗျာ..."

"အာ့ဆိုလည်း ပြီးတာပဲလေ..လက်မှတ်ထိုးကြတာပေါ့..."

"စာချုပ်ကအသင့်ပါပဲ ညီကိုလင်း လင်မှတ်ထိုးဖို့ပဲ ကျန်တယ်..."

တစ်ချိန်တည်းတွင် ချောင်ရှန့်ယွီ၏ အတွင်းရေးမှူးမှ ကြိုတင် ပြင်ဆင်လာသည့် စာချုပ်ထဲတွင် တစ်ချို့တစ်၀က်ကိုပြင်ပြီး ကော်ပီပရင့် နှစ်ခု ထုတ်လိုက်၏။

"ညီကိုလင်း စာချုပ်က ဒီမှာပါ..ကျေးဇူးပြုပြီး ...."

"အိုကေလေ.."

လင်းရီ ဘောပင် တစ်ချက်ခါပြီး သူ၏ နာမည်ကို ရေးထိုးလိုက်သည်။

"ညီ‌ကိုချောင် ကျုပ်ခု သွားလို့ရပြီလား..ကျုပ်ဘော်ဒါတွေနဲ့ ဘားမှာ ဒီည ချိန်းထားတာရှိတယ်.. ဒီထပ်ကြာရင် နောက်ကျတော့မှာ"

"ညီကိုလင်းမှာ အရေးကြီးကိစ္စရှိနေတယ်ဆိုတော့လည်း ကျုပ်အတင်းအကြပ် ခေါ်မထားတော့ဘူး..လိုက်ပို့ပေးပါ့မယ်.."

"နေ နေ.. အပြင်လူလည်း မဟုတ်ဘူး..ကိုယ့်ဘာကိုယ်ပဲ ပြန်လိုက်တော့မယ်..."

"ကောင်းပါပြီ..အဲ့တာဆိုလည်း ဖြည်းဖြည်းသွားပါညီကိုလင်း.."

"အေးဆေးပေါ့..တစ်ခရီးသွားတွေမလား..အဲ့လောက်ကြိးလည်း ယဉ်ကျေးဖို့ မလိုပါဘူးကွ..ဟားဟား...."

သို့နှင့် လင်းရီ ယွမ်၅သိန်းကို အိတ်ကပ်ထဲထည့်ကာ ဟိုတယ်မှ ပျော်ရွှင်စွာ ပြန်လာခဲ့၏။

ချောင်ရှန့်ယွီ ‌ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်ပြီး လက်ကျန်စီးကရက်ကို ဆက်ဖွာနေလိုက်သည်။

"ငါက ဒီကောင့်ကို ဖြောင်းဖြဖို့ တော်တော်လေး အားစိုက်ရမယ် ထင်ထားတာ..ငွေလေး ငါးသိန်းနဲ့ အဆင်ပြေသွားမယ်လို့တောင် ထင်မထားဘူး..ဟဟ..‌ငါတော်တော်လေး အထင်ကြီးမိခဲ့တယ်လို့ ပြောရမှာပဲ..."

"သူက Sci-tech ရဲ့ စက်ရုံဒါရိုက်တာ ဆိုပေမယ့် ၀မ်ထျန်းလုံကတော့ လူရွေးမှားသွားပြီ..ဒီလို ယောက်ဖမျိုးနဲ့ဆိုလို့ကတော့ အနှေးနဲ့အမြန် ဒေဝါလီပြန်ခံရတော့မှာ .."ချောင်ရှန့်ယွီ၏ အတွင်းရေူမှူးမလေးမှ ပြောလိုက်သည်။

"အမှန်ပဲ..ဒါပေမယ့် ငါတို့ အတွက်တော့ အကျိုးရှိတယ်လေ..."

ချောင်ရှန့်ယွီမှ ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်ပြီး

"အနည်းဆုံးတော့ ထုတ်လုပ်ရေးပိုင်းက ပြဿနာတွေ ဖြေရှင်းပြီးသွား ဖြစ်သွားတာပေါ့ကွာ..‌‌ နောက်ပြီး ဒါက အစမ်းသဘော ပူးပေါင်းတာဆိုတော့ ငါတို့ဘက်က ပိုပြီး ထုတ်လုပ်ရင်တောင် ပြဿနာမရှိဘူး...ငါတို့ Ciscoအတွက် ပိုပြီး မြတ်သွားတာပေါ့..."

"ဒါပေမယ့် ဒီလိုအရူးနဲ့ ဆွေးနွေးပြီးတော့ တစ်ခုကိုယွမ်တစ်ရာ ပေးရတယ်ဆိုတာကတော့ နည်း‌နည်းလေး ဈေးမြောက်နေသလားလို့..."

"ဟက်...ငါက အဲ့ငွေတွေ ပေးမယ်လို့ ထင်လား..."ချောင်ရှန့်ယွီ မျက်၀န်းထဲ အထင်သေးရိပ်များ သမ်းလာခဲ့၏။

"ဘော့စ်မှာ ဘာအကြံဉာဏ်များ ရှိလို့လဲရှင့်...."

"ငါတို့ ခုလေးဝင် သဘောတူထားတယ်မလား... စာချုပ်ထဲက အတိုင်း ထုတ်လုပ်တဲ့အချိန်မှာ ငါတို့ဘက်က အလုပ်သမားဖိုးပေးမယ်...ပြီနောက်ဆုံးကျမှ အဲ့ထဲက အသားတင် အမြတ်ကို သူတို့ကို ပေးချေရမယ်..."

ချောင်ရှန့်ယွီ ပြောပြီး ဆေးလိပ်ပြာကို လက်ဖြင့် တစ်ချက်တောက်ကာ "အားလုံးပြီးတဲ့အခါကျမှ သူတို့ကို အလုပ်သမားဖိုးက ၁၀ မီလီယမ်လောက် ကုန်သွားတယ် ပြောပြီးတော့မှ နှစ်သိမ့်တဲ့အနေနဲ့ ယွမ် လေးငါးသောင်းလောက် ပေးလိုက်မယ်ကွာ...အဲ့လောက်ဆို တော်ရောပေါ့.."

"ဥက္ကဌချောင်ရဲ့ နည်းလမ်းတွေကတော့ဩချလောက်ပါတယ်ရှင် ..တေယ်သေးတာပေါ့..ကျွန်မလည်း ခုလေးတင် စာချုပ်ထဲက အပိုဒ်သေးသေးလေးတစ်ပိုဒ် ထပ်ထည့်လိုက်သေးတယ်..တကယ်လို့ အငြင်းပွားစရာတွေ ဖြစ်လာခဲ့မယ်ဆိုရင်တောင်မှ သူတို့ဘက်က ရှုံးမှာ အသေအ‌ချာပဲ.."

"ငါတွေးထားတာလည်း အဲ့လိုပဲလေ.."ချောင့်ရှန့်ယွီ ခြေတင်ချိတ်လိုက်ပြီး "ခုခြေနေပေါ် မူတည်ပီး ပြောရမယ်ဆိုရင် Sci-tech က ငါတို့ရဲ့ ဒုတိယစက်ရုံဖြစ်လာပြီ..ပြီးတော့ တစ်ပြားမှ ကုန်ကျစရာမလိုတဲ့ စက်ရုံကြီးပေါ့..ဟားဟား..ဘယ်လောက်တောင် ပိုင်လိုက်တဲ့ အကြံလဲကွာ...ဇမ္ဗူမှာ ငါ့ထက်တော်တဲ့ကောင်တောင် ရှိပါ့မလားပဲ .."

အတွင်းရေးမှူးမလေးမှ ချောင်ရှန့်ယွီနောက်သို့ လျှောက်လာခဲ့ပြီး လက်နုနုလေးများဖြင့် အသာနှိပ်ပေးကာ လက်သာယာမှု ပေးရင်း "သူက ကျွန်မတို့ရဲ့ ထုတ်လုပ်မှု မနိုင်မနင်းဖြစ်နေတဲ့ ပြဿနာကို ပူရှင်းပေးသွားရုံတင်မကသေးဘူး.ကုန်တွေ သိုလှောင်ဖို့ ကုန်လှောင်ရုံတွေပါ အဆစ်ပေးသွားသေးတယ်...မိုးနတ်မင်းကြီးက ကျွန်မတို့ကို မျက်နှာသာပေးနေလားလို့တောင် မသိဘူးနော်.."

ချောင်ရှန့်ယွီ မျက်လုံး အသာမှိတ်ပြီး ဇိမ်ခံရင်း "ဒီတစ်ကြိမ်တော့ ငါ့ဘက်က သေချာပေါက် အောင်မြင်မှုတွေ အမိအရယူပြမှ ရမယ်...ငါ့အဖေကို ငါ ချောင်ရှန့်ယွီက ဘာကောင်လဲဆိုတာ သိအောင် ပြပေးမယ်..ဟမ့်...ဟို Ciscoကို အမွေဆက်ခံမယ့် ခွေးမက ခုထိ သွားတောင် မပေါက်သေးဘူး...ငါ့ကို ယှဥ်နိုင်မှာတဲ့လား .."

"ဒါဆို ကျွန်မတို့ခု ဘာလုပ်ကြမလဲဘော့စ်..ဥက္ကဌချောင်ကို ဒီသတင်းကောင်း အမြန်ဆုံး ပြောပြသင့်လား..."

"အချိန်မကျသေးဘူး..အချိန်ကျလာတော့မှ သူ့ကို စပရိုက် အကြီးကြီးဖြစ်အောင် လုပ်ပေးလိုက်မယ်...ချောင်မိသားစုထဲမှာ ငါ့နေရာကို မြဲမြံအောင်လုပ်ရမယ်...လူတိုင်းကို ငါ့ခြေထောက်အောက်မှာ နင်းခြေပစ်ရမယ်..." ချောင်ရှန့်ယွီ မကျေမချမ်းဖြစ်စွာ ပြောလိုက်သည်။

"အွန်း..ဥက္ကဌချောင်ကို Sci-techနဲ့ စာချုပ်ကိစ္စတွေ အားလုံး အခြေကျပြီးတော့မှ အသိပေးလည်း နောက်မကျသေးပါဘူး..."

"အမှန်ပဲ..ငါလည်း အဲ့လိုစဉ်းစားနေတာ.."

ချောင်ရှန့်ယွီ စီးကရက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချကာ နင်းခြေမီးငြိမ်းလိုက်ပြီး ပျင်းရိစွာ အကြောဆန့်၍ "စားပွဲထိုးကို ခေါ်ပြီး ဘေလ်ရှင်းလိုက်တော့...မင်းနဲ့အတူ အပြီကြမ်းလို့ရမယ့် ဟိုတယ်ကောင်းတစ်ခု ရှာတွေ့ထားတယ်.."

"အဟင့်..ဘော့စ်က အရမ်းစိတ်မရှည်တာပဲ..."

မိနစ်အနည်းငယ်ကြာပြီးနောက် စားပွဲထိုး ရောက်ချလာခဲ့သည်။

"ဆာ ဘေလ်က ယွမ် ၄၂၆,၇၀၀ ကျသင့်ပါတယ်ဗျ...ဘဏ်ကနေ ငွေချေလို့ ရသလို ကတ်နဲ့လည်း ငွေချေလို့ရပါတယ်..ဘာနဲ့ ရှင်းမလဲခင်ဗျ..."

"ဘာပြောလိုက်တယ်...ဒီတစ်နပ်စာလေးက ယွမ် ၄ သိန်းကျော်..."

ချောင်ရှန်ယွီ တည်ငြိမ်စွာ မထိုင်နိုင်တော့ချေ။

"ငါခုလေးတင် တွက်ပြီးပါပြီဟ..အလွန်ဆုံးကျမှ နှစ်သိန်းလောက်ပေါ့... ဘေလ်က ဘာလို့ နှစ်ဆတောင် ပိုများနေတာ..."

"စောနတုန်းက ထွက်သွားတဲ့ လူကြီးမင်းက Chateau Latour နှစ်ပုလင်း ပါဆယ်ဆွဲသွားလို့ပါဆာ.."

All Chapters