← Chapters

အခန်း (၃၂၁)

Vol. 22 Ch. 321

အခန်း (၃၂၁)

Vol. 22 Ch. 321

"ငိုးပဲကွာ..."

ချောင်ရှန့်ယွီ ကျိန်ဆဲလိုက်ပြီး "အဲ့ကောင်က လောဘမကြီးလွန်းဘူးလားကွ..ဒီမှာကလည်း အားရပါးရ မျိုစို့သွားသေးတယ် ..ပြီးတော့ ပါဆယ်ကလည်း ဆွဲသွားသေးတယ်.."

"ဘော့စ်ကလည်း ..စိတ်လေးလျှော့ပါဦးလို့...ရှင့်ရဲ့ အမျက်တွေကို ခဏနေကျမှ ကျွန်မပေါ် ပုံချနော်..."

သူ၏ အတွင်းရေးမှုမလေးမှ ဖြောင်းဖြလိုက်ပြီး "ပြီးတော့ သူ့လိုလူမျိုးက ဒီလိုတွေ လုပ်တာ မဆန်းပါဘူး..မဟုတ်ရင် ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ သိမ်းသွင်းလို့ရမှာ..."

"အင်း...မင်းပြောတာ မှန်တယ်..."ချောင်ရှန့်ယွီ ပြောလိုက်ပြီး "အဲ့ငနဲက ကုန်လှောင်ရုံတွေ ဖြိုချပြီး ခိုအီငါး မွေးမယ်ပြောကတည်းက တော်ရုံလွတ်နေတာတော့ မဟုတ်ဘူး..."

"ကောင်းပြီ..ဘေလ်သွားရှင်းလိုက်တော့.."ချောင်ရှန့်ယွီ လက်ဝှေ့ယမ်းလိုက်ပြီး "ယီးပဲကွာ.. နောက်ကျ ငါ့ပိုက်ဆံတွေကို သေချာပေါက် ဒီကောင့်ဆီကနေ ပြန်ယူပြမယ်..."

.....

ဟိုတယ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ ချီရှန်းကျောက်ကို ဖုန်းခေါ်လိုက်သည်။ ဟော်ယွမ်ယွမ်လည်း ကုမ္ပဏီ၌ ရှိသည်ဟု ပြောသံကြားတော့ လင်းယွမ်အုပ်စုသို့ ဦးတည်လိုက်၏။

"ဘော့စ်လင်း..ရောက်လာပြီလားဗျ..."

ချီရှန်းကျောက် လင်းရီကို ထ၍ နှုတ်ဆက်လိုက်သည်။

လင်းရီခေါင်းညိမ့်၍ ဟော်ယွမ်ယွမ်ကို ကြည့်လိုက်ပြီး "သူကတောင် မတ်တပ်ရပ်နေပြီ...မင်းက ဘာလို့ ထိုင်နေသေးတာ...ငါက မင်းရဲ့ စပိုက်စီဟော့ပေါ့လောက်တောင် ဆွဲဆောင်မှုမရှိဘူးလို့တော့ လာမပြောနဲ့..."

"ဘော့စ်ကလည်း အပိုတွေ လျှာက်ပြောနေပြန်ပါပြီ..ရှင်ကသာ ကျွန်မနှလုံးသားထဲမှာ ဆွဲဆောင်မှု အရှိဆုံး သူပါနော်...အေးအေးဆေးဆေးပဲ စကားပြောကြမယ်..ကျွန်မ လစာလေးကိုတော့ မလျှော့ပါနဲ့တော့."

"အဲ့တာဆို ဘာလို့ ခုထိ ပလုပ်ပလောင်းနဲ့ စားနေသေးလဲ..."လင်းရီ ပြောလိုက်ပြီး

"ဘော့စ်တစ်ယောက်လုံး ရှေ့ရောက်နေတာတောင်မှ စားပါဦးလား တစ်ခွန်းပြောဖော်လေးတောင် မရဘူး...

"ဖူး..."

ဟော်ယွမ်ယွမ် သူမ စားထားသည့် အသားလုံးများက်ု မှုတ်ထုတ်မိသွားပြီး "ဘော့စ်..ကျွန်မကို ဟာသ လာလုပ်မနေနဲ့...ကျွန်မ ခဏနေကျရင် အလုပ်လုပ်ရတာ စားချိန်တောင် ရှိမှာ မဟုတ်တော့ဘူး..."

"အိမ်း...မင်းတို့က အဲ့လာက် အလုပ်ကြိုးစားနေတော့လည်း ဆုချတဲ့ အနေနဲ့ ရော့ကွာ...."

လင်းရီ Chateau Latour ဝိုင် နှစ်ပုလင်းကို ပစ်ပေးလိုက်၏။

"တစ်ယောက်တစ်ပုလင်းယူ..အိမ်ပြန်ပြီးတော့ အေးဆေးသောက်ကြပေါ့ကွာ.."

"Chateau Latour...?ဒါ တစ်ပုလင်းကို ယွမ် တစ်သိန်းကျော်တယ်မလား..."

ဟော်ယွမ်ယွမ် မယုံနိုင်သည့် လေသံဖြင့် ပြောလိုက်ပြီး "ဘော့စ်..ရှင်ဘယ်အချိန်တုန်းက ဒီလောက် ရက်ရောသွားခဲ့တာလဲဟင်..."

"ဒါလား..သောက်ရူးတစ်ကောင်ဆီက ကုန်းဆင်းခဲ့တာလေ..ငါ့ပိုက်ဆံနဲ့ငါဆို မင်းတို့ကို ဒီလိုတွေ ၀ယ်ပေးမယ် ထင်နေတာလား"

"တော်ပါတော့ဘော့စ်ရယ်..ကျွန်မတို့ကို အဲ့လောက် သထာကြောင်းတွေ ပြောမနေပါနဲ့တော့.."

"ကောင်းပြီ..ပွစိပွစိ လုပ်မနေနဲ့တော့ .."လင်းရီ ပြောလိုက်ပြီး "ငါမရှိတုန်း ကုမ္ပဏီမှာ ဘာတွေ ဖြစ်သွားသေးလဲ..."

"အစ်ကိုချီနဲ့ ကျွန်မျို့ နှစ်ယောက် တစ်ချို့‌ပရောဂျက်လေးတွေကို မျက်စိကျနေတာတွေ ရှိတယ်..သူတို့ ဘက်က စာချုပ်တွေ ပို့လာလို့ သေချာလေး စစ်ဆေးနေတာ..ပရောဂျက် သေးသေးလေးတွေဆိုတော့ လုပ်ရတာ ပျင်းစရာကြီး..ကျွန်မတို့ ကစားလို့ကောင်းမယ့် ပရောဂျက် အကြီးကြီးတစ်ခုလောက် ရရင် ကောင်းမယ်..."

ချီရှန်းကျောက်ကတော့ အပိုမပြောဘဲ စာဖိုင်များကို လင်းရီ လက်သို့ အပ်လိုက်သည်။

လင်းရီ ထို စာရွက် စာတမ်းများကို ကြည့်ရင်း သာမန်လေသံဖြင့် "‌မင်းတို့ ရင်းနှီးမြုပ်နှံတဲ့ အခါကျ သူတို့ရဲ့ နောက်ခံကိုလည်း ကြည့်ကြဦးဟ...ချိန်ကျွင်းရဲ့လို သောက်ရူးမျိုးတွေနဲ့ဆို ဝေးဝေးရှောင်..."

ချီရှန်းကျောက်မှ ချိန်ကျွင်းရဲ့ နှင့် ဖြစ်ပွားခဲ့သည့် အကြောင်းကိစ္စကို ဟော်ယွမ်ယွမ်အား ပြောပြီးသောကြောင့် သူမလည်း လင်းရီ ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်ပေသည်။

"ဟုတ်.."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး စာဖိုင်တွဲများကို လှန်လောကြည့်ရှုလိုက်သည်။

သူ စိတ်၀င်စားဖို့ကောင်းသည့် တင်ပြချက်များကို တွေ့နေရလေသည်။

"ဟမ်...မင်းတို့ကောင်တွေ ဖုန်းလန်ယဥ်ကျေးမှုမှာလည်း ရင်းနှီးမြုပ်နှံထားသေးတာလားဟ..."

"ဒီတိုင်း ရင်းနှီးရင် ကောင်းမလားလို့ စဉ်းစားဆဲပါဗျ..အတည်တော့ မပြုရသေးဘူး..ပြဿနာရှိလို့လားဘော့စ်.."ချီရှန်းကျောက် ပြောလိုက်၏။

"ငါမင်းတို့ကို အရင်ကလည်း နည်းပညာနယ်ပယ်ထဲကကုမ္ပဏီတွေမှာပဲ ရင်းနှီးမြုပ်နှံပါ့မယ်လို့ပြောထားပြီးသားမဟုတ်လား...ခုဟာက သတင်းမီဒီယာ ကုမ္ပဏီကြီးလေကွာ..."

"ဒါက ကျွန်တော်တို့ရဲ့ လုပ်ငန်းပလန်တွေနဲ့တော့ မသက်ဆိုင်ပါဘူး ဆိူပေမယ့် ဒီတိုင်း လင်းယွမ်ကုမ္ပဏီရဲ့ ပုံရိပ်ကို အများအမြင်မှာ ကောင်းအောင်လို့ပါ..."ချီရှန်းကျောက်မှ ပြောလိုက်၏။

"တကယ်လို့ ကျွန်တော်တို့သာ မီဒီယာကုမ္ပဏီကို ရင်းနှီး မြုပ်နှံမထားဘူးဆိုရင် နောက်ကျ အများပြည်သူနဲ့ဆိုင်တဲ့ ပြဿနာတွေ တက်ခဲ့ရင် ဖြေရှင်းဖို့ ခက်ခဲသွားတော့မှာ..."

လင်းရီ ချီရှန်းကျောက် မည်သည်ကို ဆိုလိုချင်နေမှန်း နားလည်ပေသည်။

နားလည်လွယ်အောင် ပြောရမည်ဆိုပါက သတင်းမီဒီယာများမှ လင်းယွမ်ကုမ္ပဏီ၏ ပုံရိပ်ကောင်းများကို အများပြည်သူထံ ချပြစေရန်သာ။

"တစ်ခြား အကြောင်းပြချက်တွေ မရှိသေးဘူးဆိုရင် ဒီကိစ္စကို ခဏ ဘေးချိတ်ထားလိုက်...ငါတို့ ကုမ္ပဏီက ခုမှ တည်ထောင်ကာစပဲ ရှိသေးတယ်..အဲ့လိုမျိုး PR ပြဿနာတွေတော့ မကြုံရလောက်သေးဘူး...မလောနဲ့ဦး.."

"သာမန်ဆိုရင်တော့ ကုမ္ပဏီ အသစ်တွေက PR ပြဿနာတွေနဲ့ ရင်ဆိုင်ရမှာကို ကြောက်နေဖို့ မလိုဘူး..‌ဒါပေမယ့် ဘော့စ်ရဲ့ ကုမ္ပဏီကကျတော့ မတူဘူးလေ..တည်ထောင်ထားတာတောင် ဘယ်နှစ်ရက်ပဲရှိသေးလို့ တရားက ဆွဲခံနေရပြီ..ဟီးဟီး...ကျွန်တော့်အထက်တော့ ရင်းနှီးမြုပ်နှံတာက အကောင်းဆုံးလို့ထင်တယ်နော..."

ချီရှန်းကျောက်မှ အပြုံးလေးဖြင့် ပြောလိုက်သည်။

"ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေ မသုံးနဲ့လေကွာ.."လင်းရီ ပြောလိုက်ပြီး "အားလုံးက နာမည်ကြီး ကျောင်းဆင်းတွေချည်းပဲကို...ဒီလို ပြောဖို့တော့ မသင့်ဘူး ထင်တယ်နော.."

"နေ နေစမ်းပါဦး.."ဟော်ယွမ်ယွမ် ဘေးမှ ၀င်ပါလိုက်ပြီး "အစ်ကိုချီနဲ့ ကျွန်မတို့က နာမည်ကြီးကျောင်းဆင်တွေ ဆို‌တာတော့ ဟုတ်ပါပြီ..ဒါပေမယ့် ရှင်ကျတော့ကော...."

"အဲ့တော့ကော ဘာဖြစ်လဲ..နောက်ဆုံးကျတော့လည်း ငါ့လက်အောက်မှာ အလုပ်လုပ်နေရတာပဲ မဟုတ်လား..."

ဟော်ယွမ်ယွမ် "...."

ငါ့ဓား ဘယ်မှာလဲ...

"ယွမ်ယွမ် မင်းက ကုမ္ပဏီရဲ့ CFO လေ...အဲ့လိုကြီး ပြောဖို့ကျတော့ ဘယ်သင့်မှာ..."ချီရှန်းကျောက် အပြုံးလေးဖြင့် ကြည့်၍ ပြောလိုက်သည်။

"အင်းပါ ခုပဲ ကျွန်မ ပါးစပ်ကို ခုပဲ ဇစ်ဆွဲထာလိုက်ပြီ..."

ချီရှန်းကျောက် လင်းရီဘက်သို့ လှည့်ပြီး "ဘော့စ်လင်း..ခင်များမှာကော ဖုန်းလန်ကုမ္ပဏီကို ရင်းနှီးမြုပ်နှံဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အကြံပြုစရာများ ရှိသေးလားဗျ..."

"ထွေထူးတော့ မရှိဘူး..ဒါပေမယ့် အဲ့ဒီထဲက ရှယ်ယာရှင်တစ်ယောက်ကိုတော့ အတော်လေး စိတ်၀င်စားမိသားကွ.."

လင်းရီ ထိုစာဖိုင်ထဲမှ တစ်ရွက်ကိုထာတ်၍ ဟော်ယွမ်ယွမ်တို့ရှေ့တွင် ဝှေ့ယမ်းပြလိုက်ပြီး

"ချောင်ကျင်းချိုး..."

‌ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ တည်ငြိမ်မှုများ ပျောက်ဆုံးသွားခဲ့ကြသည်။

"တကယ်လို့ ကျွန်မ မှတ်မိတယ မှန်မယ်ဆိုရင် ချောင်ကျားတုံးရဲ့ သမီးကလည်း ချောင်ကျင်းချိုးပဲမလား..."ဟော်ယွမ်ယွမ်မှ ပြောလိုက်၏။

"အမှန်ပဲ..နောက်မှ ဒီ ချောင်ကျင်းချိုးနဲ့ ချောင်ကျားတုံးရဲ့ သမီး ချောင်ကျင်းချိုးက တစ်ယောက်တည်းလားဆိုတာ စစ်ဆေးကြည့်လိုက်...တကယ်လို့ နာမည်တူသွားတာဆိုရင်တော့ ပုံမှန်အတိုင်းပဲ ဆက်လုပ်..အေး..မဟုတ်ခဲ့ဘူး ဆိုရင်တော့ ရင်းနှီးမြုပ်နှံဖို့ စဉ်းတောင်မစဉ်းစားနဲ့..ငါ့နည်းငါ့ဟန်နဲ့ပဲ ကိုင်တွယ်မယ်...."

လင်းရီ၏ လေးနက်တည်ကြည်သည့် အမူအရာကိုမြင်တော့ နှစ်ယောက်လုံး ပြိုင်တူ ခေါင်းညိမ့်လိုက်ကြသည်။

ဟော်ယွမ်ယွမ်ကတော့ မကောင်းသည့် ခံစားချက်များ ရနေလေသည်။

အကယ်၍ တိုက်ဆိုင်မှု မဟုတ်ခဲ့ပဲ ချောင်ကျားတုံး၏ သမီးသာ ဖြစ်ခဲ့ပါက မိသားစု တစ်ခုလုံးမှာ ၀က်အူလှည့် ဖြစ်ပေတော့မည်။

ထိုသို့ ပြောပြီးနောက် လင်းရီ အေးဆေး‌ မနေခဲ့။ အခြား ကုမ္ပဏီ အကြောင်းများကို တစ်ချက် စစ်တေးကြည့်ကာ ကုမ္ပဏီမှ ထွက်လာခဲ့လိုက်၏။

မထွက်လာခင်လည်း သူ ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်ကို ကုမ္ပဏီမှ မောင်းထုတ်ခဲ့သည်။

အလုပ်ကြိုးစားသည်က ကောင်းသော်လည်း အလွန်အကျွံကြီးကတော့ ဘယ်အရာမှ မကောင်းပေ။ ထို့ကြောင့် သူတိူ့၏ CPU ကို ခဏတစ်ဖြုတ် အနားပေးလိုက်၏။

ကုမ္ပဏီမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ကျိုကျုံးဗီလာသို့ မောင်းလာခဲ့သည်။

ကုမ္ပဏီ၏ အခြေနေမှာ သူအဝေးသို့ ရောက်နေစဉ် ကာလအတွင်း တည်ငြိမ်ပြီးဖြစ်ကာ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့၏ စီမံခန့်ခွဲပေးမှုတို့နှင့်အတူ လင်းရီ၏ ဩဇာမှာ ကုမ္ပဏီတစ်ခုလုံးသို့ ဖြန့်ကျက်ထားနိုင်ခဲ့၏။

သူလုပ်ဖို့ လိုအပ်သည်ကတော့ ရှန်းထျန်းကျိုး ဟွာရှသိူ့ ပြန်အလာကို စောင့်ဆိုင်းရုံလေးပင်။ လင်းရီမှ အဖြေ အတိအကျ ရခဲ့ပြီးဖြစ်သောကြောင့် ရှန်းထျန်းကျိုး ရောက်မလာမှာကိုတော့ စိတ်ပူရန် မလိုအပ်။ သူဟွာရှသို့ ပြန်လာမည့် အချိန်အတိအကျကိုသာ လင်းရီမှ မထိန်းချုပ်နိုင်ခြင်းဖြစ်သာ။

အနှစ်ချုပ်ရမည်ဆိုပါက လင်းရီရှေ့ရှိ ကိစ္စအားလုံးမှာသူ့လမ်းကြောင်းနှင့်သူ အားလုံး မှန်ကန်နေလေသည်။

သူလုပ်ဖို့ လိုအပ်သည်ကတော့ တဖြည်းဖြည်းချင်း ထိပ်သို့ ရောက်အောင် တက်လှမ်းရုံသာ ကျန်တော့၏။

အရာအားလုံးကို စီမံပြီးနောက် လင်းရီ ကျောဆန့်ပြီး အများကြီး သက်တောင့်သက်သာ ဖြစ်သလို ခံစားသွားခဲ့ရသည်။

ရေမိုးချိုးပြီးနောက် လင်းရီ အိပ်ရာ၀င်ရန် ဟန်ပြင်လိုက်၏။ ထိုအချိန်တွင်ပဲ ကျီချင်းရန်ထံမှ မက်ဆေ့ချ်၀င်လာခဲ့လေသည်။

ကျီချင်းရန် : မစ္စတာလင်း..မနက်ဖြန် ကျွန်မကို လာကြိုဖို့ မမေ့နဲ့နော်...တကယ်လို့ ခရီးသည်ကသာ ရှင့်ထိုင်ခုံပေါ်မှာ ပန်းစည်းလေးတွေမြင်ရင် စိတ်ပျော်ရွှင်ပြီး ကြယ်ငါးပွင့် ရီဗျူး ပေးလောက်တယ်နော...

All Chapters