အခန်း (၃၂၂)
Vol. 22 Ch. 322
ကျီချင်းရန်၏ မက်ဆေ့ခ်ျကိုမြင်တော့ လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့သည်။တကယ်လို့ သူမက ပန်းစည်းလိုချင်တယ်ဆိုရင်လည်း ဒီတိုင်းပြောရောပေါ့..ဟုတ်တယ်မလား...
လင်းရီ : အဲ့တာကတော့ ငါ့စိတ်အခြေနေပေါ်မှာ မူတည်တယ်..
မိနစ်အနည်းငယ်ကြာပြီးသည့်အထိ ဖုန်းမှာ တိတ်ဆိတ်နေဆဲပင်။
ကျီချင်းရန် အိပ်ပျော်သွားပြီ ဖြစ်သောကြောင့် စာမပြန်တော့သည်ဟု လင်းရီ ယူဆလိုက်၏။
ဒီကောင်မလေးကတော့ သူ့ရဲ့ အလှပေါ် ၀င့်ကြွားတဲ့ သဘာ၀ကို အပြည့်၀ ဖော်ထုတ်ပြနေတော့တာပဲ..
လင်းရီ မေးပွတ်လိုက်၏။ ပန်းတစ်စည်းတည်း ပေးမည်ဆိုပါက ပျော်ဖို့ကောင်းလိမ့်မည် မဟုတ်ချေ။
အချိန်ကို တစ်ချက်ကြည့်လိုက်တော့ ညရှစ်နာရီထိုးနေပြီးဖြစ်၏။ မြို့ထဲတွင်တော့ ၂၄ နာရီ အမြဲတမ်းဖွင့်သည့် ပန်းဆိုင်တစ်ဆိုင်ရှိသည်။ အကယ်၍ သူသာ အချိန်ကို လျော်ကန်စွာ အသုံးချနိုင်မည်ဆိုပါက မှီလောက်သေး၏။
ဆုံးဖြတ်ချက်ချပြီးနောက် လင်းရီ ၀န်ရွှင်းလမ်းသို့ မောင်းနှင်သွားလိုက်သည်။
ထိုလမ်းမှာတော့ ကျိုးဟိုင်ရှိ ပန်းများ အဓိကရောင်းသည့် လမ်းဖြစ်ပြီး မြင့်၊လတ်၊နိမ့် အတန်းမရွေး ပန်းများကို ထိုလမ်းထဲတွင် စုံလင်စွာ ရှာတွေ့နိုင်သည်။
လင်းရီ လမ်းထဲတွင် အကြီးဆုံး ပန်းဆိုင်ကို ရှာဖွေလိုက်ပြီး ထိုဆိုင်ထဲသို့ တည့်မတ်စွာ ၀င်သွားလိုက်၏။
"ဟဲ့ ဆိုင်ထဲကို အဆင်လေး ၀င်လာပြီတော့်.."
လင်းရီ ၀င်လာသည်ကိုမြင်တော့ ပန်းရောင်းသည့် အမျိုးသမီး ၀န်ထမ်းများမှာ မျက်လုံးများ တလက်လက် တောက်ပလာခဲ့ကြ၏။
"ဒီချိန်ကြီး ပန်းလာ၀ယ်တယ်ဆိုတော့ သေချာပေါက် သု့ကောင်မလေး အတွက်ပဲ ဖြစ်ရမယ်..."
"ဘယ်သူများ ကံကောင်းပြီး အဲ့ဒီရှောင်ကောကောရဲ့ မိန်းကလေး ဖြစ်သွားလဲ မသိဘူးနော်..."
"သူမရဲ့ အရင်ဘ၀တုန်းက နဂါးငွေ့တန်းတစ်ခုလုံးကို ကာ်တင်ခဲ့မှပဲ ဒီလောက်ကံကောင်းတဲ့ ကမ္မတွေ ရမှာ..."
အမျိုးသမီး ၀န်ထမ်းငယ်လေးများ၏ ဣန္ဒြေမဆည်နိုင်ကြသည်ကို မြင်တော့ သက်လတ်ပိုင်း အမျိုးသမီး ၀န်ထမ်းမှ ခေါင်းအသာရမ်းမိသည်။
အနှီမိန်းကလေးတို့မှာ မရင့်ကျက်ကြသေးချေ။
ချောမောသည်မှာ အမှန်ပင် ကြည့်ကောင်းလှသော်လည်း စစ်မှန်သည့် လူမှု၀န်းကျင်တွင်တော့ ငွေမရှိပါက ဘ၀၏ စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်။
အရမ်းကို အတွေ့ကြုံ နုသေးတယ်...
"ဟဲ့ နင်တို့ တည်တည်တံ့တံ့လေး နေကြစမ်း..အဆင်မမြင်ဖူးတဲ့ အတိုင်းပဲ ငမ်းနေလိုက်ကြတာများ ..ကောင်မတွေနော်..ငါသိပ်မပြောချင်ဘူး..."
"မမကြီးကလည်း အဲ့ရှောင်ကောကောက အရမ်းချောတာကိုးလို့..."
ရှည်လျားသည့် ဆံနွယ်ပိုင်ရှင် အမျိုးသမီးတစ်ဦးမှ ပြောလိုက်၏။
"တကယ်လို့ ကျွန်မသာ အန်တီလာနေတာ မဟုတ်လို့ကတော့ တစ်ခါတည်း သူ့ကို သွားဝိုက်ပစ်လိုက်တယ်..."
"သပ..တကယ်လို့ ငါသာဆိုလို့ကတော့ သူ့ကို မီးနီတွေ အကုန်ဖြတ်ခိုင်းပစ်လိုက်မယ်..."
ဆိုင်ပိုင်ရှင်မှာ ၎င်းကိုမြင်တော့ ကူကယ်ရာမဲ့သွားခဲ့သည်။ သူမ ဤကလေးမလေးများကို သင်ခန်းစာ ပေးရတော့မည့် ပုံပင်။
"အစ်မရှ..ရှင်က သူ့ကို မြင်တာတောင်မှ ဘယ်လိုမှ မဖြစ်ဘူးနော်..."အမျိုးသမီး အရောင်း၀န်ထမ်းတစ်ဦးမှ စပ်စပ်စုစု မေးမြန်းလိုက်၏။
"ဘာထူးဆန်းလို့လဲ..ငါ့ယောက်ျားက ငါ့အပေါ်လည်း ကောင်းတယ်..အ၀တ်ဆိုလည်း အ၀တ် ၊ စားချင်တာတွေဆိုလည်း ၀ယ်ကျွေးသေးတယ်..ဒီလောက်နဲ့တင် ကျေနပ်နေပါပြီဟယ်..တစ်ခြား ဘာကိုမျှ မမျှော်လင့်တော့ဘူး..."
"ဟွန့်.. ကျွန်မတော့ မယုံပေါင်..."
"ကျွတ် ကျွတ်..မိန်းကလေးတွေ နင်တို့က နုပါသေးတယ်...ထစ်ကနဲရှိ မျက်နှာလောက်ပဲ ကြည့်တတ်ကြတာ..."
အစ်မရှမှ ပြောလိုက်ပြီး "ငါနင်တို့ကို ကြွားတာတော့ မဟုတ်လူးနော်..ငါငယ်ငယ်တုန်းကဆို မြို့က သခင်လေးတွေကော အဆင်ပါမကျန် အကုန်လိုက်ကြတာ..အကုန်လူံးကလည်း သူ့အောက်တောင် မလျော့ဘူး...."
"အင်းပါလေ..မမြင်ဖူးမှတော့ ယုံပေးရတာပေါ့..."
"ဘာလဲ..နင်တို့က မယုံဘူးဆိုတဲ့ သဘောလား.."
"အစ်မရှကို အဆင်လေးတွေ လိုက်ပိုးပန်းတယ်ဆိုတာကတော့ ယုံပေးလို့ရတယ်..ဒါပေမယ့် သူ့လောက် ချောတယ်ဆိုတာတော့ မယုံဘူး..."
"အဲ့တာဆိုလည်း ပြီးတာပဲ..သူတို့က နင်တို့ရှေ့က အဆင်လေးလောက် မချောဘူးပဲ ထားပါတော့.."အစ်မရှမှ ပြောလိုက်ပြီး "ဒါပေမယ့် ငါ ကိုယ့်ညီမတွေလို ခင်လို့ ပြောပြလိုက်မယ်..ရုပ်ချောတာကြည့်လို့ ထမင်းမ၀ဘူး..နင်တို့ လူရှေ့သူရှေ့ရောက်ရင် မျက်နှာငယ်နေရမယ်.."
"အစ်မပြောတာလည်း မှန်တာတော့ မှန်ပါတယ်..ဒါပေမယ့် သူက ပိုက်ဆံမရှိဘူးဆိုတာ အစ်မရှ ဘယ်လိုသိလဲ..."
"နင်တို့ ဒုတိယမျိုးဆက် သခင်လေးတွေ ပန်းလာ၀ယ်တာ မြင်ဖူးလို့လား..."အစ်မရှ မှ ပြောလိုက်ပြီး "သူတို့ကသာ အရိပ်မြွက်လေးပေးလိုက်လို့ကတော့ မိန်းကလေးဘက်ကနေ တာဆေးတွေ ကြို၀ယ်ပြီးတော့မှ ဟိုတယ်မှာ စောင့်နေဦးမှာ..သူတို့လို သောက်ငမွဲတွေကပဲ စားလို့မရတဲ့ ပန်းတွေ ၀ယ်ပြီး လက်ဆောင်ပေးတတ်ကြတာ..."
ဆိုင်ရှင် အစ်မကြီး၏ ပြောသံကြားတော့ ကောင်မလေးများအားလုံး ခေါင်းကိုယ်ဆီ ငြိမ့်မိလိုက်ကြသည်။ သူမပြောသည်မှာ လက်တွေ့ကျ၏။
"၀န်ရွှင့် လမ်းမှာ ဆေးဆိုင်ရှိလား..."
ရှည်လျားသည့်ဆံနွယ်ပိုင်ရှင် မိန်းကလေးမှ မေးလိုက်၏။
"ဘာလဲလုပ်မှာ..နေလို့မကောင်းလို့လား..."
"တားဆေးသွား၀ယ်မလို့လေ..."
အစ်မရှ :"...."
ကြည့်ရတာတော့ လက်တွေ့ သင်ခန်းစာ ပေးတော့မှနဲ့ တူတယ်...
လင်းရီ ဆိုင်ထဲတွင် တစ်ခဏမျှ လျှောက်ပတ်ကြည့်ပြီးနောက် ပန်းအမျိုးစား အတော်လေး စုံလင်လှကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော်လည်း ဈေးမှာတော့ အနည်းငယ် ရယ်စရာကောင်းနေလေသည်။။ တစ်ပွင့်လျှင် ၁၉၉ ယွမ် ကျသင့်၏။
လင်းရီ ကောင်တာသို့ သွားပြီး "ကျုပ် ပန်းတစ်ချို့လောက်ဝယ်ချင်လို့..ဒီည ၀ယ်သွားရင် မနက်ရောက်တဲ့ထိဆို လန်းလောက်သေးလား..."
"မောင်ငယ်လေး..စိတ်တော့ မကောင်းပါဘူး..အစ်မတို့ဆိုင်က ပိတ်သွားပါပြီ.."ဆိုင်ရှင်မှ ပြောလိုက်၏။
"ပိတ်သွားပြီ..?"လင်းရီ အံ့အားသင့်သွားပြီး "ခုထိ ဖွင့်သေးတယ် မဟုတ်ဘူးလား..."
"အစ်မတို့က ကိုးနာရီဆို ပိတ်တာ..ပြီးတော့ ခုက ပိုက်ဆံတွက်နေလို့လေ..ဈေးတော့ ဆက်မရောင်းတော့ဘူး..."
"ကောင်းပြီလေ..အဲ့တာဆိုလည်း နှောင့်ယှက်မိတဲ့အတွက် ဆောရီးပါ..."
လင်းရီ ယဉ်ကျေးစွာ တုံ့ပြန်ပြီး လှည့်ထွက်ခဲ့လိုက်သည်။
ဆိုင်ရှိ ၀န်ထမ်းကောင်မလေးးများကတော့ သူမတို့ သူဌေးကို အံ့အားသင့်သည့် မျက်၀န်းတို့ဖြင့် ကြည့်နေကြ၏။
အစ်မရှကတော့ လုံး၀ အမေးဇင်းပဲ..အရမ်းချောတဲ့ ရှောင်ကောကောကိုတောင်မှ ငြင်းလိုက်တယ်ပေါ့...
"ဟာ...နှမြောဖို့ ကောင်းလိုက်တာနော်..."
ဘွန်း ဘွန်း ဘွန်း.....
ထိုအချိန်တွင် ဆိုင်အပြင်မှ ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာပြီးစပ်စုချင်ကြသာ့် မိန်းကလေးများကို သိချင်စိတ်များ တဖွားဖွား ဖြစ်လာစေတော့၏။
"ဘာသံကြီးလဲဟာ....ဆူညံနေတာပဲ.."
"ကားအင်ဂျင်သံ ထင်တယ်..."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာ..ဘယ်လိုကားမျိုးမို့လို့အင်ဂျင်သံက ဒီလောက်ကြီးတောင် ဆူညံနေတာလဲဟ..."
"နင်ကလည်း တုံးလိုက်တာ..ရှာရီ အစုတ်ကြီးဆိုရင်တော့ အင်ဂျင်သံက အဲ့လောက် ဟိန်းပါ့မလားဟဲ့..ဒီအသံက သေချာပေါက် ပြိုင်ကားပဲ.. "
သိူ့နှင့် ကောင်မလေးများ ဆိုင်ပြတင်းပေါက်သို့ အပြေးလေးသွားကာ အပြင်ဘက်ကို ဝိုင်းစပ်စုကြတော့သည်။
သိူ့သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းမှာတော့ သူမတို့ကို မျက်လုံးများ ပြူးကျယ်သွားစေသည်။
"သပ...တကယ်ပဲ ပြိုင်ကားကြီးဟ..ပြီးတော့ မောင်းတဲ့သူကလည်း စောနက အထဲလာသွားတဲ့ ရှောင်ကောကောပဲ..."
"ဘာ...သူက ပြိင်ကားမောင်းတဲ့သူလား..."
ဆိုင်ရှင် အမျိုးသမီးမှာ ကြက်သေသေသွားခဲ့ပြီး လုပ်လက်စ အလုပ်များကို ထားပသ်ခဲ့က။ အပြင်သို့ ထွက်ကြည့်လိုက်၏။
တကယ်ပဲ ပြိုင်ကားကြီးဟ...
ဘာ...ဘာတွေ ဖြစ်နေတာလဲဟင်...
ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးက တကယ်ကြီး ပန်းလာ၀ယ်နေတယ်တဲ့လား...
ဒါကြီးက အရမ်း....အမြင်ကျယ်သွားစေတာပဲ...
ကောင်မလေးရဖို့ဆို သူ့ဘက်က ဒီလိုတွေ လုပ်ပေးစရာတောင် လိုသေးလို့လားဟဲ့..
"ဟိတ် ဟိတ် ..မောင်ငယ်လေး..ခဏလောက် စောင့်ပါဦး..."
လင်းရီ ဆိုင်ပိုင်ရှင် အမျိုးသမီး၏ ခေါ်သံကို မကြားပဲ ရှေ့မီတာ တစ်ရာအကွာဝေးရှိ ပန်းဆိုင်သိူ့ မောင်းသွားလိုက်သည်။
ဆိုင်နာမည်ကိုတော့ ချစ်သူ့ပန်းဆိုင်ဟု အမည်ပေးထား၏။
သာမန်ဆန်သော်လည်း ဆိုင်၏ အရွယ်အစားကတော့ စောနဆိုင် နီးနီးလောက်ပင်။
"မောင်ငယ်လေး..ခဏလောက်ပါ.."
လင်းရီ ကားရပ်ပြီးကာရှိသေး စောနက သူတွေ့ခဲ့သည့် ဆိုင်ပိုင်ရှင်မှာ နောက်မှ အမောတကောနှင့် ပြေးလိုက်လာသည်ကို မြင်လိုက်ရ၏။
"ဘာကိစ်စလဲ.."
"မောင်ငယ်လေးက ပန်း၀ယ်ချင်နေတာ မဟုတ်လား..အစ်မတို့ဆိုင် လာခဲ့လေ."
"အမ်...ဆိုင်ပိတ်သွားပြီဆို..ကျုပ်က ဘယ်လို သွား၀ယ်ရတော့မှာ..."
ဆိုင်ရှင်အမျိုးသမီးမှာ တခဏခန့် ပြောစရာစကား ရှပျောက်ရှ သွားခဲ့သည်။ အကယ်၍ သူမသာ လင်းရီ ပြိုင်ကားကြီးနှင့် လာမှန်း ကြိုသိပါက ဆိုင်ပိတ်မည်တောင် မဟုတ်ချေ။
"နားလည်မှု လွဲသွားတာပါ.." ဆိုင်ရှင်အမျိုးသမီးမှ ပြုံး၍ "ဘာပဲပြောပြော ဖောက်သည်ဆိုတာက နတ်ဘုရားပဲလေ..မောင်ငယ်လေးက အစ်မတို့ဆိုင် လာအားပေးမှတော့ အစောကြီးပိတ်လိုက်ရင် ဘယ်ကောင်းမှာ.."
"မဒမ် ခင်များဒီမှာဘာတွေ လာပြောနေတာ..ကျုပ်ဆိုင်ရှေ့လာပြီးတော့မှကို ဖောက်သည်လာခိုးနေတယ်ပေါ့လေ..."
ပြောလိုက်သူကတော့ ချစ်သူ့ပန်းဆိုင် ပိုင်ရှင်ပင်။
လင်းရီ ပြိုင်ကားကြီးနှင့် သူ့ဆိုင်ရှေ့ထိုးရပ်လာသည်ကို မြင်တော့ လင်းရီကို ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုရန် စဉ်းစားထား၏။ သို့သော်လည်း တစ်စုံတစ်ဦးမှ သူ့ဆိုင်ရှေ့ရောက်နေသည့် ဧည့်သည်ကို လာခိုးနေလိမ့်မည်လို့တော့ ထင်မထားခဲ့။
"ခိုးတယ်ဆိုတာက ဘာအဓိပ္ပာယ်တုန်း..."ဆိုင်ပိုင်ရှင် အမျိုးသမီးမှ အကြောမခံ ပြန်ပြောလိုက်ပြီး "သူက ငါတို့ဆိုင်ကို အရင်လာတာ..ဘယ်တုန်းက နင့်ဖောက်သည်ဖြစ်သွားတာတုန်း..."
"မင်းတို့ဆိုင်ပဲ ပိတ်ထားတာလေ..အဲ့တော့ သူငါ့ဆိုင်လာတာ ထူးဆန်းလို့လား..ဒီလိုကြီး လုပ်တာကတော့ လွန်လွန်းသွားပြီ..."
"ငါက သာမန်စီးပွားရေး..."
"ကဲ ကဲ တော်ကြတော့.."လင်းရီ ကူကယ်ရာမဲ့စွာဖြင့် "ခင်များတို့ဆိုင်မှာ ပန်းတွေဘယ်လောက်ကျန်သေးလဲ ..."
"ပန်းတွေ ၂,၀၀၀ လောက် ကျန်နေသေးတယ်..ပြီးတော့ ကျုပ်တို့မှာက ကိုင်ပိုင် ပန်းစိူက်တဲ့နေရာလည်း ရှိပြီးသား အားလုံး အဆင်ပြေအောင် လုပ်ပေးလို့ရတယ်..."
"အမယ်လေး ကျွန်မတို့ဆီမှာလည်း ပန်းစိုက်တဲ့ နေရာတွေ ရှိပါတယ်နော်..."ဆိုင်ပိုင်ရှင် အမျိုးသမီးမှလည်း အောက်ကျမခံ ပြန်ပြောလိုက်သည်။
"ကျုပ် ခင်များတို့မှာ ဘာတွေရှိတယ်ဆိုတာစိတ်မ၀င်စားဘူး..အကုန်ယူမယ်..မနက်ဖြန် ငါးနာရီ ထရပ်ကားတစ်စီးနဲ့ ကျုပ်ပို့ခိုင်းတဲ့ နေရာကိုသာ ရောက်အောင် ပို့ပေး..လုပ်ပေးနိုင်မလား..."
"အားလုံးယူမယ်..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အားလုံးပဲ..."
"အိုကေ အိုကေ..ကျုပ်တို့ အသင့်ပြင်ထားပေးမယ်..."ဆိုင်ရှင် နှစ်ဦးလုံးမှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
....
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီ ကျီချင်းရန်၏ ယွင်ရွှေဗီလာသို့ မောင်းလာခဲ့လိုက်၏။ သူရောက်လာသည့် အချိန်တွင်တော့ မနက်စာမှာ စားပွဲပေါ်တွင် အသင့်ဖြစ်နေလေသည်။
"နင် မစားရသေးဘူးမလား..လာလေ..လာစားချည်.."
အေပရွန်နှင့် ချက်ပြုတ်နေသည့် ကျီချင်းရန်မှာ လင်းရီရောက်လာသည်ကိုမြင်တော့ သူ၏ အိမ်တွင်းစီးဖိနပ်လေးကို သယ်လာခဲ့ပေး၏။
သူမပြောရင်း လင်းရီကို စူးစမ်းကြည့်လိုက်ပြီး "အမ်..နင်က လက်ဗလာနဲ့ လာခဲ့တယ်ပေါ့.."