← Chapters

အခန်း (၃၂၃)

Vol. 22 Ch. 323

အခန်း (၃၂၃)

Vol. 22 Ch. 323

"ငါက ဘယ်လိုလာခဲ့ရဦးမှာ...တခြားပစ္စည်း‌တွေယူခဲ့လို့ မင်းလည်း မပြောဘဲနဲ့..."

"အာ...အဲ့တာလည်း ဟုတ်သားပဲ.."

ကျီချင်းရန် ပုံမှန်ပြန်ဖြစ်သွားပြီး "မြန်မြန်၀င်လာပြီးနံနက်စာ ပူတုန်းလေး လာစားလှည့် ..ခဏနေဆိုရင် အေးကုန်တော့မှာ..."

ကျီချင်းရန်၏ နံနက်စာကတော့ ထုံးစံအတိုင်း ဟွာရှနှင့် အနောက်တိုင်းကို ရောနှော၍ ချက်ပြုတ်ထား၏။

ပြင်ဆင်ရန် လွယ်ကူလှပြီး စားလို့မြိန်သည့် နံနက်စာပင်။

စားသောက်ပြီးနောက် ကျီချင်းရန် အ၀တ်စားလဲရန် အပေါ်ထပ်သို့ တက်သွားခဲ့၏။ တစ်ချိန်တည်းတွင် သူမ ရင်ဘက်ထဲ၌ မျှော်လင့်တောင့်တမှုတို့ဖြင့် ပြည့်နှက်နေလေသည်။

"လင်းရီလို လူမျိုးက ပန်းစည်းကို သူနဲ့ အတူယူလာမှာ မဟုတ်လောက်ဘူး..သူ့ကားထဲမှာ ထည့်ထားတာပဲနေမှာ..အင်း..အဲ့လိုပဲ ဖြစ်ရမယ်..."

ကျီချင်းရန် ပြန်ဆင်လာသည့် အချိန်တွင်ဆော့ သူမ၏ အပြင်အဆင်မှာ လင်းရီကို မှက်တက်သွားစေခဲ့သည်။

"ဟမ်...ဒီကနေ့ကျမှ ဘာလို့ ဒီလောက်တောင် ပြင်ထားတာလဲဟ...."

ကျီချင်းရန်၏ အ၀တ်စားစတိုင်မှာ များများစားစား မပြောင်းလဲသွားသော်လည်း သူမ၏ မိတ်ကပ်ကတော့ အရင်နေ့များထက် အနည်းငယ် ထူပြောနေလေသည်။

ထို့ကြောင့် လှသည်မှာ မှန်သော်လည်း ယခင်ကလို ယဉ်ယဉ်လေးနှင့် လှနေသည်လို့တော့ မခံစားရတော့ချေ။

"ငါ့ရဲ့ သူငယ်ချင်းဒေါက်တာက ရောက်လာပြီလေ..ပြီးတော့ ဒီနေ့ပဲ ကုမ္ပဏီကို လာမှာ ..ဒါကြောင့်မို့ နည်းနည်းလေး ပိုလှ အောင်ပြင်ထားတာ.."

လင်းရီ သူမဘာတွေးနေလဲဆိုတာကို နားလည်ပေသည်။

"ဟင်းဟင်း...မင်းက အလှဘုရင်မလေး ဖြစ်ချင်နေတယ်ပေါ့..ဟုတ်တယ်ဟုတ်..."

"အိုက်ယား....နင်ကလည်း အဲ့လိုကြီး မပြောနဲ့လေ..ဒါက လေးစားသမှုနဲ့ပါနော်..တော်ပါ..နင့်ပြောလည်း နားလည်မှာမဟုတ်ဘူး.."

"မင်းက အလှဆုံးဖြစ်အောင် ပြင်ပြီးတော့မှ သူများကို အလှပုံရိပ်တွေနဲ့ ဖိနှိပ်ဦးမယ်....ပြီးတော့ လေးစားသမှုနဲ့လို့ကလည်း ပြောနေသေးတယ်..ကျွတ်..မင်းတို့ ‌ဓနရှင်တွေကတော့ မုသားကို ဘယ်လိုလှအောင် သုံးရမလဲဆိုတာ တကယ်သိတာပဲ..."

"နင်လည်း တူတူပဲ မဟုတ်လား..ယွမ်ယွမ်နဲ့ သူများတွေက နေ့တိုင်း အချိန်ပိုဆင်းနေရတယ်..ဒါကိုတောင်မှ နင်က ကမ္မပြုတယ်ဆိုပြီး ပြောနေသေးတယ် မဟုတ်ဘူးလား... "

"ဟီးဟီး..."

"ရပြီ..ဒီအကြောင်းတွေ ဆက်မပြောတော့ဘူး...ငါ့ကို အလုပ်လိုက်ပို့ပေးတော့.."

ကျီချင်းရန် သူမ၏ မျှော်လင့်တောင့်တမှုများကို ဖုံးကွယ်လျက် ပြောလိုက်သည်။

သိူ့သော်လည်း သူမစိတ်ထဲတွင်တော့ နှင်းဆီများနှင့် ပြည့်နှက်နေသည့် မြင်ကွင်းကို မြင်ယောင်နေမိပြီး ဖြစ်၏။

သူမ စိတ်လှုပ်ရှား၍မဖြစ်။ တည်ငြိမ်ဟန် ထိန်းထားရပေမည်။ မဟုတ်ပါက သူမယခင်က လင်းရီကိုကြွားထားသမျှ အားလုံး သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။

အင်း..ဟုတ်တယ် ဒီလိုပဲ..

သူမကိုယ်သူမ ထိုသို့ တွေးတောရင်း နှစ်သိမ့်နေသော်လည်း မနေနိုင်စွာဖြင့် အနည်းငယ်တော့ စိတ်လှုပ်ရှားမိလေသည်။

သူမ ကြိုတင်၍ အော်ဒါတောင်တင်ထားသည်ကို ကြည့်ချင်းအားဖြင့် ကျီချင်းရန် မည်မျှ ပျော်ရွှင်နေလဲဆိုတာ သက်သေပြရန် လုံလောက်ပေသည်။

အပြင်သို့ ရောက်သောအခါ ကျီချင်းရန် တံခါးဖွင့်၍ ကားထဲသို့ ၀င်လိုက်၏။ သို့သော်လည်း မျှော်လင့်ထားသည်နှင့် မကိုက်ညီစွာ ကားထဲ၌ ဗလာကျင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ ကားထဲတွင်တော့ မည်သည့်ပန်းစည်းကမျှ ရှိမနေခဲ့ချေ။

မျှော်လင့်ချက်အများကြီး ထားမိပြီးမှ ဖြစ်မလာသည့် အချိန်တွင် ကျီချင်းရန် အင်မတန်မှ ၀မ်းနည်းကြေကွဲသွားပြီး မျက်လုံးထဲတွင် မျက်ရည်များပင် အနည်းငယ် ဝေ့သီလာခဲ့သည်။ နောက်ဆုံး ကောက်ရိုးလေးတစ်မျှင်အဖြစ် ကားတစ်ခုလုံး နှံ့စပ်စွာ ကြည့်ရှုမိ၏။

သူတကယ်ကြီး မပြင်ဆင်လာခဲ့ပေးဘူးပေါ့..

ထုံးစံအတိုင်း အနှီလင်းရီကတော့ သူမကို ဥပေက္ခာပြုထားချေပြီ။

"ထားပါ..လင်းရီက အမြဲတမ်း အိုက်တိုင်းပဲမဟုတ်လား..မပြင်ဆင်လာခဲ့ပေးရင်တောင်မှ ထွေထူးကြီး ကိစ္စကြီး မဟုတ်ပါဘူးလေ.."ကျီချင်းရန် သူမကိုယ်သူမ ထိုသို့တွေးရင်း ရင်ထဲတွင် နှစ်သိမ့်လိုက်သည်။

နာရီ၀က်ကြာပြီးနောက် လင်းရီတို့ ချောင်ရန်အုပ်စုသိူ့ ရောက်လာခဲ့၏။

"ဒီနေ့တော့ ကုမ္ပဏီရှေ့မှာပဲ ရပ်လိုက်တော့ ..ငါ့သူငယ်ချင်းက အဲ့မှာ စောင့်နေနှင့်ပြီးသား..."

"အိုကေလေ.."

လင်းရီ ကားကို အပေါက်၀သို့ မောင်းသွားလိုက်သောအခါ လှပသည့် မိန်းကလေးတစ်ဦး အပေါ်၀ရှေ့တွင် ရပ်တန့်နေသည်ကို မြင်လိုက်၏။ သူမ၏ ဆံပင်ကိုတော့ နောက်တွင် ထုံးထားပြီး ကျီချင်းရန်၏ အလှအောက် မဆိုစလောက်လေးသာ နိမ့်ကျပေသည်။

လမ်းတွင်တော့ ကျီချင်းရန်မှ သူမ၏ သူငယ်ချင်းဒေါက်တာ၊ လုထျန်အကြောင်း အများကြီး ပြောပြထားခဲ့၏။ ဟော်ယွမ်ယွမ်လည်း သူမနှင့် အများကြီးရင်းနှီးသည်ဆိုပင်။

"ထျန်ထျန် ..ဆောရီးပါနော်...ကားကကြပ်နေလို့ အကြာကြီး စောင့်စေမိပြီ..."ကျီချင်းရန် အားနာနေဟန်ဖြင့် ပြောလိုက်သည်။

"မယုံပါဘူး.."လုထျန် အပြုံးလေးဖြင့် ပြောလိုက်ပြီး

"နင် မိတ်ကပ်လိမ်းနေလို့ ကြာနေတာ မဟုတ်လား...ကျောင်းတုန်းကလည်းး အမြဲတမ်း ဒီလိုချည်းပဲ..တစ်ခုခုရှိပြီဆို နင်ပဲ မိတ်ကပ်အလိမ်းဆုံး.."

"အိုက်ယား..တကယ်ကြီး ကားကြပ်နေလို့ပါဆိုနေ...နင်ကလည်း.."ကျီချင်းရန် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။

ဒီကောင်မကတော့လေ...လင်းရီက ဒီမှာရှိနေပါတယ်ဆိုနေမှ ဘာလို့ နောက်ကြောင်းတွေ ပြန်ဖော်နေမှန်းလဲ မသိဘူး...

"အင်းပါ အင်းပါ..မပြောတော့ပါဘူးနော်..."လုထျန်း အပြုံးလေးဖြင့် ပြောလိုက်၏။

"နင့်ရဲ့ ကောင်လေးက တယ်မဆိုးပါလား...လွိုင်ကန် မောင်းရုံတင်မကသေးဘူး.အရမ်းလည်း ချောသေးတယ်..."

ထိုသို့ပြောပြီးနောက် လုထျန် ညာလက် ဆန့်ထုတ်၍ "ဟယ်လို ကျွန်မက လုထျန်ပါ.... ရှင့်အကြောင်းတွေ ကတော့ ချင်းရန် ကြွားထားတာမှ နားနဲ့ မဆံ့လောက်အောင်ပါပဲ... "

လင်းရီလည်း လက်ဆွဲနှုတ်ဆက်လိုက်ပြီး "လင်းရီပါ...ချင်းရန်လည်း မိန်းကလေးအကြောင်း အများကြီး ပြောဖူးလို့ သိနေတာ ကြာပါပြီ..."

ရှက်ရွံ့နေသည့် ကျီချင်းရန်မှာတော့ အရှက်မပြေသေးဟန်ဖြင့် "ရပြီ အထဲ၀င်ကြစို့..သူက လုပ်စရာတွေ ရှိသေးတယ်..ငါတို့ဘာငါတို့ သွားကြမယ်..."

"အင်း..သွားစို့လေ.."

ကျီချင်းရန် နောက်သို့ လှည့်လိုက်ပြီး လင်းရီကို ကြည့်ကာ "ငါတို့ သွားတော့မယ်နော်..ဖြည်းဖြည်းမောင်း..သတိလေး ဘာလေး ကပ်ပြီးလည်း မောင်းဦး..."

လင်းရီ တုံ့ပြန်သည့် အနေဖြင့် ခေါင်းညိမ့်ပြပြီး အိုကေလက်ဟန် ပြုလုပ်လိုက်သည်။

နှစ်ယောက်သား ရုံးခန်းထဲသို့ ၀င်သွားသည်ကို မြင်တော့ လင်းရီလည်း ထိုနေရာမှ မောင်းထွက်လာခဲ့၏။

ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကိုပြန်လည်မြင်ယောင်ရင်း ကျီချင်းရန်မှာလည်း အခြားငယ်ရွယ်သော မိန်းမငယ်လေးများ၏ နှလုံးသားနှင့် ထူးမခြားနားကြောင်း သတိထားမိသွားသည်။

အပြင်ဘက်တွင် အေးစက်စက်ရှိသော်လည်း ရင်ဘက်ထဲတွင်တော့ နွေးထွေးကြင်နာမှုရှိ၏။ မိန်းမသားဆန်ပြီး တစ်ခါတစ်ရံ မွေးကင်းစ ကလေးလေးကဲ့သို့လည်းဖြူစင်နုနယ်လွန်းသည်။ ထို့ပြင် အလှအပကလည်း ကြိုက်နှစ်သက်သေး၏။

ထိုအကြောင်းစဉ်းစားရင်း လင်းရီ ပြုံးပြီးကြည်နူးနေဟန်ဖြင့် ခေါင်းခါရမ်းလိုက်သည်။

နှစ်ယောက်သား အဆောက်အဦးထဲသို့ ၀င်ရောက်လာသောအခါ လုထျန်မှ ပြုံး၍ ကျီချင်းရန်ကို ကြည့်ကာ "ရန်တက္ကသိုလ်ရဲ့ အလှဘုရင်မလေးရဲ့ နှလုံးသားကို သိမ်းပိုက်စိုးမိုးထားနိုင်တဲ့သူဆိုတော့ အတော်လေးကို တမူထူးမယ်နဲ့တူတယ်....ချောတာကတော့ အရမ်းချောတယ်.."

"အိုက်ယား...နင်ကလည်း ‌ဘာတွေ လာပြောနေတာ..‌ရုပ်ချောတိုင်းလည်း အရာရာ မဟုတ်ပါဘူးဟဲ့..."

"သူကနင့်နှလုံးသားကို ဘယ်လိုသိမ်းပိုက်သွားခဲ့တာ..."

လုထျန် စနောက်ချင်နေဟန်ဖြင့် "ကြည့်ရတာတော့ အချိုတွေ အများကြီး ကျွေးခံထားရတယ်နဲ့တူတယ်..နှင်းဆီတို့ စိန်လက်စွပ်တို့လိုမျိုးပေါ့..."

"အလကားပါဟယ်..အဲ့တာတွေ ၀ယ်ပေးဖို့နေ‌နေသာသာ သူက သစ်တုံး ခေါင်းကြီး ရိုလည်း မရိုတတ်ဘူး..."

ထိုအချိန် သူမစိတ်ထဲတွင်တော့ လင်းရီကို အားပါးတရ ကျိန်ဆဲနေလေသည်။ အကယ်၍ လင်းရီသာ နှင်းဆီပန်း တစ်စီးလောက်လေးပဲဖြစ်ဖြစ် ယူလာပေးခဲ့မည် ဆိုပါက သူ့ကို အင်မတန် ရိုဆန်သည့်လူဟု ကြွားဝါ၍ ရပေဦးမည်။

သိူ့သော်လည်း သူမရင်ထဲရှိ အရှက်ရမှုကို ပြေပျောက်စေရန် ထိုအတွေးများကို ခေတ္တ ဘေးချိတ်ထားလိုက်ရ၏။

"မဖြစ်နိုင်လိုက်တာ...." လုထျန်၏ အသံ အနည်းငယ် မြင့်သွားခဲ့ပြီး "နင်က ရိုမဆန်တတ်တဲ့သူက်ု မကြိုက်ဘူးလို့ ငါထင်ထားတာကော..မှတ်မိပါသေးရဲ့.. ငါတို့ ကျောင်းတုန်းက ကိုးရီးယားကားတွေ အတူကြည့်တုန်းက နင်ပဲ မင်းသားက မင်းသမီးကို ပန်းစည်းလေးတွေ လက်ဆောင်ပေးရင် အူတွေ အသည်း‌တွေ ယားနေတာမဟုတ်ဘူးလား...ခုတော့ ဘယ်လိုဖြစ်သွားခဲ့တာ..ရုပ်ချောတာနဲ့‌ပဲ မင်က အလျှော့ပေးလိုက်တယ်ပေါ့လေ... "

"မဆိုင်ပါဘူး..ငါကိုက အဲ့လိုမျိုးတွေ မကြိုက်တာပါနော်.."ကျီချင်းရန် ရင်ထဲမှ မပါစွာဖြင့် ပြောလိုက်၏။

"အင်း အင်း ..ကားတစ်စီးနဲ့တင် လုံလောက်နေပါပြီလေ..."

"‌တော်စမ်းပါဟာ..အဲ့တာတွေ ပြောမနေနဲ့တော့ ...ငါ့ရုံးခန်းထဲမှာ သွားပြီး စကားသွားပြောကြရအောင် မတွေ့တာတောင် ဘယ်လောက်ကြာနေပြီလဲ..."

ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် ကျီချင်းရန် သော့ဖြင့် ရုံးခန်းတံခါးကို ဖွင့်လိုက်သည်။

ရုတ်ချည်းဆိုသလို ရုံးခန်းထဲမှ မွှေးကြိုင်သည့် ပန်းရနှံ့များ နှာသီး၀သို့ သင်းထုံလာခဲ့၏။

ကြီးမားသော ရုံးခန်းကြီးမှာ နှင်းဆီးပန်းတို့ဖြင့် ပန်းပင်လယ်ကြီးသဖွယ်ဖြစ်နေပြီး သူမ စားပွဲ‌ခုံနေရာမှလွဲ၍ နေရာတိုင်းတွင် ပြည့်နှက်နေလေသည်။

ဒါ...ဒါ သူလုပ်ပေးထားတာလားဟင်...

သူမ ပန်းစည်းလိုချင်သည်ဆိုသော်ငြား လင်းရီမှ မထင်မှတ်ထားစွာဖြင့် ပန်းပင်လယ်ကြီး ပြင်ဆင်ထားပေးလိမ့်မည်လို့ ထင်မထားခဲ့ချေ။

"ချင်းရန်..နင်က လျှောက်ပြောနေတယ်ပေါ့လေ..သူက နှင်းဆီပန်းတွေ ဒီလောက်အများကြီးနဲ့ စပရိုက်လုပ်ပေးတာတောင်မှ နင်က ရိုမဆန်တတ်တဲ့သူလို့ ပြောနေသေးတယ်ပေါ့...ဒီက အားတွေ ကျနေပါပြီ ."လုထျန် နာကျင်နေဟန်ဖြင့် ပြောလိုက်သည်

"ဟွန့်..ကောင်စုတ်ကတော့ ဘာလို့ ဒီလောက်အများကြီးလုပ်ထားတာလဲကို မသိဘူး..အလကား အလဟဿ ဖြစ်အောင်လို့..."ကျီချင်းရန် ဒေါသထွက်နေဟန် ဆောင်လိုက်ပြီး "ငါက ဒီလိုမျိုး‌တွေလုပ်တာကို မကြိုက်ပါဘူး ဆိုနေမှ..."

"ဟန်ဆောင်နေတယ်..နင်တို့လိုလူတွေကို ငါအမုန်းဆုံးပဲ သိလား .နှုတ်ကသာ မလိုချင်ဘူး ပြောနေပြီးတော့မှ ခန္ဓာကိုယ်ကတော့ ဘယ်လောက်တောင် လိုချင်လို့ ဆတ်ဆတ်ခါနေလဲဆိုတာ မဖုံးကွယ်နိုင်တဲ့ဟာတွေ..."

လုထျန်ပြောလိုက်၏။

"နင်အိပ်ရာထဲမှာလည်း အဲ့တိုင်းပဲလား...သူ့ကို တင်းတင်း ဖက်ထားပြီးတော့ ပါးစပ်ကနေ ရပ်ပါတော့ လို့ ‌အကျယ်ကြီး အော်နေတယ် ဟုတ်တယ်ဟုတ်..."

ကျီချင်းရန် ချက်ချင်းဆိုသလို မျက်နှာ နီရဲသွားခဲ့ပြီး "ငါ...ငါ မဟုတ်ပါဘူးနော်..ပေါက်တတ်ကရတွေ လာမပြောနဲ့..."

နှင်းဆီ ပင်လယ်ကြီးကို ကြည့်ရင်း ကျီချင်းရန် ရင်ထဲတွင်တော့ သူမ၏ ခံစားချက်များကို ဖိသိပ်ရန် ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ နားလည်သွားတော့သည်။

သူမ သူငယ်ချင်းရှေ့တွင် ကြွားဝါရန် ပန်းတစ်စည်းလောက်လေးသာ လိုချင်သော်လည်း လင်းရီမှ စပရိုက်အကြီးကြီး လုပ်ပေးလိုက်လိမ့်မည်လို့တော့ ထင်မထားခဲ့။

သူမ အော်လန်ဒိုတွင် မြင်းရုပ်စီးစဉ်ကလည်း ထို့အတူပင်။

လင်းရီမှ သူမကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့။

ထိုကဲ့သို့သော ယောက်ျားမျိုး၌ သူမတစ်ဘ၀လုံးကို ပုံအပ်ရန် ထိုက်တန်လေသည်။

All Chapters