← Chapters

အခန်း(၃၂၅)

Vol. 22 Ch. 325

အခန်း(၃၂၅)

Vol. 22 Ch. 325

"ခင်များတို့က ကျုပ်ကို ကွန်ပလိန်းတက်တော့မယ်..."

လင်းရီ ရယ်မောလိုက်ပြီး "ကျုပ်ကမှ ခင်များတို့ကို ကွန်ပလိန်းတက်သင့်တာ.."

"ဟမ့်..ကိုယ့်အဆင့်ကိုယ်သိရင် ဒီလိုစကားတွေ မပြောဘူး.."လီရှောင်းယွီမှ ပြန်ချေပလိုက်၏။ သူမဘက်ကတော့ တစ်ပြားမှ အလျှော့မပေးချေ။

"နင်က Didi ရဲ့ကားလည်း မောင်းလာသေးတယ်..ပြီးတော့ ငါတို့ကိုလည်း ခြိမ်းခြောက်ငွေညစ်ချင်သေးတယ်.."

"ဆိုတော့ ဒီလိုပေါ့.."ဟွမ်ဟော်ဆုန်း သတိပြုမိသွားပြီး "မင်းက ကုမ္ပဏီကားနဲ့ ငါတို့ကို လာပြီး လိမ်ရိုက်ချင်နေတယ်ပေါ့လေ.."

"ဟုတ်တယ်လေ..Didi မှာ ဇိမ်ခံကား ၀န်တောင်မှုဆိုတာ သပ်သပ်ရှိတယ်...ဆိုတော့ဒီကားက သေချာပေါက် ကုမ္ပဏီကားပဲ.."လီရှောင်းယွီမှ ပြောလိုက်သည်။

"သေချာတာပေါ့..မဟုတ်ရင် ဘယ်သူက စူပါကားကြီးနဲ့ Didi ပြေးမှာ..ဒီတော့ ဒီကောင်တစ်ချိန်လုံး ငါတို့ကို လေရိုက်နေတာပေါ့..ငိုးပဲကွာ.."ဟွမ်ဟော်ဆုန်း ပြောလိုက်၏။

လီရှောင်းယွီ ရင်ဘက်ရှေ့တွင် လက်ကို ပိုက်လျက် "ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေနဲ့ ငါတို့ အငြင်းအခုန် မလုပ်ချင်ဘူး..ဒီတော့ မြန်မြန်လစ်လိုက်တော့ ..ငါတို့တာ ကွန်ပလိန်းတက်လိုက်ရင် နင် အလုပ်ဖြုတ်ခံရရုံတင် မကဘူးနော်..ထောင်ပါကျသွားနိုင်တယ်...ငါတို့ဘက်က သတိမပေးဘူးလို့ လာမပြောနဲ့.."

"ဟားဟား..ကျုပ်ဘက်က ထွက်သွားပေးဖို့ ဆိုရင်တော့ မျှော်မနေနဲ့တော့...ကွန်ပလိန်းတက်ချင်ရင် တက်လို့ရတယ်...ခင်များတို့ ကျုပ်ကို ထောင်ထဲ ဘယ်လိုပို့မလဲဆိုတာ တွေ့ချင်စမ်းပါဘိ..."

"ရတယ်..နင်စောင့်နေ...ခုပဲ ကွန်ပလိန်းတက်ပြမယ်.."

လီရှောင်းယွီဖုန်းထုတ်လိုက်ပြီး Didi ၏ ကွန်ပလိန်းတက်လို့ရသည့် ဌာနဖုန်းနံပါတ်ကို ရှာတွေ့သွားသည်။

"Didi ကလား..ကျွန်မ ရှင်တို့ရဲ့ သောက်ချိုးကမပြေ အပေါက်လည်းဆိုးတဲ့ ဒရိုင်ဘာကို ကွန်ပလိန်းတက်ချက်လို့..သူ့ရဲ့ လိုင်စင်နံပါတ်ပြားက HU ANB 666"

"ဟုတ်တယ်...ကျွန်မ အမြင်မမှားဘူး..သူ့နံပါတ်က HU ANB 666 ...ပြီးတော့ လွိုင်ကန်အနီလေး..အဲ့ဒရိုင်ဘာက ပါဆင်ဂျာတွေကို ခြိမ်းခြောက်ငွေညစ်နေတယ်...ရှင်တို့ဘက်က သေချာလေးကိုင်တွယ်ပြီးတော့ ကျွန်မတို့ရဲ့ စိတ်ထိခိုက် နစ်နာမှုအတွက် လျော်ကြေးပေးရမယ်..."

"ကျွန်မတို့ခု ဖူကွေ့အိမ်ရာရဲ့ အ၀င်၀မှာ..၀င်တာနဲ့တင် လှမ်းမြင်နေရတဲ့ နေရာမှာ..."

"အိုကေ..."

"မိန်းမ..သူတို့ဘက်က ဘာပြန်ပြောလဲ..."ဟွမ်ဟော်ဆုန်း မေးမြန်းလိုက်၏။

"Didi က အရမ်းကို ၀န်တောင်မှုကောင်းတယ်..သူတို့ ဒရိုင်ဘာက လူတွေကို ခြိမ်းခြောက်ငွေညစ်နေတယ်လို့ ပြောသံလဲကြားရော တစ်ခါတည်း ဖြေရှင်းဖို့ လူတစ်ယောက် လွှတ်လိုက်ပါပြီတဲ့...."

လီရှောင်းယွီမှ ပြောပြလိုက်၏။

"အင်း ငါတို့ သွားစရာ ရှိသေးတယ်ဆိုပေမယ့် ဒီကောင့်ကို သေချာလေး စောင့်နေရအောင်ကွာ..တော်ကြာ ထွက်ပြေးသွားမှဖြင့်..."

"ဟုတ်တယ်..သူ့ကို ကျွန်မတို့ စိတ်ထိခိုက် နစ်နာကြေးအတွက် လျော်ကြေးတောင်းရမယ်.."

မျက်လုံးပါသည့် လူတိူင်း ထိုလင်မယား မျက်နှာပေါ်ရှိ မောက်မာမှုများကို အထင်းသား မြင်တွေ့နိုင်လေသည်။

ဘေးမှ ရပ်ကြည့်နေသည့် အဘွားအို တစ်ဦးမှ "လူလေး..အဘွားအထင်တော့ လူလေးမြန်မြန် ထွက်ပြေးတာ ကောင်းမယ်လို့ ထင်တယ်နော...သူတို့နဲ့ ရှုပ်လို့ အကျိုးရှိမှာ မဟုတ်ဘူး.."

"အမ်..ဘာလို့ တုန်း အဘွားရဲ့..သူတို့က ခြေလေးချောင်းနဲ့ လက်ခြောက်ဖက် ပါနေလို့လား."

"အဲ့လင်မယားနှစ်ယောက်က အဘွားတို့ရပ်ကွက်မှာ သူတောင်းစားဆိုရင်တောင်မှ သူတို့နဲ့ ပြဿနာတက်ရင် ခွက်ပါသိမ်းလို့ ပြောနေရတာ..လူလေးနား ငွေတွေ အများကြီး ညစ်မှာဆိုးလို့ပါကွယ်....."

"အဆင်ပြေပါတယ်...ကျုပ်ကံကို ယုံကြည်တယ်..."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

ရပ်ကြည့်နေသူများကတော့ ခေါင်းခါရမ်းမိလိုက်ကြသည်။ အနှီလူငယ်လေးမှာလည်း မဟုတ်မခံ စိတ်ထားရှိသည့်ပုံပင်။

"အံမာ...နင်က သတ္တိတော့ ဘယ်ဆိုးလို့လည်း..နင်တို့ သူဌေးလာမှ အမြီးကုပ်ပြီး ထွက်မပြေးနဲ့..."လီရှောင်းယွီမှ ခါးထောက် ပြောလိုက်ပြီး "နင့်လိုမျိုး ကုမ္ပဏီကားကြီးနဲ့ လူကို ပတ်လိမ်ရဲတဲ့ သတ္တိကိုတော့ လေးစားမိတယ်...ထောင်ထဲ အကြာကြီး နေဖို့သာ ပြင်ထားပေတော့..."

"‌ဟျောင့်..ငါမင်းကို ခက်ခဲအောင် မလုပ်ချင်ဘူးကွာ..ယွမ်တစ်သောင်းပဲပေးလိုက်..ငါတို့ဘက်က ကြေအေးပေးမယ်..."

ဟွမ်ဟော်ဆုန်းမှ ပြောလိုက်၏။

"ခင်များဒီကိစ္စကို ဆက်မလိုက်ဘူးဆိုရင်တောင်မှ ကျုပ်ကတော့ ဆက်လိုက်ဦးမှာပဲ.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ခင်များတို့ကောင်တွေ လူပါး၀တယ များနေပြီ..ဒီတစ်ခါတော့ မှတ်လောက်သားလောက်ဖြစ်အောင် ဆူံးမပေးရမယ်.."

"ဟားဟား...လိုး ..မင်းက ငါတို့ကို လူပါး၀တယ်လို့ ပြောနေတယ်.."ဟွမ်ဟော်ဆုန်း အသံမြင့်၍ မေးလိုက်ပြီးပြီး "မင်းဒါငါတို့ရဲ့ ကိုယ်ကျင့်တရားကို စော်ကားနေတာပဲကွ..အစကတော့ တစ်သောင်းလောက်နဲ့ ကြေအေးပေးမလို့ပဲ..ခုတော့ မရတော့ဘူး..နှစ်သောင်းဖြစ်သွားပြီ.."

"ကျပ်မပြည့်တဲ့ကောင်တွေက နှစ်တိုင်းလိုလို ရှိတယ်..ဒါပေမယ့် ဒီနှစ်ကတော့ ပိုများတယ်..ခင်များတို့ရဲ့ အရှက်မရှိပုံက ကျုပ်အမြင်ကို ကျယ်သွားစေတာပဲ..."

"နင်နဲ့ စကားစစ်ထိုးရမှာ ပျင်းတယ်..တာ၀န်ရှိသူတွေ လာရင် နင့်ဘက်က လျော်ပေးဖို့သာ ပြင်ထား."လီရှောင်းယွီမှ ပြောလိုက်၏။

မိနစ်နှစ်ဆယ်ခန့် စောင့်ဆိုင်းပြီးနောက် ဘန်ထလေ တစ်စင်းနှင့် BMW 7 စီးရီးတို့မှာ အထဲသို့ ရောက်လာကြပြီး လင်းရီ၏ လွိုငါကန်ဘေး၌ ရပ်တန့်လိုက်၏။

ကားတံခါးများ အသီးသီးပွင့်လာခဲ့ပြီး အထဲမှ လူတစ်ဒါဇင်ခန့် ထွက်လာခဲ့ကြလေသည်။

လင်းရီ သူတို့ကို တစ်ချက် အကဲခတ်ကြည့်လိုက်၏။ သိူ့သော်လည်း တစ်ယောက်တစ်လေကိုမျှ မှတ်မိနေခြင်းမရှိခဲ့။

ဟွမ်ဟော်ဆုန်းနှင့် လီရှောင်းယွီတို့ကတော့ ဘန်ထလေထဲမှ ထွက်လာသည့် လူကို မြင်တော့ အူးယားဖားယား ပြေးသွားကြပြီး " ခင်များက Didiရဲ့ ဘော့စ်မလား..ကျုပ် ခင်များတို့ရဲ့ ကားနဲ့ လူတွေကို လိမ်ရိုက်နေတဲ့ ဒရိုင်ဘာကို ရီပို့တင်ချင်လို့..ဒီကိစ္စကို သေချာလေးကိုင်တွယ်ပေးပါ.."

ဟွမ်ဟော်ဆုန်းမှ ပြောလိုက်သည်။

" ခင်များ အထင်‌လွဲနေပြီနဲ့ တူတယ်..."

ပြောလိုက်သူကတော့ အနည်းငယ် ၀ဖိုင့်နေပြီး Didi လက်အောက်ခံ ကျိုးဟိုင်စီးပွားရေးဌာန၏ တာ၀န်ရှိသူ ရန်ချောင်ပင်။ သူလည်း မကြာသေးမီကမှ ရာထူးတိုးလာသူဖြစ်၏။

"အထင်လွဲတယ်.. ဘာကို ဘယ်လိုလုပ်ပြီး အထင်လွဲရမှာ..."

"အခြေနေက ရှင်းရှင်းလေးရယ်..ကျုပ်က အော်ဒါတင်ပြီး သူ့ကို လာကြိုခိုင်းတယ်..ရောက်လာတော့ သူ့ကား ဘော်ဒီမှာ အစင်းရာတွေ ထင်နေလို့ အလျော်ပေးပါမတဲ့...ဒီလောက် ရှင်းလင်းမြင်သာနေတာကိုတေယင်မှ ခင်များတို့က သူ့ကို ကာကွယ်ပေးဦးမယ်လို့တော့ လာမပြောနဲ့.."

"ကြည့်ရတာတော့ ဒီကိစ္စ မကိုင်တွယ်ခင် ခင်များတို့ကို ဒါရိုက်တာလင်းနဲ့ မိတ်ဆက်ပေးလိုက်မယ်....."

ရန်ချောင် ကိုယ်နေဟန်ထား ဖြောင့်မတ်လိုက်ပြီး "ခင်များတို့ ရှေ့မှာ ရှိနေနဲ့သူက Didi ရဲ့ ဒုတိယအများဆုံး ရှယ်ရာပိုင်ရှင်..ဒါရိုက်တာလင်းပဲ..Didi မှာက ဇိမ်ခံကား ၀န်ဆောင်မှုရှိတယ်ဆိုတာ မှန်ပေမယ့် သန်း၆၀ ကျော်တန်တဲ့ လွိုင်ကန်ကြီးကိုတော့ ကျုပ်တို့လည်း မတတ်နိုင်ဘူး... "

"ရှင်းအောင် ပြောရမယ်ဆိုရင် ဒီရဲ့ လွိုင်ကန်က ကုမ္ပဏီကား မဟုတ်ဘူး..ဒါရိုက်တာလင်းရဲ့ ကိုယ်ပိုင်ကားပဲ..ဒီတော့ ဒါရိုက်တာလင်းက ကုမ္ပဏီကားမောင်းပြီးတော့ ခင်များတို့ကို လိမ်နေတာလည်း မဟုတ်ဘူး..."

"ဒုတိယအနေနဲ့..ဒါရိုက်တာလင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ခင်များတို့လို ပါမွှားလေးတွေကို လိမ်စရာ အကြောင်းကို မရှိတာ..ဒါကြောင့်မို့ ကုမ္ပဏီက ဒါရိုက်တာလင်းရဲ့ ဂုဏ်သတင်းကို ကာကွယ်တဲ့ အနေနဲ့ ဒီကိစ္စကို အဆုံးထိလိုက်ဖို့ စီစဉ်ထားတယ်.."

တိတ်ဆိတ်ငြိမ်သက်...

ထိုအခိုက်အတန့်တွင် ပတ်၀န်းကျင်ရှိလူတိုင်း ကြက်သေသေသွားကြကာ ပါးစပ်အဟောင်းသားလေးများ ဖြစ်နေကြ၏။

ဟွမ်ဟော်ဆုန်းနှင့် လီရှောင်းယွီတို့မှာလည်း မျက်နှာ သွေးပျက်သွားခဲ့ကြသည်။

"မင်း..မင်းဘာပြောလိုက်တယ်...သူက Didi ရဲ့ ဒုတိယအကြီးဆုံး ရှယ်ရာပိုင်ရှင်..."

"အမှန်ပဲ...ရှယ်ရာတန်ဖိုးက ဆယ်ဘီလီယမ်လောက် ရှိတယ်..."

ရန်ချောင် နှာခေါင်းရှုံ့လိုက်ပြီး "ဟမ့် ဒါနဲ့များ မစ္စတာလင်းက လိမ်ရိုက်နေတယ်ဆိုပြီးတော့ အပုတ်ချနေတယ်ပေါ့..ဘယ်လိုတောင် သောက်အဓိပ္ပာယ် မရှိလိုက်လဲ..."

ဟစ်....

လင်းရီ ဘယ်သူလဲဆိုတာ ကြားသိသွားသည့် အချိန်တွက်တော့ လူတိုင်း လေအေးတစ်ရှိုက် ရှူသွင်းလိုက်ကြရသည်။

သူက ဒီလောက် ဥစ္စာပေါ ရုပ်ချောဖြစ်နေတာတောင်မှ Didi ပြေးနေတယ်တဲ့လား..အတော်လေး အားယားနေတာလားကွ...

"ကျုပ်..ကျုပ်တို့...."

ဟွမ်ဟော်စုန်း ပါးစပ် ဟစိဟစိ ဖြစ်နေသော်လည်း ပြောစရာစကား ရှာမရခဲ့ပေ။

ဘာတွေ ဖြစ်နေတာလဲဟ..ငါကကော ဘာလို့ ဒီလောက် ပါဝါကြီးတဲ့သူနဲ့ လာဆုံနေရတာလဲဟ...

"ဒါရိုက်တာလင်း..စိတ်မရှိပါနဲ့ဗျာ..ကျွန်တော်တို့ ဒီကိစ္စကို သေချာလေး ကိုင်တွယ်လိုက်ပါ့မယ်ဗျ..."

ရန်ချောင်မှ ရိုကျိုးစွာဖြင့် ပြောလိုက်သည်။

"အင်း..ဒီလိုကိစ္စတွေဆိုတာက တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖြေရှင်းမှ ရမှာ..."လင်းရီ ပြောလိုက်ပြီး "ခုခေတ် ပါဆင်ဂျာ‌တွေကို လုပ်ငန်းရှင်တွေက ဖောက်သည်ကသာလျှင် နတ်ဘုရားပါလို့ သမုတ်ထားတော့ အတော်လေး အကြောက်လန့်ကင်းနေကြတယ်...မင်းတို့ ဒီကိစ္စကို လွယ်လွယ်လေးနဲ့ အဆုံးသတ်ပေးလိုက်လို့ လုံး၀ လုံး၀ မဖြစ်ဘူးနော်..အပြင်းထန်ဆုံး ကိုင်တွယ်ပေးတယကို ငါရချင်တယ်.... "

"နားလည်ပါပြီဗျ."

"အိုး ဟုတ်သားပဲ..သူတို့က်ု ကားလျော်ကြေးကော ရအောင်တောင်းလိုက်..."

"ဟုတ်ကဲ့..စိတ်ချပါခင်ဗျ.."

"မ..မလုပ်ပါနဲ့..."

ဟွမ်ဟော်ဆုန်း လင်းရီလက်မောင်းကို ဆွဲပြီး မြေပြင်ပေါ်တွင် ဒူးထောက်လျက် "ဒါရိုက်တာလင်း...ကျေးဇူးပြုပြီး အခွင့်ရေးလေး တစ်ခါလောက် ပဲ ပေးပါဗျာ..ကျုပ်မှာ တကယ့်ကို လျော်စရာ မရှိလို့ပါ"

လင်းရီကတော့ လက်ကို ခါချကာ တစ်ခွန်းမျှမဆိုဘဲ မောင်းထွက်သွားလိုက်၏။

ရန်ချောင်မှ ထိုကိစ္စကို ကိုင်တွယ်ပေးလိမ့်မည်။ သူ့ အာရုံစိုက်ရန် ဘာမျှ မလိုအပ်ချေ။

ရပ်ကွက်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ အော်ဒါများ ဆက်လက် လက်ခံလိုက်သည်။

တစ်နာရီထိုးသည့် အချိန်တွင်တော့ လင်းရီ အော်ဒါခြောက်ခု လက်ခံခဲ့ပြီး ကီလို၈၀ ကျော်အထိ မောင်းနှင်ပြီးဖြစ်၏။ သို့တိုင်အောင် ကြယ်ငါးပွင့်ရီဗျူးမှတော့ တစ်ခုတည်းသာလျှင်ရရှိခဲ့သည်။

ယခု လင်းရီအတွက်တော့ ကြယ်ငါးပွင့်ရီဗျူး ရခြင်းမရခြင်းက အရေးမကြီးတော့ချေ။ စနစ်၏ မစ်ရှင်မှာ မောင်းနှင်သည့် ကီလိုမီတာ အပေါ် မူတည်နေသောကြောင့် သူ့အား ဒုက္ခပေးခဲ့သည့် ထိုရီဗျူးများကို ယီးပဲဟု အားပါးတရ ဆဲဆို၍ ရချေပြီ။

တစ်မနက်ခင်းလုံး အလုပ်လုပ်ပြီးနောက် လင်းရီ တစ်နေရာထိုင်ပြီး စားသောက်တော့မည့် အချိန်တွင် သူ၏ ဖုန်းမှ အသံမြည်လာခဲ့၏။ ၀မ်ရန်မှ ဖုန်းဆက်လာခဲ့ခြင်းပင်။

"အီးဟီးဟီး....တီချယ်လင်း..သမီးကို ကယ်ပါဦး..သမီး ဒုက္ခရောက်နေပါပြီ... "

All Chapters