← Chapters

အခန်း (၃၂၆)

Vol. 22 Ch. 326

အခန်း (၃၂၆)

Vol. 22 Ch. 326

"ဘာဖြစ်တာလဲ..ဖြည်းဖြည်းပြော..."လင်းရီ လေးနက်သည့် အသံဖြင့် မေးလိုက်၏။

"တီချယ်....သမီး အမေ့ကို ဆေးသွား၀ယ်ပေးတော့ ကားနဲ့ တိုက်မိလို့..ခုတော့ အများကြီး လျော်ပေးရတော့မယ်....."

"စိတ်အေးအေးထား...ခု ဘယ်မှာလဲ..."

"၈၉လမ်းက ဘတ်စ်ကားမှတ်တိုင်လေးနားမှာ..."

"အဲ့မှာပဲ စောင့်နေ..ဘယ်မှ မသွားနဲ့..ခဏနေဆိုရင် ရောက်ခဲ့မယ်.."

"ဟုတ်ကဲ့..တီချယ်..."

လင်းရီ ဖုန်းချပြီး ၀မ်ရန်၏ အိမ်သို့ မောင်းနှင်သွားလိုက်သည်။

.....

၈၉ လမ်း၊ ဘတ်စ်ကားမှတ်တိုင် အနီး၌

အဖြူရောင် Mustang တစ်စီးလမ်းဘေးတွင် ထိုးရပ်ထားပြီး ဘေးတွင်တော့ စက်ဘီးတစ်စီးမှ လဲလျောင်းနေလေသည်။ မပါမဖြစ်သည့် လူအုပ်ကြီးမှလည်း ဘေးမှ ဝိုင်းအုံစပ်စုကြည့်နေကြတော့၏။

"တောင်းပန်ပါတယ်နော်... တမင်သပ်သပ် လုပ်တာ မဟုတ်ပါဘူးလို့...ကျွန်မ ပြန် လျော်ပေးပါ့မယ်...."

၀မ်ရန်၏ သွင်ပြင်မှာ အနည်းငယ် ဖိုသီဖတ်သီဖြစ်နေလေသည်။ သူမ၏ ဘောင်းဘီ၌လည်း ဖုံများပေကျံနေပြီး အ၀တ်များမှာလည်း အနည်းငယ် စုတ်ပြဲနေ၏။ ပြင်းပြင်းထန်ထန် ဒဏ်ရာ မရသွားသည်ကပင် ကံကောင်းသွားသည်ဟု ဆိုရပေမည်။

"မိန်းကလေး..ငါဒီကားကို အသစ်၀ယ်ထားတာ..မောင်းတာတောင် တစ်ပတ်မရှိသေးဘူး..မင်းက တိုက်လိုက်ပြီဆိုတော့ .မင်း..မင်းကွာ....."

Mustang ကားပိုင်ရှင်မှာတော့ အသက်သုံးဆယ် အရွယ်ရှိ သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်၏။ အနည်းငယ် ၀ဖိုင့်ဖိုင့် ရှိပြီး မျက်နှာအမူအရာမှတော့ ရိုးသားဖြောင့်မတ်သည့်အသွင်ပင်။

ကားပိုင်ရှင်၏ ဘေးတွင်တော့ သူ၏ အမျိုးသမီးမှ တစ်ဆက်တည်း၀တ် ဂါ၀န်ကို ၀တ်ဆင်ထားပြီး သူမ၏ အမူအရာမှာတော့ အေးစက်နေလေသည်။ အမူအရာကို ကြည့်ခြင်းအားဖြင့် မည်သူမဆို ဒေါသထွက်နေကြောင်း အလွယ်တကူ ပြောနိုင်၏။

"ကျွန်မဘက်ကမှားမှန်းသိပါတယ်.. လောလောနဲ့မို့ လမ်းကူးတဲ့ချိန် ဘေးကို မကြည့်လိုက်မလို့ပါ...ကျွန်မအနူးညွတ် တောင်းပန်ပါတယ်နော်..."

"မိန်းကလေး...ဒါက တောင်းပန်စကား ပြောလိုက်ရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူး... .ကားက ပြန်ပြင်လို့ရတယ် ဆိုရင်တောင်မှ ပြင်ထားတယ်ဆိုတဲ့ ပုံစံကြီးက တစ်သက်လုံး အရာထင်နေတေယ့မှာလေ..."Mustang ကားပိုင်ရှင်မှ စောဒက တက်လိုက်၏။

သူ၏ လေသံအရဆိုပါက ကားပိုင်ရှင်မှာ ၀မ်ရန်ကို ခက်ခဲအောင် မပြုလုပ်ချင်ပေ။ သူ၏ ကား ထိခိုက်သွားသောကြောင့် ရင်ဘက်ထဲ၌ ခံရခက်နေခြင်းသာဖြစ်၏။

"ရှင်ဘာတွေ ပြောနေတာ..သူ့ကို လျော်ခိုင်းရမှရမယ်‌ လေ....ကားတံခါးကလည်း ချိုင့်ခွက်‌နေတာ ကြည့်လို့တောင် မကောင်းဘူး..ပြီးတော့ ခြစ်ရာဆိုတာကလည်း အကြီးကြီးပဲ..4S ဆိုင်ကိုသွားပြီ ပြင်မယ်ဆိုရင် အနည်းဆုံး ယွမ် ၂၀,၀၀၀ လောက်တော့ ကုန်မှာ.."ဂါ၀န်နှင့် အမျိုးသမီးမှ မောက်မောက်မာမာဖြင့် ဆိုလိုက်၏။

၀မ်ရန် ရှော့ခ်ရသွားခဲ့သည်။ လျော်ပေးရမည့် ငွေမှာ ထိုမျှ များပြားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့။

သူမ အိတ်ကပ်ထဲတွင် ချိုးခြံချွေတာပြီး စုဆောင်းထားသည်မှာ ငွေကြေးယွမ် ၅၀၀ မျှသာရှိသည်။ ထိုမျှလောက်ဖြင့် လျော်ပေးရန် လုံလောက်လိမ့်မည်မဟုတ်။

"ငါ့အထင်တော့ အဆင်ပြေတယ် ထင်တာပဲ..."ကားပိုင်ရှင်မှ ပြောလိုက်ပြီး "ဒီ မိန်းကလေးရဲ့ အခြေနေက တအားကြီး ကောင်းမယ့်ပုံလည်း မပေါ်ဘူး...အဲ့ လောက် ပိုက်ဆံ အများကြီး တတ်နိုင်မှာ မဟုတ်လောက်ဘူး...ကံဆိုးတယ်ပဲ သတ်မှတ်ပြီးတော့ ကားအာမခံကုမ္ပဏီဆီကနေပဲ ယူလိုက်ရအောင်ကွာ.."

"ကျွန်...ကျွန်မ မှာ ယွမ် ၅၀၀ ရှိပါတယ်..ကျွန်မ အကုန်လုံး ရှင်တို့ကို ပေးလိုက်ပါ့မယ်..."

၀မ်ရန် သူမ အိတ်ကပ်ထဲရှိ ပိုက်ဆံ အကုန်လုံးကို ထုတ်လိုက်၏။

ဟောင်းနွမ်းနေသည့် ရာတန် အစုတ်လေးများကို မြင်တော့ ကားပိုင်ရှင် အမျိုးသားမှာ စာနာသနားစိတ် ဖြစ်မိသွားသည်။ သို့သော်လည်း သူ၏ဇနီးကတော့တော့ အလွှတ်ပေးလိမ့်မည် မဟုတ်ကြောင်း တပ်အပ်သိနေလေသည်။

"နင်လာနောက်နေတာလား..ငါတို့ကား ပြင်ဖို့ စရိတ်က ယွမ် ၂ သိန်းနီးပါ ကျမှာ..ဒါကို နင်က ယွမ် ၅၀၀ လာပေးနေတယ်ပေါ့‌လေ..နင့် ၅၀၀ က ဒေါ်လာတွေ ဆိုရင်တော့ တစ်မျိုးပေါ့ဟဲ့..."

"အဲ့ဒါဆို ခဏလေးလောက် စောင့်ပေးလို့ ရလား...ခဏနေဆို ကျွန်မရဲ့ တီချယ်က လာ‌တော့မှာဆိုတော့...အဲ့ခါကျမှ ပိုက်ဆံချေးပြီး ပေးရင်ကော..."

"ဟမ့်...နင့်ရဲ့ ဆရာ.."ကားပိုင်ရှင်၏ ဇနီးဖြစ်သူမှ ရင်ဘက်ရှေ့လက်ကို ပိုက်လျက် "နင့်ဆရာနဲ့ နင်က ဘာတော်လို့လဲ.....သူက နင့်ကို ပိုက်ဆံ ချေးပေးမှာ သေချာပြီတဲ့လား...."

၀မ်ရန် တဒင်္ဂမျှ တွေဝေသွားခဲ့၏။ လင်းရီ သူမကို ပိုက်ဆံ ချေးပေးစရာ အကြောင်းမရှိသည်မှာ အမှန်ပင်။

သိူ့သော်လည်း ထိုအချိန်တွင် လူတိုင်း၏ နားစည်ထဲသို့ ကျယ်လောင်သော ကားအင်ဂျင်သံကြီးမှာ တိုး၀င်လာခဲ့လေသည်။

ဘွန်း...ဘွန်း...

လွိုင်ကန်၏ အင်ဂျင်သံမှာ သားရဲဟိန်းသံကြီးကဲ့သို့ မြည်ဟီးနေပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့တော့၏။

"ဒါ...ဒါ..လွိုင်ကန် ၇ မဟုတ်လားဟ..."

"ငါကြားတာတော့ဒီကားက သန်းဆယ်ချီ တန်တယ်ဆိုပဲ...ဘာလို့ ဒီရောက်နေတာလဲဟ..."

လွိုင်ကန်မှာ လုတိူင်း၏ အကြည့်အောက်တွင် ၀မ်ရန်ရှေ့သို့ ရပ်သွားခဲ့၏။

ဇင်ယောင်ငှက်တောင်ပံ ပြန့်ကားသကဲ့သို့ ကားတံခါးများ ပွင့်လာပြီး ထိုအထဲမှ လင်းရီ အခန့်သား ထွက်လာခဲ့လေသည်။

"ဘယ်လောက်တောင် ချောမောလိုက်တဲ့ သခင်လေးလဲ..."

"စူပါကားနဲ့ ရှောင်ကောကော..အိုက်စ်...ငါ့အသည်းတစ်ခြမ်းလေးတော့ ပါသွားပြန်ပြီ..."

"တီချယ်လင်း..."

လင်းရီကို ရောက်လာသည်ကိုမြင်တော့ ၀မ်ရန် မျက်ရည်စက်လက်ဖြင့် သူ့ထံသို့ ပြေးလာခဲ့၏။

"ဘာဖြစ်သွားသေးလဲ..."

"သမီးက အဆင်ပြေတယ်..ဒါပေမယ့် သမီး စက်ဘီးက သူများကားကို ၀င်တိုက်မိလိုက်ပြီ.."

"မင်းအဆင်ပြေရင် ပြီးတာပဲ..မငိုနဲ့တော့ ..."

လင်းရီ ၀မ်ရန်ကို မျက်ရည်များ သုတ်ပေးပြီးနောက် "ခင်များက Mustang ကားပိုင်ရှင်လား..."

"အမ်..ကျ...ကျုပ် .."

ကားပိုင်ရှင်မှာ ‌တုန်လှုပ်နေပြီး စကားလုံးများမှာ လည်ချောင်း၀တွင် တစ်ဆို့နေခဲ့၏။ သူ့ဘ၀တွင် ပထမဆုံးအကြိမ် ချမ်းသာသည့် သခင်လေးများနှင့် စကားပြောဖူးခြင်းပင်။

စောနက ကတ်ကတ်လန်အောင် အော်ပြောနေသည့် သူ၏ ဇနီးပင် လင်းရီ၏ သန်မာသည့် အရှိန်အဝါ လှိုင်းတံပိုးများအောက်တွင် နဂိုကလောက် ယုံကြည်ချက်များ မရှိတော့ချေ။

လင်းရီ တစ်ချက်ခေါင်းညိမ့်ပြီး အက်စီးဒင့်ဖြစ်ခဲ့သည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်ကြည့်လိုက်၏။ မြေပြင်အခြေနေ၊ လမ်းအခြေနေတို့ကို တွက်ချက်ကြည့်မည်ဆိုပါက မှားသည့်သူမှာ ၀မ်ရန်ပင်။

"ကျုပ်ကိုပြော..ခင်များတို့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲ..."လင်းရီ မေးလိုက်၏။

"ဒီကားက အရည်သွေးမြင့်တဲ့Mustangကားပဲ...ကျွန်မတို့က ယွမ် ၂၀၀,၀၀၀ နီးနီးလောက် သုံးပြီး ၀ယ်ထားရတာ..ပြင်ခဆိုရင် ယွမ် ၂၀,၀၀၀ လောက်ကုန်လောက်တယ်..ရှင့်ဘာရှင် သင့်တော်သလိုသာ ကြည့်ပေးလိုက်."ကားပိုင်ရှင်၏ ဇနီးမှ ပြောလိုက်၏။

"ညီကို..ကျုပ်လည်း ဒီကလေးမလေးဆီကနေ ပိုက်ဆံ မယူချက်ပါဘူးကွာ..ဒါပေမယ့် ကားက ၀ယ်ထားတာ မကြာသေးဘူးဆ်ုတော့...မင်းလည်း သိမှာပါ..ပိုက်ဆံကြောင့် ပြောနေတာ မဟုတ်ဘူး."

ထိုသို့‌ပြောရင်း ကားပိုင်ရှင်၏ အသံမှာ အနည်းငယ် တုန်ခါနေခဲ့၏။

ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးနှင့် စကားပြောရသည်မှာ တကယ့်ကို အစစအရာရာ ဆင်ခြင်နေရသည်။

အကယ်၍ သူတို့ကိုသာ မပျော်ရွှင်အောင် ပြုလုပ်မိပါက လင်းရီ မလျော်ပေးလျှင်တောင် သူတို့ဘက်က ဘာမျှ တတ်နိုင်မည် မဟုတ်ချေ။

"အင်း..ကျုပ်ကလည်း ကားတွေ နှစ်သက်တဲ့သူဆိုတော့ ခင်များပြောချင်တာကို နားလည်တယ်..."လင်းရီ ပြောလိုက်ပြီး "ကျုပ် ဖုန်းတစ်ကောလောက် ခေါ်လို့ရလား..."

"ဖုန်း..."

ကားပိုင်ရှင်မှာ နားမလည်သော်လည်း သူ၏ ဖုန်းကို ကြည်ဖြူစွာဖြင့် လင်းရီ လက်ထဲသို့ ကမ်းပေးလိုက်၏။

လင်းရီ ဝီချက်အက်ပ်ကို ဖွင့်လိုက်ပြီး ငွေလက်ခံသည့် QR code ကို ဖွင့်ကာ ယွမ် ၂ သိန်း လွှဲပေးလိုက်သည်။

"ခင်များတို့က ယွမ် ၂ သိန်းနီးပါး သုံးပြီး ၀ယ်ထားရတယ်ဆိုတော့...ကျုပ် ယွမ် ၂ သိန်းပေးလိုက်မယ်..ဒီပိုက်ဆံတွေ နဲ့ နောက်အသစ်တစ်စီး ၀ယ်လိုက်တော့ ဒီကားကိုတော့ ကျုပ်ယူသွားမယ်...ကျေနပ်လား..."

ထိုအခိုက်အတန့်တွင် အချိန်မှာ တဒင်္ဂခန့် ရပ်တန့်သွားသည့်အလား ခံစားမိလိုက်ကြသည်။

အခြားသူများဆိုလျှင် အက်စီးဒင့်ဖြစ်သည်နှင့် အာမခံ ကုမ္ပဏီကို ဖုန်းဆက်ကြပေလိမ့်မည်။ သို့သော်လည်း လင်းရီကတော့ ကားအသစ်တစ်စီး ၀ယ်နိုင်သည့်ငွေကြေးပမာဏကို နှစ်ခါ မစဉ်းစားဘဲ ထုတ်ပေးလိုက်၏။

ဤသည်က သောက်ရမ်း ငွေကြေးချမ်းသာသူတို့၏ လျော်ကြေးပင်လော။

ငိုးပဲ...ဒါကြီးကတော့ တန်လွန်းသွားပြီ..

"ဟုတ် ဟုတ် ကျေနပ်ပါတယ်.."

"အဲ့တာဆို ဒီမှာ စောင့်နေလိုက်..ကျုပ် တစ်ယောက်ယောက် လွှတ်ပြီးတော့ ခင်များတို့နဲ့ စာရွက်စာတမ်း ကိစ္စတွေ လုပ်ခိုင်းလိုက်မယ်"

လင်မယား နှစ်ယောက်လုံး အလျှင်အမြန် ခေါင်းညိမ့်လိုက်ကြ၏။ လင်းရီဘက်မှ ကြင်နာလွန်းနေသည်ဟုတောင် ဆို၍ရသည်။ အကယ်၍ သူတို့ဘက်ကသာ ပို၍ ရောင့်တက်လာပါက ဤကြင်နာမှုလေးမှာ ပျောက်ဆုံးသွားပေလိမ့်မည်။

လင်းရီ ကျိုးဟိုင်ထောင်ကို ဖုန်းဆက်၍ ယခု ကိစ္စကို လွှဲပြောင်းပေးလိုက်သည်။

သူ့ကို အက်စီးဒင့်ဖြစ်ထားသည့် ကားအား ပြန်ရောင်းပြီး ၀မ်ရန်အတွက် ကားအသစ်တစ်စီး စီစဉ်ထားပေးရန် အမိန့်ပေးထားလိုက်၏။ သိူ့နှင့် ကိစ္စအားလုံးမှာ အဆင်ပြေပြေနှင့် ပြီးဆုံးသွားတော့၏။

ငွေ၏ တန်ခိုးသိဒ္ဓိများ‌ပေတည်း။

"ကားထဲ၀င်...ပြန်လိုက်ပို့ပေးမယ်..."

"အမ်...စက်ဘီးကျတော့ကော...ပြန်ပြီးတွန်းသွားရဦးမယ်လေ..."၀မ်ရန် ခေါင်းငုံ့ပြီး အသံတိုးတိုးလေးဖြင့်ပြောလိုက်၏။

"မင်းက အဲ့ စီးလို့မရတော့တဲ့စက်ဘီး အစုတ်ကြီးနဲ့ ဘာဆက်လုပ်ဦးမှာ..."လင်းရီ ပြောလိုက်ပြီး "အတွန့်တက်မနေနဲ့..ကားထဲ၀င်..."

၀မ်ရန် ကားထဲ၀င်ရောက်ပြီးနောက် နှစ်ယောက်လုံး ရှုကွမ်းခရိုင်သိူ့ ဦးတည်လိုက်ကြ၏။

"တီချယ်လင်း..သမီးတီချယ့်ကို ယွမ် ၅ သိန်း အကြွေးတင်သွားပြီပေါ့.."

"အင်း..ဖြည်းဖြည်းမှ ဆပ်လည်း ရတယ်..ခုလောလောဆယ် ငါမင်းကို ခိုင်းစရာ တစ်ခုရှိတယ်..လုပ်မလား..."

"ဟင်...ဒါဆို သမီး အလုပ်ရတော့မှာပေါ့နော်..."၀မ်ရန် စိတ်လှုပ်ရှား ပျော်ရွှင်စွာ ဖြင့် မေးမြန်းလိုက်၏။

"ဟုတ်တယ် .. ခု ငါ့မှာ အလုပ်သမားက သိပ်မရှိဘူး ဖြစ်နေတာ ဆိုတော့ စောစီးအလုပ်၀င်လိုက်တော့..."

"အွန်း အွန်း.သမီးလည်း ခုလေးတင် စာမေးပွဲ ပြီးထားတာဆိုတော့ အလုပ်လိုချင်နေတာနဲ့ အတော်ပဲ..."၀မ်ရန် ပြောလိုက်ပြီး "ဒါနဲ့ တီချယ် နေ့လည်စာ စားပြီးပြီလား..မစားရသေးရင် သမီးအိမ် လိုက်ခဲ့လေ.တီချယ် စားချက်တာလေးတွေ ချက်ကျွေးမယ်..."

"အင်း... သွားကြတာပေါ့.."

လင်းရီ ၀မ်ရန်၏ အိမ်သို့ ရောက်သောအခါ မည်သူမျှ ရှိမနေကြောင်း သတိထားမိသွား၏။

"အန်တီက ဘယ်လဲသွားခဲ့တာ..."

"အမေက အဒေါ်တို့အိမ်သွားတယ်...ညနေလောက်မှ ပြန်လာမှာ..."

အိမ်ထဲသို့ ၀င်ရောက်ပြီးနောက် ၀မ်ရန် အေပရွန်ကို ၀န်ဆင်ကာ မီးဖိုချောင်ထဲသို့ ၀င်သွားခဲ့၏။

"တီချယ် ဘာစားချင်လဲ...သမီး လုပ်ပေးမယ်လေ..."

"အဆင်ပြေတဲ့ ခေါက်ဆွဲပဲ လုပ်လိုက်ကွာ..ခဏနေကျ တခြားလုပ်စရာတွေ ရှိသေးတယ်..."

"အဲ့လိုဆို ကြက်ဥပြုတ် နှစ်လုံးနဲ့ လုပ်လိုက်မယ်နော..."

၀မ်ရန်၏ အမြင်တွင်တော့ ခေါက်ဆွဲနှင့် ကြက်ဥပြုတ် နှစ်လုံးမှာ ဇိမ်ခံစားစာရာကြီးဖြစ်၏။

လင်းရီ စနစ်မရခင်အချိန်တုန်းကလည်း ယခုလို ကြက်ဥခေါက်ဆွဲမှာ သူ့အတွက် ဇိမ်ခံစားစရာ ဖြစ်ခဲ့လေသည်။

မကြာမီ ခေါက်ဆွဲနှင့် ကြက်ဥပြုတ်တို့မှာ စားပွဲခုံပေါ်တွင် သုံးဆောင်ရန် အသင့် ဖြစ်နေ၏။ လင်းရီ လည်း အားနာခြင်းအလျင်းမရှိ တူကိုကိုင်ကာ အားပါးတရ စားသောက်လိုက်သည်။

"တီချယ်..သမီးက ဘယ်လိုအလုပ်မျိုးလည်း လုပ်ရမှာလဲဟင်..."

"ငါ့ အတွင်းရေးမှူး လုပ်ရမှာကွာ...အဓိကတော့Cisco နဲ့ ပတ်သက် စပ်လျဉ်းတဲ့ ကိစ္စတွေကို တာ၀န်ယူပေးရမယ်...မင်းရဲ့လစာကိုကျ တစ်လကို ၈ထောင်ပေးမယ်....နောင်ကျ လစာလည်းတိုးပေးဦးမှာ..ဒါပေမယ့် အဲ့တာကတော့ မင်းရဲ့ လုပ်ရည်ကိုင်ရည်ပေါ် ကြည့်ပြီး ဆုံးဖြတ်ပေးရမှာပေါ့..."

All Chapters