← Chapters

အခန်း (၃၂၇)

Vol. 22 Ch. 327

အခန်း (၃၂၇)

Vol. 22 Ch. 327

"ယွမ် ၈ထောင်"

၀မ်ရန် အံ့အားသင့်သွားခဲ့ပြီး "အာ.တီချယ်ကလည်း သမီးကို အဲ့လောက်ကြီး ပေးဖို့ မလိုပါဘူး....ပင်းချန်တက္ကသိုလ်ဆိုတာက ကျောင်းကောင်းမှ မဟုတ်တာ ..ပြီးတော့ ယွမ် ၃ ထောင် ဆိုရင်တောင်မှ အဲ့ကျောင်းက ဘွဲ့ရထားတဲ့ သူတွေ အတွက် အတော်လေး ‌များနေပြီကိုပဲ..."

"လျှာမရှည်စမ်းနဲ့..ယွမ် ၈ ထောင်ဆိုတာက ငါ့အတွက် ဘာမှမဟုတ်ဘူး.ဒီတိုင်း သာမန် လစာလေးပဲ..."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ မင်းအလုပ်သေချာ မလုပ်ရင် လစာတွေလည်း လျှော့ဦးမှာ...ဒီတော့ ပေါ့သေးသေး မမှတ်လိုက်နဲ့..."

"အွန်း..သမီးကတော့ များတယ်လို့ ထင်တာပဲ....."၀မ်ရန် ‌ပြုံးရွှင်စွာ ပြောလိုက်ပြီး "ကျေးဇူးနော်..တီချယ်..."

"အဲ့တာဆို မင်းလုပ်ရမယ့်ကိစ္စတွေ ပြောပြမယ်."လင်းရီ တူကို ချလိုက်ပြီး

"မင်း လက်ရှိ အဓိကထားပြီး လုပ်ရမှာက ချောင်ရှန့်ယွီလို့ ခေါ်တဲ့သူနဲ့ ဆက်သွယ်ဖို့ပဲ...သူက Cisco အီလက်ထရောနစ် ကုမ္ပဏီရဲ့ ဒါရိုက်တာ..နောက်ပြီး အနာဂတ်ကျ ငါတို့ကလည်း သူနဲ့ အလုပ်တွေ အများကြီး လုပ်ဖို့ ရှိတယ်..ဒီတော့ မင်းကိုယ်တိုင် Ciscoနဲ့ ရင်းနှီးကျွမ်း၀င်အောင် လုပ်ထားရင် ပိုကောင်းမယ်..မဟုတ်ရင်တော့ ငါတို့ရဲ့ လုပ်ငန်းပလန်တွေကို လိုက်မှီနိုင်မှာ အဟုတ်ဘူး."

"ဟုတ်ကဲ့ရှင့်.မှတ်ထားပါ့မယ် တီချယ်..."

"တကယ်လို့ ဘာမှ လုပ်စရာ ထွေထူးမရှိဘူးဆိုရင် ရှန်းရန် စက်မှုဇုန်ဘက်ကို တစ်ချက်ဝေ့ကြည့်လိုက်...အဲ့မှာ ငါတို့ရဲ့ Sci-tech နဲ့ Ciscoစက်ရုံက ဘေးချင်းကပ်ရပ်လေးပဲ..လုပ်စရာ မရှိဘူးဆိုရင် အဲ့သွားပြီး ဧရိယာတစ်ဝိုက်ကို လေ့လာကြည့်ကြည့်လိုက်.ငါမင်းအတွက် ရုံးခန်းလုပ်ထားပေးမယ်...."

"ဟုတ်ကဲ့ပါ...မှတ်သားထားပါ့မယ်ရှင့်..."

ထို့နောက် လင်းရီ ၀မ်ရန်ကို သူမ သိသင့်သိထိုက်သမျှ အရာအားလုံးကို ပြောပြခဲ့သည်။ လုရင်း၏ ဖုန်းနံပါတ်ကိုတောင်မှ သူမထံ ပေးထားခဲ့၏။

"အိုး ပြီးတော့ ချောင်ရှန့်ယွီဆိုတဲ့ကောင်ကလည်း ကောင်းတဲ့ကောင်တော့ မဟုတ်ဘူးနော်...တကယ်လို့ မင်းကို ရီးတိယားတား လာလုပ်လို့ကတော့ သူ့ရဲ့ ဖွားဖက်တော်ကို ဆောင့်ကန်ပစ်ပလိုက်..."

၀မ်ရန် မျက်နှာ ရဲသွားခဲ့ပြီး "အဲ့..အဲ့လိုလုပ်လို့ ဖြစ်ပါ့မလား တီချယ်ရဲ့...."

"ဘာမှ ဖြစ်ဘူး..တစ်ချက်တည်းနဲ့ မျိုးဆက်ပြတ်အောင်သာ ဆော်ပစ်လိုက်..."

"အွန်း...နားလည်ပါပြီ"

‌

ခေါက်ဆွဲတစ်ပွဲစားပြီးနောက် လင်းရီ တစ်သျှူးဖြင့် နှုတ်ခမ်းသုတ်လိုက်ပြီး "ကောင်းပြီ..ငါမင်းကို ပြောစရာရှိတာတွေတော့ ပြောပြီးသွားပြီ..ကျန်တာကိုတော့ ကိုယ့်ဘာကိုယ်ပဲ လေ့လာဆန်းစစ်ကြည့်လိုက်တော့..."

"ဟုတ်ကဲ့ပါရှင့်..."၀မ်ရန် လင်းရီကို လေးနက်စွာ ဦးညွှတ်လိုက်ပြီး "တီချယ်လင်း..သမီးအပေါ် ကောင်းပေးလို့ ကျေးဇူးပါနော်....သမီးတော့ဖြင့် ဒီကျေးဇူးတွေကို ဘယ်လို ဆပ်လို့ ဆပ်ရမှန်းတောင်မှ မသိတော့ဘူး..."

"ငါမင်းကို လခပေးပြီး ခိုင်းနေတာလေ..မင်းက ဘာတွေ ပြန်ဆပ်ချင်နေတာ..."

"ဒါပေမယ့် ယွမ် ၅ သိန်းလေ..အဲ့လာက် အများကြီးကို ဘယ်လိုလူကမှ ချေးငှား ပေးရဲကြမှာ မဟုတ်ဘူး.".

"ငါက လူမဟုတ်လို့လား.."

"မ မဟုတ်ပါဘူးရှင်..သမီးက အဲ့သဘောမျိုးနဲ့ ပြောတာ မဟုတ်ပါဘူး..."၀မ်ရန် လက်ကို အပြင်းအထန် ခါရမ်းလိုက်ပြီး "တီချယ်လင်းက အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ..."

"ကောင်းပြီ..မင်းရင်ထဲမှာ ငါ့ကို လူကောင်းအနေနဲ့ ဆက်မြင်နေလိုက်..ငါတော့ သွားတော့မယ်.."

"ပြန်တော့မှာလည်း..အဲ့တာဆို လိုက်ပို့ပေးမယ်လေ..."

"မလိုဘူး..ကိုယ့်ဘာကိုယ် လုပ်စရာရှိသာတာ လုပ်နေလိုက်..."

၀မ်ရန်၏ အိမ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ Didi ဆက်ပြေးနေလိုက်၏။

ညနေ လေးနာရီခွဲသည့် အချိန်တွင်တော့ အော်ဒါလေးခု ပြီးမြောက်သွားပြီး ကီလို ၆၀ ကျော်ကို မောင်း‌နှင်ခဲ့လေသည်။ ကျီချင်းရန်ကို ကြိုရန် ချောင်ရန် အုပ်စုသိူ့ ဦးတည်လိုက်၏။

ကလင် ကလင် ကလင်

လမ်းတွင် လင်းရီ ဖုန်းသံ မြည်လာခဲ့ပြီး ဟော်ယွမ်ယွမ်မှ ခေါ်လာခဲ့၏။

"ဘော့စ်..ကျွန်မ ဖုန်းလန် ယဉ်ကျေးမှု ကို စစ်တေးကြည့်ပြီးပြီ...ဘော့စ်ထင်ထားတဲ့ အတိုင်းပဲ ..အဓိကရှယ်ယာပိုင်ရှင် ချောင်ကျင်းချိုးနဲ့ ချောင်ကျားတုံးရဲ့ သမီး ချောင်ကျင်းချိုးက တစ်ယောက်တည်းပဲ.."

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ.."လင်းရီ ပြုံးလိုက်ပြီး "မင်းဘယ်လိုထင်လဲ...သူတို့ဘက်က ရင်းနှီးငွေကို တအားလိုအပ်နေတယ်လို့ ထင်လား..."

"အဲ့လိုမျိုး အရိပ်အမြွက်တွေတော့ မတွေ့ရသေးဘူး.....ဒါကြောင့်မို့ ခန့်မှန်းရတော့ ခက်တယ်...ရှင့်ဘာရှင်ပဲ သွားပြီးတော့ စုံစမ်းကြည့်ကြည့်လေ..."

"အင်းး..ငါ ခုပဲ သူနဲ့ သွားတွေ့ကြည့်လိုက်ဦးမယ်..."

"ခစ်ခစ်..ဘော့စ်က ခဏလေးတောင် မစောင့်မနိုင်တော့‌ဘူးပေါ့..တကယ် မကောင်းတဲ့ကောင်ကြီးပဲ..."

"တကယ်လို့ ငါကသာ မကောင်းတဲ့ကောင်ဆိုရင် မင်းခုချိန် ဘာဖြစ်နေပြီထင်လဲ...အဲ့တာကိုကျတော့ ထည့်မပြောတော့ဘူးပေါ့..."

"ဘာလို့လဲဆိုတ့ ကျွန်မက ရှင့်ကို အခွင့်ရေးမှ မပေးတာကိုး..အိုကေတယ်နော်..."

"ဟားဟား..ပြောချင်တာသာ ပြောနေလိုက်တော့..မင်းစိတ်ချမ်းသာရင် ပြီးရော..."

ဟော်ယွမ်ယွမ် :"...."

ဘာသဘောတုန်းဟ..လူကို လာလှောင်နေတာလား...

ဖုန်းချပြီးနောက် လင်းရီ ကားပါကင်ထိုးသည့် နေရာသို့ သွားလိုက်၏။

သို့သော်လည်း ချက်ချင်းကြီးတော့ အပေါ်တက်မသွားသေးချေ။ကားပေါ်တွင် ထိုင်၍ အတွေးနက်နေလေသည်။

အနှီ ချောင်ကျင်းချိုးမှာ စိတ်၀င်စားဖို့ ကောင်းလှ၏။

မူလကတော့ လင်းရီ ချောင်ကျင်းချိုးမှာ Cisco ၏ စီးပွားရေးကို အမွေဆက်ခံရန် အသင့်ဖြစ်နေလောက်ချေပြီဟု ထင်မှတ်ထားသည်။ မဟုတ်ပါက ချောင်ရှန့်ယွီမှ သူ၏ လုပ်နိုင်စွမ်းကို သက်သေပြနိုင်ရန် ထိုမျှ လောနေလိမ့်မည် မဟုတ်ချေ။

သိူ့သော်လည်း မထင်မှတ်ထားစွာဖြင့် ချောင်ကျင်းချိုးမှာ သူမ၏ ကိုယ်ပိုင် ကုမ္ပဏီကို စတင်ပြီး ရင်းနှီးမြုပ်နှံသူများကိုပင် စတင် ခေါ်ယူနေပြီးဖြစ်၏။ ယင်းက စိတ်၀င်စားစရာပင်။

သူမ ကြည့်ရသည်မှာတော့ Cisco ၏ အမွေကို ဆက်ခံဖို့ရာ စိတ်မ၀င်စားသည့်ပုံပင်။ မဟုတ်ပါက ယခုလို ကိုယ်ပိုင် ကုမ္ပဏီ ထူထောင်လိမ့်မည် မဟုတ်ချေ။

ဒီလိုဆိုရင်တော့ ချောင်ကျင်းချိုးနဲ့ တစ်ခေါက်လောက်တော့ တွေ့ကြည့်ရမယ့်ပုံပဲ...

ကလင် ကလင် ကလင် ...

လင်းရီ၏ ဖုန်းမြည်လာခဲ့ပြီး ကျီချင်းရန်မှ ဖုန်းဆက်လာခဲ့ခြင်းဖြစ်၏။

"နင်ကုမ္ပဏီရောက်နေပြီလား..."

"အင်း..ခုလေးတင် မြေအောက် ကားပါကင်ရောက်တာ..."

"အဲ့တာဆို နင် မတက်လာနဲ့ဦး...ထျန်ထျန်နဲ့ ငါနဲ့ နင့်ဆီလာနေပြီ..."

"သူမက မပြန်သေးဘူးလားဟ..."

လုထျန်မှာ ကျီချင်းရန်ထံသို့ အလည်လာပြီးနောက် ပြန်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း တစ်နေ့လုံး ကျီချင်းရန်၏ ရုံးခန်း၌ ရှိနေလိမ့်မည်လို့ ထင်မထားခဲ့ချေ။

"အင်း...ငါတို့ ဒီည သွားစရာနေရာတစ်ခုရှိတယ်လေ...ဒါပေမယ့်နင်ဒီနေ့ လုပ်တာတော်လို့ ဆုချတဲ့ အနေနဲ့ နင့်ကိုပါ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တာ..."

"အဲ့လိုဆို ငါဂုဏ်ယူသင့်လား..."လင်းရီ မေးလိုက်၏။

"ဒါပေါ့..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။

"အောက်ထပ်မှာ စောင့်နေ...ငါတို့ ဆင်းလာနေပြီ..."

"အိုကေ..."

မိနစ်အနည်းငယ်ကြာပြီးနောက် လုထျန်နှင့် ကျီချင်းရန်တို့ ဓာတ်လှေကားထဲမှ လက်ချင်းချိတ်လျက် ထွက်လာခဲ့ကြ၏။

သိူ့သော်လည်း နှစ်ယောက်လုံး၏ လက်ထဲတွင် ပုံးသေးသေးလေး ကိုယ်စီ ကိုင်လာခဲ့ကြသည်။ အမြင်အရတော့ လက်ဆောင်ပုံးလေး ဖြစ်သည့်ဟန်ပင်။

"နင်ဒီနေ့ လုပ်တာ တကယ်မဆိုးဘူး..ရန်တက္ကသိုလ်ရဲ့ အလှနတ်သမီးလေးကိုတောင်မှ ဟက်ထိပြီး မျက်ရည်လေးဝဲသွားအောင် လုပ်နိုင်ခဲ့တယ်..."လုထျန်မှ စနောက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"နင်ဘာတွေ လျှောက်ပြောနာ...သူမလုပ်နိုင်ခဲ့ပါဘူးနော်.."ကျီချင်း ရှက်သွေးလေးဖြန်းသွားပြီး " ဒီတိုင်း နှင်းဆီပန်းလေးကိုများ ..တို့က ရင်တောင် မခုန်ဘူး..."

"ဟွန့်...လာပြီး ဟန်ဆောင်မနေနဲ့..ပန်းတွေမြင်တော့ နင် ပါးစပ်အဟောင်းသားနဲ့ ရင်ဘက်ကို လှမ်းဖိလိုက်တာ ငါတွေ့လိုက်တယ်နော်...တကယ်လို့ ငါသာ နင့်နေရာမှာဆိုလို့‌ကတော့ သူ့ကို ဒီည ကောင်းကောင်းကြီး ဆုချီးမြင့်ပေးလိုက်မှာ..."

"အဲ့တာဆိုလည်း ငါအချိန်ရမှ သူ့ကို ဟင်းချက်ခိုင်းလိုက်တော့မယ်..."

"ဟမ်...အဲ့တာက ဘယ်လို ဆုချတာကြီးတုန်း..ဟိုက ဒီလောက် ကြိုးစားပမ်းစားနဲ့ လုပ်ထားရတာကို နင်က ဟင်းချက်ခိုင်းမယ်..."

လုထျန် ချခိုင်းသည့် ဆုနှင့် ကျီချင်းရန် နားလည်နေသည့် ဆုတို့မှာ တစ်ခြားစီ ဖြစ်နေလေသည်။ ယင်းကလည်း ကျီချင်းရန်မှ ပိုပြီး အင်နိုးစန့်လေး ဖြစ်နေသောကြောင့်ပင်။

"ကဲပါ ကဲပါ..အဲ့တာတွေ ပြောမနေနဲ့တော့..အရင်သွားကြရအောင်..."

ကျီချင်းရန် သူမ၏ ကားသော့ကို လင်းရီထံ ကမ်းလိုက်ပြီး "နင့်ကားက လူနှစ်ယောက်ပဲ ထိုင်လို့ရတယ်ဆိုတော့ ငါ့ကားပဲ မောင်းလိုက်တော့..ဒီနေ့ နင့်ကို အလှလေးနှစ်ယောက်ရဲ့ သီးသန့်ဒရိုင်ဘာ လုပ်ခိုင်းရတော့မယ်..ကျေနပ်လားပြော..."

"ဒါပေါ့ ဒီကလည်း ကျေနပ်စွာနဲ့ ဒရိုင်ဘာ ဖြစ်ပေးပါ့မယ်တဲ့ဗျာ...."

သုံးယောက်သား ကျီချင်းရန်၏ မာစီးတီးထဲသို့ ၀င်လိုက်ကြ၏။

"နင်တို့ နှစ်ယောက်က ဘယ်သွားကြမှာ..."

"ကျင်းယွဲ့ဟွား အိမ်ရာဆီ...ငါ့တီချယ်ရဲ့ အိမ်က အဲ့မှာလေ...ဒီ‌နေ့ ဆရာမ အိမ်ကို သွားလည်ကြဖို့ တိုင်ပင်ထားကြတာ..."

လင်းရီ ခေါင်းညိမ့်လိုက်သည်။ ယခုတော့ လုထျန်နှင့် ကျီချင်းရန်တို့ အဘယ်ကြောင့် လက်ဆောင်ပုံးလေးများ သယ်ဆောင်လာခဲ့လဲဆိုတာကို သဘောပေါက်သွားချေပြီ။ သူမတို့၏ တီချယ်အတွက်ပေတည်း။

"မင်းက ရန်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာ မဟုတ်ဘူးလား...မင်းရဲ့ တီချယ်ကလည်း ရန်ကျင်းမှာပဲ ရှိသင့်တာ မဟုတ်လား..."

"အင်း..ဆရာအများစုကတော့ ရန်ကျင်းကပဲ..ဒါပေမယ့်ငါ့ဆရာမရဲ့ မိသားစုက ကျိုးဟိုင်က...ပင်စင်ယူပြီးတော့ သူ့မိသားစုဆီ ပြန်လာနေတာလေ..ငါတို့ နှစ်တိုင်း ဒီလိုချိန်ဆို ဆရာမရဲ့ တပည့်တွေ အားလုံးစုပြီး သွားလည်နေကြပဲ..."

"အော်...အဲ့လိုကိုး..."

"စကားဖြတ်ပြောလိုက်ဦးမယ်...ယွမ်ယွမ်က ဘယ်အချိန်လာမှာလဲတဲ့..."လုထျန် မေးလိုက်၏။

"သူ(မ)က ကုမ္ပဏီမှာ အလုပ်များနေတယ်ဆိုတော့ နောက်ကျလောက်တယ်...ငါတို့ကို မစောင့်နဲ့လို့ ကြိုပြောပြီးသား..အလုပ်ပြီးတာနဲ့ လိုက်ခဲ့မယ်ဆိုပဲ..."

ကျီချင်းရန်မှ ပြောလိုက်သည်။

"အမ်..ဟော်ယွမ်ယွမ်ကော လာမှာတဲ့လား..."

လင်းရီ အံ့အားသင့်သွားခဲ့သည်။

"ဒါပေါ့ သူက ငါ့ဂျူနီယာလေ...ပြီးတော့ ဆရာမကျန်းရဲ့ တပည့်ပဲ...သေချာပေါက် လာမှာပေါ့ဟဲ့..."

ကျီချင်းရန် သူမနှင့် လင်းရီတို့၏ ပတ်သက်ဆက်နွယ်မှုက်ု အသုံးချကာ ဟော်ယွမ်ယွမ်ကို အလုပ်စောဆင်းလို့ရအောင် မပြုလုပ်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ အလုပ်မှာ ပထမ ဦးစားပေးအရာဖြစ်၏။ ယင်းက ချိုးဖောက်၍ မရသည့် သံမဏိစည်းမျဉ်းပင်။

လင်းရီ အခြေနေကို သဘောပေါက်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။

ထို့နောက် ကျင်းယွဲ့ဟွား အိမ်ရာသို့ မောင်းနှင်သွားလိုက်၏။

ကျိုးဟိုင်တွင် ကျင်းယွဲ့ဟွား အိမ်ရာကို အဆင့်မြင့် လူနေအိမ်ရာ အဖြစ် သတ်မှတ်၍ ရ၏။

သာမန် လူလတ်တန်းစားတို့မှာ ဤနေရာ၌ အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ရာ မစွမ်းသာချေ။

သို့သော်လည်း ရန်တက္ကသိုလ်ရှိ ပါမောက္ခတို့မှာတော့ မတူခြားနား၏။

ဤနေရာ၌ နေထိုင်ရန် အဆင့်မှီလေသည်။

အိမ်ရာရှေ့သို့ ရောက်သောအခါ လင်းရီ လုံခြုံရေးအစောင့်ကို အကျိုးကြောင်း ပြောပြပြီး ၀င်ခွင့် တောင်းလိုက်၏။ မကြာမီ အစောင့်မှ နားလည်မှုရှိစွာဖြင့် သွားခွင့်ပြုလိုက်လေသည်။

ကျီချင်းရန်၏ လမ်းညွှန်ပြသမှုအောက်တွင် လင်းရီတို့ သုံးယောက် ‌ပါမောက္ခရန်၏ အိမ်သို့ ရောက်လာခဲ့ကြ၏။

အ၀င်၀တွင်တော့ လင်းရီ ဇိမ်ခံကား သုံးစီး အပြိုင်ရပ်ထားသည်ကို မြင်တွေ့လိုက်ရပြီး ဈေးအနည်းဆုံးကပင် တန်ကြေး နှစ်မီလီယမ်ကျော်သော မာစီးတီး G63 ဖြစ်နေလေသည်။ ဈေးအကြီးဆုံးကတော့ ဘန်ထလေဖြစ်ပြီး လင်းရီ မလိုချင်၍ သူများကိုတိုက်ပြီး လွင့်ပစ်ခဲ့သည့် ကားမော်ဒယ်နှင့် အတူတူပင်။

"သူတို့က တယ်လည်း မြန်ပါလား...ငါတို့ထက်တောင် ကြိုရောက်နေသေးတယ်..."လုထျန်မှ မကျေမနပ် ပြောလိုက်၏။

All Chapters