← Chapters

အခန်း (၃၂၈)

Vol. 22 Ch. 328

အခန်း (၃၂၈)

Vol. 22 Ch. 328

"သူတို့လည်း နင့်လို မြို့ပြင်ကပဲလေ..တွေ့ဆုံပွဲရှိလာသာ လာခဲ့ကြတာ..ဒီတော့ စောရောက်နေတာ မဆန်းပါဘူးဟယ်.."

"အင်း..အဓိပ္ပာယ်တော့ ရှိသား..."လုထျန် ပြောလိုက်ပြီး "အရင်ဆုံး အထဲ၀င်သွားရအောင်..ငါတော့ ဗိုက်ဆာနေပြီ..."

"အွန်း.."

လင်းရီ ကားပါကင်ထိုးလိုက်ပြီး သုံးယောက်အတူ တံခါးရှေ့သို့ ရောက်လာခဲ့ကြ၏။

ကနေဦးတွင် ဇိမ်ခံကား သုံးစီးကို တွေ့မြင်လိုက်ရ၍ အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း တခဏမျှ တွေးတောပြီးနောက် ပုံမှန်ပြန်ဖြစ်သွား၏။

ရန်တက္ကသိုလ် ပါမောက္ခမှ မွေးထုတ်ပေးလိုက်သည့် တပည့်တပန်းတို့မှာ သာမန်လူများ ဖြစ်နိုင်ပါမည်လော။

ကျီချင်းရန်မှာ အကောင်းဆုံး ဥပမာပင်။ သူ၏ စီးပွားရေးလုပ်ငန်းတွင် အများသူငါထက် အောင်မြင်နေသည့် အမျိုးသမီး စီအီးအို တစ်ယောက်ဖြစ်နေလေသည်။

ထို့ကြောင့်လည်း ရန်တက္ကသိုလ်က နာမည်ကြီး ကျောင်းတစ်ကျောင်းဖြစ်နေသည်မှာ မဆန်းတော့ချေ။

သုံးယောက်သား လှေကားထစ်များပေါ်သိူ့ တက်လာခဲ့ကြ၏။ ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် တံခါးမှာ ဖွင့်လျက်ရှိကြောင်း မြင်တွေ့လိုက်ရသည်။

အထဲမှ ရယ်ရယ်မောမောနှင့် စကားဝိုင်းကျနေသည့် အသံများလည်း ကြားနေရသေး၏။ လေထုမှတော့ အလွန်အမင်း သက်တောင့်သက်သာရှိနေသည့်ပုံပင်။

"အိုက်ရိုး..ချင်းရန်နဲ့ ထျန်ထျန်လလည်း ရောက်လာပြီပေါ့...ဆရာမတို့ကလည်း သမီးလေးတို့ကို စောင့်နေတာ.."

လင်းရီတို့ ၀င်လျင် ၀င်ချင်း တစ်ခေါင်းလုံး ဆံပင်များ ဖွေးဖွေးဆွတ်ဖြူနေသည့် အမယ်အိုကြီးတစ်ဦးမှ ၀မ်းပန်းတသာနှင့် တံခါးဆီသို့ လျှောက်လာပြီး သုံးယောက်လုံးကို နွေးထွေးစွာ ကြိုဆိုလာသည်။

အထဲတွင်တော့ လူငါးဦး ရှိနေကြ၏။

ကျီချင်းရန် ဆရာမ၏ ခင်ပွန်းဖြစ်သူအပြင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့မှာလည်း ဆိုဖာပေါ်တွင် ထိုင်နေကြသည်။

အမျိုးသား တစ်ဦးမှာတော့ မျက်မှန်တစ်လက်ကို တပ်ဆင်ထားပြီး အပြာရှပ်နှင့် အနက်ရောင်ပန်ကို ဆင်ယင်ထားကာ အထာကျကျ ၀တ်ဆင်ထား၏။

အခြားတစ်ဦးမှာတော့ သာမန်ကာလျှံကာမျှသာ ၀တ်ဆင်ထားပြီး ရုပ်ရည်မှာလည်း ရွက်ကြမ်းရေကျိုပင်။

တစ်ဦးတည်းရှိသည့် အမျိုးသမီးမှာလည်း ကျီချင်းရန်နှင့် လုထျန်တို့လောက် လှပသိမ်မွေ့စွာခြင်း မရှိ။ နှစ်ခါကြည့်ဖို့ရာပင် မထိုက်တန်ချေ။

"လင်းရီ..နင့်ကို မိတ်ဆက်ပေးမယ်...ဒါက ငါ့ရဲ့ ဆရာမ ကျန်းမင်ဟွား....ဒါကျတော့ ဆရာမရဲ့ အမျိုးသား..ရန်တက္ကသိုလ်က ပါမောက္ခ ဆရာဖန့်ရှင်းကော်..."

လင်းရီ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်ပြီး "တွေ့ရသာ ၀မ်းသာပါတယ်ဗျ..ဆရာမကျန်း...ဆရာဖန့်.."

"ဒီအဘွားကြီး ထျန်ထျန်နဲ့ စကားပြောတုန်းက ချင်းရန်မှာ ကောင်လေး ရှိနေပြီလို့ကြားတယ်..ခု သူ့ကောင်လေးက တကယ်ကို အဆင်းရှိတာပဲ...ရန်တက္ကသိုလ်က ကောင်စုတ်တွေထက် အများကြီး သာတယ်..."

ကျီချင်းရန် ရှက်သွေးဖြန်းသွားခဲ့၏။

သူမ၏ အကြီးအကဲများထံမှ လင်းရီနှင့် သဘောတူသည့်လေသံကို ကြားရသည်တွင်တော့ သူမရင်ထဲတွင် နှစ်သက်ကြည်နူးမှုများ ပြည့်လျှံ့နေတော့၏။

"လာကြ လာကြ အဲ့မှာပဲ ရပ်မနေနဲ့ဦး...အစားသောက်တွေက အဆင်သင့် ဖြစ်နေပြီ...အရင်ဆုံး စားကြရအောင်..."ဖန့်ရှင်းကော်မှ အထဲသို့ ၀င်၍ စားသောက်ရန် ဖိတ်မန္တက ပြုလိုက်သည်။

ကျီချင်းရန်နှင့် ကျန်သူများလည်း စားပွဲပေါ်တွင် ထိုင်လိုက်ကြလေသည်။ ဟင်းပွဲများ အားလုံးမှာတော့ အိမ်ချက်ဟင်းလျာများဖြစ်ပြီး ထူးထူးဆန်းဆန်း ဟင်းတစ်ခွက်မျှ မပါ၀င်ချေ။

ဟင်းပွဲများမှာ ရိုးရှင်းသော်လည်း မြည်းကြည့်လိုက်သည်နှင့် အိမ်သို့ရောက်နေသည့် နွေးထွေးကြင်နာမှုနဲ့ ချက်ပြုတ်သူ၏ စေတနာကို လျှာမှတစ်ဆင့် ခံစားသိမြင်နိုင်သည်။

စားသောက်နေစဉ် အတွင်း လင်းရီ ကျန်သူများ၏ နာမည်ကိုလည်း မှတ်သားမိ၏။

သေသပ်ကျနစွာ ၀တ်ဆင်ထားသည့် အမျိုးသား၏ နာမည်မှာတော့ လျိုရီတဖြစ်ပြီး သာမန် အ၀တ်များ ၀တ်ဆင်ထားသည့် သူကို‌တော့၀မ်ကျစ်ဟွေ့ဟု ခေါ်တွင်လေသည်။

ကျန်ရှိသည့် အမျိုးသမီး၏ နာမည်ကတော့ ကျိန်း၀န်ကျယ်ပင်။

သို့သော်လည်း ၀မ်ကျစ်ဟွေ့နှင့် ကျိန်း၀န်ကျယ်တို့ကသာလျှင် ကျီချင်းရန်တို့နှင့် အတန်းတူပြီး လျိုရီတကတော့ သူတို့အားလုံး၏ စီနီယာကြီးဖြစ်လေသည်။

စားသောက်နေရင်း ကျီချင်းရန်မှ ခွက်မြောက်လိုက်ပြီး "ဆရာမကျန်း..တက္ကသိုလ်တုန်းက နေ့ရက်တွေမှာ သေချာလေး ဂရုစိူက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့်..ဆရာမသာ မရှိလို့ကတော့ ဒီနေ့ သမီးရဲ့ အောင်မြင်မှုတွေ ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး..ဒါကြောင့်မို့ ဝိုင်အစား ဒီလက်ဖက်ရည်တစ်ခွက်နဲ့ တို့စ်လုပ်ပေးပါရစေ..."

"ချင်းရန်ရယ်...ဆရာမ အမြင်မှာတော့ သမီးက ကိုယ့်သမီး အရင်းလေးလိုပါပဲ..ဒီကိုလာလည်တယ် ဆိုတာကလည်း အိမ်ပြန်လာတာနဲ့ အတူတူပဲ မဟုတ်လာ..ဘာလို့ ဒီလိုတွေ ပြောနေရတာလဲ..."ကျန်းရှုမင်မှ အပြုံးလေးဖြင့် ပြောလိုက်၏။

"ခု သမီးတို့တစ်တွေ နယ်ပယ် အသီးသီးမှာ အောင်မြင်မှု‌ရနေကြတာကိုပဲ ဆရာမက ပီတိဖြစ်လှပြီ..."

"အဓိပ္ပာယ်ရှိတယ်..."ဖန့်ရှင်းကော်မှ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒီလက်ဖက်ရည်က ခုဘာမှ အရသာမရှိဘူး...မင်္ဂလာပွဲက ဝိုင်ကမှ ပိုပြီး ကောင်းဦးမယ်..."

"ဟုတ်တယ်..မြန်မြန် မင်္ဂလာဆောင်ဖို့ ရက်သတ်မှတ်လိုက်တော့..မင်္ဂလာသေရည် သောက်ဖို့ မစောင့်နိုင်တော့ဘူး..."လုထျန် ရယ်မောပြောဆိုလိုက်သည်။

"မဟုတ်တာတွေ..နင်တို့ပြောနေသလိုလည်း အမြန်ကြီး မလုပ်ပါဘူးနော်.."ကျီချင်းရန် ရှက်ရွံ့စွာ ပြောလိုက်၏။

"ဒီအဘိုးကြီး ကျောင်းတုန်းကမှတ်မိပါသေးတယ်..ချင်းရန်ဆိုတာက အင်မတန်မှ အရှက်အကြောက်ကြီးတဲ့ မိန်းကလေး....ခု အပြင်လောက ရောက်တာတောင်မှ အဲ့တိုင်းပဲလို့တောင် ထင်မထားဘူး..ဟားဟား..."ဖန့်ရှင်းကော်မှ ပြောလိုက်၏။

"ချင်းရန်ကတော့ ပြောင်းတော့မှာ မဟုတ်လောက်ပါဘူး.."လုထျန်မှ ပြောလိုက်သည်။

"ကျုပ်အထင်တော့ လက်ထပ်တယ်ဆိုတာက လောသင့်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ထင်တယ်.."လျိုရီတမှ ဝေဖန်သည့် လေသံဖြင့် ပြောလိုက်ပြီး

"ကျုပ်တို့ ဆုံးဖြတ်ချက် မချခင် ‌ဘက်ပေါင်းစုံကနေ စဉ်းစားတွေးခေါ်ရမယ်..ကျုပ်ကိုယ်တိုင်က ယောက်ျား တစ်ယောက်ဆိုပေမယ့် လောကကြီးမှာ ဘာမှ မှီခိုလို့ မရတဲ့ ယောက်ျားတွေ ရှိသေးတယ်ဆိုတာတော့ ၀န်ခံရမယ်...လောပြီးမှ နောက်ကျသွားခဲ့ရင် ကိုယ့်ရဲ့ ဘ၀တစ်ခုလုံးက နောင်တရနေတော့မှာ..."

"စီနီယာ..ရှင်‌အဲ့လောက်ကြီးလည်း ဝေဖန်စရာ မလိုပါဘူး..လင်းရီက လူကောင်းသူကောင်းလေးပါနော်..."

လုထျန်မှ ကာကွယ်ပြောဆိုပေးလိုက်၏။

"ငါကလည်း စကားအဖြစ်ပြောနေတာပါဟ..အတည် မှတ်မနေကြနဲ့...ငါတို့ အဆင့်အတန်းနဲ့ဆို အဓိကက အတွင်းစိတ်ပဲ...ကျန်တာက ဘာမှ အရေးမကြီးဘူး..."လျိုရီတမှ ပြောလိုက်သည်။

လုထျန် လျိုရီတကို မျက်လုံးလှန်လိုက်ပြီး တိုးတိုးလေးဖြင့် "ဟမ့်..အကော်ဒီယံလောက် တီးတတ်တဲ့သူကများ...ငမူးတွေကပဲ ကိုယ့်ခေါင်းထဲမှာ စဥ်းစားသမျှကို ပေါက်တတ်ကရ လျှောက်ပြောနေမှာ..."

"ထျန်ထျန် ..ဘာပြောလိုက်တယ်...အကော်ဒီယံအကြောင်း ပြောနေတာလား...အဲ့တာက ငါကျွမ်းကျင်တဲ့ အပိုင်းလေ..တီးပြစေချင်နေတာလား.."

လုထျန် ငြင်းဆန်တော့မည့် အချိန်တွင် ကျန်းရှုမင်မှ "တီးပြလည်း ဘယ်ဆိုးလို့လဲ..ဆရာမတို့တောင် မင်းရဲ့ လက်သံကို နားမထောင်ရတာ အတော်လေး ကြာနေပြီ..အကော်ဒီယံက ငါ့စာကြည့်ခန်းထဲမှာ ..သွားယူခဲ့လိုက်...."

"ဆရာမကျန်းက နားဆင်ချင်တယ်ဆိုနေမှတော့ ကျွန်တော်ကလည်း လူတိုင်းရှေ့မှာ အရူးလုပ်ပြရတော့မှာပေါ့ဗျာ..."

ထိုနောက် လျိုရီတ မတ်တပ်ရပ်ပြီး စာကြည့်ခန်းထဲသို့ ၀င်သွား၏။

ပျောက်ကွယ်သွားသည့် လျိုရီတ၏ နောက်ကျောကို ကြည့်ရင်း လင်းရီမှ "ဒီကောင်က အတော်လေးလည်း ဟန်ဆောင်ပန်ဆောင် လုပ်လှချည်လားဟ...ပြီးတော့ ဟန်ဆောင်တာတောင်မှ ဆန်းသစ်တီထွင်မှုလေးတောင်မရှိဘူး..‌ဒီကောင်က ဘာလားပဲ"

"တကယ်လို့ ရှင်က သူ့အကြောင်း သိချင်တယ်ဆိုရင်တော့ သူက ရှင့်ရဲ့ ရည်းစားလုဖက်လို့ ပြောရင် ပိုမှန်မယ်...ကျောင်းတုန်းက သူ ချင်းရန်ကို အသေအလဲ ပိုးပန်းခဲ့တာလေ..ဒါပေမယ့် ချင်းရန်က သူ့ကို လှည့်တောင် မကြည့်တာ...တကယ်လို့ ဆရာမကျန်းနဲ့ မခွဲချင်လို့သာ မဟုတ်ရင် ချင်းရန်က အစောကြီးကတည်းကနေ အတန်းပြောင်းပြီး သွားပြီ..."လုထျန်မှ အသံနိမ့်၍ ပြောလိုက်၏။

"ဟမ့်...ဘယ်သူက ငါ့ရဲ့ ဘေဘီပူတူးချင်းရန်လေးကို ပိုးပန်းဖို့ သတ္တိတွေ ပေးလိုက်တာပါလိမ့်...လျန်ကျင်းရူကလား...."

"အွက်...ရွံတာ..ဘေဘီပူတူးချင်းရန်ဆိုပဲ...နင်တို့ နှစ်ယောက် သာမန်လေးပဲ ခေါ်ကြလို့ မရဘူးလား...ငါနောက်ထပ် နံရိုး နည်းနည်းလောက် ဆက်စားချက်သေးတယ်..."

"ကောင်စုတ် နင်စကားကို ဆင်ဆင်ခြင်ခြင်ပြောနော်..ငါတို့က ခု ဆရာမ အိမ်ရောက်နေတာ..."

ကျီချင်းရန် လင်းရီ ခါးကို ဆွဲဆိတ်လိုက်ပြီး "တကယ်လို့ ဆရာမကျန်းနဲ့ ဆရာဖန့်တို့သာ ကြားသွားရင် မကောင်းဘူး..."

"ကောင်းပြီလေ..အဲ့တာဆိုလည်း အိမ်ရောက်မှ ခေါ်တာပေါ့.."

ကျီချင်းရန် ဘာမျှ ပြန်မပြောချေ။ သူမလည်း ဘေဘီပူတူးချင်းရန် ဟူသော နာမည်လေးမှာ နား၀င်ချိုသည်ဟု ခံစားမိနေသည်။

ထိုအကြောင်းကို စဉ်းစားမိတော့ ကျီချင်းရန် မျက်နှာလေး ရဲတက်လာခဲ့တော့၏။

ယင်းက နားရှက်ဖွယ်အတိပင်။

သုံးယောက်သား တီးတိုး‌ ပြောနေကြတုန်း လျိုရီတ အကော်ဒီယံကို ယူဆောင်လာခဲ့၏။

"ရီတ...ပိုက်ခယ်ရေကန်ဆိုတဲ့ တေးသွားကို တီးပေးစမ်းကွာ..ငါ အဲ့သီချင်းကို မတီးတတ်လို့ မင်းနားက ကြည့်ပြီး သင်ယူဦးမယ်..."ဖန့်ရှင်းကော်မှ နိမ့်ချစွာဖြင့် ဆိုလိုက်သည်။

ဖန့်ရှင်းကော်နှင့် ကျန်းရှုမင်တို့မှာ အကော်ဒီယံကို နှစ်သက်သူများ ဖြစ်ကြ၏။ သို့သော်လည်း သူတို့၏ အရည်အချင်းမှာ အကောင်းစားကြီး မဟုတ်ခဲ့ပေ။ ထို့ကြောင့် အိမ်၌သာ အပျင်းပြေ တီးခတ်လေ့ ရှိကြ၏။

ယခု ကောင်းကောင်းမွန်မွန် တီးတတ်သည့် လျိုရီတ ရောက်လာသောကြောင့် သူတို့ တေးတစ်ပုဒ်လောက် တောင်းဆိုမိသည်မှာ သဘာ၀ပင်။

"ဆရာဖန့်ကတော့ မြှောက်ပင့်လွန်းနေပါပြီ...ကျွန်တော်က ဆရာ့ရှေ့မှာ ဘယ်လိုလုပ်ပြီး ၀င့်ကြွားရဲမှာလဲတဲ့ဗျာ..."

"မင်း ကောင်းကောင်းတီးတတ်တယ်ဆိုတာ ငါမသိဘူးများ မှတ်နေတာလား...မြန်မြန် တေးတစ်ပုဒ်လောက် လုပ်စမ်းကွာ...လူတိုင်းလည်း နားဆင်လို့ရတာပေါ့..."

"အဲ့တာဆ်ုလည်း ကျုပ်ကပဲ တတ်သည့်ပညာ မနေသာဆိုသလို တစ်ပုဒ်လောက်‌ အစမ်းတီးပြပါရစေ "

လျိုရီတ အကော်ဒီယံကို ကိုင်လိုက်ပြီး ဖန်ရှင်းကော်၏ တောင်းဆိုမှုအတိုင်း ပိုက်ခယ်ရေကန် တေးသွားကို စတင်တီးခတ်တော့၏။ သူ၏ အမူအရာမှာတော့ ကိုယ့်ကိုယ်ကို လွန်စွာ နှစ်ထောင်အားရဖြစ်နေသည့် ပုံပေါက်နေလေသည်။

သို့သော်လည်း လင်းရီ မျှော်လင့် မထားသည်ထက်ပိုစွာ ထိုငနဲမှာ ကိုယ့်ကိုယ်ကို အထင်ကြီးစွာဖြင့် တစ်ဆင့်တက်ပြီး အကော်ဒီယံဖြင့် သီချင်းလေးပင် ညည်းလိုက်သေးသည်။

ကာနံနဘေများမှာ လုံး၀ စုတ်ပြတ်သပ်နေသော်လည်း အများနားတွင်တော့ ကြားကောင်းရုံလောက်တော့ရှိ၏။

"မဆိုးဘူး မဆိုးဘူး..."လျိူရီတ တီးခတ်ပြီးသည့် အချိန်တွင် ကျန်းရှုမင်နှင့် ဖန်းရှင်းကော်တို့မှ ဦး ဆောင် လက်ခုပ် တီးလိုက်၏။

"မင်းရဲ့ လက်သံတွေကတော့ မကျဆင်းတဲ့ အပြင်ပိုပြီးတောင် တိုးတက်လာတာပဲဟ...ငါတို့လို အဘိုးကြီးတွေကတော့ လူငယ်လေးတွေလောက် သင်ယူတာ မမြန်ဆန်နိုင်တော့ပါဘူးကွာ..."

ဟမ်..

လင်းရီ ကြောင်အသွားခဲ့၏။

ဘယ်လိုငရဲလဲဟ...

ဒီကောင် ပေါက်တတ်ကရတွေ လျှောက်လုပ်နေတာကို ခင်များက ဘယ်လိုလုပ်ပြီး ကောင်းတယ်လို့ ပြောလိုက်တာတုန်း....

All Chapters