အခန်း (၃၂၉)
Vol. 22 Ch. 329
"ချင်းရန် ဒီရဲ့ နံရိုးကြော်လေး စားကြည့်ကြည့်ပါလား..အတော်လေး မဆိုးဘူး...ငါ့ဟင်းချက်လက်ရာ နီးနီးလောက်ရှိတယ်..."လင်းရီ ပြောလိုက်၏။
"ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်အမနေနဲ့..ဆရာမကျန်းရဲ့ လက်ရာက နင့်ထက် အသာကြီးကို..."
"တကယ်ကြီးလား...အဲ့တာဆို နောက်ကျ ငါ့ကို ဟင်းလာမချက်ခိုင်းနဲ့တော့..."
"အန်... မဟုတ်ဘူးလေ..."ကျီချင်းရန် စိုးထိတ်သွားခဲ့ပြီး "နင်ငါ့ကို အဲ့လိုလုပ်လို့ မရဘူးလေ...."
"အမယ်လေး..ကြည်နူးနေလိုက်ကြတာများ...တော်ပြီ...နင်တို့နဲ့ ဝေးဝေးနေတာပဲ ကောင်းတယ်.."လုထျန်းမှ နှစ်ယောက်လုံးကို ရှုံ့မဲ့စွာ ကြည့်လိုက်ပြီး ကုလားထိုင်ကို ချင်းရန်နှင့် နည်းနည်းလေးခြားလိုက်သည်။
"ဘာလဲ..မနာလို ဖြစ်နေတာလား..."လင်းရီ ရယ်မောလိုက်ပြီး "ဖြစ်လည်း မတတ်နိုင်ဘူးဟေ့..တစ်ကမ္ဘာလုံးမှာ ငါ့လာက်နီးနီး ချောတဲ့ကောင်က ခပ်ရှားရှားရယ်..."
"ပေါက်တတ်ကရတွေ ပြောမနေနဲ့.... ငါ ရန်တိုက် ပေးလိုက်လို့ နင့်ကို ချင်းရန်က ညစာမကျွေးပဲ နေဦးမယ်နော..."
"အဟွတ် အဟွတ် အဟွတ်..."
ကျိန်း၀န်ကျယ် ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး "ရှင်တို့တွေ...စီနီယာက ခုလေးတင် အကော်ဒီယံ တီးပြီးသွားတာကို လေးစားသမှုနဲ့ လက်ခုပ်တီးပေးသင့်တယ်လို့ မထင်ဘူးလား..."
"အင်း..မဆိုးပါဘူး..ကောင်းပါတယ်..."
ကျီချင်းရန်မှ အလေးမထားဟန်ဖြင့် ပြောဆိုလိုက်သည်။
"ချင်းရန် ..သမီးကတော့လေ သီချင်းတောင် ကောင်းကောင်း နားထောင်တဲ့ပုံလည်း မပေါ်ပါဘူး..."ကျန်းရှုမင်မှ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ရီလေး...သားကော သူတီးသွားတာ ဘယ်လိုထင်လဲ..."
"ကောင်းတာပေါ့ဗျာ..အရမ်းကောင်းတာမှ ပြောမပြတတ်လောက်အောင်ပဲ...ဘယ်လိုကောင်းလို့ ကောင်းမှန်းကို မသိတာ..."
လင်းရီ တမင်အရွှဲ့တိုက်ပြီး ချီးမွမ်းလိုက်၏။
စနစ်၏ ပညာရှိဉာဏ်ပညာကြောင့် နယ်ပယ်ပေါင်းစုံကို တီးမိခေါက်မိရှိသူအတွက်တော့ ချို့ယွင်းချက်ပေါင်းများစွာကို သိမြင်နေလေရာ အဘယ်၌ နားထောင်ကောင်းလိမ့်မည်နည်း။ သို့သော်လည်း ထမင်းဝိုင်းလေးကို မပျက်စီးစေချင်သည့် စိတ်ကြောင့်သာ ချီးကျူးပေးလိုက်သည်။
"မစ္စတာလင်းက အကော်ဒီယံအကြောင်း အဲ့လောက် သိနေလိမ့်မယ်လို့တောင် ထင်မထားဘူး...ဒါက ကျုပ် မျေဗာ်လင့်ထားတယထက်ကို ပိုနေတာပဲဗျ"လျိုရီတ အပြုံးလေးဖြင့် ျပြာလိုက်၏။
"မပြောပလောက်ပါဘူး..နည်းနည်းလေးပါ.."
ကျီချင်းရန် နှာကစ်မိလိုက်သည်။ လင်းရီကတော့ ထုံးစံအတိုင်း ပေါက်တတ်ကရများ ပြောနေလေသည်။ အကော်ဒီယံအကြောင်း အနည်းငယ်သိသည်ဟုပင်ဆ်ုလိုက်သေး၏။
"ကျုပ် ဒီနေ့ ကျွမ်းကျင်သူနဲ့ လာဆုံလိမ့်မယ် ထင်မထားဘူး..ကျုပ် ကောင်းကောင်းတီးခဲ့တယ်လို့ ထင်ရပေမယ့် တကယ်တော့ ပိုက်ခယ်ရေကန် တေးသွားမှာ အပြစ်အနာဆာတွေတော့ အများကြီး ရှိနေတုန်းပဲဆိုတာ ကျုပ်သတိမိပါတယ်....စိတ်မရှိဘူးဆိုရင် ကျုပ် မစ္စတာလင်းဆီကနေ ညွှန်ပြမှုလေးတစ်ချို့လောက် ရရှိနိုင်မလား..."
"သိပ် မကောင်းဘူးထင်တယ်နော...ခုက မိတ်ဆုံစားပွဲဆိုတော့ ဒီကိစ္စတွေကို ဘေးချိတ်ထားရအောင်ပါဗျာ..."
"မဟုတ်တာ၊ကျုပ်တို့လို ခေတ်ပညာတတ်တွေက အမြဲတမ်း အကောင်းဆုံးကိုပဲ မျှော်လင့်တောင့်တကြတယ်..တကယ်လို့ အမှားတွေ ရှိရင်လည်း အချင်းချင်း ထောက်ပြရမှာက သဘာ၀ပဲလေ.."
ကျီချင်းရန် နှုတ်ခမ်းကို အသာအယာလေးကိုက်မိသွားပြီး မပျော်ရွှင်မှုများက သူမမျက်နှာထက်တွင် ပေါ်ပေါက်လာခဲ့၏။
လျိုရီတမှာ လင်းရီကို ခက်ခဲအောင် ပြုလုပ်ချင်နေကြောင်း သူမ ပြောနိုင်သည်။
"ရီလေး...သားက အကော်ဒီယံအကြောင်း သိရင် ဆရာမတို့ကိုလည်း မျှဝေပေးဦးလေ..."ကျန်းရှုမင် ပြောလိုက်ပြီး "အားလုံးက ဒီလူနဲ့ ဒီလူတွေကြီးပဲကိုကွယ်...ဘာမှ မဖြစ်ဘူး..လွတ်လွတ်လပ်လပ်သာ ပြော..."
"ဟုတ်တယ်..ဒါမှ ကျုပ်လည်း အမှားသိလို့ အမှန်ကိုပြင်နိုင်မှာလေ...အဲ့တာမှ ဆက်ပြီး တိုးတက်မှာပေါ့...."
"အဲ့လိုဆို ဒီရဲ့ တေးသွားနဲ့ ပတ်သက်ပြီး ခင်များကို ညွှန်ပြပေးစရာ အကြောင်းတောင် မရှိဘူး..."လင်းရီ နံရိုးကြော်တစ်တုံးကို ဝါးရင်း ပြောလိုက်၏။
"ကျုပ်တီးပြသွားတာက ပြီးပြည့်စုံပြီးတော့ ထောက်ပြစရာမရှိဘူးလို့တော့ လာမပြောနဲ့..."
"ဘယ်နားကသာ..ခင်များ အထင်တွေလွဲနေပြီ...ပိုက်ခယ်ရေကန်တေးသွားကို တင်ဆက်သွားတာက ချွတ်ယွင်းချက် အပြည့်လို့ ပြောနေတာ...ထောက်ပြလို့ကတော့ မိုးတောင် လင်းသွားဦးမယ်...ဒါကြောင့်မို့ မင်းကို ညွှန်မပြချင်ဘူးလို့ပြောနေတာ..."
သူ ထို့သို့ ပြောပြီးလျှင်ပြီးချင်း လူတိုင်း၏ အကြည့်များမှာ လင်းရီထံသို့ စုပြုံလာခဲ့၏။
လင်းရီ ထိုသို့ ပြောလာလိမ့်မည်လို့ မည်သူကမျှ ထင်မှတ်မထားခဲ့ချေ။
"ငါ့က ပိုက်ခယ်ရေကန် တေးသွားကို တင်ဆက်သွားတာ ချွတ်ယွင်းချက် အပြည့်ရှိတယ်..."လျှိုရီတ၏ မျက်နှာမှာ သိပ်မလှတော့ပေ။
သူတင်ဆက်သွားသည်မှာတော့ ပြည့်စုံသည်ဟု ထင်နေပြီး သူ၏နဂို လက်သံကိုပင် သာလွန်နေချေပြီဟု ထင်မှတ်ထားခဲ့၏။ ထို့ကြောင့် မည်သည့်ချွတ်ယွင်းချက်မျှ မရှိနိုင်ပေ။
သို့သော်လည်း လင်းရီမှ သူ့အား ချွတ်ယွင်းချက်အပြည့် ဖြစ်နေသည်ဟု ပြောလာခဲ့၏။ မည်မျှ ရယ်မောဖွယ် ကောင်းလိုက်သနည်း။
"မစ္စတာလင်း..ခင်များ ကျီချင်းရန်ရဲ့ ဘေးမှာ ရပ်နေပြီးတော့မှ သူ့ထက် ခေါင်းတစ်လုံးသာကြောင်း ပြချင်တိုင်း မဆင်ခြင်ဘဲ ပြောမယ်ဆိုရင်တော့ ဘာ်သူမှ အထင်ကြီးမှာ မဟုတ်ဘူးနော..."
"ကြည့်စမ်းပါဦး..ခုနလေးတင် ခင်များကိုယ်တိုင် တင်ဆက်မှုက ချွတ်ယွင်းချက် အများကြီး ရှိတယ်လို့ ပြောနေတယ်...ခု ကျွန်တော်က ရှိတယ်လို့ ပြောလိုက်တော့ လက်မခံချင်ဘူးတဲ့လား..ဘယ်လို လောဂျစ်ကြီးလဲဟ... "
"ဒါ...."
လျိုရီတ ပြောစရာစကားလုံးများ ပျောက်ရှနေခဲ့ပြီး ကြက်သေသေသွား၏။
"ရီတ...မှားတာက သားမှားတာဆိုတော့ ရီလေး ထောက်ပြတာကို အရင်နားထောင်ကြည့်ပါလား..."
ကျန်းရှုမင်မှ ပြောလိုက်ပြီး လင်းရီကို ကြည့်ကာ အပြုံးလေးဖြင့် "တကယ်တော့ ဆရာမလည်း ရီတ တင်ဆက်သွားတာ ကောင်းတယ်လို့ပဲထင်တယ်...ဘယ်နေရာမှားလဲဆိုတာ သတိမထားမိလိုက်ဘူး..."
"အဲ့တာဆိုလည်း ကျုပ် ထင်ရှားမြင်သာတဲ့ ချွတ်ယွင်းချက်လေးတွေကိုပဲ ထောက်ပြပေးလိုက်မယ်..."လင်းရီ ပြောလိုက်ပြီး
"သီချင်း စည်းချက် ရှစ်ခုရဲ့ ဒုတိယမြောက်အသံက ဖော့လွန်းတော့ အသံကို နိမ့်သွားစေတယ်.. "
"ဒါပေမယ့် စည်းချက်ရဲ့ အလယ်သုံးပုံတစ်ပုံလောက်မှာကျတော့ ဖိလွန်းသွားပြန်ရော..အဲ့မှာ စည်းနဲ့ဝါးက အချိတ်ဆက်မမိဘဲ သီချင်းတစ်ပုဒ်လုံးရဲ့ အနှစ်သာရတွေ ကင်းမဲ့ကုန်တော့တာပဲ.."
"ပြီးတော့ နောက်ထပ်အမှား အများကြီးတွေ ရှိနေတုန်းပဲ..အကျသံ မပိုင်တာတို့ အဖိ၊အဖော့ လွဲနေတာတို့...ဒါပေမယ့် အသေးစိတ်တော့ ပြောမပြတော့ဘူး..စောနကအတိုင်းပဲ ထောက်ပြလိုက်ရင် မိုးလင်းသွားလိမ့်မယ်..."
ကျီချင်းရန် လင်းရီကို မျက်တောင် ပုတ်ခတ် ပုတ်ခတ်လေးဖြင့် ကြည့်လိုက်သည်။
ဒီလို ရှင်းရှင်းလင်းလင်း ပြောဖို့အတွက်ဆို လင်းရီ ဘယ်လာက်တောင်မှ နက်နဲတဲ့ ကျွမ်းကျင်မှုတွေ ရှိထားဖို့ လိုလိုက်မလဲ...
သူက တကယ်ကြီး အကော်ဒီယံကို တီးတတ်နေတာများလား..ဒါကြီးက လုံး၀ မဖြစ်နိုင်ဘူးလေ...
ကျန်းရှုမင်နှင့် ဖန့်ရှင်းကော်တို့လည်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့ မျက်၀န်းထဲတွင်တော့ ရှုပ်ထွေးမှုနှင့် အံ့အားသင့်မှုတို့က ရောယှက်နေလေသည်။
သူတို့ လင်းရီ ဘာပြောနေလဲဆိုတာကိုလည်း သဘောမပေါက်ချေ။
ပြောပြသွားသည့် အမှားများကိုလည်း သတိမပြုလိုက်ပေ။
အကော်ဒီယံကို နှစ်သက်သော်လည်း ဝါသနာအရ တီးခတ်ခြင်းသာဖြစ်၏။ ထို့ကြောင့် ပရောဖက်ရှင်နယ်ဆန်ဆန် ထောက်ပြသွားသည့် လင်းရီ၏ စကားလုံးများကို နားမလည်သည်မှာ သဘာ၀ပင်။
ထိုအချိန်တွင်တော့ အဘိုးကြီးတို့စုံတွဲသာမက လျှိုရီတလည်း ရှုပ်ထွေးနေတော့၏။
သူအကော်ဒီယံကို တီးလာသည်မှာ ကြာညောင်းလှပြီဖြစ်သော်လည်း ထိုအမှားများကို သတိမမူခဲ့ချေ။
"ဟားဟား...."
လျှိုရီတ ပြုံးလိုက်ပြီး "ကျုပ် ဆရာတွေနဲ့ ကျွမ်းကျင်သူတွေရှေ့မှာ အကော်ဒီယံကို တင်ဆက်ခဲ့ဖူးတယ်..ဒါပေမယ့် အားလုံးက ကောင်းတယ်ပဲပြောပြီးတော့ ဘာပြဿနာကိုမှ ထောက်မပြပေးတာကြတော့ကော..."
"ခုလည်း ဒီပုံစံအတိုင်းပဲ မဟုတ်လား..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "လုထျန်နဲ့ ငါနဲ့က ကောင်းတယ်လို့ မှတ်ချက်ပြုပေးတယ်..ဒါပေမယ့် မင်းက ထောက်ပြပေးပါဆိုတော့ ထောက်ပြပေးလိုက်တယ်လေ....ထောက်ပြပေးပြန်တော့လည်း လူကို မပျော်မရွှင် ဖြစ်စေတယ်တဲ့လား..ဘယ်လို လူ့ ...အင်း...."
"မင်းက ၀တ်ကျေတမ်းကြေ ထောက်ပြနေတာပဲကွ..."
"ကျွမ်းကျင်သူတွေကကော ၀တ်ကကျေတမ်းကြေ ထောက်မပြတတ်ဘူးလို့ ထင်နေတာလား..."
"မင်း...."
လျှိုရီတ အတော်လေး ဒေါသထွက်နေခဲ့၏။ ကုမ္ပဏီတစ်ခုကို ဦးစီးဦးဆောင်ပြုနေသည့် သူလို သူဌေးကြီးတစ်ယောက်မှာ အပျော်လင်ရုပ်နှင့်ကောင်၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံနေရသည်။
ဤသည်က လုံး၀ လက်မခံနိုင်စရာပေ။
သို့သော်လည်း သူ၏ဆရာမ အိမ်တွင်တော့ ဝုန်းဒိုင်းကျဲပြ၍ မဖြစ်ချေ။
"အဲ့လိုဆိုလည်း မစ္စတာလင်းကိုယ်တိုင် သီချင်းတစ်ပုဒ်လောက် တီးခတ်မပြသင့်ဘူးလား..ကျုပ်နဲ့ မစ္စတာလင်းကြား ကွာခြားမှုကို ထင်သာမြင်သာ ရှိသွားတာပေါ့..."
"ငါအကော်ဒီယံနဲ့ သိပ်ပြီးတော့မရင်းနှီးဘူး.."
"စောနတုန်းကကျ လေကြီးလေကျယ်တွေ ပြောနေပြီးတော့မှ ခုကျတော့ အာပလာကြီး ဖြစ်သွားပါလားကွ....မင်း အကော်ဒီယံ မတီးဖူးဘူးဆိုရင်လည်း စောက်ဆရာကြီးအထာနဲ့ လာပြီး ဝေဖန်ပြမနေနဲ့... "
"ငါက မရင်းနှီးဘူးလို့ပဲ ပြောတာ..မတီးတတ်ဘူးလို့ မပြောဘူး.."
"ရီလေး...သားက တကယ့်ကို မရိုးရှင်းဘူးပဲ...ချင်းရန်လေးကို သိမ်းပိုက်နိုင်ရုံတင်မကသေးဘူး..အကော်ဒီယံလည်း တီးတတ်နေတယ်ပေါ့..လုပ်ပါဦး..လူတိုင်းနားဆင်လို့ရအောင် တစ်ပုဒ်လောက် ပညာလေးတွေ ထုတ်ပြပါဦးကွယ်.."
ကျန်းရှုမင်မှ ကြင်နာသည့် အမူအရာဖြင့် ပြောလိုက်၏။
"ဆရာမကျန်းက နားဆင်ခြင်နေမှတော့ ကျွန်တော့်ဘက်က ငြင်းလို့ ဘယ်ကောင်းမှာ..."
တစ်ဖက်ရှိ ကျီချင်းရန်ကတော့ လင်းရီအစား စိုးရိမ်လို့နေသည်။
"လင်းရီ ..နင် အကော်ဒီယံ တီးတတ်တယ်ဆိုတာဟုတ်ကောဟုတ်ရဲ့လားဟယ်..ဒါက နောက်စရာမဟုတ်ဘူးနော်..."
လင်းရီမှ တီးတတ်သည်ဟု ပြောလာသောကြောင့် သူ တီးတတ်လိမ့်မည် ဖြစ်ကြောင်း ယုံကြည်သော်လည်း တစ်ခုရှိသည်မှာ လင်းရီတီးခတ်သည်က လျှိုရီတထက် ကောင်းနိုင်ပါမည်လော။ မဟုတ်ပါက လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။
သူမ အရှက်ရသည်ကို ခံနိုင်ရည်ရှိသော်လည်း လင်းရီကို လူအများမှ ဝိုင်းကဲ့ရဲ့ကြသည်ကိုတော့ မလိုလားပေ။
"ဒီတိုင်း အကော်ဒီယံလေးပါကွာ..ဘာပြဿနာမှ မရှိဘူး " လင်းရီ မျက်စိတစ်ဖက်မှိတ်ပြလိုက်၏။
"မစ္စတာလင်းရဲ့ ကွန်ဖီးဒန့်လယ်ဗယ်ကတော့ စိုးဟိုက်နေပါရောလား...အဲ့လိုဆိုရင်တောင်မှ ပိုက်ခယ်ရေကန် တေးသွားက အတီးသပ်သပ်ချည်းဆို နားထောင်လို့ကောင်းမှာ မဟုတ်ဘူး...ပိုပြီးအသက်၀င်သွားအောင် သီချင်းလေးပါ ထည့်ဆိုသင့်တယ်လို့ ထင်တယ်..."