← Chapters

အပိုင်း(၅၆၃)

Vol. 38 Ch. 563

အပိုင်း(၅၆၃)

Vol. 38 Ch. 563

“ခုဏတုံးကကျုပ်တီးခတ်ခဲ့တဲ့ ရှောင်ယောင်ချုံသံစဉ်ကို  ကြားဖူးတာဘယ်သူလဲလို့သိချင်မိတယ်”

ရွှယ်ဝူဟမ်၏ စကားအားကြားပြီးနောက်  ရှစ်ကျင်းရွှိုက်က ပြုံလိုက်ပြီး ဘေးရှိရှစ်ဖုန့်အား ညွှန်ပြလိုက်သည်။

ဤအချိန်တွင်  ရှစ်ဖုန့်က ရွှယ်ဝူဟမ်အားတိုက်ရိုက်ပင်ပြောလိုက်သည်။

“မင်းကတကယ်ပဲ ချင်ယူဖန်းရဲ့တပည့်လား..မိုရှောင်ယောင်ရဲ့တပည့်မဟုတ်ဘူးလား”

“ဟမ်..”

ရှစ်ဖုန့်၏ စကားအားကြားပြီးနောက်   ရွှယ်ဝူဟမ်၏ပြုံးနေသော မျက်နှာက   အနည်းငယ်ပြောင်းလဲသွားပြီး  အနည်းငယ်တုန်လှုပ်အံ့အားသင့်သော  အမူအယာတစ်ခုဖြစ်ပေါ်လာသည်။ ထို့နောက် ရှစ်ဖုန့်အားဂရုတစိုက်အကဲခတ်လိုက်သည်။ ဤလူငယ်မှာအသက်မကြီးသေးပဲ အသက်ဆယ့်ခြောက်နှစ်ယောက်သာရှိသေးပြီး   သူ့ထက်ဆယ့်နှစ်ခန့်ပိုမိုငယ်ရွယ်သည်ဖြစ်သည်။ျ

သို့သော် ထိုလူ၏အစောပိုင်းကလေသံမှာစီနီယာတစ်ဦးက ဂျူနီယာတစ်ဦးအားပြောနေသောလေသံမျိုးဖြစ်သည်။ ထိုထက်ပိုသည်ကား  သူ့အား ဦးလေးမိုရှောင်ယောင်နှင့်တူသည်ဟု သွယ်ဝိုက်ညွှန်းဆိုနေခြင်းဖြစ်သည်။ သူစကားပြောနေသည့်ပုံစံက သူ၏ဦးလေးဖြစ်သူမိုရှောင်ယောင်အားသူ၏ ဆရာအဖြစ်မြင်နေသကဲ့သို့ဖြစ်သည်။

ဦးလေးရှောင်ယောင်အားသူညွှန်းဆိုသည့်ပုံစံက သူတို့နှစ်ဦးကတူညီသောမျိုးဆက်တစ်ခုကဲ့သို့ဖြစ်၏။

ထိုထက်ပိုသည်က၎င်းမှာ သူအစောကတီးခတ်ခဲ့သောဦးလေးရှောင်ယောင်၏ ရှောင်ယောင်ချုံတေးသွားအားသိနေခြင်းပင်ဖြစ်သည်။

ဤပုဂ္ဂိလ်က သူ၏ဆရာဖြစ်သူနှင့်ဦးလေးရှောင်ယောင်တို့အားသိပြီး သေဆုံးသွားခဲ့ပြီးနောက် ဝိညာဉ်က တစ်ခြားသူ၏ကိုယ်အားဝင်စီးထားသောသူများဖြစ်နေနိုင်မည်လော။

သို့သော် ရွှယ်ဝူဟမ်မှာထပ်မံအာရုံခံလိုက်သည်။ ကျိုးယိုမျိုးဆက်များဝိညာဉ်အသိအာရုံလွန်စွာထက်မြက်သည်ဖြစ်၏။  အာရုံခံပြီးနောက် ဤလူငယ်အား ဝိညာဉ်တစ်ခုကသိမ်းပိုက်ထားခြင်းအခြေအနေ၌မရှိသည်ကို  ရွှယ်ဝူဟမ်သဘောပေါက်လိုက်သည်။

ရွှယ်ဝူဟမ်မှာ ဤလူငယ်အားဖောက်ထွင်းမြင်လိုသကဲ့သို့ စိုက်ကြည့်နေ၏။ထို့နောက်သူကမေးလိုက်သည်။

“မင်းရဲ့စကားကနေ မင်းက ငါ့ရဲ့ဆရာနဲ့ စီနီယာဦးလေးရှောင်ယောင်တို့ကို သိတယ်လို့ပြောနေတလား..မင်းဘယ်သူလဲဆိုတာကို ငါမေးခွင့်ရှိမလား”

ရွှယ်ဝူဟမ်၏မေးခွန်းအားကြားပြီးနောက်  ရှစ်ဖုန့်က  ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ချင်ယူဖန်းနဲ့ မိုရှောင်ယောင်တို့ကို ငါသိတယ်”

ထို့နောက် ရှစ်ဖုန့်ကဆက်ပြောသည်။

“ဒီသခင်လေးနမည်က ရှစ်ဖုန့်လို့ခေါ်တယ်..မင်းသခင်လေးဖုန့်လို့ခေါ်လို့ရတယ်… ငါ့ရဲ့သရုပ်မှန်ကို မင်းကို ဖော်ပြဖို့ကတော့ မသင့်တော်သေးဘူး. အနာဂတ်မှာ မင်းသိလာရလိမ့်မယ်”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက်  ရွှယ်ဝူဟမ်တစ်ယောက်ချင့်ချိန်တွေးလိုက်သည်။ ဘယ်လိုသရုပ်မှန်မလို့သူ့အားထုတ်ပြော၍မရပါသနည်း။သူကအနာဂတ်တွင်သိရမည်တဲ့လော။

ရွယ်ဝူဟမ်တစ်ယောက်ဤကဲ့သို့တွေးနေသော်လည်း ရှစ်ဖုန့်ဤအကြောင်းအားပိုပြောလေ ရွှယ်ဝူဟမ်အနေဖြင့်ပိုပြီးသိချင်လေဖြစ်သည်။

သူ့ပုံစံကြည့်ရသည်မှာ လိမ်နေသည့်ပုံမပေါ်ချေ။ယင်းမှာ သူ့အနေဖြင့် ယခင်ကတကယ်ကြီးဆရာဖြစ်သူနှင့်ဦးလေးရှောင်ယောင်တို့အားမြင်ဖူးပြီးသိပုံပေါ်သည်။  ထိုသို့မဟုတ်ပါက သံစဉ်နဲ့သီချင်းနမည်ဖြစ်သော ရှောင်ယောင်ချုံတို့အားသိနေလိမ့်မည်မဟုတ်ပေ။

ထို့ထက်ပိုသည်ကား၎င်း၏ပါးစပ်ဟလိုက်ချိန်တွင်သူ့အားချင်ယူဖန်း၏တပည့်ဖြစ်ပြီး ဦးလေးရှောင်ယောင်၏တပည့်မဟုတ်ဖူးလားဟုမေးခဲ့သည်။ ၎င်း၏အဓိပ္ပါယ်မှာသိသာသည်။သူ့အား ဦးလေးရှောင်ယောင်နှင့်တူသည်ဟုပြောနေခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာတုံးက သူသည်လည်းဤမေးခွန်းအားသူ၏နှလုံးသားထဲမှနေ၍ အရမ်းဝိရောဓိဖြစ်နေခဲ့ဖူးသည်။

ရွှယ်ဝူဟမ်မှာသူ၏ငယ်စဉ်ဘဝအကြောင်းကိုတွေးမိလိုက်သည်။

“ဆရာ.ကျွန်တော်ကတကယ်ပဲဦးလေးရှောင်ယောင်ရဲ့တရားမဝင်သားမဟုတ်ဘူးလား.. အဲ့လိုမဟုတ်ဘူးဆိုရင် ဘာလို့ကျွန်တော့်ကိုမြင်တာနဲ့ ဦးလေးရှောင်ယောင်နဲ့တူတယ်လို့ပြောနေကြတာလဲ”

“ဦးလေးလင်ယဲ့ဖုန်း..ဦးလေးလန်အောင်းယွဲ့..ဦးလေးလောချင်းချွမ်.. ဦးလေးယွမ်ရီမုံ့ နဲ့ ဦးလေး ရှောင်းထျန်းရီတို့ကလည်း ကျွန်တော်က ပိုပိုပြီးတော့ဦးလေးရှောင်ယောင်နဲ့တူလာတယ်လို့ပြောကြတယ်…အထူးသဖြင့်ဦးလေးရှောင်းထျန်းရီပဲ.. သူစကားပြောရင် တစ်ခုခုကိုသိနေတဲ့ပုံစံမျိုးပဲ”

ချင်ယူဖန်းကပြောသည်။

“မင်းကငယ်သေးတယ်..မင်းကြီးလာမှသိဖို့လိုအပ်တဲ့အရာအချို့ရှိနေသေးတယ်”

“ဆရာ .ကျွန်တော်ဦးလေးရှောင်ယောင်နဲ့တွေ့လိုက်တဲ့အချိန်တိုင်းမှာ  ကျွန်တော်ကသူနဲ့ ပုံမှန်ထပ်ပိုပြီးနီးစပ်မှုရှိတယ်လို့ခံစားရတယ်..အဲ့တာထက်..ကျွန်တော်က အဂ္ဂရိတ်နည်းစနစ်တွေဆေးဝါးဖော်စပ်နည်းတွေကိုလေ့လာလို့မရဘူး. ဒါပေမဲ့ ငရဲဘုံကိုးခု ခန္ဓာသန့်စင်နည်းစနစ်နဲ့ငရဲဘုံကိုးခု ပညာရပ်တွေကိုတော့ အရမ်းကိုလျှင်လျှင်မြန်မြန်ပဲသင်ယူနိုင်ခဲ့တယ်”

“ကျွန်တော်က ဦးလေးရှောင်ယောင်နဲ့ပိုပိုပြီးတူလာတယ်လို့ ရှာတွေ့လာရတယ်.. သိုင်းပညာမှာတင်မဟုတ်ဘဲ ဝါသနာမှရောပဲ.. ဆရာ.ကျွန်တော့်ကိုပြောပါ …ကျွန်တော်ကတကယ်ပဲဦးလေးရှောင်ယောင်ရဲ့တရားမဝင်သားလား”

ချင်ယူဖန်းကပြောသည်။

“မင်းကငယ်သေးတယ်…မင်းကြီးလာမှသိရမဲ့အရာအချို့ရှိနေသေးတယ်”

ထို့နောက်တွင်  ရွှယ်ဝူဟမ်ဤမေးခွန်းအားမေးလိုက်တိုင်းတွင်  ချင်ယူဖန်းမှာ အကြိမ်များစွာ စကားလမ်းကြောင်းလွှဲပစ်ခဲ့သည်။သူဖြည်းဖြည်းချင်းအရွယ်ရောက်လာသောအခါတွင်   ချင်ယူဖန်းအနေဖြင့်သူ၏နောက်ကြောင်းအမှန်အားပြောရန်အတွက်မျှော်လင့်ခဲ့သည်။သို့သော်  ဆရာချင်ယူဖန်းကဆေးဝါးဖော်စပ်ပညာအားတစ်ဆင့်မြှင့်တင်ရန်အတွက်  နတ်ဘုရားဆေးပင်အားရှာဖွေရန်ထွက်ခွာသွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း  သူ့နှင့်ပက်သက်သောသတင်းများအားမကြားခဲ့ရသလို သူ့ကိုလည်းထပ်မံမမြင်တွေ့ခဲ့ရပေ။

သူ၏ဆရာအားထပ်မံမတွေ့ရသည့်နောက်တွင်ရွှယ်ဝူဟမ်မှ လုံ့လဝီရိယရှိစွာဖြင့်ကျင့်ကြံခဲ့ပြီးသိုင်းပညာအားလိုက်စားခဲ့သည်။  ထိုဦးလေးဖြစ်သူများကိုလည်း သူမတွေ့ရသည်မှာ  အချိန်တော်တော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

လက်ထပ်ပွဲအတွက်သိုင်းပြိုင်ပွဲပြီးဆုံးလျှင် ရွှယ်ဝူဟမ်အနေဖြင့် ထျန်းလန်အင်ပါယာ၏ ဧကရာဇ်လန်ယွမ်ထံမှ အတွင်းပိုင်းနယ်ပယ် ပို့ဆောင်ရေးအစီအရင်ကို ငှားရမ်းလိုခဲ့၏။  သူ့အနေဖြင့် အခြားသောတိုက်ကြီးများသို့သွားရောက်၍ သူ၏ကိစ္စများအားရှင်းရှင်းလင်းလင်းသိရရန်အခြားဦးလေးဖြစ်သူများကို  ရှာဖွေလိုသည်။ သူတို့အနေဖြင့် အများကြီး သို့မဟုတ် အနည်းအကျဉ်းလောက်တော့သူ၏နောက်ကြောင်းအားသိလိမ့်မည်ဖြစ်သည်။

ထိုထက်ပိုသည်ကားလွန်ခဲ့သောရက်အချို့က မြောက်ပိုင်းဒေသကြီးမှာ ကျင့်ကြံသူအချို့နှင့်ရွှယ်ဝူဟမ်တွေ့ဆုံခဲ့သည်။  လောလောဆယ်တွင် သေခြင်းမဲ့တောင်တန်း ၌ ထူးဆန်းသောအသံများ သို့မဟုတ် စွမ်းအင်အတက်အကျများ ဖြစ်ပေါ်နေသည်ဟု သူကြားခဲ့ရသည်။  ယခု အခါတွင်  မသေဆုံးတောင်အား  လောမိသားစုက ဆီးလ်ခတ်ထားပြီး  မည်သူ့ကိုမှချဉ်းကပ်ခွင့်မပြုပေ။

သေခြင်းမဲ့တောင်မှာမျိုးဆက်သစ်များအတွက် ဦးလေးလောချင်းချွမ်စောင့်ကြပ်နေသော နေရာဖြစ်သည်။ အကယ်၍မသေဆုံးတောင်၌တစ်ခုခုဖြစ်နေသည်ဆိုလျှင်  သူသွားပြီး ဦးလေးလောချင်းချွမ်အားကူညီပေးနိုင်မည်လားဆိုသည်ကို ကြည့်ရမည်ဖြစ်သည်။

………………………………..

“ဒီတစ်ကြိမ် မင်းထျန်းလျန်အင်ပါယာကိုလာတာက မင်းသမီးလင်လုံရဲ့သတိုးသားရွေးချယ်ပြိုင်ပွဲအတွက် လာတာလား”

ရှစ်ဖုန့်ကရွှယ်ဝူဟမ်အားမေးလိုက်သည်။

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် သူ၏အတိတ်မှတ်ဉာဏ်အတွေးများထံမှ ဖြည်းဖြည်းချင်းအသိပြန်ဝင်လာသည်။ သူကရှစ်ဖုန့်အားကြည့်၍မေးလိုက်သည်။

“အစတုံးက တော့ ထျန်းလျန်အင်ပါယာကနေ အတွင်းနယ်ပယ် ပို့ဆောင်ရေးအစီအရင်ကို ငှားပြီးတော့ မြောက်ပိုင်းဒေသကြီးကို သွားမလို့ပဲ..ဒါပေမဲ့အခုတော့….”

ဤအချက်အရောက်တွင် ရွှယ်ဝူဟမ်၏မျက်နှာထက်၌ ဖြည်းဖြည်းချင်း ပင်ကိုယ်ပြုံးတစ်ခုပေါ်လာသည်။ သူကပြောလိုက်သည်။

“အခုငါက သိုင်းပြိုင်ပွဲပြီးတဲ့အထိစောင့်ရမဲ့ပုံပဲ…ဒီမင်းသမီးလင်လုံက ကောလဟာလတွေအရ ပထမတန်းစားအလှပိုင်ရှင်လို့ကြားတယ်.. သိုင်းပြိုင်ပွဲမှာပါဖို့ငါစာရင်းပေးပြီးနေပြီ ..ပြီးတော့ ကျွမ်းကျွင်သူတွေ ပါရမီရှင်တွေအားလုံးနဲ့ငါတွေ့မယ်.. ငါအလှလေးကိုသေချာပေါက်ပြန်ခေါ်သွားမယ်”ျ

“ညီလေးရှစ် တို့တွေတော့နောက်ထပ်အားကောင်းတဲ့ပြိုင်ဘက်တစ်ယောက် ထပ်ရတဲ့ပုံပဲ”

ရွှယ်ဝူဟမ်၏ စကားအားကြားပြီးနောက် ဘေးတိုက်စကားမပြောသင့်ဟုခံစားရသောရှစ်ကျင်းရွှိုက်မှာပြုံး၍ ပြောလိုက်သည်။

“အိုး.. မင်းကလည်းသိုင်းပြိုင်ပွဲမှာ ပါတာလား”

ရှစ်ကျင်းရွှိုက်၏စကားအားကြားပြီးနောက်   ရွှယ်ဝူဟမ်က ညင်သာစွာပြောလိုက်သည်။

“အိုး. အကယ်၍ အဲ့ချိန်ငါတို့တွေ့ခဲ့ရင်..ငါတို့တစ်ယောက်နဲ့တစ်ယောက်သိနေရင်တောင် အရှေ့ပိုင်းဒေသကြီးရဲ့နံပါတ်တစ်အလှလေးအတွက်ငါဘာသနားညှာတာမှုမှပြမှာမဟုတ်ဘူးနော်”

“မြောက်ပိုင်းဒေသကြီးကိုသွားမှာလား”

ရှစ်ဖုန့်ကရွှယ်ဝူဟမ်နှင့်ရှစ်ကျင်းရွှိုက်တို့၏စကားများအားလျစ်လျူရှုလိုက်သည်။  ထိုအစား ရွှယ်ဝူဟမ်မြောက်ပိုင်းဒေသကြီးသို့သွားမည်ကိုသူ့ဖာသာသူတီးတိုးရေရွတ်လိုက်၏။သူ၏တပည့်နှစ်ဦးဖြစ်သူ ထျန်းဟွမ်မြို့အရှင်သခင်လန်အောင်းယွဲ့နှင့် လောချင်းချွမ်တို့မှာနှစ်ဦးစလုံးမြောက်ပိုင်းဒေသကြီး၌ရှိသည်ဖြစ်သည်။

အချိန်ကျလာလျှင်  သူ့အနေဖြင့်ရွှယ်ဝူဟမ်နှင့်အတူ မြောက်ပိုင်းဒေသကြီးသို့သွားကာ သူတို့အား သွားရှာနိုင်သည်ဖြစ်သည်။

ထိုထက်ပိုသည်ကား ရွှယ်ဝူဟမ်မှာကမ္ဘာနံပါတ်တစ်ဆေးဝါးဖော်စပ်သူ၏တပည့်တစ်ဦးအဖြစ်နှင့်  ထျန်းလျန်အင်ပါယာ၏ပို့ဆောင်ရေးအစီအရင်အား  ငှားနိုင်သည်ဖြစ်၏။ ထျန်းလျန်အင်ပါယာက၎င်းအား ကမ်းလှမ်းမှုအားလက်သင့်ခံလိမ့်မည်ဟုသူယုံကြည်သည်။

ထို့နောက်ရှစ်ဖုန့်က ရွှယ်ဝူဟမ်ကိုပြောလိုက်သည်။

“ဒီသခင်လေးလည်း မြောက်ပိုင်းဒေသကြီးကိုသွားမှာ သိုင်းပြိုင်ပွဲပြီးရင်  နေရာကူးပြောင်းအစီအရင်ကိုမင်းငှားရမ်းနိုင်တဲ့အခါ ဒီသခင်လေးကိုပါမင်းနဲ့အတူခေါ်ပါ”

“ဒါကပြဿနာတစ်ခုမဟုတ်ပါဘူး”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက်  ရွှယ်ဝူဟမ်က ခေါင်းငြိမ့်ပြီးသဘောတူလိုက်သည်။

ထို့နောက်သူကမေးလိုက်သည်။

“သခင်လေးဖုန့်က မြောက်ပိုင်းဒေသကြီး ဘယ်ကိုဩဒိနိတ်တွေကိုသွားမလဲဆိုတာငါသိချင်မိတယ်..အချိန်ကျလာရင် တစ်ယောက်ယောက်ကိုငါ့တို့အတွက်အနီးစပ်ဆုံး ကိုဩဒိနိတ်ကိုရှာခိုင်းလို့ရအောင်”

“သေခြင်းမဲ့တောင်တန်း”

…………..

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters