← Chapters

အပိုင်း(၅၆၄)

Vol. 38 Ch. 564

အပိုင်း(၅၆၄)

Vol. 38 Ch. 564

“သေခြင်းမဲ့တောင်တန်းကို သွားမှာ”

ရှစ်ဖုန့်ကပြောလိုက်သည်။

ရှစ်ဖုန့်ကမြောက်ပိုင်းဒေသကြီးသို့သွားမည်ဖြစ်သည်။သူ၏တပည့်နှစ်ဦးဖြစ်သော လောချင်းချွမ်နှင့်  လန်အောင်းယွဲ့တို့ရှိနေသောကြောင့်မြောက်ပိုင်းဒေသကြီးသို့သူသွားရမည်ဖြစ်၏။  စန်းယွဲ့မြို့အပြင်ဘက်ရှိ  ရေခဲနှင်းနေရာလွတ်အတွင်း၌ ကောင်းကင်မီးတောက်အားသူ ဖိနှိပ်ထိန်းချုပ်ခဲ့စဉ်က သူက ၎င်းအား သွေးပန်းခက်မျိုးနွယ်စုမှာ မျိုးသုဉ်းသွားပြီး မျိုးဆက်များကျန်ရှိမနေတော့ဟုပြောခဲ့သည်။

ကောင်းကင်မီးတောက်က သူ့အားငြင်းဆိုခဲ့ပြီးပြောခဲ့၏။

“သွေးပန်းခက်မျိုးနွယ်စုကဘယ်လောက်စွမ်းအားကြီးလဲဆိုတာကိုမင်းမသိပါဘူး.. သေခြင်းမဲ့တောင်တန်းရှိနေသ၍ မသေဆုံးဘူးကွ”

ထိုနေ့က ကောင်းကင်မီးတောက်မှာ သေခြင်းမဲ့တောင်တန်းအကြောင်းအား ပြောပြီးနောက် ရုတ်တရက်ရပ်တန့်လိုက်သည်။ ထိုအချိန်က  လောမိသားစုမှာ မျိုးဆက်များစွာအတွက်သေခြင်းမဲ့တောင်တန်းအားစောင့်ကြပ်နေသည်ဟု ခန့်မှန်းခဲ့သည်။ သေခြင်းမဲ့တောင်တန်း၌ စွမ်းအားကြီးမကောင်းဆိုးဝါးသက်ရှိအချို့အား ဖိနှိပ်ထားခြင်းဖြစ်နိုင်လောက်၏။ ၎င်းက သွေးပန်းခက်မျိုးနွယ်စုနှင့်ဆက်နွယ်နေလိမ့်မည်ဖြစ်သည်။

ထိုအချိန်ကရှစ်ဖုန့်အနေဖြင့်   သေခြင်းမဲ့တောင်တန်းအားတစ်ချက်သွားကြည့်ချင်ခဲ့သည်။

ရှစ်ဖုန့်က သေခြင်းမဲ့ တောင်တန်းဟုပြောလိုက်ချိန်တွင်   သူ၏ကိုယ်အတွင်းရှိ ကောင်းကင်မီတောက်ထံမှ စွမ်းအင်အတက်အကျအနည်းငယ်အား  သူအာရုံခံမိလိုက်သည်။ စွမ်းအင်အတက်အကျက အရမ်းသိမ်မွေ့ပါးလျှသော်လည်းရှစ်ဖုန့်၎င်းအားဖမ်းစားမိသည်ဖြစ်၏။

“သွေးပန်းခက်မျိုးနွယ်စုနဲ့ သေခြင်းမဲ့တောင်တန်းကြားထဲက ဆက်နွယ်မှုကဘာလဲ..သွေးပန်းခက်မျိုးနွယ်စုက ကျွမ်းကျင်သူတွေကို အဲ့မှာ  ဖိနှိပ်ထားတာလား”

“ဟမ့်”

ရှစ်ဖုန့်၏ စကားအားကြားသောအခါတွင်   ကောင်းကင်မီးတောက် က အေးစက်သောနှာမှုတ်သံတစ်ချက်ကိုသာတုန့်ပြန်ခဲ့ပြီးတစ်ခြားဘာသံမှထွက်မလာချေ။

“ခင်ဗျားက သစ္စာဖောက်ပဲ.. ခင်ဗျားနဲ့ကျုပ်က အခုတစ်သားတည်းဖြစ်နေပေမဲ့ ခင်ဗျားက အပြင်လူရဲ့ဘက်ကနေကာပေးနေသေးတယ်.. သွေးပန်းခက်မျိုးနွယ်စုက ခင်ဗျားနဲ့ဘာမှမဆိုင်တော့ဘူး..ကျုပ်ကမှခင်ဗျားရဲ့သခင်ပဲ”

ရှစ်ဖုန့်က ကောင်းကင်မီးတောက်အား သူ၏ ဝိညာဉ်ဖြင့်ထပ်မံဆက်သွယ်၍ ပြောလိုက်သည်။

သို့သော် ကောင်းကင်မီးတောက် ပါးစပ်အားပိတ်ထားဆဲဖြစ်ပြီးဘာမှပြောကြားခြင်းမရှိချေ။

“သစ္စာဖောက်”

ဤအချိန်တွင် ရွှယ်ဝူဟမ်မှာရှစ်ဖုန့်သည်လည်း  သူကဲ့သို့ တူညီသောရည်ရွယ်ချက်ရှိပြီး   သေခြင်းမဲ့တောင်တန်းသို့သွားလိုခြင်းဖြစ်သည်ကိုကြားသိလိုက်ရသည်။သူကရှစ်ဖုန့်အားကြည့်၍ မေးလိုက်သည်။

“သခင်လေးဖုန့်က  သေခြင်းမဲ့တောင်တန်းကိုသွားချင်တာလား.. ငါ့ရဲ့ဆရာနဲ့ ဦးလေးရှောင်ယောင်အပြင် သေခြင်းမဲ့တောင်တန်းက ဦးလေးလောချင်းချွမ်နဲ့လည်း  သိနေတာများဖြစ်နိုင်မလား”

“မင်းရဲ့ဆရာရော မင်းရဲ့ဦးလေးခြောက်ယောက်လုံးကိုငါသိတယ်”

ရှစ်ဖုန့်က  ရွှယ်ဝူဟမ်အားထူးမခြားနားစွာပြန်ဖြေလိုက်သည်။ ထို့နောက်   သူကထပ်ရပ်လိုက်ပြီး ရွှယ်ဝူဟမ်ကိုပြောလိုက်သည်။

“ဒါဆိုရင် ဒါကအပေးအယူပဲ. မင်းနေရာကူးပြောင်းအစီအရင်ကိုသုံးပြီးတော့  မြောက်ပိုင်းဒေသကြီးကိုထွက်ခွာမဲ့အချိန်ကြရင်ဒီသခင်လေးကိုပြောဖို့သတိရပါ.. ဒီအချိန်အတောအတွင်းမှာ ဒီသခင်လေးအနေနဲ့  ရတနာတစ်ထောင်ကုန်သည်အဆောက်အဦးမှနေလိမ့်မယ်”

ရှစ်ဖုန့်ကထရပ်လိုက်သောအခါတွင် ထွက်သွားတော့မည့်ပုံဖြစ်သည်။ ဤအချိန်တွင် ရှစ်ကျင်းရွှိုက်ကလည်းထရပ်လိုက်သည်။

၎င်းတို့နှစ်ယောက်ထရပ်လိုက်သည်အားတွေ့ရသောအခါတွင်  ရွှယ်ဝူဟမ်ကလည်းထရပ်ပြီးလိုက်ပို့ရန်ပြင်လိုက်သည်။ သို့သော်  ရှစ်ဖုန့်က   သူ၏ညာလက်ဖြင့်ဓားအသွင်ပြုလုပ်လိုက်သည်ကို  ရွှယ်ဝူဟမ်မြင်တွေ့လိုက်ရ၏။ သူကမျက်မှောင်ကြုတ်လိုက်ပြီး ရှစ်ဖုန့်ဘာလုပ်မည်အားမသိဖြစ်နေသည်။

ရှစ်ဖုန့်ကသူ၏ညာလက်အားဓားအသွင်လုပ်ပြီးနောက်   ရုတ်ခြည်းသူ့ဘေးရှိကြမ်းပြင်ထက်၌ မျည်းတစ်ကြောင်းရေးဆွဲလိုက်သည်။  သိပ်သည်းသော အဖြူရောင်ဓားရိပ်တစ်ခုဖျက်ခနဲကြမ်းပြင်ပေါ်၌ပေါ်လာသည်။  ရုတ်ခြည်းဆိုသလို  ဓားရိပ်ကြောင့်  ပြင်းထန်သောဓားရာတစ်ခုက ကြမ်းပြင်အားဖြတ်တောက်ဖွင့်ဟသွားသည်။

ရွှယ်ဝူဟမ်မှာ   ကြမ်းပြင်ပေါ်ရှိဓားအမှတ်အသားအားမြင်တွေ့ရပြီး ရှစ်ဖုန့်ကတကယ်ကြီးသူ၏ရှေ့၌အရမ်းရိုင်းပျစွာပြုမူသည်ကိုတွေ့ရသောအခါတွင် သူ၏ချောမောသောမျက်နှာထက်၌ ရုတ်ခြည်းဒေါသတို့ဖြစ်ပေါ်လာသည်။ သို့သော် ကြမ်းပြင်ထက်ရှိဓားအမှတ်အသားအားအာရုံခံမိသောအခါတွင်   သူ၏အမူအယာကသိသိသာသာကိုပြောင်းလဲသွားသည်။  သူ၏မျက်လုံးတို့က ပြူးကျယ်နေပြီးမယုံကြည်နိုင်သောအမူအယာကိုပြသနေ၏။သူခဏမျှကြက်သေသေနေသည်။

ရှစ်ဖုန့်က ကြက်သေသေနေသော ရွှယ်ဝူဟမ်အားကြည့်လိုက်ပြီးနောက်ရှစ်ကျင်းရွှိုက်ကိုပြောလိုက်သည်။

“သွားစို့”

ရှစ်ကျင်းရွှိုက်က ရှုပ်ထွေးမှုတို့ဖြင့်မျက်လုံးပြူးနေသော  ရွှယ်ဝူဟမ်အားကြည့်လိုက်ပြီးမျက်မှောင်ကြုတ်လိုက်သည်။  ကြမ်းပြင်ပေါ်ရှိဓားအမှတ်အသားအားသူထပ်မကြည့်ခင် အခန်းအပြင်သို့ထွက်ခွာသွားပြီဖြစ်သော ရှစ်ဖုန့်ထံသို့ကြည့်လိုက်မိသည်။

နောက်ပိုင်းတွင် သူ၏ခေါင်းအားရှစ်ကျင်းရွှိုက်ခါယမ်းလိုက်သည်။ ဓားအမှတ်အသားထံမှသူဘာကိုမှမြင်ရခြင်းမရှိချေ။ ၎င်းလူငယ်က ရှိုးထုတ်နေခြင်းများဖြစ်နိုင်မည်လောဟုပင် သူတွေးလိုက်သည်။ ရွှယ်ဝူဟမ်အားဤကဲ့သို့ဓားအမှတ်အသားတစ်ခုနှင့်ခြောက်လှန့်ခဲ့ခြင်းလော။ သို့သော်ဤဓားအမှတ်အသား၌ဘာမှထူးခြားချက်ရှိမနေချေ။ ၎င်း၌ဘာကြီးမားသောစွမ်းအင်မှလည်းမပါဝင်ပေ။ ၎င်းကသာမန်ဓားအမှတ်အသားတစ်ခုသာဖြစ်သည်။

ရှစ်ကျင်းရွှိုက်မှာစိတ်ထဲရှိသံသယတို့နှင့် အတူ ရှစ်ဖုန့်နှင့်လိုက်ပါထွက်ခွာလာခဲ့သည်။မကြာခင်နှစ်ယောက်သား သစ်သားတို့ဖြင့်ဆောက်လုပ်ထားသော အဆောက်အဦး၏အခန်းအတွင်းမှလျှောက်လှမ်းထွက်ခွာလာခဲ့သည်။

ဤအချိန်တွင် ကြက်သေသေနေသော ရွှယ်ဝူဟမ်မှာ ဖြည်းဖြည်းချင်းအသိပြန်ဝင်လာသည်။ သူကအခန်းအပြင်ဘက်သို့ ယုံရခက်သောအမူအယာဖြင့်ကြည့်လိုက်သည်။သို့သော် ပုံရိပ်နှစ်ခု အဝေးသို့ရောက်ရှိသွားပြီဖြစ်သည်။

ထို့နောက်ရွှယ်ဝူဟမ်မှာထပ်မံခေါင်းငုံ့လိုက်ပြီး  ရှစ်ဖုန့်ချန်ထားခဲ့သောဓားအမှတ်အသားကိုကြည့်လိုက်သည်။ ရှစ်ကျင်းရွှိုက်အနေဖြင့် ဘာမှ မမြင်တွေ့ရခြင်းမှာ  သူ့အနေဖြင့် ငရဲဘုံကိုးခု ပညာရပ်အားကျင့်ကြံထားခြင်းမရှိသောကြောင့်ဖြစ်သည်။ငရဲဘုံကိုးခု ပညာရပ်အားကျင့်ကြံထားသောသူများသာလျှင် ချန်ထားရစ်ခဲ့သောဓားအမှတ်အသားမှာဓားအနှစ်သာရအား  အာရုံခံမိနိုင်သည်ဖြစ်သည်။

“ဓားအနှစ်သာရ…ဟုတ်တယ်.. ဓားအမှတ်အသားမှာ ငရဲဘုံကိုးခု ပညာရပ်ရဲ့ဓားအနှစ်သာရကို ဖုံးကွယ်ထားတယ်”

မြေပြင်ပေါ်ရှိ ဓားအမှတ်အသားအားကြည့်၍  ရွှယ်ဝူဟမ်၏တုန်လှုပ်အံ့အားသင့်နေသောမျက်နှာထက်တွင်  ရုတ်ခြည်းပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်သွားသည်။  သူ၏ကိုယ်ကအနည်းငယ်တုန်ယင်နေပြီး တီးတိုးရေရွတ်လိုက်၏။

“ငါခံစားနိုင်တယ်..ငါဒါကို ခံစားလို့ရတယ်”

ရွှယ်ဝူဟမ်မှာ ဓားအမှတ်အသားအား အာရုံခံမိပြီးကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်အဆင့်သို့သူရောက်ပြီးကတည်း က တစ်ဆို့ကြန့်ကြာမှုဖြစ်နေသည်ကို သူရုတ်တရက်သဘောပေါက်လိုက်သည်။ ယ ခုအခါ နှစ်ပေါင်းများစွာတစ်ဆို့ကြန့်ကြာနေခဲ့မှုတို့က ရုတ်တရက်ကျိုးပျက်ပြေလျော့သွား၏။

ယင်းမှာ အမှောင်ထုအတွင်း တောက်ပသောအလင်းတစ်ခုကရုတ်တရက်ပေါ်လာပြီးသူ့အား ရှေ့သို့ဆက်ရန်လမ်းပြပေးနေသကဲ့သို့ဖြစ်သည်။

ယင်းမှာသူ့အနေဖြင့်ဉာဏ်အလင်းရလာသကဲ့သို့ဖြစ်၏။

“ငါ…ဟားဟား…ငါအဆင့်ချိုးဖျက်တော့မယ်ကွ.. ငါအဆင့်ချိုးဖျက်တော့မယ်.. ငါမကြာခင်မှာ မဟာသူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်လာတော့မယ်..ဟားဟားဟား..”

ရွှယ်ဝူဟမ်မှာကောင်းကင်ထက်သို့မော့ကြည့်၍  ရယ်မောလိုက်သည်။  သူ၏ရှည်လျားသော ဆံပင်နက်တို့နှင့် အဖြူရောင်ဝတ်ရုံတို့က  လေနှင့်အတူကခုန်နေပြီး သူ၏ပင်ကို လွတ်လပ်သောဟန်ပန်အားပြန်လည်ရရှိလာသည်။

ဖြည်းဖြည်းချင်းရွှယ်ဝူဟမ်မှာသူ၏အားရကျေနပ်ဖြစ်နေမှုမှ နိုးထလာပြီး  ပွင့်နေသောတံခါးဝထံသို့ထပ်မံကြည့်လိုက်သည်။ယင်းမှာ သူ့အနေဖြင့် တံခါးအားဖြတ်သန်း၍ ဝေးကွာသွားသော အနက်ရောင်လူငယ်၏ပုံရိပ်အားမြင်နိုင်သကဲ့သို့ဖြစ်သည်။

“အဲ့တာသူပဲ.. သူကဘယ်သူလဲ. ဘာလို့ ဘိုးလေးကျိုးယိုရဲ့ ငရဲဘုံးကိုးခု နည်းစနစ်ကိုသူသိနေရတာလဲ.. သူကသူတော်စင်နယ်ပယ်ကျင့်ကြံသူပဲရှိသေးပေမဲ့.. ဓားအနှစ်သာရကို ချန်ထားခဲ့တယ်”

“မဟာသူတော်စင်နယ်ပယ်ထဲကို ခြေလှမ်းတောင်မချသေးတဲ့ ဒါမှမဟုတ်မဟာသူတော်စင်နယ်ပယ်ကိုချိုးဖျက်ခြင်းမရှိတဲ့သူတစ်ယောက်က ဓားအနှစ်သာရစိတ်န္ဒကို နက်ရှိုင်းတဲ့နားလည်မှုမရှိဘဲဘယ်လိုသိနေတာလဲ”ျ

“ဖြစ်နိုင်တာသူက”

ရွှယ်ဝူဟမ် ရုတ်တရက်တစ်စုံတစ်ခုအားတွေးမိသွားသည်။  ၎င်း၏အသက်အရွယ်အားကြည့်လိုက်လျှင်  ဘိုးဘေးကျိုးယိုကွယ်လွန်သည့်နှစ်အတွင်းမွေးဖွားလာခြင်းဖြစ်လောက်သည်ဖြစ်သည်။အမျိုးသမီးတစ်ယောက် ဘိုးဘေးအတွက် ကိုယ်ဝန်ဆောင်ခဲ့ခြင်းသို့မဟုတ် ဘိုးဘေးအတွ်က သားတစ်ယောက်အားလျှို့ဝှက်စွာ မွေးဖွားပေးခဲ့ခြင်းမျိုးဖြစ်နိုင်မည်လော။

ဘိုးဘေးမကွယ်လွန်ခင်  ငရဲဘုံကိုးခု ကျင့်ကြံနည်းစနည်နှင့်  ဓားအနှစ်သာရစိတ်ဆန္ဒတို့အားကျောက်စိမ်းပြားအတွင်းမှတ်တမ်းတင်၍ လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်နိုင်လောက်သည်ဖြစ်သည်။

“သူပဲ..ဖြစ်နိုင်တာကသူက  ဘိုးဘေးရဲ့ တရားမဝင်သားများလား”

ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့မှာ ရွှယ်ဝူဟမ်ရှိရာအဆောက်အဦးမှထွက်ခွာလာပြီးနောက်ကောင်းကင်ဘုံအချစ်ဥယျဉ်၌ ထပ်မံနေခြင်းမရှိတော့ချေ။ကောင်းကင်ဘုံအချစ်ဥယျဉ်မှ လျှင်မြန်စွာထွက်လာပြီး  ထျန်းလျန်အင်ပါယာမြို့တော်၏ လူစည်းကားသောလမ်းမများပေါ်သို့ပြန်လည်ရောက်ရှိလာသည်။

ဤအချိန်တွင် ရှစ်ဖုန့်က ခေါင်းမော့၍ ကောင်းကင်ထဲသို့ကြည့်လိုက်သည်။ ၎င်းမှာမှောင်လာပြီဖြစ်ပြီး နေ့အချိန်က ကုန်ဆုံးတော့မည်ဖြစ်သည်။

ဤအခိုက်အတန့်တွင်  ရှစ်ဖုန့်ကခေါင်းလှည့်လိုက်ပြီး   သူ့ဘေးရှိရှစ်ကျင်းရွှိုက်ကိုကြည့်လိုက်သည်။သူကပြောလိုက်သည်။

“သွားစို့. နောက်ကျနေပြီ.. ရတနာတစ်ထောင်စံအိမ်ကိုပြန်ကြရအောင်  ဒီညကောင်းကောင်းအနားယူပြီးမင်းစွမ်းအင်တွေကိုပြန်လည်ဖြည့်တင်းထားဒါမှ မနက်ဖြန်သိုင်းပြိုင်ပွဲမှာမင်းပါဝင်နိုင်မှာ”

“အင်း”

ရှစ်ကျင်းရွှိုက်မှာ ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက်   ခေါင်းညိမ့်လိုက်သည်။ထို့နောက် နှစ်ယောက်သားလူအုပ်အတွင်းရောနှောလိုက်ပါ၍ ရတနာတစ်ထောင်စံအိမ်သို့ ဦးတည်လိုက်သည်။

သတို့သားရွေးချယ်သိုင်းပြိုင်ပွဲအတွက် ကန့်လန့်ကာအား စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters