ဝိညာဉ်နက်တောင်ကြားအတွင်းသို့
Vol. 20 Ch. 279
ထို့ပါ့ချန်က တိတ်ဆိတ်သွားသည်။
ဤရက်ပိုင်းအတွင်းတွင် အနောက်ဘက်နယ်စပ်ကုန်းမြေသည် အလွန်စိတ်လှုပ်ရှားစရာကောင်းနေသည်။
ထိုက်ရီဓားဂိုဏ်း၏ ပါရမီရှင်တပည့်က လမ်းတွင် ပိတ်ဆို့တားဆီးသော ဓားကျင့်ကြံသူကို ဓားတစ်ချက်ဖြင့် အနိုင်ယူခဲ့သည်။
လင်တောက်တာအိုဂိုဏ်း၏ ပါရမီရှင်တပည့်သုံးယောက် ပူးပေါင်းလိုက်သောအခါတွင် ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူဆယ်ယောက်က ရှုံးနိမ့်သွားသည်။
လစန္ဓာဓားဂိုဏ်း၏ သခင်လေးက ဓားကို လအဖြစ်ပြောင်းပြီး သူ့ကိုမလေးစားသောလူငါးယောက်အား သတ်ပစ်ခဲ့သည်။
ဂိုဏ်းပေါင်းစုံမှ ကျွမ်းကျင်သူများ ထွက်ပေါ်လာနေသည်။
တိမ်ပြိုတောင်ကုန်းပေါ်တွင် ဖုန်းလင်ဓားဂိုဏ်း၏ နံပတ်တစ်ပါရမီရှင် တုဖုန်းက ပန်းသုံးပွင့်ဓားဂိုဏ်း၏နံပတ်တစ်တပည့်ကို ဓားတစ်ချက်ဖြင့် အနိုင်ယူခဲ့သည်။ ကမ္ဘာမြေ ဝိညာဉ်နိုးထခြင်း အဌမအဆင့်သို့ရောက်နေသော ပန်းသုံးပွင့်ဓားဂိုဏ်း၏အစောင့်ကို ဓားသုံးချက်ဖြင့် ဒဏ်ရာရသွားအောင် လုပ်ခဲ့သည်။
တုဖုန်း၏နာမည်သည် ဟန်မူယဲ့နှင့် တန်းတူကျော်ကြားလာသည်။
အကန့်အသတ်မဲ့တာအိုဂိုဏ်းက ဂိုဏ်းကိုးဂိုဏ်းကြားတွင် အဆင့်ရှစ်နေရာ၌ ရှိနေသည်။ ထိုဂိုဏ်း၏အဆင့်က မဟာဝိညာဉ်ဓားဂိုဏ်းထက် အနည်းငယ်မြင့်သည်။
တိမ်မြုံကမ်းပါးတိုက်ပွဲတွင် အကန့်အသတ်မဲ့တာအိုဂိုဏ်းမှာ ဆုံးရှုံးမှုကြီးမားခဲ့သည်။ ဂိုဏ်းအများအပြားက သူတို့နေရာကိုဝင်ယူရန် စိတ်ဝင်စားနေကြ၏။
သို့သော်လည်း ယနေ့တွင် အဆုံးမဲ့တာအိုဂိုဏ်း၏ သွမ့်ရီဟုန်က ဓားတစ်ချက်ဖြင့် ကမ္ဘာမြေဝိညာဉ်နိုးထခြင်းအဆင့် ကျွမ်းကျင်သူသုံးယောက်ကို အနိုင်ယူခဲ့သည်။ သူက ကမ္ဘာမြေဝိညာဉ်နိုးထခြင်း တတိယအဆင့်သို့ရောက်နေသော ကျွမ်းကျင်သူငါးယောက်ကို ဆက်လက်စိန်ခေါ်ပြီး ဓားတစ်ချက်ဖြင့် အနိုင်ယူခဲ့ပြန်သည်။
အဆုံးမဲ့တာအိုဂိုဏ်း၏ တာအိုသားတော်နာမည်မှာ ပဲ့တင်ထပ်လာသည်။ ထို့အပြင် နေရာလုရန်စီစဉ်ထားသော ဂိုဏ်းများကလည်း ပြန်လည်စဉ်းစားလာရသည်။
တာအိုဂိုဏ်း၏ ဓားကျင့်ကြံသူများတင်မကဘဲ ရှန့်ယန်မိစ္ဆာဂိုဏ်းက ဂိုဏ်းချုပ်လီမူပိုင်၏ ခုနစ်ယောက်မြောက်တပည့်သည် တိမ်မြုံကမ်းပါးမှ ပြန်ရောက်လာပြီး အဖြူရောင်မိစ္ဆာသားတော်အဖြစ် သိကြသော ချိုက်ဖန်းလည်း အရှုပ်အထွေးများ၌ ဝင်ပါလာသည်။
သူက ရက်စက်သည်။ သူ့ပြိုင်ဘက်များကို တစ်ချက်တည်းနှင့် အနိုင်မယူဘဲ အပြင်းအထန်ဒဏ်ရာရအောင် လုပ်တတ်သည်။
မနေနိုင်ဘဲ ဝင်ရောက်တိုက်ခိုက်ခဲ့သော ရွှေအမြုတေဒုတိယအဆင့်ကျွမ်းကျင်တစ်ဦးပင် သူ့ကြောင့် ဒဏ်ရာရသွားသည်။
အဆုံးမဲ့တာအိုဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူမှာ အပြင်းအထန်ဒဏ်ရာရသွားရုံသာမက လင်တောက်တာအိုဂိုဏ်း၏တားမြစ်ချက်ကို ချိုးဖောက်ခဲ့သောကြောင့် ကျင့်ကြံခြင်း ဖျက်ဆီးခံလိုက်ရသည်။
လင်တောက်တာအိုဂိုဏ်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူသုံးယောက်သည် အဆုံးမဲ့တာအိုဂိုဏ်းကို ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှ ပယ်ချခဲ့ပြီး ဒဏ်ကြေးအဖြစ် ဝိညာဉ်ကျောက်တုံးဆယ်သန်း ကောက်ခံခဲ့သည်။
သူတို့၏သဘောထားက ထင်ရှားသည်။ ဂိုဏ်းကိုးဂိုဏ်း၏ ပြန်လည်စီစဉ်မှုက လူငယ်ကျွမ်းကျင်သူများအတွက်သာ ဖြစ်သည်။
လူများက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်မျိုးဆက်သစ်ကို ခန့်မှန်းနေကြသည်။
လူငယ်ကျွမ်းကျင်သူများက ဂိုဏ်းကိုးဂိုဏ်းတိုက်ပွဲမတိုင်ခင်မှာ တိုက်ခိုက်ကြတော့မည်လား။
ငါးရက်ဆက်တိုက် လူငယ်ကျွမ်းကျင်သူတစ်ယောက်က နေ့တိုင်းရှုံးနိမ့်သွားပေမည်။ အမည်မဲ့လူငယ်ကျွမ်းကျင်သူက တိုက်ပွဲတစ်ပွဲတည်းဖြင့် ကျော်ကြားလာလိမ့်မည်။
အသက်ဝင်လှသောတိုက်ပွဲပုံရိပ်များ ပျံ့နှံ့လာပြီး လူတိုင်း၏သွေးကို ဆူပွက်သွားစေသည်။
အံ့ဖွယ်ကိုးပါးတောင်၏အပြင်ဘက်တွင် အစိမ်းရောင်ဝတ်စုံနှင့်ပိုင်စုကျန်းက ချောက်ကမ်းပါးပေါ်တွင်ရပ်ပြီး အဝေးကိုကြည့်နေသည်။
သူမနောက်တွင် ဆံပင်ဖြူများနှင့် လူအိုကြီးတစ်ယောက်က လေးနက်စွာပြောသည်။
“သခင်မလေး၊ ဓားအင်မော်တယ်က ဝိညာဉ်နက်တောင်ကြားကို ဦးတည်နေပါတယ်။ တကယ်လို့ သူသေသွားရင် ဂိုဏ်းချူပ်က ဝိညာဉ်နက်တောင်ကြားကို ဖျက်ဆီးပေးမယ်လို့ ပြောပါတယ်”
“တကယ်လို့ သူမသေဘူးဆိုရင်တော့ သူ့ကို ရှန့်ယန်မိစ္ဆာဂိုဏ်းထဲရောက်လာအောင် မစွမ်းဆောင်နိုင်ရင် ဒီလောကမှာ ဓားအင်မော်တယ်ဆိုတာမျိုး ထပ်ရှိလာမှာမဟုတ်ပါဘူး”
သူက ပိုင်စုကျန်း၏နောက်ကျောကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“သခင်မလေး… ဒီလိုပါရမီမျိုးက တခြားလူလက်ထဲမှာ ထားလို့မရပါဘူး”
ပိုင်စုကျန်းက သူ့စကားကို နားမထောင်ဘဲ အဝေးသို့ကြည့်နေသည်။
အံ့ဖွယ်ကိုးပါးတောင်နှင့် မိုင်ထောင်ချီအကွာတွင် မြို့လေးတစ်မြို့ရှိသည်။
ကျင်းယန်မြို့…
လွန်ခဲ့သောတစ်နှစ်မှာ ထိုမြို့လေးသည် သာမန်လူသားမြို့လေးဖြစ်ခဲ့သည်။
သို့သော်လည်း တစ်နှစ်အတွင်းတွင် ကျင့်ကြံသူအများအပြားက စီးပွားရေးလုပ်ရန်အတွက် မြို့ထဲမှာ ခြေချလာသောကြောင့် ကျင့်ကြံခြင်းမြို့တစ်မြို့ ဖြစ်လာသည်။
ထိုအချိန်၌ ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသော လုချန်းဖျင်က စကားပြောရန် သင်ယူနေသော ကလေးတစ်ယောက်ကို စနောက်နေသည်။
“ဟူဟူ၊ နင်ကြီးလာရင် နင့်မွေးစားအဖေလိုမျိုး ဓားကျွမ်းကျင်သူတစ်ယောက် ဖြစ်လာရမယ်နော်”
“နင့်ရဲ့အဖေက သူရဲကောင်းကြီးတစ်ယောက်ပဲ။ နင့်ရဲ့မွေးစားအဖေက ဓားကျင့်ကြံသူကြီးတစ်ယောက်ပဲ။ အနာဂတ်မှာ နင်က နင့်အဖေကိုရှာဖို့ ကူညီပေးရမယ်”
ကလေးက တုံ့ပြန်သည့်အနေဖြင့် လက်ကိုဝှေ့ယမ်းပြီး ခြေထောက်ဖြင့်ကန်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ လင်ဟွားစံအိမ်…
အာခီမီဂိုဏ်းဖြစ်သည်။
အတွင်းစည်းတပည့်တစ်ယောက်ဖြစ်လာသော မူဝမ်က ဆေးလုံးများဖော်စပ်လျက် ပတ်ဝန်းကျင်မှဆွေးနွေးသံများကို နားထောင်နေသည်။
ဓားအင်မော်တယ်…
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်မျိုးဆက်သစ်…
အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဓားတာအို၊ ဓားလမ်းစဉ်၏ အနာဂတ် နံပတ်တစ်ဓားကျွမ်းကျင်သူ…
ထိုလူမှာ အစ်ကိုဟန်ဖြစ်သည်။
ဟူး…
မီးပြင်းဖိုသည် ညင်သာစွာလှုပ်ရှားသွားပြီး ဆေးလုံးများဖြစ်ပေါ်လာသည်။
သူမက လက်ကိုဝှေ့ယမ်းလိုက်သောအခါတွင် တောက်ပနေသော ဆေးလုံးသုံးလုံး လက်ထဲမှာပေါ်လာသည်။
တိမ်မြူချီဆေးလုံး
အင်မော်တယ်အဆင့်…
မူဝမ်၏ဘေးတွင် ရှိနေသော အဘွားကြီးက ပြုံးလိုက်ပြီး တီးတိုးပြောသည်။
“မူဝမ်က တကယ်ထူးချွန်တာပဲ။ ဆေးလုံးဖော်စပ်တဲ့ပါရမီက လူငယ်မျိုးဆက်ထဲမှာ ပြိုင်ဘက်ကင်းတယ်။ ဓားအင်မော်တယ်ကတောင် နင်နဲ့မယှဉ်နိုင်ဘူး”
အဘွားကြီး၏စကားများကို ကြားလိုက်ရသောအခါတွင် ဝမ်မူက မတ်တပ်ရပ်လိုက်ပြီး ခေါင်းခါသည်။
“ဆရာအဒေါ်၊ ကျွန်မ ပြန်နားလိုက်ဦးမယ်”
ထိုသို့ဖြင့် သူမသည် ဆေးဖော်ခန်းထဲက ဖြည်းဖြည်းချင်းထွက်လာပြီး အဝေးရှိကောင်းကင်ကို မော့ကြည့်သည်။
‘အစ်ကိုဟန်ရဲ့ကမ္ဘာက တကယ်စိတ်လှုပ်ရှားစရာကောင်းတာပဲ’ သူမ တွေးမိသည်။
‘ဒါပေမဲ့ ငါက သူ့ကို ဘာပေးနိုင်လို့လဲ’
....
မရေမတွက်နိုင်လောက်သောလူများက ဟန်မူယဲ့၏ဒုတိယဓားချက်ကို လက်ခံနိုင်မည့်ကျွမ်းကျင်သူအား စောင့်မျှော်နေကြသည်။
ရှုံးပွဲမရှိသောကျွမ်းကျင်သူများနှင့် တိုက်ခိုက်မည့်ဟန်မူယဲ့ကိုလည်း မရေမတွက်နိုင်လောက်သောလူများက မြင်ချင်နေကြသည်။
ရှုပ်ထွေးလှသောသတင်းများကြားတွင် ဟန်မူယဲ့မှာ ရှေ့ဆက်သွားနေခဲ့သည်။
တစ်ရက်အကြာမှာ သူသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တားမြစ်နယ်မြေဖြစ်သော ပျက်စီးဝိညာဉ်စွန့်ပစ်မြေသို့ ရောက်လာခဲ့သည်။
အတိတ်မှာ ပြင်ပဘုံကျွမ်းကျင်သူများက ဤနေရာသို့ ဆင်းသက်ဖူးသည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျွမ်းကျင်သူများက ရန်သူများကို ဤနေရာတွင် တားဆီးပြီး တိုက်ခိုက်ကြသည်။
ထိုတိုက်ပွဲတွင် လောကတစ်ခုလုံးတုန်ခါသွားပြီး တောင်နှင့်မြစ်များ ပျက်စီးသွားခဲ့သည်။ မရေမတွက်နိုင်လောက်သောလူများ သေဆုံးခဲ့သည်။
ပျက်စီးဝိညာဉ်စွန့်ပစ်မြေသည် လူသူကင်းမဲ့ပြီး ထူးဆန်းသောနေရာတစ်ခုဖြစ်လာသည်။
သို့သော်လည်း ထိုအရာက ဒဏ္ဍာရီတစ်ခုသာဖြစ်ပြီး သေချာနားလည်ထားသောလူ မရှိပေ။
“အရင်တုန်းက ဒီနေရာမှာ သူက ပြင်ပဘုံကျင့်ကြံသူသုံးယောက်ကို တစ်ချက်တည်းနဲ့သတ်ပစ်ခဲ့တယ်”
တာအိုဆရာတယန်က ပျက်စီးဝိညာဉ်စွန့်ပစ်မြေ၏အစပ်တွင် ရပ်နေပြီး ညင်သာစွာပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူက ထိုတိုက်ပွဲ၏ပုံရိပ်များကို မြင်ခဲ့သည်။
“ဟီးဟီး၊ ကောင်လေး၊ သူ့ကို တိမ်တိုက်နစ်မြုပ်ခြင်းနတ်ဘုရားဓားထုတ်သုံးအောင် ဘယ်လိုကျွမ်းကျင်သူမျိုးက တွန်းအားပေးနိုင်လဲ မင်းသိလား”
တိမ်တိုက်နစ်မြုပ်ခြင်းနတ်ဘုရားဓား…
ဓားဘုရင်ယွမ်ထျန်းက ထိုဓားကို သိပ်မသုံးပေ။
သူ့ဆရာက ထိုဓားကို လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်သည်။
“ဝိညာဉ်ကိုယ်ခွဲအဌမအဆင့်ရဲ့အထက်မှာမရှိရင် သူက အဲဒီဓားကိုထိဖို့ စိတ်မဝင်စားဘူး”
တာအိုဆရာတယန်က ဂုဏ်ယူမှုများနဲ့အတူ တည်ငြိမ်စွာ ပြောသည်။
ကောင်းကင်ဘုံအဆင့်၊ ဝိညာဉ်သူငယ်အဆင့်၊ ဝိညာဉ်ကိုယ်ခွဲအဆင့်၊ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်…
ဝိညာဉ်ကိုယ်ခွဲအဆင့်မှာ ကိုယ်ပိုင်ဝိညာဉ်ကို ပုံရိပ်ယောင်ခန္ဓာကိုယ်အဖြစ်စုစည်းပြီး ကမ္ဘာများအကြားတွင် သွားလာနိုင်သည်ဟု ပြောသည်။
လူသားခန္ဓာကိုယ်က တစ်လောကလုံးတွင် အသိစိတ်အရှိဆုံးအရာဖြစ်သည်။
ဟန်မူယဲ့၏စိတ်နယ်ပယ်က ဓားချီကိုပျိုးထောင်ပြီး ဓားများကို စုစည်းနိုင်သည်။
သို့သော်လည်း ထိုအရာများက သက်မဲ့ဖြစ်သည်။
ဝိညာဉ်ကို လူသားခန္ဓာကိုယ်အဖြစ်စုစည်းနိုင်သော ခွန်အားမျိုးက စိတ်ကူးမယဉ်နိုင်လောက်ပေ။
ဓားဘုရင်ယွမ်ထျန်းအတွက် ထိုကျွမ်းကျင်သူမျိုးသည်သာ တိမ်တိုက်နစ်မြှုပ်ခြင်းဓားကိုထုတ်သုံးရန် အဆင့်မီသည်။
“ဓမ္မရတနာတွေရဲ့အထက်မှာရှိတဲ့ ရတနာတွေက ပိုကြီးမားတဲ့ကမ္ဘာတွေမှာတောင် ရှားပါးတယ်”
“တိမ်တိုက်နစ်မြုပ်ခြင်းနတ်ဘုရားဓားက အဲဒီလိုရတနာမျိုးပဲ”
တာအိုဆရာတယန်က ရှေ့တွင် ရှိနေသော အဆုံးမဲ့စွန့်ပစ်မြေကို ညွှန်ပြလိုက်ပြီး ညင်သာစွာပြောသည်။
“တိမ်တိုက်နစ်မြုပ်ခြင်းနတ်ဘုရားဓားက ပြင်ပဘုံကျွမ်းကျင်သူသုံးယောက်ကို တစ်ချက်တည်းနဲ့မသတ်လိုက်ရင် ဒီစွန့်ပစ်မြေက အနည်းဆုံး ဆယ်ဆလောက်ပိုကြီးလာလိမ့်မယ်”
“ပြင်ပဘုံကျွမ်းကျင်သူသုံးယောက်က တခြားနယ်မြေတွေကိုကျူးကျော်ပြီး ကိုယ်ပိုင်မျိုးနွယ်စုကို ခေါ်ဆောင်လာဖို့ ပြင်ဆင်ခဲ့တယ်”
နှစ်ပေါင်းတစ်သောင်းအလွန်က ဖြစ်ရပ်များကို တာအိုဆရာတယန်ပြောမပြလျှင် ကိုယ်တိုင်သိနိုင်ဖို့ ခက်ခဲလိမ့်မည်။
ဟန်မူယဲ့က တိုက်ပွဲမြင်ကွင်းများကို မြင်နိုင်ပေမဲ့ တိုက်ပွဲဖြစ်လာသည့်အကြောင်းအရင်းကိုတော့ မသိရပေ။
“အကြီးအကဲရဲ့ပုံစံက တကယ့်ကိုစွဲလမ်းစရာပဲ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်နေသောအရှိန်အဝါက လှုပ်ရှားလာသည်။
လမ်းတစ်လျှောက်မှာဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် သူ့ခန္ဓာကိုယ်ထဲတွင်ရှိသောဓားဆန္ဒက ပိုမိုသန့်စင်လာပြီး နောက်ဆုံးတွင်တော့ အရိပ်အယောင်မရှိဘဲ ပျောက်ကွယ်သွားသည်။
ယခုအချိန်တွင် သူက သာမန်ကျောင်းတော်သားတစ်ယောက်နှင့် တူနေသည်။
“ဝိညာဉ်နက်တောင်ကြားက ပျက်စီးဝိညာဉ်စွန့်ပစ်မြေရဲ့ အလယ်မှာမဟုတ်လား”
ဟန်မူယဲ့က ရှေ့တွင် ရှိနေသော စွန့်ပစ်မြေကိုကြည့်လိုက်ပြီး ပြောသည်။
တာအိုဆရာတယန်က ခေါင်းညိတ်ပြီး ပြောသည်။
“အဲဒါက ကျင့်ကြံခြင်းလောကထဲမှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ဘူး”
“မင်းကို အားလုံးက အာရုံစိုက်နေကြတယ်။ ဝိညာဉ်နက်တောင်ကြားကို သွားနေတဲ့အကြောင်း သူတို့လည်းသိလောက်တယ်”
တာအိုဆရာတယန်၏မျက်နှာထားက ရှုပ်ထွေးနေသည်။ သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
“ကျိုးယွင်လုံသာ ဒီမှာရှိနေရင် မင်းအောင်မြင်နိုင်လောက်တယ်”
“ဒါပေမဲ့ သူက ဒီမှာမရှိဘူး။ မင်းက ဝိညာဉ်နက်တောင်ကြားကိုဖျက်ဆီးချင်ရင် ခက်ခဲလိမ့်မယ်”
“မင်း .... ရှုံးသွားနိုင်တယ်”
လက်ရှိတွင် ဟန်မူယဲ့သည် စွမ်းရည်ထုတ်ပြနေသောဓားတစ်ချောင်းကဲ့သို့ အရှိန်အဝါများဖြင့် ပြည့်နေသည်။
ယခုအချိန်တွင် သူက ရှုံးနိမ့်သွား၍ မဖြစ်ပေ။
သူရှုံးနိမ့်သွားလျှင် အနာဂတ်တွင် သူ့တာအို၌ ချို့ယွင်းချက်များပေါ်လာလိမ့်မည်။
အခြေအနေပြင်းထန်လျှင် သူ့စိတ်ဓာတ် ပျက်စီးသွားပေမည်။
“ကျုပ်ဒီမှာရောက်နေတဲ့အကြောင်း သူတို့ကို သိစေချင်ရုံတင်ပါ”
ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် ရှေ့သို့ကြည့်သည်။
သူက လမ်းတစ်လျှောက်မှာ ဓားသွေးလာသောကြောင့် တိုက်ခိုက်လိုစိတ်များက ဖုံးကွယ်ရန် ခက်ခဲသည်အထိ ဖြစ်လာသည်။
သူ့လက်ထဲတွင် ဓားရှိနေသောကြောင့် သူက တိုက်ခိုက်မည်ဖြစ်သည်။
ဟန်မူယဲ့က နေတစ်စင်းသဖွယ် ပျံတက်သွားသည်။
နေကိုးစင်းနည်းစနစ်ကြောင့် ဖြစ်ပေါ်လာသော ချီစွမ်းအင်များက အဆုံးမဲ့အပူဓာတ်ကို ထုတ်လွှင့်ပေးနေသည်။
“ဝိညာဉ်နက်တောင်ကြားက အငြိုအတေးစွမ်းအင်ကိုကျင့်ကြံပြီး အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့သက်ရှိတွေကို ထိခိုက်စေတယ်။ ဟန်မူယဲ့က ဒီနေ့မှာ မိစ္ဆာဂိုဏ်းကိုဖျက်ဆီးဖို့ ရောက်လာခဲ့တယ်”
သူ့အသံက မိုးခြိမ်းသံကဲ့သို့ မိုင်ထောင်ချီအကွာအထိ ပဲ့တင်ထပ်သွားသည်။