← Chapters

ဝိညာဉ်နက်တောင်ကြားက ကောင်းကင်ဘုံတစ်ဝက်ပညာရှင်

Vol. 20 Ch. 280

ဝိညာဉ်နက်တောင်ကြားက ကောင်းကင်ဘုံတစ်ဝက်ပညာရှင်

Vol. 20 Ch. 280

အဝေးတစ်နေရာတွင် နောက်မှလိုက်လာကြသော အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူငယ်ကျွမ်းကျင်သူများက မျက်လုံးပြူးသွားကြသည်။

“သူက ဝိညာဉ်နက်တောင်ကြားကို တကယ်စိန်ခေါ်နေတာပဲ ....” ဓားရှည်ကိုင်ထားသောလူငယ်တစ်ယောက်သည် ရှုပ်ထွေးသောမျက်နှာထားနှင့်အတူ ရှေ့သို့ လှမ်းကြည့်ရင်း တုံ့ဆိုင်းနေသည်။

“စိန်ခေါ်တာမဟုတ်ပါဘူး။ သူက ဖျက်ဆီးမယ်လို့ ပြောလိုက်တာ”

ကျောတွင် ဓားတစ်လက်လွယ်ထားသော လူငယ်တစ်ယောက်သည် စိတ်လှုပ်ရှားနေပုံရသည်။ သူက လက်သီးဆုပ်လျှက် အော်ဟစ်လိုက်သည်။

ဝိညာဉ်နက်တောင်ကြားကို ဖျက်ဆီးခြင်း…

နှစ်ထောင်ကျော်ကာလအတွင်း၌ ထိုကိစ္စကိုလုပ်နိုင်သောလူ မရှိခဲ့ပေ။

ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျင့်ကြံသူသည်ပင် ရှုံးနိမ့်သွားနိုင်သည်။

‘ဟန်မူယဲ့ လုပ်နိုင်ပါ့မလား”

“ဟူး၊ သူက ယုံကြည်ချက်ရှိလွန်းနေတယ်”

မီးခိုးရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်က တိမ်တိုက်တစ်ခုပေါ်တွင် ရပ်နေရင်း သက်ပြင်းချသည်။

“ဆရာဦးလေး၊ အင်မော်တယ်ဟန်က သူ့တာအိုနဲ့ပတ်သတ်ပြီး ဝင့်ကြွားနေတယ်လို့ ပြောသင့်တာမဟုတ်ဘူးလား”

လူအိုကြီး၏ဘေးတွင် ရွှေရောင်ကြာပန်းသရဖူကိုဆောင်းထားသော လူငယ်လေးတစ်ယောက်က တည်ငြိမ်စွာပြောသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် လူအိုကြီးက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

“တခြားနေရာမှာဆိုရင် ဟန်မူယဲ့ရဲ့တိုက်ခိုက်နိုင်စွမ်းနဲ့ ဂုဏ်သတင်းအရ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ မျိုးဆက်သစ်တွေအားလုံးကို ခြိမ်းခြောက်နိုင်လိမ့်မယ်”

“ဒါပေမဲ့ ဒါက ပျက်စီးဝိညာဉ်စွန့်ပစ်မြေနဲ့ ဝိညာဉ်နက်တောင်ကြားလေ”

လူအိုကြီးက ရွှေသရဖူနှင့်လူငယ်ကို လှည့်ကြည့်ပြီး တီးတိုးပြောသည်။

“ဂိုဏ်းချုပ်က ပြောခဲ့တယ်မဟုတ်လား။ ဟန်မူယဲ့နောက်ကိုလိုက်ပြီး ပျက်စီးဝိညာဉ်စွန့်ပစ်မြေကို ဝင်မသွားနဲ့”

ရွှေသရဖူနှင့်လူငယ်မှာ မျက်လုံးများကျဉ်းမြောင်းသွားပြီး ခေါင်းညိတ်သည်။

“ကျွန်တော် မသွားပါဘူး”

“ဟန်မူယဲ့ အသက်ရှင်နိုင်မလားဆိုတာကိုပဲ စောင့်ကြည့်မှာပါ”

“သူထွက်လာနိုင်ရင် နောက်ထပ်နှစ်တစ်ထောင်ကြာတဲ့အထိ သူနဲ့ မပြိုင်တော့ဘူး”

“သူ ဝိညာဉ်နက်တောင်ကြားမှာ သေသွားခဲ့ပြီး နောက်ထပ် နှစ်ပေါင်းသုံးရာအကြာမှာ ကျွန်တော်က ကောင်းကင်ဘုံအဆင့်ကိုရောက်သွားရင် ဒီနေရာကိုပြန်လာခဲ့မယ်”

လူငယ်ကျွမ်းကျင်သူများသည် ပျက်စီးဝိညာဉ်စွန့်ပစ်မြေ၏ အစပ်သို့ရောက်လာပြီး ရပ်တန့်လိုက်ကြသည်။

“ဓားတာအို၊ ဓားလမ်းစဉ်ကို ကျင့်ကြံတဲ့နေရာမှာ နှလုံးသားထဲမှာရှိနေတဲ့တိုက်ခိုက်လိုစိတ်က ကိုယ့်ရဲ့စိတ်ကို လွှမ်းမိုးသွားလို့မဖြစ်ဘူး”

“ဓားကျင့်ကြံသူတစ်ယောက်က ကိုယ့်အတွက်မဟုတ်ဘဲ ဓားအတွက် အရာအားလုံးကိုလုပ်နေရင် သေဖို့ မဝေးတော့ဘူး”

“ဒီနေ့မှာ ဟန်မူယဲ့က သူ့ကိုယ်သူ အင်မော်တယ်တစ်ယောက်အဖြစ် ဆက်ဆံနေတာပဲ”

“ဒါက သေဖို့လမ်းပဲ”

စကားပြောလိုက်သောလူက သတ္တမအဆင့်သို့ရောက်နေသော ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သူ့နောက်တွင် လူငယ်ဓားကျင့်ကြံသူနှစ်ယောက်ရှိနေပြီး လေးနက်သောမျက်နှာထားများဖြင့် ခေါင်းညိတ်လိုက်ကြသည်။

မရေမတွက်နိုင်သော လူငယ်ကျွမ်းကျင်သူများသည် စွန့်ပစ်မြေ၏အပြင်တွင် ရပ်နေကြသည်။ သူတို့၏တိုက်ခိုက်လိုစိတ်များက ပြင်းထန်နေသော်လည်း သူတို့က ဂရုတစိုက် ထိန်းသိမ်းထားကြသည်။

ယခုအချိန်တွင် လူတိုင်းက ဓားတာအို၊ ဓားလမ်းစဉ်၏ ဓားအင်မော်တယ်ဟန်မူယဲ့က ဝိညာဉ်နက်တောင်ကြားအား ဖျက်ဆီးမည့်အချိန်ကို စောင့်နေကြသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်မျိုးဆက်သစ်ဖြစ်သော ဓားအင်မော်တယ်ဟန်မူယဲ့သည် စွန့်ပစ်မြေထဲမှ အသက်ရှင်လျက် ထွက်လာနိုင်ပါမည်လား။

နောက်တစ်နေ့တွင် မူရှန်မြို့၏ ခေါင်းဆောင်မူနှင့် နတ်မိမယ်ပီအိုနေးတို့ ရောက်လာကြသည်။

သူတို့က မျက်နှာမသာမယာဖြင့် စွန့်ပစ်မြေ၏အပြင်ဘက်၌ ရပ်နေကြသည်။

“ဒီကောင်လေးက နောက်ထပ်နှစ်တစ်ရာကြာမှ ပြန်လာလို့မရဘူးလား”

မူမိသားစုခေါင်းဆောင်က စိတ်ပျက်လက်ပျက်ပြောသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် နတ်မိမယ်ပီအိုနေးက ခေါင်းခါလိုက်ပြီး ပြောသည်။

“ကျွန်မတို့က အာခီမီပညာရပ်ကိုကျင့်ကြံတယ်။ ဓားကျင့်ကြံသူတွေရဲ့လမ်းစဉ်ကို နားမလည်ဘူး။ သူက ကိုယ်ပိုင်တာအိုကို ရှာဖွေနေတာဖြစ်လိမ့်မယ်”

ခေါင်းဆောင်မူက ခေါင်းညိတ်လိုက်ပြီး ရှေ့မတိုးဘဲ နေရာမှာတင်ရပ်နေသည်။

စွန့်ပစ်မြေသည် ချိုးဖျက်ဝင်ရောက်ရန် လွယ်ကူသောနေရာမဟုတ်ပေ။

စိတ်ဝိညာဉ်ကို လွှမ်းမိုးတိုက်ခိုက်နိုင်စွမ်းသော အငြိုးအတေးစွမ်းအားများ၏တိုက်စားမှုက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများအတွက်လည်း ခေါင်းကိုက်စရာဖြစ်သည်။

ထို့အပြင် ခေါင်းဆောင်မူနှင့် နတ်မိမယ်ပီအိုနေးတို့သည် အာခီမီပညာရှင်များဖြစ်ပြီး တိုက်ခိုက်ခြင်း၌ အားမသာကြပါ။

“အကြီးအကဲကျိုး၊ ကျွန်တော်တို့ ဝင်သွားကြမလား”

တစ်ဖက်တွင် စွန့်ပစ်မြေ၏အစပ်တွင်ရပ်နေသော ထန်ယွမ်ဟောင်က တီးတိုးမေးသည်။

သူ့ဘေးတွင် အဖြူရောင်ဝတ်စုံနှင့် ကျိုးယွင်လုံရှိနေသည်။

သူတို့နောက်မှာ ပန်းပွင့်ရွက်ကြွေခန်းဆောင်၏ အကြီးအကဲများရှိကြသည်။

ထန်ယွမ်ဟောင်က ကျိုးယွင်လုံ၏အကူအညီဖြင့် ပန်းပွင့်ရွက်ကြွေခန်းဆောင်ကို လွယ်ကူစွာ သိမ်းပိုက်နိုင်ခဲ့သည်။

ပန်းပွင့်ရွက်ကြွေခန်းဆောင်၏ ခေါင်းဆောင်မှာ တံခါးပိတ်ကျင့်ကြံနေသည်။

ထိုကျင့်ကြံခြင်းမျိုးက ပြန်ထွက်လာနိုင်ရန်ခက်ခဲသော အပြီးသတ်ကျင့်ကြံခြင်းဖြစ်သည်။

“သခင်က အရာအားလုံးကိုကိုင်တွယ်ဖို့ ယုံကြည်ချက်ရှိတဲ့အတွက် ငါ့ကို ထွက်သွားခိုင်းခဲ့တာ”

ကျိုးယွင်လုံက တောက်ပနေသောမျက်လုံးများနဲ့ စွန့်ပစ်မြေကိုကြည့်သည်။

“ဒီစွန့်ပစ်မြေက ဘယ်လိုဖြစ်လာတာလဲ မင်းသိလား”

‘ဘယ်လိုဖြစ်လာတာလဲ’

ထန်ယွမ်ဟောင်က ခေါင်းခါသည်။

သူက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့ပြီး ကျင့်ကြံခြင်းလောက၏ ကောလဟာလများကို ကြားဖူးသည်။ သို့သော်လည်း အဖြစ်မှန်ကိုတော့ မသိနိုင်ပေ။

“အရင်တုန်းက ဒီနေရာကို သခင့်ရဲ့ဆရာက ဖျက်ဆီးခဲ့တယ်”

ကျိုးယွင်လုံက လေးနက်သောအသံဖြင့်ပြောသည်။

သခင့်ရဲ့ဆရာ…

သူ့အမြင်မှာတော့ ဓားဘုရင်ယွမ်ထျန်း၏ဓားဆေးလုံးနှင့် တာအိုဆရာတယန်၏ ကာကွယ်မှုကိုရထားသော ဟန်မူယဲ့က ဓားဘုရင်ယွမ်ထျန်း၏ တပည့်ဖြစ်သည်။

ထန်ယွမ်ဟောင်က ‌ရှေ့တွင် ရှိနေသောစွန့်ပစ်မြေကိုကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။

‘မိုင်သောင်းချီတဲ့နယ်မြေကို ဖျက်ဆီးခဲ့တာလား’

‘ဟန်မူယဲ့ရဲ့ဆရာက ဘယ်လိုမျိုးလဲ’

“ဘုန်း”

စွန့်ပစ်မြေထဲမှာ ပေါက်ကွဲသံကို ကြားလိုက်ရသည်။

သူတို့က တိုက်ခိုက်နေသည်။

လူတိုင်းက စွန့်ပစ်မြေထဲတွင် ရှိနေသောအခြေအနေကို သိချင်သောကြောင့် လှမ်းကြည့်လိုက်သည်။

သို့သော်လည်း စွန့်ပစ်မြေက ကျယ်ပြန့်ပြီး ဝိညာဉ်စွမ်းအားက ဖရိုဖရဲဖြစ်နေသည်။ သူတို့က ဟန်မူယဲ့ရှိသောနေရာနှင့် တိုက်ပွဲ၏အခြေအနေကိုလည်း မသိနိုင်ပေ။

ဝုန်း...

အပြင်လူများမမြင်နိုင်သော စွန့်ပစ်မြေ၏အတွင်းပိုင်းတွင် ဟန်မူယဲ့သည် ဓားဖြင့်ခုတ်ချ၍ ရှေ့တွင် ရှိနေသော အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်ကို တွန်းထုတ်လိုက်သည်။

သူ့ရှေ့တွင် ရှိနေသော လူအားလုံးမှာ ကမ္ဘာမြေအဆင့်များ ဖြစ်ကြသည်။

“ဟီးဟီး၊ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်လူငယ်မျိုးဆက်ကျွမ်းကျင်သူ”

“ဓားတာအို၊ ဓားလမ်းစဉ်ရဲ့ ဓားအင်မော်တယ်”

“မင်းက တကယ်အဆင့်မီတယ်”

အနက်ရောင်ဝတ်စုံဖြင့် လူအုပ်ကြားတွင်ရှိသော လူတစ်ယောက်က လှောင်ပြောင်လိုက်သည်။

လူတိုင်း၏ခန္ဓာကိုယ်ပေါ်တွင် သတ်ဖြတ်လိုစိတ်နှင့် အငြိုအတေးများ ပေါ်ထွက်လာသည်။

“မင်က စွန့်ပစ်မြေကို မလာခဲ့သင့်ဘူး”

“ပျက်စီးဝိညာဉ်စွန့်ပစ်မြေက ဘာလဲဆိုတာကို မင်းမသိဘူး”

စကားပြောလိုက်သောလူက ရယ်လိုက်ပြီး ပေါက်ကွဲသွားသည်။

သူတစ်ယောက်တည်းမကဘဲ တခြားလူအားလုံးကလည်း ပေါက်ကွဲသွားပြီး မီးခိုးရောင်အငြိုးအတေးစွမ်းအင်များအဖြစ် ပြောင်းသွားကြသည်။

ထိုအငြိုးအတေးစွမ်းအားများက စွန့်ပစ်မြေတစ်ခုလုံး၏ အငြိုးအတေးများကို လှုံ့ဆော်လိုက်ပုံရသည်။

အဆုံးမရှိသော အငြိုးအတေးစွမ်းအင်များက ဟန်မူယဲ့ကို လွှမ်းခြုံလာသည်။

အငြိုးအတေးစွမ်းအင်…

လောကတွင်ရှိသော ကျင့်ကြံသူအများစုက ထိုစွမ်းအင်ကို မထိတွေ့ရဲကြပေ။

အငြိုးအတေးစွမ်းအင်သည် ဝိညာဉ်ကို ရိုက်ခတ်မိသည်နှင့် ပြင်းထန်စွာ ထိခိုက်နိုင်ပြီး အဆိုးဝါးဆုံးအခြေအနေတွင် အသက်ဆုံးသွားနိုင်သည်။ ထို့နောက် ထိုသူသည် အငြိုးအတေးများနှင့် ပေါင်းစပ်သွားမည် ဖြစ်သည်။

ဤနေရာတွင် ရှိနေသော အငြိုးအတေးစွမ်းအင်များက သိပ်သည်းလွန်းသောကြောင့် ထိတွေ့မိသူတိုင်း သေဆုံးသွားပေမည်။

ဤနေရာတွင်ရှိသော အငြိုးအတေးစွမ်းအင်များကို ခုခံနိုင်သောကျင့်ကြံသူ သိပ်မရှိပေ။

အငြိုးအတေးစွမ်းအင်များက တစ္ဆေများသဖွယ် စူးရှစွာအော်ဟစ်လျက် လှုပ်ရှားနေကြသည်။

ဟန်မူယဲ့၏အမြင်မှာတော့ ထိုအငြိုးအတေးစွမ်းအင်များက သူကိုယ်တိုင်ရှာဖွေထားသော အခွင့်အရေးဖြစ်သည်။

သမာဓိစွမ်းအားကို ကျင့်ကြံရန် အခွင့်အရေး…

“တည်ငြိမ်ခြင်း”

သူစကားပြောလိုက်သောအခါတွင် သင်္ကေတလေးခုဓားဝင်္ကပါ ပေါ်လာသည်။

မိုးပြာရောင်နဂါး၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်တို့ စုစည်းဖြစ်တည်လာကြသည်။

ဓားအလင်းနှင့် သမာဓိစွမ်းအားများ ချက်ချင်းတိုးဝင်လာပြီး နတ်ဘုရားသားရဲလေးကောင်သည် ရွှေရောင်အဖြစ်သို့ ပြောင်းသွားကြသည်။

“ဖိနှိပ်ခြင်း ....”

နတ်ဘုရားသားရဲလေးကောင်သည် ပေတစ်ထောင်အထိကြီးမားလာပြီး အောက်သို့ဖိချလိုက်သည်။

စုစည်းလာသော အငြိုအတေးများအားလုံးမှာ ရွှေအလင်း၏ဖိနှိပ်မှုကို ခံလိုက်ရပြီး ရွှေရောင်သန်းလာကြသည်။

အငြိုးအတေးများမှာ သမာဓိချီများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

အဆုံးမရှိသော အငြိုးအတေးစွမ်းအင်များမှာ ရွှေရောင်အဖြစ်သို့ ပြောင်းလာကြသည်။

အငြိုးအတေးများကို ဖိနှိပ်လိုက်သောကြောင့် အဖြူရောင်ပုံရိပ်များ ပေါ်လာသည်။

ထိုပုံရိပ်များသည် ပျက်စီးဝိညာဉ်စွန့်ပစ်မြေတွင် နှစ်ပေါင်းမရေအတွက်နိုင်အောင် ရှိခဲ့သော အငြိုးကြီးဝိညာဉ်များဖြစ်ကြသည်။

ထိုပုံရိပ်ထဲတွင် လူသားများ၊ မိစ္ဆာများ၊ နတ်ဆိုးများပါဝင်နေသည်။

တချို့မှာ ယခင်တိုက်ပွဲများတွင် သေဆုံးသွားခဲ့ပြီး တချို့ကတော့ နှစ်ပေါင်းများစွာအတွင်း ဝိညာဉ်နက်တောင်ကြား၏ နှိပ်စက်သတ်ဖြတ်ခြင်းကို ခံရသူများ ဖြစ်ကြသည်။

ပုံရိပ်များမှာ ထောင်နှင့်ချီ၍ ရှိနေသည်။

ယခုအချိန်တွင် ဝိညာဉ်အားလုံးမှာ ထိုနေရာ၌ ရပ်တန့်နေကြ၏။

“အကြီးအကဲတို့၊ မျိုးဆက်သစ်ဟန်မူယဲ့က အကြီးအကဲတို့အတွက် တရားမျှတမှုရှာပေးဖို့ ရောက်လာပါတယ်။ ကျေးဇူးပြုပြီး ကူညီပေးကြပါ”

ဟန်မူယဲ့က ဝိညာဉ်ပုံရိပ်များကို ဦးညွှတ်ပြီး ကျယ်လောင်စွာပြောသည်။

ထိုဝိညာဉ်များက မတုံ့ပြန်ပေ။ သို့သော်လည်း ပျောက်ကွယ်သွားခြင်းမရှိပေ။

ထိုအရာက တုံ့ပြန်မှုပင်ဖြစ်သည်။

ဟန်မူယဲ့က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သင်္ကေတလေးခုဓားဝင်္ကပါကို အသက်သွင်းလိုက်သည်။ ခမ်းနားလှသောရွှေအလင်းများနှင့်အတူ သူက ရှေ့သို့ပြေးထွက်သွားသည်။

ယခုအချိန်တွင် သူက သမာဓိစွမ်းအားကို ထိန်ချန်မထားတော့ပေ။

စွန့်ပစ်မြေတစ်ခုလုံးသည် အဆုံးမရှိသော သမာဓိချီများဖြင့် ပြည့်သွားသည်။

အငြိုးအတေးများမှာ သန့်စင်ခံလိုက်ရပြီး သမာဓိစွမ်းအားများအဖြစ်သို့ ပြောင်းသွားကြသည်။

သူ့နောက်မှာ ပုံရိပ်များလိုက်လာကြသည်။

ဝိညာဉ်စွမ်းအားများ စုစည်းလာပြီး နဂါးတစ်ကောင်နှင့်တူသော လေပြင်းများအဖြစ် ပြောင်းလဲသွားကြသည်။

အငြိုးအတေးများအားလုံးက သင်္ကေတလေးခုဓားဝင်္ကပါ၏ မိုးပြာရောင်နဂါးနှင့် ပေါင်းစပ်သွားသည်။

ဖြူဖျော့ပြီး ကြည်လင်နေသောနဂါးနှင့် သင်္ကေတလေးခုဓားဝင်္ကပါက နှင်းဘောလုံးတစ်လုံးသဖွယ် ပိုမိုသန်မာလာကြသည်။

ရွှေအလင်းနှင့် ငွေဖြူရောင်အလင်းတို့သည် စွန့်ပစ်မြေတစ်ခုလုံးကို အလင်းပေးတော့မည့်ပုံပေါ်သည်။

သူက နှစ်ထောင်ချီကြာအောင် အလင်းရောင်မရှိခဲ့သော စွန့်ပစ်မြေကို ကြည်လင်ပြီး သန့်စင်သောနေရာတစ်ခုအဖြစ် ပြောင်းပစ်ချင်သည်။

ကောင်းကင်မှာ ဖြည်းဖြည်းချင်းကြည်လင်လာသည်။

သုံးရက်အကြာတွင် မည်းနက်နေသော တောင်ကြားတစ်ခု၏ရှေ့မှာ ....

ဝုန်း...

ပေတစ်သောင်းရှည်သော အနက်ရောင်ပုံရိပ်တစ်ခု ပြုတ်ကျလာသည်။

ထိုပုံရိပ်သည် ခေါင်းသုံးလုံးမိစ္ဆာတစ္ဆေဖြစ်သည်။

သို့သော်လည်း ထိုမိစ္ဆာပုံရိပ်ပေါ်မလာခင်မှာ ဟန်မူယဲ့၏နောက်တွင် ရှိနေသော ဝိညာဉ်များက ပေတစ်သောင်းရှိသော ရွှေရောင်သံချပ်ကာစစ်သူကြီးအဖြစ် စုစည်းလိုက်ပြီး လက်သီးတစ်ချက်ဖြင့် မိစ္ဆာပုံရိပ်ကို လွင့်စင်သွားစေသည်။

သမာဓိစွမ်းအားကြောင့် အငြိုးအတေးများက ဆက်တိုက်ပျောက်ဆုံးနေသည်။

စွန့်ပစ်မြေ၏အပြင်ဘက်မှတစ်ဆင့် ကြည့်လိုက်လျှင် စွန့်ပစ်မြေ၏ကောင်းကင်သည် လှုပ်ရှားနေသောဝဲကတော့တစ်ခုအသွင်သို့ ပြောင်းလဲနေသည်။

လောကတစ်ခုလုံးသည် တိမ်မည်းများ၊ ရွှေအလင်းများဖြင့် ပြည့်နေသည်။

“မသိတဲ့လူတွေက တကယ့်ကိုရဲတင်းတာပဲ”

“မင်းက သမာဓိစွမ်းအားကို ကျင့်ကြံထားတာနဲ့ပဲ ငါ့ဝိညာဉ်နက်တောင်ကြားကို ဖျက်ဆီးနိုင်မယ်ထင်နေတာလား”

အသံတစ်သံပေါ်ထွက်လာပြီး ပေတစ်ရာရှိသော အနက်ရောင်သံချပ်ကာမိစ္ဆာသည် သင်္ကေတလေးခုဓားဝင်္ကပါ၏ရှေ့၌ ရပ်လိုက်သည်။

“ခလွမ် ....”

သင်္ကေတလေးခုဓားဝင်္ကပါက ရပ်တန့်သွားသည်။

သင်္ကေတလေးခုဓားဝင်္ကပါမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ…

ဝိညာဉ်နက်တောင်ကြား၌ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတစ်ဦး ရှိနေသည်။

All Chapters