အပိုင်း(၅၆၅)
Vol. 38 Ch. 565
နောက်တစ်နေ့တွင် နေကဖြည်းဖြည်းချင်းမြင့်တက်လာပြီး နွေးထွေးသောနေရောင်ခြည်က ကမ္ဘာမြေပြင်အားလွှမ်းခြုံလာသည်။ ထိုနေရောင်က ထျန်းလျန်အင်ပါယာမြို့တော်အတွင်းရှိ ရတနာတစ်ထောင်စံအိမ်အတွင်းသို့လည်း ကျရောက်လျက်ရှိသည်။ နေရောင်က ရတနာတစ်ထောင်စံအိမ်ရှိပြတင်းတံခါးအားဖြတ်သန်းပြီး သပ်ရပ်ကြော့ရှင်းသော အခန်းအတွင်းသို့ ဝင်ရောက်လာ ကုတင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသော လူငယ်၏မျက်နှာပေါ်သို့ဖြာကျလာ၏။
နွေးထွေးသောအလင်းရောင်ကမျက်နှာပေါ်သို့ကျဆင်းလာသကဲ့သို့ ရှစ်ဖုန့်က သူ၏မျက်လုံးတို့အားဖြည်းညှင်းစွာဖွင့်လိုက်သည်။ထို့နောက် သူ၏ပါးစပ်မှ နောက်ကျိသော ပါးလျှသည့်လေအမျှင်တန်း တစ်ခုအားဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်သည်။
“နေ့ဘက်တောင်ရောက်လာပြီပဲ”
ရှစ်ဖုန့်က သူ၏ခေါင်းကိုမော့၍ ပြတင်းတံခါးကို ဖြတ်ကျော်ကာ ပြင်ပရှိ ကောင်းကင်အား ကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
ဤအချိန်တွင် တံခါးအားခပ်ဖွဖွခေါက်သံသုံးချပ် ထွက်ပေါ်လာ၏။
“ဒေါက်..ဒေါက်…ဒေါက်..”
ရှစ်ဖုန့်က တံခါးပေါ်မှ ဆင်းလိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ရှစ်ဖုန့်တံခါးအားဖွင့်လိုက်သောအခါတွင် တလက်လက်ထနေသော ရွှေရောင်အလင်းတစ်ခု၏ကြိုဆိုခြင်းကိုခံလိုက်ရသည်။
ရောက်လာသောသူက ရှစ်ကျင်းရွှိုက်ဖြစ်သည်။ ဤအချိန်တွင် ရှစ်ကျင်းရွှိုက်မှာ မျက်စိကျိန်းလောက်စရာကောင်းသော ရွှေရောင်ချပ်ဝတ်တစ်ခုအားဝတ်ဆင်ထား၏။ တိုက်ပွဲဝင်ချပ်ဝတ်မှ မျက်စိကျိန်းလောက်စရာ ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေသည်။
ဤကဲ့သိုအဝတ်စားမျိုးဖြင့်ဆိုလျှင်သူ့အားသူဋ္ဌေးသားတစ်ဦးအဖြစ်မည်သူသဆိုသိလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်တံခါးဖွင့်လာသည်ကိုတွေ့ရသောအခါတွင် ရှစ်ကျင်းရွှိုက်၏မျက်နှာထက်၌ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့် ဝင့်ကြွားသော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူကရှစ်ဖုန့်အားပြောလိုက်သည်။
“ညီလေးရှစ်.. ငါ့ရဲ့ရွှေရောင်ချပ်ဝတ်ကိုမင်းဘယ်လိုထင်လဲ”
“အင်း..အရမ်းကောင်းတယ်..ဒါကမင်းရဲ့အဆင့်အတန်းကိုဖော်ပြနေတယ်”
ရှစ်ဖုန့်ကအေးအေးလူလူပင်ပြောလိုက်သည်။
“ဒါပေါ့”
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်မျက်နှာထက်ရှိ ဝင့်ကြွားဂုဏ်ယူသောအပြုံးက ပို၍ ထင်ရှားလာသည်။ ထို့နောက်သူကပြောလိုက်သည်။
“ငါ့လူတွေကို နံနက်စာပြင်ထားဖို့ပြောပြီးပြီ.. အရင်ကိုယ်လက်သန့်စင်လိုက်အုံး ..စားပြီးမှ တို့တွေ ပြိုင်ပွဲကွင်းပြင်ဆီသွားတာပေါ့”
“အင်း”
ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။
ထို့နောက် ရှစ်ဖုန့်က ကိုယ်လက်သန့်စင်လိုက်ပြီး ရှစ်ကျင်းရွှိုက်နှင့်အတူ စားပွဲခန်းမသို့သွားလိုက်သည်။ ငွေကြေးအကုန်အကျများသော နံနက်စာကိုစားသောက်ပြီးနောက် နှစ်ယောက်သားအတူတကွထွက်ခွာလာခဲ့သည်။
နှစ်ယောက်သား ရတနာတစ်ထောင်စံအိမ်မှထွက်ခွာလာပြီး ထျန်းလျန်အင်ပါယာမြို့လည်သို့ ဦးတည်လိုက်သည်။ ပြိုင်ပွဲကွင်းပြင်သို့သွားသောလမ်းမထက်တွင် လူများဖြင့် သိပ်သည်းထူထပ်နေသည်ဖြစ်သည်။ လူများကတိုးဝှေ့ကာ ဖြည်းဖြည်းချင်းပြိုင်ပွဲကွင်းပြင်သို့သွားနေကြသည်။
ယနေ့လမ်းမထက်တွင်လူများဖြင့်ပိတ်ကာနေသည်။
ယနေ့မှာ အရှေ့ပိုင်းဒေသကြီး၏နံပါတစ်အလှဘုရင်မဖြစ်သော မင်းသမီးလင်လုံအတွက် ယောက်ျားရှာဖွေသည့်နေ့ဖြစ်သည်။ပါရမီရှင်များနှင့်ကျွမ်းကျင်သူများကစုစည်းနေ၏။ ဤသည်မှာ နှစ်ရာပေါင်းများစွာနေမှတစ်ကြိမ်သာပေါ်ပေါက်သောကြီးကျယ် ခမ်းနားသည့်ဖြစ်ရပ်တစ်ခုဖြစ်သည်။ ပြိုင်ပွဲဝင်ရောက်သူများသာမကဘဲ မရေတွက်နိုင်သော ပွဲကြည့်ပရိတ်သတ်များဖြင့်လည်းပြည့်နှက်နေသည်။
“သွားစို့”
သိပ်သည်းပြွတ်သိပ်နေသောလူအုပ်အားကြည့်၍ ရှစ်ဖုန့်၏ပုံရိပ်ကလှုပ်ရှားလိုက်ပြီးဟင်းလင်းပြင်အားထိုးခွင်းလိုက်သည်။ မကြာခင် ရှစ်ကျင်းရွှိုက်ကလည်းဟင်းလင်းပြင်ထားထိုးခွင်းလာသည်။ သူတို့နှစ်ဦးဟင်းလင်းပြင်အားထိုးခွင်း၍ ပြိုင်ပွဲကွင်းပြင်ရှိရာသို့ အတူတကွ ပျံသန်းလိုက်သည်။
ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏အလယ်ဗဟိုတွင် ပြိုင်ပွဲစင်မြင့်တစ်ရာအားပြင်ဆင်ထားပြီးဖြစ်သည်။စင်မြင့်တစ်ခုစီတိုင်းတွင် ဆန်းကြယ်ပြီးစွမ်းအားကြီးမားသော စွမ်းအင်တစ်ခုစီကိုထုတ်လွှတ်နေသည်။ယင်းမှာစင်မြင့်အတွင်းရှိ ပါဝင်သူကျင့်ကြံသူများထံမှ စွမ်းအင်များလျှံထွက်လာပြီး ပွဲကြည့်ပရိတ်သတ်များအားထိခိုက်မှုဖြစ်စေခြင်းမှတားဆီးနိုင်ရန်အတွက်ထျန်းလျန်အင်ပါယာမှ တပ်ဆင်ထားသောကန့်သတ်မှုတစ်ခုဖြစ်သည်။
ဤအချိန်တွင် ပြိုင်ပွဲစင်မြင့်တစ်ရာလုံး၌ လူများဝန်းရံနေသည်။
ကောင်းကင်ထဲတွင် ပြွတ်သိပ်များပြားသောပုံရိပ်များကလည်းပေါ်လာပြီး ပြိုင်ပွဲစင်မြင့်များဆီသို့သက်ဆင်းလာကြ၏။
ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အတွင်း၌ လေထုအားထိုးခွင်းပျံသန်းခြင်းကိုတားမြစ်ထားသည့် စည်းမျဉ်းတစ်ခုရှိနေသာ်လည်း ဤသည်မှာ နိုင်ငံတစ်ခုလုံး၏ဝမ်းမြောက်ဖွယ်နေ့ရက်တစ်ဖြစ်ဖြစ်သောကြောင့် မမြင်ချင်ဟန်ဆောင်ထားသည်။
ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့ကလည်း လေထဲမှဆင်းသက်လိုက်ပြီးပြိုင်ပွဲကွင်းပြင်ဝန်းကျင်ရှိလူအုပ်ကြားထဲသို့တိုးဝှေ့ဝင်ရောက်လိုက်သည်။
“လူတွေအများကြီးပဲ.. ပါဝင်ဖို့စာရင်းသွင်းသူအရေအတွက်က အရေအတွက် တစ်သောင်းခွဲအထိတိုးလာတယ်လို့ ကြားတယ်..ဒီမှာပွဲကြည့်ပရိတ်သတ်ဘယ်လောက်ထိရှိမယ်ဆိုတာကိုဘယ်သူသိမှာလဲ…ဘာပဲဖြစ်ဖြစ်ဒီပြိုင်ပွဲကွင်းပြင်မှာ ဒီရက်တွေမှာလူတွေနဲ့ပြည့်နေလိမ့်မယ်”
မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက်ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အားပြောလိုက်သည်။
ရှစ်ဖုန့်၏အကြည့်က ပြွတ်သိပ်နေသော လူအုပ်အားဖြတ်ကျော်သွားသည်။ ဤနေရာသို့ရောက်ရှိပြီးနောက် သိပ်မဝေးသောနေရာမှလာနေသည့် စွမ်းအားကြီးအရှိန်အဝါတစ်ခုအား ရှစ်ဖုန့်ခံစားမိသည်။
ဤနေရာတွင်နံပါတစ်နေရာတွက်တိုက်ခိုက်ရယူရမည့်ဖိအားကမသေးငယ်လှပေ။
သိပ်မကြာခင်တွင် ကြီးမားသောခေါင်းလောင်းသံတစ်ခုကဲ့သို့လေထဲ၌ အံ့ဖွယ်ကောင်းသော အော်သံတစ်ခုပဲ့တင်ထွက်လာသည်။
“မင်းတို့အားလုံး ဒီအရှင်အတွက်တိတ်တိတ်နေကြစမ်း”
သူ၏အသံထွက်ပေါ်လာသည့်အခိုက်အတန့်တွင် အသံက ထျန်းလျန်အင်ပါယာတော်ဝင်မြို့တစ်ခွင်အားပဲ့တင်ရိုက်ခတ်ပျံ့နှံ့သွား၏။
ရွှေရောင်ပုံရိပ်တစ်ခုက လေထဲ၌လွင့်မျောရပ်တည်နေသည်။ ၎င်းမှာအဖြူရောင်ဆံပင်နှင့် ရွှေရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားသော ခံ့ညားသည့်အဖိုးအိုတစ်ဦးဖြစ်သည်။သူလေထဲ၌ဝင့်ကြွားစွာရပ်နေပြီး နှလုံးသားအားတဆက်ဆက်တုန်လောက်စေသော စွမ်းအားတစ်ခုကိုထုတ်လွှတ်နေသည်။
လေထဲရှိရွှေရောင်ပုံရိပ်အားကြည့်၍ ဆူညံနေသော လူအုပ်ကြီးမှာ ရုတ်ခြည်းငြိမ်ကျသွားသည်။
“မဟာသူတော်စင်နယ်ပယ်”
ရှစ်ဖုန့်မှာအသံကြားလိုက်ရသောအခါတွင် ခေါင်းမော့လိုက်သည်။သူကအဘိုးအိုအားကြည့်၍ တီးတိုးရေရွတ်လိုက်၏။
“ဒီလူက မင်းသာ ကွမ်းပဲ..အရင် ထျန်းလျန်အင်ပါယာဧကရာဇ်မင်းရဲ့ညီတော်လည်းဖြစ်တယ်…သူက လက်ရှိထျန်းလျန်အင်ပါယာဧကရာဇ်မင်း လန်ယွမ်ရဲ့ ဦးရီးတော်လည်းတော်စပ်တယ်..သူကထျန်းလျန်အင်ပါယာရဲ့ထိပ်တန်းအဆင့်ကျွမ်းကျင်သူဆယ်ယောက်ထဲမှာ အဆင့်သုံးချိတ်တယ်..”
ရှစ်ဖုန့်၏ဘေး၌ရှိနေသောရှစ်ကျင်းရှိုက်က ရှစ်ဖုန့်အား တီးတိုးရှင်းပြသည်။ သူကဆက်လက်ပြောဆို၏။
“မင်းသားကွမ်းကိုယ်တိုင်ဒီတစ်ကြိမ်သိုင်းပြိုင်ပွဲကို ကိုင်တွယ်မယ်လို့ မထင်ထားခဲ့ဘူး.. ဟုတ်သား ထျန်းလျန်အင်ပါယာမှာ လူအမျိုးမျိုးနဲ့ပြည့်နှက်နေတာ အထူးသဖြင့် မောက်မာပြီး စည်းကမ်းမရှိတဲ့သူတွေပဲ.. မင်းသာကွမ်းတစ်ယောက်တည်းကသာသူတို့ကို ဖိနှိပ်နိုင်မှာ”
မင်းသားကွမ်းပေါ်လာပြီးသည့်နောက်တွင် ပွက်ပွက်ညံနေသောသူများမှာထပ်မံ အသံမထွက်ရဲကြတော့ချေ။
ဤအချိန်တွင်အားလုံး၏အကြည့်များကအထက်ရှိ ရွှေရောင်ပုံရိပ်ပေါ်သို့စူးစိုက်ထားသည်။
ဤအချိန်တွင် လေထဲ၌ဝင့်ကြွားစွာရပ်နေသော မင်းသားကွမ်းက အောက်သို့ငုံ့ကြည့်ပြီး ခေါင်းလောင်းသံကဲ့သို့ ခမ်းနားသောအသံဖြင့် ထပ်မံပြောဆိုလိုက်သည်။
“ဒီတစ်ကြိမ် ဒီမင်းသားရဲ့မြေးလင်လုံအတွက်ဒီမင်းသားကိုယ်တိုင် ဦးဆောင်မှုပြုလုပ်မယ်”
“ဒီဘုရင်အနေနဲ့ အချုပ်အားဖြင့်ရှင်းပြရမဲ့စည်းမျဉ်းအချို့ရှိတယ်..ဒီသိုင်းပြိုင်ပွဲအတွက်စာရင်းသွင်းသူတွေဟာ အရမ်းကိုများပြားပြီးတော့ လူဦးရေပေါင်းတစ်သောင်းခွဲကျော်တောင်ရှိတာကြောင့် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်က တစ်ချိန်တည်းမှာ ကျင်းပဖို့ တိုက်ပွဲစင်မြင့်အခုတစ်ရာကို တည်ဆောက်ခဲ့တယ်”
“ဒီပြိုင်ပွဲကို မဲနံပါတ်စနစ်ပေါ်အခြေခံပြီးကျင်းပမှာဖြစ်တယ်.. စင်မြင့်နံပတ်တွေနဲ့ အမှတ်စဉ်နံပါတ်တွေကို ခွဲဝေပေးထားတယ်”
“စင်မြင့်နံပါတွေက တစ်ကနေတစ်ရာအထိဖြစ်တယ်…အမှတ်စဉ်နံပါတ်တွေကလည်း တစ်ကနေတစ်ရာအထိဖြစ်တယ်..စင့်မြင့်နံပါတ်တစ်အတွက်ပဲဖြစ်ဖြစ် အခြားစင်မြင့်အတွက်ပဲဖြစ်ဖြစ် ..မင်းက စင်မြင့်နံပါတ်တစ် အမှတ်စဉ်နံပါတစ်ကို ရတယ်ဆိုရင် မင်းက စင်မြင့်နံပါတစ်က အမှတ်စဉ်နံပါတ်နှစ်နဲ့တိုက်ခိုက်ရမယ်..အဲ့နောက် စင်မြင့်နံပါတ်လေး အမှတ်စဉ်နံပါတ်လေးကလဲအဲ့လိုတွေပဲ.. မင်းတို့မှာ တစ်ခြားမေးစရာမေးခွန်းတွေရှိသေးလား”
“မင်းသားကွမ်း”
ဤအချိန်တွင်မင်းသားကွမ်းစကားပြောပြီးနောက် စိတ်ရှုပ်ထွေးနေသော ကျင့်ကြံသူက သူ၏လက်သီးတို့အားဆုပ်၍ မင်းသားကွမ်းအား လေးလေးစားစားဖြင့်အော်ပြောလိုက်သည်။
“ပြော”
မင်းသားကွမ်းက ထိုကျင့်ကြံသူအားလက်ညှိုးထိုးညွှန်ပြီး ပြောလိုက်သည်။
ထိုကျင့်ကြံသူကပြောလိုက်သည်။
“ဒီတစ်ကြိမ်လူတစ်သောင်းခွဲတောင် စာရင်းသွင်းခဲ့တယ်လို့ မင်းသားပြောခဲ့တယ်မလား.ဒါပေမဲ့ ပြိုင်ပွဲကိုမဲစနစ်ပေါ်မှာအခြေခံပြီးတော့ကျင်းပမယ်လည်းပြောတယ်.စင့်မြင့်နံပါတ်က တစ်ကနေတစ်ရာအထိပဲရှိပြီးအမှတ်စဉ်နံပါတ်ကလည်း တစ်ကနေတစ်ရာအထိပဲရှိနေတယ်..ဒီလိုဆိုရင် စင်မြင့်တစ်ရာရဲ့ စင်မြင့်တစ်ခုစီတိုင်းမှာ အမှတ်စဉ်နံပါတ်က တစ်ရာပဲရှိနေမှာပေါ့..ဒါဆိုရင် လူတစ်သောင်းပဲ ပါဝင်လို့ရမှာပေါ့”
“မင်းမှန်တယ်”
ထိုကျင့်ကြံသူ၏ စကားအားကြားပြီးနောက်မင်းသားကွမ်းကခေါင်းညိမ့်လိုက်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“အဲ့တာကတကယ့်ကိုလူတစ်သောင်းပဲပါရမှာ..ငါကျောက်စိမ်းပြား အခုတစ်သောင်းပဲပြင်ဆင်ထားတာ”
“ငါမဲစနစ်အပေါ်အခြေခံမယ်လို့ပြောခဲ့ပေမဲ့ ..မင်းတို့တစ်ယောက်စီနှိုက်ရမယ်လို့ပြောတာမဟုတ်ဘူး..နာရီဝက်နေပြီးရင် ကျောက်စိမ်းပြားတစ်သောင်းကိုကောင်းကင်ထဲမှ ဖြန့်ကျဲဖို့ လူတွေကိုအမိန့်ပေးထားတယ်..အဲ့တအတွက်မင်းတို့ဟာမင်းတို့တိုက်ခိုက်နိုင်တယ်..ကျောက်စိမ်းပြားလုံးဝမရသူတွေက ဒီပြိုင်ပွဲမှာ ပါဝင်ဖို့အရည်းအချင်းမပြည့်မှီပဲ.. တိုက်ရိုက် ချက်ချင်း ဖယ်ထုတ်ခံရမယ်”
ဆက်ရန်…..
ဘာသာပြန်သူ-ARISE