← Chapters

ရှေးဟောင်းရွေးချယ်ခံ

Vol. 45 Ch. 628

ရှေးဟောင်းရွေးချယ်ခံ

Vol. 45 Ch. 628

ထာဝရ ကြယ်တာရာ နယ်မြေသားများ အဆုံးမဲ့ ကောင်းကင်သို့ ပြောင်းရွှေ့လာခဲ့ကြသည်မှာ စုစုပေါင်း ကိုးလကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုကာလအတွင်း၌ အမျိုးမျိုးသော အပြောင်းအလဲများ ဖြစ်သွားခဲ့ကာ နောင်တစ်ချိန်တွင် ‌လောကတစ်ခုလုံးကို တုန်လှုပ်စေမည့် အဖြစ်အပျက်များ အတွက် အုတ်မြစ်များ ချပေးခဲ့သည်။ ထိုအထဲမှ အထင်ရှားဆုံး တစ်ခုမှာ အလွန် ကြီးမားလှပလှသည့် ကိုးရောင်ခြယ် ဂြိုဟ်ကြီး တစ်ခုထက်တွင် ဖြစ်ပျက်နေခဲ့လေသည်။ ထိုဂြိုဟ်ကြီး၏ အမည်က “မူလဂြိုဟ်” ဟူ၍။

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အုပ်စိုးမှု လက်အောက်တွင် ဒြပ်စင်နယ်မြေမှာ နယ်မြေကြီး ဆယ့်ခြောက်ခု အနက် ရှစ်ခုမြောက် အကြီးဆုံး ဖြစ်ကာ လောကဂိုဏ်းကြီး သုံးဂိုဏ်းထဲတွင်တော့ အသေးဆုံး ဖြစ်သည်။ ဒြပ်စင် နယ်မြေကြီး အတွင်း၌ မရေမတွက်နိုင်သည့် ဂြိုဟ်များ ပါဝင်နေသည့်တိုင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းကတော့ ထို မူလဂြိုဟ် တစ်ခုကိုသာ ပိုင်ဆိုင်ပေသည်။

ပါရမီရှင်များ၏ တိုးတက်မှုနှင့် ကျင့်ကြံခြင်းတို့ကို ထိန်းသိမ်းရန် အတွက် အစောကြီးတည်ကပင် အခြား အာကာပြင် နေရာများ၊ ဂြိုဟ်ရံလများကို ရွှေရောင် အသက်နန်းတော်သို့ ရောင်းချခဲ့ပြီး ဖြစ်သည်။ အချို့ ဂြိုဟ်များ၊ နေရာများကိုလည်း နယ်မြေအတွင်းရှိ ကပ်ပါးအင်အားစုများကို ခွဲပေးခဲ့ရသည်။

ထို့အပြင်... လွန်ခဲ့သည့် နှစ်များ အတွင်း အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အခြေအနေက အဆိုးဘက်သို့ ဦးတည်နေကာ အကြီးမားဆုံး လေ့ကျင့်ရေး ကုန်းမြေ ဖြစ်သည့် နတ်ဆိုးစစ်ပွဲ လောကနယ်မြေ (အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး) ကိုပင် ‌ရောင်းချခဲ့ရသည်။ သူတို့က များစွာသော အကြပ်အတည်းများအား ရင်ဆိုင်နေရတာ ထင်ရှားသည်။

သို့သော်လည်း... ဟန်ရှဲ့နှင့် ညီဝမ်းကွဲ တော်စပ်သည့် ဟန်ယုဟိုင်၏ တည်ရှိမှုကြောင့် သူတို့က အဆုံးမဲ့ ကောင်းကင်တွင် ထိပ်တန်း အင်အားစု တစ်ခု အဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ မည်သည့် ကပ်ပါး အ အင်အားစုက မြေကြီး ရှန့်ထို အဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရမည်နည်း။

အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်း၌ အထက်တန်းပါဝါများမှာ မတုန်မလှုပ် တည်ရှိနေသေးဆဲ ဖြစ်ကာ သူတို့၏ အလွန် မြင့်မားလှသော သက်တမ်းကြောင့် ရုတ်ချည်း ကျဆင်းဖို့ မဖြစ်နိုင်သေးသည့်တိုင် လူငယ်မျိုးဆက်ကတော့ ထာဝရ ဧကရာဇ်၏ ရွေးချယ်ခံ ဧကရာဇ် ယှဥ်ပြိုင်ပွဲတွင် အကြီးအကျယ် စွမ်းဆောင်ရည် ကျဆင်းမှုနှင့် ရင်ဆိုင်နေရပေသည်။

ရင်းမြစ်များ ပြတ်လတ်မှုနှင့် အုတ်မြစ်ခိုင်မာမှု မရှိခြင်းတို့ကြောင့် ကျဆင်းမှုက လက်ရှိမျိုးဆက်တွင် အထင်ရှားဆုံး ဖြစ်သည်။ ဂိုဏ်း၏ ကျင့်စဥ်များ၊ အစီအရင်များမှာ ထိပ်တန်း အဆင့်၌ ဆက်လက် ရှိနေဆဲ ဖြစ်သည့်တိုင် အဆင့်တူ တိုက်ပွဲများ၌ အခရာ အကျဆုံးက ကိုယ်ပိုင် ခွန်အားသာလျှင် ဖြစ်သည်။

သူတို့ထံတွင် ထာဝရ အစည်းအရုံး ကဲ့သို့ အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် နည်းလမ်း မရှိသလို... နတ်ဘုရား ပန်းပဲဖို အစည်းအရုံးလို အစွမ်းထက် လက်နက်များကို ကိုယ်ပိုင် ထုတ်လုပ်နိုင်ခြင်း မရှိပါချေ။ ထို့နည်းတူစွာပင် ရွှေ‌‌ရောင် အသက်နန်းတော်လို ပန်းပဲ၊ ဗိသုကာနှင့် အဂ္ဂိရတ် ဖန်တီးခြင်း ပညာရပ် သုံးခုကို ကျင့်ကြံနိုင်ရန် ရင်းမြစ်များလည်း မရှိချေ။ မည်သို့ပင် ဆိုစေ... ထိုနည်းလမ်းများကို ကျင့်ကြံရာ၌ ကျဆုံးမှုများ အတွက် ကြိုတင် တွက်ဆကာ ရင်းမြစ်များစွာ ပြင်ဆင်ထားဖို့ လိုအပ်သည် မဟုတ်ပါလား။

ဘဏ္ဍာရေး အကြပ်အတည်းများ အပြင် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အတွင်းရေး အခြေအနေများမှာလည်း သပွတ်အူလို ဆက်ဆံရေးများ၊ တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒများနှင့် အတူ ရှုပ်ထွေးလှသည်။ ၎င်းတို့ အားလုံးက အစစ်အမှန်ဒြပ်စင်ဂိုဏ်း၏ အခြေခံ ဖွဲ့စည်းပုံတွင် ပါဝင်သည့် အဖွဲ့ခွဲ သုံးခုကြောင့် အစတည် လာခဲ့ခြင်းပင် ဖြစ်သည်။

လင်းမျိုးနွယ်ကို ထည့်မတွက်ပါက အစစ်အမှန် ဒြပ်စင်ဂိုဏ်းထဲတွင် ဦးဆောင်နေသည့် အဖွဲ့ သုံးဖွဲ့ ရှိသည်။ ပထမဆုံး အဖွဲ့ကတော့ ဒြပ်စင်အဖွဲ့ ဟူ၍ ဖြစ်သည်။ ထိုအဖွဲ့ကို ဒြပ်စင်ကိုးခု ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့နှင့် ဒြပ်စင် စောင့်ရှောက်သူ ဟန်ယုဟိုင်တို့က ဦးစီးသည်။ ဒြပ်စင် အဖွဲ့မှာ အပေါ်ယံအားဖြင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်း အင်အား အကြီးဆုံး အဖွဲ့ဖြစ်ပေသည်။

ဒုတိယ အဖွဲ့ကိုတော့ အပြင်ဘက်မှ အထူးအင်အားစုများက ပိုင်ဆိုင်၏။ သူတို့က အစစ်အမှန်ဒြပ်စင်ဂိုဏ်းကို တိုက်ခိုက်ကာ အင်ပါယာ ကလန်၏ ကျိန်စာကို ဆက်လက် အသက်သွင်းရန် ဆက်လက် ကြိုးပမ်းခဲ့သည့် ကလန်များ၊ အင်အားစုများပင် ဖြစ်သည်။ သူတို့က ပေါင်းစပ် အင်အားစု တစ်ခု ဖြစ်ကာ ဂိုဏ်းအတွင်း အင်အား အကြီးဆုံး ပါဝါ မဟုတ်သည့်တိုင် ရင်းမြစ်များနှင့် ပါရမီရှင်များကြောင့် အနာဂတ် အလားအလာ အကောင်းဆုံး အဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့ကို “အစစ်အမှန်မူလ အဖွဲ့” ဟု ခေါ်၏။

တတိယ အဖွဲ့ကတော့ အားအနည်းဆုံး ဖြစ်ကာ စစ်ရှုံး ကျောက်စိမ်းဒြပ်စင်ဂိုဏ်းမှ လက်ကျန် အင်အားစုများ ပေါင်းစပ် တည်ထောင်ထားခြင်း ဖြစ်သည်။ သူတို့က အဖွဲ့သုံးခုတွင် သက်တမ်း အရင့်ဆုံး ဖြစ်‌လေရာ တစ်နည်းအားဖြင့် အစစ်အမှန်ဒြပ်စင်ဂိုဏ်း၏ အစစ်အမှန် အုပ်စိုးသူများ ဟု ယူဆ၍ ရပေသည်။ သူတို့ကို ပြိုကွဲဒြပ်စင် အဖွဲ့ဟု ခေါ်၏။

ပြိုကွဲဒြပ်စင် အဖွဲ့၏ ရည်ရွယ်ချက်က ကျောက်စိမ်းဒြပ်စင်ဂိုဏ်း၏ မူလအရှိန်အဝါနှင့် အုပ်စိုးမှုတို့ကို ပြန်လည် ယူဆောင်ရန် ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ရန်အတွက် အရေး အကြီးဆုံးက လင်းမျိုးနွယ်ကို အုပ်စိုးသူ လူတန်းစားမှ ဖြုတ်ချရန် ဖြစ်သည်။ သူတို့၏ လင်းမျိုးနွယ် အပေါ် မုန်းတီးမှုများက ကြီးမားလှကာ အကယ်၍ သူတို့၏ မိုက်မဲမှုကြောင့်သာ မဟုတ်ပါက ကျောက်စိမ်းဒြပ်စင်ဂိုဏ်း အနေနှင့် ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ.

အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်း၌ ထိုအင်အားစု သုံးခုနှင့် ယှဥ်လျှင် လင်းမျိုးနွယ်၏ အင်အားက အလွန် နည်းပါးလွန်းလှသည်။ အကယ်၍ ပိုင်မျိုးနွယ်နှင့် ဟန်ယုဟိုင် အကြားမှ ရင်းနှီးသည့် ဆက်ဆံရေး၊ လင်းမျိုးနှင့် ပိုင်မျိုးနွယ်တို့ကြားမှ ဆက်ဆံရေးတို့ကြောင့်သာ မဟုတ်ပါက သူတို့မှာ ဘာသြဇာအာဏာမှ မရှိပဲ သည်အတိုင်း အမည်ခံ အင်အားစု သက်သက်သာ ဖြစ်နေလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့ ရှုပ်ထွေး ပွေလီနေသည့် ဆက်ဆံရေးများနှင့် အတွင်း ပိုင်း ပြိုကွဲမှုများကြောင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ အဖက်ဖက်မှ ကျဆုံးခြင်းကို ဦးတည်နေသည့် အင်အားစု တစ်ခုသာ ဖြစ်ပေသည်။

အစစ်အမှန်ဒြပ်စင်ဂိုဏ်း၏ တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည့် မူလဂြိုဟ်ထက်၌... အဖြူရောင်နှင့်‌ ရွှေရောင် အဆင်းရှိသော နန်းတော် တစ်ခုမှာ လေထုထဲတွင် မျောပါနေသည်။ ၎င်းမှာ ကောင်းကင်အလွှာ၏ အောက်၌ တိုက်ရိုက်ပင် အထီးကျန်စွာ လွင့်မျော တည်ရှိနေသည်။ ထိုနန်းတော်ကို အစစ်အမှန်ဒြပ်စင် နန်းတော်ဟု ခေါ်ကာ လင်းမျိုးနွယ်ဝင်များ နေထိုင်သည့် အဓိက နန်းတော်လည်း ဖြစ်ပေသည်။

လွန်ခဲ့သည့် လအနည်းငယ်ခန့်က နတ်ဆိုးစစ်ပွဲ လောကနယ်မြေ၏ ဒြပ်စင်ရွေးချယ်ပွဲတွင် ရွေးချယ်ခံ တစ်ဦး ပေါ်ထွက် လာခဲ့ကြောင်း သတင် တစ်ခု ပျံ့နှံ့လာခဲ့၏။ ထိုသတင်းက မူလဂြိုဟ် တစ်ခုလုံးကို တုန်လှုပ် ချောက်ချား သွားစေခဲ့သည်။

ဒြပ်စင်နယ်မြေ အတွင်းရှိ ကပ်ပါး အင်အားစုများမှာ ထာဝရ ဧကရာဇ်၏ ပံ့ပိုးမှုနှင့် အတူ ဒြပ်စင်ကိုးပါး ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ တည်ဆောက်ထားသည့် ထိုစမ်းသပ်မှုကို အလွန် ဂရုစိုက်ကြသည်။ ဒြပ်စင် ရတနာသိုက်ထဲတွင် ပါဝင်နေသော ရင်းမြစ်များမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က လျှို့ဝှက် အာဏာရှင် တစ်ဦးထံမှ ပေါက်ကြားလာခဲ့ပြီး တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။ သို့သော်လည်း... ရွှေရောင် အသက်နန်းတော်က ထိုနေရာကို ဝယ်ယူခဲ့ပြီး ဖြစ်လေရာ သူတို့ထံတွင် နောက်ထပ် ပါရမီရှင်များ တင်ပို့ရန် အခွင့်အရေး မရှိတော့ချေ။

အစစ်အမှန်ဒြပ်စင်ဂိုဏ်း ခေါင်းဆောင်များမှာ မိစ္ဆာစစ်ပွဲ လေ့ကျင့်‌ရေးကွင်းကို ရောင်းချခဲ့ခြင်း အတွက် နောင်တ ရခဲ့ကြသည်။ ထိုအရာကို ထာဝရ ဧကရာဇ်၏ ပံ့ပိုးမှုနှင့် ဒြပ်စင်ကိုးပါး ဆန်းကြယ် ဧကရာဇ်က တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သူတို့ သိကြသည့်တိုင် ဆုလာဒ် အတိအကျကိုတော့ မရိပ်မိခဲ့ကြချေ။ လေ့ကျင့်ရေးကွင်း တစ်ခု အနေဖြင့်သာ သူတို့ သိထားကြခြင်း ဖြစ်သည်။ ထို့အပြင်... စမ်းသပ်ပွဲမှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ကာ မျှော်လင့်ချက် ကင်းမဲ့နေသည့် လင်းမျိုးနွယ်မှ လွဲ၍ အားလုံးမှာ မေ့လုလု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ရွေးချယ်ခံ ပေါ်ထွက်လာပြီ ဆိုသော သတင်း စကားက များစွာသော မေးခွန်းများကို ယူဆောင်လာခဲ့ကာ အထင်ရှားဆုံး တစ်ခုက “ထိုရွေးချယ်မှာ တရားဝင်၏လော” ဆိုသည့် မေးခွန်းပင်။

စမ်းသပ်ပွဲ စတင်ခဲ့သည့် လွန်ခဲ့သော နှစ်ထောင်ချီကနှင့် စာလျှင် ရွေးချယ်ခံ စံနှုန်များမှာ ယနေ့ခေတ်၌ ပိုမို များပြားလာခဲ့သည်။ ထို့ကြောင့်ပင် အများစုက စမ်းသပ်ပွဲမှ ထွက်ပေါ်လာသည့် ရွေးချယ်ခံ အပေါ် သံသယ ရှိကြသည်။ သူက ဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာရန် ထိုက်တန်ပါ၏လော။ အခြား ရွေးချယ်ခံများနှင့် နှိုင်းယှဥ်နိုင်ပါမည်လော။

အခြားအင်အားစုကြီးများ ကဲ့သို့ပင် အစစ်အမှန်ဒြပ်စင်ဂိုဏ်းမှာ ခေတ်တစ်ခေတ်စီတိုင်း ရွေးချယ်ခံ သုံးယောက်ကို ရွေးချယ်လေ့ ရှိသည်။ ဂိုဏ်းကြီးများထဲတွင် ထိုအလေ့အထမှာ ထာဝရ ဧကရာဇ်၏ ဧကရာဇ် ရွေးချယ်ပွဲ ဝင်ခွင့်ကို အခြေခံကာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မြေကြီး ရှန့်ထို တစ်ယောက်ကို ပိုင်ဆိုင်ထားသည့် အင်အားစုတိုင်းကို ဧကရာဇ် ရွေးချယ်ပွဲ အတွက် နေရာသုံးခု ရရှိကြကာ လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူများ ဦးဆောင်သည့် ရွှေအဆင့် ကဲ့သို့သော ဝင်ခွင့် နှစ်နေရာကိုသာ ရရှိကြသည်။ ကြယ်တာရာ သခင်များ ဦးဆောင်သည့် ငွေအဆင့် အင်အားစုများကတော့ ဝင်ခွင့် တစ်နေရာကိုသာ ရရှိသည်။

ထိုထက် အဆင့်နိမ့်သည့် အင်အားစုများကတော့ ဝင်ခွင့် တစ်နေရာမှ လက်ခံ ရရှိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ကံအားလျော်စွာပင်... ထာဝရ ဧကရာဇ်က ရွေးချယ်ခံများကို ထိုအင်အားစုများမှ ပုဂ္ဂိုလ်များသာ ဖြစ်ရမည်ဟု ကန့်သတ် မထားချေ။

ကြယ်တာရာသခင်နှင့် အထက် တစ်ကိုယ်တော် ကျင့်ကြံသူများမှာ သူတို့ ကိုယ်ပိုင် တပည့်များကို ပြုစု ပျိုးထောင်ကာ ထာဝရ အစည်းအရုံး၏ စဦးစမ်းသပ်မှုများကို ဝင်ရောက် ကျော်ဖြတ်နိုင်သည်။ သို့သော်လည်း... ထိုစမ်းသပ်မှုများမှာ တပည့်ကို စစ်ဆေးခြင်း မဟုတ်ပဲ ဆရာကို စစ်ဆေးခြင်းသာ ဖြစ်သည်။ သူတိ့က ကြွယ်ဝမှု၊ အခြေခံ၊ ခွန်အားတို့ကို အဓိက တိုင်းတာသည်။

အကယ်၍ သူတို့ထံတွင် ရွေးချယ်ခံ အဆင့် တပည့် တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်သည့် အရည်အချင်း ရှိလျှင် စမ်းသပ်ပွဲကို ဝင်ရောက်ခွင့် ပြုလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... တစ်ကိုယ်တော် ကျင့်ကြံသူများမှာလည်း သူတို့ တပည့်များ အတွက် ဝင်ခွင့် နေရာတစ်ခုသာ ရရှိလိမ့်မည် ဖြစ်သည်။ အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်ပင် ၎င်းက ချွင်းချက် မရှိချေ။

ထို့ကြောင့်ပင် ရွေးချယ်ခံ တစ်နေရာချင်းစီတိုင်းမှာ အလွန် အဖိုးတန်လှကာ လင်းမင်ကို ရွေးချယ်ခံ ဖြစ်ရန် ထိုက်တန်၊ မထိုက်တန် ဆိုသော ငြင်းခုန်မှုများက အဆက်မပြတ် ဖြစ်ပေါ် နေခဲ့သည်။

အချို့ကလည်း ထာဝရ ဧကရာဇ်ကိုယ်တိုင် ဆုချီးမြှင့်ခြင်းတွင် ပါဝင်ခဲ့သည့် အတွက် သူ၏ ဂုဏ်ပုဒ်က ထိုက်တန်သည်ဟု ဆိုသည်။ နှစ်ပေါင်း တစ်ထောင်ကျော် ပျောက်ကွယ်နေသည့် ဒြပ်စင်ကိုးပါး ဆန်းကြယ် ဧကရာဇ်ဆိုသူကို မည်သူမှ ဂရုမစိုက်ကြချေ။ အစစ်အမှန်ဒြပ်စင်ဂိုဏ်းထဲတွင်ပင် သူ သေသွားပြီဟု ယုံကြည်နေသူ အမြောက်အများ ရှိသည်။ ကောလဟလများ အရဆိုလျှင် ရွှေရောင်ဂိတ် နန်းတော်ပင်လျှင် သူ ဘယ်နေရာ၌ ရှိနေသည်ကို မထောက်လှမ်းနိုင်ဟု ဆိုကြသည်။

အခြားတစ်ဖက်ရှိ အချို့ကလည်း လင်းမင်၏ ရွေးချယ်ခံ အဆင့်အတန်းကို လက်ခံရန် ငြင်းဆန်ကြသည်။ အထူးသဖြင့်... ရင်းမြစ်နှင့် ဝင်ခွင့်နေရာ အကန့်အသတ်ရှိသော အခြေအနေတွင် ရွေးချယ်ခံ အဆင့်အတန်းကို ရှေးဟောင်း စံချိန်စံနှုန်းများနှင့် ဆုံးဖြတ်တာ မမှန်ဟု သူတို့က ယူဆကြသည်။

ဧကရာဇ် ရွေးချယ်ခံ ပြိုင်ပွဲမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွက် အလွန် အရေးပါသည်။ နှစ်ပေါင်းထောင်ချီတိုင်အောင် တည်ရှိနေသည့် ပြဿနာကို ဖြေရှင်းရန် အတွက် ထိုပြိုင်ပွဲတွင် မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်သည်။ သူတို့ထံတွင် မသေချာပဲ အလောင်းအစား လုပ်လိုသည့် ဆန္ဒ မရှိချေ။

တစ်ချိန်တည်း၌... လင်းမင် ရရှိလာသည့် ဒြပ်စင် ရတနာသိုက်ထဲရှိ ဆုလာဒ်များကို အခြား ရွေးချယ်ခံများ လက်အောက်ငယ်သားများကို ခွဲဝေ ပေးသင့်သည်ဟု ပြောဆိုနေကြသည့် တတိယမြောက် အဖွဲ့လည်း ရှိသေးဆဲ ဖြစ်သည်။

မည်သို့ပင် ဆိုစေ... ရွေးချယ်ခံ တစ်ယောက်ကို ကိုယ်ပိုင် ခွန်အား တစ်ခုတည်းဖြင့် မဆုံးဖြတ်ချေ။ ဧကရာဇ် ရွေးချယ်ခံ ပြိုင်ပွဲတွင် အနိုင်ရရှိရန် အတွက် နောက်ခံ အင်အားကလည်း အလွန် အရေးပါသည်။ သူတို့က လင်းမင်ကို ဂရုမစိုက်ပဲ သူ့ကိုင်ဆောင်ထားသည့် ရင်းမြစ်များနှင့် အဂ္ဂိရတ် ထုတ်ကုန်များကိုသာ ဂရုစိုက်သည့် အဖွဲ့ ဖြစ်သည်။

ပေါက်ကြားလာသည့် စာရင်းအရ... ဒြပ်စင်ရတနာသိုက်ထဲမှ ပစ္စည်းများမှာ အလွန်ပင် တပ်မက်ဖွယ် ကောင်းလွန်းလှသည်။ ထိုအထဲတွင် ဒါဇင်နှင့်ချီသည့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များပင် ပါဝင်နေသည်။ အချို့မှာ လင်းမင်ထံမှ လက်စွပ်ကို ခိုးယူရန်ပင် ကြံစည်ခဲ့ကြသော်လည်း.. အများစုကတော့ ထိုကဲ့သို့ ပြုလုပ်ရန် ဆန္ဒ မရှိပါချေ။ မည်သို့ပင် ဆိုစေ... ဒြပ်စင် စောင့်ရှောက်သူ ကိုယ်တိုင်၏ ထောက်ခံမှုကို ရရှိထားသည့် လင်းရှန်းရှဲ့မှာ သူတို့ ရင်ဆိုင်လိုသည့် ပုဂ္ဂိုလ် မဟုတ်ချေ။

ဒြပ်စင်စမ်းသပ်ပွဲကို ကြီးကြပ်ရန် အတွက် လင်းရှန်းရှဲ့ သွားရောက်ခဲ့ချိန်တွင် ပြိုကွဲဒြပ်စင် အဖွဲ့မှာ သူမကို အငှားဓားဖြင့် သတ်ဖြတ်ရန် ကြိုးစားခဲ့သေးသော်လည်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင်တော့ သူတို့ မလုပ်ဝံ့ပါချေ။

သို့သော်လည်း... လင်းမင် ဒြပ်စင်ရတနာသိုက်ကို မရခဲ့ကြောင်း သတင်း ပျံ့နှံ့လာခဲ့သော အချိန်၌ ထိုတတိယမြောက် အဖွဲ့၏ မျှော်လင့်ချက် အားလုံးက ပြိုကျသွားခဲ့ကြသည်။ အချို့က လင်းမင်ကို ရွေးချယ်ခံ အနေဖြင့် သဘောမတူကြောင်း ကျယ်ကျယ်လောင်လောင် အော်ဟစ် နေကြချိန်တွင် အချို့ကလည်း လင်းမင်မှာ ဒြပ်စင် ရတနာသိုက်ကို သက်သက်ဝှက်ထားသည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။

နောက်ဆုံး၌ ဟန်ယုဟိုင်ကိုယ်တိုင် ပြဿနာထဲ ဝင်‌ရောက်လာခဲ့ကာ လင်းမင်ထံတွင် ဒြပ်စင် ရတနာသိုက် မရှိကြောင်းနှင့် ခိုးကြောင်ခိုးဝှက် လုယူဖို့ ကြိုးစားနေသူများကို အရေးယူမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အခြားတစ်ဖက်၌ ဂိုဏ်းအခွင်း ဝိဝါဒ ကွဲပြားမှုကို ထိန်းချုပ်ရန် အတွက် လင်းမင်ကို ရွေးချယ်ခံ နေရာသုံးခု အတွက် အခြား ပါရမီရှင်များနှင့် ပြိုင်ဆိုင်ရန် ညှိနှိုင်းခဲ့သည်။ လင်းမင်ကလည်း သဘောတူညီခဲ့သည်။

သို့သော်လည်း မေးခွန်းတစ်ခု ကျန်ရှိနေသေးဆဲ ဖြစ်ကာ လင်းမင်က မည်သည့် အဖွဲ့ကို ဝင်ရောက်မည် ဖြစ်ကြောင်းပင်။ ထိုအရာက အဘယ်ကြောင့် မေးခွန်း ဖြစ်ရသနည်း ဆိုသော် ဂိုဏ်းထဲရှိ အဖွဲ့ သုံးဖွဲ့ အနက် တစ်ဖွဲ့လျှင် ရွေးချယ်ခံ တစ်ယောက်ကျစီသာ ကိုယ်စားပြုရန် အခွင့်အရေး ရှိသောကြောင့် ဖြစ်သည်။ ဧကရာဇ် ရွေးချယ်ခံ ပြိုင်ပွဲ ကျင်းပရန် ဆယ်စုနှစ် ခန့်မျှသာ လိုတော့သည့်တိုင် ရွေးချယ်ခံ နေရာအတွက် ယခုအထိ အတည်တကျ ဖြစ်ခြင်း မရှိသေးချေ။ လင်းမင်မှာ အဖွဲ့သုံးခု အနက် တစ်ခုကို ရွေးချယ်မည် ဆိုပါက ထိုနေရာကို ရရှိရန် မူလ ရှိပြီးသား ရွေးချယ်ခံကို စိန်ခေါ်ရလိမ့်မည် ဖြစ်သည်။

အစစ်အမှန် ဒြပ်စင်နန်းတော် အတွင်းရှိ အခန်းတစ်ခု၏ အပြင်ဘက်၌... လှပသော ပုံရိပ်တစ်ခုမှာ တံခါးဘေးတွင် ရပ်နေခဲ့သည်။ ထိုအခန်းအတွင်းတွင်တော့ မူလဂြိုဟ် တစ်ခုလုံး၏ အာရုံစိုက်စရာ ဖြစ်သေနေသည့် ရှေးဟောင်း ရွေးချယ်ခံ လင်းမင် ရှိနေခဲ့ပေသည်။

“အချိန်ကျပြီ...”

***

All Chapters