← Chapters

ရှေးဟောင်း ရွေးချယ်ခံ

Vol. 45 Ch. 629

ရှေးဟောင်း ရွေးချယ်ခံ

Vol. 45 Ch. 629

"အချိန်ကျပြီ…"

လင်းရှန်းရှဲ့၏ အသံက လေးလံ ထိုင်းမှိုင်းခြင်းများနှင့် ပြည့်နှက်နေကာ သူမ၏ စိတ်အခြေအနေကို ထင်ဟပ်နေသည်။ ထိုနေ့မှာ လင်းမျိုးနွယ်နှင့် လင်းမင်တို့၏ အနာဂတ်ကို အဓိပ္ပာယ်ဖွင့်လိမ့်မည် ဖြစ်သည်။ အစစ်အမှန်ဒြပ်စင်ဂိုဏ်းမှာ ရုန်းကန် နေရသည့်တိုင် အထင်သေး၍ ရသည့် အင်အားစု တစ်ခု မဟုတ်ချေ။ ၎င်း၏ ပံ့ပိုးမှုမှ လင်းမင် ရရှိနိုင်သည့် အရာများစွာ ရှိနေသေးဆဲ ဖြစ်သည်။

လင်းမင်အတွက် ရွေးချယ်စရာ များများစားစား မရှိချေ။

အကယ်၍ ယနေ့တွင်သာ သူ သက်သေပြရန် ကျဆုံးခဲ့ပါက သူ၏ အသက်နှင့် အလားအလာတို့က ထာဝရ ကန့်သတ်ခံ သွားရလိမ့်မည် ဖြစ်သည်။ ဆန်းကြယ် ဧကရာဇ်၏ တပည့် ဖြစ်လာရန် အခြေခံ လိုအပ်ချက်ကို ပြည့်မှီတော့လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း လင်းရှန်းရှဲ့ လင်းမင်ကို ယုံကြည်ပေသည်။ ယုံကြည်ရမည်လည်း ဖြစ်သည်။ သူ့နံဘေး ရပ်တည်ရုံမှ တစ်ပါး သူမထံတွင် အခြား ရွေးချယ်စရာ မရှိပါချေ။

ရွှေရောင်ဂိတ် နန်းတော် မဟာ ပုရောဟိတ်၏ စကားများကို ပြန်လည် ကြားယောင်ရင်း လင်းရှန်းရှဲ့၏ နှလုံးသားက ထိုင်းမှိုင်း နေ၏။ လင်းမင် သူမ အပေါ် ထားရှိသော ခံစားချက်များကို လင်းရှန်းရှဲ့ သိသကဲ့သို့ သူမတွင်လည်း လင်းမင် အပေါ် မရေရာသည့် ခံစားချက် တစ်ချို့ ရှိသည့်တိုင် ထိုစကားလုံးများက သူမ၏ စိတ်အတွင်း ပဲ့တင်ထပ် နေဆဲ ဖြစ်ပေသည်။

“ဒီမယ် ကလေးမ... နင်ရှာနေတဲ့ လူက သူ မဟုတ်ဘူး... ကျန်တဲ့ တစ်ယောက်ပဲ... သူနဲ့ အတူရှိရင် နင့် ဘဝ တစ်လျှောက်လုံး အကောင်းဆုံး အရာတွေကို ရလိမ့်မယ်... တစ်လောကလုံးကို အောင်မြင်နိုင်လိမ့်မယ်... မြဲမြဲမှတ်ထား... ဒီကပ်ပါးကောင်က နင့်ရဲ့ သွေးကို စုပ်ပြီး အမြင့်ကို တက်လှမ်းရုံက လွဲလို့ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး”

လင်းရှန်းရှဲ့ လက်သီးကို တင်းတင်းဆုပ် လိုက်မိ၏။

မဟာပုရောဟိတ်၏ စကားထဲတွင် မလိုလား အပ်သော ရည်ရွယ်ချက်များ ပါဝင်နေကြောင်း သူမ သိသည့်တိုင် နှလုံးသားကို ဓားနှင့် ထိုးသလို ခံစားချက် တစ်မျိုးကို ခံစား နေရဆဲ ဖြစ်သည်။

အကယ်၍ သူမ ပြောသည့် စကားက အမှတ်ရား ဖြစ်နေလျှင်ရော…။ထို့အပြင်… ဝေ့ဝူယင်၏ တည်ရှိမှုကို သူမ မထင်မသေးဝံ့ချေ။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ… အနန္တ ကုန်းမြေတိုက်ကြီးမှ ထွက်ခွာမည့် နေ့တွင် ငွေရောင် မျက်လုံးတစ်စုံက လေ့လာနေကြောင်း သူမ ခံစားခဲ့မိသည်။ ထိုစဉ်အချိန်အခါက သူမမှာ ဒဏ်ရာ ပြင်းထန်စွာ ရထားကာ ပြန်လည် ကုစားဆဲ အခြေအနေ၌ ရှိနေချိန် ဖြစ်သည်။ ထို့ကြောင့်ပင်… သူမ၏ အကာအကွယ် အစီအရင်က အပြည့်အဝ အလုပ် မဖြစ်ခဲ့ချေ။ ထိုနေ့ကတည်းက သူမ ဖော်ထုတ်ခံရသလိုပင် ခံစားခဲ့ရကာ ထိုငွေရောင် မျက်လုံးများ ပိုင်ရှင်ကို သတိထားမိခဲ့ခြင်း ဖြစ်သည်။

ထိုနေ့ကတည်းက သူမ ဝေ့ဝူယင်ကို စောင့်ကြည့်နေခဲ့ကာ အဂ္ဂိရတ် ပညာရှင် တစ်ဦး၊ ခေါင်းဆောင် တစ်ဦး အနေဖြင့် သူ၏ အောင်မြင်မှု အားလုံးကို မြင်တွေ့ခဲ့ရသည်။ နှစ်အနည်းငယ် အတွင်းမှာပင် သူက ဂိုဏ်းအတွင်း၌ သြဇာ အလွှမ်းမိုးဆုံး ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာခဲ့ကာ လူငယ်မျိုးဆက်တွင် အမြင့်မားဆုံးသော လေးစားမှု၊ စံပြုမှုတို့ကို ရရှိခဲ့သည်။

ထိုအချိန်ကာလများ၌ ဝေ့ဝူယင်မှာ တိုက်ခိုက်ရေး စွမ်းအားကို ထုတ်ဖော်မပြခဲ့သည့်တိုင် အလွန် ထူးချွန်သော ကျင့်ကြံခြင်း ပါရမီများကိုတော့ လူတိုင်း မြင်သာခဲ့သည်။ သူက မူလဒြပ်စင် ရည်ရွယ်ချက်ကို အောင်မြင်ကာ အဂ္ဂိရတ်လမ်းစဥ် လျှောက်လှမ်းသူ တစ်ဦး အနေဖြင့် နက်ရှိုင်းသော အောင်မြင်မှုများကို ပြသခဲ့သည်။ ထို့နောက်... အသက် ငါးဆယ် မပြည့်ခင်မှာပင် ဝိညာဥ်ဆင်းတု အဆင့်ကို ချိုးဖျက်ခဲ့သည်။

ဝေ့ဝူယင်က အဆုံးမဲ့ ကောင်းကင်တွင်ပင် ခေတ်တစ်ခေတ်ကို ဖွင့်လှစ်နိုင်သည့် လူငယ် တစ်ယောက် ဖြစ်ကြောင် သံသယ ရှိစရာ မလိုချေ။

ထို့အပြင်... သူက လင်းမင်း ကဲ့သို့ တစ်ယောက်တည်း ကွက်ကာ ထူးချွန်နေသူ မဟုတ်ချေ။ သူ့တွင် မရေမတွက်နိုင်သည့် နောက်လိုက်‌နောက်ပါများ၊ အခြွေအရံများ ရှိပေသေးသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းကလည်း အလွန် ထူးချွန်လှကာ အထူးသဖြင့် အဖွဲ့အတွင်းရှိ မိန်းကလေးများ ဖြစ်သည်။ သူတို့က အသက်ရှူ မှား‌လောက်အောင် လှပသူများ ဖြစ်ကြသည့် အပြင် နှစ်အနည်းငယ် အတွင်းမှာပင် ကျင့်ကြံခြင်း အဆင့်များစွာကို ခုန်ပျံ ကျော်လွှားနိုင်ခဲ့ကြသည်။

အစစ အရာရာ နိမ့်ကျနေသည့် ကြယ်တာရာ နယ်မြေ တစ်ခု အတွက်တော့ ၎င်းက မယုံကြည်နိုင်စရာပင် ဖြစ်သည်။

အကယ်၍ ထန်ဂူ၏ ရောက်ရှိလာမှုကြောင့်သာ မဟုတ်ပါက ထိုကြယ်တာရာ နယ်မြေမှာ နှစ်အနည်းငယ် အတွင်း အနန္တ ဧကရာဇ်ဂိုဏ်းနှင့် အာဏာရှင် အဖွဲ့၏ လက်‌အောက်သို့ ကျရောက် နေလောက်ပြီ ဖြစ်သည်။

ထို့ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသည့် အရာ တစ်ခုက ဝေ့ဝူယင်မှာ ဒဏ္ဍာရီလာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို နားလည်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... သူက ဒြပ်စင်ရတနာသိုက်ကိုပါ သိမ်းပိုက်ကာ ရင်းမြစ် အားလုံးကို လုယူနိုင်ခဲ့သည်။

လင်းမင်နှင့် ပိုင်ယုရှီတို့က ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ထိခိုက်စေသည့် နည်းလမ်းတစ်ခုအား သုံးခဲ့ကြောင်း အခိုင်အမာ ပြောကြသည့်တိုင် သူမကတော့ သံသယ ရှိနေဆဲ ဖြစ်သည်။

ခရက်...

လင်းရှန်းရှဲ့ အတွေးများ အတွင်း နစ်မြုပ်နေစဥ်မှာပင် အရှေ့ရှိ တံခါးမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့၏။ ထို့နောက်... ချောမောသည့် ရုပ်ရည်၊ မီးခိုးရောင် မျက်လုံးများနှင့် လူငယ်လေး တစ်ယောက် ထွက်ပေါ်လာသည်။ သူကတော့ လင်းမင်ပင် ဖြစ်လေသည်။

“စီနီယာ အမ...”

လင်းမင်က ယုံကြည်ချက် ရှိသည့် အပြုံးဖြင့် နှုတ်ဆက်လိုက်၏။ လူငယ်‌လေး၏ ခန္ဓာကိုယ်ကို ဝိညာဥ်အာရုံဖြင့် လေ့လာရင်း လင်းရှန်းရှဲ့၏ မျက်လုံးများ တောက်ပသွားသည်။ သူ၏ ခန္ဓာကိုယ် အရှိန်အဝါက လောကသခင် တစ်ပါးနှင့်ပင် နှိုင်းယှဥ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ထိုအချက်က နယ်မြေမျိုးစေ့နှင့် လောကနယ်မြေတို့ကို ကောင်းစွာ ထိန်းချုပ်နိင်နေပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။

လင်းရှန်းရှဲ့မှာ လင်းမင် အပေါ် ယုံကြည်ချက်များ ပြန်လည် ရရှိလာကာ မဟာ ပုရောဟိတ်နှင့် ဝေ့ဝူယင် အကြောင်း အတွေးများက လျှင်မြန်စွာပင် ပျောက်ကွယ်သွား၏။ အကယ်၍ ဝေ့ဝူယင်က သာမန်ထက် ပို၍ ထူးချွန်နေတော့ရော ဘာအရေးနည်း။ သူမ အရှေ့တွင် ရပ်နေသည့် ဤလူငယ်လေးကို ယုံကြည်ပေသည်။ သူက ကြယ်တာရာ အမြုတေ အဆင့်ခုနစ် လောကသခင် အဆင့်ကို မရောက်ခင်မှာပင် နယ်မြေမျိုးစေ့ကို ထုဆစ်နိုင်ခဲ့သည်။ လက်ရှိ သူ၏ ကျင့်ကြံခြင်း အခြေအနေက ရွယ်တူ ပြိုင်ဘက်များထဲတွင် ပြိုင်ဘက်ကင်း နေပြီဟုပင် ဆိုနိုင်သည်။ ထိုအရာကို ထုတ်ဖော်ပြသလိုက်သည်နှင့် တစ်လောကလုံးမှာ သူ၏ အလားအလာကို လက်ခံ လာကြလိမ့်မည် ဖြစ်သည်။

လင်းရှန်းရှဲ့က သူမ၏ အတွေးများကို မျက်နှာထက်တွင် မထွက်ပေါ်စေပဲ သတိပေးလိုက်၏။

“ဒါက နင့်အတွက် အခိုက်အတန့်ပဲ... သတိလက်လွတ် မပြုမူ မိစေနဲ့”

လင်းမင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူ၏ မျက်လုံးများက ယုံကြည်ချက်များဖြင့် ဆက်လက် တောက်ပနေဆဲ ဖြစ်သည့်တိုင် အနည်းငယ် ပို၍ လေးနက်သွားသည်။

“ကျွန်တော် နားလည်ပါတယ်... သတိလက်လွတ် မလုပ်ပါဘူး”

ဤအခိုက်အတန့်က မည်မျှ အရေးကြီး‌ကြောင်း သူ နားလည်ကာ ကြီးကျယ် ခမ်းနာသည့် လောကကြီးကို သက်သေပြရမည့် အချိန်အခါလည်း ဖြစ်သည်။

ကျေနပ်စွာ ခေါင်းတစ်ချက် ညိတ်လိုက်ရင်း လင်းရှန်းရှဲ့က ခန်းမကို ဖြတ်လျှောက်ကာ ထွက်ပေါက်ဆီသို့ ဦးတည်လိုက်၏။ လင်းမင်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း အတိတ်မှ မှတ်ဉာဏ်များကို ပြန်လည် အောက်မေ့လိုက်၏။

ငယ်ရွယ်စဥ် အခါက သူက ဆင်းရဲကာ ပြင်းထန်စွာ ရုန်းကန်ခဲ့ရသည်။ လူမိုက်ဂိုဏ်း အဖွဲ့လေးများမှ နေ၍ ဒေသခံ အာဏာပိုင်များ အထိ အလွှာပေါင်းစုံနှင့် သူ တိုက်ခိုက်ခဲ့ရသည်။ အကြိမ်တိုင်း၌ သူ၏ ဆာလောင်မှုက ပိုမို တိုးလာခဲ့သည်။ ကျင့်ကြံခြင်းက ခက်ခဲလှသည်။ သို့သော်လည်း... ထိုအရာက သူ့ကို လွတ်မြောက်စေမည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

နောက်ခံ အသိုင်းအဝိုင်းက ဆင်းရဲလှရာ သူ မည်သည့် ရင်းမြစ်၊ နည်းလမ်း၊ ကျင့်စဥ်၊ ကူညီမှုကိုမှ မရခဲ့ချေ။ ထို့ကြောင့်ပင် ကျင့်ကြံခြင်း လမ်းစဥ်ကို ပြင်ပအားကိုးဖြင့် လျှောက်လှမ်းနေသူများကို သူမုန်းတီးခဲ့သည်။ ထို့နောက် တစ်နေ့တွင် အရာ အားလုံးက ပြောင်းလဲသွားခဲ့ပေသည်။

သူနှင့် အလွန် ရင်းနှီးသည့် နူးညံ့ သိမ်မွေ့သော နှလုံးသားပိုင်ရှင် မိန်းကလေး တစ်ယောက်မှာ ဒေသခံ သခင်လေး တစ်ယောက်၏ အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရသည်။ သူက မိသားစု၊ သြဇာအာဏာနှင့် ခွန်အားတို့ကို အသုံးပြုကာ သူမကို အခွင့်အရေး ယူခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်း သိရှိခဲ့ရချိန်၌ လင်းမင်မှာ ဘယ်လိုနည်းနှင့်မှ စိတ်မထိန်းနိုင်တော့ချေ။ ရန်သူက မည်သူ မည်ဝါ ဖြစ်သည်ကိုပင် မစဥ်းစားတော့ပဲ လင်းမင် တိုက်ခိုက်ရန် စိန်ခေါ်ခဲ့တော့သည်။ သူ ထိုလူယုတ်မာကို အသက်နှင့် ရင်း၍ သတ်ဖြတ်ရန် ကြိုးစားခဲ့ကာ သွားများကို သုံး၍ နားရွက်တစ်ဖက်ကိုပါ ဖြတ်တောက် ပစ်နိုင်ခဲ့သည်။

ပါးစပ်တစ်ခုလုံး သွေးများ ပေကျံကာ ရူးသွပ်နေသည့် သူ့ကို ကြည့်ရင်း အားလုံး ဆွံ့အနေကြချိန်မှာပင် ထိုအခွင့်အရေးကို ယူကာ လင်းမင် သခင်လေး၏ လည်ပင်ကို နင်းချေ၍ တိုက်ရိုက် သတ်ပစ်ခဲ့သည်။ ထို့နောက်... သူ ထွက်ပြေးခဲ့ကာ သခင်လေး၏ နောက်ခံ အင်အားစုများထံမှ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။

ထိုအခိုက်တွင်ပင်... မရင်းနှီးသော အသံတစ်ခုက သူ့စိတ်အတွင်း ပေါ်လာခဲ့ကာ ရွှေရောင်နို့နှစ်မြို့တော်၏ အနန္တ စစ်တာအို နန်းတော်ထဲ အထိ လွတ်မြောက်အောင် လမ်းညွှန်ပေးခဲ့သည်။ ထိုအသံပိုင်ရှင်ကတော့ စီနီယာ အမလင်းပင် ဖြစ်လေသည်။

ထိုနေ့မှစ၍ လင်းမင်၏ ကျင့်ကြံခြင်း ခရီးလမ်းမှာ စတင်ခဲ့သည်။ သူ ရည်ရွယ်ချက် တစ်ခု ရှာတွေ့ခဲ့ကာ စီနီယာ အမလင်း၏ အကူအညီနှင့် အတူ ကျင့်ကြံခြင်း အဆင့်များကို ချိုးဖျက်နိုင်ခဲ့သည်။ လင်းမင် အတွက်တော့ စီနီယာ အမလင်းက သူ့ အသက်သခင် ကျေးဇူးရှင် ဖြစ်သည်။

အကယ်၍ ကျဆုံးရမည် ဆိုလျှင်ပင် ထိုကျေးဇူးကို သူ အကောင်းဆုံး ပြန်လည် ပေးဆပ်ရလိမ့်မည် ဖြစ်သည်။

***

All Chapters