← Chapters

ဆက်တိုက်နိုင်ပွဲ

Vol. 3 Ch. 30

ဆက်တိုက်နိုင်ပွဲ

Vol. 3 Ch. 30

လီဖူချန်းနဲ့ ယန်ခိုင်တို့ နှစ်ယောက်စလုံးက အတော်လေး လက်ညီနေကြတယ်။

မြွေဓားသိုင်း ပြီးပြည့်စုံခြင်း အဆင့်။

လေပြေဓားသိုင်း ပြီးပြည့်စုံခြင်း အဆင့်။

ကျောက်စိမ်းနီကျင့်စဉ်  အဆင့်ခြောက်။

ကလန်နှစ်ခုလုံးရဲ့ ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေကို သိကြတဲ့

စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်က သိုင်းပညာရှင် စစ်သည်တော်တွေက

နှစ်ယောက်စလုံးကို ကြည့်ပြီး အံ့အားသင့်နေကြတယ်။

ကျောက်စိမ်းနီကျင့်စဉ်ကို အဆင့်ခြောက်ရောက်အောင် လေ့ကျင့်ထားတဲ့ လီဖူချန်းကြောင့် လူတွေက ပိုပြီးအံ့အားသင့်နေကြတယ်။ ကောင်းကလန်ရဲ့ နာမည်ကြီး ကောင်းရှုတောင်မှ

ရေလ အတွင်းအားကျင့်စဉ် အဆင့်ခြောက်အောင်လေ့ကျင့်နိုင်ခဲ့တာက   သူမရဲ့ သာမန်ထက် ပိုထူးခြားတဲ့ ကြယ်လေးပွင့်အရိုး တည်ဆောက်မှုကြောင့်လေ။ လီဖူချန်းလို သာမန်အရိုး တည်ဆောက်ပုံပိုင်ရှင်က ဒီလို လေ့ကျင့်နိုင်မယ်ဆိုတာ ဘယ်သူက တွေးထင်မိမှာလည်း။

" ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပဲ"

ကောင်းယုရဲ့ ပါးစပ်က စကားလုံးအချို့ ထွက်ကျလာခဲ့သည်။ လီဖူချန်းရဲ့ သိုင်းပညာအပေါ် နားလည် သဘောပေါက်နိုင်မှုက ကောင်းရှုနဲ့ တန်းတူဖြစ်နေမယ်လို့ သူတစ်ခါမှ မတွေးခဲ့မိဘူးလေ။

" ကျောက်စိမ်းနီကျင့်စဉ် အဆင့်ခြောက် "

ဖူချန်းရဲ့ သိုင်းပညာကို ထိုးထွင်းသိမြင်နိုင်မှုက ကြောက်စရာ ကောင်းလွန်းလှတယ်လေ။

ကောင်းရှုထက် မသာရင်တောင် တန်းတူကတော့ လိုက်နေနိုင်တယ်။ ရှန်းယုရန်ကော လီရှန်းဟန်ကော နှစ်ယောက်စလုံးကလည်း အံ့အားသင့်နေကြတယ်။ လီကလန်သားတွေဟာ အသက်၁၀နှစ် ပြည့်ပြီးမှ

အတွင်းအားကျင့်စဉ်တွေ စတင်လေ့ကျင့်ခွင့် ရတာဖြစ်တယ်။

ဒါပေမဲ့ သူတို့ဟာ ကျောက်စိမ်းနီကျင့်စဉ်ကို အရင်ဆုံး မလေ့ကျင့်ရပဲ  လီကလန်ရဲ့ အခြေခံကျင့်စဉ်တွေကို အရင်စတင် လေ့ကျင့်ရတာ ဖြစ်တယ်။

အခြေခံကျင့်စဉ်တွေကို  အောင်မြင်သွားပြီဆိုမှ သူတို့ကို ကျောက်စိမ်းနီကျင့်စဉ်ကို ကျင့်ခွင့်ပြုတာ ဖြစ်သည်။ သူ့မိဘနှစ်ပါးကို အံ့သြစေတဲ့ အဓိက အကြောင်းအရာကတော့ လီဖူချန်းက ဒီကျင့်စဉ်ကို လွန်ခဲ့တဲ့ နှစ်နှစ်ကမှ  စတင် လေ့ကျင့်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကဆိုရင် တစ်နှစ်လုံးလုံး သူက လေ့ကျင့်နိုင်ခဲ့တာ မဟုတ်ဘူးလေ။

စင်ပေါ်မှာတော့ ပြိုင်ပွဲဝင်နှစ်ယောက်က  ဆက်လက် တိုက်ခိုက်နေကြသည်။ မြွေဓားသိုင်းရဲ့ စွမ်းရည်ကို အစွမ်းကုန်ထုတ်ပြီး  ယန်ခိုင်က လီဖူချန်းရဲ့ လိုက်လျောညီထွေ ဖြစ်နေတဲ့ ဓားသိုင်းကို ဖျက်စီးဖို့ ကြိုးစားနေတယ်။

လီဖူချန်းကလည်း သူ့ရဲ့ဓားကွက်ကို လွယ်လွယ်နဲ့ အဖျက်မခံဘူး။

ကျောက်စိမ်းနီကျင့်စဉ် အဆင့်ခြောက်နဲ့ဆိုရင် သူ့အတွင်းအားတွေကလည်း ယန်ခိုင်ထက် နည်းနည်းလေးမှ အောက်မကျနေဘူးလေ။ ပိုလို့တောင် သာရင်သာနေဦးမယ်။သူ့ရဲ့ အပြင်ခွန်အားကတော့  ယန်ခိုင်ကို မမှီဘူး ဖြစ်နေတယ်။

ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မှုက ယန်ခိုင်ထက် ပိုသာနေပြန်တယ်။

သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ရရင် ဓားနဲ့ လှံလိုပဲ။

သူ့အားသာချက်နှင့်သူ ဖြစ်နေကြသည်။ ဘယ်သူက သာသည် ... ဘယ်သူက ညံ့သည် ဆိုတာကို လုံးဝ မခွဲခြားနိုင်သေးပေ။

" မြွေစိမ်းအမြီး ကိုးချောင်းဖြာ"

အော်ဟစ် မာန်သွင်းလိုက်သည့် အသံနှင့်အတူ ယန်ခိုင်ရဲ့ ဓားသိုင်းက တစ်မျိုး ပြောင်းသွားသည်။

ယန်ခိုင်ရဲ့ ဓားကနေ ဓားရိပ်ကိုးခု ဖြာထွက်လာတယ်။

"လေပြေဓားသိုင်း ပထမအကွက်"

ယန်ခိုင်ရဲ့ဓားကို ခန့်မှန်းရခက်နေပေမယ့် လီဖူချန်းက တောင်ကြီးတစ်လုံးလို ကြံ့ကြံ့ခိုင် ခုခံနေသည်။ သူ့ရဲ့ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လှသည့် လေပြေဓားသိုင်းက သူ့ရဲ့တစ်ကိုယ်လုံးကို နေရာမလပ် ကာကွယ်ပေးထားသည်။

သူ့ရဲ့ဓားက ကိုယ်ပိုင်အသိစိတ် ရှိနေသလို ယန်ကိုင်ရဲ့ တိုက်ခိုက်လာတဲ့ ဓားချက်တွေကို ကာဆီးနေသည်။

"ထန်ထန် ထန်"

စင်ပေါ်မှာတော့ လူနှစ်ယောက်စလုံးက လုံးဝမရပ်နားပဲ ဆက်တိုက် တိုက်ခိုက်နေကြသည်။

သူတို့နစ်ယောက်ရဲ့ လက်ထဲက ဓားတွေကလည်း ပုံစံအမျိုးမျိုးနဲ့ ထိပ်တိုက်ရင်ဆိုင် တွေ့နေကြပြီး  ဓားရဲ့အရှိန်အဝါတွေက တစ်ဖက်နဲ့တစ်ဖက် ဝါးမျိုဖို့ ကြိုးစားနေကြသည်။

သူတို့ရဲ့ ဓားတစ်ချက်က အနည်းဆုံး ၂၀၀၀ ကီလိုဂရမ် ရှိတယ်။ သူတို့ရဲ့ ဓားချက်တွေက အင်မတန် ကြီးမားလှတဲ့ ကျောက်တုံးကြီးတွေကိုတောင် နှစ်ပိုင်းပြတ် သွားစေလောက်တဲ့ အထိ ပြင်းထန်လှတယ်။

"မဆိုးဘူး။လီဖူချန်း ... မင်းငါ့ရဲ့ ဓားချက်တွေကို ဒီလောက် အချိန်အကြာကြီးအထိ တောင့်ခံထားနိုင်တာပဲ"

"ဒါပေမဲ့ ငါ့ရဲ့ အကျွမ်းကျင်ဆုံး ဓားသိုင်းက မြွေဓားသိုင်း မဟုတ်ဘူးကွ။ ယန်ကလန်ရဲ့ ငွေမြွေဓားသိုင်းကမှ ငါ့ရဲ့အကျွမ်းကျင်ဆုံး ဓားသိုင်းပဲ"

ယန်ခိုင်က လူသားနယ်ပယ် အဆင့်၇ ရောက်နေပြီးသား ဖြစ်သဖြင့်

အဝါရောင်အဆင့်မြင့် ဓားသိုင်းကို လေ့ကျင့်ခွင့် ရထားပြီးပြီလေ။

သူ့ရဲ့  ငွေမြွေဓားသိုင်း တစ်ကွက်က ရိုးရိုးမြွေဓားသိုင်းထက် ဆယ်ဆလောက် ပြင်းထန်လွန်းတယ်။ သူ့ရဲ့ ဓားဦးက မြွေတစ်ကောင်လို တွန့်လိမ်လှုပ်ရှားနေပြီး ဦးတည်ရာကို ခန့်မှန်းရ ခက်လွန်းတယ်။ တစ်ကယ်လို့ တစ်ခြားလူဆိုရင် လီဖူချန်းက ဟာကွက်ကို ရှာပြီး ပြန်တိုက်နိုင်ဦးမှာ ဖြစ်တယ်။ အခုပြိုင်ဖက် ယန်ခိုင်က သူ့ရဲ့ ငွေမြွေဓားသိုင်းကို အကြို ပြီးပြည့်စုံခြင်းအဆင့် အထိ လေ့ကျင့်ထားနိုင်တဲ့ သူလေ။

"ကြည့်ရတာ ငါဒီအကွက် ထုတ်သုံးမှ ဖြစ်တော့မှာပဲ"

ကျောက်စိမ်းနီဓားသိုင်းကို လေ့ကျင့်ခဲ့တုန်းကတော့ ဒီဓားကွက်ကို ပါရမီရှင်ပြိုင်ပွဲမှာ သုံးဖို့ရည်ရွယ်ခဲ့တာ မဟုတ်ဘူးလေ။

သူက ဒီပြိုင်ပွဲမှာ ဒီဓားကွက်ကို သုံးဖို့မလိုအပ်ဘူး ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒီယန်ခိုင်ရဲ့ စွမ်းရည်က သူထင်တာထက် ပိုကောင်းလွန်းနေတယ်။

"ရွှမ်း ရွှမ်း"

ကျောက်စိမ်းနီထိချက်ကို စတင် ဖော်ဆောင်လိုက်တယ်။

မမြင်ရတဲ့အားတစ်ခုက ယန်ခိုင်ရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်လိုက်တယ်။

"မင်းကော အဝါရောင် အဆင့်မြင့် ဓားသိုင်းကို လေ့ကျင့်ထားတယ်ပေါ့"

ယန်ခိုင်က မယုံကြည်နိုင်သည့် လေသံဖြင့် မေးလိုက်သည်။

"မင်းလိုပဲပေါ့ကွာ"

လီဖူချန်းရဲ့ဓားက ယန်ခိုင်ရဲ့ဓားကို ထိန်းချုပ်လိုက်ပြီး ယန်ခိုင်ရဲ့ ရင်ဘတ်ကို တိုက်ခိုက်လိုက်တယ်။

"နိုင်ဖို့ စိတ်ကူးယဉ်မနေနဲ့"

ယန်ခိုင်က သူ့ရဲ့အတွင်းအားတွေကို ထုတ်လိုက်ပြီးလီဖူချန်းရဲ့ ထိန်းချုပ်မှုကနေ ရုန်းထွက်သွားတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ယန်ခိုင်က လီဖူချန်းရဲ့ ဓားချက်တွေကို မခုခံနိုင်ပဲ ဖြစ်လာသည်။

" ယန်ခိုင်ကတော့ အကျဉ်းအကျပ်ထဲ ရောက်နေပြီ"

အတွေ့အကြုံတွေအရ ချန်ဇောင်မင်က အခြေအနေကို ကောင်းကောင်းကြီး အကဲခတ်နိုင်တယ်။

"ဒီအတိုင်း ဆက်သွားရင်တော့ ငါရှုံးသွားနိုင်တယ်။"

ယန်ခိုင်က သူ့ရဲ့အခြေအနေကို သူရိပ်မိနေတယ်။ လီဖူချန်းရဲ့ ကျောက်စိမ်းနီ ဓားသိုင်းကို သူ့ရဲ့ငွေမြွေဓားသိုင်းက မယှဉ်နိုင်တော့ဘူးလေ။

" ရော့ကွာ မြည်းကြည့်စမ်း"

ယန်ခိုင်က သူ့ရဲ့အတွင်းအားတွေကို ထပ်ဖြုန်းနေဖို့ မစဉ်းစားတော့ပဲ

ငွေမြွေဓားသိုင်းရဲ့ အမြင့်ဆုံးစွမ်းအင်ကို ထုတ်လိုက်တယ်။ သူတို့နစ်ယောက် ဓားချင်းထိပ်တိုက် တွေ့ကြတဲ့အခါမှာ သူကဘယ်ဘက်ကို ခုန်ထွက်လိုက်ပြီး လက်သီးနဲ့ လီဖူချန်းခေါင်းကို ထိုးလိုက်တယ်။

လီဖူချန်းကလည်း သူ့လိုပဲ အကြံတူစွာနဲ့ ဘယ်ဘက်ကို ခုန်လိုက်ပြီး

လေပွေခြေထောက်သိုင်းနဲ့ သူ့ရဲ့လက်ကို ကန်ထည့်လိုက်တယ်။

" ဖတ်"

ယန်ခိုင်ရဲ့ ဘယ်ဘက်လက်မောင်းကို လီဖူချန်းရဲ့ ခြေကန်ချက် ထိမိပြီး နောက်မှာတော့ ယန်ခိုင်က ဘေးကိုယိုင်သွားခဲ့သည်။

လီဖူချန်းရဲ့ ခြေကန်ချက်တွေက ထိုနေရာမှာတင် မရပ်သွားပဲ နောက်ထပ် ကန်ချက်လေးချက်လောက်က အနောက်ကနေ ဆက်လိုက်လာလေသည်။ ယန်ကိုင်က ကိုယ်ဟန်ပျက်သွားပြီး ဆက်တိုက် နောက်ကိုဆုတ်နေရတယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ ငါးချက်မြောက် ကန်ချက်က သူ့ကိုစင်ပေါ်ကနေ ပြုတ်ကျသွားစေခဲ့ပြီလေ။

" လီဖူချန်း နိုင်တယ်"

ဒိုင်လူကြီးဖြစ်သူက ရလဒ်ကို ကြော်ငြာလိုက်တယ်။ အားပေးနေတဲ့ ပရိသတ်တွေဆီမှာ တစ်ခဲနက် အားပေးသံကြီး ထွက်ပေါ်လာပြီး အားလုံးက လီဖူချန်းကို လေးစားတဲ့ အကြည့်တွေနဲ့ ကြည့်နေကျတယ်။

" ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလည်း"

ကောင်းမိန်က စင်အောက်ကို ရောက်နေတဲ့ ယန်ခိုင်ကို ကြည့်လိုက်ပြီး အခုထိ မယုံနိုင်သေးပဲ ဖြစ်နေတယ်။

"ဟင့် ... "

"မင်းအခုတော့ အနိုင်ရဲ့ အရသာကို ခံစားထားလိုက်ဦး။ မင်းဂိုဏ်းတော်ထဲ ရောက်လာမှ မင်းကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးပြမယ်"

ကောင်းဟောင်နဲ့ကောင်းယန်က လီဖူချန်း နိုင်သွားတဲ့အတွက် မကျေမနပ် ဖြစ်နေကျတယ်။ သူတို့က ယန်ခိုင်က လီဖူချန်းကို နိုင်ပါစေလို့ ဆုတောင်းနေကြတာလေ။

***

All Chapters