မိုးပြာရောင်ဂိုဏ်းသို့ သွားရာလမ်း
Vol. 3 Ch. 32
မိုးပြာရောင်ဂိုဏ်းနဲ့ ယုံဝူးမြို့က မိုင်ပေါင်း ၁၀၀၀၀ လောက် ကွာဝေးတာ ဖြစ်တယ်။ တစ်နေ့ကို မိုင်ပေါင်း ၁၀၀၀ သွားနိုင်တဲ့ မိစ္ဆာသွေးနှော မြင်းကြီးတွေကို စီးပြီး သွားတာတောင်မှ လဝက်လောက် အချိန်ယူရသေးတယ်။
လမ်းမကြီးထက်မှာတော့ မိစ္ဆာသွေးနှော မြင်းကြီးတွေဟာ ကဆုန်ပေါက် ပြေးလွှားနေကြတယ်။ မြင်းတွေထက်မှာတော့ ချန်ဇောင်မင်ရယ် ... မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့် ၇ ယောက်ရယ် အသစ်ရွေးချယ် ခံထားရတဲ့ တပည့်အသစ် ၇ယောက် ပါလာတယ်။
တပည့်အသစ် ၇ ယောက်ထဲမှာ ရှန်းတုလျှန်နဲ့ ကောင်းဖန်တို့ ပါဝင်လာကြတယ်။ ရှန်းတုကလန်က မြို့စားမင်းကလန် ဖြစ်တဲ့အတွက် လေးနှစ်ကိုတစ်ကြိမ် အပိုဝင်ခွင့် တစ်နေရာ ရနေကျဖြစ်သည်။
ယခုနှစ်က လေးနှစ်မြောက် ဖြစ်သည့်အတွက် ရှန်းတုလျှန်က ကံကောင်း ထောက်မစွာနဲ့ ဝင်ခွင့်ရရှိခဲ့တာ ဖြစ်သည်။
" အစ်ကိုကျန်း ... အရင်တစ်ခေါက်တုန်းက မိုးပြာရောင်ဂိုဏ်းက တပည့် ဘယ်နှစ်ယောက် ရွေးခဲ့သလည်းဗျ "
ယန်ခိုင်က ပျင်းပျင်းရှိသည်နှင့် ယန်ကျန်းကို မေးလိုက်သည်။ ယန်ကျန်းက ပြန်ဖြေလိုက်တယ်။
" ၁၀၀၀၀ လောက် ရှိမယ်ထင်တယ်"
"၁၀၀၀၀ တောင်မှလား ... မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ်မှာ ဒီလောက်များတဲ့ မြို့ကြီးတွေ ရှိတယ်ပေါ့"
ယန်ခိုင်က အရမ်းအံ့အားသင့်သွားတယ်။ ယန်ကျန်းရဲ့ ဘေးနားကပ်ပြီး စီးနေတဲ့ ယန်လီက ရှင်းပြတယ်။
" ငါတို့ရဲ့ ယူံဝူးမြို့က တစ်ခြားမြို့တွေနဲ့ ယှဉ်လိုက်ရင် တကယ့် မြို့သေးသေးလေးပဲကွ။
ယုံဝူးမြို့မှာ လူဦးရေက တစ်သန်းလောက်ပဲ ရှိတာလေ။ တစ်ခြားမြို့တွေက လူဦးရေ ဆယ်သန်းကျော်လောက် ရှိတယ်။ ပြီးတော့ သူတို့က ဝင်ခွင့်နေရာ ၁၀ နေရာမက ရတယ်။ ပြီးတော့ မိုးပြာရောင်ဂိုဏ်းရဲ့ နယ်ပယ်ထဲမှာ သိုင်းသင်တန်း ကျောင်းတွေ အများကြီး ရှိသေးတယ်။
အဲသည် ကျောင်းတွေကနေလည်း ဂိုဏ်းအတွက် ပါရမီရှင်တပည့်တွေ အများကြီး ရသေးတယ်။
"သိုင်းသင်တန်းကျောင်း တွေလား"
လီဖူချန်းက သိုင်းသင်တန်းတွေ အကြောင်း အရင်က ကြားခဲ့ဖူးတယ်။
ရင်ဖန်းမြို့ရဲ့ အနီးတစ်ဝိုက်မှာ သွေးနဂါးသိုင်း သင်တန်းကျောင်းလို့ ခေါ်တဲ့ သိုင်းသင်တန်းကျောင်း တစ်ခုရှိတယ်လေ။ ရင်ဖန်းမြို့နဲ့ ယူံဝူးမြို့က မိုင်ပေါင်း၁၀၀ လောက်ပဲ ကွာဝေးတာ ဖြစ်တယ်။
သိုင်းသင်တန်း ကျောင်းတွေဆိုတာ သာမန်မြို့သူ မြို့သားတွေ အတွက် ဖွင့်လှစ်ထားတာ ဖြစ်တယ်။
ဒီလို သိုင်းကျောင်းတွေကနေ ဝင်ခွင့်တစ်နေရာ ရရှိဖို့က မြို့တော်တွေရဲ့ ပါရမီရှင်ပြိုင်ပွဲ တွေထက် ပိုလို့တောင် ခက်ခဲသေးတယ်။ ယုံဝူးမြို့မှာဆိုရင် ပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်ကျတဲ့ ပြိုင်ပွဲဝင်တွေက ၁၀၀ လောက်ပဲရှိတယ်။ ဒါပေမဲ့ သိုင်းသင်တန်း ကျောင်းကနေ ကျင်းပတဲ့ ပြိုင်ပွဲမှာတော့ အယောက် ၅၀၀ နီးပါး ရှိတယ်လေ။
အဲဒါတွေထက် ပိုဆိုးတာက သိုင်းသင်တန်းကျောင်းတွေရဲ့ ပြိုင်ပွဲက မြို့တော်တွေရဲ့ ပါရမီရှင် ပြိုင်ပွဲတွေထက် ပိုကြမ်းတမ်းကြတယ်။
မြို့အသီးသီးကနေ လာရောက်ကြတဲ့ ရိုးရိုးသာမန် မြို့သားတွေက သူတို့ရဲ့ ဘဝကြီး ပြောင်းလဲသွားဖို့အတွက် အင်မတန် ကြိုးစား လေ့ကျင့်ကျတာ ဖြစ်တယ်။
ကလန်အများစုကနေ လာရောက်ကျတဲ့ ကလန်သားတွေတောင် သူတို့ရဲ့ ကြိုးစားမှုတွေ အောက်မှာ ပျောက်ကွယ်သွားရတာ ဖြစ်တယ်။
အပြင်စည်း အကြီးအကဲ ချန်ဇောင်မင်ကလည်း ဝင်ပြီး ထပ်ပြောပြတယ်။ သိုင်းသင်တန်း ကျောင်းတွေက မြို့တွေလောက်တော့ မများဘူး။
ငါးချိုး တစ်ချိုးလောက်ပဲ ရှိမယ်။
မင်းတို့ တွေက ပါရမီတော့ ကောင်းရင် ကောင်းလိမ့်မယ်။
ဒါပေမဲ့ သိုင်းသင်ကျောင်းတွေ ဝင်ခွင့်ရအောင် ကြိုးစားကြည့်မယ်ဆိုရင် တစ်ယောက်မှ ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်မှာမဟုတ်ဘူး။
ဒါကြောင့် မင်းတို့ မိုးပြာရောင်ဂိုဏ်းကို ရောက်ရင်လည်း
ငါမိုးပြာရောင်ဂိုဏ်းရဲ့ တပည့်ဖြစ်ပြီဆိုပြီး အရမ်းပျော် မနေကျနဲ့ဦး။
တစ်ကယ်တမ်းတော့ မင်းတို့တွေက ဘာမှ မဟုတ်သေးဘူး။ ချန်ဇောင်မင်ရဲ့ ပြောစကားကို ကြားပြီးနောက် ဘယ်သူမှ ဒီသတင်းကြောင့် စိတ်ဓာတ် ကျသွားတဲ့ ပုံတော့ မပေါ်ချေ။
သူတို့ရဲ့ မျက်လုံးတွေထဲမှာ သူတို့လည်း တစ်ခြားသူတွေထက် ဘယ်နေရာမှာမှ မနိမ့်ကျဘူးဆိုတာ ပြချင်နေသည့် ပုံတွေက မျက်လုံးတွေထဲမှာ အထင်းသား ပေါ်နေလေသည်။
***
ရင်ဖန်းမြို့ကို ရောက်တဲ့ အခါမှာတေ့ာ
ယား ... ယား ...
မြို့အဝင် လမ်းမကြီးထက်မှာ မြင်းစီးသမား အုပ်စုနှစ်စု ဆုံမိကြလေသည်။
"ဟာ အကြီးအကဲချန် ပါလား ... တိုက်ဆိုင် လိုက်တာဗျာ "
ထိုစကားကိုဆိုလိုက်သူက အနက်ရောင် မိစ္ဆာ သွေးနှောမြင်းကို စီးထားတဲ့ အဘိုးအို တစ်ဦး။
ထိုအဘိုးအိုရဲ့ အနောက်မှာတော့ လူငယ် အယောက်၂၀ လောက် ပါလာလေသည်။
" အကြီးအကဲလျူ ပါလား ………မတွေ့တာ ကြာပြီဗျို့ "
ချန်ဇောင်မင်ကလည်း ပြုံးပြီး နှုတ်ဆက်လိုက်တယ်။
အကြီးအကဲလျူရဲ့ နာမည် အပြည့်အစုံကတော့ လျူဖန်းတာအို ဖြစ်တယ်။ သူကလည်း အပြင်စည်း အကြီးအကဲတစ်ဦး ဖြစ်တယ်။
"အကြီးအကဲချန် … ခင်ဗျားရဲ့ ယုံဝူးမြို့ ခရီးမှာ မသွေးရသေးတဲ့ ကျောက်ရိုင်းတုံး ကလေးတွေ မတွေ့ခဲ့ဘူးလားဗျ။ လျူဖန်းတာအိုက ယန်ကိုင်နဲ့ တစ်ခြားသူတွေကို ကြည့်ပြီး မေးလိုက်တယ်။
သူ့ရဲ့ မျက်လုံးထဲမှာတော့ ယန်ကိုင်နဲ့ ကျူးဟောင်ရှုရဲ့ အရိုးတည်ဆောက်ပုံတွေကို ကြည့်ရင်း အားရနေပုံရှိတယ်။
ဒါပေမဲ့ သူက လီဖူချန်းကို တွေ့လိုက်တဲ့အခါမှာတော့ လီဖူချန်းကို သနားတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်။ ဒီလိုသာမန် အရိုးတည်ဆောက်မှု ပိုင်ရှင်တွေက မိုးပြာရောင်ဂိုဏ်းရဲ့ စစ်ဆေးမှုတွေကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလေ။
"ကျွန်တော်ကတော့ ကြယ်သုံးပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် နှစ်ယောက်ပဲ တွေ့ခဲ့တယ်ဗျာ ... ကျန်တာတွေကတော့ သာမန်ပါပဲ"
“ကြယ်သုံးပွင့်အဆင့် နှစ်ယောက်ဟုတ်လား … ကံကောင်းတာပေါ့ဗျာ ။ ကျွန်တော်ကတော့ ကြယ်သုံးပွင့်အဆင့် အရိုးတည်ဆောက်ပုံနဲ့ ကလေး ငါးယောက်ပဲ ရခဲ့တယ်ဗျ"
လျုဖန်းတာအိုက သူ့အနောက်က လူငယ်တစ်သိုက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။
ချန်ဇောင်မင်က ပြုံးလိုက်ပြီး
" အကြီးအကဲလျုကလည်း အရမ်းလောဘကြီး မနေပါနဲ့လေ။
ကြယ်သုံးပွင့်အဆင့် ငါးယောက်ဆိုတာ နည်းတာမှ မဟုတ်တဲ့ဟာကို။ လျူဖန်းတာအိုက ပြန်ရှင်းပြတယ်။
ယင်ကိုင် သိုင်းသင်တန်းကျောင်းမှာ လုပ်တဲ့ ပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်တဲ့ လူငယ်တွေက တစ်ထောင် ကျော်တယ်ဗျ။ ဒီထဲမှာမှ ကြယ်သုံးပွင့်အဆင့် သုံးယောက်ပဲ ဆိုတော့ ခင်ဗျားပဲ စဉ်းစားကြည့်လေဗျာ။
“ကြယ်သုံးပွင့်အဆင့် အရိုးတည်ဆောက်ပုံ ငါးယောက်လား"
လီဖူချန်းက တီးတိုး ရေရွတ် လိုက်တယ်။ ကြယ်သုံးပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက လွယ်လွယ်နဲ့ တွေ့မြင်နိုင်တာ မဟုတ်ဘူးလေ။
သူများတွေ ပြောကျတဲ့ စကားတွေ အရဆိုရင် ကြယ်နှစ်ပွင့် အဆင့်ရှိတဲ့ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက မြေကမ္ဘာအဆင့်ကို တက်လှမ်းဖို့ နှုန်းက ငါးပုံတစ်ပုံ ရှိပြီး ကြယ်သုံးပွင့် အဆင့်ရှိတဲ့ အရိုးတည်ဆောက်ပုံနဲ့ လူတွေက မြေကမ္ဘာအဆင့်ကို တက်လှမ်းနိုင်ဖို့ ဆယ်ပုံမှာ ရှစ်ပုံလောက်က သေချာသလောက် ရှိတယ်။
ပြောရမယ်ဆိုရင် ကြယ်သုံးပွင့် အဆင့်နဲ့ လူတွေက အနာဂတ်ရဲ့ မြေကမ္ဘာအဆင့် စစ်သည်တော် တွေပဲ။ ယင်ကိုင် သိုင်းသင်တန်းကျောင်းက မြို့ကြီး လေးမြို့က လူငယ်တွေကို ပညာသင်ပေး နေတာလေ။
ကြယ်သုံးပွင့်အဆင့် အရိုးတည်ဆောက်ပုံ ငါးယောက် တွေ့တယ်ဆိုတာက ပုံမှန်လောက်ပါပဲ။
" ကြည့်ရတာ မိုးပြာရောင်ဂိုဏ်းက ကြယ်နှစ်ပွင့်အဆင့် အရိုးတည်ဆောက်ပုံနဲ့ သူတွေကိုတောင် အလေးမထား ကျဘူးထင်တယ်။"
လီဖူချန်းက မိုးပြာရောင်ဂိုဏ်းမှာ ကောင်းမွန်တဲ့ အရိုးတည်ဆောက်ပုံနဲ့ သူတွေ ဘယ်လောက်ရှိမလဲ ဆိုတာ စဉ်းစားနေမိတယ်။
လျူဖန်းတာအိုရဲ့ အနောက်က လူငယ်တချို့ကလည်း လီဖူချန်းနဲ့ အခြားသူတွေကို လှမ်းအကဲခတ် နေကြတယ်။ သူတို့ကို ကြည့်ရတာ ကလန်ကြီးတွေက သခင်လေးတွေလို ဘဝင်မြင့်နေတဲ့ ပုံတော့မရှိပေမယ့် သူတို့မာနနဲ့ သူတို့ ရှိပုံတော့ ပေါ်တယ်။ လီဖူချန်းတို့ အခြမ်းမှာတော့
ယန်ကိုင်ရယ် ကျူးဟောင်ရှု ရယ် လီဖူချန်းတို့က တည်တည်ငြိမ်ငြိမ်ပါပဲ။
ကျန်တဲ့လူတွေကတော့ သူတို့ရဲ့ နေထိုင်ရာ အိမ်ကနေ ပထမဆုံး အပြောကျယ်တဲ့ လောကကြီးထဲကို ရောက်ဖူးတာ ဖြစ်တဲ့အတွက် ဣနြေမရ ဖြစ်နေကျသည်။
သူတို့ဟာ သွားရင်းသွားရင်းနဲ့ လမ်းမကျယ်ကြီး တစ်ခုပေါ်ကို ရောက်လာကျတယ်။
ဒီလမ်းမကြီးကနေ ခွဲထွက်သွားတဲ့ လမ်းသွယ်လေးတွေ အားလုံးက မိုးပြာရောင်ဂိုဏ်းကို ဦးတည်သွားတဲ့ လမ်းကလေးတွေပါပဲ။
***
သူတို့အုပ်စုဟာ တစ်ဖြည်းဖြည်းနဲ့ တစ်ခြားအဖွဲ့တွေ လာပေါင်းကျတဲ့ အတွက် အုပ်စုကြီးတစ်ခု ဖြစ်လာတယ်။ ဒီလူငယ်တွေ အားလုံးက သက်ဆိုင်ရာ ကလန်တွေနဲ့ ကျောင်းတော်တွေက ရွေးချယ်ခံခဲ့ရတဲ့ လက်ရွေးစင်တွေ ချည်းပါပဲ။ အရေအတွက် ဘယ်လောက်မှန်းတောင် မသိတော့တဲ့ အုပ်စုကြီးထဲမှာ အုပ်စုငယ်လေးတွေက တစ်ဖက်နဲ့တစ်ဖက် အကဲခတ်နေကြတယ်။
အချင်းချင်းလည်း ပိုပြီး ရင်းနှီးလာကြတယ်။
" မင်းတို့ သူ့ရဲ့ အရိုးတည်ဆောက်ပုံ အဆင့်ကို သိရဲ့လား"
ကောင်းဖန်က တစ်ခြားအုပ်စုတွေနဲ့ ရောနှောနေပြီး လီဖူချန်းကို လက်ညှိုး ထိုးပြကာ မေးလိုက်တယ်"
" အဆင့်ဘယ်လောက်လည်းကွ ပြောပါဦး " အားလုံးက လီဖူချန်းကို ကြည့်လိုက်ကျတယ်။ ကောင်းဖန်က ကျိတ် ရယ်လိုက်ပြီး "သာမန် အရိုးတည်ဆောက်ပုံလေ" လို့ဖြေလိုက်တယ်။
လီဖူချန်းရဲ့ နှစ်ကြိမ်တိုင်တိုင် အနိုင်ယူတာကို ခံရပြီးတဲ့နောက်မှာတော့ ကောင်းဖန်က လီဖူချန်းကို အရမ်း မုန်းတီးနေတယ်။
ဒီလို လူအများရှေ့ မှာ လီဖူချန်းကို လှောင်ရတာက သူ့စိတ်ထဲမှာ လက်စားချေတဲ့ နည်းတစ်မျိုး လို့ ခံယူထားလိုက်တယ်။
" မိုးပြာရောင်ဂိုဏ်းထဲကို သာမန်အရိုးတည်ဆောက်ပုံနဲ့ ဝင်ခွင့်ရတာကတော့ အတော်ရှားတဲ့ အဖြစ်အပျက်ပဲကွ .. "
"ဝင်ခွင့်ရတော့လည်း ဘာထူးသွားမှာလည်းကွာ ... စမ်းသပ် စစ်ဆေးမှုတွေကို ဖြတ်ကျော်ရတဲ့ အခါကျရင် သူက အထွေထွေ လုပ်သားတပည့်ပဲ ဖြစ်လာမှာပဲ။ ဒီလိုကောင်ကို ငါတို့နဲ့ ယှဉ်စရာ အကြောင်းမရှိပါဘူးကွာ"
" မှန်တယ်ကွ … သာမန်အရိုး တည်ဆောက်ပုံ အယောက်တစ်ထောင်မှာ တစ်ယောက်တောင် မြေကမ္ဘာအဆင့်ကို ရောက်နိုင်ကျတာ မဟုတ်ဘူး။ ဒါကအားလုံးသိတဲ့ အမှန်တရားပဲ။
ဒီလူငယ်လေးတွေ အားလုံးက သာမန်ထက်ပိုတဲ့ အရိုးတည်ဆောက်ပုံ တွေကို ပိုင်ဆိုင်ထားကျတာ ဖြစ်တဲ့အတွက် သူတို့ထက် အဆင့်နိမ့်တဲ့ သူတွေကိုဆိုရင် အထင်သေးကြတယ်။ အထူးသဖြင့် လီဖူချန်းလို သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေကိုပေါ့။
လီဖူချန်းကတော့ ဟိုးအဝေးကြီးမှာ ရှိနေပေမယ့် သူတို့ ပြောနေကျတာကို အတိုင်းသား ကြားနေရတယ်။ လီဖူချန်းက ဘာမှမပြောပဲ ပြုံးနေလိုက်တယ်။ ကြည့်ရတာ သူ့ရဲ့ ဒီဘဝတစ်လျှောက်မှာတော့ သူ့ရဲ့ အရိုးတည်ဆောက်မှုကြောင့် ဒီလို ပြောခံရတာတွေကနေ လွတ်မယ့်ပုံ မပေါ်ဘူးလေ။ ဒါပေမဲ့ လူတွေ သူ့အပေါ်မှာ ဘယ်လိုပဲ မှတ်ချက်ချနေပါစေ သူဂရုမစိုက်ပါဘူး။
သူ့ရဲ့ ဆင့်ကဲ ပြောင်းလဲလာတဲ့ စိတ်ဝိညာဉ်ကြောင့်
သူ့ရဲ့ လေ့ကျင့်နှုန်းတွေက သာမန် ကြယ်သုံးပွင့်အဆင့် အရိုးတည်ဆောက်ပုံနဲ့ လူတွေထက် သူနေပြီဆိုတာကို သူကိုယ်တိုင်ပဲသိတယ်လေ။
လဝက်လောက် ခရီးဆက်ပြီး နောက်မှာတော့ သူတို့က မြင်းစီးသမားတွေ ပြည့်ကျပ်နေတဲ့ တောင်ခြေတစ်ခုကို ရောက်လာတယ်။
" ဒါက မိုးပြာရောင်ဂိုဏ်းလား"
ဟိုအဝေးကြီးမှာ ရှိနေတဲ့ တောင်တန်းတွေကို လီဖူချန်းက မြင်လိုက်ရတယ်။ တောင်တွေ အကုန်လုံးက တိမ်တိုက်တွေကို ကျော်သွားပြီး ကောင်းကင်ဘုံအထိ ရောက်နေတဲ့ အတိုင်း မြင့်မားကျတယ်။
တချို့တောင်တွေမှာတော့ ခရမ်းရောင် ပန်းလေးတွေ တစ်တောင်လုံး ဖူးပွင့်နေကျတယ်။
တောင်တန်းတွေ ပေါ်မှာလည်း အရမ်းလှပတဲ့ အဆောက်အဦးကြီးတွေက နေရာအနှံ့မှာ ရှိနေတယ်။
ဒါက သိုင်းတန်ခိုးရှင် စစ်သည်တော်တွေ ပညာသင်ကြားရာ မိုးပြာရောင်ဂိုဏ်းကြီးပင်တည်း။
***