ဝင်ခွင့်စာမေးပွဲ
Vol. 3 Ch. 33
တစ်ဖြည်းဖြည်း မိုးပြာရောင်ဂိုဏ်းနဲ့ နီးလာတာနဲ့အမျှ မိုးပြာရောင်ဂိုဏ်းဟာ ဘယ်လောက် ကြီးကျယ်ပြီး ရင်သပ်ရှုမောဖွယ်ရာ ကောင်းသလည်းဆိုတာ သိလာရတယ်။
တောင်ထိပ်တွေပေါ်က ရေတံခွန်တွေမှာတော့ အဖြူရောင် အမောက်နဲ့ ကြိုးကြာငှက်တွေက အော်မြည် နေကျတယ်။
ဒီအဖြူရောင် အမောက်နဲ့ ကြိုးကြာတွေက ၁၀ မီတာလောက် မြင့်ပြီး သူတို့ကို နတ်ကြိုးကြာတွေလို့ သိကြတယ်။
သူတို့ရဲ့ တောက်ပံတစ်ချက် ခတ်လိုက်တာက သူတို့ရဲ့ ခန္ဓာကိုယ်တွေကို လျှပ်စီးအလား တိမ်ထုတွေကို ထိုးဖောက်သွားစေတယ်။
တောင်ကြားတွေ ထဲမှာတော့ မိစ္ဆာသားရဲကြီးတွေ ဟိန်းသံတွေနဲ့ ဆူညံနေတယ်။ လီဖူချန်း မြင်လိုက်တဲ့ မြွေတစ်ကောင်ဆိုရင် တိမ်တိုက်တွေကို မျိူနေပြီး ကောင်းကင်က ကျလာတဲ့ နေရောင်ခြည် အဆီအနှစ်တွေကို စုပ်ယူနေတာ ဖြစ်တယ်။
" ဒဏ္ဍာရီတွေထဲက အတိုင်းဆိုရင် ဂိုဏ်းတော်မှာ မိစ္ဆာသားရဲတွေကနေ တရားကျင့်ပြီး လူအဖြစ် ပြောင်းနိုင်တဲ့ သားရဲကြီးတွေ ရှိတယ်ဆိုတာ အမှန်ပဲနေမှာ"
လီဖူချန်းက အရင်တုန်းက ဂိုဏ်းတော်အကြောင်း ကြားရတာတွေကို ယုံတမ်းစကားတွေလို့ ထင်ခဲ့တာ အခုမှ ဒါတွေဟာ အလိမ်အညာတွေ မဟုတ်ဘူးဆိုတာ ငါသိရတော့တယ်။
မိုးပြာရောင်ဂိုဏ်းမှာ မိစ္ဆာ သားရဲတွေကို ထိန်းချုပ်နိုင်တဲ့နည်း ရှိတယ်။
အဲဒါကတော့ သားရဲတွေရဲ့ မိစ္ဆာဓာတ်ကို သာမန်စွမ်းအင် အဖြစ် ပြောင်းပေးနိုင်တဲ့ ဆေးလုံးလေးတွေ ဖြစ်တယ်။
ဒီဆေးလုံးလေးတွေ တိုက်လိုက်ရင် မိစ္ဆာသားရိုင်းတွေကို အမိန့်နာခံလာအောင် သင်ပေးလို့ ရတယ်လေ။
တောင်ခြေကို ရောက်ပြီး ၁၅ မိနစ်လောက်အကြာမှာတော့ -
ဟိုး ကောင်းကင်တွေ ပေါ်ကနေ နတ်ကြိုးကြာ တစ်ကောင်က ဆင်းသက်လာတယ်။ သူ့ရဲ့ အပေါ်မှာတော့ အကြီးအကဲ တစ်ယောက်က ထိုင်လျက် လိုက်ပါလာတယ်။
အဲအကြီးအကဲက သူတို့ကို တောင်ပေါ် ရောက်အောင် လမ်းပြဖို့ လာခဲ့တာ ဖြစ်တယ်။ အခုဒီတောင်ကိုတော့ ကြေးမုံတောင်လို့ ခေါ်ကြတယ်။ ဒီတောင်ကို အပြင်စည်းဂိုဏ်းရဲ့ အထွေထွေ ဌာနအဖြစ် အသုံးပြုကျတယ်။
အခြားသော တောင်တွေထက် စာရင်တော့ ဒီကြေးမုံတောင်က အတော်လေး နိမ့်တာ ဖြစ်တယ်။ တောင်တက်လမ်း တစ်လျှောက်မှာတော့ တဲအိမ်ငယ်လေးတွေ နေရာအနှံ့ ရှိနေတာကို လီဖူချန်း တစ်ယောက် တွေ့ လိုက်ရတယ်။
အဲတဲအိမ်လေးတွေ ထဲမှာ အလုပ်များနေတဲ့ လူတွေကတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာ ရောက်နေတဲ့ လက်ထောက် အကြီးအကဲ တွေပါပဲ။
လီဖူချန်းက သူတွေ့လာရသမျှ တဲအိမ်လေးတွေကို ရေတွက်ကြည့်ရာ တဲအိမ်ပေါင်း တစ်ရာကျော်ခန့် ရှိတာကို သိလိုက်ရတယ်။
ဂိုဏ်းတော်ကြီးဟာ နာမည် ကျော်ကြားတဲ့ အတိုင်းပါပဲလား။ ဒီလို တောင်ကုန်း သေးသေးလေး မှာတောင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း အဆင့်က သိုင်းတန်ခိုး စစ်သည်တော်တွေ အများကြီး ခိုအောင်း နေကျတာပဲ။
မိုးပြာရောင် ဂိုဏ်းမှာ တောင်ပေါင်း ၁၀၀ ကျော် ရှိတယ်။ လူသားတွေရဲ့ မျက်စိတစ်ဆုံး ကြည့်လိုက်ရင်တောင် မိုးပြာရောင်ဂိုဏ်း နယ်နိမိတ်ကနေ ကျော်နိုင်မှာ မဟုတ်သေးပါဘူး။
တောင်ထိပ်ကို အရောက်မှာတော့ လီဖူချန်းရဲ့ မျက်လုံးပြူးသွားတယ်။ ကြေးမုံတောင် ဆိုသည့်အတိုင်း တောင်ထိပ် မျက်နှာပြင်က ကြေးမုံတစ်ချပ်လို ညီညာ ပြန့်ပြူးနေသည်။ မသိရင် နတ်ဘုရား တွေကပဲ လာပြီး မြေမျက်နှာပြင်ကို ညှိထားပေးသည့် အတိုင်းပင်။
"အားလုံး စနစ်တကျ တန်းစီပြီး စာရင်း ပေးသွင်းဖို့ လုပ်တော့။ မင်းရဲ့ ကိုယ်ပိုင် အချက်အလက် တွေကို တစ်ခုမှ မမှားစေနဲ့နော်။"
တစ်ကယ်လို့ မှားသွားခဲ့ရင် မင်းတို့ ကိုယ်တိုင်ပဲ တာဝန်ယူ ရလိမ့်မယ်။ ချန်ဇောင်မင်က လေးလေးနက်နက် သတိပေးလိုက်တယ်။
"ဟုတ်ကဲ့ပါ"
လီဖူချန်းတို့ တစ်သိုက်ကလည်း ခေါင်းညိတ်ပြလိုက်တယ်။
သူတို့ရဲ့ အရှေ့မှာတော့ အနည်းဆုံးတပည့် တစ်ထောင်လောက်က စာရင်းပေးသွင်းဖို့ စောင့်နေကြတယ်။
အပြင်စည်း ကျောင်းသားတွေကို ဆန်းစစ်တာက တစ်ရက်တည်းနဲ့ အပြီး ပြုလုပ်တာ မဟုတ်ပါဘူး။ နေရာဒေသ အနှံ့က တပည့်အသစ် တွေက အချိန်နဲ့ မလပ်အောင် လာနေကျတာ ဖြစ်တဲ့အတွက် ရောက်လာတဲ့ သူတိုင်းက တန်းစီပြီး ကိုယ့်အလှည့်ကို စောင့်ရတာ ဖြစ်တယ်။ ကျောင်းသား တစ်သောင်းလောက်ကို တစ်ရက်တည်း စစ်နိုင်လောက် အောင်လည်း အပြင်စည်း အကြီးအကဲတွေက အဲလောက် မများဘူးလေ။ ဒါကြောင့် ဒီတစ်လလုံးကို ကျောင်းသားသစ် လက်ခံတဲ့လ အဖြစ် သတ်မှတ် ထားတယ်။
စာရင်း ပေးသွင်းရတာက အရမ်းကို မြန်ဆန် လွန်းတယ်။ အချိန် တစ်နာရီလောက် စောင့်အပြီးမှာတော့ လီဖူချန်းတို့ အုပ်စုအလှည့် ရောက်လာပါတယ်။ စာရင်း ပေးသွင်းပြီးတဲ့ နောက်မှာတော့ ပထမ စမ်းသပ် စစ်ဆေးမှု ဖြစ်တဲ့ "အရိုးတည်ဆောက်ပုံ " စာမေးပွဲခန်းကို သွားကြရပါတယ်။ အရိုး တည်ဆောက်ပုံကို စမ်းသပ်ဖို့အတွက် အရိုးတည်ဆောက်ပုံ စစ်ဆေးကျောက်တုံး လိုအပ်ပါတယ်။
လီကလန်မှာ ရှိတဲ့ ကျောက်တုံးကတော့ ဦးခေါင်းခွံ တစ်ခုစာ လောက်ပဲ ရှိတယ်။
အခု မိုးပြာရောင်ဂိုဏ်းက ကျောက်တုံးကြီးကတော့ သုံးမီတာ လောက်တောင် မြင့်တာ ဖြစ်တယ်။ ဒီကျောက်တုံးကြီးပေါ်မှာ နားမလည်နိုင်တဲ့ အင်းကွက်တွေ ရေးဆွဲထားတယ်။ဒီ အင်းကွက်တွေကိုက အင်းဝိဇ္ဇာတွေပဲ နားလည်နိုင်တာ ဖြစ်တယ်။
"ကျားစန်းယု … … ။ ကြယ်တစ်ပွင့် အဆင့် ... အမှတ် ၅၀
"လူဟို ... ။ ကြယ်နှစ်ပွင့်အဆင့် … အမှတ် ၆၀
“ဖန်းတောင် ... ။ ကြယ်နှစ်ပွင့်အဆင့် ... အမှတ် ၆၀
"ဆုကန်း … ။ ကြယ်နှစ်ပွင့်အဆင့် ... အမှတ် ၆၀
" လျိုဒါဟီ … ။ ကြယ်သုံးပွင့်အဆင့် ... အမှတ် ၇၀
လီဖူချန်းက ကြည့်နေရင်းနဲ့ တစ်ခုကို သတိထားမိလိုက်တယ်။
တပည့် အယောက်၂၀ တိုင်းမှာ ကြယ်သုံးပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက် ကတော့ အမြဲလိုလို ပါနေတာကိုပဲ။
ဒီကိစ္စက ရုတ်တရက် ကြည့်လိုက်ရင် ကြယ်သုံးပွင့် အဆင့်တွေက အရမ်းရှားပါးတဲ့ ပုံဖြစ်နေပေမယ့်။ ဒီတပည့် ထောင်သောင်းချီထဲမှာ ဆိုရင်တော့ ကြယ်သုံးပွင့်အဆင့် တွေက ရိုက်သတ်လို့ မကုန်အောင် ပေါများနေတယ်။
လွန်ခဲ့တဲ့ တစ်ခေါက်တုန်းကတော့ တပည့်အရေအတွက် ၁၀၀၀၀ က ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရတယ်။
ဒါကြောင့် ဒီတစ်ခေါက်မှာလည်း အရေအတွက်က သိပ်ပြီးကွာမယ့် ပုံတော့ မရှိပေ။ အယောက် ၂၀ တိုင်းမှာ ကြယ်သုံးပွင့် အဆင့် တစ်ယောက် ပါမယ်ဆိုရင် ဒီတစ်ခေါက် တည်းနဲ့တောင် ကြယ်သုံးပွင့် အဆင့်နဲ့သူတွေက အယောက် ၅၀၀ ရှိတဲ့ သဘောပဲ။
***