← Chapters

အပိုင်း(၅၆၆)

Vol. 38 Ch. 566

အပိုင်း(၅၆၆)

Vol. 38 Ch. 566

“ဘာကြီး…လူငါးထောင်ကျော် ဖယ်ထုတ်ခံရမယ်”

“ဒါ…ဒါက လူငါးထောင်ကျော်က  ပြိုင်ပွဲစင်မြင့်ပေါ်ကို ဝင်ဖို့တောင်မလိုဘူးဆိုတဲ့အဓိပ္ပါယ်ပေါ့.. သူတို့ကတိုက်ရိုက်ဖယ်ထုတ်ခံရမှာပဲ”

မင်းသားကွမ်း၏ စကားနောက်လိုက်ပါ၍ ဆူညံပွက်လောရိုက်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။

ဤအခိုက်အတန့်တွင်   မင်းသားကွမ်းက ဆူညံသံများအား ထပ်မံဂရုမထားတော့ချေ။  လေထဲတွင်ဝင့်ကြွားစွာဆက်လက်ရပ်တည်နေလျက် တိတ်တဆိတ်စောင့်ဆိုင်းနေသည်။  ကျောက်စိမ်းပြားတစ်သောင်းအား  ဖြန့်ကျဲမည့်အချိန်အား စောင့်ဆိုင်းနေ၏။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသော   ကျင့်ကြံသူများစွာကလည်း   ဆိတ်ငြိမ်စွာ စတင်စောင့်ဆိုင်းနေကြသည်။

အမွှေးတိုင်တစ်ဝက်စာအချိန်က လျှင်မြန်စွာ ကုန်ဆုံးလာသည်။

ရုတ်ခြည်း စင်မြင့်များအထက်၌ အနက်ရောင်အရိပ်များ က ဖုံးလွှမ်းလာသည်။  ပျံသန်းရေးနတ်ဆိုးသားရဲများက ဟင်းလင်းပြင်ထဲ၌ပေါ်လာ၏။  ထိုပျံသန်းနေသော နတ်ဆိုးသားရဲများပေါ်တွင်   တိုက်ပွဲချပ်ဝတ်တို့အား ဝတ်ဆင်ထားသော  စစ်သည်များ ရပ်နေကြသည်။  နတ်ဆိုးသားရဲများအပေါ်၌ ရပ်နေကြသော စစ်သည်များက  ကျော်စိမ်းပြားများအား စတင်ဖြန့်ကျဲချလိုက်သည်။

ထို့နောက်ချက်ချင်း   ကျောက်စိမ်းမိုးများရွာသွန်းချလာသကဲ့သို့ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ အလယ်ဗဟို၌ ကျဆင်းလာသည်။ျ

“တိုက်ခိုက်မှု..စတင်ပြီ”

ဤအချိန်တွင်  မင်းသားကွမ်းက   ကျယ်လောင်စွာအော်ဟစ်လိုက်သည်။  အသံလှိုင်းများက  ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်တစ်ခွင်  နောက်တစ်ကြိမ်ပဲ့တင်ထပ်သွားသည်။

မင်းသားကွမ်း၏အသံမှေးမှိန်သွားသကဲ့သို့  လူစီးကြောင်းများကလည်း  အောက်ရှိလူအုပ်ထဲမှ ကောင်းကင်းထဲသို့ ရွှတ်ခနဲထိုးတက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း ထျန်းလျန်အင်ပါယာ၏ တော်ဝင်မြို့တော်အတွင်းသိပ်သည်းသော ကျင့်ကြံသူများအုပ်လိုက်ကြီးပေါ်လာသည်။

ဤသည်ကား တစ်သောင်းခွဲကျော်သောပုံရိပ်များဖြစ်သည်။ဟင်းလင်းပြင်းထဲ၌ ပြင်းထန်သော တိုက်ပွဲတစ်ခုရုတ်တရက်စတင်လာသည်။

မင်းသားကွမ်း၏အသံ မှေးမှိန်သွားသည်နှင့်ရှစ်ဖုန့်ကလည်း  ဟင်းလင်းပြင်ထဲသို့ထိုးတက်သွားသည်။သူကလူအုပ်အားလွန်းထိုးဖြတ်သန်းပြီး  အစောပိုင်းက သူ၏မျက်လုံးအတွင်းသို့ဝင်ရောက်လာသော ကျောက်စိမ်းပြားထံသို့ ပျံသန်းသွားလိုက်သည်။

ဤအချိန်တွင် ကျင့်ကြံသူဆယ်ယောက်ကျော်ကလည်း  ကျောက်စိမ်းပြားထံသို့ မြင့်မားသောအမြန်နှုန်းဖြင့် ပျံသန်းလာသည်။

“အမှိုက်ကောင်..မင်းအတွက်ဘာကကောင်းလဲဆိုတာကိုသိရင် ဖယ်လိုက်စမ်း”

ဤအချိန်တွင် ဆဲဆိုခြိမ်းခြောက်သံများက  အတွဲလိုက်ရုတ်ခြည်းထွက်ပေါ်လာသည်။ ခံ့ညားသောမျက်နှာနှင့် တုတ်ခိုင်သန်မာသောကိုယ်ရှိကာ အပေါ်ပိုင်းအဝတ်ဗလာဝတ်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က လက်အတွင်း၌ဆူးတင်းပုတ်တစ်ခုအား  ကိုင်ဆောင်ကာ ကျောက်စိမ်းပြားထံသို့ဦးတည်ပျံသန်းလာသည်။

သို့သော်   သူတို့ကျောက်စိမ်းပြားနားသို့ရောက်ခါနီးသည်ကို တွေ့နေရသောအခါတွင်   ဤကျင့်ကြံသူဆယ်ယောက်အနေဖြင့်မည်ကဲ့သို့ ဤကဲ့သို့ဆုတ်ခွာနိုင်ပါမည်နည်း။  သူ၏စကားများကအသုံးမဝင်သည်အားတွေ့ရသောအခါတွင်  သက်လတ်ပိုင်းအရွယ်လူ၏မျက်နှာထက်၌  ခက်ထန်မှုတို့ဖြစ်ပေါ်လာသည်။  သူ၏ဆူးတင်းပုတ်အား  ဟင်းလင်းပြင်အတွင်း မပြေမပြစ်လွှဲယမ်းလိုက်သည်။

ရုတ်ခြည်းဆိုသလို   ဤသေးငယ်သော ဧရိယာအတွင်း ဆူးတုတ်ပုတ်အရိပ်များကပျံနှံ့ထွက်ပေါ်လာသည်။  ချက်ချင်းပဲ ကျင်ကြံသူတို့၏ပုံရိပ်များအား ဆူးတင်းပုတ်ရိပ်တို့က ဝါးမျိုသွားသည်။ျ

“အား”

“အား…အား..”

“အား”

စွမ်းအားကြီးတိုက်ခိုက်မှုများ၏အောက်တွင်   နာကျင်မှုအပြည့်နှင့်  စူးစူးဝါးဝါးအော်ဟစ်သံများကလေထဲ၌ထွက်ပေါ်လာကာ  တောက်ပနီရဲသောသွေးများက နေရာအနှံ့ပြန့်ကျဲသွားသည်။

များပြားလှသော ဆူးတင်းပုတ်ပုံရိပ်များနှင့် အောက်ဘက်သို့ပြန့်ကျဲကျရောက်သွားသော  တောက်ပနီရဲသည့်သွေးများအားကြည့်၍ သွေးပျက်ဖွယ်နာကျင်စွာအော်ဟစ်သောအသံများအားကြားရသောအခါတွင်  သက်လတ်ပိုင်းအရွယ်လူ၏ မျက်နှာထက်၌လှောင်ပြုံးတစ်ခုထွက်ပေါ်လာသည်။

“အမှိုက်တွေ..ငါမင်းတို့ကိုအခွင့်အရေးတစ်ခုပေးပေမဲ့..မင်းတို့က မလိုချင်ကြဘူး..မင်းတိုသေဖို့ပဲထိုက်တန်တယ်”

သူစကားအဆုံးသတ်သို့ရောက်သောအခါတွင်  ရက်စက်သော အမူအယာက သူ၏မျက်နှာထက်၌ဖြစ်ပေါ်လာသည်။

“ဟမ်”

ဤအခိုက်အတန့်တွင်   မူလက သက်လတ်ပိုင်းအရွယ်လူမှာ သူ၏စွမ်းအားအောက်တွင်ဤလူများအားအလွယ်တကူ ရှင်းလင်းပြီးနောက် ကျောက်စိမ်းပြားကျအလာကိုသာစောင့်ဆိုင်းရန်လိုသည်ဟုတွေးထင်ခဲ့သည်။

သို့သော်ယခုအခါတွင်   နောက်ထပ်သေချင်နေသောလူတစ်ယောက် ရှိလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။  ထိုလူက တကယ်ပဲသူ့အား ဖြတ်ကျော်ပျံသန်းသွားပြီး  သူယူရန်အလိုရှိနေသော ကျောက်စိမ်းပြားထံသို့  ဦးတည်သွားသည်။

“ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်အမှိုက်ကောင်”

အနက်ရောင်ပုံရိပ်အားကြည့်၍   သက်လက်ပိုင်းအရွယ်လူက ယုတ်ယုတ်ကန်းကန်းပင်ပြောလိုက်သည်။  ထို့နောက် လှောင်ပြောင်သောအမူအယာတစ်ခုက သူ၏မျက်နှာထက်တွင်ထပ်မံပေါ်လာပြီး အော်ပြောလိုက်သည်။

“မင်းကသေချင်နေတာပဲ.. သေဖို့ပဲထိုက်တန်တွင်”

အော်ပြောပြီးနောက်  သက်လတ်ပိုင်းအရွယ်လူ၏ခန္ဓာကိုယ်က ထပ်မံလှုပ်ရှားလိုက်သည်။  သူ၏လက်အတွင်းရှိ ဆူးတင်းပုတ်အားကိုင်၍ သူ့ထက်ရှိအနက်ရောင်ပုံရိပ်ထံသို့ ထုနှက်လိုက်သည်။

“ဒီတစ်ကြိမ် ဒီလိုအမှိုက်မျိုးက ငါမှုန့်မှုန့်ညှက်ညှက်ကြေအောင်ထုနှက်ပစ်မယ်”

သက်လတ်ပိုင်းအရွယ်လူမြင်တွေ့လိုက်ရသော ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်လူမှာ  ရှစ်ဖုန့်ပင်ဖြစ်သည်။  ရှစ်ဖုန့်၏ပုံရိပ်က ရပ်တန့်လာသည်။  သူကလက်ကို လှမ်းလိုက်ပြီးကျောက်စိမ်းပြားအားလက်အတွင်းဖမ်းဆုပ်ကိုင်လိုက်သည်။

ဤအချိန်တွင်  သူ၏အောက်ဘက်မှနေ၍   ဆူးတင်းပုတ်တစ်ခုလာနေသည်ကိုရှစ်ဖုန့်သတိပြုမိပြီးဖြစ်သည်။

“အမှိုက်”

ဆူးတင်းပုတ်နှင့်၎င်းအားကိုင်ဆောင်ထားသော သက်လတ်ပိုင်းအရွယ်လူအားငုံ့ကြည့်ရင်း ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ထို့နောက်   သူ၏ညာခြေအား မလိုက်ပြီး သူ့ထံသို့ လာနေသော ဆူးတင်းပုတ်ထံသို့ ဆောင့်နင်းချလိုက်သည်။

“ဒါက..ရဲတင်းလိုက်တာ.. ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်က ငါ့ကိုဘယ်လိုတောင် နှိမ့်ချရှုမြင်ရဲတာလဲ.. ငရဲကိုသွားလိုက်စမ်း”

သက်လတ်ပိုင်းအရွယ်လူက  ရှစ်ဖုန့်၏ခြေဖဝါးလှုပ်ရှားမှုအားမြင်တွေ့လိုက်ရသည်။  ဤအမှိုက်မှာ သူ၏တိုက်ခိုက်မှုလာနေသည်ကို ရှင်းရှင်းလင်းလင်းမြင်သော်လည်း   ၎င်းက ရှောင်ရှားခြင်းမပြုချေ။ထိုအစား   သူ၏တိုက်ခိုက်မှုကို၎င်းက ခြေဖဝါးဖြင့် ချိုးဖျက်ချင်နေသည်။ ယင်းက သူ၏ ရိုးရှင်းစွာပင် နှိမ့်ချကြည့်ရှုခြင်းဖြစ်ပြီး သေချင်နေခြင်းဖြစ်သည်။

ထို့နောက် သက်လတ်ပိုင်းအရွယ်လူက  ဆူးတင်းပုတ်၏စွမ်းအားအား တိုးမြှင့်လိုက်သည်။

“ဘန်း”

ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။  ထို့နောက်ရုတ်ခြည်း   သက်လတ်ပိုင်းအရွယ်လူ၏  မျက်နှာက   ကြီးစွာပြောင်းလဲသွားသည်။  ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်၏ခြေဖဝါးအောက်၌   သူ၏တိုက်ခိုက်မှုအားလုံးလုံးဝဖျက်ဆီးခံလိုက်ရရုံသာမက   ဆူးတင်းပုတ်ပင် အပိုင်းပိုင်း ကျိုးသွားခဲ့သည်။

“ဘယ်…ဘယ်လိုလုပ်ပြီးဒါကဖြစ်နိုင်မှာလဲ.. သူ..သူက ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ် အမှိုက်ပဲဟာ..”

သက်လတ်ပိုင်းအရွယ်လူမှာ   မယုံကြည်နိုင်ဖြစ်နေသည်။ဤသို့တကယ်ဖြစ်ပျက်ခဲ့သည်ဖြစ်သည်။ သူကကြယ်သုံးပွင့်သူတော်စင်နယ်ပယ်တစ်ဦးဖြစ်၏။

ရုတ်တရက် သက်လတ်ပို်ငးအရွယ်လူ၏တုတ်ခိုင်သော ကိုယ်မှာ  တုန်ယင်သွားသည်။ အစောပိုင်းတုံးက   ထိုလူက သူ၏တိုက်ခိုက်မှုအားချိုးဖျက်ပြီး  ဆူးတင်းပုတ်အားဖျက်ဆီးလိုက်ချိန်တွင်  စွမ်းအားကြီးစွမ်းအင်တစ်ခုက ဆူးတင်းပုတ်အားဖြတ်သန်း၍ သူ၏လက်ဖဝါးအတွင်းဝင်ရောက်လာခဲ့သည်။ ထို့နောက်လက်ဖဝါးမှတစ်ဆင့် လက်မောင်းကိုဖြတ်သန်း၍ ၎င်းက ခန္ဓာကိုယ်အတွင်း၌ပေါက်ကွဲသွားသည်။

“ဝေါ့”

သက်လက်ပိုင်းအရွယ်လူ၏ပါးစပ်မှ တောက်ပနီရဲသောသွေးတစ်ပွက်အန်ထွက်လာသည်။ သူ့ခန္ဓာကိုယ်၏ပြောင်းလဲမှုအားအာရုံခံရင်း စွမ်းအားကသူ၏ကိုယ်အတွင်းဝင်ရောက်ပြီးနောက် သူ၏မရီဒီယန်များ၊ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများအား အရှိန်အဟုန်ဖြင့် ဖျက်ဆီးပစ်လိုက်သည်ကို  တုန်လှုပ်အံ့အားသင့်ဖွယ်တွေ့ရှိလိုက်ရသည်။ သူနှလုံးသည်ပင် ကွဲအက်သွားသည်။

“ဒီ..ဒီစွမ်းအား.ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. သူက အင်ပါယာနယ်ပယ်အမှိုက်တစ်ယောက်ပဲဟာ”

သူ့ခန္ဓာကိုယ်၏အဖြစ်အပျက်များအားအာရုံခံမိသကဲ့သို့  သတ်လတ်ပိုင်းအရွယ်လူ၏   မျက်လုံးတို့ထဲ၌ မယုံကြည်မှုတို့ဖြင့်ပြည့်နှက်နေသည်။  ထို့နောက် သူ၏မျက်လုံးတို့ ရုတ်တရက်ပြူးကျယ်သွားပြီး  တစ်စုံတစ်ခုအားသတိရသွားသည်။

“စက်ဆုပ်ဖို့ကောင်းတာ..ဝက်ကိုစားမဲ့..ကျား”

“ငါ…မုန်းတီး…အား..”

“ဝေါ့”

ထိုနောက် နောက်ထပ်တောက်ပနီရဲသောသွေးတို့က သူ၏ပါးစပ်မှရေပန်းကဲ့သို့  ပန်းထွက်လာသည်။ ဤအရာအားသူနားလည်သောအခါတွင် သူ၏အသိက သူ၏စိတ်ထဲမှဒီရေအလားရုတ်ခြည်းရုတ်လျော့လာ၏။

ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်အမည်မသိ  သက်လတ်ပိုင်းအရွယ်လူတစ်ယောက်  ကျဆုံးသွားခဲ့ပြီဖြစ်သည်။  ၎င်းသေဆုံးပြီးနောက် သွေးများကသူ၏ပါးစပ်မှဆက်လက်ပန်းထွက်နေဆဲဖြစ်သည်။  သူ၏ကိုယ်က စတင်ရှုံ့တွလာ၏။ ခဏကြာပြီးနောက်   ၎င်းက ရှုံ့တွခြောက်သွေ့သောအလောင်းတစ်ခုဖြစ်လာကာ မြေပြင်ပေါ်သို့ လျှင်မြန်ကျဆင်းသွားသည်။

ဟင်းလင်းပြင်ထဲ၌ ကျောက်စိမ်းပြားအတွက်  တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေသည်။  ဟင်းလင်းပြင်ထဲ၌ သတ်ဖြတ်မှုများဆက်လက်ဖြစ်ပွားနေ၏။

ကျောက်စိမ်းပြားအားရရှိပြီးနောက် ရှစ်ဖုန့်ကမြေပြင်ပေါ်သို့ ပြန်သွားခြင်းမပြုပေ။ ထိုအစား ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသည်။ဘာကိုမှအလဟဿ ဖြုန်းတီးပစ်ခြင်းမပြုရဟူသောစဉ်းမျဉ်းကိုအခြေခံ၍  သေဆုံးသွားသောကျင့်ကြံသူတို့၏ သေခြင်းစွမ်းအင်၊ ဝိညာဉ်နှင့် လက်ဆတ်သောသွေးတို့အား  ဝါးမျိုနေသည်။

အကြိမ်ကြိမ် ရှုံ့တွနေသောအလောင်းများက ဟင်းလင်းပြင်ထဲမှကျဆင်းလာသည်။ မြေပြင်ပေါ်ရှိလူများမှာ  ဤကဲ့သို့ရှုံ့တွနေသော အလောင်းများအားတွေ့ရသောအခါတွင် အလန့်တကြားဖြစ်မိကြသည်။

သေဆုံးသူများ  ထပ်မံမရှိတော့ကြောင်းဖြည်းဖြည်းချင်း ရှာတွေ့သေအခါတွင်  ရှစ်ဖုန့်လှုပ်ရှားလိုက်ပြီး မြေပြင်ပေါ်ရှိလူအုပ်ထဲသို့ ဆင်းလိုက်သည်။

ထို့နောက် ကျင့်ကြံသူများကလည်းမြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်ပြန်လည်ရောက်ရှိလာ၏။

လူအုပ်ကြီး၏အထက်တွင်  ရွှေရောင်ပုံရိပ်ဖြစ်သော ရွှေရောင်ဝတ်ရုံနှင့် မင်းသားကွမ်းမှာ  ဝင့်ကြွားစွာရပ်နေဆဲဖြစ်ပြီး  ငုံ့ကြည့်နေသည်။  မင်းသားကွမ်း၏အာရုံက  ဟင်းလင်းပြင်ထဲရှိသွေးများအား ဝါးမျိုနေသောအနက်ရောင်ပုံရိပ်ပေါ်သို့ကျရောက်နေ၏။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters