← Chapters

ယင်ကောင်စစ်သူကြီး

Vol. 7 Ch. Chapter 30

ယင်ကောင်စစ်သူကြီး

Vol. 7 Ch. Chapter 30

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 30 - ယင်ကောင်စစ်သူကြီး

ဒူးထောက်ကျနေပြီး ပြန်မတိုက်နိုင်ဖြစ်နေတဲ့ ဂရေဟမ်နားကို ဂိုဏ်းစတားနှစ်ယောက်ချဥ်းကပ်လာပါတယ်။ သူတို့က ယင်ကောင်တွေနဲ့ဂရေဟမ်ရဲ့ပွဲကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အခုလိုအခွင့်ကောင်းရမှာ ဝင်လာခဲ့တာပါ။

"ကောင်လေး၊ မင်းကိုယ်မင်း ဟုတ်လှပြီထင်နေတာမဟုတ်လား။ နောက်ဆုံးတော့လည်း ငါတို့ဆရာကြီးအကြံအောက်မှာ ကျဆုံးသွားတော့တာပါပဲ။"

ဂိုဏ်းသားတစ်ယောက်က ဂရေဟမ်ရဲ့နောက်စေ့က ဆံပင်ကိုဆွဲပြီးမှောက်လိုက်တယ်။ အဲဒီနောက် ရှေ့မှာရှိနေတဲ့ ကျောက်တုံးနဲ့ခေါင်းကိုဆောင့်ချလိုက်လေရဲ့။ ဂရေဟမ်ခေါင်းကနေ သွေးတွေဖြာထွက်လာတယ်။ တခြားဂိုဏ်းသားတစ်ယောက်ကတော့ တားလိုက်တယ်။

"ဟေး၊ မင်းသူ့ကို သတ်မိဦးမယ်နော်။ ခေါင်းဆောင်ကြီးက သူတို့ကိုအရှင်လိုချင်တာကွ။ ဒါမှဟီးရိုးကျောင်းနဲ့ ဆွေးနွေးလို့ရမှာလေ။"

မာတီရာဂိုဏ်းကလူတွေက အရူးတွေမဟုတ်ပါဘူး။ သူတို့က မြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ မာဖီးယားတွေဖြစ်ပေမဲ့ ဟီးရိုးကျောင်းတစ်ခုရဲ့လက်စားချေမှုကို ရင်ဆိုင်ရဲလောက်တဲ့အထိ အင်အားမကြီးသေးပါဘူး။ အခုသူတို့လုပ်နေတာကလည်း ဟီးရိုးကျောင်းကို ရန်စဖို့မဟုတ်ဘဲ အပေးအယူလုပ်ဖို့ ဓားစာခံရှာတဲ့သဘောပါ။

"ကောင်းပြီလေ၊ ကျောင်းသားတွေကို သတ်လို့မရဘူးဆိုတော့ ဟိုကောင့်​ကို သတ်ရမှာပေါ့။"

ဂိုဏ်းသားက ခါးမှာချိတ်ထားတဲ့ ပုဆိန်သေနတ်ကို ဖြုတ် ပြီးဓာတ်ပုံဆရာကိုချိန်လိုက်တယ်။ သစ်ပင်အကွယ်မှာပုန်းနေတဲ့ ဓာတ်ပုံဆရာက ထွက်ပြေးချင်ပေမဲ့ သူ့ခြေထောက်တွေက ကြောက်လွန်းလို့ချိနဲ့နေပြီး လှုပ်မရဘူး။

ဝှစ်....

ရုတ်တရက် ငွေရောင်အလင်းတန်းက လေထုထဲမှာ ထွက်ပေါ်လာတယ်။ ဂိုဏ်းသားနှစ်ယောက်စလုံး မျက်စိမျက်နှာပျက်သွားကြတယ်။ ဒါပေမဲ့ သူတို့ဘာမှမလုပ်နိုင်သေးခင် သူတို့ခေါင်းတွေက လည်တိုင်ကို

စွန့်ခွာခဲ့ပါပြီ။

ဘုတ်.... ဘုတ်...

မာဖီးယားဂိုဏ်းသားတွေရဲ့ခေါင်းက မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ သတိမေ့လုမေ့ခင်ဖြစ်နေပြီဖြစ်တဲ့ ဂရေဟမ်က ငွေရောင်ပုံရိပ်ကိုကြည့်လိုက်ပြီး ရေရွတ်လိုက်တယ်။ "Silver Knight" နောက်တော့ သူသတိလုံးလုံးပျောက်သွားတယ်။

"သွား၊ မင်းမိသားစုကိုခေါ်ပြီး ဒီမြို့ကနေ ထွက်သွားတော့။" ငွေရောင်စစ်သည်က ဓားရဲ့အနေအထားကို ပြန်ပြောင်းလိုက်ရင်း ပြောလိုက်တယ်။ အခုထိသူ့ကိုယ်ပေါ်မှာ သွေးနီနီတွေပေကျံနေတုန်းပဲ။ ကျောင်းက တပည့်ဖြစ်သူတွေကို နာကျင်အောင်လုပ်ခဲ့တဲ့သူတွေကို သူခွင့်မလွတ်နိုင်တာကြောင့် လူသတ်မိလိုက်တာပါ။ ပြီးတော့ ဒီမာဖီးယားတွေကို သူချမ်းသာပေးမှာမဟုတ်ဘူး။

"ဟုတ်... ဟုတ်ကဲ့။" ဓာတ်ပုံဆရာက အလန့်တကြားနဲ့ပြန်ဖြေပြီး သစ်တောထဲကနေ ပြေးထွက်သွားပါတယ်။ ငွေရောင်စစ်သည်ကတော့ ဂရေဟမ်ကိုပခုံးပေါ်တင်ပြီး မြို့ဆီကိုစပြေးတယ်။ ဂရေဟမ်ဖြစ်သွားတာ တိုက်ဆိုင်မှုမဟုတ်လောက်ဘူး။ ဆိုလိုတာက တခြားကျောင်းသားတွေလည်း အန္တရာယ်ကျရောက်နေပြီဆိုတာပဲ။

"ထင်ထားတဲ့အတိုင်းပဲ။" မြို့ထဲရောက်တော့ ဂိုဏ်းသားတွေက သူ့ကျောင်းသားတွေကိုသယ်ပြီး တစ်နေရာသွားနေမှန်း သတိထားမိလိုက်ပြီး ငွေရောင်စစ်သည်က လူတွေသူ့ကိုမ​မြင်အောင် တစ်နေရာမှာပုန်းရင်း ဂရေဟမ်ကိုစစ်ဆေးလိုက်တယ်။

"မြူတန့်သားရဲရဲ့အသားမှာပါတဲ့ အဆိပ်ကြောင့် သူတို့ဒီလိုဖြစ်သွားတာပဲ။ ဘရီစာတောင် သတိမထားမိဘူးဆိုတော့ လူယုံဖြစ်တဲ့အပြင် သတိထားမိဖို့ခဲယဥ်းတဲ့အဆိပ်ကို သုံးနိုင်တဲ့သူဖြစ်လိမ့်မယ်။"

ငွေရောင်စစ်သည်ရဲ့ခေါင်းထဲ အချက်အလက်တွေစတင်စုပြုံလာတယ်။ အသား၊ အဆိပ်၊ လူယုံ ဒါတွေအားလုံးနဲ့ ကိုက်ညီတဲ့လူတစ်ယောက်ပဲ ဒီမြို့မှာရှိပါတယ်။ ငွေရောင်စစ်သည်ရဲ့မျက်လုံးက အပြာရောင်အလင်းနဲ့အတူတောက်ပသွားတယ်။

"ဒီမစ်ရှင်ကိုတင်တဲ့ စားဖိုမှူးဟီးရိုးက သစ္စာဖောက်ပဲ။" ပုံမှန်နည်းလမ်းနဲ့ဆိုရင် အဆိပ်ရှိတဲ့မြူတန့်သားကို ကလေးတွေမစားလောက်ဘူး။ စားဖိုမှူးက ပုံမှန်ဟင်းတစ်မျိုးအ​ဖြစ် ပြောင်းလိုက်လို့ပဲဖြစ်မှာ။

"ဘာအကြောင်းနဲ့ သစ္စာဖောက်တာပဲဖြစ်ဖြစ် ငါ့ရဲ့ကျောင်းသားတွေကို ထိခိုက်စေတဲ့အတွက် ခွင့်မလွှတ်နိုင်ဘူး။"

ငွေရောင်စစ်သည်က ကျောင်းကိုဆက်သွယ်လိုက်တယ်။ "အေမီ၊ ငါ့ဆီကို ဆေဘာစတိန်းလွှတ်လိုက်။" သူပြောပြီးလို့မကြာခင်မှာပဲ ကျောနောက်မှာ ပေါ်တယ်တစ်ခုပွင့်လာတယ်။ သေချာပေါက် ဇွန်ဘီမလေးရဲ့စွမ်းအားပါ။

"ကျွန်မတို့ရောလာကူရဦးမလား၊ မမလေး။" အေမီက မေးလိုက်ပေမဲ့ ငွေရောင်စစ်သည်က ခေါင်းခါပြတယ်။ "မလိုဘူး၊ ငါတစ်ယောက်တည်းနဲ့ ကိုင်တွယ်နိုင်တယ်။"

ဝုတ်... ဝုတ်...။

စေဘာစတိန်းက ပေါ်တယ်ထဲကနေထွက်လာပြီး ငွေရောင်စစ်သည်ကို ဝိုင်းပတ်ပြီးဟောင်တယ်။ သခင်ဖြစ်သူနဲ့ စွန့်စားခရီးမထွက်ရတာ အချိန်တစ်ခုကြာပါပြီ။ အခုသခင်က သူ့ကိုအလိုရှိနေပြီလေ။

....

အီဗန်မျက်လုံးဖွင့်လိုက်တယ်။ သူ့ရှေ့မှာမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မနေနိုင်ဘဲ အံ့ဩမိသွားတယ်။ သူ့အတန်းဖော်တွေနဲ့အတူ ဆရာမဘရီစာဟာ ခုံနဲ့တွဲပြီး ကြိုးချည်ခံထားရပါတယ်။ ပြီးတော့ သူတို့လက်တွေမှာ မြူတန့်လက်ထိပ်တွေနဲ့။

"ဆရာမဘရီစာ၊ ဆရာမရောလား။"

အီဗန်မနိုးခင်တည်းက နိုးနေတဲ့ ဘရီစာက အရှက်ရစွာ ပြုံးပြပြီးခေါင်းခါပြတယ်။ အခုထိ သူ့ကိုယ်သူ အပြစ်မကင်းဘူးလို့ ခံစားနေရဆဲပါ။ "ကောင်လေးတွေ၊ ငါသာသတိမလွတ်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ ဝေးကွာနေတဲ့ မိတ်ဆွေတစ်ယောက်ကို ငါယုံမိသွားတယ်။"

အီဗန်က ပတ်ဝန်းကျင်ကို စပြီးလေ့လာကြည့်တယ်။

သူတို့က ​တောအုပ်အလယ်မှာရှိတဲ့ ရှေးခေတ်သစ်သား အမဲလိုက်စံအိမ်ကြီးရဲ့ပင်မခန်းမထဲမှာ ရှိနေပုံပေါ်ပြီး အဆင့်မြင့် မာတီရာဂိုဏ်းသားတွေက ခန်းမဘေးတစ်ဖက်တစ်ချက်စီမှာ စီစီရီရီရပ်နေကြတယ်။ ဂိုဏ်းရဲ့အုပ်စုခေါင်းဆောင်နှစ်ယောက်ကတော့ လူမရှိသေးတဲ့ ထိုင်ခုံကြီးတစ်ခုဘေးမှာ ရပ်နေကြပြီး တစ်ယောက်ယောက်ကို စောင့်နေပုံပေါ်ပါတယ်။

ဒေါက်... ဒေါက်.... ဒေါက်....

မကြာခင်မှာပဲ သူတို့တွေ ခြေသံစကြားရတယ်။ လက်ထဲမှာ သစ်သားတုတ်ကောက်ကိုင်ထားတဲ့ လူလက်ပိုင်းတစ်ယောက် ခန်းမထဲကို ဝင်လာပါတယ်။ အီတလီမာဖီးယားတွေဝတ်ထားတဲ့အတိုင်းဝတ်ထားပြီး ဦးထုပ်ဝိုင်းမပါတာပဲရှိတယ်။ ရွှေကြိုးပါမျက်မှန်ဝိုင်းကို ဝတ်ထားပြီး အဖြူနဲ့အနက်ရောနေတဲ့ ဆံပင်ကို ဆီများများနဲ့သေသေသပ်သပ် ဖီးသင်ထားတယ်။

"မာတီယာ ထရူးမင်း။" အီဗန်က ချက်ချင်းဆိုသလိုပဲ ဒီလူကို မစ်ရှင်ဓာတ်ပုံထဲကလူနဲ့ တွဲမိသွား​တယ်။ သူက မာတီမြို့ရဲ့ပဲ့ကိုင်ရှင် ဝီလီယံစပေါ့မြို့ရဲ့အရိပ်နောက်က အုပ်စိုးသူပါ။

"လူတွေပြောကြတာတော့ ကပ္ပတိန်စတိတ်မန်းတည်ထောင်ခဲ့တဲ့ နယူးယောက်ဟီးရိုးကျောင်းက ထိပ်သီးကျောင်းရှစ်ကျောင်းထဲက တစ်ခုတဲ့။ အခုတော့လည်း ထင်သလောက်မဟုတ်ပါလား၊ ဘရီစာ။"

မာတီရာက ဘရီစာရှေ့မှာရပ်လိုက်ပြီး ဘရီစာရဲ့မျက်နှာကို တံထွေးနဲ့ထွေးလိုက်တယ်။ အီဗန်က စိတ်မထိန်းနိုင်တော့ဘဲ ဒေါသထွက်လာပြီး သူ့ကိုချည်ထားတဲ့နေရာကနေ ရုန်းဖို့ကြိုးစားပေမဲ့ စွမ်းအားသုံးမရဘူး။

"ခင်ဗျားသာ ကျုပ်တို့ကို အဆိပ်မခတ်ရင် ကျုပ်တို့ကိုနိုင်မှာမလို့လား။ ကျုပ်တို့ဆရာမကို လုပ်ခဲ့တာအတွက်တောင်းပန်။"

အီဗန်က အရူးတစ်ယောက်လိုမျိုး စတင်အော်ဟစ်တယ်။ မာတီရာက သည်းမခံနိုင်တော့ဟန်နဲ့ ကျစ်ခနဲအသံပြုလိုက်တယ်။ နောက်တော့ သူ့လက်ထဲမှာကိုင်ထားတဲ့ တုတ်ကောက်ကိုမြှောက်ပြီး အီဗန်ကိုရိုက်ချလိုက်တယ်။

ဖြောင်း...

တုတ်ကောက်က အီဗန်ရဲ့မျက်နှာကိုရိုက်မိသွားပြီး ထက်ပိုင်းကျိုးသွားတယ်။ အီဗန့်ပါးစပ်ထဲကနေ သွားနှစ်ချောင်းကျွတ်ထွက်သွားပြီး ထိုင်ခုံယိုင်သွားကာ ကြမ်းပြင်ပေါ် လဲကျသွားတယ်။ မာတီရာက အီဗန်နားကို ဖြည်းဖြည်းချင်းလျှောက်လာပြီး ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ အဲဒီနောက် အီဗန်ရဲ့နားထင်က ဆံစတချို့ကို ဖယ်ရှားပေးလိုက်ပြီး ပြောပါတယ်။

"မင်းက ခွန်အားရှိလို့ ခွန်အားကိုသုံးတယ်။ ငါက ဉာဏ်ရှိလို့ ဉာဏ်ကိုသုံးတယ်။ ငါ့အတွက်တော့ ဒီတိုက်ပွဲက တရားတယ်။"

မာတီရာက ပြောပြောဆိုဆိုနဲ့ အီဗန်ရဲ့မျက်နှာပေါ် တံထွေးထွေးချလိုက်ပြီး ပြန်ထတယ်။ နောက်တော့ သူ့နားထင်ကို ဘွတ်ဖိနပ်စီးထားတဲ့ ခြေထောက်နဲ့နင်းပြီး တစ်ချက်ဆောင့်ကန်လိုက်တယ်။ အဲဲဒီနောက် သူက ဂိုဏ်းသားတစ်​ယောက်ကို လက်ပြပြီးခိုင်းတယ်။

"ငါ့အတွက် တုတ်ကောက်သစ်ယူလာခဲ့။" ဂိုဏ်းသားက ခေါင်းညိတ်ပြီး ခန်းမထဲက ထွက်သွားတယ်။ မကြာခင်မှာပဲ ပြန်ရောက်လာပြီး တုတ်ကောက်ကို ဆက်သလိုက်တယ်။ မာတီရာက တုတ်ကောက်သစ်နဲ့အတူ ခန်းမထိပ်က ထိုင်ခုံကြီးဆီသွားထိုင်ပါတယ်။ ဂိုဏ်းသားအားလုံးက သူ့ကိုဦးညွှတ်အရိုအသေပေးလိုက်တယ်။ အဲဒီနောက် မာတီရာပြောတဲ့စကားက...

"အဲဒီကောင်လေးကို ခုနက ငါလုပ်ခဲ့တဲ့အတိုင်း မင်းတို့လုပ်ကြ။ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေတဲ့ကောင်တွေကို ငါအမုန်းဆုံးပဲ။"

"ဟုတ်ကဲ့၊ ဂိုဏ်းချုပ်။" ခန်းမထဲမှာရှိနေတဲ့ အီတလီမာဖီးယားတွေက အကျယ်ကြီးပြန်ထူးလိုက်ပြီး အီဗန်ရှေ့မှာ စတန်းစီတယ်။ အားလုံးပေါင်း လူငါးဆယ်လောက်ရှိပါတယ်။ သူတို့တစ်ယောက်ချင်းစီက အလှည့်ကျ အီဗန်ရဲ့မျက်နှာကို တံထွေးထွေးပြီး နားထင်ကို ဖနောင့်နဲ့လာကန်ကြတယ်။ အားလုံးပြီးတော့ အီဗန်မျော့မျော့ပဲကျန်တော့တယ်။

"ဒီတော့ အခုအစည်းအဝေးပွဲမှာ မင်းတို့ငါ့ကိုဘာပြောစရာရှိလဲ။"

အားလုံးအီဗန်ကို ကန်ပြီးမှ မာတီရာက စကားဆက်တယ်။ အဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးက ဦးညွှတ်လိုက်ပြီး စတင်ပြတယ်။

"ဂိုဏ်းချုပ်၊ စားဖိုမှူးက ဟီးရိုးတွေမရောက်ခင်တစ်နေ့က ကြိုရောက်လာတဲ့ အမည်မသိမြူတန့်တစ်ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူ့စွမ်းအားက စိတ်ဝင်စားစရာကောင်းလို့ မဟာမိတ်ပိုးကောင်တွေကို ရောင်းလို့ရမယ်ထင်ပါတယ်။"

သူတို့စကားကောင်းနေတုန်း ငွေရောင်စစ်သည်က သစ်လုံးအိမ်ခေါင်မိုးပေါ်ရောက်လာတယ်။ သူက အဖြစ်အပျက်တွေကို နားထောင်နေရင်း ဝင်ဖို့အချိန်ကောင်းစောင့်နေတယ်။ မာတီရာဂိုဏ်းက သူတို့မသိသေးတဲ့ ပိုးကောင်မျိုးစိတ်နဲ့အလုပ်တွဲလုပ်နေတာမလို့ သတင်းအချက်အလက် လုံလောက်အောင်ရပြီးမှ ဝင်သောင်းကျန်းတာ ပိုကောင်းပါတယ်။

"ဒီကိုခေါ်ခဲ့လေ။" မာတီရာက ပြောလိုက်တယ်။ မကြာခင်မှာပဲ ဂိုဏ်းသားတချို့က မြူတန့်လက်ထိပ်နဲ့ဖမ်းထားရတဲ့ ငွေရောင်နဲ့ရွှေရောင်ဆံပင်တွေရောစပ်နေတဲ့ မိန်းကလေးကိုခေါ်လာတယ်။ ခေါင်မိုးပေါ်က ငွေရောင်စစ်သည်ကတော့ မျက်မှောင်ကြုတ်လိုက်ပါတယ်။

"ဒါက ဖရာလီတာငါ့ကိုဖိုင်တွေပို့ထားတဲ့အထဲက ကြေးစားစစ်တပ်လူလုပ်မြူတန့်တွေထဲကတစ်ယောက်မဟုတ်လား။"

မက်ဒါနာက အဲဒီကောင်မလေးက ကြေးစားစစ်တပ်ကနေ တစ်နည်းနည်းနဲ့ထွက်ပြေးလာတဲ့ လီရာမှန်း သတိထားမိလာတယ်။ ငွေရောင်စစ်သည်က မေးကိုပွတ်ရင်း မှတ်ချက်ချလိုက်လေရဲ့။

"ကြည့်ရတာ ကိစ္စတွေက ပိုစိတ်ဝင်စားစရာကောင်းလာပုံပဲ။"

"နောက်ထပ်ရော..." မာတီရာက မေးလိုက်တယ်။ ဒီတစ်ခါတော့ အနက်ရောင်ဝတ်ထားတဲ့ အမျိုးသား ခေါင်းဆောင်က ဝင်ပြောပါတယ်။

"ဟုတ်ကဲ့၊ စားဖိုမှူးမားဒေါ့ခ်က ဆရာ့ကိုတွေ့ခွင့်တောင်းထားပါတယ်။ ဘာပဲဖြစ်ဖြစ် အခုအောင်ပွဲက သူ့ကြောင့်ပါ။"

မာတီရာက ခေါင်းညိတ်လိုက်ပြီး တောက်ကောက်ကိုမြှောက်ပြလိုက်တယ်။ "သူ့ကိုဝင်ခွင့်ပေးလိုက်၊ သူဘာပြောမလဲကြည့်ကြသေးတာပေါ့။"

မကြာခင်မှာပဲ စားဖိုမှူးမားဒေါ့ခ်က ရူးသွပ်နေသူတစ်ယောက်လိုမျိုး ခန်းမထဲကိုဝင်လာပြီး မာတီရာကို ဘုရင်တစ်ပါးလို ဒူးထောက်ခစားတယ်။ "ခေါင်းဆောင်ကြီးမာတီရာ ကျန်းမာပါစေ။"

ဘရီစာက အဲဒီမြင်ကွင်းကိုကြည့်ရင်း မယုံနိုင်ဘူးဖြစ်နေတယ်။ သူ့ရဲဘော်ရဲဘက်တစ်ယောက်က ဘယ်လိုလုပ်ပြီး အခုလောက်အထိနိမ့်ကျသွားတာလဲ။ မာတီရာကတော့ သူ့ရှေ့က မြင်ကွင်းကိုကြည့်ရင်း သဘောခွေ့နေတယ်။ ဟီးရိုးတစ်ယောက်ကိုယ့်ရှေ့မှာ ဒူးထောက်ရအောင်လုပ်ဖို့ဆိုတာ ဗီလိန်တိုင်းမက်ကြတဲ့အိပ်မက်ပါ။

"ရဲဘော်ကြီးမားဒေါ့ခ်၊ ဒီလောက်ရေးကြီးခွင်ကျယ် လုပ်စရာမလိုပါဘူး။ မင်းဘာလိုလဲသာပြောပါ။"

မားဒေါ့ခ်က နောက်တစ်ခါ ကြမ်းပြင်နဲ့ခေါင်းထိလုမတတ် ဦးညွှတ်ရင်း သူလိုချင်တာကို တောင်းဆိုပါတယ်။ "အပန်းမကြီးရင် ကျွန်တော့်မိသားစုကိုပဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်ခေါင်းဆောင်။ ကျွန်တော်တခြားဘာမှမလိုချင်ပါဘူး။"

မာတီရာက ဒီစကားကိုကြားတော့ ခေါင်းညိတ်လိုက်ပြီး အဝေးကိုမျှော်ကြည့်တယ်။ အတန်ကြာပြီးနောက်

အခုလိုပြောတယ်။ "မင်းမိန်းမကိုတော့ ငါတို့ပြန်ပေးနိုင်တယ်၊ ဒါပေမဲ့ မင်းလိုချင်ဦးမလားတော့ငါမသိဘူ။ မင်းသားကိုတော့ ငါတို့ပိုးကောင်တွေဆီရောင်းလိုက်ပြီ။"

"ဒါပေမဲ့ ကျုပ်ခင်ဗျားတို့အတွက်အလုပ်လုပ်ပေးရင်

သူတို့ကို အသက်ချမ်းသာပေးမယ်ဆို။"

"တိတ်စမ်း... မင်းက ငါ့ကိုမေးခွန်းထုတ်နေတာလား။ ငါက အသက်ချမ်းသာပေးမယ်ဆိုတဲ့စကားကို လိုက်နာသားပဲကွ။"

မာတီရာက လေသံမာမာနဲ့ပြောလိုက်တော့ စားဖိုမှူးက ချက်ချင်းနဖူးနဲ့ကြမ်းပြင်တိုက်လောက်အောင် ဦးညွှတ်ပြီးတောင်းပန်တယ်။ "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။"

"ရပြီတော်တော့၊ မင်းမိန်းမကို မင်းပြန်ခေါ်ချင်သေးလား။"

"ဟုတ်... ဟုတ်..." မားဒေါ့ခ်က ခေါင်းကိုဆက်တိုက်ညိတ်ပြတယ်။ မာတီရာက အမျိုးသားခေါင်းဆောင်ကို ခေါင်းညိတ်ပြလိုက်တယ်။ ခေါင်းဆောင်ကတစ်ဆင့် ငယ်သားတချို့ကိုခိုင်းလိုက်ပြီး သစ်လုံးအိမ်ကြီးရဲ့မြေတိုက်ခန်းထဲကို သူတို့ဆင်းသွားတယ်။

"မားဒေါ့ခ်၊ စိတ်တော့မရှိပါနဲ့ကွ။ ငါတို့ကောင်လေးတွေ နည်းနည်းလက်လွန်သွားတယ်ကွ။ စိတ်မရှိဖို့တော့ မျှော်လင့်ရတာပဲ။"

အမျိုးသားခေါင်းဆောင်က လေသံတည်ကြည်ပေမဲ့ ကောက်ကျစ်မယ့်မျက်နှာထားမျိုးနဲ့ ပြောတယ်။ မားဒေါ့ခ်မျက်နှာပေါ်မှာရှိနေခဲ့တဲ့အပြုံးပျောက်သွားပြီး အခန်းထဲ ဂိုဏ်းသားတွေနဲ့အတူပါလာတဲ့ သူ့မိန်းမကိုကြည့်လိုက်တယ်။

တစ်ကိုယ်လုံး အချိုးရာတွေ၊ ကုပ်ဖဲ့ရာတွေနဲ့ဖြစ်နေပြီး အဝတ်အစားတွေက ဖရိုဖရဲနဲ့ပါ။ ဆံပင်တွေကလည်း ငှက်သိုက်​လိုပွထနေပြီး မျက်လုံးတွေ​ကကြောင်တောင်တောင်နိုင်လှတယ်။ သူ့ကိုယ်သူတောင် ဘယ်နေရာရောက်လို့ရောက်နေမှန်းသိပုံမပေါ်ဘဲ ပါးစပ်ကနေ ဘာမှန်းမသိတဲ့စကားတွေကိုပဲ ဗလုံးဗထွေးရေရွတ်နေတယ်။ မားဒေါ့ခ်ရဲ့အမျိုးသမီးက စိတ်ဖောက်ပြန်သွားခဲ့ပါပြီ။

"မိန်းမ..." မားဒေါ့ခ်က စိုးရိမ်တကြီးပြေးဖက်လိုက်ပေမဲ့ သူ့မိန်းမက သူ့ကိုမှတ်မိတော့ပုံမပေါ်ဘူး။ အဲဒီအစား အရူးတစ်ယောက်လိုပဲ အော်ဟစ်နေပါတယ်။

အဲဒီအချိန်မှာပဲ ဂိုဏ်းသားတစ်ယောက်က အပြေးရောက်လာပြီး ဂိုဏ်းချုပ်မာတီရာကို အစီအရင်ခံတယ်။ "ဂိုဏ်းချုပ်၊ ပိုးကောင်စစ်သူကြီးက သူ့လူတွေ ကျွန်တော်တို့နယ်ထဲမှာသေသွားလို့ဆိုပြီး လာတွေ့ပါတယ်။"

"ဘာ၊ သူ့ကိုကြိုဆိုဖို့ မြန်မြန်လုပ်ရမယ်။ အသင့်ပြင်။"

ငွေရောင်စစ်သည်လည်း ပိုးကောင်စစ်သူကြီးဆိုတာကြားတာနဲ့ မကောင်းတာတစ်ခုခုဖြစ်တော့မယ်မှန်း သတိထားမိသွားတယ်။ သူထွက်ပြေးချင်ပေမဲ့ ပြေးလို့မဖြစ်နိုင်မှန်း သတိထားမိနေတယ်။ ပိုးကောင်စစ်သူကြီးသာ ဒီကိုရောက်နေရင် သူရှိနေတာကိုလည်း သတိထားမိပြီးသားဖြစ်နေလောက်ပါပြီ။

"ဘာတွေကြိုဆိုဖို့ပြင်နေတာလဲ၊ မလိုအပ်ပါဘူး။ ကျုပ်က ရောက်နေပြီးပြီပဲဥစ္စာ။"

ခန်းမအလယ်ကနေ စကားသံထွက်လာတယ်။ ဆယ့်လေးနှစ်လောက်ပဲရှိသေးပုံပေါ်တဲ့ ဆယ်ကျော်သက် လူငယ်လေးက ခန်းမအလယ်မှာရပ်နေတယ်။ မားဒေါ့ခ်ရဲ့မိန်းမက အဲဒီကောင်လေးကိုတွေ့တာနဲ့ မျက်လုံးတွေဝင်းပသွားတယ်။

"သား... သား...." ဆိုပြီးပြေးသွားပေမဲ့ ကောင်လေးက မျက်တောင်မခတ်ဘဲ လက်ကိုမြှောက်တယ်။ သူ့လက်က အမျိုးသမီးရဲ့ကျောကိုဖောက်ထွက်သွားပြီး

သွေးတွေက မားဒေါ့ခ်ရဲ့မျက်နှာကိုသွားစင်တယ်။ သူ့လက်ထဲမှာတော့ အမျိုးသမီးရဲ့နှလုံးသားပါလာပြီး ညှစ်ချေပစ်လိုက်တယ်။ အမျိုးသမီးက မြေပေါ်ကို ပုံလျက်သားကျသွားပြီ။

"ကျုပ်မှာ ခင်ဗျားတို့လို လူသားမိဘတွေမရှိဘူး။ ကျုပ်က ပိုးကောင်မိခင်ကြီးကနေ မွေးဖွားလာတဲ့ မြင့်မြတ်သောသူပဲ။"

မားဒေါ့ခ်က ကောင်လေးရဲ့လုပ်ရပ်ကိုမြင်တာနဲ့ အော်ဟစ်ပြီးပြေးလာတယ်။ "မင်းဘာလုပ်လိုက်တာလဲကွ။ အဲဒါမင်းအမေ..."

ဇာတ်လမ်းက အဖြူအမည်းရှင်းလင်းလာတယ်။ မားဒေါ့ခ်ရဲ့သားက ပိုးကောင်မိခင်ကြီးရွေးချယ်တာခံရပြီး ယင်ကောင်စစ်သူကြီးဖြစ်လာတဲ့ပုံပဲ။ ပြီးတော့ ဒီကောင်က သူ့ကိုယ်သူမြင့်မြတ်သူတစ်ယောက်လို့ထင်နေသူပါ။ မယ်လီလိုမျိုး လူသားစိတ်ရှိနေသူမဟုတ်ဘူး။

ကောင်လေးက မားဒေါ့ခ်ရဲ့ခေါင်းကို လက်တစ်ဖက်နဲ့တည်းဆုပ်ကိုင်ပြီး တစ်စစီခွဲချေပစ်လိုက်တယ်။ ဦးနောက်တွေက ခန်းမတစ်ခုလုံးကို ပြန့်နှံသွားပြီး အခုမှသတိရလာတဲ့ ဘယ်လာအလန့်တကြားအော်လိုက်မိတယ်။ ဟီးရိုးတွေအတွက်တောင်မှ သူတို့ရှေ့မှာမြင်နေရတဲ့ မြင်ကွင်းက ရက်စက်အကျည်းတန်လွန်းတယ်။

မာတီရာက တံထွေးမျိုချလိုက်ပြီး ပြောပါတယ်။ "မြင့်မြတ်တဲ့သခင်ကြီးခင်ဗျား၊ သခင်ကြီးရဲ့လူတွေကို သတ်ပစ်လိုက်တာက ဒီကောင်လေးတွေထဲက တစ်ယောက်ယောက်ဖြစ်ပါလိမ့်မယ်။ သူတို့ကိုစိတ်ကြိုက်အပြစ်ပေးလို့ရပါတယ်။"

"နားလည်ပြီ..."

မက်ဒါနာက အခြေအနေမကောင်းမှန်းသိတဲ့အတွက်

ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်တယ်။အခုဆိုရင် သူ့တပည့်တွေ အန္တရာယ်ရှိနေပါပြီ။ ဖြစ်နိုင်သမျှ အမြန်ဆုံးအကူအညီပေးဖို့လိုလိမ့်မယ်။

"ဒါပေမဲ့ ခင်ဗျားက ဒီနယ်ကိုအုပ်ချုပ်နေပြီး ကျုပ်လူတွေကို မသေအောင်ဂရုမစိုက်နိုင်ဘူးဆိုတော့ ကျုပ်တို့ရဲ့တွဲဖက်ဖြစ်ဖို့မထိုက်တန်ဘူး။"

ဂိုဏ်းချုပ်မာတီရာ မျက်လုံးပြူးသွားတယ်။ ကောင်လေးကတော့ ခံစားချက်ကင်းမဲ့စွာနဲ့ မာတီရာနားကို တိုးကပ်သွားတယ်။

"သေလိုက်တော့..." မာတီရာရဲ့လူတွေက ကောင်လေးကို တားဖို့ထွက်လာတယ်။ ဒါပေမဲ့ အဆင့်ချင်းကွာလွန်းတာကြောင့် စက္ကန့်ပိုင်းအတွင်းမှာပဲ ခန်းမတစ်ခုလုံးက လူသတ်ကွင်းအဖြစ်ပြောင်းသွားတယ်။

ကောင်လေး ကျောင်းသားတွေဘက်လှည့်ဖို့လုပ်တော့ မက်ဒါနာက ခန်းမအလယ်ကို ခုန်ဆင်းလိုက်ပြီး ဓားနဲ့ကောင်လေးကို ရွယ်လိုက်တယ်။

"ဒီကောင်လေးတွေက မင်းနဲ့ရှင်းစရာဘာကိစ္စမှမရှိဘူး။ သူတို့တာဝန်က မာတီရာဂိုဏ်းနဲ့ပဲဆိုင်တာ။ မင်းလူတွေကို ငါသတ်လိုက်တာ။"

All Chapters