← Chapters

ကြက်သွေးရောင်မီးကျင့်စဉ်

Vol. 3 Ch. 36

ကြက်သွေးရောင်မီးကျင့်စဉ်

Vol. 3 Ch. 36

လီဖူချန်းက ဒီလို လူတွေနဲ့ စကားများပြီး အချိန်ဖြုန်း မနေချင်ဘူး။ သူတို့ဟာ သူတို့ မမျှတဘူး ထင်ရင် အမှတ် ၂၄၀ကျော်အောင် အစတည်းက လုပ်ခဲ့ကျလေ။

ဒီလိုအသုံးမကျတဲ့ကောင်တွေကတော့ သူတို့ထက်သာအောင် လုပ်နိုင်တဲ့သူတွေကိုဆိုရင်တော့ မနာလိုစိတ်တွေနဲ့ တိုက်ခိုက်ဖို့ပဲ အတွေးထဲ ရှိတာလေ။

ကောင်းဖန်ကို ဆိုရင်တော့ လီဖူချန်းက အဲဒီကောင်ရဲ့ မျက်နှာကိုတောင် ကြည့်ချင်စိတ် ရှိတာ မဟုတ်ဘူး။ ဒီကောင်နဲ့ လီယွန်ဟိုင်က တစ်ပုံစံတည်းတွေပဲ။ သူတို့ကိုယ် သူတို့   အတော်ကြီး အတတ်ကြီးတွေ ထင်ပြီး ဘဝင်တွေ မြင့်နေကျပြီး သူတို့ထက် တစ်စုံတစ်ယောက်က သာလွန်အောင် လုပ်ပြလိုက်ရင်   ထိုသူကို ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်ဖို့    ဝန်လေးတတ်ကျ သူတွေ မဟုတ်။

သူတို့လို စိတ်ဓာတ်နဲ့ သူတွေက ဘဝမှာ ဘာမှ ကြီးကြီးကျယ်ကျယ် ဖြစ်လာမှာ မဟုတ်ပဲ သာမန်ပဲ နေထိုင်သွားရမယ့် ကောင်တွေ။ စကားပုံ တစ်ခုတောင် ရှိသေးတယ်လေ။

စိတ်ထား ကျဉ်းမြောင်းတဲ့ လူတစ်ယောက်ဟာ သူတို့ဘဝကို တိုးတက်လာအောင် ဘယ်လိုမှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးတဲ့ ။

" ဂုဏ်ပြုပါတယ်နော်"

ကျူးဟောင်ရှု ကတော့ လီဖူချန်း အနားကို ကပ်လာပြီး ဂုဏ်ပြုစကား တိုးတိုးလေး  ဆိုလိုက်တယ်။  လီဖူချန်းက နွေးထွေးစွာ ပြန်ပြုံးပြလိုက်ပြီး

" ဒီလို အောင်မြင်မှု သေးသေးလေးက ဘာမှ မဟုတ်သေး ပါဘူးကွာ။ ဘဝမှာ ဒီလိုဟာထက် အရေးကြီး တာတွေ အများကြီး ရှိပါသေးတယ်"

" ကျွန်မ တစ်ကယ်ကို ရှင့်ရဲ့စိတ်ကို  နားမလည် နိုင်တော့ပါဘူးရှင်။

ရှင်က အခုမှ လူငယ်လေးပဲ ရှိသေးတာကို အဘိုးကြီးတွေလို စကားတွေ ဆိုလို့ပါလား"

ကျူးဟောင်ရှုက လီဖူချန်းကို ကြည့်ပြီး ပြောလိုက်တယ်။

သူတို့ တွေ သိကြတာ အချိန် သိပ်မကြာ သေးပေမဲ့ လီဖူချန်းက သူမကို ခင်မင်နေမိတယ်။ ကျူးဟောင်ရှုက အရမ်းလှပတဲ့ မိန်းမငယ်လေး တစ်ယောက်ဖြစ်သလို စိတ်ထားကလည်း ကောင်းမဲ့ပုံ ပေါ်နေတယ်လေ။ ယခုအချိန်အထိ သူမ တစ်ယောက်တည်းကပဲ  လီဖူချန်းကို  အထင်မသေးပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ သူတစ်ယောက် ဖြစ်တယ်။

လီဖူချန်းက ကျူးဟောင်ရှုကို ဘာမှ ပြန်မပြောပဲ နှုတ်ဆိတ်နေခဲ့တယ်။ ကြည့်ရတာ သူ့ပါရမီတွေ ပျောက်ဆုံးသွားတဲ့ နှစ်က ကြုံတွေ့ခဲ့ရတဲ့ လောကဓံတွေကြောင့် သူက အရွယ်နဲ့ မလိုက်အောင်  ရင့်ကျက်သွားခဲ့ပြီ ထင်ပါရဲ့လေ။

အထွေထွေ လုပ်သား တပည့်တွေနဲ့  အပြင်စည်း တပည့်တွေဟာ သူတို့အတွက် သတ်မှတ်ထားတဲ့ နေရာတွေဆီကို  ခေါ်ဆောင်ခြင်း ခံလာရတယ်။

အပြင်စည်း တပည့်တွေရဲ့ နေရာကတော့ တောင်ထိပ်တွေ ပေါ်မှာရှိတဲ့ မြေပြန့်တွေမှာ ဖြစ်တယ်။ ဒီတောင်ထိပ်ပေါ်က မြေပြန့်ကြီးဟာ ခုနစ်မိုင် ရှစ်မိုင်လောက် ရှည်လျားပါတယ်။ အပြင်စည်း တပည့်တွေရဲ့ အဓိက ခန်းမကြီး ထဲမှာတော့

" ဒါက မင်းတို့ကို အပြင်စည်း တပည့်တွေ ဆိုတာကို အသိအမှတ် ပြုပေးမယ့် တံဆိပ်ပြားတွေပဲ။

ဒါကတော့ အပြင်စည်း တပည့်တွေ ဝတ်ဆင်ရမယ့် ဝတ်စုံတွေပဲ။ မင်းတို့အားလုံး  တံဆိပ်ပြား တစ်ခုရယ် ဝတ်စုံ သုံးစုံရယ် ဓားတစ်လက်စီရယ်  ရလိမ့်မယ်။"

တံဆိပ်ပြားက အမျိုးအမည် မသိရတဲ့ အနက်ရောင် သတ္တုနဲ့ လုပ်ထားတာ ဖြစ်ပြီး ကျောဘက်မှာတော့ လီဖူချန်းရဲ့ နာမည်ကို ရေးထိုးထားတယ်။ အပြင်စည်း တပည့်တွေရဲ့ ဝတ်စုံကတော့ အပြာရောင် ဖျော့ဖျော့ ဝတ်စုံပဲ ဖြစ်တယ်။ လုံးဝ ရိုးရိုးရှင်းရှင်းပဲ ချုပ်လုပ်ထားတာ ဖြစ်သည်။

အပြင်စည်း တပည့်တွေရဲ့ ဓားကတော့ ထူးဆန်းတဲ့ သစ်သားတစ်မျိုးနဲ့ လုပ်ထားတာ ဖြစ်တယ်။ ဂိုဏ်းတော်ရဲ့ ရည်ရွယ်ချက်က ဓားပညာကို အချင်းချင်း လက်ရည်စမ်းနိုင်အောင် ရည်ရွယ်ထားတဲ့ အတွက် သတ်ဖြတ်ချင်းတွေ မရှိအောင် သစ်သားဓားတွေကိုပဲ ကိုင်ဆောင်ခွင့် ပြုတာဖြစ်တယ်။

အတွင်းစည်း တပည့် အဆင့်ရောက်မှသာ တကယ့် ဓားအစစ်တွေကို ကိုင်ဆောင်ခွင့် ပြုမှာဖြစ်တယ်။

ရှောင်ချန်းဖန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး

"အခုကစပြီး မင်းတို့အတွက် သတ်မှတ်ပေးထားတဲ့ နေရာကို မင်းတို့ ပြန်လို့ရပြီ။ အားလုံး မနက်ဖြန်မနက် ဒီနေရာကို အရောက် ပြန်လာခဲ့ရမယ်။

ဂိုဏ်းတော်က မင်းတို့ အားလုံးအတွက် ကျင့်စဉ် တစ်ခုစီကို ဆုအနေနဲ့ ကျင့်ခွင့်ပေးမှာ ဖြစ်တယ်။

" ကျင့်စဉ် လား"

လီဖူချန်းက သူ့နှလုံး ခုန်သံတွေ မြန်သွားသလိုတောင် ခံစားလိုက်ရတယ်။ ဂိုဏ်းတော်မှာ ရှိတဲ့ ကျင့်စဉ်တွေ အကုန်လုံးနီးပါးက အဝါရောင် အထွတ်အထိပ် အဆင့်ရှိတဲ့ ကျင့်စဉ်တွေကြီးပဲလေ။

တပည့်တွေ အကုန်လုံးက မိမိကြိုက်နှစ်သက်တဲ့ ကျင့်စဉ်ကို ကျင့်ခွင့်ရှိတာ ဖြစ်တယ်။ အဝါရောင် အဆင့်ထက် မြင့်တဲ့ ကျင့်စဉ်တွေကို ကျင့်မယ် ဆိုရင်တော့ မင်းရဲ့ ရမှတ်တွေနဲ့ လဲလှယ်ရမှာ ဖြစ်တယ်။

ဒါပေမဲ့ အခုလီဖူချန်းရဲ့ အဆင့်နဲ့ ဆိုရင်တော့  အဝါရောင် အထွတ်အထိပ် အဆင့်ဆိုတာက အရမ်းကြီးကို တန်ဖိုးရှိနေတဲ့ အရာပဲလေ။

အပြင်စည်း တပည့်တွေ နေကျတဲ့ နယ်မြေကိုတော့ အပိုင်းသုံးပိုင်း ခွဲထားပါတယ်။

ပထမအဆင့် တပည့်တွေက အတွင်းပိုင်း အကျဆုံး နယ်မြေမှာ နေခွင့်ရကျတယ်။ ဒီအပိုင်းမှာ ပတ်ဝန်းကျင်ကလည်း သာယာပြီး ဆိတ်ငြိမ်တဲ့ နေရာဖြစ်တယ်။ တပည့်တိုင်းမှာ ကိုယ်ပိုင်ခြံဝင်း ရှိပြီး တချို့ တပည့်တွေက ဓားသိုင်း လေ့ကျင့်နေကြပြီး တချို့တွေကတော့ ဥယျာဉ်ထဲမှာ စစ်တုရင် ထိုးနေကျတယ်။ ဒီနေရာက လုံးဝကို သီးသန့် ဆန်လွန်းနေတယ်။ လီဖူချန်းရဲ့ ခြံဝင်းကတော့ ချောင်ကျတဲ့ နေရာမှာ တည်ရှိပါတယ်။ လူမနေတာ ကြာပြီ ဖြစ်တဲ့အတွက် ခြံဝင်းတစ်ခုလုံးက သစ်ရွက်ခြောက်တွေ ပင့်ကူအိမ်တွေနဲ့ ရှုပ်ပွနေတယ်။

" မင်းက အထွေထွေ လုပ်သားတပည့် တစ်ယောက်ကို မင်းနေရာကို သန့်ရှင်းပေးဖို့  အတွက် တောင်းဆိုလို့ ရတယ်။ ဒါက မင်းတို့  ပထမအဆင့် အပြင်စည်း တပည့်တွေရဲ့ အခွင့်အရေးပဲ"

လီဖူချန်း နေရမယ့် နေရာကို လိုက်ပြပေးတဲ့ လက်ထောက် အကြီးအကဲက လီဖူချန်းကို ရှင်းပြလိုက်တယ်။ လီဖူချန်းက ခေါင်းညိတ် ပြလိုက်ပြီး သန့်ရှင်းရေး လုပ်ဖို့ အထွေထွေ လုပ်သားတပည့် တစ်ယောက်ကို တောင်းဆိုလိုက်တယ်။

သူနေရမယ့် ခြံဝင်းနဲ့ အိမ်ကလေးဟာ မကြာခင်မှာပဲ  အထွေထွေ လုပ်သားတပည့်ကြောင့် သန့်ရှင်းသွားပြီး နေချင့်စဖွယ် ဖြစ်သွားတယ်။

လီဖူချန်းက အထွေထွေ လုပ်သားတပည့် တွေရဲ့ ဘဝကို စာနာမိတယ်။

ဒီလို ဝေယျာဝစ္စတွေကို ဆောင်ရွက် နေရတဲ့အတွက် အထွေထွေ လုပ်သားတပည့် တွေက ကျင့်ကြံဖို့ အချိန်က နည်းပါးလွန်း တယ်လေ။

ဒါပေမဲ့ ဂိုဏ်းကနေ ထွက်သွားရတာထက် စာရင်တော့ ကောင်းပါသေးတယ်လေ။ ဒီလို ကိစ္စတွေကို လုပ်ပေးရတဲ့အတွက် အထွေထွေ လုပ်သားတပည့်တွေက ရမှတ်တွေ ရတယ်လေ။ လတိုင်းလတိုင်းမှာ ရတဲ့ ရမှတ်တွေနဲ့ ဂိုဏ်းတော်ရဲ့ အထောက်အပံ့ ပစ္စည်းတွေကို လဲလှယ်ခွင့် ရှိပါတယ်။ မိမိလေ့ကျင့်လိုတဲ့ သိုင်းကျမ်းတွေနဲ့လည်း လဲလှယ်လို့   ရပါတယ်။ ဒါက ဂိုဏ်းဝင်တွေ မဟုတ်တဲ့ သူတွေထက်တော့ အများကြီးသာတဲ့ အခြေအနေ ဖြစ်ပါတယ်။

ညနေခင်း ရောက်တဲ့ အခါမှာတော့ လီဖူချန်းက သူ့ရဲ့ အပြင်စည်း တပည့်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး အပြင်စည်း တပည့်တွေရဲ့ စားဖိုဆောင်ကို ထွက်လာခဲ့လိုက်တယ်။

စားဖိုဆောင်က ဒုတိယအဆင့် အပြင်စည်း တပည့်တွေ ရှိတဲ့ နယ်မြေမှာ တည်ရှိတာ ဖြစ်တယ်။

စားဖိုဆောင်က သုံးထပ် အဆောက်အဦးကြီး ဖြစ်ပြီးတော့ သုံးထပ်စလုံးမှာ အပြင်စည်း တပည့်တွေနဲ့ ပြည့်နှက် နေပါတယ်။

ပထမထပ်မှာတော့ သာမန် အစားအစာ တွေကိုပဲ ရောင်းချပါတယ်။

ဒုတိယထပ်မှာတော့ အာဟာရဖြစ်စေတဲ့အစားအစာတွေကို ရောင်းချပါတယ်။ ဒုတိယထပ်က ဟင်းပွဲတစ်ပွဲကို ငွေပြား တစ်ပြားကျသင့်ပါတယ်။ တတိယထပ်မှာတော့ တန်ဖိုးကြီး ဟင်းလျာတွေကိုပဲ ရောင်းချတာ ဖြစ်ပြီး ဟင်းပွဲတစ်ပွဲကို ရွှေပြားတစ်ပြား ကျသင့်ပါတယ်။

ဒါပေမဲ့ ဒီမှာ ရောင်းချတဲ့ သာမန်အစားအသောက်တွေကတောင်

အပြင်လောကက အိမ်တစ်အိမ်ရဲ့ အကောင်းဆုံး အစားအသောက် ဆိုတာထက် ကောင်းမွန်ပါတယ်။ အသားတစ်ပွဲနဲ့ အသီးအရွက်တစ်ပွဲ ပါပါတယ်။

ဒုတိယထပ်မှာ ရောင်းတဲ့ အစားအသောက် တွေကတော့ လီဖူချန်းရဲ့ အိမ်မှာ စားသောက်ခဲ့ရတာ ထက်တောင် ပိုကောင်းသေးတယ်။တတိယထပ်က အစားအသောက် မျိုးကိုတော့ လီဖူချန်းတို့ လီကလန်မှာ တောင်မှ အခါကြီး ရက်ကြီး မျိုးတွေမှ စားနိုင်တာ ဖြစ်တယ်။သေသေချာချာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ဒုတိယထပ်မှာပဲ စားသောက်ဖို့ စဉ်းစားလိုက်တယ်။ဒီအထပ်က သူ့ အတွက် သင့်တော်တယ်လေ။

ဟင်းပွဲတစ်ပွဲကို မှာကြားပြီးနောက်မှာတော့  လီဖူချန်းက ထိုင်စရာနေရာတစ်ခုကို တွေ့သွားသဖြင့် ထိုင်ချလိုက်တယ်။

သူထိုင်ချချ ပြီးချင်းမှာပဲ တစ်ဘက်ဝိုင်းက စကားပြောသံ တွေကို ကြားလိုက်ရတယ်။

" မင်းတို့  ကြားပြီးပြီလား။ ငါတို့  အပြင်စည်းဂိုဏ်းရဲ့  ပြိုင်ဘက်ကင်း ပါရမီရှင် ၁၀ယောက်ထဲက ကောင်းရှုက ငွေလှိုင်းဖြူ ကျင့်စဉ်ကို အဆင့်ငါးအထိရောက်အောင် လေ့ကျင့်နိုင်ပြီဆို"

“မင်းငါ့ကို လာနောက် နေတာလား။ သူမက ဂိုဏ်းထဲကို လွန်ခဲ့တဲ့ လေးလလောက်ကမှ ဝင်လာတာလေ"

" လေးလပဲ ရှိသေးတော့ ဘာဖြစ်လို့လည်းကွ။ ကောင်းရှုက ကြယ်လေးပွင့် ရေအထူးပြု အရိုးတည်ဆောက်ပုံ ပိုင်ရှင်လေ။ သူ့ရဲ့ ကျင့်စဉ်က ရေကို အခြေခံတာလေ။ သူမက သူများ လေ့ကျင့်တာကို နှစ်ဆလောက် မြန်တာကွ။

"ငွေလှိုင်းဖြူ ကျင့်စဉ် အဆင့်ငါးတဲ့လား"

လီဖူချန်းက အံ့သြသွားတယ်။

သူမက ကောင်းကလန်ရဲ့ ရေလကျင့်စဉ် အဆင့်ငါးကို ရောက်အောင် တစ်နှစ်လောက် လေ့ကျင့် ခဲ့ရတာလေ။

အဲဒီ ရေလကျင့်စဉ်က အဝါရောင် အဆင့်မြင့် ကျင့်စဉ်ဖြစ်ပြီး ဒီငွေလှိုင်းဖြူ ကျင့်စဉ်ကတော့ အဝါရောင် အထွတ်အထိပ် ကျင့်စဉ် ဖြစ်တယ်။ အဝါရောင် အထွတ်အထိပ် ကျင့်စဉ် အဆင့်ငါးကို ရောက်ဖို့တောင် လေးလပဲ ကြာတယ်ဆိုတော့ သူမရဲ့ ပါရမီက အရမ်းကောင်းလွန်းနေတာ သိသာ လွန်းနေတယ်။ အဝါရောင် အထွတ်အထိပ် ကျင့်စဉ် ဆိုတာက  အဝါရောင် အဆင့်မြင့် ကျင့်စဉ်တွေ ထက်ကို အများကြီး ခက်ခဲတာ ဖြစ်တယ်။

" ကြည့်ရတာ  ဒီငွေလှိုင်းဖြူ ကျင့်စဉ်ကလည်း ရေဓာတ်ကို အခြေခံတာ ဖြစ်တဲ့အတွက် သူမ ကျင့်ခဲ့တဲ့ ရေလ နည်းစနစ်နဲ့ အတော်လေး ဆင်တူနေလို့  ဒီလောက် လေ့ကျင့်တာ မြန်နေတာပဲ ဖြစ်ရမယ်"

လီဖူချန်းက ကောက်ချက် ချလိုက်တယ်။

ညစာ စားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ ကိုယ်ပိုင် ခြံဝင်းလေးထဲကို ပြန်လာခဲ့တယ်။

သူမအိပ်ခင်မှာတော့ သူ့ရဲ့ ကျောက်စိမ်းနီ ဓားသိုင်းနဲ့  ကျောက်စိမ်းနီ ကျင့်စဉ်ကို သုံးနာရီလောက် ပြန်ကျင့်လိုက်သေးတယ်။

***

နောက်တစ်နေ့ မနက်ခင်းမှာတော့ လီဖူချန်းက အပြင်စည်း တပည့်တွေရဲ့ စုဝေးရာ ခန်းမကို ရောက်လာခဲ့တယ်။

အပြင်စည်း မဟာအကြီးအကဲ ရှောင်ချန်းဖန်က သူတို့ရဲ့ ရှေ့မှာ ရှိနေတဲ့ စားပွဲရှည်ကြီးကို ညွှန်ပြလိုက်ပြီး

" ငါတို့ ရဲ့ မိုးပြာရောင်ဂိုဏ်းမှာ  ဝင်လာတဲ့ တပည့်အသစ်တွေ အတွက် ကျင့်စဉ် ၁၀ ခု  ရှိတယ်။ မင်းတို့ အစက ကျင့်ခဲ့တဲ့ ကျင့်စဉ်တွေနဲ့ တူတဲ့ဟာကို ယူပြီး လေ့ကျင့်ခွင့် ရှိတယ်။ မင်းတို့ ကျင့်မယ့် ကျင့်စဉ်ကိုတော့ သေသေချာချာ စဉ်းစားပြီး ယူစေချင်တယ်။

မင်းတို့  ရွေးပြီးရင်တော့ ပြန်ပြောင်းခွင့် မရှိတော့ဘူး။

မင်းတို့နဲ့ မကိုက်ညီတဲ့ ကျင့်စဉ်က မင်းတို့ ကျင့်ကြံရာမှာ ပိုပြီး နှောင့်နှေးစေတယ် ဆိုတာကိုတော့ မမေ့ကြနဲ့"

တစ်နာရီလောက် စောင့်ဆိုင်း အပြီးမှာတော့ လီဖူချန်းရဲ့ အလှည့် ရောက်လာခဲ့တယ်။

ခရမ်းရောင် အတွင်းအားကျင့်စဉ် ...

အမြဲစိမ်း အတွင်းအား ကျင့်စဉ် ... ... ။သံမဏိအခွံ ကျင့်စဉ် ... ... ။

ငွေလှိုင်းဖြူကျင့်စဉ် ... ...။ ကြက်သွေးရောင် မီးအတွင်းအား ကျင့်စဉ် ... ။

လီဖူချန်းက ကျင့်စဉ် ၁၀ မျိုးထဲက ငါးမျိုးကို ပမာဏအဖြစ် မျက်စိကျနေတယ်။ ဒီကျင့်စဉ်တွေ အကုန်လုံးက တစ်မျိုးတစ်ဘာသာ ကောင်းမွန်ကြပြီး အပြင်ဘက် လောကကြီးမှာ မရှိတဲ့ ကျင့်စဉ်တွေ ဖြစ်တယ်။ ဒီကျင့်စဉ်တွေသာ အပြင်လောကကြီးကို ပေါက်ကြားသွားခဲ့ရင် ကလန်တွေ ကြားမှာ သွေးစစ်ပွဲကြီး ဖြစ်ပွားသွားနိုင်တယ်။

မိုးပြာရောင် ဂိုဏ်းထဲမှာတော့ ဒီကျင့်စဉ်တွေကို ကြိုက်တဲ့လူကို ကျင့်ခွင့်ပေးထားတယ်။

သူပမာဏ ရွေးချယ်ထားတဲ့ ကျင့်စဉ် ၅ခုကို သေသေချာချာ လေ့လာပြီးတဲ့ နောက်မှာတော့  လီဖူချန်းက " ကြက်သွေးရောင် မီးအတွင်းအား" ကို ရွေးချယ်လိုက်တယ်။

ဒီကျင့်စဉ်ကို ရွေးချယ်ရတဲ့ အကြောင်းအရင်း နှစ်ခု သူ့မှာရှိပါတယ်။

ပထမ တစ်ခုကတော့ သူလေ့ကျင့်ထားတဲ့ ကျောက်စိမ်းနီ ကျင့်စဉ်က မီးဓာတ်ကို အခြေခံတဲ့ ကျင့်စဉ်တစ်ခုလေ။ ဒါကြောင့် ကြက်သွေးရောင်မီး ကျင့်စဉ်နဲ့ အခြေခံအားဖြင့် တူညီပါတယ်။

ဒုတိယ အချက်ကတော့  မိုးပြာရောင်ဂိုဏ်းမှာ ပြိုင်ဘက်ကင်း ကျင့်စဉ်နှစ်ခု ရှိတယ်။ အဲဒါတွေကတော့  အစစ်အမှန် မိုးရေစက် ကျင့်စဉ်နဲ့  အစစ်အမှန် ငရဲမီး ကျင့်စဉ်တို့ ဖြစ်တယ်။ အစစ်အမှန် မိုးရေစက် ကျင့်စဉ်က ရေဓာတ်ကို အထူးပြုပြီး အစစ်အမှန် ငရဲမီး ကျင့်စဉ်က မီးဓာတ်ကို အထူးပြုပါတယ်။

လီဖူချန်းက အစစ်အမှန် ငရဲမီး ကျင့်စဉ်ကို ကျင့်ဖို့  ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက် သူက မီးကို အခြေခံတဲ့ ကျင့်စဉ်တွေကို ကျင့်ထားမှသာ နောက်ပိုင်းမှာ အဆင်ပြေမှာလေ။

***

All Chapters