← Chapters

ကျွမ်းကျင်ရာလိမ္မာ

Vol. 3 Ch. 37

ကျွမ်းကျင်ရာလိမ္မာ

Vol. 3 Ch. 37

" ဒါက ကြက်သွေးရောင်မီး ဆေးလုံးပဲ။ ဒါကမိုးပြာရောင် ဂိုဏ်းက ဒီကျင့်စဉ်အတွက် အထူး ဖော်စပ်ထားတာ ဖြစ်တယ်။ မင်းဒီဆေးလုံးကို ကျင့်စဉ် အစောပိုင်း ကာလတွေမှာ သောက်သုံးလို့တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။ မင်း ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်တက်ခါနီး ဖြစ်တဲ့အချိန်မှ သောက်သုံးရမှာ"

သိုင်းကျမ်းဆောင်ကို စောင့်တဲ့ အကြီးအကဲက လီဖူချန်း လက်ထဲကို ကျင့်စဉ်နဲ့ ဆေးလုံး ထည့်ပေးလိုက်ပြီး သတိပေးလိုက်တယ်။

" ကျွန်တော် မှတ်သားထားပါ့မယ်" လီဖူချန်းက ခါးကို ကိုင်းလိုက်ပြီး လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ယူလိုက်တယ်။ ဒါက လီဖူချန်းဘဝမှာ ကျင့်စဉ်အတွက် အထောက်အကူ ပြုတဲ့ ဆေးလုံးကို မြင်ဖူးတာပဲဖြစ်သည်။

ဒီဆေးလုံးက သန့်စင်တဲ့ မီးဓာတ် စွမ်းအားတွေကို သိုလှောင်ထားတာ ဖြစ်သည်။ ဒီကျင့်စဉ်ကို လေ့ကျင့် အောင်မြင်ထားတဲ့ သူရဲ့ အတွင်းအား အဆီအနှစ်တွေနဲ့ ဖော်စပ်ထားတာ ဖြစ်တဲ့အတွက် အဆင့် တက်ခါနီးမှာ သောက်သုံးလိုက်မယ် ဆိုရင်  နောက်တစ်ဆင့်ကို လွယ်လွယ်ကူကူ တက်လှမ်း သွားနိုင်မှာ ဖြစ်တယ်။

ခန်းမထဲကနေ ထွက်လာပြီး မကြာမီမှာတော့ လီဖူချန်းက လူငယ် တစ်အုပ်ရဲ့ တားဆီးခြင်းကို ခံလိုက်ရတယ်။

" လီဖူချန်း မင်းက ပထမ အဆင့် အပြင်စည်း တပည့်ဖြစ်ဖို့  ထိုက်တန်တဲ့သူ မဟုတ်ဘူး။ ငါ ကျိူလင်းဟူက မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်။ မင်းက ငါ့လက်အောက်ထဲကို ဝင်လာပြီး လစဉ်လတိုင်း အဝါရောင် အလယ်အလတ် အဆင့် ဆေးတစ်လုံးကို ပေးမယ် ဆိုရင်တော့ ငါမင်းကို တခြားသူတွေရဲ့ အနိုင်ကျင့်တာကို မခံရအောင် စောင့်ရှောက်ပေးမယ်။

ကျိုလင်းဟူက ကောင်းဖန်မြို့ ကျိုကလန်က ကလန်သား တစ်ယောက် ဖြစ်တယ်။

သူက ကြယ်သုံးပွင့်အဆင့် အရိုး တည်ဆောက်ပုံရှိတဲ့ သူတစ်ယောက်လည်း ဖြစ်တယ်။ သူက အသစ်ဝင်လာတဲ့ တပည့်တွေကို စောင့်ရှောက်ခဆိုပြီး ဆေးလုံးတွေ တောင်းယူကာ သူ့ကျင့်စဉ် တိုးတက်ဖို့ အမြတ် ထုတ်နေတဲ့ သူတစ်ယောက် ဖြစ်တယ်။

လီဖူချန်းက သူနဲ့ မျက်နှာချင်းဆိုင် ရပ်နေတဲ့ ကျိုလင်းဟူကို ကြည့်ပြီး

သူ့ရဲ့ အနေအထားကို ကောင်းကောင်းကြီး လေ့လာ အကဲခတ်နေတယ်။ ဒီကောင်က လူသား နယ်ပယ် အဆင့် ၇ပဲ ရှိသေးတယ်။

သူ့ရဲ့ တိုက်ခိုက်ရေး အဆင့်ကလည်း ယန်ခိုင်လောက်ပဲ ရှိဦးမှာ။

" မင်းကိုယ်မင်း ဘာထင် နေတာလဲ" လီဖူချန်းက ပြန်မေးလိုက်တယ်။

" ဟုတ်ပြီလေ။ မင်းက ဒီလိုတောင် ပြန်ပြောတယ် ဆိုမှာတော့ ငါ့ကိုပြီးမှ အနိုင်ကျင့်တယ်လို့   လာမပြောနဲ့တော့"

ကျိူလင်းဟူက သူ့ရဲ့ သစ်သားဓားကို ဆွဲထုတ်လိုက်ပြီး လီဖူချန်းကို ရုတ်တရက် တိုက်ခိုက် လိုက်တယ်။

သူ့ရဲ့ လှုပ်ရှားပုံကို ကြည့်လိုက်တာနဲ့ လီဖူချန်းက ဒီကျိုလင်းဟူက ယန်ခိုင်ထက် အဆင့်မြင့်တယ် ဆိုတာ သိလိုက်တယ်။

ဒီသာမန်လို့ပဲ ထင်ရတဲ့ ဓားချက်ရဲ့ နောက်ကွယ်မှာ မီးလုံးကြီးကဲ့သို့  ပူပြင်းတဲ့ အတွင်းအားတွေ ပါနေတယ်လေ။

ဒီလို ဓားချက်မျိုးကိုတော့ လီဖူချန်းက ကျောက်စိမ်းနီ ဓားသိုင်းနဲ့ မခုခံရင် မဖြစ်နိုင်ဘူးလေ။ လီဖူချန်းက သူ့  ဓားကို ထုတ်လိုက်ပြီး ကျောက်စိမ်းနီထိချက် ဓားကွက်နဲ့ ခုခံလိုက်တယ်။ လီဖူချန်းရဲ့ ဓားတစ်ခုလုံးမှာ မီးဓာတ်တွေက ခိုအောင်းလာတယ်။

" ဟင် "

ကျိုလင်းဟူက မျက်နှာတစ်ချက် ပျက်သွားတယ်။ သူ့ရဲ့ဓားက သူထိန်းချုပ် ထားသလို လှုပ်ရှားလို့ မရဘူး ဖြစ်နေတယ်လေ။

" ရွှမ်း "

ထိုအခိုက်မှာပဲ လီဖူချန်းရဲ့ ဓားဖျားက သူ့ရဲ့ လည်ပင်းကို ရောက်လာခဲ့တယ်။ လီဖူချန်းက

" မင်းကငါ့ကို မင်းရဲ့နောက်လိုက် ဖြစ်စေချင်တယ် ဟုတ်လား။ မင်းရဲ့ အဆင့်နဲ့ ငါ့ဓားကွက် တစ်ကွက်ကိုတောင် မခုခံနိုင်ပဲနဲ့ များကွာ"

" ထွီ"

လီဖူချန်းက သူ့ရဲ့ ဓားကို ပြန်သိမ်းပြီး လှည့်ထွက်သွားလိုက်တယ်။

" မြန်လိုက်တဲ့ ဓား ... သေသပ်လိုက်တဲ့ ဓားကွက် ... ငါ ချန်တဟိုင်ကိုလည်း  မင်းနဲ့ လက်ရည်စမ်းဖို့  ခွင့်ပြုပါဦးလား"

လူငယ် တစ်ယောက်က လီဖူချန်းကို တားလိုက်တယ်။ ကျိုလင်းဟူထက် စာရင်  ဒီ ချန်တဟိုင်က ပိုပြီး အစွမ်းထက်မယ့်ပုံ ရှိသည်။ ချန်တဟိုင်က ရေဓာတ် အထူးပြု အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်တယ်။

သူ့ရဲ့ ဓားသိုင်းကလည်း ပျော့ပြောင်းမှုကို အခြေခံတာ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ ကျောက်စိမ်းနီ ဓားသိုင်းကို နိုင်ဖို့ အခွင့်အရေး တော်တော် များတယ်လေ။ ချန်းတဟိုင် ဓားကွက် စထုတ်လိုက်တာနဲ့ လီဖူချန်းရဲ့ တစ်ကိုယ်လုံးကို ဓားရိပ်များက ဖုံးလွှမ်းသွားပြီး လီဖူချန်းရဲ့ ရှောင်တိမ်းနိုင်မဲ့ နေရာမှန်သမျှကို ပိတ်ဆို့ ထားလိုက်တယ်။

" မိုးပြာရောင် ဂိုဏ်းက တပည့်တွေက တစ်ယောက်မှ ခေသူ မဟုတ်ဘူးပဲ"

လီဖူချန်းက လုံးဝ အကျပ်အတည်းထဲကို ရောက်နေတယ်။

ယန်ခိုင်နဲ့ တိုက်ခိုက်တုန်းက သူက သူ့စွမ်းရည်ရဲ့ ကိုးဆယ် ရာခိုင်နှုန်းလောက်ပဲ ထုတ်သုံးခဲ့တာလေ။ ဒီတစ်ခေါက်မှာတော့ တစ်ဖက်လူက ရေဓာတ်ကို အထူးပြုတဲ့ ဓားသိုင်းကို အသုံးပြနေတာ ဖြစ်တဲ့အတွက်  သူအစွမ်းကုန် တိုက်ခိုက်ရင်တောင် နိုင်ပါ့မလားဆိုတာ မသေချာဘူးလေ။ ပြီးတော့ ရေဓာတ်ဆိုတာ သူ့ရဲ့ မီးဓာတ်ကို အခြေပြုတဲ့ ကျောက်စိမ်းနီ ဓားသိုင်းရဲ့ တကယ့် ဆန့်ကျင်ဘက် ဓားသိုင်းလေ။

"ရေများရေနိုင် မီးများမီးနိုင်ဆိုတဲ့ ဆိုရိုးစကားကလည်း  ရှိသည်လေ"

လီဖူချန်းက ကျောက်စိမ်းနီ ဓားသိုင်းကို ပထမအကွက်ပဲ တတ်ကျွမ်းသေးသည့် အချိန်တွင် တစ်ဖက်ရန်သူက အဝါရောင် အဆင့်မြင့် ဓားသိုင်းတစ်ခုလုံးကို တတ်ကျွမ်းပြီးနေပြီ ဖြစ်သဖြင့် အဆင့်ချင်းက အတော်လေး ကွာနေပေသည်။

" ထန် " ဓါးနှစ်လက်က ထိပ်တိုက် ရင်ဆိုင်မိလိုက်သည်။

'" လက်လျော့လိုက်တော့"

ချန်တဟိုင်က ဓားချင်း အတွေ့မှာ လီဖူချန်းရဲ့  ခွန်အားကို ခန့်မှန်းလိုက်နိုင်သည်။

လီဖူချန်းရဲ့ ပြင်ပခွန်အားက စုစုပေါင်းမှ ၂၀၀၀ ကီလိုဂရမ်ပဲ ရှိသည့် အချိန်မှာ သူက ပြင်ပခွန်အား ကီလိုဂရမ် ၂၀၀၀ ကျော် ရှိတာဖြစ်သည်။

ချန်တဟိုင်က သူ့ရဲ့ဓားကို စက်ဝိုင်းလေးတွေ ဝိုင်းလိုက်ပြီး  လီဖူချန်းကို  ချောင်ပိတ်လိုက်သည်။

" ချိုးဖောက်လိုက်စမ်း"

လီဖူချန်းက သူ့ရဲ့လျှာကို အာခေါင်ကို ထိထားလိုက်ပြီး သူ့ရဲ့ လက်ထဝါးပေါ်က လျောင်ကန်း သွေးကြောက အတွင်းအားတွေ အကုန် ထုတ်သုံးလိုက်ပြီး ဓားကို မွတ်နေအောင် လည်လိုက်တယ်။

( လျောင်ကန်း သွေးကြောဆိုတာ  တရုတ် သိုင်းပညာရှင်တွေ အားလုံးသိတဲ့ လက်ခွဆုံက သွေးကြော ဖြစ်တယ်။ ဓားတစ်လက်ကို ကောင်းကောင်းကိုင်နိုင်ဖို့ အတွက် ဒီသွေးကြောက သန်မာနေဖို့   လိုအပ်ပါတယ်)

ကျယ်လောင်သော အသံကြီးနဲ့အတူ  လီဖူချန်းလက်ထဲက ဓားက ချန်းတဟိုင်ရဲ့ ဓားကွက်တွေ ကြားကနေ ဖောက်ထွက်သွားပြီး  ချန်းတဟိုင် ရဲ့ ရင်ဘတ်ကို ဦးတည်သွားလိုက်တယ်။

" မကောင်းတော့ဘူး "

သူ့ရဲ့ အပြင်စည်းတပည့် ဝတ်စုံအောက်မှာ အကာအကွယ် ဝတ်စုံတစ်ထပ် ဝတ်ထားပေမယ့်  ဒီဓားချက်သာ ထိလိုက်မယ်ဆိုရင် အနည်းဆုံး နံရိုးလေးချောင်းတော့ ကျိုးသွားနိုင်တယ် ဆိုတာ ချန်းတဟိုင်က ရိပ်မိလိုက်တယ်။

တစ်ကယ့်  အရေးကြီးတဲ့ အခိုက်အတန့်မှာတော့ ချန်းတဟိုင်ရဲ့ ဘယ်ဘက်လက်က လက်ဝါးရိုက် တစ်ချက် ထွက်လာပြီး လီဖူးချန်းရဲ့ ဓားကို ပုတ်ထုတ်လိုက်ပြီး လမ်းကြောင်း ပြောင်းသွားစေခဲ့တယ်။

" ဖုန်း"

လီဖူချန်း ရဲ့ တုံ့ပြန်မှုတွေကလည်း မြန်သည်။

သူက အလျင်အမြန်ပဲ ချန်တဟိုင်ရဲ့ ဓားကိုင်ထားတဲ့ လက်ကောက်ဝတ်ကို လေပွေ မုန်တိုင်းကန်ချက်နဲ့ ဖြတ်ကန်လိုက်ပြီး ဆက်တိုက်ဆိုသလိုပင် နောက်ခြေထောက် တစ်ဖက်နဲ့  ချန်တဟိုင်ရဲ့ ရင်ဘတ်ကို  ကန်ထည့်လိုက်တယ်။

ဒီကန်ချက်က ချန်တဟိုင်ကို အနောက်ကို အများကြီး လွင့်ထွက်သွားစေတယ်။

" ကြောက်စရာ ကောင်းလိုက်တဲ့ ကန်ချက်ပဲကွာ"

ကျိူလင်းဟူက ဘေးကနေ ရပ်ကြည့်နေရင်းနဲ့ ရေရွတ်လိုက်တယ်။ လီဖူချန်းက ဘေးက ရပ်ကြည့်နေတဲ့ သူတွေ ဘက်ကို တစ်ချက် လှည့်ကြည့် လိုက်ပြီး

"နောက်ထပ် ငါ့ကို စိန်ခေါ်မယ့်သူ ရှိသေးရင် အခုထွက်လာလို့ ရတယ်။ အေး ... ။ ဒါပေမဲ့ ငါက မင်းတို့ကို လွယ်လွယ်ကူကူတော့ အနိုင်ပေးမှာ မဟုတ်ဘူးနော် "

သာမန် အရိုးတည်ဆောက်ပုံနဲ့ ပထမအဆင့် အပြင်စည်းတပည့် ဖြစ်လာတဲ့ သူ့အကြောင်းက ကျောင်းဝန်း တစ်ခုလုံးမှာ ပျံ့နှံ့ နေခဲ့ပြီးသား ဖြစ်သည်။ ဒါကြောင့် ချန်တဟိုင်နဲ့ ကျိုလင်းဟူတို့က သူ့ကို အနိုင်ကျင့်ပြီး သူ့ရဲ့ လစဉ်ရရှိတဲ့ ထောက်ပံ့ကြေးတွေကို ခေါင်းပုံ ဖြတ်ချင်နေတာဖြစ်သည်။

" ဘယ်လောက်တောင် ဘဝင်မြင့်တဲ့ ကောင်လည်းကွ ... သာမန် အရိုးတည်ဆောက်မှုနဲ့ ကောင်က ဒီလောက် ကြီးကျယ်ရသလား"

" မင်းအခုတော့ နေနှင့်ဦးပေါ့ ။ လူသားနယ်ပယ် အဆင့်မှာတော့ အရိုးတည်ဆောက်ပုံ ကွာခြားတာက သိပ်ပြီးမသိသာ သေးဘူး။ နောက်ထပ် နှစ်အနည်းငယ် ကြာရင်တော့ ဘယ်သူက ကျားလည်း ဘယ်သူက နွားလည်းဆိုတာ သိကြသေးတာပေါ့"

***

သူ့ရဲ့ အခန်းထဲကို ပြန်ရောက်တဲ့ အခါမှာတော့ လီဖူချန်းက ကြက်သွေးရောင်မီး ကျင့်စဉ်ကို စပြီး ဖတ်ရှုလေ့လာ လိုက်တယ်။

ဒီကြက်သွေးရောင် မီးကျင့်စဉ်က စုစုပေါင်း အဆင့်ကိုးဆင့် ရှိပါတယ်။ ပထမဆုံး သုံးဆင့်ကတော့ အခြေခံ ဖြစ်တယ်။

အဆင့်လေးကနေ ခြောက်အထိ အဆင့်မှာတော့ အရမ်းအားပြင်းတဲ့ မီးလျှံတွေကို ထုတ်နိုင်တဲ့ အထိ ဖြစ်လာမှာ ဖြစ်တယ်။

အဆင့်ခုနစ်ကနေ  ကိုးအထိ ရောက်သွားခဲ့ရင်တော့ တစ်ဖက်လူရဲ့ အရေပြားနဲ့ အတွင်းအင်္ဂါ ကလီစာ တွေကိုပါ လောင်ကျွမ်း စေနိုင်မှာ ဖြစ်တယ်။ ပြီးတော့ ဒီကြက်သွေးရောင် မီးကျင့်စဉ်က နေ့အခါမှာ လေ့ကျင့်ရင် အကောင်းဆုံးပါ။ အလွန်ပူပြင်းတဲ့ နေရောင်ခြည်ကလည်း ဒီကျင့်စဉ် တိုးတက်ဖို့ တစ်ဖက်တစ်လမ်းက အကူအညီ ပေးပါတယ်။ ဒါပေမဲ့ ဒီနေလောင်ဒဏ်ကြောင့် လေ့ကျင့်တဲ့သူ အများအပြားဟာ သဲကန္တာရထဲကို ရောက်သွားသလို ခံစားကျရပါတယ်။ ဘေးထွက် ဆိုးကျိုးအနေနဲ့ တချို့ဆို ခန္ဓာကိုယ်အတွင်းက သွေးကြောတစ်ချို့ လောင်ကျွမ်း ကုန်တယ်။ အဆင့်ကိုးအထိ အောင်မြင် ချင်ရင်တော့ ဒီလို အဖြစ်တွေကို စတေးရမှာပါ။

ဒီကြက်သွေးရောင် ကျင့်စဉ်က အရမ်းကို အန္တရာယ်များတဲ့ ကျင့်စဉ် ဖြစ်တယ်။ ဒီကျင့်စဉ်ကို သေသေချာချာ မထိန်းချုပ်နိုင်ရင် တစ်ဖက်လူကို လောင်ကျွမ်းစေရုံ သာမက မိမိကိုယ်ကိုပါ ပြန်လောင်ကျွမ်း စေနိုင်ပါတယ်။

" ဂိုဏ်းတော်ရဲ့ ကျင့်ကြံခြင်း နည်းစနစ် ပီသပါပေတယ်"

လီဖူချန်းရဲ့ စိတ်ထဲမှာ ဒီကျင့်စဉ်ကို ကြိုက်သွားတယ်။ ဒီကျင့်စဉ်က တခြား ဂိုဏ်းတွေက ကျင့်စဉ်တွေ အောက်ကို လုံးဝရောက်မှာ မဟုတ်ဘူးလေ။ ရှန်းတုကလန်ရဲ့ အကောင်းဆုံး ကျင့်စဉ်ဆိုတဲ့ ရှိုးရန်လျို ကျင့်စဉ်ထက်ကို အများကြီး အစွမ်းထက်တယ်။ ဒါတောင် ဒီကျင့်စဉ်က ဂိုဏ်းတော်ကို ဝင်ဝင်ချင်း တပည့်တွေ အခြေခံ ကောင်းအောင် လေ့ကျင့်ဖို့ ပေးတဲ့ သာမန်ကျင့်စဉ်ပဲ ရှိသေးတယ်။ ဂိုဏ်းတော်ရဲ့ လျို့ဝှက်ဆန်းကြယ် မီးတောက်ကျင့်စဉ်နဲ့ အစစ်အမှန်ငရဲမီး ကျင့်စဉ်ဆိုရင် ဘယ်လောက် အစွမ်းထက် မလဲတောင် မခန့်မှန်းနိုင်တော့ဘူး။

တကယ်လို့ သူသာ ဒီကြက်သွေးရောင်မီး ကျင့်စဉ်ရဲ့ အဆင့်ကိုးအထိ ကျင့်နိုင်ခဲ့မယ် ဆိုရင် လျို့ဝှက်ဆန်းကြယ် မီးတောက်ကျင့်စဉ်ကို လေ့ကျင့်တဲ့ အခါကျ အများကြီး ပိုလွယ်ကူ သွားစေနိုင်တယ်လေ။ ဒီကျင့်စဉ်အတွက် စတေးရမယ့် အရာတွေတော့ နည်းနည်းတော့ ရှိတာပေါ့လေ။

အနာခံတယ် ဆိုတာက တကယ်တော့ အသာစံရမှာ မဟုတ်ပါလား။ မနက်ခင်း နေမင်းကြီး စထွက်လာပြီ ဆိုတာနဲ့ လီဖူချန်းက သူ့ကိုယ်ပိုင် ခြံဝင်းထဲက ကျောက်တုံးကြီးပေါ်မှာ ခြေထောက် နှစ်ချောင်းကို ကြက်ခြေခတ် ထိုင်လိုက်ပြီး ကြက်သွေးရောင် မီးကျင့်စဉ်ကို စတင် လေ့ကျင့် ပါတော့တယ်။

ကျောက်စိမ်းနီ ကျင့်စဉ်ကို လေ့ကျင့်ခဲ့တဲ့ အရှိန်ကြောင့် နေမွန်းမတည့်မီမှာပဲ လီဖူချန်းက ကြက်သွေးရောင်မီး ကျင့်စဉ်ရဲ့ အဆင့်တစ်ကို ရောက်သွားခဲ့တယ်။ နောက်ထပ် ရက်အနည်းငယ်လောက် အကြာမှာတော့ လီဖူချန်းက အဆင့်နှစ်ကို ထပ်ရောက်သွားပြီး လဝက် အကြာမှာတော့ ကျင့်စဉ် အဆင့်သုံးကို ရောက်သွားပြန်တယ်။

*** 

All Chapters