ခန္ဓာကိုယ် ကြံ့ခိုင်မှုတိုးမြှင့်ပေးသည့်ဆေး
Vol. 3 Ch. 38
" ကောင်းလိုက်တဲ့ အတွင်းအားနည်းစနစ်ကွာ"
ကြက်သွေးရောင် မီးကျင့်စဉ်ရဲ့ အဆင့်သုံးက ကျောက်စိမ်းနီ ကျင့်စဉ်ရဲ့ အဆင့်ခြောက်လောက် အစွမ်း မထက်ပေမယ့်လည်း ဒီကျင့်စဉ်ရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်စွမ်းက အများကြီးကို ကောင်းနေတာ ဖြစ်သည်။
ကျောက်စိမ်းနီ ကျင့်စဉ်ရဲ့ အတွင်းအားတွေက ခန္ဓာကိုယ်ကို ၅၀ ရာခိုင်နှုန်းလောက်ပဲ သန့်စင်ပေးနိုင်ပေမယ့် ဒီကြက်သွေးရောင် မီးကျင့်စဉ်ကတော့ ခန္ဓာကိုယ်ကို ၇၀ ရာခိုင်နှုန်းအထိ သန့်စင်ပေးနိုင်ပါတယ်။
" ဒီလို ကျင့်စဉ်ကိုသာ အဝါရောင်အဆင့် အထွတ်အထိပ် ကျင့်စဉ်လို့ ခေါ်ထိုက်တယ်"
လီဖူချန်းက အခုဆိုရင် ဒီကြက်သွေးရောင် မီးကျင့်စဉ်ကို အဆင့် ထပ်မြှင့်ထားတဲ့ လျို့ဝှက်ဆန်းကြယ် မီးတောက် ကျင့်စဉ်ကို ကျင့်ဖို့ မစောင့်နိုင်အောင် ဖြစ်နေခဲ့ပြီ။
သူရဲ့ အသိစိတ်တွေကို စိတ်စွမ်းအင် ပင်လယ်ထဲကို ပို့လွှတ်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ပထမ စိတ်ဝိညာဉ်က စိမ်းဖျော့ဖျော့ အရောင်ကနေ အခုတော့ ၆၀ ရာခိုင်နှုန်းလောက်က အစိမ်းရောင် အဖြစ်ကို ပြောင်းလဲနေတာကို တွေ့လိုက်ရတယ်။
ကြည့်ရတာ အရောင်နှစ်ထပ် ဆိုးထားတဲ့ အလုံးတစ်လုံးနဲ့တောင် တူနေသေးတယ်။
" ငါ့ရဲ့ စိတ်ဝိညာဉ် တစ်ခုလုံးသာ အစိမ်းရောင် ပြောင်းသွားခဲ့ရင် ဘယ်လောက်အထိ ကျင့်ကြံတဲ့ နေရာမှာ မြန်သွားမလဲ မသိဘူးကွာ"
အခုလက်ရှိ စိမ်းနုရောင် စိတ်ဝိညာဉ်ကတောင် လီဖူချန်းကို ကြယ်လေးပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ ကျင့်ကြံမှုနှုန်းနဲ့ တန်းတူ လိုက်နိုင်စေတယ်လေ။
ဒါပေမဲ့ လီဖူချန်း သေသေချာချာ သိထားတာ တစ်ခုကတော့ ဒီစိတ်ဝိညာဉ်က သူ့ရဲ့ ကျင့်စဉ် လေ့ကျင့်ရာနဲ့ သိုင်းပညာ လေ့ကျင့်တဲ့ ဘက်မှာပဲ တိုးတက် စေနိုင်တယ် ဆိုတာပဲ။ တခြားဘက်မှာတာ့ သိပ်ပြီး ထူးမလာပါဘူး။
ဥပမာ ပြောရရင် ကြယ်လေးပွင့်အဆင့် အရိုးတည်ဆောက်ပုံနဲ့ သူတွေက ကျင့်စဉ်ကျင့်ရာ မြန်ရုံတင်မကပဲ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အရမ်း ကောင်းတယ်လေ။ ဥပမာ လီဖူချန်းနဲ့ ကောင်းရှုတို့ တစ်ယောက်တစ်ချက် လက်ဝါးချင်း ယှဉ်ရိုက်မယ် ဆိုပါစို့ ။
လီဖူချန်းက ကောင်းရှု လက်ဝါးရိုက်ချက် အတိုင်း ပြင်းထန်အောင် လိုက်ရိုက်နိုင်ပေမယ့် လီဖူချန်း လက်ဝါးရိုက်ချက်ကြောင့် ကောင်းရှုက တစ်ပတ်လောက်ဆို ပြန်ကောင်း သွားနိုင်ပေမယ့် လီဖူချန်း ကတော့ ခြောက်လလောက် ဆေးကုရင်းနဲ့ အိပ်ယာပေါ်မှာ လှဲနေရမှာ ဖြစ်တယ်။
ဒီလို သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ ထူးခြား ကောင်းမွန်တဲ့ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ ခံနိုင်ရည် ကွာခြားမှူကြောင့် သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက မြေကမ္ဘာ အဆင့်ကို တက်လှမ်းဖို့ အင်မတန် ခဲယဉ်းတာ ဖြစ်တယ်။
ဒီသိုင်းတာအိုကို လျှောက်တဲ့လမ်းမှာ အခက်အခဲတွေ အများဆုံးကတော့ နယ်ပယ်တစ်ခုကနေ နောက်နယ်ပယ် တစ်ခုကို တက်လှမ်းတဲ့ အခါမှာပဲ ဖြစ်တယ်။
ဒါပေမဲ့ လူသားနယ်ပယ်ကနေ စိတ်တန်ခိုး နယ်ပယ်ကို လှမ်းတက်တဲ့ အခါမှာတော့ ခြွင်းချက်ရှိပါတယ်။ တကယ်လို့ မင်းမှာ လုံလောက်တဲ့ ထောက်ပံ့မှု ဆေးဝါးတွေ ရှိရင် လူသား နယ်ပယ်ကနေ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို အလွယ်တကူ တက်လှမ်းနိုင်မှာဖြစ်တယ်။
မြေကမ္ဘာ အဆင့်ကနေ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင်တော့ လုံးဝ ခက်ခဲတဲ့ အဆင့်ကို ရောက်သွားပါပြီ။ ၉၀ ရာခိုင်နှုန်းသော မြေကမ္ဘာအဆင့် ပညာရှင်တွေဟာ သူတို့ ဘဝ တစ်လျှောက်လုံးကို အဆင့်ထပ် မတက်နိုင်ပဲ နေသွားကျရတယ်။
ငါ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက တခြားသူတွေကို မယှဉ်နိုင်ရင်လည်း ဘာဖြစ်လဲကွာ ။ ငါ့ရဲ့ စိတ်ဝိညာဉ်နှစ်ခု အစွမ်းနဲ့ဆိုရင် ငါ့ရဲ့ခန္ဓာကိုယ် အားနည်းချက်ကို ဖုံးလိုက်နိုင်မှာပဲ။
မြေကမ္ဘာအဆင့်ကို တက်လှမ်းနိုင်တဲ့ သာမန်အရိုး တည်ဆောက်ပုံ သိုင်းတန်ခိုး စစ်သည်တော်တွေက ဘယ်သူမှ မသိနိုင့်တဲ့ လျှို့ဝှက်ချက်တွေနဲ့ ကိုယ်စီ ပြည့်နေတာ ဖြစ်သည်။
ထို့ကြောင့် လီဖူချန်းကလည်း သူ့ရဲ့ ကိုယ်ပိုင် လျို့ဝှက်ချက်ကို သူယုံကြည်လေသည်။
***
လစဉ် လတိုင်းမှာ ပထမအဆင့် အပြင်စည်း တပည့်တွေဟာ ရွှေပြား ၁၀၀၀ ဖိုးရှိသည့် ပစ္စည်းတွေကို အလကား ဝယ်ယူခွင့် ရှိသည်။ လီဖူချန်းကလည်း သူ့ရဲ့ အခွင့်အရေးကို အဆုံးရှုံးခံဖို့ အစီအစဉ် မရှိချေ။ ဒါကြောင့် ထောက်ပံ့ရေး ဌာနကို ထွက်လာခဲ့လေသည်။ ထောက်ပံ့ရေး ဌာနကို အရောက်မှာတော့ ပျားပန်းခတ်မျှ သွားလာလှုပ်ရှား နေကြသည့် အပြင်စည်း တပည့်တွေကို တွေ့လိုက်ရသည်။
ဆေးဝါးများ ... စွမ်းအင်ကျောက်သလင်းတုံးများ ...
ချပ်ဝတ်တန်ဆာများ ... လက်နက်များ ... စသည်တို့ကို ရောင်းချ နေတာကိုလည်း သိလိုက်ရသည်။ ထောက်ပံ့ရေး ဌာနမှာ သူထင်ထားတာထက် ပိုစုံနေတာကိုလည်း တွေ့လိုက်ရသည်။
ဆေးဝါးတွေ ဆိုရင်လည်း အဝါရောင် အဆင့်နိမ့် ဆေးဝါးကနေစပြီး ထိပ်တန်း ဆေးဝါးတွေ အထိ ရမှတ်တွေနဲ့ လဲလှယ်လို့ ရသည်။ စွမ်းအင်ကျောက် သလင်းတုံးတွေကလည်း သက်ဆိုင်ရာ ဒြပ်စင်ကို ကိုယ်စားပြုသည့် အမျိုးမျိုး အစားစား ကျောက်သလင်းတုံးတွေလေ။
ချပ်ဝတ် တန်ဆာတွေကတော့ ပထမတန်းစား နဲ့ ဒုတိယတန်းစား ဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။
ပထမတန်းစား တွေကိုတော့ ရွှေပြား ၁၀ပြားနဲ့ ရောင်းချပြီး ဒုတိယတန်းစားတွေ ကိုတော့ ရွှေပြား ၁၀၀ နဲ့ ရောင်းချနေပါတယ်။ လက်နက်တွေကတော့ ဓားတွေကို အများဆုံး ရောင်းချပါတယ်။ မိုးပြာရောင်ဂိုဏ်းက ဓားတာအိုကို လေ့ကျင့်ပေးတဲ့ ဂိုဏ်းတစ်ဂိုဏ်းလေ။ ပထမအဆင့် အပြင်စည်း တပည့်တွေ ရွှေပြားတစ်ထောင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုပဲ ဝယ်နိုင်တာ ဖြစ်သည့် အတွက် တချို့ပစ္စည်းတွေကို သူတို့ရဲ့ ရမှတ်တွေနဲ့ လဲလှယ်ဖို့ လိုအပ်တယ်။ လီဖူချန်းက အခုမှ ဝင်လာတဲ့ ကျောင်းသားသစ် ဖြစ်တဲ့အတွက် ထောက်ပံ့ရေးရမှတ်က သုံညသာ ရှိသေးသည်။
( ရမှတ်တွေကို ထောက်ပံ့ရေး ရမှတ်လို့လည်း ခေါ်ပါသေးသည်။ )
နောက်ဆုံးမှာတော့ လီဖူချန်းက သူ့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ကို အဆင့်မြှင့်ဖို့ အတွက် ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးမြှင့်ပေးတဲ့ ဆေးနှစ်လုံးကို ရွှေပြား ၁၀၀၀ ပေးပြီး ဝယ်လိုက်သည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးမြှင့်ပေးသည့် ဆေးတွေက ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ပေးရုံ သာမက ခွန်အားကိုလည်း တိုးမြှင့်ပေးတယ်။
ဂိုဏ်းတော်ရဲ့ အပြင်မှာဆို ဒီလိုဆေးတွေက ဝယ်ယူနိုင်ဖို့ အရမ်းခက်ခဲတာ ဖြစ်သည်။ သူဝယ်ထားတဲ့ ဆေးလုံးတွေကို လက်ခံယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ထောက်ပံ့ရေးဌာနကို သံယောဇဉ် မပြတ်ပဲ အားတင်းပြီး ထွက်လာခဲ့ရတယ်။
***
၉၀ကီလိုဂရမ် - ဒီခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးမြှင့်ပေးသည့် ဆေးနှစ်လုံးက လီဖူချန်းရဲ့ ပြင်ပခွန်အားကို အတော်လေး တိုးတက်လာစေခဲ့သည်။
ပထမ တစ်လုံးက ၅၀ ကီလိုဂရမ် အားတိုး သွားစေခဲ့ပြီး ဒုတိယအလုံးက ၄၀ ကီလိုဂရမ် အားရရှိစေခဲ့တယ်။ လီဖူချန်းရဲ့ နဂိုမူလပြင်ပအားက ၅၀၀ ကီလိုဂရမ် နီးပါး ရှိတာ ဖြစ်တယ်။
"လူတိုင်းရဲ့ ခန္ဓာကိုယ် ပြင်ပအားက ကန့်သတ်ချက်တွေ ရှိတယ်။ ကြည့်ရတာ ငါ့ခန္ဓာကိုယ်ရဲ့ ပြင်ပခွန်အားက အဆုံးစွန်အထိ ရောက်သေးပုံ မရဘူး။ ငါ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက် ခွန်အားက ဘယ်လောက်များပါလိမ့်ကွာ"
ဆေးပေါင်းတစ်ထောင် ဆေးရေကန်မှာ တစ်ခါ ဝင်စိမ်မယ်ဆိုရင် ပြင်ပခွန်အား ၅၀၀ ကီလိုဂရမ်နီးပါး ရရှိနိုင်ပါတယ်။ ဒါပေမဲ့ဒီခွန်အားက တစ်ယောက်ချင်းစီရဲ့ အပေါ်မှာ မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ လီဖူချန်းက သူ့ရဲ့လက်ရှိ အပြင်ခွန်အားကို အကြမ်းဖျင်း တွက်ကြည့်လိုက်တယ်။ အနည်းဆုံးတော့ ၇၀၀ ကီလိုဂရမ် နီးပါးတော့ ရှိပေသည်။ ဒီဆေးနှစ်လုံးက အပြင်ခွန်အားကို ၉၀ ကီလိုအထိ တိုးပေးတာတော့ ဟုတ်တယ်။
ဒါပေမဲ့ ၇၀၀ ကီလိုဂရမ်အထိ ရောက်ဖို့ဆိုရင် သိပ်မလွယ်သေးဘူး။ ဆေးတစ်လုံး ထပ်စားလိုက်တိုင်း အကျိုးသက်ရောက်မှုက နည်းသွားတာလေ။ ဒီလို ၉၀ ကီလိုအားကို ရဖို့ဆိုရင် နောက်ထပ် ဆေးခြောက်လုံးလောက် သောက်မှ ရနိုင်တော့မှာ။ လီဖူချန်းသာ သူ့ရဲ့ခန္ဓာကိုယ် ခွန်အား ကန့်သတ်ချက်ကို မချိုးဖောက် နိုင်ဘူးဆိုရင် ဆေးဘယ်လောက် ထပ်သောက်သောက် ထူးလာတော့မှာကို မဟုတ်တော့ဘူး။
ဒါပေမဲ့ ခန္ဓာကိုယ် အပြင်အား ကန့်သတ်ချက်ကို ချိုးဖောက်ဖို့က ကျင့်စဉ် အဆင့်တွေကို ချိုးဖောက်ဖို့ ထက်တော့ လွယ်ကူပါသေးသည်။ ကျင့်စဉ်အဆင့် တစ်ခုကို တက်သွားတိုင်း ခန္ဓာကိုယ် ပြင်ပအား ကန့်သတ်ချက် ကလည်း လိုက်ပြီး ပြောင်းသွားနိုင်တယ်လေ။
လူတစ်ယောက်က နောက်ထပ် နယ်ပယ်တစ်ခုကို တက်လှမ်းသွားနိုင်ပြီ ဆိုရင်တော့ သူ့ရဲ့ ပြင်ပအား ကန့်သတ်ချက် ကလည်း အတိုင်းအဆမရှိ ထပ်တိုးသွားမှာ ဖြစ်တယ်။ သာမန်ဆိုရင်တော့ လူသားနယ်ပယ် အဆင့်၉ မှာရှိတဲ့ စစ်သည်တော် တစ်ယောက်ရဲ့ အပြင်ခွန်အားက ၁၀၀၀ ကီလိုဂရမ်လောက်ပဲ ရှိတာလေ။
အရမ်းထူးချွန်တဲ့ ပါရမီရှင်တွေ ဆိုရင်တော့ ၁၅၀၀ ကီလိုဂရမ် ဒါမှမဟုတ် ၂၀၀၀ ကီလိုဂရမ်လောက် အထိ ရောက်နိုင်တာ ပေါ့လေ။ ဒါပေမဲ့ ဒီလို ဖြစ်ရပ်တွေကတော့ အရမ်းရှားပါတယ်။ စိတ်တန်ခိုး နယ်ပယ် ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်တဲ့အခါမှ သူတို့ရဲ့ ပြင်ပခွန်အား အကန့်အသတ်က ကျိုးပေါက်သွားပြီး ပြင်ပခွန်အား တိုးလာနိုင်တာ ဖြစ်တယ်။
သာမန်စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်ကိုးက စစ်သည်တော် တစ်ယောက်က ပြင်ပခွန်အား ၂၀၀၀ ကီလိုဂရမ်အထိ ရှိနိုင်တယ်။ ဒီထက်ပိုပြီးလည်း များလာ နိုင်ပါသေးတယ်။ တကယ်လို့ ခန္ဓာကိုယ် ပြင်ပကျင့်စဉ်တွေ ရှိမယ်ဆိုရင်တော့ ဒီကန့်သတ်ချက်တွေ ချိုးဖောက်ရာမှာ ပိုပြီး လွယ်ကူသွားမှာ ဖြစ်တယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ပြင်ပ ကျင့်စဉ်တွေက အရမ်းရှားပြီး ဂိုဏ်းကြီးတွေမှာပဲ ရှိနိုင်တာဖြစ်သည်။
ခန္ဓာကိုယ် ပြင်ပကျင့်စဉ်တွေ ထဲက အနိမ့်ဆုံး ကျင့်စဉ်ကတောင် အဝါရောင် အထွတ်အထိပ် အဆင့် ကျင့်စဉ်အဆင့်ဖြစ်တာကြောင့် ထောက်ပံ့ရေး ရမှတ်တွေ အများကြီး ရှိမှသာ လဲလှယ်နိုင်မှာ ဖြစ်တယ်။
" ငါ့ဆီမှာ ရမှတ်တွေ အများကြီး ရှိလာရင်တော့ ဒီခန္ဓာကိုယ်ပြင်ပ ကျင့်စဉ်ကို သွားလဲမှကို ဖြစ်မယ်"
ဒီခန္ဓာကိုယ် ပြင်ပကျင့်စဉ်ကို လီဖူချန်း အလိုရှိရခြင်းက သူ့ခန္ဓာကိုယ်ရဲ့ အပြင်ခွန်အားတွေ အတွက်တင် မကပဲ ကြက်သွေးရောင် မီးကျင့်စဉ် အတွက်ပါဖြစ်သည်။ လီဖူချန်းရဲ့ အရိုးတွေက သာမန် တည်ဆောက်ပုံသာ ဖြစ်သည့်အတွက် ခံနိုင်ရည်အားက အတော်လေး နည်းသည်လေ။ သူသာ ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံ အဆင့်ရှိလို့ကတော့ ဒီခန္ဓာကိုယ်ပြင်ပ ကျင့်စဉ်တွေကို လေ့ကျင့်စရာ မလိုတော့ပေ။
ဒါက လူတွေဘာလို့ သာမန်အရိုး တည်ဆောက်ပုံတွေကို တန်ဖိုးမထားပဲ အဆင့်မြင့် အရိုးတည်ဆောက်ပုံ တွေကိုပဲ ပိုပြီး တန်ဖိုးထားရသလဲ ဆိုတဲ့ အကြောင်းအရင်းတွေ ထဲက တစ်ချက်ဖြစ်သည်။ ကြက်သွေးရောင် မီးကျင့်စဉ်လို အရမ်းပြင်းထန်တဲ့ ကျင့်စဉ်တွေကို လေ့ကျင့်တဲ့ အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်အားက လုံးဝစကား ပြောသည်။
ကိုယ့်ရဲ့ သွေးကြောတွေကို လောင်ကျွမ်းခံပြီး လေ့ကျင့်ဖို့ ဆိုတာ ခန္ဓာကိုယ်က အထူးကြံ့ခိုင်နေဖို့ လိုသည်လေ။ မဟုတ်လို့ကတော့ လေ့ကျင့်သူက သွေးကြောတွေ ရှုပ်ထွေးပြီး ရူးသွပ် သွားနိုင်သည်။ လျှို့ဝှက် မီးတောက်ကျင့်စဉ်နဲ့ အစစ်အမှန် ငရဲမီး ကျင့်စဉ် ဆိုရင်တော့ ဘယ်လောက်အထိ ပြင်းထန်မလဲ ဆိုတာ တွေးကြည့်လို့ပင် မရနိုင်ချေ။
"ငါ ထောက်ပံ့ရေး ရမှတ်တွေ ပိုပြီးရဖို့ လိုအပ်လာပြီ"
လီဖူချန်းက ဂိုဏ်းက ပေးအပ်တဲ့ စစ်ဆင်ရေးတွေ မလုပ်ပဲ ရမှတ်တွေ ရရှိနိုင်မည့် နည်းလမ်းကို အကြာကြီး စဉ်းစားနေလေသည်။
တကယ်တော့ ဂိုဏ်းတော်က ပေးတဲ့ ကျင့်စဉ်တွေကို ပေါက်ရောက် အောင်မြင်အောင် ကျင့်နိုင်မယ် ဆိုရင်လည်း ရမှတ်တွေ ရနိုင်တာဖြစ်သည်။
ကြက်သွေးရောင် ကျင့်စဉ် အဆင့်ခုနစ် အထိကို တစ်နှစ် အတွင်းမှာပဲ ရောက်အောင် လေ့ကျင့်နိုင်မယ် ဆိုရင် ထောက်ပံ့ရေးရမှတ် ၅၀၀၀ အထိ ရနိုင်ပါတယ်။
အဆင့် ရှစ်အထိ ရောက်ရင်တော့ ရမှတ် ၃၀၀၀၀ ဖြစ်ပြီး အဆင့်ကိုးအထိ ဆိုရင်တော့ ရမှတ် ၁၀၀၀၀၀ ဖြစ်တယ်။
နှစ်နှစ်အတွင်းမှာ အဆင့်ကိုးအထိ ကျင့်နိုင်ရင်ကို ရမှတ် ၃၀၀၀၀ ထပ်ရဦးမှာ ဖြစ်တယ်။
လီဖူချန်းက ရမှတ် ရနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရင်းနဲ့ ဘယ်ဟာက အလွယ်ဆုံးနဲ့ ရမှတ် ရနိုင်မလဲ ဆိုတာကို ရှာနေမိတယ်။
***