← Chapters

ငါးမျှားပြီး ရမှတ်ရှာဖွေပြီ

Vol. 3 Ch. 39

ငါးမျှားပြီး ရမှတ်ရှာဖွေပြီ

Vol. 3 Ch. 39

လီဖူချန်းက ငါးမျှားပြီး အမှတ် ရှာဖွေဖို့   ရွေးချယ် လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငါးဖမ်းပြီး ရလာတဲ့ ငါးတွေနဲ့ အမှတ်တွေ လဲလှယ်ရုံပဲလေ။

ငါးဖမ်းရမယ့် နေရာကိုတော့ မိုးပြာရောင်ဂိုဏ်းရဲ့ တောင်တန်းတွေ အလယ်မှာ ရှိတဲ့  မိုးပြာရောင် ရေအိုင်ကြီးမှာ ဖမ်းဖို့  နေရာ သတ်မှတ် ပေးထားပါတယ်။

ဒီရေကန်ကြီးက အကျယ်အဝန်း ၈မိုင်ကျော် ရှိပါတယ်။ တချို့ နေရာတွေမှာ ဆိုရင် ရေအနက် ဘယ်လောက်ရှိလဲ ဆိုတာကိုတောင် ခန့်မှန်းလို့ မရပါဘူး။

တချို့က ပြောတာတော့ ရေကန်ရဲ့ အောက်ခြေမှာ အရမ်း တန်ဖိုးရှိတဲ့ ရတနာပစ္စည်းတွေ ရှိတယ်တဲ့။ အဲဒီ ရတနာကြောင့် ဒီရေကန်ထဲက ငါးတွေက မျိုးရိုးဗီဇတွေ ပြောင်းပြီး ရတနာငါးတွေ ဖြစ်လာ ကြတယ်တဲ့။ ဒီရတနာငါးတွေကိုလည်း မိုးပြာရောင်ဂိုဏ်းက အမျိုးမျိုး ခွဲခြား ထားပါတယ်။ ရိုးရိုး သာမန် ရတနာငါး ပထမတန်းစား ရတနာငါး ဒုတိယတန်းစား ရတနာငါး တတိယတန်းစား ရတနာငါး  အစရှိသဖြင့်ပေါ့။

ရတနာငါးတွေက အဟာရဓာတ် အရမ်းပြည့်ဝတဲ့ ငါးတွေ ဖြစ်ပါတယ်။ တကယ်လို့ ဆေးဝါးတွေနဲ့ ဆေးပင်တွေကို  သိုင်းတန်ခိုး စစ်သည်တော်တွေရဲ့ ဆေးအဟာရလို့  သတ်မှတ်မယ် ဆိုရင် ဒီရတနာငါးတွေကိုက  အစာအဟာရ တွေလို့  သတ်မှတ်နိုင်ပါတယ်။

"အစာလည်းဆေး  ဆေးလည်းအစာ" ဟူသည့် စကားပုံကလည်း ရှိသည် မဟုတ်ပါလား။ ဒါပေမဲ့  ဒီရတနာ ငါးတွေ မျှားရတာက လွယ်ကူတဲ့ အရာတော့ မဟုတ်ပေ။

လက်ချောင်း တစ်ချောင်းစာ လောက်ပဲ ရှိသည့် သာမန် ရတနာငါး တစ်ကောင်ကတောင် ၁၀ ကီလိုဂရမ် အားရှိတာ ဖြစ်သည်။ သာမန် ရတနာငါး အကြီးတွေ ဆိုရင် ကီလီဂရမ် ရာပိုင်းမှ ထောင်ပိုင်း အထိ သန်မာကြလေသည်။ သာမန် ရတနာငါး တစ်ကောင် ဆိုရင်တော့ ၁ ကီလိုဂရမ်ကို ရမှတ် ၁၀ မှတ်ပေးပြီး ပထမတန်းစား ရတနာငါး ဆိုရင်တော့ ၁ ကီလိုဂရမ်ကို ရမှတ် ၁၀၀  ရမှာဖြစ်တယ်။

ငါးမျှားဖို့  အတွက် ဆိုရင်တော့ ငါးမျှားမဲ့သူက ငါးမျှားတံ ကောင်းကောင်း တစ်ခုနဲ့ ငါးစာ ကောင်းကောင်း လိုအပ်ပါတယ်။

ငါးမျှားတံနဲ့ ငါးစာတွေကိုလည်း သာမန်၊ ပထမတန်းစား၊ ဒုတိယတန်းစား  ဆိုပြီး ခွဲထား ပါသေးတယ်။ တစ်ချက် စဉ်းစားလိုက်ပြီးနောက် လီဖူချန်းက ရွှေပြား ၃၀၀၀ တန် ဒုတိယတန်းစား ငါးမျှားတံ တစ်ချောင်းနဲ့ ပထမတန်းစား ငါးစား ဘူး၅၀ ကို ရွှေပြား၅၀၀ ပေးပြီး ဝယ်လိုက်တယ်။ ဒီပစ္စည်းတွေ ကိုတော့ သက်ဆိုင်ရာ ဌာနတွေ ဆီမှာ သွားဝယ် လိုက်ရုံပါပဲ။

***

တောင်ပတ် လမ်းတွေပေါ်မှာ ညွှန်ပြထားတဲ့ အတိုင်း သွားရင်းနဲ့ လီဖူချန်းက ၃ ရက်အကြာမှာ  မိုးပြာရောင် ရေကန်ဘေးကို ရောက်လာခဲ့တယ်။ ရေကန်ကို တစ်ချက် ကြည့်လိုက်တာနဲ့ ရေတွေက ကြည်လင် သန့်ရှင်းပြီး ရေပြာကန်လေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကန်ရေပြင် မျက်နှာက နေရောင်အောက်မှာ အလင်းပြန်နေပုံက သက်တန့်ရောင် ကျောက်သလင်းတုံးကို ရွှေရောင် အလင်းတန်းတွေ ဖောက်ဝင် နေသလိုပါပဲ။

ဒီမိုးပြာရောင် ရေကန်မှာ ငါးမြန်မြန် မိဖို့ဆိုရင် ငါးမျှားလို့  ကောင်းတဲ့ နေရာကို ရှာတွေ့ဖို့က အရမ်း အရေးကြီး ပါတယ်။ အကယ်လို့ သင်သာ ငါးနည်းတဲ့ နေရာမှာ သွားထိုင်ပြီး မျှားနေမယ်ဆိုရင် အချိန်ဖြုန်းနေတာ သက်သက်ကလွဲပြီး ဘာမှ ဖြစ်လာမည် မဟုတ်ပေ။ ၂နာရီလောက် ပတ်ရှာပြီးတဲ့ နောက်မှာတော့ သူက စိတ်ကျေနပ်ဖွယ် ကောင်းသည့် ကန်ဘေး တစ်နေရာကို ရှာဖွေ တွေ့ရှိလိုက်သည်။

ဒီနေရာနားမှာ ကျောက်တုံး တံတားလေး တစ်ခု ရှိနေပြီး အဲဒီ တံတားလေးက ကန်ရဲ့ အတွင်းပိုင်းကို သွယ်တန်း ထားပါတယ်။ အဲဒီ တံတားပေါ်မှာတော့ တစ်ကိုယ်ရည် တဲကလေးတွေ အများကြီး ဆောက်လုပ် ထားတာကို လီဖူချန်းက တွေ့လိုက်ရတယ်။ ကြည့်ရတာ ဒီတဲလေးတွေက မိုးပြာရောင် ဂိုဏ်းက တပည့်တွေ ငါးမျှား ထွက်တဲ့အခါ ညအိပ်ဖို့  ဆောက်လုပ် ပေးထားတာ ဖြစ်လောက်သည်။

" နောက်ဆုံးတော့ လွတ်နေတဲ့ တဲတစ်လုံး တွေ့ပြီကွ"

သူနဲ့ ပါလာတဲ့ ပစ္စည်းတွေကို နေရာ ချပြီး နောက်မှာတော့ လီဖူချန်းက ငါးမျှားတံကို သယ်ပြီး ငါးဖမ်းဖို့  ကန်ဘေး တစ်နေရာကို ထွက်လာခဲ့သည်။

ကန်အစပ်ကို ရောက်သွားတဲ့ အခါမှာတော့ ကန်ဘေးမှာ သူ့လိုပဲ ငါးလာဖမ်းတဲ့ တပည့်တွေ အများအပြား ရှိနေတာကို တွေ့လိုက်ရသည်။ သူတို့အားလုံးက တစ်ယောက်ကို မီတာ၂၀ စီ ခွာပြီး ငါးမျှားနေကြသည်။

"အစ်ကိုကြီး လျို ... လူသစ်ရောက်လာတယ်ဗျ "

အသားညိုညိုနဲ့ လူငယ်လေး တစ်ယောက် ပျော်ရွှင်စွာနဲ့ သူ့ဘေးက လူငယ်ကို လှမ်းအော် ပြောလိုက်တယ်။ ဒီနားတစ်ဝိုက်က ငါးဖမ်းလို့ အကောင်းဆုံး နေရာတွေကို တော့ ဝါစဉ်ကြီး တပည့်ကြီးတွေက မောင်ပိုင် စီးပြီးသား ဖြစ်သည်လေ။

ထိုအသားညိုညိုနဲ့ လူငယ်ကလည်း ဝါစဉ်ကြီး တပည့်တွေထဲက တစ်ယောက်ဖြစ်သည်။ သူ့ရဲ့ဘေး မီတာ၂၀ လောက်မှာ  ရှိနေသည့် ဗလတောင့်တောင့်နဲ့ လူငယ်က  လီဖူချန်းကို ကြည့်ပြီး

" ဒီကောင်လေး ငါးများများ ဖမ်းမိပါစေလို့ ဆုတောင်းရမှာပဲ။ ဒါမှ ငါတို့လည်း သူ့ဆီက လုတဲ့အခါ နည်းနည်း ချန်ထား ပေးခဲ့လို့ ရမှာပေါ့"

"အိုင်းယား ... ဒီရတနာငါးတွေက တော်တော်လေး ဖမ်းရခက်တဲ့ ဥစ္စာကိုဗျာ  ဒီမှာ ရောက်နေတာ ၃ပတ် လောက်တောင် ရှိနေပြီ အခုထက်ထိ လောက်လောက် လားလားကို ဘာမှ မရသေးဘူး"

အသားညိုညိုနဲ့ ကောင်လေးက လီဖူချန်းဆီက သူ့အာရုံကို ငါးဖမ်းတဲ့ ဘက်ကို ပြန်ပြောင်း လိုက်တော့တယ်။ အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးလာနေတယ်။ လီဖူချန်းကလည်း စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းနေတယ်။ ညနေခင်း ရောက်ခါနီးလေး မှာတော့ သူ့လက်ထဲက ငါးမျှားတံက ဆတ်ခနဲ လှုပ်သွားသည်။

လီဖူချန်းက ဝမ်းသာအားရနဲ့ ငါးမျှားတံကို ဆွဲတင်လိုက်သည်။

" အားကလည်း သန်လိုက်တာဟ"

ရေအောက်ထဲကနေ ငါးက ပြန်ဆွဲနေသဖြင့် ဒီကောင်ရဲ့ ရုန်းအားက အနည်းဆုံး ၁၀ ကီလိုဂရမ်လောက် ရှိမည့်ငါးဟု တွက်ချက်နေသည်။

သာမန် လူတစ်ယောက်သာ ဒီငါးမျှားတံကို ကိုင်ထားမည် ဆိုပါက ငါးရဲ့ ရုန်းအားကြောင့် ကန်ထဲကိုတောင် ကျသွားနိုင်လေသည်။

" ဗွမ်း"

ငွေရောင် သန်းနေသည့် ငါးတစ်ကောင်က ရေအောက်ထဲကနေ ခုန်တက် လာလေသည်။

ဒီငါးက လက်တစ်ဝါးစာလောက် ရှိပြီး ငွေရောင် အကြေးခွံတွေက တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။ ကြည့်ရတာ သတ္တု အကြေးခွံတွေနဲ့တောင် တူနေသေးသည်။

ဒါက ငွေရောင် သံမဏိငါး ဖြစ်ပြီး သာမန် ရိုးရိုးအဆင့်ရှိတဲ့ ရတနာငါး တစ်ကောင်ပါ။ ဒီငါးရဲ့ အလေးချိန်က ၆၀၀ ဂရမ်လောက်ပဲ ရှိပေမယ့် ရုန်းအားကတော့ နည်းတာ မဟုတ်ပေ။

" ဒီကောင်တွေကို ရတနာငါးတွေလို့ ခေါ်တာ ဘာမှ မထူးဆန်းဘူးပဲ"

လီဖူချန်းက လက်ဝါးအရွယ်မျှ ရှိသည့် ငါးလေးကို ကြည့်ရင်း ဘယ်နားက အားတွေ ထွက်လာတာလည်း ဆိုတာကို စဉ်းစားနေမိသည်။

" ပထမဆုံး နေ့မှာပဲ ငါးမိတယ်ဆိုတော့ ဒီကောင်ရဲ့ ကံက မဆိုးဘူးပဲ"

ဗလတောင့်တောင်နဲ့လူငယ်က လီဖူချန်းကို အေးစက်စက် ကြည့်ရင်း ပြောလိုက်သည်။

နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက် .. ...

လီဖူချန်းက ဒီအတောအတွင်းမှာ တစ်ရက်ကို ငါးတစ်ကောင်နီးပါး ပုံမှန် ဖမ်းမိလေသည်။ သူဖမ်းမိသမျှ ထဲမှာ အလေးဆုံး ကောင်က ၁၂၀၀ ဂရမ်လောက် ရှိပြီး အပေါ့ဆုံး ကောင်က ၆၀၀ ဂရမ်လောက် ရှိသည်။ အားလုံးက ဒီကောင် ကံအရမ်း ကောင်းလွန်းသည်ဟု တွေးနေကြသည်။

ဝါစဉ်ကြီး တပည့်တွေက ဆိုရင် လီဖူချန်းဆီက လုဖို့ကို မစောင့်နိုင် လောက်အောင်ပင် ဖြစ်နေ ကျသည်လေ။

လီဖူချန်းက ငါးမျှားနေရင်းနဲ့ အားသည့် အချိန်တွင် သူ့ရဲ့ ကျင့်စဉ်တွေကို လေ့ကျင့်လေ့ ရှိသည်။

သူ့မှာ လုပ်စရာတွေက အမျာကြီး ကျန်နေပါသေးသည်။ ပထမဆုံးက ကျောက်စိမ်းနီ ကျင့်စဉ်ရဲ့ အမြင့်ဆုံး ဖြစ်သည့် အဆင့်၇ ကိုရောက်အောင် ကျင့်ရဦးမည်။

ဒုတိယကတော့ ကြက်သွေးရောင် မီးကျင့်စဉ်ရဲ့ အဆင့်၂  ကိုရောက်ဖို့ ပေါ့။

သူ့ရဲ့ စိတ်ဝိညာဉ်ကတော့ အစိမ်းနုရောင်ကနေ လုံးလုံး အစိမ်းရောင် အဖြစ်သို့ ပြောင်းသွားပြီ ဖြစ်သည်။ သူ့ရဲ့ ကျင့်ကြံနှုန်းက ကောင်းရှုကို လိုက်မီနေပြီလားလို့ပင် တွေးနေမိသည်။

သူကြားရသလောက်ဆိုရင် ကောင်းရှုက ဂိုဏ်းတော်ထဲကို ရောက်လာကတည်းက အရင်ကထက် အများကြီး လေ့ကျင့်ရာမှာ မြန်လာတယ်တဲ့။ ဒီလေးလ အတွင်းမှာပဲ ကောင်းရှုက လူသားနယ်ပယ် အဆင့်၈ကို အောင်မြင်သွားခဲ့ပြီ။

သူမရဲ့ စွမ်းရည်က အပြင်စည်း ကျောင်းသားတွေ ထဲမှာဆိုရင် ထိပ်ဆုံး ၅၀၀ စာရင်းထဲကိုတောင် ရောက်နေပြီ ဖြစ်သည်။ မိုးပြာရောင် ဂိုဏ်းမှာ အပြင်စည်းတပည့် စုစုပေါင်းက ၃၀၀၀၀ကျော် ရှိတာ ဖြစ်တယ်။ လူသားနယ်ပယ် အဆင့် ၉ ကိုရောက်နေတဲ့ တပည့်တွေကတော့ ၅၀၀၀ နီးပါး ရှိပါတယ်။

ဒါပေမဲ့ ကောင်းရှုကတော့ သူမရဲ့ ပါရမီ ကောင်းမှုကြောင့်လူသားနယ်ပယ် အဆင့်၈ နဲ့တင် ထိပ်ဆုံး၅၀၀ စာရင်းကို ဝင်နေပါပြီ။ ကျောက်စိမ်းနီ ကျင့်စဉ်နဲ့ ကြက်သွေးရောင် မီးကျင့်စဉ်က တကယ် လေ့ကျင့်တဲ့ အခါမှာတော့ အတော်ကလေး ကွာခြား နေပါတယ်။ ကျောက်စိမ်းနီ ကျင့်စဉ်က မီးအဖိုဓာတ်ကို အခြေခံတယ် ဆိုပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်က နူးညံ့ပြီး ညင်သာတယ်။

နေ့အခါမှာ လေ့ကျင့်ရင်တောင် လေ့ကျင့်တဲ့သူရဲ့ ခန္ဓာကိုယ်ကို ဘာမှသိပ်ပြီး ထိခိုက်မှု မပေးပါဘူး။ ကြက်သွေးရောင် မီးကျင့်စဉ်ကတော့ ဆန့်ကျင်ဘက် ပါပဲ။ ဒီကျင့်စဉ်က ဝုန်းခနဲ ရုတ်တရက် ထတောက် တတ်သည့် မီးလျှံမျိုးနှင့် တူသည်။ ကျင့်စဉ်ကလည်း အရမ်း ပြင်းထန်လွန်းသလို လေ့ကျင့်တဲ့ သူကလည်း ခံနိုင်ရည် အရမ်းရှိဖို့ လိုအပ်တာ ဖြစ်တယ်။

နေ့အခါမှာ လေ့ကျင့်ရင် အကျိုးသက်ရောက်မှု ကလည်း နှစ်ဆရှိသလို ဆိုးကျိုးကလည်း နှစ်ဆလောက် ခံရပေသည်။ လီဖူချန်းက နောက်ဆုံးမှာတော့ ညအခါမှာ ကျောက်စိမ်းနီ ကျင့်စဉ်ကို ကျင့်ပြီး နေ့အခါမှာ ကြက်သွေးရောင် မီးကျင့်စဉ်ကို လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ကျင့်စဉ်နှစ်ခုကို တပြိုင်တည်း လေ့ကျင့်ပြီး နောက်မှာတော့ လီဖူချန်းက ကောင်းကင်နှင့် မြေကြီးတို့ရဲ့ အဆီအနှစ်တွေကို အနည်းငယ် နားလည်စ ပြုလာသည်။

" ဗွမ်း"

ကန်ရေပြင်ကို လှုပ်ခတ်သွားသည့် အသံကို မီတာ ၁၀၀လောက်ကပင် ကြားလိုက်ရသည်။

" လှလိုက်တဲ့ အကောင်ကြီးကွာ ... ကြည့်ရတာ ဒီငါးက ပထမတန်းစား ရတနာငါးပဲ ဖြစ်ရမယ်"

" ကြည့်စမ်းဟေ့ ... ဒီကောင်ကြီးက အနည်းဆုံး ၇ ကီလို လောက်တော့ ရှိမှာပဲ။ ဒါက အမှတ် ၇၀၀ တန် ကြီးကွ"

အဲသည် ငါးကြီးကို ဖမ်းမိတဲ့သူကတော့ လီဖူချန်းပင် ဖြစ်ပေသည်။ ဒီငါးကြီးရဲ့ နာမည်က သုံးရောင်ခြယ်ငါးဟု ခေါ်ပေသည်။

ပထမတန်းစား ငါးဖြစ်ပြီး ရေထဲမှာ ဆိုရင် ရုန်းအားက ကီလိုဂရမ် ၃၀၀ ကျော်ပေသည်။ အသားညိုညိုနဲ့ လူငယ်ကော ဗလတောင့်တောင်နဲ့ လူငယ်ကောက လီဖူချန်းကို ကြောင်ပြီး ငေးကြည့် နေကျသည်။

ဒီရက်ပိုင်း အတွင်းမှာ သူတို့  နှစ်ယောက်က လီဖူချန်းကို ကောင်းကောင်း လေ့လာ နေကြတာ ဖြစ်တယ်။ အသားညိုညိုနဲ့ လူငယ်က မအောင့်နိုင်တော့သည့် ပုံဖြင့်

" အစ်ကိုလျို ဒီကောင့်ကို ကြည့်ရတာ ကံအရမ်း ကောင်းလွန်း နေတယ်။ ဒီလောက် ကံကောင်းတာကြီးက မဟုတ်တော့ဘူး ထင်တယ်နော်"

ဗလတောင့်တောင့်နဲ့ လူငယ်က မျက်လုံးအစုံကို မှေးပြီး

"လုံလောက်တဲ့ ကျွမ်းကျင်မှု တစ်ခုခုမရှိရင် မင်းဟာမင်း ကံဘယ်လောက် ကောင်းကောင်း ငါးမိမှာ မဟုတ်ဘူးကွ။ ဒီကောင် ဒီထက် ငါးများများ ပိုမိပါစေလို့ပဲ ငါဆုတောင်း နေပါတယ်"

သူတို့ နှစ်ယောက်စလုံး မသိတာကတော့ လီဖူချန်းက ကံကောင်းပြီး ငါးမိနေတာ မဟုတ်ဘူး ဆိုတာကိုပဲ။ သူက ငါးမျှားတဲ့ နေရာမှာ သူ့ရဲ့ စိတ်ဝိညာဉ်ကို အသုံးပြုပြီး မျှားနေတယ် ဆိုတာပဲ။ သူငါးမျှားနေရင်းနဲ့ ဒီနည်းလမ်းကို တွေ့ရှိခဲ့တာ ဖြစ်သည်။

သူ့ရဲ့ စိတ်ဝိညာဉ်ကို ငါးမျှားချိတ် ဆီကို ပို့ပြီး ရေအောက်ထဲမှာ ငါးတွေ သွားနေတာကို ကြည့်လို့ ရတာကို သူမမျှော်လင့်ပဲ သိခဲ့ရသည်လေ။ ဒီနည်းလမ်းကို သုံးပြီး လီဖူချန်းက ငါးကြီးတွေ မိနေတာဖြစ်သည်။

ဒါပေမဲ့ ဒီလို လုပ်ရတာက သူ့ရဲ့ စိတ်စွမ်းအင်တွေ အများကြီး ကုန်ဆုံးစေသဖြင့် အလွန်အကျွံ မသုံးမိအောင်တော့ သတိထားရပေသည်။

***

All Chapters