← Chapters

လက်ခုပ်ထဲကရေ

Vol. 3 Ch. 40

လက်ခုပ်ထဲကရေ

Vol. 3 Ch. 40

နောက်တစ်နေ့ မှာတော့ လီဖူချန်းက ထပ်ပြီး၂၀ ကီလိုကျော်တဲ့ သာမန် ရတနာငါး တစ်ကောင်ကို  ထပ်ပြီး မိပြန်တယ်။

သူ့ရဲ့ ကံကောင်းမှုတွေကို ကြည့်ရင်း ဗလတောင့်တောင့်နဲ့ လူငယ်တို့  အဖွဲ့က လုံးဝ အံ့အား သင့်နေတယ်။ ပြီးတော့ လောဘလည်း ပိုတက် လာခဲ့တယ်။ လီဖူချန်းရဲ့ ငါးတွေကို သူတို့ လုပြီးတဲ့ အခါကျရင် ရမယ့် အမှတ်တွေက သူတို့အတွက် နောက်ထပ် နှစ်လ သုံးလလောက် အသုံးခံတယ်လေ။

" ဖမ်းထားစမ်း ... ဒီထက်ပိုပြီး ဖမ်းထားစမ်း ။ အချိန်တန်ရင်တော့ ဒါတွေ အားလုံးက ငါ့အတွက်ပဲ ဖြစ်မှာ"

ဗလ တောင့်တောင့်နဲ့ လူငယ်ရဲ့ မျက်လုံးတွေက လောဘကြောင့် အရောင် တောက်သထက် တောက်လာခဲ့တယ်။ လဝက်လောက်မှာပဲ လီဖူချန်းက ပထမတန်းစား ရတနာငါး လေးကောင်နဲ့  သာမန်ရတနာငါး ၁၀ကောင်ကို ဖမ်းမိခဲ့တယ်။ သူယူလာတဲ့ ငါးစာ ဘူး၅၀ မှာလည်း ဘူး၂၀ ကို သူအသုံးပြုခဲ့ ပြီးသွားပြီ။

***

ညရောက်တဲ့ အခါမှာတော့ လီဖူချန်းက တဲရဲ့ အလယ် တည့်တည့်မှာ ဒူးထောက်ပြီး ထိုင်နေတယ်။ ကျောက်စိမ်းနီ ကျင့်စဉ်ရဲ့ အဆင့်ခြောက်ကို လေ့ကျင့်လိုက်တဲ့ အခါမှာတော့ အနီရောင် အလင်းတန်းလေး တစ်ခုက လီဖူချန်းရဲ့ ချက်ကနေ ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ အပူစီးကြောင်း တစ်ခုက လီဖူချန်းရဲ့ ဦးခေါင်းဆီကို ဆန်တက်လာပြီး  အဖြူရောင် အခိုးအငွေ့ကလည်း ထွက်လာခဲ့တယ်။

ဒီငါးမျှားစခန်းမှာ လဝက်လောက် လေ့ကျင့် အပြီးမှာတော့ လီဖူချန်းရဲ့ ကျောက်စိမ်းနီ ကျင့်စဉ် အဆင့်ခြောက်က  အထွတ်အထိပ်ကို ရောက်လာပြီး ဖြစ်တယ်။ နောက်ထပ် အတားအဆီး နည်းနည်းလေးကို ထိုးဖောက်နိုင်ခဲ့ရင် အဆင့်ခုနစ်ကို ရောက်တော့မှာ ဖြစ်တယ်။

အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ လီဖူချန်းရဲ့ ခေါင်းပေါ်မှာ ပေါ်နေတဲ့ အဖြူရောင် အခိုးအငွေ့တွေက ထူထပ်သထက် ထူလာခဲ့ပြီ။ လီဖူချန်းရဲ့ ချက်ပေါ်က ထွက်နေတဲ့ အနီရောင် အလင်းတန်းလေးကတော့  မီးကျီမီးခဲ တောက်သလို ရဲရဲတောက် နေတော့သည်။

လီဖူချန်းရဲ့ အခန်းကလည်း မီးဖိုတစ်ခုထဲမှာ ရောက်နေသည့် အတိုင်း ပူလောင် နေသည်။ နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ ခေါင်းပေါ်က အခိုးအငွေ့တွေက အနီရောင် ဘက်သို့ တဖြည်းဖြည်း ပြောင်းလာခဲ့ပြီ။ သူ့ရဲ့ ချက်ကထွက်နေတဲ့ အနီရောင် အလင်းတန်းကလည်း နဖူးအလယ် တည့်တည့်ကို ပြောင်းသွားခဲ့ပြီ။ အခုအချိန်မှာ လီဖူချန်းကို ကြည့်လိုက်မယ် ဆိုရင် အကြောင်းအရင်းကို မသိပါက  သွေးဂိုဏ်းက သွေးနတ်ဆိုးမင်း လူ့ပြည်ကို အလည် ရောက်လာသည်ဟု ထင်နေကျမည်မှာ အမှန်ပင်။ နောက်ဆုံးတော့လည်း ကျောက်စိမ်းနီ အဆင့် ခုနစ်ကို ရောက်ရှိသွားခဲ့ပြီ။

" ဝုန်း"

လီဖူချန်းက လက်သီး တစ်လုံးကို လေထဲ ပစ်ထိုးလိုက်သည်။ တဲအိမ် အတွင်းမှာ မီးလုံးကြီး တစ်လုံး လောင်ကျွမ်း နေသကဲ့သို့ပင် ဖြစ်သွားသည်။

"ငါ့ရဲ့သွေးကြောအပို ၉ခုတောင် ပွင့်သွားတာပဲ။ ငါ့ရဲ့ အတွင်းအားကလည်း ပိုပြီးတောင် သိပ်သည်း သွားတယ်။"

သွေးကြောတွေ ပိုပွင့် သွားသည့်အတွက် လီဖူချန်းရဲ့ အတွင်းအား လှည့်ပတ်နှုန်း ကလည်း ပိုပြီး မြန်လာပေသည်။ ဒဏ္ဍာရီတွေ အရဆိုရင် ကောင်းကင်အဆင့် ကျင့်စဉ်ကိုသာ ကျင့်လိုက်နိုင်မယ် ဆိုရင် ခန္ဓာကိုယ် တစ်ခုလုံးက သွေးကြောတွေတောင် ပွင့်သွားမှာဖြစ်သည်။

ဒါပေမဲ့ ဒီအဆင့်က လီဖူချန်းနဲ့ အဝေးကြီး လိုပါသေးသည်။ မိုးပြာရောင်ဂိုဏ်းမှာ ရှိတဲ့ အမြင့်ဆုံး ကျင့်စဉ်ကတောင် မြေကမ္ဘာအဆင့်ပဲ ဖြစ်သည်လေ"

ငါ့လက်ဝါးရဲ့ အပူချိန်က ဘယ်လောက်တောင် ရှိမလဲမသိဘူး"

လီဖူချန်းက ကန်ထဲကဖမ်းလာသည့် ၁ကီလိုလောက်ရှိသည့် ငွေသံမဏိ ငါးကို ထုတ်ယူလိုက်ပြီး လက်ဝါးနဲ့ ဖိအုပ် ကြည့်လိုက်သည်။

"ရှဲ    ရှဲ" ငွေသံမဏိငါးက မီးသွေးခဲကဲ့သို့ မည်းနက်သွားပြီး မီးတူးသွားသည့် အနံ့တွေကလည်း ထွက်လာပေသည်။

" ငါမျှော်လင့် ထားသလိုပဲ ကျောက်စိမ်းနီ ကျင့်စဉ် အဆင့်ခုနစ်က အစွမ်းထက် လွန်းတာပဲ။"

ကျောက်စိမ်းနီ ကျင့်စဉ် အဆင့်ခြောက် ကတောင် ငါးတစ်ကောင်ကို ကျက်သွားစေနိုင်တဲ့ အစွမ်းရှိတယ်။ ဒါပေမဲ့ ဒီရတနာငါးတွေကိုတော့ မဖြစ်နိုင်ပေ။ ကျောက်စိမ်းနီကျင့်စဉ် အဆင့်ခုနစ်ဖြင့်သာ ရတနာငါးတွေကို ဒီလိုလောင်ကျွမ်းအောင် လုပ်နိုင်ပေသည်။

လီဖူချန်းရဲ့ လက်ဝါးကနေ မှိန်ဖျော့ဖျော့ အနီရောင် မီးတောက်လေးက ထွက်နေသည်။

ဒီမီးလေးကပဲ ငွေသံမဏိငါးကို မီးကျွမ်းသွားအောင် လုပ်နိုင်ခဲ့တာ ဖြစ်သည်။

"စိတ်တန်ခိုးဖြင့် စွမ်းအင်ကို ပုံဖော်ခြင်း"'

ဒီအဆင့်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က သိုင်းတန်ခိုး စစ်သည်တော်များသာ ပြုလုပ်နိုင်သည့် အရာဖြစ်သည်။

ဒီ စိတ်တန်ခိုးစွမ်းအင်ကို ဓားဒါမှမဟုတ် လက်ဝါးနဲ့ တွဲသုံးလိုက်မယ် ဆိုရင် သူ့ရဲ့ ဖျက်ဆီးနိုင်စွမ်းက မူလထက်ကို ပိုပြီး ပြင်းထန်လာမှာဖြစ်တယ်။

ကျောက်စိမ်းနီကျင့်စဉ် အဆင့်ခုနစ်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် လီဖူချန်းက စိတ်တန်ခိုးစွမ်းအင်ကို ပုံဖော်လို့  ရသွားခဲ့ပြီ။

လီဖူချန်းလို လူသားနယ်ပယ် အဆင့်ခြောက်နဲ့ ဒီလိုလုပ်နိုင်တယ် ဆိုတာ တကယ့် ထူးခြားဖြစ်စဉ်ပါပဲ။

ဒါပေမဲ့ လီဖူချန်းရဲ့ ပုံဖော်တဲ့ နည်းစနစ်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က လူတွေနဲ့တော့ ကွာခြားပါတယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က စစ်သည်တော်တွေ ကတော့ အချိန်မရွေး ထုတ်သုံးနိုင်တာ ဖြစ်ပြီး လီဖူချန်းကတော့ သူ့အတွင်းအားတွေက အချိန်အတော်ကြာ စုစည်းပြီးမှသာ အသုံးပြုနိုင်တာ ဖြစ်သည်။ စိတ်တန်ခိုး စွမ်းအင်ကို ချက်ချင်း ပုံမဖော်နိုင်တာ ဖြစ်တဲ့ အတွက် ဒီနည်းစနစ်ဟာ အနီးကပ် တိုက်ပွဲတွေ မှာတော့ အသုံးဝင်မှာ မဟုတ်ပါဘူး။ ဘယ်ရန်သူက သူ့ကို ဆော်ဖို့  အတွင်းအား စုနေတာကို ငြိမ်ပြီး ရပ်ကြည့် နေနိုင်မှာလဲ" ငါသာ ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်ကိုးကို ရောက်သွားရင် ဘယ်လို ဖြစ်သွားမလဲ မသိဘူး"

ကြက်သွေးရောင် မီးကျင့်စဉ်က ကျောက်စိမ်းနီ ကျင့်စဉ်ထက် ပိုအဆင့်မြင့်တာ ဖြစ်တဲ့အတွက် ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်ခြောက်ကတောင် ကျောက်စိမ်းနီ ကျင့်စဉ် အဆင့်ခုနစ်နဲ့ အစွမ်းချင်း တူညီတယ်လေ။

အဆင့်ခုနစ် ...အဆင့်ရှစ် ...  အဆင့်ကိုးသာ ရောက်သွားခဲ့မယ် ဆိုတော့ ဘယ်လောက် အစွမ်းထက်မလည်း ဆိုတာတောင် ခန့်မှန်း မရတော့ပေ။ ငွေသံမဏိငါးရဲ့ တူးနေတဲ့ အကြေးခွံတွေကို ဖယ်လိုက်တဲ့ အခါမှာတော့ မွှေးပျံ့နေတဲ့ အတွင်းသားထဲက အသားကင် အနံ့တွေက မွှေးကြိုင်စွာ ထွက်ပေါ်လာပေသည်။ လီဖူချန်းက တစ်ဖဲ့လောက် ကိုက်စား ကြည့်လိုက်သည်။

အရသာက မဆိုးပေ။

ငါးအသားက ဗိုက်ထဲကို ရောက်သွားချိန်တွင် နွေးထွေးတဲ့ အပူစီးကြောင်းလေးက ခန္ဓာကိုယ် တစ်ခုလုံးကို ရောက်သွားပြီး နွေးထွေးတဲ့ ခံစားမှုလေး တစ်ခုကိုရလိုက်သည်။

ဒီရတနာငါးရဲ့ အကျိုးကျေးဇူးက ခန္ဓာကိုယ် ကြံခိုင်မှု တိုးမြှင့်ပေးသည့် ဆေးတွေနဲ့ တူညီသည်။ ဒါပေမဲ့ အကျိုး သက်ရောက်မှု ကတော့ ဆေးတွေနှင့် မယှဉ်နိုင်ပေ။ ဒါကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးမြှင့်ပေးတဲ့ ဆေးတစ်လုံးကို ရွှေပြား၅၀၀ ပေးရပြီး ဒီငွေသံမဏိ ငါးတစ်ကောင် ကတော့ ရွှေပြား၁၀ပြား လောက်ပဲ ပေးရတာ ဖြစ်သည်။

ကျောက်စိမ်းနီကျင့်စဉ် အဆင့်ခုနစ်ကို ရောက်ပြီး နှစ်ရက် အကြာမှာတော့ လီဖူချန်းက ကြက်သွေးရောင် မီးကျင့်စဉ်မှာလည်း အဆင့်လေးကို ရောက်သွားခဲ့တယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက အတွင်းအားတွေကို စုစည်းလိုက်ရင် ပေါက်ကွဲတော့မည့် မီးတောင်ကြီး တစ်လုံးကဲ့သို့ ဖြစ်လာ နေချေပြီ။

" ဒီကညီလေး ... အစ်ကိုကြီးက ညီလေးရဲ့ နာမည်နဲ့ ဘယ်မိသားစု ကလည်းဆိုတာ သိလို့ရမလား"

လီဖူချန်းက တံခါးကို တွန်းဖွင့်လိုက်ပြီး ခါတိုင်းလို ငါးဖမ်းဖို့ ထွက်အလာမှာ အသက် ၁၇ နှစ်လောက် ရှိသည့် လူငယ်လေးတစ်ယောက်က သူ့လမ်းကို ပိတ်လိုက်ရင်းနဲ့ မေးလိုက်သည်။

လီဖူချန်း ထိုလူငယ်ကို ကြည့်လိုက်တာနဲ့ ကောင်းသော ရည်ရွယ်ချက်နဲ့ မေးတာ မဟုတ်ဘူးဆိုတာ ကောင်းကောင်းကြီး ရိပ်မိလိုက်သည်။ ဒီလူငယ်က လီဖူချန်းသာ နာမည်ကြီး ကလန်တွေထဲက ဖြစ်နေခဲ့ရင် တောင်းပန်စကား ဆိုပြီး လှည့်ထွက်သွားမည်မှာ အမှန်ပင်။ ထိုလူငယ်ရဲ့ မေးခွန်းကို နားလည်သော်လည်း လီဖူချန်းက ဂရုမစိုက်ပဲ နာမည် ပြောပြလိုက်သည်။

" လီဖူချန်း"

" ညီလေးဖူချန်း  အစ်ကို့နာမည်က ဟောင်ရှန်ထန်ပါ။ ညီလေးနဲ့ နည်းနည်းလေးဆွေးနွေးစရာ ရှိလို့ပါ။"

" ဘာဆွေးနွေးမလို့လည်း" လီဖူချန်းက ပြန်မေးလိုက်သည်။

" ဒီလဝက်လောက် အတွင်းမှာ ညီလေးလီက ငါးတော်တော် များများ ဖမ်းမိတာကို အစ်ကို သတိထား မိတယ်လေ။ ဒါကြောင့် ညီလေးဆီက ငါးလေးတွေ ဝယ်ချင်လို့ပါ။ သာမန်ရတနာငါး တစ်ကီလိုကို ရွှေပြား၁ ပြား ။ ပထမတန်းစားငါး တစ်ကီလိုကို ရွှေပြား ၁၀ ပြား ပေးပြီး ဝယ်မယ်လေ။ ဘယ်လိုလဲ ညီလေးလီ ... အစ်ကိုကြီးကို ရောင်းမှာလား"

" အစ်ကို ဟောင် ... ဖူချန်းက ဒီနေရာကို ရောက်လာတာ မကြာသေးတဲ့ အသစ် ဆိုပေမဲ့ ထုံအနေတဲ့ လူတော့ မဟုတ်ဘူးနော်။ ကျွန်တော် သိသလောက်ဆိုရင် သာမန် ရတနာငါး တစ်ကီလိုက ရွှေပြား ၂၀ တန်ပြီး ပထမတန်းစားငါးက  တစ်ကီလိုကို ရွှေပြား ၂၀၀ တန်တယ်။

ဟောင်ရှန်ထန်က ရယ်လိုက်ပြီး -

" ညီလေးလီ ... အစ်ကိုကြီး ပေးတဲ့ဈေးက နည်းရင်နည်း လိမ့်မယ်။ အနည်းဆုံးတော့ ညီလေး သုံးစရာ ရတာပေါ့။ တခြား လူဆိုရင် ညီလေးကို တစ်ပြားမှ မပေးပဲ ရိုက်ပြီး လုသွားမှာလေ"

လီဖူချန်းမှာ ရှိတာက သာမန်ငါး ကီလို၁၀၀ ကျော်နဲ့ ပထမတန်းစား ငါးကီလို ၄၀ ကျော်လောက် ရှိတာလေ။ လီဖူချန်းက သူ့ကို ရောင်းလိုက်မယ် ဆိုရင်တော့ ရွှေပြားရာကျော် ရဦးမှာ ဖြစ်တယ်။

လီဖူချန်းက ဟောင်ရှန်ထန်ကို ပြောလိုက်တယ်။

" အစ်ကိုဟောင် ... ကျွန်တော်က မရောင်းဘူးဆိုရင် ဘာဆက် ဖြစ်နိုင်မလဲ"

ဟောင်ရှန်ထန်က -

"အဲဒါဆိုရင် ညီလေး ဖမ်းထားတဲ့ ငါးတွေ တစ်ကောင်မှ မကျန်မယ့် အပြင် ညီလေးက ဆေးဖိုးဝါးခပါ ထပ်ကုန် ဦးမှာပေါ့" လို့  လီဖူချန်းကို ခြိမ်းခြောက်လိုက်တယ်။

ဒီလူသစ်လေးကို သူက မနိုင်စရာ အကြောင်း မရှိဘူးလေ။

***

All Chapters