← Chapters

ဒုတိယတန်းစားရတနာငါး

Vol. 3 Ch. 41

ဒုတိယတန်းစားရတနာငါး

Vol. 3 Ch. 41

လီဖူချန်းက သက်ပြင်း တစ်ချက် ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ်။

"  ဒီရတနာငါးကို ညီလေးရဲ့ တောင်းပန်မှုအဖြစ် လက်ခံလိုက်ပါ"

လီဖူချန်းက သူဖမ်းမိထားတဲ့ထဲက ငါးတစ်ကောင်ကို ဟောင်ရှန်ထန်ကို လှမ်းပေးလိုက်တယ်။ ဟောင်ရှန်ထန်ရဲ့ မျက်နှာက တင်းမာသွားပြီး

" ညီလေးလီ ... မင်းက အစ်ကိုကြီးကို မျက်နှာသာ မပေးမှတော့ အစ်ကိုကြီး အဆိုး မဆိုနဲ့တော့"

"ဝှစ်"

ရုတ်တရက် လက်သီး တစ်လုံးကို လေထုကို ထိုးခွဲလာပြီး လီဖူချန်းရဲ့ မျက်နှာနားကို ကပ်လာတယ်။ ဒီလက်သီးကို လီဖူချန်းက သူ့ရဲ့ ကျောက်ခွဲလက်ဝါးနဲ့ ခုခံလိုက်တယ်။

" ဘန်း"

လက်သီးနဲ့ လက်ဝါး ထိပ်တိုက် တွေ့ဆုံကြတဲ့ အခါမှာတော့ ကျယ်လောင်တဲ့ အသံကြီးတစ်သံ ထွက်ပေါ် လာပြီး ပတ်ဝန်းကျင် လေထုတွေကိုပါ လှုပ်ခတ် သွားတယ်။

ဟောင်ရှန်ထန်က အနောက်ကို ခြေလှမ်း၃ လှမ်း ဆုတ်လိုက်ရပြီး လီဖူချန်းကတော့ ၄ လှမ်းဆုတ် လိုက်ရတယ်။

" မင်းက ငါ့ရဲ့ လက်သီးကိုတောင် ခုခံနိုင်တာပဲ"

ဟောင်ရှန်ထန်က အံ့သြသွားတယ်။

အသက် ၁၇ နှစ် ရှိပြီ ဖြစ်တဲ့ ဟောင်ရှန်ထန်က လူသားနယ်ပယ်အဆင့် ၇ ကိုရောက်နေပြီ ဖြစ်သည်။ မိုးပြာရောင် ဂိုဏ်းကပေးတဲ့ ခရမ်းရောင် အတွင်းအား ကျင့်စဉ်ကို သူက အဆင့်ငါး အထိရောက်အောင် လေ့ကျင့်ပြီးသား ဖြစ်တဲ့အတွက် သူ့အတွင်းအားတွေ ကလည်း အရမ်း သိပ်သည်းနေပြီ ဖြစ်သည်။

ပုံမှန်ဆိုရင် လီဖူချန်းလို ဂိုဏ်းထဲကို အခုမှ ဝင်လာတဲ့ လူသားနယ်ပယ် အဆင့်ခြောက်နဲ့ တပည့်လေးက သူ့လက်သီးကို ခံနိုင်စရာ ဘာအကြောင်းမှ မရှိဘူးလေ။

" ငါ့လက်သီးတွေကို ထပ်ပြီးခုခံကြည့်ပါဦး"

ဒေါသထွက်နေတဲ့ ဟောင်ရှန်ထန်က သူ့ရဲ့ အတွင်းအားတွေကို စုစည်းလိုက်ပြီး လီဖူချန်းကို ထပ်ပြီး တိုက်လိုက်ပြန်တယ်။

သူ့ရဲ့ ဒီတစ်ခါ လက်သီးချက်တွေက ကောင်းကင်ပေါ်ကနေ ဥက္ကာခဲမိုးတွေ ရွာကျလာသလိုပဲ အရမ်း ပြင်းထန် လွန်းတယ်။ ဟောင်ရှန်ထန်ရဲ့ လက်သီးပြင်းအားကို သိတဲ့အတွက် လီဖူချန်းက ထိပ်တိုက် ရင်ဆိုင်ဖို့ မတွေးပဲ ရှောင်တိမ်း လိုက်တယ်။ ထို့နောက် ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လိုက်ပြီး မိုးသီးမိုးပေါက်တွေ ကျလာသလို ကန်ချက်တွေနဲ့ ဟောင်ရှန်ထန်ရဲ့ ခါးကို ကန်ထည့်လိုက်တယ်။

" မကောင်းတော့ဘူး"

ဟောင်ရှန်ထန်က လက်နှစ်ဖက်ကို ကြက်ခြေခတ် ထားလိုက်ပြီး လီဖူချန်းရဲ့ ကန်ချက်တွေကို ခုခံလိုက်တယ်။

" ဘန်း"

လီဖူချန်းရဲ့ ကန်ချက်တွေထဲက တစ်ချက်က ဟောင်ရှန်ထန်ရဲ့ ပခုံးကို ထိသွားတဲ့ အတွက် ဟောင်ရှန်ထန်က အနောက်ကို လွင့်ထွက်သွားတယ်။

" ဒါက မိုးပြာရောင် ဂိုဏ်းသားတစ်ယောက်ရဲ့ အစွမ်းလား"

လီဖူချန်းက ထုံကျဉ်နေတဲ့ သူ့ရဲ့ ညာဘက်လက်ကို နှိပ်နယ်နေရင်းနဲ့ စဉ်းစားမိလိုက်တယ်။

ဟောင်ရှန်ထန်ရဲ့ အတွင်းအားက သူထင်ထားတာ ထက်တောင် ကောင်းနေ သေးတယ်လေ။ သူသာ ကျောက်စိမ်းနီ ကျင့်စဉ်ရဲ့ အဆင့် ၇ ကိုရောက်အောင် မကျင့်ထားနိုင်ဘူးဆိုရင် အစောပိုင်းက လက်သီးချက်နဲ့တင် အရှုံးပေးလိုက် ရနိုင်တယ်။

" ဒီကောင့်ရဲ့ ကျင့်စဉ်က ငါ့လောက်တောင် မရှိသေးဘူး ဒါပေမဲ့  ဒီကောင့်ရဲ့ တိုက်ခိုက်ရေး နည်းစနစ်က ဘယ်သူနဲ့မှ မတူအောင်ကို ကြောက်စရာ ကောင်းလွန်းပါလား"

လီဖူချန်းရဲ့ ကန်ချက်မိသွားတဲ့ အတွက် ဟောင်ရှန်ထန်ရဲ့ ခန္ဓာကိုယ်က အခုထိ နာကျင်နေဆဲ ဖြစ်ပြီး အတွင်းအား လမ်းကြောင်းတွေလည်း ကမောက်ကမ ဖြစ်နေတုန်းပဲ။

ဒီကမ္ဘာပေါ်မှာ သိုင်းတန်ခိုး စစ်သည်တော်တွေ ဆိုတာ ကျင့်စဉ်နယ်ပယ် မြင့်နေတာနဲ့ တိုက်ခိုက်ရေး ဘက်မှာလည်း တော်နေတာမျိုး မဟုတ်ဘူးလေ။

ပြီးတော့ သိုင်းပညာတွေကို တီထွင်ခဲ့ရတဲ့ ရည်ရွယ်ချက်ကိုက ကိုယ့်ထက် အားကြီးတဲ့ သူတွေကို အနိုင်တိုက်နိုင်ဖို့  အတွက်ပဲလေ။ သိုင်းကွက်တွေက အသေပဲဖြစ်ပေမဲ့ သုံးတဲ့ လူတွေကတော့ အရှင်ဖြစ်တယ်။ လူတစ်ယောက်ချင်းစီရဲ့ နားလည် သဘောပေါက်နိုင်မှု အပေါ်မှာ မူတည်ပြီး သိုင်းကွက်တွေရဲ့ အစွမ်းကလည်း အမျိုးမျိုး ပြောင်းလဲ သွားနိုင်တယ်။

လီဖူချန်းက လက်တွေ့ တိုက်ခိုက်ရေး အပိုင်းမှာ ဆရာတစ်ဆူ ဆိုတာကိုတော့ ယုံမှား သံသယ ဖြစ်စရာ မလိုတော့ပါဘူး။

" အစ်ကိုဟောင် ... ခွင့်ပြုပါဦး"

လီဖူချန်းက ဟောင်ရှန်ထန်ကို အရေးမစိုက်တော့ပဲ ထွက်လာခဲ့တယ်။

ဟောင်ရှန်ထန်ကတေ့ာ ပခုံးလေးကို ကိုင်ပြီး လီဖူချန်းကို မယုံနိုင်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီး ရပ်ကျန်နေခဲ့တယ်။

***

သူ့ရဲ့ စိတ်ဝိညာဉ်အသိကို ငါးမျှားချိတ်ဆီကို ပို့လိုက်တဲ့ အခါမှာတော့ ကန်အောက်ခြေမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို လီဖူချန်းက ကောင်းကောင်းကြီး မြင်တွေ့နေရတယ်။

မကြာမီမှာပဲ  လီဖူချန်းက တစ်မီတာလောက် ရှည်သည့် မှင်ပြာရောင် ငါးကြီးတစ်ကောင်ကို တွေ့လိုက်ရတယ်။

" ဒါက ဒုတိယတန်းစား အပြာရောင် လျှပ်စစ်ငါးပဲ"

လီဖူချန်းရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့တယ်။ ပထမတန်းစား ငါးတွေက တစ်ကီလိုကို ရမှတ် ၁၀၀ လောက်ရပါတယ်။

ဒါပေမဲ့ ဒုတိယတန်းစား ငါးတွေ ဆိုရင်တော့ တစ်ကီလိုကို ရမှတ် ၁၀၀၀ လောက် အထိကို ရနိုင်သေးတယ်။

သူများတွေ ပြောကျတာတော့ ဒုတိယတန်းစား ရတနာ ငါးတစ်ကောင်လုံးကို စားလိုက်မယ် ဆိုရင်  ဆေးပေါင်းတစ်ထောင် ရေကန်မှာ စိမ်ခွင့်ရတာနဲ့ အတူတူပဲတဲ့။

ဒီလို ပြင်ပစည်း တပည့်တွေ ကြားထဲမှာ ဒုတိယတန်းစား ရတနာငါးတွေကို ရအောင်မျှားနိုင်တဲ့ လူတွေက အရမ်းကို ရှားပါးလွန်းတယ်။

နောက်ဆုံး တစ်ခါမိခဲ့တာတောင်မှ  သုံးလလောက် ကြာခဲ့ပြီလေ။ လီဖူချန်းက ငါးမျှားချိတ်ကို အပြာရောင် လျှပ်စစ်ငါး ရှိတဲ့ဘက်ကို ပြောင်းပြီး ထားလိုက်တယ်။

ဒါပေမဲ့ အပြာရောင် လျှပ်စစ်ငါးက ငါးစာကောင်းကောင်းပဲ ကြိုက်တာ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ ငါးစာကို လုံးဝ အဖက်မလုပ်ချေ။ လီဖူချန်းက စိတ်လေသွားတယ်။ သူ့မှာပါလာတဲ့ ငါးစာတွေက ဒုတိယတန်းစား ငါးစာတွေလေ။ ဒါကိုတောင် ဒီငါးက လုံး ဝကြိုက်နှစ်သက်ဟန် မပြ။

ကြည့်ရတာ ဒီထက် အဆင့်မြင့်တဲ့ ငါးစာနှင့်မှ  ဒီငါးကို မြူဆွယ်လို့  ရမည့်ပုံပင်။

ဒီအချိန်မှာ ကံကောင်းသွားတာက လီဖုချန်းရဲ့ စိတ်ဝိညာဉ်အသိက ထိုငါးရဲ့ အာရုံစိုက်ခြင်းကို ရလိုက်သည်။ ဒီငါးကြီးက လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိရှိနေသည့် ငါးမျှားချိတ်ကြီးဆီ တဟုန်ထိုး ကူးခတ်လာပြီး ငါးစာကို ဟပ်လိုက် လေတော့သည်။

မယုံကြည်နိုင် လောက်အောင် ပြင်းထန်တဲ့ ရုန်းအားနဲ့ အပြာရောင် လျှပ်စစ်ငါးက လီဖူချန်းကိုတောင် ရေကန်ထဲကို ဆွဲချသွားတယ်။

" ဘာကောင်ကြီးလဲဟ "

ဒီကောင်က အနည်းဆုံး ကီလို၁၀၀၀ အားတောင် ရှိတာပဲ"

လီဖူချန်းက မြင်းထိုင်နည်း စနစ်ဖြင့် ထိုင်လိုက်ပြီး သူ့တစ်ကိုယ်လုံးက ပြင်ပအားတွေနဲ့ အတွင်းအားတွေ အကုန်လုံးကို အမြင့်ဆုံးအထိ ထုတ်ဖော်လိုက်တယ်။

" ဟေး ... မိပြီကွ"

အချိန်အတန်ကြာ ငါးနဲ့ အားစမ်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ငါးမျှားတံကို မတင်လိုက်ပြီး အပြာရောင် လျှပ်စစ်ငါးကို ဖမ်းလိုက်တော့တယ်။

ထို့နောက် လီဖူချန်းက အပြာရောင် လျှပ်စစ်ငါးရဲ့ ပါးစပ်ကို ဟလိုက်ပြီး ငါးမျှားချိတ်ကို သေသေချာချာ ထုတ်ယူလိုက်သည်။ လီဖူချန်းရဲ့ အော်သံကြောင့် ဘေးက ငါးဖမ်းနေတဲ့ တပည့်တွေက လှည့်ကြည့် လိုက်ကျတယ်။

" ဘာတုန်းဟ  ဒီကောင် နောက်ထပ်ငါး ထပ်မိပြန်ပြီလား"

" ဒီကောင် ဒီနှုန်းနဲ့သာ ဖမ်းမိနေရင် ငါတို့ဖမ်းဖို့ ငါးကော ကျန်ဦးမှာလားဟ"

အားလုံးရဲ့ အာရုံတွေက ရေထဲမှာ ရောက်နေတဲ့ လီဖူချန်းဆီကို ရောက်လာတယ်။

တချို့ဆိုရင် သူတို့ရဲ့ ငါးမျှားတံတွေကို ချထားခဲ့ပြီး လီဖူချန်း ရှိရာကိုတောင် လာပြီး ကြည့်ကြတဲ့ အထိပဲ။ လီဖူချန်း ရေထဲက တက်လာတဲ့ အခါမှာတော့  လက်ထဲမှာ အပြာရောင်တောက်နဲ့ ငါးကြီးတစ်ကောင်ကို ပိုက်ပြီး တက်လာခဲ့တယ်။

" ဟာ အဲဒါ အပြာရောင် လျှပ်စစ်ငါးကြီးဟ"

" မဟုတ်တော့ဘူးဟေ့ ... ဒီကောင်က သာမန် ကံကောင်းတာ မဟုတ်တော့ဘူး။ အရမ်းလွန်နေပြီ။ ဒီကောင်က တံငါသည် ဝင်စားတာလား မသိဘူး။"

အားလုံးက နီရဲပြီး လောဘဇော တက်နေသည့် အကြည့်တွေနဲ့ လီဖူချန်းကို ဝိုင်းပြီး ကြည့်နေကျသည်။ အသက်ရှူသံ တွေကလည်း ပြင်းလို့ ပေါ့။

" ဝှစ်"

လီဖူချန်းက ရေထဲကနေ ကန်ခြေကို ပြန်တက်လာနေစဉ် လေးမှာပဲ လက်တစ်ဖက်က လီဖူချန်းရဲ့ လက်ထဲက ငါးကြီးကို လုယူသွားလေသည်။ လက်ပိုင်ရှင် ကတော့ အစ်ကိုကြီးလျိုဟု ခေါ်သည့် ဗလတောင့်တောင့်နှင့် လူငယ်ဖြစ်သည်။

ဒါပေမဲ့ အပြာရောင် လျှပ်စစ်ငါးရဲ့  အစွမ်းကို အထင်သေးလို့ မရပေ။

ငါးရဲ့ လျှပ်စစ် စက်ကွင်းက ဗလတောင့်တောင့်နဲ့ လူငယ်ကို တိုက်ခိုက်လိုက်တဲ့ အတွက် လူငယ်က ထုံကျဉ်သွားပြီး လက်ထဲကငါးက ပြန်ပြုတ်ကျ သွားသည်။

လီဖူချန်းက အလျင်အမြန် ငါးကို လေထဲမှာ ဖမ်းလိုက်ပြီး ပြန်လုလိုက်တယ်။

လျှပ်စစ်ငါးက လီဖူချန်းကို တိုက်ခိုက်ဖို့  ကြိုးစားလိုက်ပေမဲ့ လီဖူချန်းက လျှပ်စစ်ငါးကို အလျင်အမြန်ပဲ သူ့ ရဲ့ ငါးဖမ်းတဲ့ ခြင်းတောင်းထဲကို ပစ်ထည့်လိုက်တယ်။

" မင်းအဲဒါဘာလုပ်တာလည်း"

ထုံကျဉ်နေတာ ပျောက်သွားတဲ့ ဗလတောင့်တောင့်နဲ့ လူငယ်က လီဖူချန်းကို လူသတ်တော့မည့် မျက်လုံးတွေနှင့် ကြည့်လိုက်ရင်း မေးလိုက်သည်။

" ဖယ်စမ်း"

လီဖူချန်းကလည်း ဒေါသ အရမ်းထွက်နေပြီ ဖြစ်သည်။ သူပင်ပင်ပန်းပန်း ဖမ်းထားရတဲ့ ငါးကို ဒီကောင်က အလကား လာလုချင်နေသည်လေ။

လီဖူချန်းက သူ့ ကိုဒီလို လာကျောသည့် လူတွေကို ခေါင်းငုံ့ ခံနေမည့် လူမျိုး မဟုတ်ပေ။ အသားညိုညိုနဲ့ လူငယ်က

" မင်းသေချင်နေပြီလား ... မင်းက အစ်ကိုလျိုကို ဒီလိုလေသံနဲ့ ပြောရဲတယ် ဟုတ်လား"

လီဖူချန်းက

" ငါမင်းကို ပြောနေတာ မဟုတ်ဘူး။ မင်းကိစ္စ မဟုတ်ပဲ ဝင်မပါနဲ့"

လို့ပြန်ကြိမ်းမောင်းလိုက်တယ်။ လီဖူချန်းက သူ့ရဲ့ ငါးဖမ်း ခြင်းတောင်းလေးကို လွယ်ပြီး ထွက်သွားဖို့  အလုပ်မှာ

" ထွက်သွားချင်တယ် ဟုတ်လား။ အဲလောက် မလွယ်ဘူးကွ"

အသားညိုညိုနဲ့ လူငယ်က လီဖူချန်းရဲ့ ပခုံးကို လှမ်းဆွဲ လိုက်တယ်။ လီဖူချန်းက ကိုယ်ကို နိမ့်ရှောင်လိုက်ပြီး လေပေါ်ကို ခုန်တက်ကာ ကန်ချက် အများအပြားကို ထိုလူငယ်ကို ကျွေးလိုက်လေသည်။ လီဖူချန်းရဲ့ ကန်ချက်တွေက မုန်တိုင်းတစ်စင်း တိုက်ခတ် သွားသလိုပါပဲ။

ဘေးကနေ ရပ်ကြည့်နေတဲ့ လူတွေက လီဖူချန်းရဲ့ ကန်ချက်တွေကို ကြည့်ပြီး ထိတ်လန့် သွားတယ်။ အသားညိုညိုနဲ့ လူငယ်က တစ်ချက်တောင် ပြန်မတိုက်နိုင်ပဲ

ဆက်တိုက် အနောက်ကို ဆုတ်ကာ ရှောင်တိမ်းနေရသည်။ ဒီအတိုင်းဆို တစ်ချက်မှပင် ပြန်မတိုက်နိုင်ပဲ ရှုံးသွားတော့မည်လေ။ သူက ရှောင်ရင်း ရှောင်ရင်းနဲ့ ကန်စပ်နား အရောက်မှာတော့ ဗလတောင်တောင့်နဲ့ လူငယ်က ရပ်ကြည့် မနေနိုင်တော့ပဲဝင်ပါလာလေ တော့သည်။

လီဖူချန်းလိုပဲ သူကလည်း ခြေသိုင်းကို အသုံးပြုတာ ဖြစ်တယ်။ တကယ်လို့ လီဖူချန်းရဲ့ ခြေသိုင်းက မုန်တိုင်း တစ်စင်းဆိုရင် ဗလတောင့်တောင့်နဲ့ လူငယ်ရဲ့ ခြေသိုင်းက မိုးကြိုး တစ်စင်းလိုပဲ ပြင်းထန် လွန်းတယ်။ သူတို့ရဲ့ ခြေထောက်တွေက လေထဲမှာ လျင်မြန်စွာ လှုပ်ရှားပြီး တိုက်ခိုက် နေကြတယ်။ လီဖူးချန်က တစ်ဖြည်းဖြည်းနဲ့ ပြိုင်ဖက်ရဲ့ အသာစီး ရယူခြင်းကို ခံလာရတယ်။

" ဘန်း"

လီဖူချန်းက ပြိုင်ဖက်ရဲ့ ကန်ချက်ကြောင့် နောက်ကို ဆုတ်သွားတယ်။

"လူသားနယ်ပယ် အဆင့်ရှစ်လား"

လီဖူချန်းက မျက်နှာက လေးနက် တည်ကြည် သွားတယ်။ အသားညိုညိုနဲ့ လူငယ်ရဲ့ ရှေ့မှာ ရပ်နေတဲ့ ဗလတောင့်တောင့်နဲ့ လူငယ်က လီဖူချန်းကို ကြည့်ပြီး

" မင်းမှာ အခု ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမအချက်က မင်းရဲ့ငါးတွေ အကုန်ထားပြီး ထွက်သွား။ ဒုတိယအချက်က ငါခွေးလို နွားလို ရိုက်တာကို မင်းခံရမယ်။"

ထိုလူငယ်က လုံးဝ လီဖူချန်းကို အမှုန့် ကြိတ်ချင်နေသည့် လေသံဖြင့် ပြောလိုက်တာဖြစ်သည်။ ဘေးနားမှာ ကြည့်နေတဲ့ လူအားလုံးက ဒီဗလတောင့်တောင့်နဲ့ လူငယ် စနေတာ မဟုတ်ပဲ တကယ် အတည်လုပ်မှာကို သိနေသည်။

" ဒီလူသစ်လေး ကတော့ ကံဆိုးပြီဟေ့။ လျိုကိုင်က လူသားနယ်ပယ် အဆင့်ရှစ်တောင် ရောက်နေပြီကွ။ လွန်ခဲ့တဲ့ သုံးလလောက်တုန်းကတောင် လူသားနယ်ပယ် အဆင့်ကိုးက ဂိုဏ်းတူ အစ်ကိုကြီး တစ်ယောက်ကိုတောင် အနိုင် ရထားသေးတယ်။

“ငှက်တွေက အစာရှာရင်းနဲ့ သေတယ်။ လူတွေကတော့ ဥစ္စာရှာရင်းနဲ့ သေတယ်တဲ့"

ကြည့်ရတာ ဒီစကားက တယ်မှန်တာပဲ။ ဘေးက ရပ်ကြည့်နေတဲ့ လူတွေက အနောက်ကို ဆုတ်ပေး လိုက်ကြပြီး လီဖူချန်းတို့ နှစ်ယောက် တိုက်ခိုက်လို့ ရအောင် နေရာကျယ်ကျယ် ဖန်တီး ပေးလိုက်ကြသည်။

***

All Chapters