ကျောက်စိမ်းနီကျင့်စဉ် ရဲ့အစွမ်း
Vol. 3 Ch. 42
" ဒီကောင့်ရဲ့ အပြင်ခွန်အားက ငါ့နှစ်ဆလောက် ရှိတယ်။ ဒီကောင့်ကို လက်နက်မဲ့ ချရင်တော့ ငါဘယ်လိုမှ နိုင်မှာမဟုတ်ဘူး"
တကယ်လို့ ဒီနေရာမှာ လျိုခိုင် မဟုတ်ပဲ တစ်ခြား လူသားနယ်ပယ် အဆင့်၈ တစ်ယောက်ဆိုရင် လီဖူချန်းက သာသာယာယာ အနိုင်ယူလိုက်လို့ ရတယ်။
ဒါပေမဲ့ အခုက မိုးပြာရောင်ဂိုဏ်းရဲ့ ပါရမီရှင်တွေထဲက တစ်ယောက်လေ ။ မိုးပြာရောင် ဂိုဏ်းသားဆိုတာ အနယ်နယ် အရပ်ရပ်က ပါရမီရှင်တွေထဲကနေ ရွေးချယ်ထားတဲ့ သူတွေ။
ဒီလိုအဆင့် နှစ်ဆင့်ကွာတဲ့ သူကို အနိုင်ယူဖို့ ဆိုတာ သိပ်တော့ လွယ်ကူမည် မဟုတ်။ ရှင်းရှင်း ပြောရမယ်ဆိုရင် အဆင့်တစ်ဆင့် ကွာနေရင်တောင် အသည်းအသန် တိုက်ပြီးမှ အနိုင်ရနိုင်မှာလေ။
လျိုခိုင်က ခက်ခဲတဲ့ ပြိုင်ဖက်ဆိုပေမဲ့ လီဖူချန်းက သူ့ဓားသိုင်းကို သူယုံကြည်မှု အပြည့်ရှိတယ်။
သူသာ ဓားထုတ်ပြီး တိုက်လိုက်မယ် ဆိုပါက လျိုခိုင်က အနိုင်ရဖို့ ဆိုတာက ခက်ခဲတဲ့ အရာတစ်ခုတော့ မဟုတ်ပေ။
" မင်းက တစ်ကွက်ကောင်း နှစ်ကွက်ကောင်း လေးတော့ ရထားတာပဲ။ ဒါကြောင့် မင်းကင့ါကို ပမာမခန့် လုပ်ရဲတာကိုး။ ထားပါတော့ မင်းက လူသစ်ဖြစ်တဲ့ အတွက် ငါမင်းကို နည်းနည်းလျော့ ပေးလိုက်မယ်။ မင်းသာ ဒီငါးကို ငါ့ကို ပေးလိုက်မယ် ဆိုရင် နောက်ဆို ငါတို့ သူငယ်ချင်းတွေ ဖြစ်သွားနိုင်တယ်"
လျိုခိုင်က သေသေချာချာ စဉ်းစားပြီး ပြောလိုက်တယ်။
အခုချိန်မှာ လူသားအဆင့်ခြောက်ပဲ ရှိသေးတဲ့ လီဖူချန်းကို သူ့မျက်လုံးထဲမှာ မထည့်ထားပေမဲ့ နောင်တစ်ချိန် ဖြစ်လာမယ့် လီဖူချန်းကိုတော့ သူနည်းနည်း လန့်နေ မိတယ်လေ။
သူက ဒီမိုးပြာရောင်ဂိုဏ်းကို ရောက်တာ နှစ်နှစ်တောင် ရှိနေခဲ့ပြီ။
လီဖူချန်းကတော့ ရောက်တာ တစ်လလောက်ပဲ ရှိဦးမည်။ ဒီလို တိုက်ခိုက်ရေးမှာ ပါရမီပါသည့် ကောင်လေးမျိုးနှင့် သူက ဖြစ်နိုင်မယ်ဆိုရင် ရန်သူမဖြစ်လိုပေ။ ဒါပေမဲ့ ဒီရတနာငါးကြီးကို သူရမှ ဖြစ်ပေမည်။ လီဖူချန်းက နှာခေါင်းရှုံ့လိုက်ပြီး
" ဘယ်သူငယ်ချင်းက သူများငါးကို လုတာ မင်းမြင်ဖူးလို့လဲ။ မင်းက ငါ့ငါးကို ယူပြီး သူငယ်ချင်း ဖြစ်ချင်တယ် ဟုတ်လား ... ဟာသပဲ "
" မင်းက ငါဒီလောက် အလျော့ပေး နေတာကိုတောင် ငါ့ကို မျက်နှာသာ မပေးဘူးပေါ့"
လျိုခိုင်က သည်းမခံ နိုင်တော့ပဲ လီဖူချန်းကို ရုတ်တရက် တိုက်ခိုက် လိုက်သည်။
ဒီဂိုဏ်းကို အသစ်ရောက်လာတဲ့ တပည့်တိုင်းက ကိုယ်ပိုင်မာနအပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးလို့ ထင်နေကျတဲ့ သူတွေဆိုတာ သူကောင်းကောင်း သိတယ်လေ။
ဒီလို ကျောင်းသားအသစ် တွေက တစ်ယောက်ယောက်က သူတို့ကို မဆုံးမရင် လုံးဝမှတ်မှာ မဟုတ်ဘူးလေ။ တောင်တစ်တောင်ထက် မြင့်သောတောင် ဆိုတာ ရှိတယ် ဆိုတာကို ဒီတပည့်သစ်ကို သိအောင် အကြောင်းပြ ပေးရမည်။ လျိုခိုင်ရဲ့ ကန်ချက်တွေက လေထုကို ထိုးခွဲသွားပြီး နှစ်ချက် သုံးချက် ဆင့်၍ လီဖူချန်းဆီ ရောက်လာခဲ့သည်။
" လေကို စေသူ ကန်ချက်"
လျိုကလန်ရဲ့ အဝါရောင် အလယ်အလတ်အဆင့် ခြေသိုင်းဖြစ်သည်။
လျိုခိုင်ရဲ့ လူသားနယ်ပယ် အဆင့်ရှစ်နဲ့ ဆိုရင် ခြေကန်ချက် တစ်ချက်နဲ့တောင် ကျောက်တုံးကြီးတွေကို ကွဲကြေ သွားစေနိုင်သည်။
"ဝှစ် "
လီဖူချန်းက ဒီကန်ချက်ကို လှစ်ခနဲ နေအောင် ရှောင်လိုက်သည်။
ဒီအဝါရောင် အလယ်အလတ် ခြေသိုင်းလောက်က သူ့ ကို ဖိအား မပေးစေ နိုင်ပါဘူး။
ဒါပေမဲ့ လျိုခိုင်ရဲ့ တိုက်ခိုက်မှုတွေက အရူးတစ်ယောက် တိုက်ခိုက် နေသလို ဆက်တိုက် ထပ်ရောက်လာတယ်။ လီဖူချန်းကတော့ တန်ပြန် တိုက်စစ်ကိုပဲ ကျင့်သုံးနေတယ်။ တစ်ချက် တစ်ချက်မှာတော့ ကွက်ကျား ကွက်ကျား တိုက်စစ် ပြန်ဆင်တယ်။
သိုင်းကွက်တွေ အကြောင်း ပြောရမယ် ဆိုရင် ပြီးပြည့်စုံခြင်းက အဆုံးမှတ် မဟုတ်ပါဘူး။ ပြီးပြည့်စုံခြင်းရဲ့ နောက်မှာ နောက်ထပ် အဆင့်တွေ ရှိသေးတယ်။
တတ်သိ နားလည်ခြင်း၊ အလုံးစုံ တတ်သိ နားလည်ခြင်းနဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်တွေ ပေါ့။
လီဖူချန်းက လေပွေမုန်တိုင်း ကန်ချက်ကို အလုံးစုံ တတ်သိ နားလည် သွားခဲ့ပြီလေ။
ဒါကြောင့် သူ့သာ အစွမ်းကုန် တိုက်ခိုက် လိုက်မယ်ဆိုရင် သူ့ရဲ့အရှိန်က ကြယ်ကြွေသွားတဲ့ အတိုင်း အရမ်း မြန်လွန်းပါတယ်။
လီဖူချန်းကို လျိုခိုင်ကို စက်ဝိုင်း ပတ်ပြေးလိုက်ပြီး ပြန်တိုက် လိုက်တယ်။ သူ့ ရဲ့ကန်ချက်တွေက မထင်မှတ်တဲ့ အချိန် မထင်ထားတဲ့ ထောင့်ချိုးတွေကနေ လာနေတာ ဖြစ်တဲ့အတွက် လျိုခိုင်ကလည်း သတိကြီးကြီး ထားပြီး ပြန်ခုခံနေရသည်။
ဒီလိုနဲ့ ကိုယ်တစ်ပြန် သူတစ်ပြန် တိုက်ခိုက်နေရင်းနဲ့ လျိုခိုင်က စိတ်မရှည် ဖြစ်လာတယ်။
" ငါ့ ဓားကို မြည်းကြည့်စမ်း"
ဂိုဏ်းတော်က ပေးထားတဲ့ ဓားကို ဆွဲထုတ်ပြီး တိုက်ခိုက် လိုက်တယ်။ ဓားချက်နဲ့ အနက်ရောင် အရိပ်တွေက လီဖူချန်းကို လွှမ်းခြုံသွားတယ်။ ဒီဓားသိုင်းက အဝါရောင် အဆင့်မြင့် ဓားသိုင်းဖြစ်တဲ့ တိမ်တောင် တိမ်ထု ဓားသိုင်းဖြစ်သည်။ လီဖူချန်းကလည်း လျိုခိုင်ရဲ့ ဓားကွက်ထဲမှာ အမိမခံပေ။ သူ့ရဲ့ ဓားကို ဆွဲထုတ်ပြီး လျိုခိုင်ကို ပြန်တိုက် လိုက်တယ်။
" ဖတ်"
ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံတဲ့ အခါမှာတော့ လျိုခိုင်က အမှားတစ်ချက် လုပ်လိုက်မိတယ်။ လီဖူချန်းရဲ့ သိမ်းငှက်လို စူးရှတဲ့ မျက်စိက ချက်ချင်း လျိုခိုင်ရဲ့ ဟာကွက်ကို တွေ့သွားပြီး ဟာနေတဲ့ ရင်ဘတ်ကို တိုက်လိုက်တယ်။
"သွားစမ်း"
လျိုခိုင်က ဓားကို ပြောင်းပြန် လှည့်လိုက်ပြီး လီဖူချန်းရဲ့ဓားကို ခံဆောင်လိုက်တယ်။
" ကောင်းလိုက်တဲ့ ဓားကွက်"
လီဖူချန်းက လျိုခိုင်က ဒီလိုဓားကို ပြောင်းပြန်လှည့်ပြီး ပြန်ခုခံနိုင်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ ဒီလို ခုခံနိုင်တဲ့ သူတွေက အရမ်းရှားတယ်လေ။
" တိမ်တောင်မှာ မိုးညိုလာ (တိမ်တောင်တိမ်ထု ဓားသိုင်းထဲကတစ်ကွက်)
လျိုခိုင်က စိတ်တန်ခိုးနယ်ပယ် အဆင့်ရှစ်ကသူ ဖြစ်တဲ့အတွက် တိမ်တောင်တိမ်ထု ဓားသိုင်းကို အကြိုပြီးပြည့်စုံခြင်း အဆင့်ထိ လေ့ကျင့်ထားသူ တစ်ယောက် ဖြစ်သည်။
သူ့ရဲ့ အခုဓားကွက်က လီဖူချန်းကို ပြန်တိုက်ခွင့်တောင် မပေးတော့ပဲ ဆက်တိုက် နေရာမလပ် ထိုးခုတ်နေသည်။
"ငါ ဒီတိုင်း ခုခံနေလို့ မရတော့ဘူး"
ဒါက လီဖူချန်းဘဝမှာ ပထမဆုံး တစ်ဖက်ရန်သူကို ပြန်မတိုက်နိုင်ပဲ ဆက်တိုက် ခုခံနေရတာ ဖြစ်သည်။ သူက ပြိုင်ဖက်ရဲ့ ဟာကွက်ကို လှမ်းမြင်ရသော်လည်း ပြန်တိုက်ဖို့ တစ်ချက်လေးတောင် အခွင့်အရေး မရပေ။ သူ့ မှာ အမြန်နှုန်း လိုအပ်နေသေးသည်။ ကျင့်ကြံမှု အဆင့်တွေ ကွာခြားတာကြောင့် လျိုခိုင်နှင့် ယှဉ်လိုက်ရင် သူ့ရဲ့ အမြန်နှုန်းက အတော်လေး နိမ့်ကျနေတယ်လေ။ လျိုခိုင်ကို ပြန်မတိုက်နိုင်ရုံမက လျိုခိုင်ရဲ့ ဓားချက်တွေကို ဆက်တိုက် ခုခံနေရသဖြင့် လီဖူချန်းက လက်တွေ ထုံလာပြီး ဓားလွတ်ကျမတတ် ပင်ဖြစ်နေလေပြီ
လီဖူချန်းက အသက်ကို ဝအောင် ရှူလိုက်ပြီး လျိုခိုင်ရဲ့ ဓားချက်ကို မခုခံတော့ပဲ ဘယ်ဘက်ထဲကို ခုန်ဝင်သွားပြီး ဒီဓားချက်က အရမ်းကို လျင်မြန်ပြီး ရက်စက်လွန်းတယ်။ လျိုခိုင်ရဲ့ ဟာကွက်ကို တန်းတန်းမတ်မတ် ဝင်သွားတဲ့ ဓားထိပ်ဖျားက လေလိုပဲ အတည်တကျမရှိ။ " ဖန်း"
ဒီဓားချက်ကို ခုခံဖို့ လျိုခိုင်က ဘယ်ဘက်လက်သီးကို အသုံးပြုပြီး ဝင်လာတဲ့ ဓားကို ထိုးချလိုက်တယ်။ လျိုခိုင်က ငွေလှိုင်းဖြူ ကျင့်စဉ်ကို အဆင့်ခြောက်အထိ အောင်မြင်ပြီးသား ဖြစ်လေသည်။
ထို့ကြောင့် သူ့လက်သီးချက်က လီဖူချန်းကော ဓားကိုပါ လေထဲ မြောက်တက် သွားစေသည်။ လျိုခိုင်က လီဖူချန်းကို မြေပေါ်ကို ပြန်ခြေချခွင့်တောင် မပေးပဲ လေထဲအထိ လိုက်ခုန်တက် လာပြီး ဓားဖြင့် ပိုင်းလိုက်လေသည်။
"ကျောက်စိမ်းနီ သတ်ဖြတ်ခြင်း သိုင်းကွက်"
လီဖူချန်းကလည်း လေထဲကနေ အလျင်အမြန်ပဲ သူ့ဓားဖြင့် လျိုခိုင်ကို ပြန်တိုက်ခိုက် လိုက်တယ်။ ဒီဓားချက်က ကြောက်စရာ ကောင်းလွန်းတဲ့ အငွေ့အသက်တွေ ပါနေတယ်။
လျိုခိုင်က သူ့ဓားကို မမြင်ရတဲ့ အားတွေက လာပြီး ထိန်းချုပ်နေသလို ခံစားလိုက်ရတယ်။ ဒီဓားကွက်က ကျောက်စိမ်းနီ ဓားကွက်ရဲ့ ဒုတိယဓားကွက်လေ။
" ငါမင်းကို အနိုင်ယူပြမယ်"
ခရမ်းရောင် အတွင်းအား ကျင့်စဉ်ကို အဆင့်အမြင့်ဆုံး အထိ မြှင့်လိုက်ပြီး လျိုခိုင်က ဓားကို ရေပြင်ညီအတိုင်း ဝှေ့ယမ်းလိုက်တယ်။
" ဝုန်း"
လီဖူချန်းက အနောက်ကို လွင့်ထွက်သွားပြီး သွေးတစ်လုတ်မျှ အန်လိုက်လေသည်။ လျိုခိုင်ကလည်း သိပ်ပြီး အခြေအနေ မကောင်းပါဘူး။ လီဖူချန်းရဲ့ ဓားချက်က သူ့ ရင်ဘတ်ကို ထိမှန်သွားတဲ့အတွက် နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတယ်။
" လျိုခိုင်က ဒဏ်ရာ ရသွားတာလား"
" ဒီလူသစ်လေးက လူသားနယ်ပယ် အဆင့်ခြောက်နဲ့တောင် လျိုခိုင်ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်။ နောက်ထပ် အဆင့်ခုနစ် ... အဆင့် ရှစ် ... အထိ ရောက်သွားတဲ့ အချိန်ဆို ဘယ်လောက်တောင် ကြောက်စရာ ကောင်းမလဲမသိဘူး။
ဒီကောင့်ကို ရန်မစတာ အကောင်းဆုံးပဲဟေ့"
ဘေးက ကြည့်နေတဲ့ လူအုပ်ကြီးက တစ်ယောက်တစ်ပေါက် ပြောဆို နေကျသည်။ ဒီလူအုပ်ထဲမှာ တချို့က လီဖူချန်းရဲ့ငါးကို လုဖို့ ကြံရွယ် နေကျသူတွေ ပါတယ်။
ဒါပေမဲ့ အခု ဒီလူတွေက သူတို့ရဲ့ အကြံတွေကို စွန့်လွှတ် လိုက်ကျပြီ။ လီဖူချန်းရဲ့ လက်ရှိ စွမ်းရည်ကတင် သူတို့ကို ကြောက်လန့်စေတာ မဟုတ်ပဲ လီဖူချန်းရဲ့ အလားအလာကပါ သူတို့ကို ကြောက်လန့် သွားစေတယ်။
ဂိုဏ်းထဲမှာက ကလဲ့စားချေတဲ့ ကိစ္စတွေက မကြာခဏ ဖြစ်ပေါ် တတ်သည်လေ။ တချို့သော တပည့်အသစ်တွေက ဂိုဏ်းတော်ကို ရောက်ရောက်ချင်းမှာ အနိုင်ကျင့် ခံရတယ်လေ။
ထိုတပည့်တွေက အဲဒီ အနိုင်ကျင့်ခံရတာကို မှတ်ထားပြီး သူတို့ရဲ့ ကျင့်စဉ် အဆင့်မြင့်လာတဲ့ တစ်နေ့ကျရင် အနိုင်ကျင့်ခဲ့သူတွေကို သူတို့ ခံခဲ့ရတာထက် အဆပေါင်းများစွာ ပိုပြီး အရှက်ပြန်ခွဲ ကြတယ်။
ဒါကြောင့် ဂိုဏ်းထဲမှာ ဆိုရိုးစကားလေး တစ်ခုတောင် ရှိသေးတယ်။
'မြစ်တွေက အရှေ့ဘက်ကို နှစ်ပေါင်း၃၀ စီးဆင်းပြီးရင် အနောက်ဘက်ကို နှစ်ပေါင်း ၃၀ ပြန်စီးဆင်းတယ် " ( မင်းသူတစ်ပါး နိမ့်ကျနေတုန်း အနိုင်ကျင့်ခဲ့ရင် သူပြန်သာတဲ့အခါကျရင်လည်း မင်းကိုပြန်အနိုင်ကျင့်လိမ့်မယ်)
" မဆိုးဘူး ... မင်းက တကယ် မဆိုးဘူး။ ငါ့ကိုတောင် ဒဏ်ရာရအောင် တိုက်နိုင်တယ်ပေါ့။ မင်းကိုငါ ထပ်ပြီး အခွင့်အရေး မပေးတော့ဘူး"
လျိုခိုင်က သူ့ အတွင်းအားတွေကို အကုန်လုံးကို စုစည်းပြီး ဓားဆီပို့ လိုက်တယ်။ လီဖူချန်းက လျိုခိုင်ရဲ့ဓားမှာ အပြာရောင် ရေလှိုင်းလေးတွေ ဖြစ်ပေါ်နေတာကို သတိထားမိလိုက်တယ်။
" စိတ်တန်ခိုးဖြင့် စွမ်းအင်ပုံဖော်ခြင်း"
လျိုခိုင်ကလည်း သူ့လို လူသားနယ်ပယ် အဆင့်နဲ့ ဒီနည်းစနစ်ကို တတ်မြောက် နေသည်လေ။
" သေစမ်း"
လျိုခိုင်က အတွင်းအား အကုန် စုစည်းလိုက်ပြီး လီဖူချန်းကို အားကုန် ပိုင်းချလိုက်သည်။
"ဝေါ့ "
လီဖူလျန်းက လျိုခိုင်ရဲ့ ဓားကို ခုခံလိုက်တဲ့ အချိန်မှာတော့ ကြောက်စရာ ကောင်းလွန်းတဲ့ အအေးဓာတ်ကို သူ့ကို လာတိုက်ခိုက်သဖြင့် အတွင်းဒဏ်ရာ ရသွားပြီး သွေးထပ် အန်လိုက်ရသည်။
" မင်းက ဒီလောက်တောင် ရက်စက်မှတော့ ငါ့အဆိုး မဆိုနဲ့တော့"
လီဖူချန်းကလည်း သူ့ရဲ့ ကျောက်စိမ်းနီ ကျင့်စဉ် အဆင့်ခုနစ်ကို ထုတ်သုံး လိုက်တော့သည်။ သူ့ရဲ့ ဓားပေါ်မှာ အနီရောင် မီးတောက်လေးက ဖုံးလွှမ်းသွားတယ်။
ထို့နောက်မှာတော့ လီဖူချန်းက လျိုခိုင်ကို ပြန်ပြီး ခုတ်ပိုင်းလိုက်တယ်။
" ရွှမ်း"
လမ်းတစ်ဝက်မှာ ဓားချက်က တခြားပုံရိပ်ယောင် နယ်ပယ်ကို ရောက်သွားသကဲ့သို့ ပျောက်ကွယ် သွားလေသည်။ ဒီဓားကွက်က ကျောက်စိမ်းနီ ဓားသိုင်းရဲ့ တတိယဓားကွက် ဖြစ်တဲ့ မရဏခေါ်သံပင် ဖြစ်လေသည်။
***