← Chapters

ဒါ အိပ်မက်တစ်ခုပဲ ဖြစ်ရမယ်

Vol. 80 Ch. 1107

ဒါ အိပ်မက်တစ်ခုပဲ ဖြစ်ရမယ်

Vol. 80 Ch. 1107

ယန်ဟူ၏မျက်နှာအမူအရာက အနည်းငယ် အရုပ်ဆိုးသွားသည်။ သူက အော်ပြောလိုက်၏ “အာ၊ မင်း ငါ့ကို ဒီလိုကျေးဇူးမသိတတ်တဲ့အလုပ်ကို ပေးရတာလား၊ ကတ်ပတိန်။ မတော်လို့ ငါက သခင်လေးထန်ရဲ့စိတ်ဓာတ်ကို ဖျက်ဆီးမိသွားရင် ဒါက ဆိုးဝါးတဲ့တိုက်ခိုက်မှုတစ်ခု မဖြစ်သွားဘူးလား”

“အပိုတွေမပြောနဲ့”လီချိုင်ပင်းက မပျော်ရွှင်စွာ ပြောလိုက်သည် “မင်းရဲ့စကေးအရ မင်းရဲ့ခွန်အားကို ထိန်းချုပ်ဖို့ အဆင်ပြေပါလိမ့်မယ်”

ယန်ဟူက မျက်လုံးလိမ့်လျက် ရေရွတ်လိုက်သည် “ဒါပေမယ့် လက်သီးနဲ့ခြေထောက်မှာ မျက်လုံးတွေ မပါဘူးဆိုတာ မင်း သိပါတယ်၊ ငါက သခင်လေးထန်ကို နာကျင်စေမိရင် မင်းနဲ့အိုင်‌ဒေါက ငါ့ကို အပြစ်တင်မှာပေါ့”

ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ထန်ယွမ်ဒီက ငိုရမလားရယ်ရမလား မသိတော့ပေ။ ထို့နောက် သူက ကျယ်လောင်စွာ ပြောလိုက်သည် “ဟေး၊ ယန်ဟူ၊ မစိုးရိမ်နဲ့၊ မင်း အမြဲတမ်း လုပ်နေကျအတိုင်း လုပ်ပါ။ မင်းမှာ စွမ်းရည် ရှိသရွေ့ မင်းက ဒီကလေးကို ငါ့လို မေ့မြောသွားအောင် လုပ်ရင်တောင် ငါ မတွန့်စေရဘူး။ ဒါပေမယ့် မင်း ရှုံးရင်တော့ မင်း မျက်နှာပျက်ရမှာနော်”

“ဝါး၊ စိတ်ချစမ်းပါ၊ အိုင်ဒေါရဲ့”ယန်ဟူက ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည် “အခြားသူတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ငါ မကြွားဝါရဲပေမယ့် သခင်လေးနဲ့ ရင်ဆိုင်ရရင်တော့…အာ၊ အဟွတ်၊ အဟွတ်..ကောင်းပြီ၊ ငါ ဆိုလိုတာက ငါ အနည်းငယ်ပိုသန်မာပါသေးတယ်လို့”

ထန်ရှုက မျက်မှောင်ကြုတ်သထက် ကြုတ်လိုက်ပြီး ဟန်ရေးပြနေသောယန်ဟူအား ကြည့်လိုက်သည်။ သူက ချက်ချင်း လက်သုံးချောင်းထောင်ပြကာ ပြောလိုက်၏ “မင်းကိုယ်မင်း အရူးတစ်ယောက်လို လုပ်နေတာကို ကယ်ဆယ်ချင်ရင် ဒီလိုအမှိုက်တွေ ပြောနေတာကို ရပ်လိုက်။ လာစမ်းပါ။ ငါ မင်းကို သုံးကွက်အကြောပေးမယ်”

ထန်ရှု၏ပြောကြားချက်က ယန်ဟူအား မှင်တက်သွားစေပြီး သူ့မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားသည်။ ထန်ရှု၏စိတ်မဝင်စားသည့်မျက်နှာကို မြင်ပြီး သူက ချက်ချင်း နှာခေါင်းရှုံ့လိုက်သည် “သခင်လေးထန်၊ မင်းအဖေက ငါ့ရဲ့အိုင်ဒေါဆိုပေမယ့် ငါ မင်းကို အတူတူဆက်ဆံမယ်လို့ မဆိုလိုဘူး။ သုံးကွက်အကြောပေးမယ်တဲ့လား။ ဟမ့်။ မင်းမှာ ရှိသမျှအစွမ်းကုန်ထုတ်လိုက်စမ်းပါ။ ဒါပေမယ့် မင်းက ပုစွန်ဆိတ်တွေလို အားမနည်းဖို့ ငါ မျှော်လင့်ပါတယ်”

ထန်ရှုက ခေါင်းခါယမ်းကာ တုံ့ပြန်လိုက်သည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ယန်ဟူ၏အရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာသည်၊ သူက ထိုအကောင်အား တုံ့ပြန်ရန်ပင် အခွင့်မပေးဘဲ သူ့ခါးထံ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူက သူ့ခွန်အား၏သေးငယ်သောအစိတ်အပိုင်းတစ်ခုမျှသာ အသုံးပြုခဲ့သော်လည်း ယန်ဟူ၏ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားသေးသည်။

ဘန်း…ဘန်း…ဘန်း…

သူ့ပုံရိပ်က အရိပ်တစ်ခုအလား‌ နောက်မှ လိုက်ကပ်သွားပြီး ကန်ချက်အတွဲလိုက်က ယန်ဟူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွား၏။ ယန်ဟူက နာကျင်စွာ အော်ညည်းရင်း ပုလင်းတစ်လုံးအလား လူးလိမ့်သွားလျက် ခြောက်မီတာအကွာသို့ ရောက်တော့မှ သူ့ခန္ဓာကိုယ်က ရပ်တန့်သွားခဲ့သည်။

အဟွတ်…အဟွတ်…

အတွဲလိုက်လက်သီးများက ယန်ဟူအား အသက်မရှုနိုင်နီးပါးဖြစ်သွားစေသည်။ နောက်ဆုံးတွင် သူက ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး သူ့မျက်နှာက မယုံကြည်နိုင်သောအမူအရာတစ်ခု အထင်သားပေါ်လာလေ၏။

“…”

အခန်းက ဆိတ်ငြိမ်သွား၏။

အတိအကျပြောရလျှင် သုဿန်တစပြင်ကဲ့သို့ပင်။

ထန်ယွမ်ဒီက လွဲပြီး ဂိုထောင်ထဲရှိလူတိုင်းက ထန်ရှုအား မှင်တက်စွာ စိုက်ကြည့်လိုက်ကြ၏။ သူတို့က အမြင်မှားမမှားသေချာစေရန် မျက်လုံးအား ပွတ်သပ်လိုက်လေသည်။

ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “မင်း သိလား၊ မင်းက မကြွားဝါခင် မင်းပြိုင်ဘက်ရဲ့ခွန်အားကို အရင်သိအောင် လုပ်သင့်တယ်။ တကယ်တမ်း အပွင့်လင်းဆုံးပြောရရင် မင်းက ငါ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ။ ငါက ငါ့ခွန်အားရဲ့တစ်ရာခိုင်နှုန်းကို အသုံးပြုရင်တောင် မင်းက ငါ့ပြိုင်ဘက်မဟုတ်သေးဘူး”

လီချိုင်ပင်းက ထိတ်လန့်ရာမှ နိုးထလာသည်။ ထန်ရှု၏မှတ်ချက်ကို ကြားပြီး သူ့မျက်နှာက ဆူပုတ်သွား၏။ ထန်ရှုက ကြက်တစ်ကောင်ကိုပင် သတ်နိုင်သော ခွန်အားမရှိသည့်လူတစ်ယောက်ဟုသာ သူက တွေးထားခဲ့၏။ ထန်ရှုက လျှပ်တစ်ပြက်အတွင်း မှော်ဆန်ဆန်ပြောင်းလဲသွားပြီး သူ လေ့ကျင့်ပေးထားသည့်စစ်သားအား အနိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“မင်း ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ”လီချိုင်ပင်းက မေးလိုက်သည်။

ထိုအချိန်တွင် ပြင်းထန်သောသိလိုစိတ်တို့က ပတ်ဝန်းကျင်ရှိလူရှစ်ဆယ်နီးပါး၏မျက်နှာများပေါ်တွင် မြင်တွေနိုင်ပြီး သူတို့က လျင်မြန်စွာ ဆွေးနွေးပြောဆိုလိုက်ကြသည်-

“ဟုတ်တယ်။ သူ ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ မသိရင် ပုံရိပ်ယောင်တစ်ခုလိုပဲ။ ယန်ဟူက ဒီနေရာမှာ အသန်မာဆုံးမဟုတ်ပေမယ့် ငါတို့အများစုရဲ့အကွက်ဒါဇင်လောက်ကို ဆန့်ကျင်နိုင်ပါသေးတယ်။ သူက လူဆိုးဆယ်ယောက်နဲ့ ရင်ဆိုင်ရရင်တောင် အဆင်ပြေအုံးမှာ။ ဒါကို သူ ဘယ်လိုလုပ်ပြီး ဒီလောက် အလွယ်တကူရှုံးနိမ့်သွားတာလဲ”

“သူ့အရှိန်က မြန်လွန်းတာကြောင့် ငါ သူ့ရဲ့လှုပ်ရှားမှုလမ်းကြောင်းကိုတောင် မမြင်ခဲ့ဘူး။ ငါသာဆိုရင်လဲ ဒီလို ရှုံးနိမ့်သွားမှာပဲ”

“တကယ်ပဲ…ငါ တကယ်ကို အမြင်‌မရှိခဲ့တာပဲ။ သူက ဖုံးကွယ်ထားတဲ့ကျွမ်းကျင်သူတစ်ယောက်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ ဒါပေမယ့်…အဲဒီယန်ဟူက ပေါ့ဆလွန်းတာကလဲ သူ့ရဲ့အမှားပဲ။ သူက သတိရှိရှိရင်ဆိုင်မယ်ဆိုရင် ဒီလောက်ထိ ဆိုးဆိုးဝါးဝါးအဆုံးသတ်သွားရမှာ မဟုတ်ဘူး”

“ဒီလိုရလဒ်တစ်ခုထွက်လာလိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ ပြပွဲက ကြည့်ရှုစရာမကောင်းဘူးလို့ ထင်ထားခဲ့တာ။ ဒီကလေးက မဆိုးဘူးပဲ”

“…”

မှတ်ချက်များအားလုံးအား ထန်ရှုက တန်းကာ လစ်လျူရှုထားသည်။ သူ့အား စိုက်ကြည့်နေသောလီချိုင်ပင်းအား ကြည့်ကာ သူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည် “ဘယ်လိုလဲ၊ ဉီးလေးလီ။ ငါ ပြောခဲ့တာတွေကို မင်း မေ့သွားပြီလို့တော့ ငါ့ကို မပြောဘူးမလား။ ဒါက ဘယ်သူ့ကိုမှ အထင်မသေးဖို့ တားမြစ်ချက်တစ်ခုပဲ၊ ငါတို့ရဲ့ပြိုင်ဘက်တွေက ကလေးတွေ ဆိုရင်တောင် ငါတို့က သူတို့ကို လျှော့တွက်လို့မရဘူးဆိုတာပဲ၊ ဘာလို့လဲဆိုတော့ ထိုကလေးတွေက မင်း ရင်ဆိုင်နိုင်တဲ့သူတွေ မဟုတ်လို့ပဲ”

မေးခွန်းထုတ်ခံလိုက်ရသည့်လီချိုင်ပင်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ သူက အနီးနားရှိတောင့်တင်းသန်မာသောလူတစ်ယောက်အား လှည့်ကြည့်ကာ အော်ပြောလိုက်၏ “အားလူ၊ ရှေ့ထွက်ပြီး သူနဲ့ တိုက်ခိုက်။ မှတ်ထားပါ၊ မင်း ရှုံးရင် မင်း ဒီည ညစာမစားရဘူးမှတ်”

အားလူဟုခေါ်သောလူက ရုတ်တရက် ခါးသီးသောအသွင် ဖြစ်သွား၏။ သူက ခေါင်းကုတ်ကာ ပြောလိုက်၏ “အာ၊ ကတ်ပတိန်၊ မင်း အပြစ်ပေးတာကို ပြောင်းလဲလို့မရဘူးလား။ ငါ အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်…အာ…သခင်လေးထန်…ဒါပေမယ့် အရာအားလုံးက မထင်မှတ်တာတွေ ဖြစ်လာနိုင်တာ မင်း သိပါတယ်။ ငါက အဲဒီယန်ဟူအကောင်လို မထင်မှတ်ဘဲ ရှုံးသွားခဲ့ရင် ငါ ညစာငတ်သွားမှာပေါ့”

လီချိုင်ပင်းက ဒေါသတကြီး အော်ပြောလိုက်သည် “ပါးစပ်ပိတ်ထားစမ်း။ အခုပဲ မင်းဖင် ကြွလိုက်တော့။ ပြီးတော့ မင်းရဲ့တစ်ရာရာခိုင်နှုန်းခွန်အားကို ထုတ်”

အားလူက ပခုံးတွန့်လျက် ထန်ရှုအား ကြည့်လိုက်သည်။ သူက ရိုးသားပြီးသန့်စင်သောအပြုံးတစ်ချက် ပြုလိုက်၏ “အာ၊ ငါ့ရဲ့ညစာအတွက် ထိန်းချုပ်လို့မရတော့ဘူးထင်တယ်၊ သခင်လေးထန်။ ငါက ငါ့ရဲ့အံဖွယ်ပြကွက်ကို ထုတ်ပြရင်လဲ မနက်ဖြန်ကျရင် ညစာမရှိတော့မှာကို ငါ စိတ်ပူတယ်”

“မစိုးရိမ်ပါနဲ့။ မနက်ဖြန်ကျရင် ခင်ဗျားက ညစာစားရမှာပါ၊ ဒါပေမယ့် ဒီနေ့အတွက်တော့ ကျုပ် အားနာမိပါတယ်”ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးလျက် ပြုံးလိုက်၏။

အေးစက်စက်အလင်းတစ်ခုက အားလူ၏မျက်လုံးများထဲ၌ လင်းလက်သွားသည်။ လှောင်အိမ်ထဲမှ လွှတ်လာသောကျားတစ်ကောင်အလား သူက ထန်ရှုထံ ချက်ချင်း ပြေးသွား၏။ သူ့အရှိန်က မြန်လွန်းပြီး မျက်စိတစ်မှိတ်အတွင်း သူက ထန်ရှုထံ လေဝဲကန်ချက်တစ်ခု ပို့ပေးလိုက်သည်။

ဘန်း…

နှေးကွေးသည်ဟုထင်သည့်အလား ထန်ရှုက လက်မြှောက်လိုက်သည်။ သို့သော် တကယ်တမ်းတော့ အလွန်တရာမြန်ပြီး ကန်ချက်အား အလွယ်တကူ တားဆီးခဲ့၏။ ချက်ချင်းလျှင်ပင် သူ့ပုံရိပ်က အားလူနှင့် နီးကပ်သွားပြီး သူ့လက်က ထိုအကောင်၏ခါးဆီသို့ ညင်သာစွာ ရွေ့လျားသွားသည်။

“ရှဲ…”

အားလူ၏ပင့်သက်ရှိုက်သံကို ကြားလိုက်ရပြီး ထိုအကောင်က ထိတ်လန့်သွားပုံပေါ်သည်။ ကြမ်းပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် သူက နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းထိုးသွားပြီးမှ သူ့ခါးအား ပွတ်ကြည့်လိုက်၏။ သူက ထန်ရှုအား စိုက်ကြည့်ကာ ပြောလိုက်သည် “မင်းက ငါ့ရဲ့လေပေါ်ဝဲကန်ချက်ကို တားဆီးနိုင်တာလား၊ ဟမ့်။ ဒါက မှင်တက်စရာပဲ။ မင်းက သန်မာပြီး မင်းရဲ့ခွန်အားက ငါ့ရဲ့မျှော်လင့်ချက်ထက် ကျော်လွန်နေတာပဲ၊ သခင်လေးထန်။ ဒါပေမယ့် ငါ့ရဲ့နောက်ထပ်တိုက်ကွက်တွေအတွက် မင်း ပြင်ဆင်ထားဖို့ ငါ မျှော်လင့်တယ်”

နောက်ချက်ချင်းလျှင်ပင် သူက ကြမ်းပြင်ပေါ်သို့ ခြေဆောင့်ချလိုက်သည်။ သူ့လက်က ခါးမှ ထွက်လာသည့်အခိုက်တွင် အားလူက အမြှောက်ဆန်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ပထမဆုံးအကြိမ်ထက် ပိုမြန်စွာနှင့် ထန်ရှုထံ ပြေးဝင်လာသည်။ ဝှီးခနဲအသံအား ကျယ်လောင်စွာ ကြားလိုက်ရပြီး သူက လက်သီးချက်များ ပို့ဆောင့်လိုက်သည်။ သူ့လမ်းကြောင်းက အလွန်တိကျပြီး တိုက်ကွက်များက ထန်ရှု၏နှာခေါင်းဆီသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။

ထန်ရှုက လျှပ်စီးအလား လျင်မြန်စွာ ရွေ့လျားသွားသည်၊ သူက အားလူ၏လက်ကောက်ဝတ်အား ရုတ်ချည်း ဆုပ်ကိုင်လိုက်၏၊ ထိုလူ၏အသားအရောင်က ချက်ချင်း ပြောင်းလဲသွားသည်။ သူ့လက်ကောက်ဝတ်အား သံညှပ်ဖြင့် ညှပ်ထားသလို ခံစားလိုက်ရပြီး သူ့လက်မောင်းက လှုပ်ရှားခြင်းမပြုနိုင်တော့ပေ။ ခြေထောက်ကို အသုံးပြုကာ ထန်ရှု၏တုံ့ပြန်မှုအား တားဆီးရင်း သူက ထန်ရှုထံ နောက်ထပ်တစ်ချက်ထိုးရန် ကြိုးစားစဉ် နာကျင်မှုတစ်ခုက သူ့ဝမ်းဗိုက်ပိုင်းအား ရုတ်တရက် ထိမှန်သွားသည်။

ဘန်း…

အားလူ၏ခန္ဓာကိုယ်က နောက်သို့ တန်းလွင့်ထွက်သွားသည်။ လေးမီတာကျော်အထိ လွင့်စင်သွားပြီးနောက် သူက ကြမ်းပြင်ပေါ်သို့ ထိုင်လျက်သာ လဲကျသွား၏။

“ခင်ဗျားက အားနည်းလွန်းတယ်”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒီနေရာကလူတွေအားလုံးက ဒီလောက်ခွန်အားပဲ ရှိတယ်ဆိုရင် ကျုပ်တစ်ကယ်စိတ်ပျက်မိမှာပဲ။ ကျုပ်လေ့ကျင့်ပေးထားတဲ့ကလေးတွေကတောင် ခင်ဗျားတို့အားလုံးထက် ပိုသန်မာတယ်”

“ပါးစပ်ပိတ်ထားစမ်း”

ထန်ရှု၏ခွန်အားကြောင့် ကျန်ရှိသည့်လူများက ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူတို့က ယန်ဟူနှင့်အားလူတို့ထက် ပိုသန်မာသည်။ ထန်ရှု၏ပြောကြားချက်က သူတို့ထဲမှအချို့အား မုန်တိုင်းအလား ရှေ့တက်လာစေသည်။

အနီးနားတွင် မြင်ကွင်းအား စောင့်ကြည့်နေသောနယ်ဖမ်းကန်းက သူတို့အား တားရန် အလျင်စလို ထရပ်လိုက်သည်။ သို့သော် ထန်ယွမ်ဒီက သူ့လက်မောင်းအား ချက်ချင်းဆုပ်ကိုင်ကာ ခေါင်းခါယမ်းလျက် ပြောလိုက်သည် “ငါ မင်းကို ဒီမတိုင်ခင်က ပြောခဲ့ပြီးပြီမလား၊ ဖမ်းကန်း။ ဒါက ရှုအာအတွက်တော့ ကလေးပြဇာတ်လိုပဲ။ သူတို့အားလုံးပူးပေါင်းရင်တောင် ဒီနေရာကတစ်ယောက်မှ သူ့ကို မရင်ဆိုင်နိုင်ဘူး”

နယ်ဖမ်းကန်း၏အမူအရာက ရုပ်ဆိုးသွားပြီး သူက ပြန်ပြောလိုက်၏ “မင်း ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ၊ အကိုထန်။ ငါတို့ညီအကိုတွေရဲ့ခွန်အားကို မင်း သိတာပဲမလား။ ထန်ရှုက အားလူနဲ့ယန်ဟူတို့ကို အနိုင်ယူနိုင်ပေမယ့် သူတို့နှစ်ယောက်က ငါတို့ညီအကိုရှစ်ဆယ်ထဲမှာ အလယ်အလတ်အဆင့်တောင် မရှိဘူး။ ဒါပေမယ့် အခု သူ့ဆီပြေးလာတဲ့သူတွေအားလုံးက ကျွမ်းကျင်သူတွေပဲ”

ထန်ယွမ်ဒီက ပြုံးကာ တုံ့ပြန်လိုက်သည် “ငါတို့က ကျွမ်းကျင်သူတွေလို့ခေါ်တဲ့သူတွေက ရှုအာရဲ့မျက်လုံးထဲမှာတော့ ဟာသတွေလိုပဲ၊ နယ်ဖမ်းကန်း။ သူတို့က ကစားချင်မှတော့ သူတို့ကို ကစားခွင့်ပြုလိုက်ပါ။ သူ့အဖေဖြစ်တဲ့ငါတောင် မစိုးရိမ်တာ မင်းက ဘာကို စိုးရိမ်နေတာလဲ”

ခဏတုံ့ဆိုင်းသွားပြီးနောက် နယ်ဖမ်းကန်းက ပြန်ထိုင်ချကာ ပြောလိုက်သည် “မင်း ပြောမှတော့ ငါ ထပ်မပြောတော့ပါဘူး၊ အကိုထန်။ ဒါပေမယ့် မင်း ပြောခဲ့သလို မင်းရဲ့သားက ငါတို့ညီအကိုတွေကို အလွယ်တကူပဲ အနိုင်ယူနိုင်သလားဆိုတာ ငါ တကယ် မြင်ချင်တယ်”

“စောင့်ကြည့်ပေါ့ကွာ”ထန်ယွမ်ဒီက အဓိပ္ပါယ်ပါပါနှင့် ပြန်ဖြေ၏ “ရှုအာက မင်းကို အံ့အားသင့်စေမယ်ဆိုတာ ငါ ကတိပေးပါတယ်”

“သူ ငါ့ကို အံ့အားသင့်စရာတစ်ခုပေးပြီးသားပါလေ”နယ်ဖမ်းကန်းက ညည်းလိုက်သည် “ဒါပေမယ့် ကျေးဇူးတင်ပါတယ်၊ ငါ့ကို ထပ်မခြောက်ပါနဲ့လို့”

သူမအဖေနှင့်ထန်ယွမ်ဒီတို့ကြား အပြန်အလှန်ပြောဆိုမှုကို ကြားလိုက်ရပြီး သူတို့နောက်မှ နယ်ကျဲ့၏မျက်လုံးများက တောက်ပသွား၏။ သူမက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည် “အဖေ၊ ထန်ရှုက တကယ်ပဲ သန်မာတယ်လို့ ငါလဲ ထင်တယ်။ အဖေ သတိမပြုမိဘူးလား။ ယန်ဟူနဲ့အားလူတို့က သူ့ကို ဘာဒဏ်ရာတစ်ခုမှ မရစေနိုင်ခဲ့ဘူးလေ၊ အဲအစား သူတို့ကို အလွယ်တကူအနိုင်ယူနိုင်ခဲ့တယ်။ ဉီးလေးလီဆိုရင်ရော ဒီလိုလုပ်နိုင်မယ်လို့ အဖေ ထင်လား”

နယ်ဖမ်းကန်းက ခဏမှင်တက်သွားပြီးနောက် သူ့အမူအရာက မယုံကြည်နိုင်မှုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွား၏။ သူက ထပ်ထရပ်လိုက်သည်၊ သူ့သမီး၏သတိပေးချက်က သူ့အား ကိစ္စတစ်ခုအား သဘောပေါက်သွားစေ၏။ ဒီလိုစွမ်းဆောင်မှုမျိုးက လီချိုင်ပင်းပင် မလုပ်နိုင်ပေ။

“အဖေ သဘောမပေါက်သေးတဲ့နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်လို့ ငါ ထင်တယ်”နီကျဲ့က ဆက်ပြော၏ “ထန်ရှုက ယန်ဟူနဲ့အားလူတို့ကို အလွယ်တကူအနိုင်ယူနိုင်တယ်။ ဒါ ဘာဆိုလိုတာလဲ။ သူက အစွမ်းကုန်မထုတ်ရသေးဘူးဆိုတာကို ပြတာပဲ။ ပြီးတော့ သူ ထုတ်ပြနေတာထက် သူက ပိုသန်မာတယ်လို့ သူ့အမူအရာက ငါ့ကို ပြောပြနေတယ်”

“ဒါ…”

ဤတစ်ကြိမ်တွင် နယ်ဖမ်းကန်းက လုံးဝထိတ်လန့်တုန်လှုပ်သွား၏။

***

All Chapters