← Chapters

ငါ့ဓားက ငါ့ဥပဒေပဲ

Vol. 4 Ch. 43

ငါ့ဓားက ငါ့ဥပဒေပဲ

Vol. 4 Ch. 43

လျိုခိုင်က လုံးဝ ငေးကြောင်ပြီး ရပ်ကြည့်နေမိတယ်။

“ရွှစ်"

လီဖူချန်းရဲ့ သစ်သားဓားက လျိုခိုင်ရဲ့ ရင်ဘတ်ရှေ့မှာ ပေါ်လာပြီး တိုက်ခိုက်လိုက်တဲ့ အတွက် လျိုခိုင်ရဲ့ ရင်ဘတ်ကနေ သွေးတွေ ပန်းထွက်လာတယ်။

“ဘာကြီးလည်း ... ဒါဘာဓားသိုင်းလည်းဟ မှော်အတတ်များလား ..."

“လျိုခိုင်က ရှောင်ချိန်တောင် မရလိုက်ဘူးလား”

“ကြောက်စရာ ကောင်းအောင် မြန်လိုက်တဲ့ ဓားကွက်ပဲ"

"ဒီလူသစ်ကို မှတ်ထားကျဟေ့ ... ဒီကောင်နဲ့ ပြသနာဖြစ်ရင် မလွယ်ဘူးကွ"

ဘေးနားမှာ ယောင်စိန် လုပ်နေကျတဲ့ ပွဲကြည့် ပရိသတ်တွေ အစက ထင်ထားတာ ကတော့ လျိုခိုင်က လီဖူချန်းကို ကောင်းကောင်း သမပြီပေါ့။

ဒါပေမဲ့ အခုတော့ လီဖူချန်းက လျိုခိုင်ကို ဒဏ်ရာရအောင်တောင် တိုက်လိုက် နိုင်တယ်လေ။ ဒီလို ဖြစ်လာမယ်လို့ ဘယ်သူမှလည်း မမျှော်လင့်ထားဘူး။

“မင်း ... မင်း ... ဘယ်လို ...  "

လျိုခိုင်က လီဖူချန်းကို ကြည့်ပြီး ပြောစရာ စကား ဆွံ့အနေတယ်။

"မင်းကိုယ်မင်း ဒီတစ်ခေါက် ကံကောင်းတယ်လို့  မှတ်လိုက်ပါ။

ငါက လွန်ခဲ့တဲ့ လကမှ ဒီဂိုဏ်းတော်ကို ရောက်တာ ဖြစ်တဲ့အတွက် ရန်မများချင်သေးဘူး။ မဟုတ်လို့ ကတော့ ဒီကိစ္စ ဒီလောက်နဲ့ ပြီးသွားမယ် မထင်နဲ့"

လီဖူချန်းရဲ့ အကျင့်က တစ်စုံ တစ်ယောက်ကို သူကစပြီး ရန်ရှာမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါက သူကြောက်နေတယ် လို့လည်း မဟုတ်ဘူး။

သူက သူ့ရဲ့ ဓားတာအိုလမ်းကိုပဲ အေးအေးဆေးဆေး လျှောက်လမ်းချင်တဲ့ သူလေ။ သူ့လမ်းကို လာပိတ်ရင်တော့ ဘယ်သူ့ကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ဘူး။

“မင်း ဘယ်လို လုပ်လိုက်တာလည်း"

လျိုခိုင်က အရင်လိုမာန   မထောင်လွှား နိုင်တော့ပဲ လေသံပျော့ပျော့ဖြင့် မေးလိုက်သည်။

“မင်းလိုကောင်မေးတာကို ငါကဖြေရမှာလား"

လီဖူချန်းက သူ့ဓားကို ပြန်သိမ်းလိုက်ပြီး လှည့်ထွက် သွားတော့တယ်။

***

လီဖူချန်းကို ရှုံးသွားတဲ့အတွက် လျိုခိုင်က လုံးဝ အရှက်ရ သွားခဲ့တယ်။ ထို့ကြောင့် အဲသည်နေ့မှာပဲ မိုးပြာရောင် ရေကန်ကနေ ထွက်သွားတော့တယ်။ လီဖူချန်းကလည်း ဒီရေကန်ကနေ ထွက်ခွာဖို့ကို စဉ်းစားနေပါပြီ။ စကားပုံ တစ်ခုလိုပေါ့။

“ခွေးအတို့ ပေါများရာ အရပ်မှာ ယုန်သူငယ်လေးတွေ အဖို့ မနေအပ်”တဲ့။

ပြီးတော့ လျိုခိုင်က မစားရသည့်အမဲ သဲနှင့်ပက်   ဆိုသလို ဂိုဏ်းတော်ထဲက အဆင့်မြင့် တပည့်တွေကို လီဖူချန်းရဲ့ ငါးတွေအကြောင်း လက်ထောက် ချလိုက်မှာကိုလည်း စိုးရိမ် နေမိသည်။

အပြင်စည်း တပည့်တွေအတွက် ထောက်ပံ့ရေး ရမှတ်တွေကို ရဖို့ဆိုတာ အင်မတန်မှကို ခက်ခဲတာလေ။ တကယ်လို့ တစ်စုံတစ်ယောက်ကသာ လီဖူချန်းဆီမှာ ထောက်ပံ့ရေးရမှတ် ၁၀၀၀၀ ကျော်တန်တဲ့ ရတနာငါးတွေ ပါလာတယ် ဆိုတာသိရင် အပြင်စည်း တပည့်တွေက လီဖူချန်းဆီကနေ မရရအောင်ကို လုကြတော့မှာလေ။

လီဖူချန်းရဲ့ လက်ရှိစွမ်းအားက ကျောင်းတော်ရဲ့ အဆင့်သတ်မှတ်ချက် ကြော်ငြာသင်ပုန်းပေါ်မှာတောင် ပါသေးတာ မဟုတ်ဘူး။

ဝါစဉ်ကြီး တပည့်တစ်ယောက်က လာလုတာနဲ့ အကုန် ပေးလိုက်ရမှာပဲ။

ဒီကို ငါးမျှားတံ တစ်ချောင်းနဲ့ ရောက်လာတဲ့ လီဖူချန်းရဲ့ အပြန်လမ်းကတော့ ရတနာငါးတွေ ပြည့်နှက်နေတဲ့ ခြင်းတောင်းတစ်လုံးနဲ့ ဖြစ်လာပေပြီ။ ခြင်းတောင်းထဲမှာတော့ ကီလို ၁၀၀ ကနေ ၂၀၀ အတွင်းရှိတဲ့ သာမန်ရတနာငါး အတော်များများနဲ့ ၁၀ကီလိုဂရမ်လောက် ရှိတဲ့ ဒုတိယတန်းစား ငါးတစ်ကောင် ပါလာပါတယ်။

ဒါတွေ အကုန်လုံးကိုသာ ရမှတ်တွေနဲ့ လဲလိုက်မယ် ဆိုရင် ထောက်ပံ့ရေးအမှတ် ၁၀၀၀၀  ကျော်လောက် ရနိုင်ပါတယ်။

ဒါကလုံးဝကို ရူးသွပ် သွားစေနိုင်လောက်တော့ ရမှတ်ပဲလေ။ အပြင်စည်း တပည့်တွေ အဖို့ ထောက်ပံ့ရေး အမှတ် ၁၀၀၀၀ ကျော် ရဖို့ဆိုတာ ငါးနှစ်လောက် စုရင်တောင် မလွယ်ဘူး။ ဒီအမှတ် ၁၀၀၀၀ နဲ့ဆိုရင် ဆန်းကြယ်အဆင့် သိုင်းကျမ်းတွေတောင် လဲလို့ရနေပါပြီ။ ဒီတစ်ခေါက် အပြန်မှာတော့ စုစုပေါင်း ၂၀၀ ကီလိုနီးပါးရှိတဲ့ ငါးတွေကို သယ်ပြီး ပြန်လာရတဲ့အတွက်  သူ့ရဲ့သွားနှုန်းက အတော်လေးကို နှေးသွားခဲ့တယ်။ မိုးပြာရောင်ဂိုဏ်းကို ရောက်ဖို့ ၅ရက်ကြာအောင် အချိန် ယူလိုက်ရတယ်။ သူ့ရဲ့ငါးတွေကို လမ်းတစ်ဝက်မှာ ကြားဖြတ် ဝင်မလုနိုင်အောင် ပုန်းလျှိုးကွယ်လျှိုး ပြန်လာခဲ့ရတာလည်း ပါပါတယ်။

"ကြည့်စမ်းဟေ့ ... လီဖူချန်းပြန်လာပြီကွ။ သူ့ရဲ့ ကျောပေါ်က ခြင်းတောင်းကြီးက ရတနာငါး အပြည့်ပါလာတဲ့ ခြင်းတောင်းပဲ ဖြစ်ရမယ်"

“အစ်ကိုလျို ပြောတာ မှန်တယ်ကွ ... ဒီကောင်က ငါးမျှားတာ  တော်တော် ဆရာကျတာပဲ။ လဝက်လောက်လေးနဲ့ ဒီလောက် အများကြီး ဖမ်းမိပြီး ပြန်လာတယ်။ ကြည့်ရတာ ပထမတန်းစား ရတနာငါးတွေနဲ့ ဒုတိယတန်းစား ရတနာငါးတွေပါ ပါလာမယ် ထင်တယ်။

"မင်းတို့ အားလုံး   ဒီကောင့်ကို ကြည့်ကြည့်စမ်း။ ဒီကောင့်ငါးတွေကို ဝါစဉ်ကြီး အစ်ကိုတွေ ဖြတ်လုမယ် ဆိုတာ သိထားပုံ ရတယ်။  ဒါကြောင့် အစောကြီး ပြန်လာတာ နေမှာ။

"ကံဆိုးတာပဲကွာ ငါတို့ကတော့ ဒီပွဲကို ဘေးက ရပ်ကြည့်နေရုံပဲ ကြည့်နိုင်မှာကွ။ ဝင်နွှဲဖို့ ငါတို့လက်ရှိ အစွမ်းနဲ့ မဖြစ်နိုင်သေးဘူး"

လီဖူချန်း ပြန်လာတာကို မြင်လိုက်ရတဲ့ တပည့်တွေက အမျိုးမျိုး ပြောဆို ဝေဖန်နေကြတယ်။

လီဖူချန်းက ဘယ်သူ့ကိုမှ အရေးမလုပ်ပဲ ထောက်ပံ့ရေးဌာနကို အမြန်ဆုံး ရောက်ဖို့ပဲ စိတ်စေနေတယ်။ သူကလျိုခိုင်ကို ဒီလောက်အထိ အောက်တန်းကျမယ်လို့ မထင်ထားဘူး။ လျိုခိုင်က သူ့ရဲ့ ငါးအကြောင်း ပြောရင်လည်း တစ်ယောက်စ နှစ်ယောက်စပဲ ပြောလိမ့်မယ်လို့ ထင်ထားခဲ့တာ။

အခုတော့ ဒီခွေးမသားက အပြင်ဂိုဏ်း တစ်ဂိုဏ်းလုံး နီးပါးကို သတင်းဖွထားခဲ့ပြီလေ။

“လျိုခိုင် ... ငါဒီကိစ္စကို အကြွေး မှတ်ထားဦးမယ်။ တစ်နေ့မှ မင်းကို ကောင်းကောင်းကြီး ဆုံးမ ပေးဦးမယ်"

လီဖူချန်းက ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်တယ်။ ထိုအချိန်မှာပဲ

“မင်းကျောပေါ်က ခြင်းတောင်းကို ထားခဲ့။ မင်းရဲ့ အသက်ကိုတော့ ငါချမ်းသာ ပေးလိုက်မယ်။ လူရိပ် တစ်ရိပ်က ရုတ်ချည်း ပေါ်လာပြီး လီဖူချန်းကို တားလိုက်တယ်။ အဲဒါက ဂိုဏ်းတူ အစ်ကိုကြီး ဇူဟွားလောင်ပဲ။ ဒီတစ်ခါတော့ လီဖူချန်းတော့ နာပြီဟေ့။ အစ်ကိုဇူက လူသားနယ်ပယ် အဆင့် ၉ တောင် ရောက်နေပြီကွ"

အပြင်စည်း တပည့် ဂိုဏ်းသားတွေက တစ်ယောက်နဲ့တစ်ယောက် တီးတိုး ပြောနေရင်းနဲ့ လီဖူချန်းကို ကြည့်နေကျတယ်။

ဘေးကနေ ကြည့်နေကျတဲ့ အပြင်စည်း တပည့်တွေထဲက တော်တော်များများက လီဖူချန်း ဒုက္ခရောက်တာကို ပျော်ပျော်ကြီး ကြည့်ဖို့ စောင့်နေကျတာ ဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ လီဖူချန်းလို တပည့်အသစ်လေးက ရမှတ် ၁၀၀၀၀ ဖိုးလောက် ရှာခဲ့တယ် ဆိုကြီးက သူတို့အတွက် လက်ခံချင်စရာ မဟုတ်ဘူးလေ။ လီဖူချန်း တစ်ယောက် ဒီရမှတ်တွေနဲ့ သာသာယာယာ ဖြစ်သွားမှာကို သူတို့က မနာလိုတယ်။

“ဟိုမှာ ရပ်နေတာ ဖူချန်းပဲ”လူအုပ် ကြားထဲမှာတော့ ကျူးဟောင်ရှု ၊ ဟီပင်း၊ ရှန်းတုကျူး နဲ့ ကောင်းဖန် တို့ ရှိနေကျတယ်။

"ဒါဆို ရတနာငါးတွေ မိခဲ့တယ်ဆိုတာ ဒီကောင်ပေါ့"

ရှန်းတုကျူးက လီဖူချန်းအပေါ် မနာလိုတဲ့ အကြည့်တွေနဲ့ ကြည့်ရင်း ပြောလိုက်တယ်။

ကောင်းဖန်က နှာခေါင်း ရှုံ့လိုက်ပြီး

“အစ်ကိုဇူက လူသားနယ်ပယ် အဆင့်၉တောင် ရောက်နေပြီ။ ဒီကောင့် ငါးတွေကတော့ အစ်ကိုဇူ အတွက်ပဲ ဆိုတာ သေချာတယ်"

“ဒီလို ဖြစ်တာပဲ ကောင်းတယ်”ရှန်းတုကျူးကလည်း မနာလို ဝန်တိုမှု အပြည့်ဖြင့် ထောက်ခံလိုက်သည်။

ကျူးဟောင်ရှု ကတော့ ခေါင်းကို ခါယမ်းနေပြီး

"ဒီကောင်ကတော့ ရောက်လေရာမှာ ဆူဆူပူပူ ဖြစ်အောင် အမြဲ လုပ်နိုင် လွန်းတယ် "

သူမက လီဖူချန်း အတွက်ကို အနည်းငယ် စိုးရိမ် နေမိတယ်။ ဇူဟွားလောင်ကို ကြည့်ပြီး လီဖူချန်းက ပြောလိုက်တယ်။

“ငါတို့က မိုးပြာရောင် ဂိုဏ်းထဲမှာနော် မင်းက အခု ဒါဘာလုပ်တာလဲ "

“ငါနောက်တစ်ခေါက် ထပ်ပြောမယ်  မသေချင်ရင် မင်းခြင်းတောင်းကို ထားခဲ့"

ဇူဟွားလောင် လီဖူချန်းကို ခြိမ်းချောက်လိုက်တယ်။

“မထားခဲ့ဘူးဆိုရင်ကော”လီဖူချန်းက ပြန်မေးလိုက်တယ်။ “ဒါဆိုရင်တော့ သေပေတော့"

ဇူဟွားလောင်က သူ့ရဲ့ ညာဘက်လက်ကို မြှောက်လိုက်တဲ့ အခါမှာ အနက်ရောင် စွမ်းအင်လုံး တစ်လုံးက လက်ဖဝါး ပေါ်မှာ ပေါ်လာခဲ့တယ်။

"စိတ်တန်ခိုး စွမ်းအင် ပုံဖော်ခြင်း"

လူသားနယ်ပယ် အဆင့် ၉ကို ရောက်နေတဲ့ ဇူဟွားလောင် အနေနဲ့ သူ့ရဲ့ လက်ဝါးပေါ်မှာ စွမ်းအင်တွေကို ပုံဖော်လိုက်ပြီး သူ့လက်ဝါးသိုင်းရဲ့ ပြင်းထန်မှု အစွမ်းကို မြှင့်လိုက်တာ ဖြစ်တယ်။

ဒီလိုမျိုးကိုတော့ လျိုခိုင်တောင် လုပ်ဆောင်နိုင်တာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင် လေထု တစ်ခုလုံးကို တုန်ခါသွားစေပြီး နောက်မှာတော့ ဇူဟွားလောင်က လီဖူချန်းကို လက်ဝါးဖြင့် ရိုက်ချ လိုက်လေသည်။ ဇူဟွားလောင်ရဲ့ ရိုက်ချက်က အရမ်းကို လျင်မြန် လွန်းနေသည်။

လီဖူချန်းက သူ့ဆီကို လက်ဝါးရိုက်ချက် လာနေတာကို မြင်နေရသည်။ သူ့စိတ်ထဲမှာ ဒီလက်ဝါး ရိုက်ချက်ကို ရှောင်တိမ်းဖို့ ကြိုးစားနေပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က သူ့စိတ် အလိုအတိုင်း လိုက်လံ မရွေ့လျားနိုင်ပေ။ ဒါကကျင့်ကြံမှု အဆင့်နိမ့်ခြင်းရဲ့ အားနည်းချက်ပင် ဖြစ်ပေသည်။

ထို့ကြောင့် လီဖူချန်းက လက်နှစ်ဖက်ကို ကြက်ခြေခတ် ထားလိုက်ပြီး ခုခံလိုက်ရတယ်။

မိုးကြိုးတစ်စင်း ပစ်ချတာ ခံလိုက်ရတဲ့ အတိုင်းပဲ လီဖူချန်းရဲ့ ဘယ်ဘက်လက်က စုတ်ပြတ်သတ် သွားသည်။ အရိုးတွေကလည်း တစ်စစီ ပြုတ်ထွက်သွားပြီ လို့တောင် လီဖူချန်းက တွေးလိုက်သည်။ စွမ်းအင်လှိုင်း ရိုက်ခတ်မှုက ခန္ဓာကိုယ်ထဲ အထိ ဝင်သွားတာကြောင့် လီဖူချန်းက အတွင်းဒဏ်ရာ ပါရသွားသဖြင့် သွေးတော်တော် များများ အန်ထုတ် လိုက်ရသည်။

လီဖူချန်း ဘဝမှာ ဒီလောက်အထိ ရုပ်ပျက်ဆင်းပျက် တစ်ခါမှကို မရှုံးနိမ့်ဖူး သေးချေ။

“ဒီနေရာသာ မိုးပြာရောင်ဂိုဏ်း မဟုတ်ခဲ့ဘူး ဆိုရင်  ငါမင်းကို သေအောင်ရိုက်ပြီး မင်းအလောင်းကို ခွေးကျွေး လိုက်ပြီ"

ဇူဟွားလောင်က လီဖူချန်းကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ပြောလိုက်တယ်။

လီဖူချန်းက မြေပေါ်မှာ ကောင်းကောင်း ရပ်နိုင်အောင် ကြိုးစားပြီး ရပ်လိုက်တယ်။

“ဒီလက်ဝါး ရိုက်ချက်ကို ငါ့အသည်းထဲမှာ ကောင်းကောင်းကြီး မှတ်ထားမယ်"

လီဖူချန်းက ကြုံးဝါး ပြောဆို လိုက်သည်။

“ဘာလည်း ... မင်းက လက်တုံ့ပြန် ချင်သေးတာလား။

မင်းရဲ့ စွမ်းအင် ဗဟိုချက် ပင်လယ်ကို ဖျက်ဆီးလိုက်ရင် မင်းဘယ်လို လက်တုံ့ ပြန်မလဲ ကြည့်ရသေးတာပေါ့။

ဇူဟွားလောင်က လီဖူချန်းရဲ့ ရင်ဘတ်က အတွင်းအား ကြောဆုံမှတ်ကို ဖျက်ဆီးဖို့ လက်နှစ်ချောင်းကို ဓားသဏ္ဍာန် လုပ်ပြီး ချိန်ရွယ် လိုက်လေသည်။

“ဘာတွေ ဖြစ်နေ ကျတာလည်း”ကျယ်လောင်သော အော်ဟစ်သံကြီး တစ်ခုက ထွက်ပေါ်လာသည်။

“အကြီးအကဲချန် "

လူအားလုံးက အသံ ထွက်ပေါ်လာရာကို လှမ်းကြည့် ပြီးနောက် ခါးကိုင်းကာ အရိုအသေ ပေးလိုက်ကြသည်။ အသံပိုင်ရှင်က အပြင်စည်း အကြီးအကဲ ချန်ဇောင်မင် ဖြစ်လေသည်။

ချန်ဇောင်မင်က အလျင်မလိုပဲ ပုံမှန်ခြေလှမ်းတွေ အတိုင်း လှမ်းလာရင်း လီဖူချန်းနဲ့ ဇူဟွားလောင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် နှာခေါင်း ရှုံ့လိုက်ပြီး

“ဇူဟွားလောင် ... ဒါမင်းအိမ် မဟုတ်ဘူးကွ။ စည်းမျဉ်းတွေကို လိုက်နာစမ်း"

"အကြီးအကဲချန် ... ဒီလူသစ်တပည့်က စကားပြောတာ ရိုင်းလွန်းလို့ ကျွန်တော်က ကျောင်းမှန်းကန်မှန်း သိအောင် နည်းနည်း ဆုံးမနေတာပါ"

ဇူဟွားလောင်က ချန်ဇောင်မင်ကို မကြောက်ပါဘူး။

ဒါပေမဲ့ အတိအလင်းတော့ ကလန်ကဆန်ကြီး မလုပ်ရဲဘူးလေ။

“မင်းသူ့ကို သင်ပေးပြီးသွားပြီပဲ။ အခုချက်ချင်း ထွက်သွားမလား     ဒါမှမဟုတ် ပြစ်ဒဏ်ဆောင်ကို အလည် သွားမလား"

“ဟုတ်ကဲ့ ။ ကျွန်တော်အခုပဲ သွားပါတော့မယ် ခင်ဗျာ"

ဇူဟွားလောင်က မထွက်သွားမီမှာ လီဖူချန်းကို မကျေမချမ်း တစ်ချက် ကြည့်လိုက် သေးသည်။ ဒီတစ်ခါတော့ မင်းကံကောင်းသွားတယ် ဆိုတဲ့ အကြည့်မျိုးနှင့်ပေါ့။

“အားလုံးလူစုခွဲပြီး လုပ်စရာရှိတာ သွားလုပ်ကြ"

ချန်ဇောင်မင်က လက်ကို ဝှေ့ယမ်း လိုက်သည်။

လူရှင်းသွားတဲ့ အချိန်မှာတော့ ချန်ဇောင်မင်က လီဖူချန်းကို ပြောလိုက်သည်။

"ဒါက ဂိုဏ်းရဲ့သဘောသဘာဝပဲ။ နေရာတိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းထားပေမဲ့ မင်းရဲ့စွမ်းအား နိမ့်နေမယ် ဆိုရင်တော့ မင်းကို အနိုင်ကျင့်မဲ့ သူကတော့ ပေါ်လာမှာပဲ။ မင်းဒီထက် ပိုကြိုးစားမှ တော်ကာ ကျမယ်။"

လီဖူချန်းရဲ့ ပခုံးကို ပုတ်ပြီး ချန်ဇောင်မင်က လှည့်ထွက် သွားတယ်။

“ကျေးဇူးတင်ပါတယ်  အကြီးအကဲချန် "

လီဖူချန်းက ဒီတစ်ခါသူ့ကို မသိမသာ ကူညီသွားတဲ့ ချန်ဇောင်မင်ကို အရမ်းကို ကျေးဇူးတင်မိ နေတယ်။ ဒီကျေးဇူးကို လီဖူချန်းက ဘယ်တော့မှ မေ့နိုင်မှာတော့ မဟုတ်ဘူး။ တစ်နေ့ အခွင့်ကြုံရင်တော့ ဒီကျေးဇူးကို ဆယ်ဆမက သူပြန်ဆပ် ရပေလိမ့်မည်။

တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ပြည့်နှက် နေပေမဲ့လည်း လီဖူချန်းက အားခဲပြီး ထောက်ပံ့ရေးရမှတ် ဌာနကို ရောက်အောင်သွားနေသည်။ ဟူး ...

ထောက်ပံ့ရေးဌာနကို အရောက်မှာတော့   လီဖူချန်းတစ်ယောက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိပြီ။

"အခုလက်ရှိ ငါက အရမ်း အားနည်း လွန်းတယ်။ ငါ့ကိုယ်ငါ ဖိအား မပေးနိုင်ရင်တော့ ငါဒီလို အဖြစ်တွေနဲ့ပဲ ကြုံနေရမှာပဲ။ ငါဒီထက် ပိုသန်မာလာဖို့ လိုအပ်နေပြီ။ ငါရမှတ်တွေ လဲပြီးတာနဲ့ ပိုပြီး ကြိုးစား လေ့ကျင့်ရမယ်"

လီဖူချန်းက သူ့ကိုယ်သူ သုံးသပ်လိုက်တယ်။ မိုးပြာရောင်ဂိုဏ်းကို မရောက်ခင် တုန်းကတော့  ဂိုဏ်းတော်ထဲမှာ အရာအားလုံးဟာ စည်းကမ်းတကျဖြစ်ပြီး ကြိုးစား လေ့ကျင့်ဖို့ပဲ လိုတယ်လို့ သူက ထင်ခဲ့တာလေ။ ဒါပေမဲ့ အခုဖြစ်ရပ် အပြီးမှာတော့ ဂိုဏ်းတော်ထဲမှာလည်း အားကြီးသူက စားစတမ်းဆိုတဲ့ တောတွင်း ဥပဒေကိုပဲ ကျင့်သုံးကြတယ် ဆိုတာကို သူသိလိုက်ရပြီလေ။

“ကျွန်တော် ဒီငါးတွေကို ရမှတ်နဲ့ လဲချင်ပါတယ်"

လီဖူချန်းက သူ့ရဲ့ ခြင်းတောင်းကို အမှတ်လဲလှယ်တဲ့ ကောင်တာရှေ့မှာ ချလိုက်တယ်။

တာဝန်ကျ အကြီးအကဲက ချက်ခြင်းပဲ ရောက်လာပြီး ခြင်းတောင်းထဲကို ကြည့်လိုက်တယ်။

“ဒီရတနာငါးတွေ အကုန်လုံးက မင်းဖမ်းလာတာလား"

တာဝန်ကျ အကြီးအကဲက လီဖူချန်းကို အံ့သြစွာ ကြည့်ရင်းနဲ့ မေးလိုက်တယ်။ လီဖူချန်းက ပြန်ဖြေလိုက်တယ်။

“အကြီးအကဲ … အဲဒါက အရေးကြီး လို့လား"

“မကြီးပါဘူး ။ ဒီအတိုင်း မေးကြည့်တာပါ"

တာဝန်ကျ အကြီးအကဲက စကားဆက် မပြောတော့ ပဲငါးတွေကို စတင် ချိန်တွယ် လိုက်တယ်။

***

All Chapters