လုံးဝလက်ခံယုံကြည်ခြင်း
Vol. 80 Ch. 1108
ပြင်းထန်သောအရှိန်အဝါတို့ စိမ့်ထွက်လျက် သူ့ထံ ပြေးလာနေသောလူသုံးယောက်အား ထန်ရှုက အမူအရာကင်းမဲ့စွာနှင့် ရပ်လျက်သာ ကြည့်နေသည်။ သူတို့က သူ့ထံမှ မီတာအနည်းငယ်အကွာသို့ ရောက်လာသောအခါတွင် သူက သူတို့အား လက်မြှောက်ကာ တားလိုက်ပြီး ပြော၏ “ခင်ဗျားတို့သုံးယောက်က အရှေ့ကနှစ်ယောက်ထက် ပိုကောင်းပေမယ့် ကျုပ်အတွက်တော့ မလုံလောက်ဘူး။ ဘာလို့ ကျုပ်တို့က အရေအတွက်မတိုးကြတာလဲ”
လီချိုင်ပင်းက နောက်နှစ်လှမ်းဆုတ်လျက် ထန်ရှုအား ကြောက်ရွံ့သောမျက်လုံးများနှင့် ကြည့်လိုက်သည်။ တစ်ချိန်တည်းတွင် နက်ရှိုင်းသောအရှက်ရမှုတစ်ခုက သူ့နှလုံးသားထဲ၌ ပြည့်သွား၏။ သူက အများလက်ညှိုးထိုးစရာတစ်ခုပြုခဲ့သည်ဟု ခံစားမိလာသည်။
သူ စောင့်နေသည်။ နောက်တိုက်ပွဲရလဒ်များအား သူ စောင့်ရန် လိုအပ်သည်။ ထန်ရှုက ရှုံးနိမ့်ခဲ့လျှင် သူက မျက်နှာအနည်းငယ်သာ ပျက်စရာရှိသည်၊ အရှက်ရစရာတော့ မလိုပေ။ ထန်ရှုက အနိုင်ရခဲ့လျှင် သူက ဂိုထောင်ထဲရှိလူတိုင်းရှေ့၌ သူ့မျက်နှာထားစရာရှိမည်မဟုတ်တော့ပေ။
သုံးယောက်ထဲမှတစ်ယောက်က နှာခေါင်းရှုံ့ကာ မေးလိုက်သည် “မင်း ဘယ်လိုကစားချင်တာလဲ”
“ခင်ဗျားတို့သုံးယောက်က အခြားသူတွေရဲ့မျက်လုံးထဲမှာတော့ ကျွမ်းကျင်သူတွေလို့ သတ်မှတ်နိုင်ပေမယ့် ကျုပ်မျက်လုံးထဲမှာတော့ ခင်ဗျားတို့က အဝေးကြီးလိုသေးတယ်”ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်သည် “ခင်ဗျားတို့က ကျုပ်နဲ့ ကစားဖို့ဆိုရင် ခင်ဗျားတို့အားလုံးလာမှပဲ အဆင်ပြေလိမ့်မယ်”
“မောက်မာလှချည်လား”
“မင်းက သွေးနာထင်ရောက်နေတာပဲ”
“ငါတို့တိုက်ပြီးရင် မင်း သိလာမှာပါ”
လူသုံးယောက်က ဒေါသထွက်သွားကြပြီး ထန်ရှုထံ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြ၏။
ထန်ရှုက ခေါင်းသာ ခေါင်းယမ်းလျက် တုံ့ပြန်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက နောက်မဆုတ်သလို ရှောင်တိမ်းရန် မကြိုးစားခဲ့ပေ။ သူက ရှေ့တက်ကာ သူတို့၏လက်သီးချက်၊ ကန်ချက်များနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ လက်သီးချင်းချိတ်ဆက်သွားပြီးနောက် လျှပ်တစ်ပြက်အတွင်း ထိုလူလေးယောက်က လွင့်ထွက်သွားကြသည်။ ထန်ရှုက ပြုံးစပ်စပ်နှင့် ပြောလိုက်သည် “ခင်ဗျားတို့သုံးယောက်က မလုံလောက်ဘူးလို့ ကျုပ် ပြောခဲ့တာပဲ။ ခင်ဗျားတို့ကို အနိုင်ယူရတာ ကျုပ်အတွက် လွယ်လွန်းတယ်။ အခု ခင်ဗျားတို့ကိုယ်တိုင် မြင်ပြီးမလား။ ခင်ဗျားတို့က ကျုပ်ရဲ့အကြံဉာဏ်ကို နားမထောင်ကြတာကိုး၊ ဒါ ရှက်စရာတစ်ခုမဟုတ်လား”
“ရှုံးသွားပြီ…ဒါ ရှက်စရာကောင်းလွန်းတယ်…”
ဤအချိန်တွင် သူတို့သုံးယောက်က မြေကျင်းတစ်ခုတူးကာ ပုန်းအောင်းရန် ဆန္ဒရှိနေမိသည်။ ယခု ထန်ရှုက ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုသည်ကို သူတို့ ဖော်ထုတ်ခဲ့ပြီးပြီ။ သူတို့သုံးယောက်ပေါင်းထားလျှင်ပင် သူ့အား ရှုံးနိမ့်ခဲ့သေး၏၊ တစ်စက္ကန့်ပင် မရင်ဆိုင်နိုင်ခဲ့ပေ။
ယခု ကျန်ရှိနေသောလူခုနှစ်ဆယ်ကျော်က ထန်ရှုအား မွန်းစတားတစ်ကောင်အလား စိုက်ကြည့်နေကြသည်။
‘အားကောင်းတယ်၊ ရဲစွမ်းသတ္တိရှိတယ်’
ထန်ရှုက ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုသည်ကို သူတို့က ဖော်ပြစရာနည်းလမ်းမရှိပေ။ သူတို့အားလုံးက ထိုသုံးယောက်၏ခွန်အားအား ကောင်းကောင်းသိသည်၊ သို့သော် သူတို့ကတစ်စက္ကန့်ပင် မခံခဲ့ပေ၊ ဒါက မယုံနိုင်စရာပင်။
လီချိုင်းပင်က အလားတူအံ့အားသင့်နေသည်။ လက်ရည်စမ်းတိုက်ပွဲက ဒီလိုဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထန်ရှုက လုံးဝလူသားတစ်ယောက်မဟုတ်ပေ။ သူက လူတူမွန်းစတားတစ်ကောင်ပင်။
အနီးနားတွင် ထိုင်နေရင်း နယ်ဖမ်းကန်းက ထိတ်လန့်တုန်လှုပ်ရာမှ နိုးထလာသည်။ ဒီလိုအနေအထားကို မြင်ပြီးနောက် သူက နဖူးအား တန်းကာ အုပ်လိုက်သည်။ ထို့နောက် သူက ပြုံးနေသောထန်ယွမ်ဒီအား ကြည့်ကာ ပြောလိုက်၏ “ငါ အခု ယုံကြည်သွားပါပြီ၊ အကိုထန်။ ငါ့ကို ဒီလိုခံစားနိုင်အောင်လုပ်နိုင်တဲ့သူတွေက ဒီတစ်သက်မှာ အများကြီးမရှိဘူး၊ ဒါပေမယ့် မင်းရဲ့သားက သေချာပေါက် တစ်ယောက်အပါအဝင်ပဲ။ သူက တကယ်အံ့အားသင့်စရာပဲ။ ကျင့်ကြံသူတွေက ဒီလောက်အားကောင်းတာပဲ”
“ငါ မင်းကို ပြောခဲ့တာပဲမလား”ထန်ယွမ်ဒီက ပြုံးကာ တုံ့ပြန်လိုက်သည်။
“ဟုတ်ပါတယ်၊ ငါက နည်းနည်းလေးတောင် မယုံကြည်ခဲ့ဘူးဆိုတာ ဝန်ခံတယ်။ ထန်ရှုရဲ့တရုတ်တိုင်းရင်းဆေးကျွမ်းကျင်မှုကို ငါ ကြားဖူးပါတယ်၊ ဒါပေမယ့် သူ့ရဲ့ဒီတစ်ဖက်ခြမ်းကိုတော့ အရင်တုန်းက ငါ ဘယ်တုန်းကမှ မကြားဖူးဘူး”နယ်ဖမ်းကန်းက ခြောက်ကပ်ကပ်ပြုံးကာ ပြောလိုက်သည် “ကျင့်ကြံသူတွေ ပိုင်ဆိုင်တဲ့တိုက်ခိုက်ရေးစွမ်းအားကို ငါ သိတယ်၊ ဒါပေမယ့ အဲဒါက ငါ ဆုပ်ကိုင်တာထက် အများကြီးဝေးလွန်းတယ်၊ ဒါကြောင့်…”
ထန်ယွမ်ဒီက သူ့အား ကြားဖြတ်တားကာ ပြုံးကာ ပြောလိုက်၏ “ဆက်ပြောဖို့မလိုဘူး။ ငါ ဒီနေ့ ထန်ရှုကို ဒီနေရာ ခေါ်လာတယ်ဆိုတာက သူက ဒီနေရာက ကိစ္စတွေကို လက်လွှဲယူပြီး ငါတို့ညီအကိုတွေကို စီမံခန့်ခွဲနိုင်တဲ့စွမ်းရည်ရှိတယ်လို့ ဆိုလိုတာပဲ။ ငါ ဘယ်လိုလုပ်တတ်တာလဲဆိုတာကို မင်း နားလည်ပြီးသားပါ၊ ဖမ်းကန်း”
လေးနက်သောအမူအရာနှင့် နယ်ဖမ်းကန်းက ခေါင်းညိတ်လိုက်သည် “ငါ ဒါကို မတွေးခဲ့ဘူး၊ အကိုထန်။ ဒီအတွက် ငါ တောင်းပန်ပါတယ်”
“မလိုပါဘူး။ ငါတို့အားလုံးက ညီအကိုတွေပဲရာ”ထန်ယွမ်ဒီက ပြုံးလိုက်သည်။
,နယ်ဖမ်းကန်းက စစ်မှန်သောအပြုံးဖြင့် ခေါင်းညိတ်လိုက်သည် “နောက်ဆုံးတော့ ငါတို့ရဲ့ညီအကိုတွေကို ထန်ရှုဆီ စိတ်ချလက်ချနဲ့ ငါ လွှဲပြောင်းပေးနိုင်ပြီပေါ့”
ထန်ရှုက ထိတ်လန့်တုန်လှုပ်မှင်တက်နေသောလီချိုင်ပင်းအား ကြည့်လိုက်သည်။ သူ့အား သင်ခန်းစာကောင်းတစ်ခု ပေးရန် ရည်ရွယ်လျက် ထန်ရှုက ကျယ်လောင်စွာ ပြောလိုက်၏ “ခင်ဗျားတို့တွေ ဘာကြောင်ကြည့်နေတာလဲ။ ခင်ဗျားတို့ရဲ့ကတ်ပတိန်ကလွဲပြီး ကျန်လူတွေအားလုံး ကျုပ်ဆီ လာစမ်း။ ကျုပ်အဖေနဲ့ဉီးလေးနယ်က ခင်ဗျားတို့ကောင်တွေကို ကျုပ်ဆီ ပေးချင်တယ်၊ ကျုပ်ကို ခင်ဗျားတို့ရဲ့ခေါင်းဆောင်လုပ်စေချင်တယ်၊ ဒါကြောင့် ခင်ဗျားတို့မှာရှိသမျှ စွမ်းရည်အားလုံးထုတ်ပြီး ခင်ဗျားတို့ ဘာလုပ်နိုင်တယ်ဆိုတာ ကျုပ်ကို ပြပါ။ ခင်ဗျားတို့က ကျုပ်လူတွေဖြစ်ဖို့ အရည်အချင်းရှိသလားဆိုတာ ကျုပ်မြင်ချင်တယ်”
“ဘာပြောတာ…”
“ငါတို့ကို သူ့ဆီ ပေးမှာလား”
“ဒါက…”
လုံခြုံရေးအဖွဲ့၏ကျွမ်းကျင်သော်ခုနှစ်ဆယ်ကျော်လုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်၊ သို့သော် ကြမ်းပြင်ပေါ်မှ မထလာသေးသော ယန်ဟူနှင့်ကျန်လူများအား မြင်ပြီး သူတို့ပါးစပ်များအား ချက်ချင်း ပိတ်လိုက်ကြ၏။
လီချိုင်ပင်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ သူ့မျက်လုံးများက အလင်းတို့ လက်သွားပြီး သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ထန်ရှုရဲ့အမိန့်ကို မင်းတို့ကောင်တွေ မကြားဖူးလား။ မင်းတို့ ဘာကြောင်ကြည့်နေကြတာလဲ။ မင်းတို့ရဲ့ဖင်ကို ရွေ့ပြီး ပူးပေါင်းတိုက်ခိုက်လိုက်ကြစမ်း။ မင်းတို့ကောင်တွေ ငါ့ကို မျက်နှာပျက်အောင် မလုပ်ကြနဲ့”
“လှုပ်ရှားကြ”
“တိုက်ခိုက်ကြ”
“ချကြ”
“…”
နောက်ဆုံးတွင် လူခုနှစ်ဆယ်ကျော်က မုန်တိုင်းအလား ထန်ရှုထံ တိုးဝင်လာကြ၏။ သူတို့က ဘာမှ ထိန်းချုပ်မထားဘဲ သူတို့က သေမင်းကြိုးတန်းပေါ်၌ လျှောက်နေရသည့်အလား ထုတ်ဖော်နိုင်သည့်ခွန်အားအကုန်လုံး ထုတ်လွှတ်ကာ ထန်ရှုအရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာကြ၏။
ဘန်း…ဘန်း…ဘန်း…
တည်ငြိမ်သောအမူအရာတစ်ခု ဆင်မြန်းထားရင်း ထန်ရှုက ထိုလူများအလယ်၌ အဆက်မပြတ် လျှောက်သွားကာ သူတို့၏တိုက်ခိုက်မှုများအား အလွယ်တကူ ရှောင်တိမ်း၏။ သို့သော် သူ လှုပ်ရှားသည့်အကြိမ်တိုင်း လူတစ်ယောက်က လွင့်ထွက်သွားသည်။ သူက သူ့ခွန်အားအား တိတိကျကျအသုံးပြုထားသဖြင့် တစ်ယောက်မှ ဒဏ်ရာအပြင်းအထန်မရခဲ့ပေ။
လီချိုင်ပင်းက နောက်သို့ ခြေလေးငါးလှမ်းဆုတ်လိုက်သည်၊ သူတို့က မျက်လုံးအိမ်မှ ပြူးထွက်လာသည့်အလား သူ့မျက်လုံးများက ဖောင်းကားနေ၏။ သူ မြင်နေရသည့်မြင်ကွင်းက အိမ်မက်တစ်ခုလိုပင်။
ဒါ ကြောက်စရာကောင်းလွန်းတယ်…မယုံကြည်နိုင်စရာကောင်းလွန်းတယ်…
သူက ထိုလူခုနှစ်ဆယ်ကျော်၏ခွန်အားအား ကောင်းကောင်းသိသည်။ သူတို့ထဲကဘယ်သူမဆို လူပေါင်းမရေမတွက်များစွာ၏မျက်လုံးများထဲတွင် ကျွမ်းကျင်သူတစ်ယောက်၊ စွမ်းအားရှင်တစ်ယောက်ဖြစ်ကြ၏။ သူတို့က စစ်မြေပြင်၏နေရာတိုင်းတွင် သွားလာကာ ရန်သူ့အသက်များအား ရိတ်သိမ်းနိုင်သည်။ သို့သော် လက်ရှိတွင် သူတို့က ဆာလောင်နေသောဝံပုလွေအုပ်အရှေ့၌ လည်စင်းခံနေသော သိုးကလေးများကဲ့သို့ပင်။
လက်ရှိတွင် နယ်ဖမ်းကန်းက လုံးဝမှင်တက်နေသည်။ ဒီညီအကိုအများစုအား သူကိုယ်တိုင် လေ့ကျင့်ပေးခဲ့သည်၊ ထို့ကြောင့် သူတို့၏ခွန်အားအား သူ ကောင်းကောင်းသိသည်။
ဒါပေမယ့် အခု သူ အိမ်မက်မက်နေတာလား။
သူ့ဘေးနားရှိ နယ်ကျဲ့၏မျက်လုံးများက ပိုပိုတောက်ပလာပြီး တဖြည်းဖြည်းနှင့် ကိုးကွယ်လေးစားမှုအဖြစ်သို့ ပြောင်းလဲလာသည်။ အပေါ်ယံတွင် သူမက အလွန်သိမ့်မွေ့သော်လည်း အရိုးထဲထိတိုင် ဂုဏ်ယူဝင့်ကြွားသောအမျိုးသမီးတစ်ယောက်ဖြစ်၏။ သို့သော် ယခု သူမ၏မောက်မာမှုအား ထန်ရှု၏ခွန်အားက အပြည့်အဝအနိုင်ယူခဲ့သည်။
သူက ကြမ်းတမ်းလွန်းတယ်၊ အံ့အားသင့်စရာကောင်းလွန်းတယ်၊ လုံးဝကို ကြောက်စရာကောင်းတယ်…
ဤလူက တိုက်ခိုက်ရေးစွမ်းအားအရ သဘာဝကို ဆန့်ကျင်သောခွန်အားရှိသည်။ သူမက ဒီလိုချစ်သူကောင်လေးတစ်ယောက်ရှာနိုင်မည်ဆိုလျှင်…မဟုတ်ဘူး…သူမက သူ့လို လင်ယောက်ျားတစ်ယောက်ရှာနိုင်မည်ဆိုလျှင် သူမက အနာဂတ်တွင် သေချာပေါက် ဘေးကင်းပေလိမ့်မည်။
စက္ကန့်လေးဆယ်…
ဤအချိန်အတွင်း ထန်ရှုက သူတို့အားလုံးအား အနိုင်ယူခဲ့သည်။ နာကျင်မှုကို တောင့်ခံရင်း အချို့က ကြမ်းပြင်ပေါ်မှ ကုန်းကပ်ထလာ၏၊ သူတို့၏တိုက်ခိုက်ရေးစိတ်ဝိဉာဉ်က မရှိတော့ပေ။
သူတို့က လုံးဝကြောက်ရွံ့နေသည်။ သူတို့က ကျည်ဆံမိုးများအား ရင်ဆိုင်လေ့ရှိခဲ့၏။ သူတို့က အားကောင်းသောရန်သူများအား ရင်ဆိုင်ရန် ကြောက်လေ့မရှိခဲ့ပေ၊ သို့သော် လက်ရှိအချိန်တွင် ဒီလိုကြောက်ရွံ့မှုက သူတို့အပေါ် ရစ်မိုးလာသည်။ သူတို့က လူသားတစ်ယောက်အား ရင်ဆိုင်နေရသည်မဟုတ်သလို ခံစားမိ၏။ ဤလူငယ်က ကြောက်စရာကောင်းသောခွန်အားရှိသည့်နတ်ဆိုးဘုရင်တစ်ယောက်ပင်။
“သူ့ကို တိုက်ခိုက်ရမလား။ မင်းက အရိုက်နှက်ခံရဖို့ ရှာနေတာလား”
ထန်ရှုက လက်ခုပ်တီးကာ ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ၊ ခင်ဗျားတို့တွေက မဆိုးဘူးပဲ။ အနည်ဆုံး ခင်ဗျားတို့က အချိန်အနည်းငယ် တောင့်ခံနိုင်ခဲ့တာပဲ၊ လေးဆယ်စက္ကန့်ပဲ ဆိုပေမယ့်ပေါ့လေ။ ဒါနဲ့ အခု ကျုပ်တို့ လက်ရည်စမ်းလို့ရပြီမလား၊ ဉီးလေးလီ။ ကျုပ်ရဲ့ခြေလက်တွေက ပိန်ပါးလွန်းပြီး ကျုပ်က ကြက်ကလေးတစ်ကောင်ကိုတောင် သတ်နိုင်တဲ့ခွန်အားမရှိဘူးလို့ ဉီးလေးပြောခဲ့တယ်မလား”
လီချိုင်ပင်း၏မျက်နှာက နီရဲသွားပြီး အရှက်ရမှုက သူ့မျက်နှာအား ဖုံးလွှမ်းသွား၏။ သူ့နှုတ်ခမ်းက လှုပ်ရွသွားလျက် သူက ထန်ရှု၏ရေးရေးပြုံးနေသောမျက်နှာအား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက အကြိမ်အနည်းငယ် ချောင်းဟန့်ကာ လက်ဝှေ့ယမ်းပြလိုက်၏ “ဒါကို မေ့လိုက်ကြရအောင်လား။ ငါ့အမှားကို ငါ ဝန်ခံပါတယ်။ ငါ မင်းကို အထင်သေးခဲ့မိတယ်။ ငါ့ရဲ့အရင်သဘောထားအတွက် တောင်းပန်ပါတယ်၊ ထန်ရှု။ ငါ သင်ခန်းစာရခဲ့ပါပြီ။ ငါ ဒါကို သေချာပေါက် စိတ်ထဲမှာ မှတ်ထားပါ့မယ်”
သူ၏သဘောထားက ထန်ရှုအား အများကြီးကျေနပ်သွားစေသည်။ ထန်ရှုက ပြောလိုက်၏ “ဒီလိုဆိုမှတော့ ထားလိုက်ကြတာပေါ့။ ပြီးတော့ ခင်ဗျားတို့တွေ၊ ခင်ဗျားတို့ရဲ့ဒဏ်ရာက ဘာမှ မဟုတ်ဘူး။ ကျုပ်က ကျုပ်ရဲ့ခွန်အားကို သေချာထိန်းချုပ်ထားခဲ့တယ်၊ ဒါကြောင့် ဆယ်မိနစ်လောက်ကျရင် ခင်ဗျားတို့ ပြန်ကောင်းသွားလိမ့်မယ်။ ခင်ဗျားတို့ နာကျင်မှုကို ထပ်ခံစားရတော့မှာ မဟုတ်ဘူး”
“…”
ဤသည်ကို ကြားပြီး လူတိုင်းက နှုတ်ခမ်းတွန့်သွားကြတော့သည်။
‘သူက သူ့ခွန်အားကို ကောင်းကောင်းထိန်းချုပ်ထားခဲ့တာလား’
ဒီကောင်လေးက တကယ်ကို သဘာဝကို ဆန့်ကျင်နေတာပဲ။ ဒီလိုဖရိုဖရဲတိုက်ပွဲမှာ ဒီလိုစွမ်းဆောင်နိုင်တယ်ဆိုတော့…သူ့ရဲ့နောက်ဆုံးအကန့်အသတ်က ဘယ်လောက်လဲ။ သူ ဘယ်လောက်ထိ သန်မာတာလဲ။
ထန်ရှုက ထန်ယွမ်ဒီနှင့် နယ်ဖမ်းကန်းတို့၏ဘေးသို့ ပြန်ရောက်လာသည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါးပြုံးကာ ပြော၏ “ငါ့ရဲ့လုပ်ဆောင်ချက်က ဘယ်လိုလဲ၊ ဉီးလေးနယ်။ သူတို့ကို ငါ့ဆီ လွှဲပေးရတဲ့အပေါ် ဉီးလေး စိတ်အေးရဲ့လား”
“မင်းကို လွှဲပေးတာတောင် ငါ စိတ်မအေးဘူးဆိုရင် ဒီကမ္ဘာမှာ ငါ့ကို စိတ်အေးနိုင်စေမယ့်အရာမျိုး ရှိတော့မှာမဟုတ်ဘူး”နယ်ဖမ်းကန်းက အားတင်းပြုံးလျက် ပြန်ပြောလိုက်သည် “ဒါပေမယ့် မင်းက အံ့အားသင့်စရာပဲ၊ ပြီးတော့ မင်းက ငါ့ရဲ့လေးစားမှုနဲ့ ထိုက်တန်တယ်၊ ထန်ရှု။ မင်းရဲ့အဖေက သားကောင်းတစ်ယောက်မွေးခဲ့တာပဲ”
ဤသည်ကို ကြားပြီးနောက် ဂုဏ်ယူမှုက ထန်ယွမ်ဒီ၏နှလုံးသားထဲ၌ နစ်မြုပ်သွားခဲ့သည်။ ထို့နောက် သူက ထရပ်ကာ ပြုံးလိုက်သည် “ရှုအာ၊ ဉီးလေးနယ်က မင်းကို ချီးကျူးခဲ့တယ်ဆိုရင်တောင် မင်း စိတ်ကြီးဝင်လို့မရဘူး။ ဒါတွေက ငါတို့ရဲ့ညီအကိုတွေပဲ။ သူတို့က ငါတို့ရဲ့ယုံကြည်စိတ်ချအရဆုံးလူတွေပဲ၊ ဒါကြောင့် အနာဂတ်မှာ မင်း သူတို့ကို ကောင်းကောင်းဆက်ဆံတာ ပိုကောင်းတယ်၊ သူတို့ကို ပိုသန်မာအောင်လဲ ကူညီပေးပါ”
“ဒါနဲ့ ပတ်သက်ပြီးတော့ မင်းတို့ စိတ်ချပါ၊ အဖေ၊ ဉီးလေးနယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
ထိုသို့ပြောပြီးနောက် သူက ကြမ်းပြင်ပေါ်မှ တွားသွားထလာသောလူများအား ကြည့်ကာ ဆိုလိုက်သည် “ကျုပ်ကိုယ်ကျုပ် ထပ်မိတ်ဆက်ပေးပါရစေ။ ကျုပ်က ထန်ယွမ်ဒီရဲ့သားထန်ရှုပဲ။ ခင်ဗျားတို့ရဲ့မျက်လုံးထဲမှာ ကျုပ်က အသက်နှစ်ဆယ်ပတ်လည်လူငယ်တစ်ယောက်မျှပဲ။ ဒါ့အပြင် ကျုပ်က အားနည်းပြီး ခွန်အားမရှိပုံပေါ်တယ်။ ဒါပေမယ့် ခင်ဗျားတို့ကို ကျုပ် ပြောနိုင်တာကတော့ ခင်ဗျားတို့လိုလူအယောက်တစ်ရာဆိုရင်တောင် ကျုပ်ရဲ့ပြိုင်ဘက်မဟုတ်သေးဘူးဆိုတာပဲ”
“…”
လူတိုင်းက ထန်ရှုအား တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။ ဤစကားက မောက်မာလွန်းသည်ဟု သူတို့က ခံစားရသော်လည်း သူတို့က နှုတ်ဆိတ်နေရန်သာ ရွေးချယ်သည်။
“လက်ရှိခင်ဗျားတို့က အားနည်းတယ်။ ဒါပေမယ့် ဒါက ခင်ဗျားတို့က ကျုပ်ရဲ့လမ်းညွှန်မှုအောက်မှာ မရှိလို့ပဲ”ထန်ရှုက ဆက်ပြောသည် “ဒါကြောင့် လက်ရှိမှာ ခင်ဗျားတို့ကို ကျုပ်နဲ့အတူ မခေါ်သွားသေးဘူး၊ ခင်ဗျားတို့ ဒီမှာပဲ နေနေရမယ်။ ဒါပေမယ့် ကျုပ် ခင်ဗျားတို့ကို ကျင့်ကြံခြင်းနည်းစနစ်တစ်စုံသင်ကြားပေးမယ်၊ ပြီးတော့ ခင်ဗျားတို့အတွက် လေ့ကျင့်ရေးပရိုဂရမ်တစ်ခု ရေးဆွဲပေးမယ်။ သုံးလအတွင်းမှာ ကျုပ် သတ်မှတ်ထားတဲ့ခွန်အားကို မအောင်မြင်နိုင်ဘူးဆိုရင် ခင်ဗျားတို့က ကျုပ်လူတွေဖြစ်ဖို့ အရည်အချင်းမမှီဘူး၊ ဖယ်ထုတ်ခံရလိမ့်မယ်”
***