သတ်ဖြတ်ရန် တတိယအင်အားစုကို အသုံးပြုခြင်း
Vol. 80 Ch. 1111
“အဲပြိုင်ပွဲပြီးနောက် ငါ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်”လီလောင်ရှန်က ပြော၏ “ဆေးရုံမှာ နှစ်လကျော်ကြာ နေခဲ့ပြီးနောက် ငါ သူ့အိမ်ကို သွားခဲ့တယ်၊ ဒါပေမယ့် သူ့ရဲ့အရိပ်အယောင်ကို လုံးဝမတွေ့ခဲ့ဘူး။ ဒါကြောင့် ငါ သူ့ကို လူလွှတ်စုံစမ်းခိုင်းခဲ့တယ်။ အဲဒီလိုနဲ့ ဒီလျှို့ဝှက်ချက်ကို သိလာရတာပဲ”
“ဒါပေမယ့် သူက သတင်းအချက်အလက်တွေ ရောင်းတယ်လို့ မင်း ဘယ်လိုကောက်ချက်ချခဲ့တာလဲ”ထန်ရှုက မေး၏။
“ဒါနဲ့ ပတ်သက်ပြီး မင်းရဲ့တပည့်ကို မေးရလိမ့်မယ်”လီလောင်ရှန်က ပြော၏ “ချန်ကျီကျုံးက ကောထောင်အကြောင်း မင်းကို မပြောဖူးဘူးလား”
‘ဟမ့်”ထန်ရှုက အံ့အားသင့်သွားသည် “ချန်ကျီကျုံးလဲ ကောထောင်အကြောင်း သိတာလား”
“ကောထောင်က သတင်းအလက်အရောင်းအဝယ်လုပ်နေတယ်လို့ ငါ့လူတွေ ရှာတွေ့ခဲ့တဲ့အကြောင်းပြချက်က မင်းရဲ့တပည့်ချန်ကျီကျုံးဆီကနေ သူတို့က အချက်အလက်တွေ ဝယ်ခဲ့လို့ပဲ”လီလောင်ရှန်က ရှင်းပြလိုက်သည် “သူက ငါ့ထက်စာရင် ကောထောင်အကြောင်း ပိုသိနိုင်တယ်”
“ငါ သိပြီ။ ဒါဆို ငါ ချန်ကျီကျုံးကို အရင် ဖုန်းခေါ်ရမှာပေါ့၊ အကိုလီ”ထန်ရှုက ပြောလိုက်သည် “နောက်ကျရင် သောက်ဖို့အတွက် ငါ မင်းကို လာရှာမယ်”
‘ကောင်းပါပြီ”
ထိုသို့ပြောပြီးနောက် လီလောင်ရှန်က ရယ်ကာ ဖုန်းတန်းချလိုက်သည်။
သို့သော် ထန်ရှုက ချန်ကျီကျုံးအား ဖုန်းခေါ်ရန် အလျင်မလိုပေ၊ သူက မျက်လုံးမှိတ်ကာ ဖြေရှင်းရန်မလွယ်လှသည့်အမှောင်လေအဖွဲ့အစည်းနှင့် ပတ်သက်၍ စဉ်းစားလိုက်၏။
ဤအဖွဲ့အစည်းက ကောင်းကင်ရှိမျက်လုံးတစ်စုံကဲ့သို့ပင်၊ ကမ္ဘာ့နေရာတကာဖြစ်ပျက်သမျှအရာအားလုံးအား အမြဲမပြတ် စိုက်ကြည့်နေ၏။ ၎င်းက လူတိုင်း၏ဉီးခေါင်းပေါ်၌ ရစ်ဝဲနေသည့် မမြင်နိုင်သောအင်ပါယာဓားတစ်လက်နှင့် တူပြီး သတိမဲ့သူများအား ဓားက လည်ပင်းဖြတ်သွားပေမည်။
“ရောက်ဖို့ ငါတို့ ဘယ်လောက် လိုသေးလဲ”ထန်ရှုက ရုတ်တရက် မျက်လုံးဖွင့်ကာ မေးလိုက်သည်။
“လေးဆယ်မိနစ်ခန့်မောင်းရအုံးမယ်”ကျင်းရှီက ရိုသေလေးစွာနှင့် ပြန်ဖြေသည်။
“လောလောဆယ် ရွှေကမ်းခြေကို မသွားနဲ့အုံး၊ အဲနေရာကို စောင့်ကြည့်နေတဲ့ ငါတို့ရဲ့ထောက်လှမ်းရေးအများစုကို ပြန်ရုတ်သိမ်းခိုင်းလိုက်”ထန်ရှုက နက်ရှိုင်းသောအသံနင့် အမိန့်ပေးလိုက်သည် “လူအနည်းငယ်ကို စောင့်ကြည့်ဖို့ လက်ရွေးစင်ထောက်လှမ်းရေးအနည်းငယ်ပဲ ချန်ထားလိုက်။ ဟုတ်တယ်၊ ကောထောင်ကို မျက်ခြေမပြတ်စောင့်ကြည့်ထား။ သူ့နားမှာ ကျိုးပေါက်ရာတစ်ခု ရှိလာနိုင်တယ်”
ထန်အန်း၏ပုံရိပ်က ထန်ရှုဘေးနား၌ ရုတ်တရက် ထွက်ပေါ်လာသည်။ သူမက မေးလိုက်၏ “ဘာလို့ တိုက်ရိုက်ခိုးမဝင်တာလဲ၊ ဆရာအဘိုး။ ငါတို့က သတင်းအချက်အလက်အားလုံးကို တိုက်ရိုက်ရလာမယ်မလား”
“ကိစ္စတွေက မရိုးရှင်းဘူးလို့ ငါ ခံစားမိနေတယ်။ ဒီနေရာက မျက်လုံးနဲ့ မြင်နိုင်တာထက် ပိုတယ်။ မင်းက ကိုယ်ပျောက်နိုင်တယ်။ ငါ့မှာလဲ ကိုယ်ပျောက်အဆောင်ရှိတယ်၊ ဒါပေမယ့် အဲဒါက အလွန်ဘေးကင်းတဲ့နည်းလမ်းဖြစ်မယ်လို့ ငါ မထင်ဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ရွှေကမ်းခြေက ဒီလိုခံစစ်နဲ့လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် လုပ်ထားပုံထောက်ရင် သူတို့မှာ ငါတို့ကို သတိပြုမိဖို့ နည်းလမ်းတွေ ရှိဖို့များတယ်။ ဒါကြောင့် ဒီတစ်ခါမှာ သူတို့ကို သတိပေးလို့မရဘူး။ ငါတို့က လူအနည်းငယ်ကိုပဲ မျက်ခြေမပြတ်စောင့်ကြည့်ရမယ်၊ ပြီးရင် သူတို့ချန်ထားမယ့်အပေါက်တစ်ခုခုကို အသုံးချရမယ်”
‘ကောင်းပါပြီ၊ ဒါဆို ငါ ကောထောင်ကို စောင့်ကြည့်လိုက်ပါ့မယ်”ထန်အန်းက ရိုသေလေးစားစွာ ပြောလိုက်၏။
ထန်ရှုက သူမအား ပေါ့ပေါ့ပါးပါး ခေါင်းတစ်ချက်ညိတ်ပြကာ ပြောလိုက်သည် “ကျင်းရှီ၊ မင်း ထန်အန်းနဲ့ လိုက်သွား။ ကားကို လမ်းဘေးမှာ ရပ်ထားခဲ့။ ငါ တက္ကစီငှားပြီးပဲ နေဖို့နေရာရှာလိုက်မယ်။ ပစ်မှတ်က ရွှေကမ်းခြေက ထွက်လာတာနဲ့ ငါတို့ကို ချက်ချင်းအကြောင်းကြား”
“နားလည်ပါပြီ”ကျင်းရှီက ပြန်ဖြေ၏။
ကားက လမ်းဘေးတွင် ထိုးရပ်သွားပြီး ထန်ရှုက တစ်ယောက်တည်း ဆင်းလာ၏။ အနီးနားတွင် အဆောက်အဉီးတစ်ခုမှ မရှိပေ၊ ထို့ကြောင့် ထန်ရှုက ဖုန်းထုတ်ကာ ချန်ကျီကျုံး၏နံပါတ်အား ခေါ်ဆိုလိုက်သည်။
“ဆရာ”ချန်ကျီကျုံး၏ရိုသေလေးစားသောအသံအား ဖုန်းမှ ကြားလိုက်ရသည်။
“မင်း အခုဘယ်မှာလဲ”ထန်ရှုက မေး၏။
“လျန်ကန်းမှာ”ချန်ကျီကျုံးက ပြန်ဖြေသည်။
“ငါ မင်းကို ရိုက်ပို့ပေးလိုက်မယ့် လိပ်စာဆီ မြန်မြန်လာ”ထန်ရှုက အမိန့်ပေးလိုက်သည် “ပေါ်ပေါ်ထင်ထင်မလုပ်လာနဲ့၊ မင်းတစ်ယောက်တည်းပဲလာ”
နာရီဝက်ကြာပြီးနောက် အနက်ရောင်အော်ဒီကားတစ်စီးက ထန်ရှုဘေးနား၌ ထိုးရပ်သွားသည်။ ကားတံခါးပွင့်သွားပြီး အနက်ရောင်ဝတ်စုံနှင့်ချန်ကျီကျုံးက ထန်ရှုထံ လျှောက်လာကာ ပြောလိုက်သည် “ဘာလို့ ဆရာက လျန်ကန်းမှာ ရှိနေတာလဲ”
“ဒါက ငါလဲ မင်းကို မေးချင်တာ”ထန်ရှုက ပြန်ဖြေသည်။
“ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့လျှို့ဝှက်ချက်ကို ရှာတွေ့လို့ သူ့နောက် တိတ်တဆိတ် လိုက်လာတာ။ ဒါကြောင့် ငါ လျန်ကန်းကို ရောက်လာတာ”ချန်ကျီကျုံးက ပြောလိုက်၏ “ပြီးတော့ လျန်ကန်းက နေရာတစ်ခုမှာ လူများစွာ စုဝေးနေကြတယ်။ အဲဒါက ရွှေကမ်းခြေလို့ခေါ်တဲ့သီးသန့်ကလပ်တစ်ခုပဲ။ သူတို့ရဲ့စုဝေးပွဲပြီးသွားရင် ငါတို့ရဲ့ရန်ငြိုးဟောင်းကို ဖြေရှင်းဖို့ ဒီမိတ်ဆွေဟောင်းကို သွားရှာရမယ်”
“မင်းရဲ့မိတ်ဆွေဟောင်းက ကောထောင်လား”ထန်ရှုက မျက်လုံးစောင်းငဲ့ကြည့်လျက် မေးလိုက်သည်။
ချန်ကျီကျုံးက အံ့အားသင့်သွားသော်လည်း ခေါင်းခါယမ်းကာ ပြောလိုက်သည် “သူမဟုတ်ဘူး၊ ဝမ်ဖန်း”
ထန်ရှု၏မျက်လုံးများက လင်းလက်သွားပြီး သူက နက်ရှိုင်းသောအသံနှင့်အသံနှင့် ပြောလိုက်သည် “ဒီဝမ်ဖန်း၊ ကောထောင်နဲ့ အဲဒီရွှေကမ်းခြေမှာရှိတဲ့အဖွဲ့တွေအကြောင်း ငါ့ကို ပြောပြ။ သူတို့နဲ့ပတ်သက်ပြီး အရာအားလုံး ငါ့ကို ပြောပြ”
“ငါခန့်မှန်းတာမှန်ရင် သူတို့အားလုံးက အမှောင်လေအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တွေပဲ၊ ဆရာ”ချန်ကျီကျုံးက ပြောလိုက်သည် “ဒါ့အပြင် ဒီနေ့က တရုတ်က အမှောင်လေအဖွဲ့တွေအတွက် ‘တည်နေရာရွှေ့ပြောင်းခြင်း’လို့ခေါ်တဲ့အရေးကြီးသုံးနှစ်အစည်းအဝေးပဲ။ ဒါကြောင့် ဒီနေ့ ရွှေကမ်းခြေကိုလာတဲ့ဒီလူတွေက တိုင်းပြည်တစ်ဝှမ်းက စီရင်စုတွေ၊ မြို့တွေမှာရှိတဲ့အမှောင်လေခေါင်းဆောင်တွေပဲ ဖြစ်ရမယ်”
‘အမှောင်လေလား’
သတ်ဖြတ်ခြင်းဆန္ဒက မျက်လုံးထဲ၌ လက်သွားလျက် ထန်ရှုက ထပ်မေးလိုက်၏ “ဒီတည်နေရာရွှေ့ပြောင်းခြင်းဆိုတာက ဘာလဲ”
“ဒါက သုံးနှစ်ပြည့်တိုင်းကျင်းပတဲ့အရေးကြီးအစည်းအဝေးတစ်ခုရဲ့နာမည်ပဲ”ချန်ကျီကျုံးက ရှင်းပြလိုက်သည် “နာမည်အတိုင်းပဲ၊ စီရင်စုအသီးသီးရဲ့တာဝန်ရှိသူက အခြားစီရင်စုတွေရဲ့ခေါင်းဆောင်နဲ့ နေရာချင်း ချိန်းရမယ်၊ မြို့တစ်ခုနဲ့မြို့တစ်ခုလဲ အဲလိုပါပဲ။ အမှောင်လေအဖွဲ့အစည်းတစ်ခုလုံးရဲ့ဖွဲ့စည်းပုံနဲ့အဖွဲ့ဝင်တွေကို အပြီးတိုင်ဖျက်ဆီးပြီး အလုံးစုံပြောင်းလဲပစ်လိုက်တာပဲ”
‘ဘာကြောင့် သူတို့ ဒီလိုလုပ်တာလဲ။ ဒါ အရမ်းဒုက္ခမများဘူးလား”ထန်ရှုက အံ့အားသင့်သွားသည်။
“ဒါက အဖွဲ့ဝင်တွေ သူတို့ရဲ့ကိုယ်ပိုင်သီးသန့်အင်အားစုတွေကို လျှို့ဝှက်တည်ဆောက်တာကနေ ကာကွယ်ဖို့အတွက်ပဲ”ချန်ကျီကျုံးက ပြောလိုက်သည်။
“ဒါပေမယ့် မင်း ဘာလို့ ဒီလောက်အများကြီး သိနေရတာလဲ”ထန်ရှုက မေးမြန်းလိုက်သည်။
ချန်ကျီကျုံးက ခဏနှုတ်ဆိတ်သွားပြီးနောက် အားတင်းပြုံးလိုက်သည် “ဆရာ၊ တကယ်တော့ ငါက ဝမ်ဖန်းနဲ့ကောထောင်တို့နဲ့ အဆက်အသွယ်အများကြီးရှိခဲ့တယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဆေးပင်တွေ ဝယ်ဖို့အတွက် သူတို့နှစ်ယောက်က ငါ့ကို လာရှာခဲ့တယ်။ အဲကနေ ငါတို့က မိတ်ဆွေတွေ ဖြစ်လာတယ်။ ဒါ့အပြင် ငါတို့သုံးယောက်လုံးက သိုင်းပညာရှင်တွေလေ၊ ဒါကြောင့် ငါတို့ရဲ့ခင်မင်ရင်းနှီးမှုက ဆက်တိုက်ပိုကောင်းလာတယ်။ နောက်တော့ ငါတို့က သွေးသောက်ညီအကိုဖွဲ့ခဲ့ကြတယ်”
“ဒါပေမယ့် ဝမ်ဖန်းရဲ့စိတ်က အကြံအစည်တွေ ပြည့်နေတဲ့ မြေခွေးတစ်ကောင်လိုပဲ။ ငါ သူနဲ့ ပိုဆက်ဆံလေလေ၊ သူ့ကို နားမလည်နိုင်တာကို တွေ့လာလေလေပဲ။ အခြားတစ်ဖက်မှာတော့ ကောထောင်က ရက်စက်တဲ့လူတစ်ယောက်ပဲ။ အများရှေ့မှာတော့ သူ့ကိုယ်သူ တည်ငြိမ်ပြီးအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်အဖြစ် ထုတ်ပြပေမယ့် အရက်သောက်တဲ့အခါ ဒါမှမဟုတ် အခြားသူတွေနဲ့ တိုက်ခိုက်တဲ့အခါမျိုးတွေကျရင် သူက လုံးဝကွဲပြားတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်”
ဤအထိရောက်လာပြီးနောက် ချန်ကျီကျုံးက စီးကရက်တစ်ဘူး ထုတ်လိုက်သည်။ ထို့နောက် ဘူးထဲမှ စီးကရက်တစ်လိပ်ယူကာ ထန်ရှုထံ ကမ်းပေးပြီးနောက် မီးညှိပေးလိုက်၏။ သူ့အတွက် တစ်လိပ်မီးညှိပြီးနောက် တစ်ရှိုက်ဖွာကာ သူက ဆက်ပြောလိုက်သည် “တစ်နေ့မှာ ကောထောင်က အရက်မူးပြီး အမှောင်လေအဖွဲ့အစည်းအကြောင်းနဲ့ သူက ရှာအန်ရှီဌာနခွဲရဲ့ခေါင်းဆောင်ဆိုတဲ့အကြောင်း ပြောပြခဲ့တယ်။ ဝမ်ဖန်းက လျန်ကန်းရဲ့ညွှန်ကြားရေးမှူးဆိုတာကိုလဲ သူပဲ ပြောပြခဲ့တယ်၊ နောက်တော့ ဝမ်ဖန်းက ဒါကို သိသွားပြီး ငါ့ကို ဖယ်ရှားဖို့ ကြိုးစားခဲ့တယ်။ ငါ သူတို့နဲ့ တိုက်ပွဲများစွာ ဖြစ်ခဲ့ပြီး ငါ့ကို ကာကွယ်ဖို့ သိုင်းဆရာကြီးအဆင့်နှစ်ယောက်ကိုတောင် ခဏတစ်ဖြုတ် ငှားဖို့ စဉ်းစားခဲ့တယ်။ သူတို့က သူတို့ရဲ့အထောက်အထား ပေါက်ကြားတာကို သူတို့ရဲ့အထက်ခေါင်းဆောင်တွေကိုရော၊ အခြားသူတွေကိုရော မသိစေရဲဘူး။ ဒါကြောင့် သူတို့က သူတို့ရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးဖို့၊ ငါ့ကို သတ်ဖို့ နောက်ထပ်လူမလွှတ်တော့ဘူးဆိုပြီး ငါနဲ့ ညှိနှိုင်းခဲ့တယ်”
“ဒီလောက်နဲ့ မပြီးသေးဘူးမလား”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် မေးလိုက်သည်။
ပြင်းထန်သောသတ်ဖြတ်လိုစိတ်က ချန်ကျီကျုံး၏မျက်လုံးများထဲ၌ စီးဆင်းသွားသည်။ “ဒါပေမယ့် ဒီခွေးနှစ်ကောင်က သူတို့ရဲ့ကတိကို မတည်ခဲ့ဘူး၊ သူတို့က ငါ့ကို သတ်ဖို့ လူတွေ လွှတ်ခဲ့သေးတယ်၊ ငါ့ဇနီးက သူတို့ရဲ့လုပ်ကြံသတ်ဖြတ်မှုအတွင်း သေသွားခဲ့တယ်”
“ပြီးတော့ မင်းက သူတို့ကို အဆက်မပြတ်စုံစမ်းနေခဲ့တာပေါ့”ထန်ရှုက မေးလိုက်သည်။
“ဟုတ်ပါတယ်”ချန်ကျီကျုံးက ခေါင်းညိတ်လိုက်၏။
ထန်ရှုက ဆေးလိပ်သောက်ရင်း နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် မေး၏ “ငါက မင်းကို အားကောင်းတဲ့ကျွမ်းကျင်သူတစ်ဖွဲ့လွှဲပေးရင် မင်း သူတို့ရဲ့ကွန်မန်ဒါ ဖြစ်နိုင်လား။ ရွှေကမ်းခြေကလပ်ထဲမှာ စုဝေးနေတဲ့ အမှောင်လေအဖွဲ့ဝင်တွေအားလုံးကို သတ်ဖို့ မင်းမှာ ယုံကြည်ချက်ရှိလား”
“သိပ်သေချာတာပေါ့။ လုံးဝပဲ”မျက်လုံးတို့လင်းလက်လျက် ချန်ကျီကျုံးက ဖြေလိုက်သည်။
ထန်ရှုက ခေါင်းညိတ်ကာ ဖုန်းနံပါတ်တစ်ခု ခေါ်လိုက်သည်။ ထို့နောက် သူက ပြော၏ “စီနီယာသွမ်မုလင်၊ တရုတ်မှာရှိနေတဲ့ကင်ဆာဆဲလ်အချို့ကို ခင်ဗျား ဆွဲနုတ်ချင်လား”
“ဟမ်။ မင်းဘာဆိုလိုတာလဲ”သွမ်မုလင်က ခေါင်းရှုပ်သောအသံနှင့် ပြန်ဖြေလာ၏။
“အမှောင်လေ”ထန်ရှုက နက်ရှိုင်းသောအသံနှင့် ဆက်ပြော၏။
“သူတို့က အရမ်းကောက်ကျစ်ပြီး အချိန်တိုင်း ပုန်းကွယ်နေခဲ့တာ”စက္ကန့်အနည်းငယ် နှုတ်ဆိတ်သွားပြီးနောက် သွမ်မုလင်က ဖြည်းဖြည်းချင်း ပြော၏ “တိုင်ပြည်ရဲ့သတင်းစုံစမ်းရေးတွေက ထောက်လှမ်းခဲ့ပေမယ့် သူတို့ရဲ့အထောက်အထားတွေနဲ့ ပတ်သက်ပြီး သေချာမရခဲ့ဘူး။ ဒါကြောင့်သာ ငါတို့က မြက်ကို ရိုက်ပြီး မြွေကို မမောင်းထုတ်ခဲ့တာ”
“ဒါဆို ဒီကင်ဆာကို တိုင်းပြည်ကနေ ဖယ်ရှားဖို့ အခွင့်အရေးတစ်ခုရှိမယ်ဆိုရင် ခင်ဗျား သူတို့အားလုံးကို အမြစ်ကနေ ဆွဲနှုတ်ချင်သလားဆိုတာ ကျုပ် သိချင်တယ်”ထန်ရှုက မေးလိုက်သည်။
“မင်း သေချာလား”သွမ်မုလင်က အလျင်စလို မေး၏ “တရုတ်က အမှောင်လေအဖွဲ့ဝင်တွေအားလုံးကို မင်း တကယ်ပဲ တူးထုတ်နိုင်တာလား”
“ငါးအနည်းငယ်တော့ ပိုက်ကွန်က လွှတ်သွားနိုင်ပေမယ့် တရုတ်က အမှောင်လေသတင်းအချက်အလက်ကွန်ရက်တစ်ခုလုံးနဲ့ ယှဉ်ရင်၊ သူတို့ရဲ့ထောက်လှမ်းရေးထောင်သောင်းချီနဲ့ ယှဉ်ရင် ဒါ အဆင်ပြေမယ်လို့ ကျုပ် ထင်တယ်”ထန်ရှုက ပြောလိုက်သည်။
“ဒါ လုံလောက်ပါပြီ”သွမ်မုလင်က လျင်မြန်စွာ မေးလိုက်သည် “မင်း အခု ဘယ်မှာလဲ၊ ထန်ရှု”
“လျန်ကန်း”ထန်ရှုက ပြန်ဖြေ၏။
“ငါးနာရီအတွင်း ငါ အဲကို အရောက်လာမယ်”သွမ်မုလင်က နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “လျန်ကန်းမြို့ရဲ့လိပ်စာအတိအကျကို ငါ့ကို ပို့ပေး၊ ငါ မကြာခင် မင်းဆီ အရောက်လာမယ်”
“ခင်ဗျား လာတဲ့အခါကျရင် ဂရုစိုက်ပါ၊ စီနီယာသွမ်မု”ထန်ရှုက ရယ်ကာ ပြော၏ “လျန်ကန်းက လက်ရှိမှာ တရုတ်က အမှောင်လေအဖွဲ့ရဲ့အဆင့်မြင့်အလုပ်အမှုဆောင်တွေအားလုံးစုဝေးနေတဲ့နေရာပဲ။ ဒီနေရာမှာ အမှောင်လေရဲ့ထောက်လှမ်းရေးအရေအတွက်က ရေတွက်ဖို့တောင် များလွန်းတယ်။ ဒီအချိန်မှာ ဒီမြို့က သူတို့ရဲ့သားရဲတွင်း ဖြစ်လာနေပြီ”
“မစိုးရိမ်ပါနဲ့”သွမ်မုလင်က ယုံကြည်ချက်အပြည့်အသံနှင့် ပြောလိုက်၏။
ထန်ရှုက ဖုန်းချကာ ချန်ကျီကျုံးအား ပြုံးပြလိုက်သည် “မင်းက အထူးစွမ်းရည်ဗျူရိုရဲ့ကျွမ်းကျင်သူတွေကို ဉီးဆောင်ရမယ်။ ဒါပေမယ့် အရမ်းကြီး လုပ်ပြစရာမလိုဘူး”
***