← Chapters

ချိတ်ပိတ်စည်းတစ်ခု

Vol. 80 Ch. 1112

ချိတ်ပိတ်စည်းတစ်ခု

Vol. 80 Ch. 1112

လွန်ခဲ့သောနှစ်နှစ်က ချန်ကျီကျုံးကာ သာမန်သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်သည်။ သူ့အား ဒုတိယတန်းစားကျွမ်းကျင်သူတစ်ယောက်ဟုပင် မသတ်မှတ်နိုင်ပေ၊ သူက လမ်းဘေးကြွက်အချို့လောက်ကိုသာ အနိုင်ကျင့်နိုင်၏။ သို့သော် နှစ်နှစ်ကြာကျင့်ကြံပြီးနောက် သူ၏ကျင့်ကြံခြင်းအဆင့်က တိုးတက်လာပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ရှိသည်။ သိုင်းဆရာကြီးအဆင့်ကျွမ်းကျင်သူများအား သတ်ဖြတ်ခြင်းက သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်သတ်ရသလို လွယ်ကူသောအလုပ်တစ်ခုဖြစ်၏။

“ဆရာ…”

သူက ပြောချင်သော်လည်း တုံ့ဆိုင်းနေခဲ့၏။

ထန်ရှုက သူ့စိတ်အား ဖြတ်မြင်နိုင်ပုံရ၏။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “မင်းကိုယ်မင်း ယုံကြည်ချက်မရှိတာလား။ သူတို့က တိုင်းပြည်ရဲ့အထူးစွမ်းရည်ဗျူရိုမှကျွမ်းကျင်သူတွေဖြစ်တာကြောင့် မင်းက သူတို့ကို မတွေ့ဆုံရဲတာလား”

“ငါ အဲလိုနည်းနည်းခံစားမိပါတယ်”ချန်ကျီကျုံးက အားတင်းကာ ပြုံးလိုက်သည် “တကယ်တော့ အရင်က ငါက စီးပွားရေးသမားတစ်ယောက်လေ၊ သူတို့က တိုင်းပြည်ရဲ့စစ်တပ်ပဲ။ သေရေးရှင်ရေးအချိန်ကျရင် သူတို့က ငါ့အမိန့်ကို နာခံချင်မှာနာခံမှာ၊ အဲဒါဆိုရင် အကျိုးဆက်က မတွေးရဲစရာဖြစ်လာပေလိမ့်မယ်”

“မင်းက စီးပွားရေးသမားဖြစ်ခဲ့တယ်လို့ မင်းလဲ ပြောခဲ့တယ်နော်။ ဒါပေမယ့် လက်ရှိမင်းရဲ့အထောက်အထားက မတူတော့ဘူး။ အခု မင်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိတဲ့ကျင့်ကြံသူတစ်ယောက်ပဲ။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်က ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူးလို့ ပြောလို့ရပေမယ့် အခြားသူတွေရဲ့မျက်လုံးထဲမှာတော့ မင်းက နတ်ဘုရားလိုစွမ်းရည်ရှိတဲ့စွမ်းအားရှင်တစ်ယောက်ပဲ။ အခု ငါ မင်းကို တစ်ခုခုပြောမယ်။ အထူးစွမ်းရည်ဗျူရိုတစ်ခုလုံးမှာ မင်းကို အနိုင်ယူနိုင်တဲ့သူတွေက လက်ငါးချောင်းထက်မပိုဘူးဆိုတာပဲ”

ချန်ကျီကျုံး၏မျက်လုံးများက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတို့ လင်းလက်သွားသည်။ သူက ထန်ရှု၏လေးနက်သောအမူအရာအား ကြည့်ကာ အံကြိတ်လျက် ပြောလိုက်သည် “ငါ မင်းကို သိက္ခာမကျစေရပါဘူး၊ ဆရာ”

“ကျီကျုံး၊ မင်းက အတိတ်ကနဲ့ မတူတော့ဘူးဆိုတာ အမြဲတမ်းမှတ်ထားရမယ်”ထန်ရှုက ပြုံးကော ပြောလိုက်သည် “လက်ရှိမင်းကို စီးပွားရေးလောကရောတိုင်းပြည်ကရော မကန့်ထားတော့ဘူး။ မင်းက အခုငါ့တပည့်ပဲ၊ ဒါကြောင့် မင်းရဲ့အမြင်ကို ဒီကမ္ဘာမြေပေါ်မှာပဲ မကန့်သတ်ထားနဲ့။ စကြာဝဠာက ကျယ်ပြောပြီး မရေမတွက်နိုင်တဲ့မျိုးနွယ်စုတွေ တည်ရှိတယ်။ ငါတို့ရဲ့အထက်မှာ ပိုအဆင့်မြင့်တဲ့ကမ္ဘာတစ်ခုရှိတယ်၊ အဲနေရာမှာ လက်တစ်ချောင်းလှုပ်လိုက်ရုံနဲ့ ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ကျွမ်းကျင်သူတွေရှိတယ်။ အနာဂတ်ကျရင် မင်းက အဲဒီလိုကောင်းကင်ဘုံအင်မော်တယ်စွမ်းအားရှင်တွေနဲ့ ရင်ဆိုင်ရမှာ”

“ဟူး…”

ချန်ကျီကျုံးက ပင့်သက်ရှိုက်ဘဲ မနေနိုင်ပေ။ ထန်ရှုထံမှ ဒီလိုထိတ်လန့်တုန်လှုပ်စရာစကားတစ်ခွန်းအား ကြားရသည်မှာ သူ၏ပထမဆုံးအကြိမ်ပင်။

“ဆရာ၊ ဆရာပြောတာတွေအားလုံးက အမှန်ပဲလား။ စကြာဝဠာမှာ မရေမတွက်နိုင်တဲ့ဂြိုလ်တွေရှိပြီး ပိုအဆင့်မြင်မားတဲ့ကမ္ဘာတစ်ခုလဲ ရှိတာလား။ လက်တစ်ချောင်းလှုပ်လိုက်ရုံနဲ့ ကမ္ဘာမြေကို ဖျက်ဆီးနိုင်တဲ့တည်ရှိမှုတွေ တကယ်ပဲ ရှိတာလား”ချန်ကျီကျုံး၏အသံက တုန်ယင်နေလေသည်။

ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ချန်ကျီကျုံးက သူ့တပည့်ဖြစ်ပြီးကတည်းက သူ့ထံမှ လမ်းညွှန်မှုအများကြီးမရသည်ကို သူ သဘောပေါက်သည်။ သူက စီးကရက်မီးပြန်ညှိပြီးနောက် ထန်ရှုက ပြောလိုက်၏ “ကျီကျုံး၊ အခုက မင်းရဲ့ကုမ္ပဏီကို မင်းရဲ့သားဆီ လက်လွှဲပေးဖို့ အချိန်လို့ငါထင်တယ်။ မင်း…မင်း တစ်ခုခု မှားယွင်းနေတာပဲ…”

သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများထဲ၌ စီးဆင်းလာသည်။ သူက ချန်ကျီကျုံး၏လည်ပင်းအား ချက်ချင်းဆုပ်ကိုင်ကာ ဓားမြှောင်တစ်လက်က သူ့လည်ပင်းအား ဆုပ်ကိုင်ရန် အသင့်ပြင်ထားသည်။

“ဆ…ဆရာ…”

မျက်နှာပေါ်တွင် မယုံကြည်နိုင်မှု ဖုံးလွှမ်းသွားလျက် ထန်ရှုက သူ့အား ရုတ်တရက်

“ဟမ့်…မင်းရဲ့လက်ကောက်ဝတ်ကို ဆန့်လိုက်စမ်း”ထန်ရှုက အေးစက်စွာ နှာခေါင်းရှုံ့ကာ အမိန့်ပေးလိုက်သည်။

ဤသည်ကို ကြားပြီး ချန်ကျီကျုံးက သူ့ဘယ်လက်ကောက်ဝတ်အား ချက်ချင်းဆန့်လိုက်သည်၊ ထန်ရှုက ဓားမြှောင်အား သူ့နှလုံးမှ ဖယ်ရှားလိုက်သည်ကို သူ ခံစားမိ၏။ ဤအခါတွင်မှ သူ့အမူအရာက အနည်းငယ် စိတ်သက်သာရာရသွားသည်။

ထန်ရှုက ဓားမြှောင်အား သိမ်းကာ ချန်ကျီကျုံး၏သွေးကြောအား စစ်ဆေးလိုက်သည်။ သူက စိတ်ဝိညာဉ်အာရုံအသုံးပြုကာ စစ်ဆေးလိုက်ပြီး ချန်ကျီကျုံး၏ခန္ဓာကိုယ်ပေါ်တွင် ချိတ်ပိတ်စည်းတစ်ခုရှိနေသောကြောင့် ချက်ချင်းဒေါသထွက်သွား၏။ ဤချိတ်ပိတ်စည်းက အလွန်ကန့်သတ်ထားသည်၊ ၎င်းက ချန်ကျီကျုံး၏ခွန်အားအား ကန့်သတ်ထားရုံသာမက သူ၏ထိုးထွင်းသိမြင်မှုကို သက်ရောက်သည်၊ သူ့စိတ်ဝိညာဉ်အာရုံအား စိတ်ပင်လယ်ထဲတွင် ပိတ်မိနေစေပြီး သူ့မှတ်ဉာဏ်ထဲ၌ ကြီးမားသောခြားနားချက်တစ်ခု ဖန်တီးထား၏။

‘ဆရာ…”ချန်ကျီကျုံးက သတိနှင့် အော်ပြောလိုက်သည်။

သူ့လည်ပင်းကို လွှတ်ပြီးနောက် ထန်ရှုက သတ်ဖြတ်လိုစိတ်အပြည့်မျက်လုံးများနှင့် လေးလံသောအသံဖြင့် မေးလိုက်၏ “ခွန်းလွန်တောင်ကနေ ထွက်လာပြီးနောက်ပိုင်း မင်း တစ်ယောက်ယောက်နဲ့‌ တွေ့သေးလား။ မင်းကို လာရှုပ်ခဲ့ပြီး မင်းရဲ့စိတ်ကို တစ်ခုခုလုပ်ခဲ့တဲ့တစ်ယောက်ယောက်ကို စဉ်းစားနိုင်လား”

ချန်ကျီကျုံးက စိတ်ရှုပ်ထွေးသွားလျက် ခေါင်းခါလိုက်သည် “အဲနောက်လား။ ငါ ကြယ်တာရာမြို့ကို ပြန်ရောက်လာတာနဲ့ ကုမ္ပဏီကိစ္စတွေနဲ့ ရှုပ်နေခဲ့တာပဲ၊ ကိစ္စအကြီးအသေးအားလုံးကို ငါ့သားကို လက်လွှဲဖို့ရောပဲ။ ပြီးတော့ နေ့တိုင်း…ဟမ်။ အဲနောက် ဘာတစ်ခုမှ ငါ မမှတ်မိတော့တာလဲ”

ထန်ရှုက သူ့လက်လောက်ဝတ်အား လွှတ်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ငါနဲ့လိုက်လာ”

****

လျန်ကန်းမြို့။

ပင်လယ်ပြာဟိုတယ်က မြို့၏ဖွံ့ဖြိုးရေးဇုန်အသစ်တွင် တည်ရှိ၏။ ၂၄ထပ်ဟိုတယ်အဆောက်အဉီးထဲမှ အထပ်နှစ်ဆယ်မြောက်က သမ္မတအခန်းဖြစ်ပြီး မြို့ထဲတွင် ဈေးနှုန်းအမြင့်မားဆုံးလည်း ဖြစ်၏။

သမ္မတအခန်း၂၀၄၅က မှောင်မည်းကာ အေးစက်နေသည်၊ ပြတင်းပေါက်ဖွင့်ထားသဖြင့် လေအေးများက အပြင်ဘက်မှ တိုက်ခတ်လာနေ၏။ ပုံရိပ်နှစ်ခုက လျင်မြန်စွာ ရွေ့လျားလျက် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဝင်လာသည်။ မီးခြစ်ဖြင့် စီးကရက်မီးညှိလိုက်ပြီး အလင်းက ထန်ရှု၏ချောမောခန့်ညားသောမျက်နှာအား ရောင်ပြန်ဟပ်သွားသည်။

ငါတို့ အခန်းတိုက်ရိုက်ငှားလို့ရတာပဲ၊ ဆရာ”

ထန်ရှုက ဘာကြောင့် အခန်းမငှားဘဲ သမ္မတအခန်းထဲသို့ ခိုးဝင်လာသည်ကို ချန်ကျီကျုံးက နားမလည်ပေ။ သူက သူနှင့်အတူ လူတစ်စုခေါ်လာခဲ့ပြီး လက်ရှိတွင် သူတို့က ဤဟိုတယ်၏၁၉ထပ်တွင် ရှိနေကြသည်။

“အဲလိုလုပ်လို့မရဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “လက်ရှိမှာ လျန်ကန်းမြို့တစ်ခုလုံးက အမှောင်လေထောက်လှမ်းရေးတွေရဲ့စောင့်ကြည့်မှုအောက်မှာ ရှိတယ်။ ငါ ထင်တာ မှန်ရင် မင်း လျန်ကန်းမြို့ဆီ လာတဲ့သတင်းတွေကို ဝမ်ဖန်း ရထားပြီဖြစ်ရမယ်။ ဒီနေရာရဲ့အမှောင်ထဲမှာ အမှောင်လေထောက်လှမ်းရေးတွေ ပုန်းလျှိုးနေဖို့ များတယ်။ ငါ ဒီနေရာရှိတယ်ဆိုတဲ့သတင်း ပေါ်သွားတာနဲ့ သူတို့က ငါ့ရဲ့တည်နေရာကို စုံစမ်းမှာ သေချာတယ်”

ရှင်းပြချက်က ချန်ကျီကျုံးအား လျင်မြန်စွာ နားလည်သွားစေသည်။ ထို့နောက် သူက မေးလိုက်၏ “ငါ ဘာဖြစ်တာလဲ၊ ဆရာ။ ဒီကိုလာတဲ့လမ်းမှာ ငါ နေ့တိုင်း လုပ်နေခဲ့တာတွေကို ပြန်စဉ်းစားကြည့်တော့ ဘာတစ်ခုမှ သတိမရတော့ဘူး”

“တစ်ယောက်ယောက်က မင်းရဲ့မှတ်ဉာဏ်တွေကို တစ်ခုခုလုပ်ခဲ့တာ”ထန်ရှုက ပေါ့ပေါ့ပါးပါးပြော၏ “ချိတ်ပိတ်စည်းက မင်းရဲ့ကျင့်ကြံခြင်းကို အပြည့်အဝမချိတ်ပိတ်ခဲ့ပေမယ့် သူတို့က အရမ်းဆန်းကြယ်တဲ့ကန့်သတ်ချိတ်ပိတ်နည်းစနစ်ကို အသုံးပြုခဲ့တယ်။ ငါသာ အဲဒါကို မရှာတွေ့ခဲ့ရင် မင်း သုံးလပဲ အသက်ရှင်နိုင်မှာ။ နောက်သုံးလကျရင် မင်းရဲ့အတွင်းအင်္ဂါတွေက ပြည်တည်ပြီး မင်းရဲ့မရီးဒျာန်တွေက ပြတ်တောက်သွားလိမ့်မယ်။ အဲအချိန်ကျရင် ပြီးပြည်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က ကမ္ဘာမြေပေါ်ကို ဆင်းလာရင်တောင် မင်းကို ကယ်နိုင်မှာမဟုတ်တော့ဘူး။ ပြီးတော့ မင်းရဲ့မှတ်ဉာဏ်ကိုလဲ အဲဒီအကန့်အသတ်က သက်ရောက်ခဲ့ပြီး မင်းကို အရေးကြီးတဲ့အရာတော်တော်များများ မေ့သွားစေတယ်”

ချန်ကျီကျုံး၏အမူအရာက ဖြူရော်သွားပြီး ကြောက်ရွံ့မှုက သူ့မျက်နှာပေါ်တွင် အထင်သားပေါ်လာလေသည်။ ထန်ရှုက ရှင်းပြပြီးနောက် သူက ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည် “ဆ…ဆရာပြောတာ မှန်တယ်။ ငါ…ငါ့ရဲ့မှတ်ဉာဏ်က လျော့ကျနေတယ်လို့ ငါ အမြဲတမ်းခံစားနေရတယ်”

ထန်ရှုက သူ့ရှေ့ရှိ ကြမ်းပြင်အား လက်ညှိုးထိုးကာ ပြောလိုက်၏ “ထိုင်လိုက်။ ငါ မင်းခန္ဓာကိုယ်ပေါ်ကအကန့်အသတ်ကို ဖယ်ရှားပေးမယ်။ ဒါ့အပြင် မင်းရဲ့ချိတ်ပိတ်ထားတဲ့မှတ်ဉာဏ်တွေကို နိုးထလာစေဖို့ စိတ်ငြိမ်းအေးမြက်တစ်ပင်ကို ငါ လိုအပ်တယ်”

ချန်ကျီကျုံးက ထန်ရှုအရှေ့၌ ကမန်းကတန်း တင်ပျဉ်ခွေထိုင်ရင်း မေးလိုက်သည် “ဒီစိတ်ငြိမ်းအေးမြက်က ဘယ်လိုဆေးပင်မျိုးလဲ၊ ဆရာသခင်။ ငါ အဲဒါကို အရင်တုန်းက တစ်ခါမှ မကြားဖူးဘူး”

“ဒီမြက်က ဆေးပင်တစ်ခုတောင် မဟုတ်ဘူး။ ၎င်းက လူသားခန္ဓာကိုယ်ကို အပြင်းအထန်ထိခိုက်စေတဲ့အပင်တစ်ခုပဲ”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့်သာ ရှင်းပြလိုက်၏ “ယေဘုယျပြောရရင် အဆိပ်ကျွမ်းကျင်သူတွေကတောင် ဒီအပင်ကို ကိုင်တွယ်တဲ့အခါ သတိထားရတယ်။ သူတို့က ၎င်းရဲ့အတွင်းအဆီအနှစ်ကို ထုတ်ယူပြီး မြွေနဂါးတစ်ကောင်နဲ့ ပေါင်းစပ်ပြီး ကြောက်စရာကောင်းတဲ့အဆိပ်တစ်မျိုးကို ဖော်စပ်ကြတယ်”

“ငါ ဒီစိတ်ငြိမ်းအေးမြက်ကို ဘယ်နေရာမှာ ရှာရမှာလဲ”ချန်ကျီကျုံးက မေးလိုက်သည်။

“ဒါနဲ့ပတ်သက်ပြီး မင်း စိုးရိမ်စရာမလိုဘူး။ မတော်တဆတစ်ခုမဖြစ်ရင် တစ်ယောက်ယောက်က မနက်ဖြန်ညနေနောက်ဆုံး ဒါကို လာပို့ပေးလိမ့်မယ်”ထန်ရှုက ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက ချန်ကျီကျုံး၏ခေါင်းအား ကိုင်ကာ လျှို့ဝှက်ပညာရပ်တစ်ခု ထုတ်ဖော်လိုက်သည်။ အကန့်အသတ်ချိတ်ပိတ်စည်းအား ဖယ်ရှားရန် သူ့အတွက် မိနစ်အနည်းငယ်သာ ကြာ၏။

****

လျန်ကန်းမြို့၊ ရွှေကမ်းခြေကလပ်။

စပယ်ပန်းရနံတို့ပြည့်နေသောဉယျာဉ်ပုံစံဉရောပစံအိမ်ထဲတွင် ပိန်ပိန်ပါးပါးဆံဖြူလူအိုကြီးတစ်ယောက်က မွေ့ရာပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး သွေးတစ်ပွက်အန်လိုက်၏။ သူ့မျက်လုံးများက ရုတ်တရက် ပွင့်သွားကာ ပြင်းထန်သောသတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများထဲမှ စီးဆင်းလာသည်။

‘ချိုးဖြတ်သွာားတာလား”

ပိန်ပါးသောလူအိုကြီးက ပြတင်းပေါက်နား၌ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက အမှောင်ညအောက်တွင် လှုပ်ယမ်းနေသောသစ်ပင်အရိပ်များအား ကြည့်ရင်း လက်သီးအနည်းငယ် ဆုတ်လိုက်၏။

ဘန်း…

လက်သီးတစ်ချက်နှင့် ပြတင်းပေါက်တစ်ခုလုံး ပေါက်ကွဲထွက်သွားသည်။

ဝှစ်…ဝှစ်…ဝှစ်…

ပုံရိပ်များက ရွေ့လျားလာပြီး ပတ်ဝန်းကျင်မှ လျင်မြန်စွာ ဉီးတည်လာသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း အနက်ရောင်ဝတ်စုံ၊ အမည်းရောင်မျက်နှာဖုံးများနှင့် လူဆယ်ယောက်ကျော်က ပြတင်းပေါက်အပြင်ဘက်၌ ထွက်ပေါ်လာ၏။

“ဘာဖြစ်လို့လဲ၊ အကြီးအကဲဝေ့”

ညဝတ်အင်္ကျီ၊ ကွင်းထိုးဖိနပ်နှင့် ဝမ်ဖန်းက အဝေးမှ လျင်မြန်စွာ ရွေ့လျားလာသည်။ ဒေါသထွက်လျက် ပြတင်းပေါက်နားတွင် ရပ်နေသောလူအိုကြီးအား သူက ကြည့်လိုက်၏။ ဤကား သူ့အား မွန်းကျပ်စေပြီး စိတ်ထဲ၌ တုန်လှုပ်သွားလျက် ရှေ့တိုးကာ မေးလိုက်သည်။

“ချန်ကျီကျုံးရဲ့ခန္ဓာကိုယ်ပေါ်မှာ ငါ ဖော်ထုတ်ထားတဲ့ ချိတ်ပိတ်စည်းကို ချိုးဖြတ်သွားပြီ”အကြီးအကဲဝေ့က ပြော၏။

ထိုစကားက ဝမ်ဖန်းအား အံ့အားသင့်သွားစေပြီး သူက ပြောလိုက်သည် “အကြီးအကဲဝေ့၊ ဒီကမ္ဘာမှာ မင်းကလွဲပြီး တစ်ယောက်မှ အဲဒီချိတ်ပိတ်စည်းကို မချိုးဖြတ်နိုင်ဘူးလို့ ပြောခဲ့တယ်မလား။ အခုက အချိန်ဘယ်လောက်မှ မကြာသေးတာ၊ ဒါပေမယ့် ဘယ်လိုလုပ်ပြီး…”

“ပါးစပ်ပိတ်စမ်း”

မျက်လုံးက သတ်ဖြတ်လိုစိတ်တို့ ပြည့်လျက် အကြီးအကဲဝေ့က ဝမ်ဖန်းအား စိုက်ကြည့်လိုက်သည်။ သူက နောက်ထပ်ဘာမှမပြောရဲတော့ပေ။

ဝမ်ဖန်းက သူ့အသက်ရှုသံအား ထိန်းလိုက်သည်။ စိတ်ထဲ၌ ဒေါသထွက်သော်လည်း သူ့မျက်နှာပေါ်တွင် ရိုသေလေးစားသောအသွင်ကို မပျက်စေပေ။ ဤအကြီးအကဲဝေ့က ဘယ်လောက်ရက်စက်ကြမ်းကြုတ်သလဲဆိုသည်ကို အခြားသူများက မသိနိုင်သော်လည်း သူက ရှင်းရှင်းလင်းလင်းသိ၏၊ အနည်းဆုံး အတိတ်တွင် လေ့ကျင့်ရေးစခန်းမှ သူနှင့်အတူ ထွက်လာသော ညီအကိုအနည်းငယ်က ဤသက်ကြားအိုကြီး၏လက်ထဲ၌ သေသွားခဲ့ကြရသည်။

အကြီးအကဲဝေ့က အကြိမ်အနည်းငယ် ပင့်သက်ရှိုက်လိုက်သည်။ သူ၏သတ်ဖြတ်လိုစိတ်မျက်လုံးများက ဝမ်ဖန်းထံမှ ထွက်ခွာလာပြီး မြို့၏ဉီးတည်ဘက်ဆီသို့ ပြောင်းရွှေ့သွား၏။ ထို့နောက် သူက အေးစက်စက်နှင့် ပြောလိုက်သည် “အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကတောင် ချန်ကျီကျုံးရဲ့ခန္ဓာကိုယ်ပေါ်ကငါဖော်ထုတ်ထားတဲ့ချိတ်ပိတ်စည်းကို မဖယ်ရှားနိုင်ဘူး။ ငါ အခု မင်းကို မေးမယ်၊ ချန်ကျီကျုံးအနားမှာ အခြားကျွမ်းကျင်သူတစ်ယောက်ယောက်ရှိသလား”

ဝမ်ဖန်းက ခဏတုံ့ဆိုင်းသွားခဲ့ပြီးနောက် ပြောလိုက်၏ “လွန်ခဲ့တဲ့အချိန်အချို့က ချန်ကျီကျုံးအကြောင်း ငါ လူလွှတ်စုံစမ်းခဲ့တယ်။ သူ့နားမှာ အလွန်အားကောင်းတဲ့ကျွမ်းကျင်သူတစ်ယောက်ရှိတယ်ဆိုတာ သူတို့က ရှာတွေ့ခဲ့တယ်၊ မေးခွန်းထုတ်စရာတစ်ခုကတော့ အဲဒီလူက အသက်နှစ်ဆယ်ပတ်လည်လောက်ပဲရှိတဲ့လူငယ်တစ်ယောက်ဖြစ်နေတာပဲ။ ဒါပေမယ့် ဒီလူက အရမ်းအားကောင်းရင်တောင် ဒီအတိုင်းအတာထိတော့ အားမကောင်းလောက်ဘူးမလား”

***

All Chapters