← Chapters

ဖမ်းဆီးခြင်း

Vol. 80 Ch. 1113

ဖမ်းဆီးခြင်း

Vol. 80 Ch. 1113

အေးစက်စက်အလင်းတစ်ခုက အကြီးအကဲဝေ့၏မျက်လုံးများထဲ၌ လက်သွားပြီး သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ကျင့်ကြံသူတွေက တရုတ်မှာ တည်ရှိတယ်၊ အရေအတွက်က လက်တစ်ဆုပ်စာထက် ပိုတယ်။ သူတို့က ပိုအားကောင်းလေ၊ သူတို့ရဲ့အသွင်အပြင်ကို ပြောင်းနိုင်လေပဲ။ ဒီလူရဲ့ကျင့်ကြံခြင်းအဆင့်က အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိထားရင် သူက သူ့ရဲ့အသွေးအသားကို ပြောင်းလဲပြီး သူ ငယ်ငယ်တုန်းကလို ဖြစ်အောင် လုပ်လို့ရတယ်။ ဒီကောင်က အတိအကျ ဘယ်သူများလဲ”

“အရင်စုံစမ်းမှုတွေအရဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်ခန့်လောက်က ချန်ကျီကျုံးက ဆရာတစ်ယောက်ရခဲ့တယ်။ ဒါပေမယ့် သူ့ကို အထူးသင်ကြားပေးခဲ့သလားဆိုတော့ ငါ မသိဘူး”ဝမ်ဖန်က ပြော၏ “ဒါပေမယ့် ဒီနှစ်နှစ်အတွင်း ချန်ကျီကျုံးရဲ့ခွန်အားတိုးတက်လာမှုအရတော့ သူ့ကို သိုင်းပညာဒါမှမဟုတ်ကျင့်ကြံခြင်းသင်ကြားပေးခဲ့တာပဲ ဖြစ်ရမယ်။ သူ့ဆရာက ထန်ရှု၊ တရုတ်ရဲ့လူငယ်နတ်ဆေးဆရာလို့ နာမည်ကျော်တယ်၊ သူက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်လဲ ဖြစ်တယ်”

ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုလား။

အကြီးအကဲဝေ့၏မျက်လုံးများက လင်းလက်သွားသည်။ ဤကုမ္ပဏီအကြောင်း သူ တစ်ခါ ကြားဖူးသည်။ တစ်ခါက အမှောင်လေ၏ထိပ်တန်းတည်ရှိမှုအချို့က ဤကုမ္ပဏီ၏ခေတ်မီဆန်းပြားသောနည်းပညာထုတ်ကုန်အား ရရှိရန် ကြံစည်ခဲ့၏။ သို့သော် ကံမကောင်းစွာနှင့် တရုတ်အာဏာပိုင်က ဤကုမ္ပဏီအား ထောက်ပံ့ပေးရန် ရွေးချယ်ထားသဖြင့် သူတို့က အစီအစဉ်အား ဖျက်သိမ်းခဲ့ရ၏။

“မင်းရဲ့စရိုက်လက္ခဏာအရ ဒီထန်ရှုကို စုံစမ်းစစ်ဆေးပြီဖြစ်ရမယ်၊ ဟုတ်တယ်မလား”အကြီးအကဲဝေ့က နက်ရှိုင်းသောအသံနှင့် မေးလိုက်၏။

ခါးသီးသောအပြုံးတစ်ခုကတ ဝမ်ဖန်း၏လေးထောင်မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူက သူ့လက်အိတ်ထဲတွင် သိမ်းထားသော သစ်သားသေတ္တာတစ်ခု ယူထုတ်ကာ အတွင်းမှ စီးကရက်တစ်လိပ်ထုတ်ပြီး လူအိုကြီးထံ ပေးလိုက်၏။ ထို့နောက် သူက လူအိုကြီးအတွက် မီးညှိပေးလိုက်ကာ ခါးသီးစွာနှင့် ပြောလိုက်သည် “ဟုတ်ပါတယ်၊ ဒီထန်ရှုကို စုံစမ်းဖို့ ထောက်လှမ်းရေးများစွာ လွှတ်ခဲ့တယ်။ ဒါပေမယ့် မမြင်နိုင်တဲ့အားတစ်ခုက ငါတို့ကို နှောင့်ယှက်နေခဲ့တယ်။ ဒါကြောင့် သူနဲ့ပတ်သက်ပြီးသတင်းအချက်အလက်က အလွန်သနားစရာကောင်းတယ်။ ဟုတ်ပြီလေ၊ တစ်ယောက်ယောက်ကို လွှတ်ပြီး သူ့ရဲ့သတင်းအချက်အလက်ကို ပို့လိုက်ပါ့မယ်”

အကြီးအကဲဝေ့က သူ့အား မိုက်ကြည့်ကြည့်ကာ စိတ်မရှည်စွာနှင့် လက်ဝှေ့ယမ်းပြလိုက်သည် “မြန်မြန်လုပ်…ချန်ကျီကျုံးနောက်မှာ ဘယ်သူရှိနေသလဲဆိုတာ ငါ ဖော်ထုတ်ရမယ်။ ဘယ်သူကများ ငါ့ရဲ့ချိတ်ပိတ်စည်းကို ဖျက်ဆီးနိုင်သလဲဆိုတာ ငါ သိချင်တယ်”

“ကောင်းပါပြီ…”

ရိုသေလေးစားစွာ ခေါင်းညိတ်ပြလျက် ဝမ်ဖန်းက ချက်ချင်း ပြေးထွက်သွား၏။ သို့သော် မိနစ်အနည်းငယ်ကြာပြီးနောက် သူက တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြန်ရောက်လာပြီး ခါးသီးသောအပြုံးနှင့် အားတင်းပြောလိုက်သည် “အာ၊ အကြီးအကဲဝေ့၊ လျန်ကန်းက ဂိုဏ်းခွဲက အခုပဲ စာပို့ခဲ့တယ်။ ထိန်းသိမ်းသူက ဒေတာဘဏ်တံခါးကတ်ကို ပျောက်သွားတယ်၊ ဒါကြောင့် သတင်းအချက်အလက်ကို ချက်ချင်းပို့ဖို့ နည်းလမ်းမရှိဘူး။ ငါ့မှာ ကတ်ရဲ့ကော်ပီရှိပေမယ့် ထိုနေရာကို ငါကိုယ်တိုင် ပြန်သွားရမယ်”

“အဲဒီထိန်းသိမ်းတဲ့အကောင်ကို ငါ့ဆီ ဆွဲခေါ်လာခဲ့စမ်း”အကြီးအကဲဝေ့က အော်ပြောလိုက်သည် “ဘယ်လိုလုပ်ပြီး သူက ဒီလိုအရေးကြီးတဲ့အရာတစ်ခုကို ပျောက်ဆုံးစေရတာလြ။ ဒီလိုတာဝန်ပျက်ကွဲမှုမျိုးက အဖွဲ့အစည်းကို အန္တရာယ်တွေ သယ်လာလိမ့်မယ်။ ဘယ်လိုတောင် မိုက်မဲတာပါလိမ့်။ ငါ သူ့ကို မသေမရှင်ဖြစ်အောင် လုပ်ပြအုံးမယ်”

အေးစက်မှုတစ်ခုက ဝမ်ဖန်း၏နောက်ကျောနှင့်နှလုံးသားထဲ၌ ထွက်ပေါ်လာသည်။ သူပြောခဲ့သည်အားလုံးက အကြီးအကဲဝေ့အား လှည့်စားရန်အတွက်သာ၊ သူက ကျားသားရဲတွင်း၌ ထပ်မနေချင်သောကြောင့်ပင်။ ဤအကြီးဝေ့က ဒေါသထွက်နေချိန်တွင် ဘယ်သူ့ကိုမဆို အလွယ်တကူ သတ်ပစ်လေ့ရှိသောကြောင့်ဖြစ်၏။

“တည်နေရာရွှေ့ပြောင်းခြင်း”ပြီးသွားလျှင် ဤအဖိုးကြီးက တရုတ်က ထွက်သွားလိမ့်မည်၊ ထိုအချိန်ကျလျင် သူ့အနေနှင့် စိုးရိမ်စရာမရှိတော့ပေ။

များမကြာမီ ဝမ်ဖန်းက သူ့နောက်လိုက်လေးယောက်ကို ခေါ်ကာ ကားပေါ်တက်လျက် ရွှေကမ်းခြေမှ လျင်မြန်စွာ ထွက်လာသည်။ သို့သော် သူတို့ ထွက်ခွာလာသည်နှင့် ရွှေကမ်းခြေအား မျက်ခြေမပြတ်စောင့်ကြည့်နေသူများက သတင်းပို့လိုက်လေ၏။

****

ပင်လယ်ပြာဟိုတယ်။

ထန်ရှုနှင့်ချန်ကျီကျုံးတို့က သမ္မတအခန်း၌ ပုန်းနေ၏။ ရုတ်တရက် ထန်ရှုဖုန်းက မြည်လာပြီး ဖုန်းကိုင်ပြီးနောက် သတင်းပို့ချက်ရလာသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြော၏ “ငါ သိပြီ။ သူ့ကို ဖမ်းပြီး ကျန်တဲ့လူတွေကို သတ်ပစ်…”

ဖုန်းချပြီးနောက် သူက ချန်ကျီကျုံးအား ကြည့်ကာ နှာခေါင်းရှုံ့လျက် ပြုံးလိုက်သည် “ကောင်းပြီ၊ ဝမ်ဖန်းက ရွှေကမ်းခြေကနေ တကယ် ထွက်လာတာပဲ။ မင်းက သူနဲ့ ရန်ကြွေးတစ်ခုရှိတယ်၊ မင်းရဲ့ခန္ဓာကိုယ်က ချိတ်ပိတ်စည်း ပျက်ဆီးသွားတာနဲ့ သူက အလျင်စလိုထွက်လာတယ်။ ဒီနှစ်ခုကြားမှာ သေချာပေါက် တစ်ခုခုရှိရမယ်။ မင်းကို ဒီလိုလုပ်ထားတဲ့လူက သူပဲဖြစ်ဖို့များတယ်”

‘ငါ့မှာ မေးခွန်းတစ်ခုရှိတယ်၊ ဆရာသခင်”ချန်ကျီကျုံးက ပြော၏။

“ဘာလဲ”ထန်ရှုက မေးလိုက်သည်။

“ငါ့ကို ဒီလိုလုပ်ခဲ့တဲ့သူက ဝမ်ဖန်းဒါမှမဟုတ်သူခိုင်းထားတဲ့သူဆိုရင် ဘာလို့ သူတို့က ငါ့ကို တိုက်ရိုက်မသတ်ဘဲ ငါ့အပေါ်မှာ ဒီလိုချိတ်ပိတ်စည်းတစ်ခု ဖော်ထုတ်ခဲ့ရတာလဲ။ ဒီလုပ်ကွက်တွေအားလုံးက မလိုအပ်ဘူးလို့ ဆရာထင်တယ်မလား”ချန်ကျီကျုံးက မေးလိုက်သည်။

ထန်ရှု၏အမူအရာက အနည်းငယ် ပြောင်းလဲသွား၏ “ဒါ အဓိပ္ပါယ်ရှိတယ်။ သူတို့က မင်းကို မသတ်ဘဲ မင်းပေါ်မှာ ဒီလိုကန့်သတ်စည်းတစ်ခု ထားခဲ့တယ်။ ဒါက သူတို့မှာ အကြံအစည်အချို့ ရှိတယ်လို့ ဆိုလိုတယ်။ ဒါပေမယ့် အတိအကျ သူတို့က ဘာလိုချင်တာလဲ”

“ငါ ထင်တာ ပိုက်ဆံကြောင့်ဖြစ်မယ်”ချန်ကျီကျုံးက ပြောလိုက်၏။

“ဒါ ဖြစ်နိုင်တယ်”ထန်ရှုက မျက်လုံးကျုံ့လျက် ခေါင်းညိတ်လိုက်သည် “မင်းရဲ့ကုမ္ပဏီရဲ့ဈေးကွက်တန်ဖိုးက အလွန်မြင့်တယ်၊ အခုဆိုရင် မင်းက လွန်ခဲ့တဲ့နှစ်နှစ်ကထက် နှစ်ဆပိုကြွယ်ဝလာတယ်မလား။ ဒါ့အပြင် မင်းက ဆေးပင်လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတာလေ၊ ကျင့်ကြံသူတွေက ဒီတန်ဖိုးရှိတဲ့ဆေးပင်တွေကို လိုအပ်တယ်။ ဒါကြောင့် မင်းက လူများစွာရဲ့မျက်လုံးထဲမှာ သားကောင်အလိုအလျောက် ဖြစ်လာတာပဲ။ သူတို့က မင်းအသက်ကို ထိန်းချုပ်နိုင်သရွေ့ အနာဂတ်မှာ သူတို့က ဆေးပင်နဲ့ငွေတွေအမြောက်အများ ရလာမယ်လေ”

“နောက်တစ်ခု၊ ဆရာ။ဒီချိတ်ပိတ်စည်းက သုံးလအတွင်း ငါ့ကို သေစေလိမ့်မယ်လို့ ဆရာသခင်ပဲ ပြောခဲ့တယ်မလား”ချန်ကျီကျုံးက မေးလိုက်သည် “ဒါဆို ငါ့ကို သတ်လိုက်ရင် ထိန်းချုပ်ဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဟမ့်၊ သူတို့က ဒီလိုချိတ်ပိတ်စည်းတစ်ခုကို ဖော်ထုတ်ဖို့ စွမ်းရည်ရှိတယ်။ သူတို့က အဲဒါကို ဖျက်ဆီးနိုင်တာ သဘာဝပဲ”ထန်ရှုက နှာခေါင်းရှုံ့လျက် ပြော၏ “မင်း စိုးရိမ်ရတဲ့အခြေအနေကို ရောက်လာတဲ့အခါ တစ်ဖက်လူက သူတို့က ဒါကို ဖြေရှင်းနိုင်တယ်လို့ မင်းကို ပြောရင် မင်းက သူတို့ကို တောင်းဆိုရင် သူတို့က မင်းကို အလွယ်တကူလိုက်လျောမှာလား။ ဒါမှမဟုတ် သူတို့က မင်းကို ကတိတစ်ခုပေးပြီး သူတို့အလိုကျဆောင်ရွက်ခိုင်းမှာလား”

ချန်ကျီကျုံးက ခဏနှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြော၏ “ဒါ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သေတာထက် ရှင်ရတာက ပိုကောင်းတယ်လေ”

“ဒီလူတွေရဲ့အကြံက တော်တော်ကောင်းပါတယ်၊ ဒါပေမယ့် သူတို့က ငါ့ရဲ့တည်ရှိမှုကို ထည့်မတွက်ခဲ့တာပဲ။ ပြီးတော့ ငါက ဒီချိတ်ပိတ်စည်းကို ချိုးဖျက်နိုင်မယ်လို့လဲ သူတို့ မထင်ထားဘူးလေ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ငါထင်တာ မှန်ရင် မင်းပေါ်မှာချိတ်ပိတ်စည်းဖော်ထုတ်ခဲ့တဲ့သူက တန်ပြန်သက်ရောက်မှုကို ခံသွားရပြီ။ ငါတို့ ဒါကို အတိုးအနည်းငယ်လို့ ရေတွက်လို့ရပါတယ်”

များမကြာမီ သူက ပျဲရှို့ထံ ဖုန်းခေါ်ကာ သူ့မွေးရပ်မြေချင်းဟဲသို့ သွားရန် အမိန့်ပေးခဲ့သည်။ သူ့အား စုမိသားစုရွာနောက်ရှိ တောင်ကုန်းသို့ သွားပြီး စိတ်ငြိမ်းအေးမြက်ရှာခိုင်းခဲ့သည်။ အတိတ်တွင် သူက စုမိသားစုရွာတောင်ကုန်းတွင် ရှိစဉ်တုန်းက စိတ်ငြိမ်းအေးမြက်အမြောက်အများ တွေ့ရှိခဲ့သည်၊ သို့သော် ထိုအချိန်တုန်းက ၎င်းတို့က အသုံးမဝင်လောက်ဟု တွေးခဲ့သည်၊ ယခု ၎င်းက အသုံးဝင်လာပေးသည်။

****

နံနက်နှစ်နာရီတွင်။

လမ်းမီးမှိန်မှိန်ဖျဖျလင်းနေသောလမ်းမပေါ်တွင် အက်စ်ယူဝီကားနှစ်စီးက အရှိန်တင်လျက် မောင်းလာနေ၏။ သို့သော် ထိုအချိန်တွင် အဝေးမှ အေးစက်စက်အလင်းစီးကြောင်းတစ်ခုက ရုတ်တရက် တောက်ပလာပြီး ရှေ့ကားဘီးများအား ထိမှန်သွား၏။

ဘန်း…ဖြောက်…

တာယာပေါက်ကွဲသွားပြီး တစ်ချိန်တည်း၌ ဘရိတ်မြည်သွားသည်၊ အရှေ့ရှိ အနက်ရောင်ဘာဂီက ခုနှစ်ကြိမ်လောက် လည်သွားပြီး လမ်းဘေးရှိ ဖုန်းတိုင်တစ်ခုနှင့် တိုက်မိသွား၏။ အနောက်ရှိအနက်အက်စ်ယူဝီကားက ရုတ်ချည်းရပ်သွားသည်။ အနောက်အက်စ်ယူဝီကားထဲတွင် ထိုင်နေသောဝမ်ဖန်းက တံခါးတွန်းဖွင့်ကာ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။ အရာအားလုံးတိတ်ဆိတ်နေပြီး မူမမှန်တာ ဘာတစ်ခုမှမရှိ။ ထို့နောက် သူက အော်လိုက်၏ “အရှေ့ကားထဲကလူတွေ တစ်ခုခုဖြစ်သွားသလားဆိုတာကို သွားစစ်ဆေးကြည့်”

“ငါတို့အဆင်ပြေပါတယ်၊ သူဌေး…”

သွေးစွန်းကွက်အနည်းငယ်နှင့်သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်က အရှေ့ရှိ အနက်ရောင်အက်စ်ယူဝီကားအတွင်းမှ ထွက်လာပြီး ဝမ်ဖန်းဆီသို့ လျင်မြန်စွာ လျှောက်လာ၏။

သူ့အမူအရာက ရုပ်ဆိုးသွားပြီး ဝမ်ဖန်းက‌ မေးလိုက်၏ “ဒီနေရာမှာ ဘာဖြစ်တာလဲ။ ဘယ်လိုလုပ်ပြီး ဒီလိုကားဘီးကောင်းတွေက ရုတ်တရက် ပေါက်ကွဲထွက်သွားရတာလဲ”

“ငါလဲ မသိဘူး၊ သူဌေး”သက်လတ်ပိုင်းအရွယ်ယောကျ်ားက ခေါင်းခါယမ်းလိုက်သည်။

‘ဘာလို့လဲဆိုတာ ငါ မင်းတို့ကို ရှင်းပြပေးမယ်”

ကြည်လင်သောအသံတစ်ခုက လမ်းဘေးရှိ သစ်ပင်နားမှ ထွက်လာသည်။ ကျင်းရှီနှင့်ထန်ဂိုဏ်းကျွမ်းကျင်သူလေးယောက်တို့က လူငါးယောက်အား ဝိုင်းလိုက်၏။

ဝမ်ဖန်း၏မျက်ခုံးများက ကျုံ့သွားသည်။ လွန်ခဲ့သောအချိန်ကတည်းက တစ်ခုခု မှားယွင်းနေသည်ကို သူ ပြောနိုင်သည်၊ သို့သော် လမ်းပေါ်တွင် သူ့အား ချောင်းမြောင်းတိုက်ခိုက်လိမ့်မည်ဟုတော့ မမျှော်လင့်ထားပေ။ လျန်ကန်းမြို့တစ်ခုလုံးက အမှောင်လေအဖွဲ့အစည်း၏စောင့်ကြည့်မှုအောက်တွင် တည်ရှိပြီး သံသယရှိသူများအား သူတို့က အချိန်မရွေး စစ်ဆေးနိုင်၏၊ ဤသည်ကပင် သူ့အား အံ့အားသင့်စေသည်။

ဒါပေမယ့် ဒီငါးယောက်က ဘယ်ကနေ ရောက်လာတာလဲ။

“မင်းတို့ဘယ်သူတွေလဲ”ကျင်းရှီတို့ငါးယောက်အား သတိနှင့် စိုက်ကြည့်ရင်း ဝမ်ဖန်းက လေးလံသောအသံနှင့် မေးလိုက်၏။

“မင်းတို့သိဖို့လိုမယ်လို့တော့ ငါ မထင်ဘူး”ကျင်းရှီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည် “ဒီနေ့ မင်းတို့ လွတ်မြောက်စရာအကြောင်းမရှိဘူးဆိုတာ သိဖို့ပဲ လိုတယ်”

ဝမ်ဖန်းက သူ့လက်ကောက်ဝတ်မှ ပစ်စတိုအား ချက်ချင်းယူထုတ်ကာ ကျင်းရှီအား ချိတ်လျက် ခလုတ်ဆွဲလိုက်သည်…

ဖူး…

အေးစက်စက်အလင်းတစ်ခုလက်သွားပြီး ဝမ်ဖန်း၏လက်ချောင်းများက ခလုတ်အား အဆုံးထိ မဆွဲနိုင်ခဲ့ပေ။ သူ့လက်ကောက်ဝတ်အား ဓားမြှောက်တစ်လက် ထိုးဖောက်သွားပြီး သူက မယုံကြည်နိုင်သောမျက်လုံးများနှင့်အတူ နောက်နှစ်လှမ်းဆုတ်သွား၏။ သူက သေနတ်အသုံးပြုနိုင်သော်လည်း သူ၏အသန်မာဆုံးက သိုင်းပညာပင်။

သို့သော် သူက တုံ့ပြန်ရန် နောက်နောက်ကျနေသေးပြီး သူ့လက်ကောက်ဝတ်အား ဓားမြှောင်တစ်လက် ထိုးဖောက်သွားခဲ့သည်၊ အနေအထားက သူ့နောက်ကျောအား ချမ်းစိမ့်စိမ့်ဖြစ်သွားစေ၏။

“မင်းတို့ ဘယ်သူတွေလဲ”

သူက လှည့်ပတ်ကြည့်သော်လည်း ပတ်ဝန်းကျင်တွင် အခြားပုံရိပ်တစ်ခုမှ မတွေ့ရသဖြင့် သူက မေးလိုက်သည်။

“ငါ စကားကို နှစ်ခါမပြောဘူး”ကျင်းရှီက နှာခေါင်းရှုံ့လိုက်သည် “ဒိနေ့ ငါတိုရဲ့ပစ်မှတ်က မင်းပဲ၊ ဝမ်ဖန်း၊ ဒါကြောင့် ငါတို့နဲ့ လိုက်လာခဲ့၊ ကျန်တဲ့လူတွေအတွက်က‌တော့ သူတို့အားလုံးကို သတ်လိုက်…”

ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…

ကျင်းရှီနောက်ရှိလူလေးယောက်က ဝမ်ဖန်းအနောက်သို့ ချက်ချင်းပြေးသွား၏။ သူတို့၏သတ်ဖြတ်ကွက်များက လျှပ်စီးမိုးကြိုးများနှင့် တူပြီး သူတို့က သက်လတ်ပိုင်းအရွယ်လူလေးယောက်အား တိုက်ရိုက်သတ်ဖြတ်ပစ်လိုက်၏။

ကျင်းရှီက လှည့်ပတ်ကြည့်ကာ ပြောလိုက်သည် ‘ထန်အန်း၊ မင်း သူ့ကို လာခေါ်လို့ရပြီ…”

ထန်အန်ပုံရိပ်က ကျင်းရှီမှ မီတာအနည်းငယ်အကွာရှိလေထဲမှ ထွက်ပေါ်လာသည်။ ဤအချိန်တွင် သူမက နောက်ထပ်လူတစ်ယောက်အား ခွေးလို ဆွဲလာ၏။ လီလောင်ရှန်သာ ဤနေရာတွင် ရှိမည်ဆိုလျှင် သူက ထိုလူအား သိနိုင်ပေမည်။ ဤလူက ကောထောင်ပင်။

ဘန်း…

ထန်အန်းက ကောထောင်အား မြေပြင်ပေါ် ပစ်ချကာ စိတ်မဝင်စားစွာနှင့် ပြောလိုက်သည် “ဆရာအဘိုးရှိတဲ့တည်းခိုခန်းဆီ မင်းတို့ နောက်က လိုက်လာခဲ့။ လမ်းပေါ်က အမှောင်လေထောက်လှမ်းရေးတွေကို ငါပဲ တိုက်ရိုက်ဖြေရှင်းလိုက်မယ်”

“မင်း သေချာရဲ့လား”ကျင်းရှီက မေးငေါ့လျက် မေးလိုက်သည်။

ဟမ့်။ ငါ မလုပ်နိုင်ရင် ငါ ဘယ်တော့မှ မပြောဘူး”ထန်အန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ထိုသို့ပြောပြီးနောက် သူမက ထပ်ပျောက်ကွယ်သွား၏။

***

All Chapters