← Chapters

သနားငဲ့ညှာပေးရန်အတွက် ဒူးထောက်ခြင်း

Vol. 80 Ch. 1114

သနားငဲ့ညှာပေးရန်အတွက် ဒူးထောက်ခြင်း

Vol. 80 Ch. 1114

ပင်လယ်ပြာဟိုတယ်တွင်။

သမ္မတခန်းတွင် တင်ပျဉ်ခွေထိုင်လျက် ထန်ရှု၏ဖုန်းက ထပ်မြည်လာ၏။ ဖုန်းကိုင်ပြီးနောက် ကျင်းရှီ၏အသံက ထွက်လာသည် “ဂိုဏ်းချုပ်၊ ငါတို့ ပစ်မှတ်ကို မိပြီ၊ ထန်အန်းလဲ တစ်ယောက် မိထားတယ်”

“သူတို့ကို ထန်အန်းဆီ ပေးလိုက်။ ငါတိုဘယ်မှာလာလဲဆိုတာ သူမ သိတယ်”ထန်ရှုက ပြော၏။

ခဏကြာပြီးနောက် ဝမ်ဖန်းနှင့်ကောထောင်တို့ကို ဆွဲလျက် ထန်အန်းက ထန်ရှုနှင့်ချန်ကျီကျုံးတို့အရှေ့၌ ထွက်ပေါ်လာသည်။ များမကြာမီ ကျင်းရှီက ထန်ဂိုဏ်းဝင်လေးယောက်ကို ခေါ်လျက် အခန်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာသည်။

“လိုက်ကာချပြီး မီးဖွင့်လိုက်…”ထန်ရှုက တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

ကလစ်…

သမ္မတအခန်းက မီးလင်းထိန်းသွားပြီး ထန်ရှုက ဆိုဖာပေါ်သို့ သွားကာ ထိုင်ချ၏။ သူက ဝမ်ဖန်းနှင့်ကောထောင်တို့အား ကြည့်ကာ မေးလိုက်သည် “ဘယ်တစ်ယောက်က ဝမ်ဖန်းလဲ၊ ချန်ကျီကျုံး”

“သူပဲ”ချန်ကျီကျုံးက ဝမ်ဖန်းအား လက်ညှိုးထိုးကာ ပြောလိုက်သည် “ငါ အခြားတစ်ယောက်ကိုလဲ သိတယ်။ သူက ကောထောင်ပဲ၊ ဒါပေမယ့် ဆရာက သူတို့နှစ်ယောက်လုံးကို ဖမ်းဖို့ လူလွှတ်လိုက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”

ထန်ရှုက ကျေနပ်သွားပြီး ထန်အန်းထံ အကြည့်ပြောင်းကာ ပြောလိုက်သည် “သူတို့ကို နိုးလိုက်…”

တစ်စုံတစ်ယောက်အား နိုးရန် အထိရောက်ဆုံးနည်းလမ်းက သူတို့ကို ရိုက်နှက်ရန်ပင်။ ထန်ဂိုဏ်းဝင်နှစ်ယောက်က သူတို့အား အားပြင်းပြင်းရိုက်လိုက်ပြီးနောက် အနှီနှစ်ယောက်က ချက်ချင်းနိုးလာ၏။

“တော်ပြီ၊ ရပ်လိုက်တော့…”

ထန်ရှုက စီးကရက်မီးညှိလိုက်သည်။ တစ်ဖွာရှိုက်ပြီးနောက် သူက ထိုနှစ်ယောက်၏သတိထားနေသောမျက်နှာများအား ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည် “ကောင်းပြီ၊ မင်းတို့နှစ်ယောက်က ဝမ်ဖန်းနဲ့ကောထောင်မလား။ ငါ မင်တို့ရဲ့နာမည်ကို ကြားဖူးတာ ကြာပါပြီ။ ငါတို့ရဲ့ပထမဆုံးတွေ့ဆုံမှုက ဒီလိုအခြေအနေဖြစ်လိမ့်မယ်လို့ ငါ မထင်ထားဘူး”

ဝမ်ဖန်းနှင့်ကောထောင်တို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှေ့လူက မေးလိုက်သည် “မင်းက ဘယ်သူလဲ”

‘အာ၊ ဒါဆို ဂိမ်းတစ်ခုကစားကြရအောင်”ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးလျက် ပြန်ဖြေသည် “ငါ ဘယ်သူလဲဆိုတာ မင်း ခန့်မှန်းနိုင်ရင် ငါ ငါ့လူကို မင်းရဲ့ခြေထောက်ကိုပဲ ချိုးခိုင်းမယ်။ ဒါပေမယ့် မင်းခန့်မှန်းတာ မှားတယ်ဆိုရင် မင်းတို့နှစ်ယောက်လုံးကို ချိုးခိုင်းမယ်။ ဒါပေမယ့် မင်းတို့ မဖြေလဲ ရပါတယ်။ အကျိုးဆက်ကတော့ သူက မင်းတို့ရဲ့ခြေလက်တွေအကုန်လုံး ချိုးလိမ့်မယ်။ ဘယ်လိုလဲ”

တုံ့ပြန်သည့်အနေနှင့် ဝမ်ဖန်းက ထန်ရှုအား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက လေးလံသောအသံနှင့် ပြောလိုက်၏ “ဒါက ငါတို့ရဲ့ပထမဆုံးတွေ့ဆုံမှုပဲ၊ ညီအကို။ ငါတို့ကြားမှာ နက်ရှိုင်းတဲ့အမုန်းတွေ မရှိပါဘူး”

“အိုး၊ နိုး။ ငါတို့ကြားမှာ နက်ရှိုင်းတဲ့ရန်ငြိုးတစ်ခုရှိတယ်လို့ ငါ ထင်တယ်”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ငါ့နောက်မှာ ဘယ်သူရပ်နေလဲဆိုတာ မင်းတို့ သတိမပြုမိဘူးလား”

ဝမ်ဖန်းနှင့်ကောထောင်တို့က အနောက်သို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ၏၊ ချန်ကျီကျုံး၏မြင်ပြီး သူတို့၏အမူအရာက အလွန်အရုပ်ဆိုးသွားတော့သည်။ ဤအချိန်တွင် သူတို့က ဘယ်သူ့လက်ထဲကျရောက်နေသလဲဆိုသည်ကို နားလည်လိုက်တော့သည်။ ရှေ့လူဆိုလျှင် ဘယ်သူက သူ့ရှေ့တွင် ထိုင်နေသလဲဆိုသည်ကိုပင် ဖော်ထုတ်ပြီးဖြစ်၏။

ထန်ရှုပဲ…တရုတ်ရဲ့လူငယ်နတ်ဆေးဆရာဝန်၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်…

“ကောင်းပြီ၊ ငါ မင်းကို ဆယ်စက္ကန့်အချိန်ပေးမယ်၊ ဝမ်ဖန်း”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “အဲအချိန်ကျရင် မင်းက ငါ့မေးခွန်းကို မဖြေသေးဘူးဆိုရင် မင်းရဲ့ခြေလက်တွေအကုန်လုံး ရိုက်ချိုးခံရပြီး နောက်ကျရင် မင်းက ခွေးသေတစ်ကောင်လို ရှင်သန်ရလိမ့်မယ်။ ဒါပေမယ့် မင်း အသက်ရှင်နေအုံးမယ်လို့တော့ မျှော်လင့်ထားလို့ရပါတယ်”

ဝမ်ဖန်း၏နှလုံးသားက အေးစက်သွားပြီး သူက ကမန်းကတန်း ပြောလိုက်သည် “မင်းက ထန်ရှုပဲ”

“တော်တယ်၊ တော်တယ်။ မင်းတို့အမှောင်လေအဖွဲ့ရဲ့ထောက်လှမ်းရေးတွေက တကယ်အံ့အားသင့်စရာကောင်းတာပဲ”ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည် “ငါ မှတ်မိသလောက်ဆိုရင် ငါနဲ့ချန်ကျီကျုံးတို့ အဆက်အသွယ်ရှိလာတာ နှစ်နှစ်တောင် မကျော်သေးဘူး၊ ဒါပေမဘ့် မင်းတို့က ငါနဲ့သူ့ကြားဆက်ဆံရေးကို တူးထုတ်နိုင်မယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး”

ခရက်…ဖြောင်း…

ကျင်းရှီက ရှေ့တိုးကာ ဝမ်ဖန်း၏ဘယ်ခြေထောက်အား တက်နင်းလိုက်သည်၊ ထို့နောက် သူက သူ့နေရာသို့ လျင်မြန်စွာ ပြန်ရောက်သွား၏။

“အား…”

ဝမ်ဖန်းက အော်ညည်း၏၊ သူ့မျက်နှာတစ်ခုလုံး တွန့်လိမ်သွားသည်။ တစ်ဖက်က ဒီလောက်ရက်စက်ပြီး ပြောခဲ့သည့်အတိုင်း လုပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ဒါဆို ကောင်းပြီ၊ ငါ့ရဲ့နောက်ထပ်မေးခွန်းကို ဖြေပါ”ထန်ရှုက ရယ်လျက် ပြောလိုက်သည် “မင်းရဲ့အဖြေက ငါ့ကို ကျေနပ်စေမယ်ဆိုရင် သူက မင်းရဲ့လက်ကို ချိုးလိမ့်မယ်၊ မဟုတ်ရင်တော့ မင်းတို့ရဲ့ကျန်ရှိနေတဲ့ခြေလက်တွေအားလုံး အချိုးခံရဖို့ မျှော်လင့်ထားပါ”

ယခု ဝမ်ဖန်း၏နှလုံးသားက ရေခဲတွင်းထဲ ကျသလို ခံစားမိလာသည်။ သူက ရက်စက်ကြမ်းကြုတ်သောသူများစွာအား မြင်ဖူးသည်၊ သူလည်း သူတို့ထဲမှ တစ်ယောက်ဖြစ်၏။ သို့‌သော် လက်ရှိတွင် သူက စဉ့်နှီးတုံးပေါ်ရှိငါးတစ်ကောင်ပမာ ဖြစ်နေသည်။ သေမင်းအရိပ်က လွှမ်းမိုးလာချိန်တွင် သူက ထန်ရှုအရှေ့၌ တန်းဒူးထောက်ကာ တောင်းပန်လိုက်သည် “ညီအကိုထန်ရှု၊ ချန်ကျီကျုံးကို မကြံစည်ခဲ့သင့်ဘူးဆိုတာ ငါ သိပါပြီ။ ကျေးဇူးပြုပြီး ငါ့ကို ဒီတစ်ကြိမ်တော့ သွားခွင့်ပေးပါ၊ နောက်ကျရင် ငါ မင်းကို မြင်တဲ့အခါတိုင်း ပုန်းနေပါ့မယ်။ မင်း ငါ့ကို မေးသမျှမေးခွန်းတွေအားလုံး ငါ ဖြေပါ့မယ်၊ ဒါပေမယ့် ငါ့ကို ထပ်နာကျင်အောင် မလုပ်ပါနဲ့တော့လား…”

ထန်ရှုက မေးငေါ့လျက် ချန်ကျီကျုံးအား မေးလိုက်သည် “ကောင်းပြီ၊ မင်းတို့နှစ်ယောက်ကြားရန်ကြွေးကို သူက ဖြေရှင်းတယ်ဆိုရင် မင်း ဘယ်လိုလုပ်မှာလဲ”

ချန်ကျီကျုံးက ခဏနှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏ “ငါ သိပ်လက်မခံချင်ပါဘူး၊ ဆရာသခင်။ ဒါပေမယ့် ငါ မင်းစကား နားထောင်ပါ့မယ်။ မင်းက ငါ့ကို ဒါကို ထပ်ဂရုမစိုက်စေချင်တော့ဘူးဆိုရင် ငါ လက်လွှတ်လိုက်ပါ့မယ်”

“ငါ သိပြီ။ ဒါဆိုလဲ မင်းရဲ့ဆရာအနေနဲ့ ငါ တာဝန်ယူရမှာပေါ့။ မင်းတို့ရဲ့ရန်ကြွေးက အခုပြီးသွားပြီ။ ဒါပေမယ့် ဝမ်ဖန်းက မေးခွန်းအချို့ ဖြေဖို့လိုသေးတယ်…”

‘ကျေးဇူးပြုပြီး မေးပါ။ ငါ သိသမျှ ပြောပြပါ့မယ်”ဝမ်ဖန်းက ရိုးသားစွာ ပြောလိုက်သည်။

“ကောင်းပြီ၊ အချိန်အခြေအနေနဲ့အချိန်အခါကို လိုက်ပြီး ဆောင်ရွက်တတ်တဲ့သူတွေက ဉာဏ်ရှိတဲ့သူတွေဆိုတာ မင်း သိတယ်မလား”ထန်ရှုက သူအား လက်မထောင်ပြလိုက်၏ “ဒီတော့ ချန်ကျီကျုံးပေါ်မှာ ချိတ်ပိတ်စည်းကို ဖော်ထုတ်ခဲ့တဲ့သူက ဘယ်သူလဲ”

ဝမ်ဖန်း၏နှလုံးသားက ထပ်မံအေးစက်သွားသည်။ ဤကိစ္စက သူနှင့် ဆက်စပ်နေသည်ကို ထန်ရှုက မှန်ကန်စွာ ခန့်မှန်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏ “အဲဒါ အကြီးအကဲဝေ့ပဲ”

“အကြီးအကဲဝေ့လား။ ဒီလူက ဘာလဲ”ထန်ရှုက မေးလိုက်သည်။

“သူ့ရဲ့နာမည်အပြည့်အစုံကိုတော့ ငါ မသိဘူး”ဝမ်ဖန်းက ခေါင်းခါယမ်းကာ ရှင်းပြလိုက်သည် “သူက အဖွဲ့အစည်းရဲ့ထိပ်တန်းခွေးဆိုတာပဲ ငါ သိတယ်၊ ပြီးတော့ ငါ့ကို ငါ့ကို သူ့နောက်လိုက်အဖြစ် ခန့်အပ်ထားတယ်။ သူ ချန်ကျီကျုံးကို အဲလိုလုပ်ရတဲ့အကြောင်းပြချက်တစ်ခုက ငါနဲ့ချန်ကျီကျုံးက ရန်ငြိုးတစ်ခုရှိလို့၊ အခြားတစ်ဖက်မှာတော့ သူက ချန်ကျီကျုံးရဲ့ဆေးပင်တွေနဲ့ကြွယ်ဝမှုကို လိုချင်လို့”

“ဒါဆို မင်းတို့ရဲ့အဖွဲ့အစည်းကို အမှောင်လေလို့‌ ခေါ်တယ်ပေါ့”ထန်ရှုက မေးလိုက်၏။

“မှန်ပါတယ်”ဝမ်ဖန်းက ခေါင်းညိတ်လိုက်သည် “အမှောင်လေပါပဲ။ ငါက တရုတ်မြို့နှစ်မြို့ဖြစ်တဲ့လျန်ကန်းမြို့နဲ့ဖမ်းမြို့တို့ရဲ့တာဝန်ရှိသူပဲ။ ငါ့ဘေးနားကကောထောင်ကတော့ ရှာအန်ရှီစီရင်စုဂိုဏ်းခွဲရဲ့တာဝန်ရှိသူပဲ”

“အခု မင်းတို့ အမှောင်လေအဖွဲ့က လျန်ကန်းမြို့မှာ စုစည်းနေတာ ‘တည်နေရာရွှေ့ပြောင်းခြင်း’အစည်းအဝေးကြောင့်မလား”ထန်ရှုက ဆက်ပြောသည် “တရုတ်က အမှောင်လေဂိုဏ်းခွဲတွေရဲ့ခေါင်းဆောင်တွေအားလုံး ဒီနေရာမှာ ရောက်ရှိနေတာလား”

“မင်း ဒါကိုတောင် သိတာလား”ဝမ်ဖန်းက အံ့အားသင့်စွာ ပြောလိုက်သည်။

ငါ ဒီထက် ပိုသိတယ်”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။

ဝမ်ဖန်းက ခဏနှုတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူက ရုတ်တရက် မေးလိုက်၏ “မင်းက တရုတ်အာဏာပိုင်ရဲ့အရာရှိတစ်ယောက်လား”

ထူးဆန်းသောအပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏ “မင်း ဒါကို တကယ်ပဲ သိချင်တာလား”

ဝမ်ဖန်းက မှင်တက်သွားပြီးနောက် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ကမန်းကတန်းပြောလိုက်၏ “ကျေးဇူးပြုပြီး ငါ့ကို ဘာမှမပြောပါနဲ့၊ အကိုထန်။ ငါ မသိချင်ပါဘူး။ ငါ့ရဲ့ဒီအပေါစားပါးစပ်က အဲလိုပဲ။ ငါ မမေးသင့်တာကို မမေးပါဘူး”

“ဒါ မှန်တာပေါ့။ မင်း အသက်ပိုရှည်ချင်ရင် မင်း သိတာတွေ လျော့ရမယ်”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “ဒါနဲ့ ငါ့ကို ပြော။ ဒီအကြီးအကဲဝေ့က အခု ဘယ်မှာလဲ။ သူလဲ ရွှေကမ်းခြေမှာ ရှိတာလား”

“ဟုတ်တယ်။ သူက လက်ရှိ ရွှေကမ်းခြေမှာ ရှိတယ်”ဝမ်ဖန်းက ခေါင်းညိတ်လိုက်သည် “တကယ်တော့ လက်ရှိအချိန်မှာ ငါ့အနေနဲ့ ထွက်လာဖို့ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ချန်ကျီကျုံးပေါ်ကသူ့ရဲ့ချိတ်ပိတ်စည်းက ကျိုးပျက်သွားပြီး သူလဲ တန်ပြန်သက်ရောက်မှုခံလိုက်ရတာကြောင့် သူက ဒေါသထွက်ပြီး ငါ့ကို မင်းနဲ့ပတ်သက်တဲ့ သတင်းယူဖို့ မောင်းထုတ်လိုက်တာ”

အဖြေကြောင့် ထန်ရှုက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည် “အခု နောက်ဆုံးမေးခွန်းပဲ။ မင်းက ငါ့ကို ကျေနပ်အောင် ဖြေပေးနိုင်မယ်ဆိုရင် ငါ မင်းကို မသတ်ဘူးဆိုတာ အာမခံတယ်၊ ပြီးတော့ ငါ မင်းကို ဆုလဲချအုံးမှာ”

“ကျေးဇူးပြုပြီး မေးပါ…”ဝမ်ဖန်းက ကမန်းကတန်း တုံ့ပြန်လိုက်သည်။

“တရုတ်က အမှောင်လေအဖွဲ့ရဲ့တာဝန်ရှိသူက ဘယ်သူလဲ”ထန်ရှုက မေး၏ “ပြီးတော့ သူ့မှာ တရုတ်က အမှောင်လေအဖွဲ့ဝင်တွေရဲ့စာရင်းရှိလား”

“တရုတ်က အမှောင်လေအဖွဲ့ရဲ့တာဝန်ရှိသူကို ငါ မသိတာကြောင့် ဒါကို ငါ မဖြေနိုင်ဘူး”ဝမ်ဖန်းက ခါးသီးသောအသွင်နှင့် ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒါပေမယ့် ဖြေပေးနိုင်တဲ့လူကိုတော့ ငါ သိတယ်လို့ ငါ ထင်တယ်”

ထို့နောက် ထန်ရှုက ကောထောင်ဘက်သို့ လှည့်လိုက်သည်။

ကောထောင်က စိတ်ထဲ၌ သက်ပြင်းချပြီးနောက် ပြောလိုက်၏ “အဲဒါ ဝမ့်ရှန့်ပဲ။သူက တရုတ်က အမှောင်လေအဖွဲ့အစည်းရဲ့ခေါင်းဆောင်ပဲ။ ဒါပေမယ့် သူက ဆန်းကြယ်စွာပဲ ပေါ်လာတယ်၊ ဆန်းကြယ်စွာနဲ့ပဲ ပျောက်တယ်။ သူကိုယ်တိုင် ငါ့ကို လာရှာတာ မဟုတ်ရင် နှစ်ရဲ့အဆုံးမှာ အမှောင်လေအဖွဲ့ရဲ့သတင်းကွန်ရက်ကနေပဲ ငါ သူ့ကို ဆက်သွယ်လို့ရတယ်။ ထပ်ပြောရရင် အမှောင်လေအဖွဲ့ရဲ့ဖွဲ့စည်းပုံက နှစ်စဉ်ပြောင်းလဲတယ်၊ ဒီနှစ်မှာ ငါ သူနဲ့ မဆက်သွယ်ရသေးဘူး၊ ဒါကြောင့် သူ ဘယ်နေရာမှာလဲဆိုတာ ငါ မသိဘူး”

“ဒါဆို စာရင်းနဲ့ပတ်သက်ပြီးတော့ရော”ထန်ရှုက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။

“ဝမ့်ရှန့်က တရုတ်အမှောင်လေအဖွဲ့အစည်းရဲ့ဗဟိုမန်နေဂျာပဲ၊ ဒါကြောင့် သူပဲ အဖွဲ့ဝင်တွေအားလုံးရဲ့စာရင်းကို ကိုင်ထားတယ်”‌ကောထောင်က ခေါင်းညိတ်ကာ ထပ်ပြော၏ “ငါ့မှာက ရှာအန်ရှီကအဖွဲ့ဝင်တွေရဲ့စာရင်းပဲ ရှိတယ်”

ထန်ရှုက သူတို့၏အဖြေများအပေါ် အလွန်ကျေနပ်သည်။ သူတို့နှစ်ယောက်လုံးက ရက်စက်ကြမ်းကြုတ်သောသူများဖြစ်ကြသော်လည်း သူတို့လည်း သေရမှာကို ကြောက်ရွံ့သည်။ သေခြင်းတရားနှင့်ရင်ဆိုင်ရချိန်တွင် သူတို့က အမှောင်လေအဖွဲ့အစည်းအား သစ္စာမရှိနိုင်ပေ။ အဖွဲ့အစည်းအပေါ် သစ္စာရှိခြင်းက သူတို့အသက်များအား ဆုံးရှုံးရတာလောက် မထိုက်တန်ပေ။

ထို့ကြောင့် သူက ဒီလိုလူများအား ကောင်းကောင်းအသုံးပြုလျှင် သူတို့က ကောင်းမွန်သောအခန်းကဏ္ဍအချို့၌ သေချာပေါက် ပါဝင်နိုင်ပေလိမ့်မည်။

“ကောင်းပြီ။ ကျင်းရှီ၊ သူ့ခြေထောက်ကို ကုသပေးလိုက်”ထန်ရှုက အမိန့်ပေးလိုက်သည်။

ကျင်းရှီက ခေါင်းညိတ်ကာ ဝမ်ဖန်းဆီသို့ လျင်မြန်စွာ လှမ်းသွားသည်။ သူက ဝမ်ဖန်၏ခြေထောက်အား ဆုပ်ကိုင်ကာ ခြေရိုးများအား ဆက်ပေးလိုက်၏။ ဝမ်ဖန်း၏နာကျင်အော်ညည်းသံများအလယ်တွင် သူက အစစ်အမှန်အဆီအနှစ်စွမ်းအင်ကို သုံးကာ ကျိုးပဲ့နေသောခြေရိုးများအား အားဖြည့်ပေးလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဆယ်ရက်ကြာတဲ့အထိ မင်းရဲ့ခြေထောက်ကို အသုံးမပြုနဲ့”

ဝမ်ဖန်းက ကျေနပ်ဝမ်းသာနေလေသည်၊ ထန်ရှုက သူ့အား မသတ်တော့သည်ကိုလည်း သဘောပေါက်၏။

‘နောက်ထပ်မင်းဘာသိချင်သေးလဲ၊ သူဌေးထန်။ ငါ သိသမျှအားလုံးပြောပြမှာပါ”

‘ဟုတ်ပါတယ်။ ငါလဲအတူတူပဲ”ကောထောင်က မသဲမကွဲအသံနှင့် ပြောလိုက်သည်။

“ငါသိချင်တာအားလုံး မင်းတို့ကို‌ မေးပြီးပြီ၊ မင်းတို့ရဲ့အဖြေတွေကိုလဲ ငါ ကျေနပ်တယ်”ထန်ရှုက ပြုံးကာ ပြော၏ “ဒါပေမယ့် ငါ မင်းတို့ကို အလွယ်တကူသွားခွင့်ပေးလိုက်ရင် မင်းတို့က ရွှေကမ်းခြေကို ပြန်ရောက်တာနဲ့ အမှောင်လေအဖွဲ့ရဲ့လူတွေဆီ ငါ့အကြောင်းပြောလိုက်တာနဲ့ ငါ့ဆီ ပြဿနာတွေ ရောက်လာလိမ့်မယ်။ ဒါကြောင့် မင်းတို့နှစ်ယောက်က ငါ့အခြေအနေကို လက်ခံဖို့ လိုအပ်နေသေးတယ်။ မင်းတို့လက်ခံနိုင်ရင် ထွက်သွားနိုင်ပြီ”

“မင်းရဲ့ဘယ်အခြေအနေကိုမဆို ငါ သဘောတူပါ့မယ်”

“ငါရောပဲ”

နှစ်ယောက်သား တစ်ပြိုင်နက်တည်း ပြန်ဖြေသည်။

ထန်ရှုက ဝမ်ဖန်းနှင့်ကောထောင်တို့၏ပခုံးများအား ရုတ်ချည်း ဆုပ်ကိုင်လိုက်သည်။ ထိုလူနှစ်ယောက်ပေါ်တွင် စိတ်ဝိညာဉ်ထိန်းချုပ်မန္တန်ထုတ်ဖော်ပြီးနောက် သူက ကျေနပ်စွာနှင့် ပြောလိုက်၏ “ငါ မင်းတို့အပေါ်မှာ ချိတ်ပိတ်စည်းတစ်ခု ဖော်ထုတ်ပြီးပြီ။ ငါ့ရဲ့ချိတ်ပိတ်စည်းက လူအိုကြီးဝေ့ဖော်ထုတ်ခဲ့တာထက် အဆတစ်ရာပိုအားကောင်းတယ်။ ဒါကြောင့် မင်းတို့နှစ်ယောက်ရဲ့အသက်က အခု ငါ့လက်ထဲမှာ ရှိပြီလို့ ပြောရမယ်၊ မင်းတို့က ငါ့အပေါ် မကောင်းတဲ့အတွေးတစ်ခုရှိလာတာနဲ့ မင်းတို့နှစ်ယောက်လုံး မြေမြှပ်စရာမရှိဘဲ သေသွားရလိမ့်မယ်”

ဝမ်ဖန်းနှင့်ကောထောင်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထန်ရှုက သူတို့အား အလွယ်တကူသွားခွင့်မပေးသည်ကို သူတို့က သိထားပြီးသားပင်။ ယခု သူတို့၏အသက်များက ထန်ရှုလက်၌ ရှိခဲ့ချေပြီ။

***

All Chapters