ကြွက်သားတွေ ထုတ်ပြခြင်း
Vol. 80 Ch. 1115
ဤအခါတွင်မှ အကြီးအကဲဝေ့အရှေ့သို့ သွားကာ ထန်ရှုနှင့်ပတ်သက်ပြီး သူ့အား ပြောပြခဲ့မိသည့်အတွက် ဝမ်ဖန်းက နောင်တရမိလေသည်။ သူသာ ထိုသို့ မလုပ်ခဲ့လျှင် ရွှေကမ်းခြေကလပ်မှ ထွက်ခွာလာစရာမလို၊ ထန်ရှုလူများက ဖမ်းရန် မဖြစ်နိုင်တော့၊ သူ့အသက်လည်း ထန်ရှု၏ထိန်းချုပ်မှုအောက်သို့ မကျရောက်တော့ပေ။
သို့သော် ဤကမ္ဘာတွင် နောင်တအတွက် ပြန်ဖြေရန် ဆေးမရှိပေ၊ ထို့ကြောင့် သူ၏လက်မခံလိုမှုကို ဖိနှိပ်လျက်သာ ရိုသေလေးစွာနှင့် ပြောလိုက်သည် “မင်းရဲ့အခြေအနေကို မပြောရသေးဘူးနော်၊ သူဌေးထန်”
“ငါ့ရဲ့တစ်ခုတည်းသောအခြေအနေကတော့ မင်းက အဲဒီသက်ကြားအိုဝေ့နောက်ကို ဆက်လိုက်ဖို့ပဲ။ မင်းက သူ့ကို ငါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးရမယ်၊ ပြီးတော့ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ရမယ်။ ပြီးရင် မင်းက ဒီဆေးကို ရွှေကမ်းခြေကလပ်ဆီ ယူသွားပြီး သူတို့ မစားသောက်ခင် ဟင်းပွဲထဲ ထည့်ရမယ်”
ထိုသို့ပြောပြီးနောက် သူက သိုလှောင်လက်စွပ်မှ ကြွေပုလင်းတစ်လုံးယူကာ ဝမ်ဖန်းထံ ပစ်ပေးလိုက်သည် “ဒီဆေးက သူတို့ကို မသတ်ဘူး၊ အချိန်တစ်ခါဏလောက်ပဲ အားနည်းစေမှာ။ သူတို့က ဆေးခတ်ထားတဲ့အစားအစာကို စားတဲ့အခါကျရင် မင်း ငါ့ကို ချက်ချင်းသတင်းပို့ပါ၊ ငါ လူအချို့ကို ဉီးဆောင်ပြီး တရုတ်က အမှောင်လေအဖွဲ့ဝင်အားလုံးကို သတ်ပစ်မယ်”
‘ဒါပေမယ့် သူဌေးထန်၊ မင်းက တရုတ်က အမှောင်လေအဖွဲ့ဝင်အားလုံးကို သတ်ပစ်ရင် ငါတို့အတွက်ပဲ ကြမ္မာဆိုးပဲ ကျရောက်လာမှာ”ဝမ်ဖန်းက အလန့်တကြား ပြောလိုက်သည် “အမှောင်လေအဖွဲ့က ဘယ်လောက်သန်မာသလဲဆိုတာ မင်း မသိသေးတာလား။ ဒီအဖွဲ့အစည်းက အမှောင်ထဲမှာပဲ ပုန်းနေပေမယ့် ၎င်းရဲ့ခွန်အားက ကမ္ဘာထိပ်တန်းသုံးဖွဲ့ထက် အားမနည်းဘူး။ ဒီနေရာက အဖွဲ့ဝင်တွေအားလုံး သေသွားတဲ့အခါကျရင် ဌာနချုပ်က လက်ရွေးစင်စစ်သည်တွေကို သေချာပေါက် စေလွှတ်လိမ့်မယ်၊ ပြီးရင် သူတို့က မင်းကို သေချာပေါက် စုံစမ်းလိမ့်မယ်”
“အမှောင်လေအဖွဲ့ကလွှတ်လိုက်မယ့်လူတွေက ငါ့ကို မစုံစမ်းနိုင်ဘူးလို့ ငါ ယုံကြည်တယ်။ ဒါပေမယ့် သူတို့က စုံစမ်းနိုင်ရင်တောင် သူတို့က ငါ့ကို ဘာလုပ်နိုင်မှာလဲ”ထန်ရှုက နှာခေါင်းရှုပ်လိုက်သည် “ပြောရရင် ငါ့လက်ထဲမှာ လုပ်စရာတွေ များလွန်းနေတာကြောင့်မဟုတ်ရင် ငါ ဒီအမှောင်လေအဖွဲ့အစည်းတစ်ခုလုံးကို ဖျက်ဆီးပြီးနေပြီ”
ဝမ်ဖန်းက ကောထောင်နှင့် အကြည့်ချင်း ထပ်ဖလှယ်လိုက်သည်။ သူတို့နှစ်ယောက်လုံးက မောက်မာသူများဖြစ်ကြသော်လည်း ထန်ရှုကဲ့သို့ စကားကြီးစကားကျယ်ပြောသူအား တစ်ခါမှ မကြုံဖူးပေ။
သို့သော် သူတို့က စိတ်ထဲ၌သာ သက်ပြင်းချနိုင်သည်။ သူတို့အသက်များက ဤလူ၏ထိန်းချုပ်မှုအောက်တွင် ရှိသောကြောင့် သူတို့က သူ့အမိန့်ကို လိုက်နာရန်သာ တတ်နိုင်၏။
“ငါတို့သဘောတူပါတယ်”
နှစ်ယောက်လုံးက စကားအများကြီးမပြောဘဲ ခေါင်းညိတ်လိုက်ကြသည်၊ ဝမ်ဖန်းက ကြွေပုလင်းအား ဂရုတစိုက်ယူလိုက်၏။
ခဏကြာပြီးနောက် နှစ်ယောက်စလုံးက ကျင်းရှီနှင့် ထွက်ခွာသွား၏၊ ထို့နောက် ထန်ရှုက ချန်ကျီကျုံးအား ပြောလိုက်သည် “မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ပြဿနာအချို့ရှိသေးတယ်၊ ဒါကြောင့် ငါ မင်းကို ပြောခဲ့တဲ့အမိန့်ပေးစွမ်းအားကို မပေးတော့ဘူး။ မင်း အရင်အနားယူသင့်တယ်။ ပြီးရင် ကိစ္စတော်တော်များများ မှတ်မိလာမှာပါ။ မင်း စိုးရိမ်စရာမလိုဘူး။ မင်းရဲ့မှတ်ဉာဏ်တွေအားလုံး ခုနှစ်ရက်အတွင်း ပြန်ရလာမယ်လို့ ငါ အာမခံတယ်”
ချန်ကျီကျုံးက ထန်ရှုအရှေ့၌ ဒူးထောက်ကာ သုံးကြိမ် အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ပြော၏ “ကျေးဇူးတင်ပါတယ်၊ ဆရာ။ သင့်ရဲ့ကြင်နာမှုကို ငါ အမြဲတမ်းမှတ်ထားပါ့မယ်”
“ဒါတွေ ပြောဖို့ မလိုပါဘူး”ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “မင်းက ငါ့ရဲ့အမည်ခံတပည့်ပဲဆိုပေမယ့် နှစ်အနည်းငယ်အတွင်းမှာ မင်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်တဲ့အခါကျရင် ငါ မင်းကို အစစ်အမှန်တပည့်အဖြစ် လက်ခံမယ်။ အဲအခါကျရင် ငါ မင်းကို ပိုအားကောင်းတဲ့ကျင့်ကြံခြင်းပညာရပ်တွေကို သင်ကြားပေးမယ်”
‘စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်လား’
ချန်ကျီကျုံးက လက်သီးတင်းကြပ်စွာဆုပ်လျက် ပြတ်သားသောအကြည့်နှင့် ပြန်ဖြေ၏ “နောက်နှစ်အနည်းငယ်အတွင်းမှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်မယ်လို့ ငါ ယုံကြည်တယ်။ ဒီယုံကြည်ချက်က ဘယ်နေရာက လာသလဲဆိုတာတော့ ငါ မသိဘူး”
ထန်ရှုက စိတ်ထဲ၌ သဘောကျစွာ ရယ်လိုက်သည်။ ချန်ကျီကျုံးက သူယောင်မိစ္စာကလန်၏အမွေဆက်ခံမှုကို ရရှိခဲ့သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တည်ဆောက်ပုံပင် သူ့တပည့်များထဲ၌ ထိပ်တန်းအဆင့်ဝင်သည်။ နှစ်အနည်းငယ်အတွင်း သူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ မချိုးဖြတ်နိုင်သည်ကသာလျှင် ပြဿနာတစ်ခုဖြစ်ပေမည်။
အချိန်က ရွေ့လျားနေပြီး မျက်စိတစ်မှိတ်အတွင်း နေ့လည်လေးနာရီသို့ ရောက်ရှိလာ၏။ ဟိုတယ်၏သမ္မတအခန်းတွင် တင်ပျဉ်ခွေထိုင်ရင်း ထန်ရှုက နတ်ဆိုးအမြုတေထဲရှိ နတ်ဆိုးစွမ်းအင်အား တိတ်တဆိတ် စုပ်ယူနေသည်၊ အခန်းတံခါးခေါက်သံနှင့်အတူ သွမ်မုလင်အသံအား ကြားလိုက်ရ၏ “ထန်ရှု၊ ငါပဲ။ တံခါးဖွင့်ပါ”
ထန်ရှုက တံခါးရှေ့၌ ချက်ချင်း ထွက်ပေါ်ကာ ဖွင့်ပေးလိုက်သည်။ အပြင်ဘက်တွင် သူက သွမ်မုလင်နှင့်ကျူးလုံတို့နှစ်ယောက်အား မြင်လိုက်ရ၏၊ ထို့နောက် သူက သူတို့အား အထဲဝင်ရန် လက်ပြလိုက်သည်။
“ဒီနေရာက အနေအထားဘယ်လိုရှိလဲ၊ ထန်ရှု”
သူ့မျက်နှာပေါ်ရှိအမူအရာအရ အမှောင်လေအဖွဲ့က သွမ်မုလင်အား အတော်လေးစိုးရိမ်ကြောင့်ကြစေမှန်း သိသာ၏။ သူက ထိုအဖွဲ့အား တရုတ်မှ ဖယ်ရှားချင်နေသည်မှာ စိတ်မရှည်တော့ပုံရ၏။
‘ငါ့လူတွေက ရွှေကမ်းခြေကလပ်အနားတစ်ဝိုက်ကို စောင့်ကြည့်နေတယ်”ထန်ရှုက ပြန်ဖြေ၏ “တရုတ်ရဲ့အမှောင်လေအဖွဲ့အစည်းရဲ့ထိပ်တန်းအလုပ်အမှုဆောင်တွေအားလုံး အဲနေရာမှာ စုဝေးနေကြတယ်။ စီနီယာသွမ်မုလင်က ဒီအဖွဲ့အစည်းကို ဖယ်ရှားချင်တယ်ဆိုရင် ဒီအခွင့်အရေးကို သေချာပေါက် ယူရလိမ့်မယ်လို့ ငါ ထင်တယ်”
သွမ်မုလင်မျက်လုံးများက အေးစက်စက်တို့အလင်းတို့ လက်သွားလျက် သူက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “မင်း ဘယ်လောက်ထိ သေချာလဲ။ တစ်ရာရာခိုင်နှုန်းလား”
လျန်ကန်းမြို့ကိုလာတဲ့ငါ့လူတွေက ဒါဇင်လောက်ပဲ ရှိတယ်ဆိုပေမယ့် ခင်ဗျားရဲ့အထူးစွမ်းရည်ဗျိူရိုရဲ့ကျွမ်းကျင်သူတွေက ကျုပ်တို့ထက် ပိုများသရွေ့ ဒီလူတွေ မလွတ်မြောက်နိုင်ဘူးလို့ ကျုပ် ယုံကြည်တယ်”
“ငါတို့က ဟိမဝန္တာကနတ်ဆိုးသားရဲတွေကို အဆက်မပြတ်သတ်ဖြတ်ပြီးဆိုပေမယ့် ငါ့အေဂျင်စီရဲ့ကျွမ်းကျင်သူတွေအများစုက အဲမှာ ကျန်နေတုန်းပဲ”သွမ်မုလင်က အားတင်ပြုံးလိုက်သည် “ဒါပေမယ့် မင်း လိုအပ်ရင် သူတို့ကို ဝိုင်းဖို့ စစ်တပ်ကို ငါ စုစည်းပေးနိုင်ပါတယ်။ အမှောင်လေအဖွဲ့ရဲ့ထောက်လှမ်းရေးတွေက ကျင့်ကြံသူတွေလောက်တော့ အားမကောင်းဘူးဆိုတာ ငါ သေချာတယ်”
ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီးနောက် လက်ဝှေ့ယမ်းပြလိုက်သည်။ “အမှောင်လေအဖွဲ့က ကျုပ်တို့တိုင်းပြည်မှာ အမြစ်နက်နက်ရှိုင်းရှိုင်းတွယ်ထားပြီ၊ သူတို့က လျန်ကန်းမြို့ရဲ့မြို့စောင့်တပ်နဲ့ရဲတပ်ဖွဲ့တွေမှာ သူလျှိုတွေထည့်ထားနိုင်တယ်။ ဒါကြောင့် ဒါက အဆင်မပြေဘူး။ အချိန်ခဏလောက်စောင့်ပါ။ ကျုပ် စစ်တုန်ရန်အပိုင်းအစအချို့ကို လျှို့ဝှက်စီစဉ်ထားပြီးပါပြီ။ ဒီကောင်တွေက ကောင်းကောင်းလုပ်ဆောင်နိုင်ရင် ကျုပ်တို့ရဲ့လူလေးဆယ်လောက်နဲ့ ရွှေကမ်းခြေကလပ်ထဲကကောင်တွေကို ဖယ်ရှားနိုင်ပါတယ်”
“ဟမ်။ ဘာစစ်တုရင်အပိုင်းအစတွေလဲ” မျက်နှာအနည်းငယ်ပြောင်းလဲသွားလျက် သွမ်မုလင်က အလျင်စလို မေးလိုက်သည်။
“ကျုပ် အခု ပြောပြလိုက်ရင် ဘယ်အံ့အားသင့်စရာကောင်းတော့မလဲ၊ စီနီယာသွမ်မုလင်”ထန်ရှုက ဆန်းကြယ်စွာ ပြုံးလျက် ပြောလိုက်သည် “အဲဘက်က သတင်းရတဲ့အထိ စောင့်ကြတာပေါ့။ အဲတော့မှ ကျုပ်တို့ လုပ်ဆောင်ကြမယ်”
“ဒါဆို အခု ငါတို့ ဘာလုပ်မှာလဲ။ ဒီနေရာမှာပဲ စောင့်နေရမှာလား”သွမ်မုလင်က မေးလိုက်သည်။
“မဟုတ်ဘူး၊ ကျုပ်တို့က အဖွဲ့ခွဲပြီး လှုပ်ရှားကြမယ်”ထန်ရှုက ခေါင်းခါယမ်းကာ ရှင်းပြလိုက်သည် “ကျုပ်တို့က အဖွဲ့ငယ်အချို့ဖွဲ့ပြီး ရွှေကမ်းခြေကလပ်ထဲ ခိုးဝင်ကြမယ်၊ ပြီးရင် အချိန်ကျတဲ့အထိ စောင့်နေကြမယ်”
‘ကောင်းပါပြီ၊ ငါ မင်းပြောတာ နားထောင်ပါ့မယ်”သွမ်မုလင်က ခေါင်းညိတ်လိုက်သည်။
သူတို့က အကြိမ်များစွာ ပူးပေါင်းဖူးသည်၊ သွမ်မုလင်က ထန်ရှု၏စွမ်းရည်များအား အကြွင်းမဲ့ယုံကြည်သည်။ ထန်ရှုပါဝင်သည့်အချိန်တိုင်း ရလဒ်က သူ့အား အများကြီးကျေနပ်စေ၏။
****
ရွှေကမ်းခြေကလပ်တွင်။
လူထောင်ချီဆန့်သည့်ခန်းမကြီးတစ်ခုထဲတွင် တရုတ်အမှောင်လေအဖွဲ့၏စီနီယာအလုပ်အမှုဆောင်များက အသီးသီးနေရာယူထားကြသည်။ သို့သော် ခန်းမတစ်ခုလုံးရှိလေထုက အရမ်းထူးဆန်းသည်။ တစ်ယောက်မှ စကားမပြောကြသလို ဘယ်သူမှ မလှုပ်ကြပေ။ လူတိုင်းက သူတို့၏ထိုင်ခုံတွင်သာ တိတ်တဆိတ် ထိုင်နေကြ၏။
ဖတ်…
စည်းဝေးခန်းမတံခါးပွင့်သွားပြီး အနက်ရောင်ဝတ်စုံနှင့် အနက်ရောင်နေကာမျက်မှန်များဝတ်ဆင်ထားသည့်တောင့်တင်းသန်မာသောလူရှစ်ယောက်က အထဲသို့ ဝင်လာပြီး လူတိုင်း၏အာရုံအား ဆွဲဆောင်လိုက်၏။
ထို့နောက် အနက်ရောင်ဆံပင်ရှည်နှင့်အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ခန်းမထဲသို့ လျှောက်လာ၏။သူ၏စူးရှသောမျက်လုံးများက ခန်းမထဲရှိလူရာကျော်ထံ ရိုက်ခတ်သွားပြီးနောက် စင်မြင့်ပေါ်သို့ လှမ်းလိုက်သည်။
“လူကြီးမင်းတို့၊ ငါ့နာမည်က ဝမ့်ရှန့်ပါ”
အေးစက်သောအသံတစ်ခုက လူတိုင်း၏နားထဲသို့ ရုတ်ချည်း ပျံ့နှံ့သွားသည်။
ဝီ…
ချက်ချင်းလျှင်ပင် လူရာချီက ရုတ်ချည်းထရပ်ကာ ဝမ့်ရှန့်ထံ ဉီးညွှတ်လိုက်ကြသည်။ သူတို့အားလုံးက ဤနာမည်ကို သိသည်၊ သို့သော် တစ်ယောက်မှ ဝမ်ရှန်အား လူကိုယ်တိုင် မမြင်ဖူးပေ။ ဤလူက တရုတ်အမှောင်လေအဖွဲ့၏ညွှန်ကြားရေးမှူးချုပ်ဖြစ်သည်ကို သူတို့အားလုံး သိကြ၏။
“ထိုင်ကြပါ”
ဝမ့်ရှန့်က တစ်လုံးသာ ပြောကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် တောင့်တင်းသန်မာသောလူတစ်ယောက်က ကုလားထိုင်တစ်လုံးရွှေ့လျက် သူ့နောက်၌ ထားလိုက်၏။
စင်မြင့်အောက်တွင် ဝမ်ဖန်းက ဝမ့်ရှန့်အား တိတ်တဆိတ် လေ့လာနေသည်၊ ဤကား သည်လူအား သူ ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ ဤလူက ကိုယ်တိုင်လာသည့်အတွက် အရေးကြီးသောကိစ္စရပ်အချို့ကြေညာတော့မည်ကို သူ သိ၏။ ယခင်က ဝမ့်ရှန့်က အစည်းအဝေးအား ဘယ်တော့မှ မတက်ရောက်ခဲ့ပေ။
“ဘာပဲဖြစ်ဖြစ် ဒီနေ့ပြီးရင် အမှောင်လေအဖွဲ့က တရုတ်မှာ မရှိတော့ပါဘူး”
ဝမ်ဖန်းက ဘယ်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်၊ ကောထောင်ကလည်း သူ့အား ကြည့်နေကာ ခေါင်းပင် ညိတ်ပြ၏။
ဝမ့်ရှန့်၏မျက်လုံးများက အဖွဲ့ဝင်တိုင်း၏မျက်နှာပေါ်သို့ တိတ်တဆိတ် ရွေ့လျားသွားသည်။ အဖွင့်စကားအကျဉ်းချုပ်ပြောပြီးနောက် သူက အဓိကအကြောင်းအရာအား တန်းပြော၏ “မင်းတို့အားလုံးက လက်ရွေးစင်တွေပဲ၊ မင်းတို့အားလုံးက အဖွဲ့အစည်းအတွက် လုပ်ဆောင်ပေးခဲ့ကြတယ်။ အမှောင်လေအဖွဲ့က မြင်ကွင်းတွေရဲ့နောက်ကွယ်မှာ ပုန်းရင်း ကမ္ဘာတစ်ဝှမ်းကအဖြစ်အပျက်တွေကို တိတ်တဆိတ် စောင့်ကြည့်ခဲ့တယ်၊ ဒါကပဲ ငါတို့အဖွဲ့ကို ကမ္ဘာမှာ အဆန်းကြယ်ဆုံးတည်ရှိမှုတစ်ခု ဖြစ်စေခဲ့တယ်။ ဒါပေမယ့် ခုလေးတင် ဌာနချုပ်ကနေ ငါ အမိန့်ရခဲ့တယ်၊ အဖွဲ့အစည်းကို ကြေညာတော့မယ်၊ ငါတို့ပိုင်ဆိုင်တဲ့စစ်တပ်အင်အားကို အများရှေ့မှာ ထုတ်ပြတော့မယ်။ ထိုအချိန်ကျရင် ငါတို့က ကမ္ဘာမှာ
“အများရှေ့ကို ထွက်လာတော့မှာလား…ထိပ်ဆုံးမှာ ရပ်တည်မှာလား…
သတင်းကြောင့် လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြ၏။
“မကြာသေးခင်က အမှောင်လေအဖွဲ့က ကြီးမားတဲ့ဆုံးရှုံးမှုတွေ ရှိလာခဲ့တယ်။ ငါတို့ရဲ့အဖွဲ့အစည်းက နောက်ကွယ်မှာ ဘာသန်မာတဲ့အင်အားတစ်ခုမှမရှိတဲ့ သတင်းအချက်အလက်အဖွဲ့အစည်းတစ်ခုမျှပဲလို့ အဖွဲ့များစွာက ယုံကြည်ကြတယ်။ ဒါကြောင့် ငါတို့ရဲ့ကြွက်သားတွေကို ထုတ်ပြဖို့ သူဌေးက ဆုံးဖြတ်ခဲ့တယ်၊ ငါတို့ကိုပစ်မှတ်ထားနေတဲ့လူတွေကို သူတို့ရဲ့လက်သည်းတွေ ပြန်ရုတ်သိမ်းအောင် လုပ်ရမယ်၊ ဒါမှမဟုတ်ရင် ငါတို့ကပဲ သူတို့ရဲ့လက်သည်းတွေကို ဖြတ်ပေးရမှာပေါ့”
ထိုအချိန်တွင် အရှေ့ဆုံးတွင် ထိုင်နေသောအကြီးအကဲဝေ့၏မျက်လုံးများက လင်းလက်သွားသည်။ သူက ဖြည်းဖြည်းချင်း ထရပ်ကာ ပြောလိုက်သည် “ငါလဲ ဌာနချုပ်ကနေ အမိန့်တစ်ခုရခဲ့ပါတယ်၊ ဝမ့်ရှန့်။ ဒါပေမယ့် ဒီအချိန်မှာ တရုတ်ကို ဆန့်ကျင့်ဖို့ဆိုတာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုလို့ ငါ ထင်တယ်။ ဒီတိုင်းပြည်က အနေအထားက အတော်လေးထူးခြားတယ်၊ ငါတို့ရဲ့အင်အားကို ထုတ်ပြလိုက်တာနဲ့ ငါတို့က တိုင်းပြည်ရဲ့တရားဝင်တပ်ဖွဲ့တွေရဲ့ဖိနှိပ်မှုကို ခံရလိမ့်မယ်”
“ငါ ဒီအနေအထားကို သိပြီးသားပါ”ဝမ့်ရှန့်က ခေါင်းညိတ်လိုက်သည် “ဒါကြောင့် ဒီအမိန့်အပြင် ဌာနချုပ်ကနေ နောက်ထပ်လူအင်အားတွေ ထပ်ပို့ပေးမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တယ်”
***