← Chapters

တိုက်ခိုက်ခြင်း

Vol. 80 Ch. 1116

တိုက်ခိုက်ခြင်း

Vol. 80 Ch. 1116

နေဝင်ရီတရောအချိန်သို့‌ ရောက်လာသည်၊ ရွှေကမ်းခြေကလပ်၏စားဖိုးမှူးဆယ်ယောက်က ချွေးတလုံးလုံးနှင့် ချက်ပြုတ်နေကြ၏၊ စားပွဲထိုးများက အဆက်အပြတ်လှုပ်ရှားရင်း ဟင်းပွဲများ ပို့ဆောင်နေကြသည်၊ ကလပ်၏ထောင့်တိုင်းတွင် ဟင်းရနံ့များက သင်းပျံ့နေလေတော့သည်။

ညစာစားပွဲက ‘တည်နေရာရွှေ့ပြောင်းခြင်းအစည်းအဝေး’၏လုပ်ထုံးလုပ်စဉ်ဖြစ်သည်၊ ထို့နောက် တရုတ်ရှိစီနီယာအဖွဲ့ဝင်များက ဤနေရာမှ ထွက်ခွာကြမည်ဖြစ်၏။ ဝမ့်ရှန့်က အရေးကြီးသတင်းများကြေညာပြီးနောက်တွင် နောက်သုံးနှစ်အတွက် နေရာအပြောင်းအလဲအား ကြေညာခဲ့၏၊ ထို့ကြောင့် လွှဲပြောင်းမှုများ ဆောင်ရွက်ရန်အတွက် သူတို့က ပြန်ရန် လိုအပ်သည်။

အချိန်က ကုန်ဆုံးနေလေပြီး ဟင်းပွဲများအား ဆန္ဒရှိသလောက် အဆက်မပြတ် သုံးဆောင်နေကြသည်။ ခံစားချက်တို့ ပြည့်ဝပြီးနောက် အချို့က စကားစမြည်ပြောကြ၏၊ အချို့က အတူတကွ ထွက်သွားရန် အသင့်ပြင်နေကြပြီး အချို့က ဤနေရာတွင် ညအိပ်ပြီး မနက်စောစောမှ ထွက်ခွာကြမည်ဖြစ်၏။

ရွှေကမ်းခြေကလပ်အနီးပတ်ဝန်းကျင်တွင် အနက်ရောင်ကားဆယ်စီးက ချောင်ကျသောနေရာတစ်ခု၌ ရပ်ထား၏။ အလင်းမရှိ၊ အသံတစ်သံမှ မကြားရ။ သွမ်မုလင်၏မျက်လုံးများက အမှောင်ထဲတွင် တလက်လက်တောက်ပနေပြီး ဘေးနားရှိထန်ရှုအား ကြည့်လိုက်သည်။ သူက မနေနိုင်ဘဲ မေးလိုက်၏ “ငါတို့လာတာ စောလွန်းတယ်လို့ ငါ ထင်တယ်။ သူတို့ကို ဖမ်းဖို့ အကောင်းဆုံးအချိန်က ၂နာရီဒါမှမဟုတ်၃နာရီဖြစ်ရမှာ”

“ကျေဇူးပြုပြီး စိတ်တည်တည်ငြိမ်ငြိမ်ထားပါ၊ စီနီယာသွမ်မုလင်”ထန်ရှုက အနည်းငယ် ခေါင်းခါယမ်းကာ ပြုံးလျက် ပြန်ပြော၏ “ကျုပ် စီစဉ်ပြီးသားလို့ ပြောခဲ့တယ်မဟုတ်လား။ အခု ရှစ်နာရီငါးမိနစ်ရှိပြီ၊ အများဆုံးနောက်နာရီဝက်လောက်ကျရင် ကျုပ်တို့ စတင်လှုပ်ရှားရမယ်လို့ အာမခံတယ်”

သွမ်မုလင်က ခါးသီးစွာ ပြုံးလျက် ခေါင်းသာ ခါယမ်းလိုက်သည် “ပုံပြင်က အဆုံးထိ ရောက်နေတာတောင် မင်းက အားလုံးကို ရေငုံနှုတ်ပိတ်နေတာပဲ၊ ကောင်လေး။ လက်သည်းတစ်ရာနဲ့ ငါ့ခေါင်းကို ကုတ်နေသလို ခံစားရအောင် မင်း ငါ့ကို လုပ်နေတာပဲဆိုတာ မင်း သိလား။ ဒါက ငါ့ကို ရူးချင်စေတယ်”

“ကောင်းပါပြီ၊ နောက်ကျရင် ဖရဲသီးခွဲရသလို ဒီလူတွေကို ခင်ဗျား ပျော်ပျော်ရွှင်ရွှင်နဲ့ ခုတ်ပိုင်းခွင့်ရစေရမယ်၊ စီနီယာသွမ်မုလင်”

သူ့မှတ်ချက်ကို ကြားပြီးနောက် သွမ်မုလင်က မရယ်ဘဲမနေနိုင်ပေ “ဒီအမှောင်လေအဖွဲ့ဝင်တွေကို နူးညံ့သောပုစွန်ဆိတ်တွေလို ဘယ်အချိန်က မင်း ရှုမြင်နေတာလဲ၊ ကောင်လေး။ သူတို့ကို ခုတ်ပိုင်းရတာ ဖရဲသီးခွဲရသလိုပဲလို့တောင် မင်း ပြောရဲတယ်နော်။ ငါတို့က ဒီတစ်ကြိမ်မှာ အမှောင်လေအဖွဲ့ရဲ့ဒီထိပ်တန်းအလုပ်အမှုဆောင်တွေကို ဖမ်းနိုင်ရင်တောင် ကျန်ရှိနေတဲ့လူတွေက သေချာပေါက် ပုန်းခိုသွားကြတော့မှာ၊ ပြီးရင် သူတို့ရဲ့အရိပ်အယောင်တွေကို ရှာဖွေဖို့ ခက်ခဲလိမ့်မယ်၊ အနာဂတ်မှာ သူတို့ကို ဖယ်ရှားဖို့ဆိုတာ လွယ်မှာမဟုတ်တော့ဘူး”

မစိုးရိမ်ပါနဲ့”

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ဆက်ပြောမည်ပြင်စဉ် သူ့ဖုန်းမှ စာပို့သံ မြည်လာသည်။ သူက စာအား လျင်မြန်စွာ ဖွင့်ကြည့်ပြီးနောက် သွမ်မုလင်ထံ ဖုန်းအား ချက်ချင်းပေးကာ ပြောလိုက်၏ “ဒါက အတွင်းကနေရလာတဲ့ဓာတ်ပုံပဲ၊ စီနီယာသွမ်မုလင်။ ပုံထဲကလူကို ဝမ့်ရှန့်လို့ခေါ်တယ်၊ သူက တရုတ်အမှောင်လေဂိုဏ်းခွဲရဲ့ညွှန်ကြားရေးမှူးချုပ်ပဲ။ သူက တရုတ်တစ်ပြည်လုံးက အမှောင်လေထောက်လှမ်းရေးတွေရဲ့စာရင်းကို ကိုင်ထားတယ်”

မျက်လုံးကျုံ့သွားလျက် သွမ်မုလင်က နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည် “ငါတို့ကို ဒီဝမ့်ရှန့်ကို ဖမ်းပြီး သူ့လက်ထဲကနေ အဲဒီစာရင်းကို ရအောင် ယူရမယ်”

“သိပ်မှန်တာပေါ့၊ စီနီယာသွမ်မုလင်”ထန်ရှုက ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက်က ပြောနေစဉ် ထန်ရှု၏ဖုန်းက ထပ်မြည်လာ၏။ စာတစ်စောင်ဖြစ်ပြီး အကြောင်းအရာက ခပ်တိုတိုပင်- အချိန်ကျပြီ။

“အချိန်ကျပြီ…”

ထန်ရှုက အရှေ့ရှိ ထိုင်ခုံအား ပုတ်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ရွှေကမ်းခြေကလပ်ကို တန်းသွားကြတော့။ ဘယ်လိုခုခံမှုမျိုးပဲ တွေ့တွေ့၊ တန်းသာ ဖယ်ရှားပစ်”

ဗရွန်း၊ ဗရွန်း…

ကားအင်ဂျင်သီးများက မြင်းဟီသံများအလား ဗရွန်းဗရွန်းမြည်လျက် ရွှေကမ်းခြေကလပ်ဆီသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။ ကလပ်ဂိတ်ပေါက်က မြင်ကွင်းထဲတွင် ထွက်ပေါ်လာပြီး တုတ်ခိုင်သန်မာသောဂိတ်စောင့်ဆယ်ယောက်က

“ငါတို့က အထူးစွမ်းရည်ဗျူရိုကပဲ။ လမ်းဖယ်ရင်ဖယ်၊ မဖယ်ရင် သေကြ”

အေးစက်စက်အော်သံတစ်ခုအား အရှေ့ရှိအနက်ရောင်ကားထဲမှ ကြားလိုက်ရသည်။ ထို့နောက် အေဂျင်စီမှစွမ်းရည်အသုံးပြုသူလေးယောက်က ကားထဲမှ ပြေးထွက်လာ၏။ တောင့်တင်းသန်မာသောလူရှစ်ယောက်၏မျက်နှာက ပြင်းထန်စွာ ပြောင်းလဲနေစဉ် လျှပ်စီးမီးပွားများ ပစ်ခတ်လျက် လေဓားသွားများ ရိုက်ခတ်သွား၏၊ သူတို့က‌ သေနတ်ခလုပ်ပင် မနှိပ်ခင်လိုက်ဘဲ စက္ကန့်အနည်းငယ်အတွင်း ဂိတ်စောင့်ရှစ်ယောက်က သေခြင်းတရားနှင့် တွေ့ဆုံသွားကြလေ၏။

“ချိုးဖျက်စမ်း…”

မြေစွမ်းရည်အသုံးပြုသူတစ်ယောက်က သူ့လက်အား ဝှေ့ယမ်းလိုက်သည်၊ ရွှံနှင့်ပြုလုပ်ထားသောမြေနဂါးတစ်ကောင်က ဂိတ်ပေါက်သို့ ဝင်ဆောင့်သွားပြီး ကားများဝင်ရန် လမ်းကြောင်းတစ်ခု ရှင်းပေးလိုက်၏။

“ရန်သူတွေ…”

အဝေးရှိလုံခြုံရေးအစောင့်များမှ ဒေါသတကြီးအော်သံများနှင့်အတူ ကျည်ဆံမိုးများက လိုက်ပါလာသည်။ ကားမှန်များကွဲကာ ကျည်ဆံတို့ ထွင်းဖောက်သွား၏။ သို့သော် ကားများက ရှေ့သို့ အရှိန်တင်လျက် သွားနေတုန်းပင်။ ထို့နောက် အရိပ်များက ကားထဲမှ ပြေးထွက်လာပြီး သေမင်းနတ်ဘုရားများအလား ရွေ့လျားကာ သဘာဝလွန်စွမ်းရည်အမျိုးမျိုးဆင့်ခေါ်လျက် လုံခြုံရေးအစောင့်များအား သတ်ဖြတ်ခြင်းတို့ စတင်လိုက်သည်။

အလယ်ရှိအနက်ရောင်ကားထဲတွင် သွမ်မုလင်က မျက်လုံးတလက်လက်ဖြစ်နေသည်။ သူက အထူးစွမ်းရည်ကို အသုံးပြုကာ ကားထံ ဝင်လာသည့် ကျည်ဆံများအား တားဆီးလိုက်၏။ ထို့နောက် သူက ထန်ရှုအား လှည့်ကြည့်ကာ ပြောလိုက်သည် “အခုက မင်းရဲ့ဝှက်ဖဲကို ထုတ်ပြဖို့ အချိန်ပဲမလား။ အနီးပတ်ဝန်းကျင်မှာ ကျွမ်းကျင်သူတွေ မရှိဘူးဆိုပေမယ့် အတွင်းမှာ ငါတို့ ရင်ဆိုင်ရမယ့်သူတွေ များလွန်းတယ်၊ အဲနေရာမှာ ကျွမ်းကျင်သူတွေအများကြီး ရှိလောက်မယ်။ ငါတို့လူတွေလောက်နဲ့ဆိုရင် မျှော်မှန်းထားတဲ့ရလဒ်ကို အောင်မြင်ဖို့ မဖြစ်နိုင်ဘူး”

“အလျင်လိုရင် အလဟဿဖြစ်ပါတယ်၊ စီနီယာသွမ်မုလင်”ထန်ရှုက ပြုံးကာ ပြန်ပြောလိုက်သည်။

သွမ်မုလင်က ပြန်ချေပချင်သော်လည်း တုံ့ဆိုင်းခဲ့၏။ ထန်ရှုနှင့်အတူရှိချိန်တိုင်း သူက ရင့်ကျက်တည်ငြိမ်သောလူအိုကြီးတစ်ယောက်မဟုတ်တော့သည်ကို သဘောပေါက်မိလာသည်။ ဘဝအတွေ့အကြုံများသည့်သူ့ထက်ပင် ဤလူငယ်က ပိုဉာဏ်အမြော်အမြင်ကြီးမားပေ၏။

ထိုအချိန်တွင် ထန်ရှုက သူ၏ထိုးထွင်းသိမြင်မှုအား ချက်ချင်း ထုတ်လွှတ်ကာ မီတာတစ်ရာအကွာအဝေးအား ဖုံးလွှမ်းလိုက်သည်။ သူ၏ယခင်အစီအစဉ်အပေါ် ကျေနပ်မိသွားသည်၊ အနည်းဆုံးလူရာချီက အားနည်းလျက် ထိုင်နေကြပြီး အချို့ဆိုလျှင် ဆေးအာနိသင်ကြောင့် ထရပ်ဖို့ပင် ရုန်းကန်နေရသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

“မဆိုးဘူးပဲ”

အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် တင်လိုက်သည်။ သို့သော် သူ့မျက်လုံးများက သွမ်မုလင်ထံ ပြောင်းရွှေ့လိုက်ပြီး ထိုလူအိုကြီးက စကားပြောချင်သော်လည်း တုံ့ဆိုင်းနေသည်ကို မြင်သောအခါ သူက အရှေ့ထိုင်ခုံအား ပုတ်ကာ ပြုံးလျက် ပြောလိုက်သည် “အရှေ့မှာ ရပ်လိုက်။ ကျုပ် အရင်က ပြောခဲ့တာကို မှတ်မိတယ်မလား၊ စီနီယာသွမ်မုလင်။ ခင်ဗျားတို့က အဲဒီလူတွေကို အလွယ်တကူခုတ်ဖြတ်သတ်ဖြတ်နိုင်မယ်လို့ ကျုပ် ပြောခဲ့တယ်နော်။ အခု ခင်ဗျားတို့က အထဲကရန်သူတွေကို အလွယ်တကူဖြေရှင်းနိုင်လိမ့်မယ်လို့ ကျုပ် အာမခံတယ်”

ကျွီ…

ကားရပ်သွားပြီး အထူးစွမ်းရည်ဗျူရိုနှင့်ထန်ဂိုဏ်းသားအားလုံးပေါင်းလူသုံးဆယ်ကျော်က ပတ်ဝန်းကျင်ရှိ ခုခံမှုများအား လျင်မြန်စွာ ဖြေရှင်းပြီးနောက် ထန်ရှုနှင့်သွမ်မုလင်တို့အရှေ့၌ စုဝေးလိုက်ကြသည်။

“ထန်ရှု၊ ဒီစစ်ဆေးရေးကို မင်းပဲ ကွပ်ကဲလိုက်”သွမ်မုလင်က တည်ငြိမ်စွာ ပြော၏။

ထန်ရှုက မငြင်းပယ်ဘဲ ပြောလိုက်သည် “ငါ နာခံပါ့မယ်။ အားလုံးပဲ၊ ငါ့အမိန့်ကို အာရုံစိုက်ကြ။ အတွင်းထဲကို ဝင်ပြီး အဲဒီလူတွေကို ထိန်းချုပ်ကြ။ ခုခံတဲ့လူရှိရင် ညှာတာမနေဘဲ သတ်ပစ်”

“ဟုတ်ကဲ့ပါ၊ ဆရာ…”

ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် အထဲသို့ ပြေးဝင်သွားပြီး ကျင်းရှီနှင့်ချန်ကျီကျုံးတို့သာ နောက်တွင် ကျန်ခဲ့၏။

“စိတ်ဝင်စားစရာပဲ။ အထူးစွမ်းရည်ဗျူရိုမှစွမ်းရည်အသုံးပြုသူတွေနဲ့ ပူးပေါင်းပြီး တရုတ်ကို ငါ့ရဲ့အမှောင်လေအဖွဲ့အစည်းကို သုတ်သင်ဖို့ ကြိုးစားတာလား….မင်းတို့က‌ မောက်မာပြီး ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေတယ်လို့ မထင်ဘူးလား”

အသံပျောက်ကွယ်သွားလျှင်ချင်း ကျင့်ကြံသူဒါဇင်ကျော်က ကြီးမားသာဖိအားအရှိန်အဝါတစ်ခု ထုတ်လွှတ်လျက် ကလပ်ထဲမှ လျှပ်စီးအလား လျင်မြန်စွာ ပြေးထွက်လာကာ ထန်ရှုနှင့်သွမ်မုလင်တို့လေးယောက်အရှေ့၌ ထွက်ပေါ်လာသည်။

ထန်ရှုက မေးစေ့ပွတ်ကာ ပြုံးလျက် ပြောလိုက်သည် “ကျုပ် ထင်တာ မှန်ရင် ခင်ဗျားက အကြီးအကဲဝေ့ပဲ ဖြစ်မယ်။ ကျုပ်ရဲ့တပည့်အပေါ် ချိတ်ပိတ်စည်းဖော်ထုတ်ခဲ့တဲ့သူပဲမလား”

သူတို့၏ခေါင်းဆောင်ဖြစ်သည့်အကြီးအကဲဝေ့က နှာခေါင်းရှုံ့လိုက်သည် “သူဌေးထန်က ငယ်ရွယ်ပြီးပါရမီရှိတယ်ဆိုတာ ငါ ကြားဖူးပါတယ်၊ ဒါပေမယ့် မင်းကိုယ်တိုင်လဲ အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းက ချနကျီကျုံးခန္ဓာကိုယ်ပေါ်က ချိတ်ပိတ်စည်းကို ဖျက်ဆီးနိုင်ပုံထောက်ရင် မင်းက သူ့ဆရာဖြစ်နိုင်တာ အံ့ဩစရာမရှိပါဘူး၊ ဟမ့်။ ဒါပေမယ့် မင်းလဲ တရုတ်ရဲ့အထူးစွမ်းရည်ဗျူရိုရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်နေမယ်ဆိုတာကိုတော့ ငါ မတွေးမိခဲ့ဘူး”

“ဒါပေါ့၊ ဒါပေါ့။ ခင်ဗျား မရှာတွေ့သေးတဲ့အရာတွေအများကြီးရှိအုံးမယ်လို့ ကျုပ်ထင်တယ်၊ လူအိုကြီးဝေ့”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ဒါပေမယ့် နောက်ကျရင် ကျုပ် ခင်ဗျားကို ပြမှာပါ”

ကြောက်ရွံ့သောအကြည့်တစ်ခုက သွမ်မုလင်၏မျက်လုံးများထဲတွင် လင်းလက်သွားလျက် သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “မင်း ဖြစ်နေတာပဲ၊ ဝေ့ရှန်းယုံ။ ငါ မင်းကို နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုက။ မင်းက အမှောင်လေရဲ့ခွေးဖြစ်နေမယ်လို့တော့ ငါ မမျှော်လင့်ထားခဲ့ဘူး”

“ဟမ့်၊ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကျော်ကတည်းက ငါ မင်းတို့ရဲ့အထူးစွမ်းရည်ဗျူရိုကို သင်ခန်းစာတစ်ခုပေးခဲ့တာမလား၊ သွမ်မုလင်”ဝေ့ရှန်းယုံက နှာခေါင်းရှုံ့လိုက်သည် “ပြောရမယ်ဆိုရင် အရင်တုန်းကလဲ မင်းက ငါ့အတွက် ခြိမ်းခြောက်မှုမဟုတ်ခဲ့ဘူး၊ အခုလဲ မဟုတ်ဘူး။ မင်းရဲ့အကန့်အသတ်ကို သိတယ်ဆိုရင် မင်းရဲ့ကြွက်စုတ်တွေခေါ်ပြီး လာရာလမ်းအတိုင်း ပြန်လှည့်လိုက်၊ မဟုတ်ရင်တော့ ငါ့ရဲ့ရက်စက်ကြမ်းကြုတ်မှုအတွက် အပြစ်မတင်ကြနဲ့ပေါ့”

သွမ်မုလင်က နှာခေါင်းရှုံ့လျက် အကြိမ်ကြိမ်မျက်မှောင်ကြုတ်လိုက်သည်။ သူက ဝေ့ရှန်းယု၏ရန်သူမဖြစ်ချင်သောကြောင့် လက်ရှိတွင် ထန်ရှုသာ မရှိပါက သူက လက်လျှော့ကာ နောက်ဆုတ်ခဲ့ပြီ။ သို့သော် ယနေ့အနေအထားက မတူပေ၊ ထန်ရှုက အနည်းဆုံးအခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့်ညီမျှသည့် အားကောင်းသောကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ ဝေ့ရှန်းယုက ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ သူ့အား သတ်ဖြတ်ရန် ထန်ရှုက လက်ဝါးနှင့် ရိုက်ချရန်ပင် မလိုပေ။

“သူတို့က မင်းအတွက်ပဲ၊ထန်ရှု”သွမ်မုလင်က နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်။

“စိတ်ချပါ၊ စီနီယာသွမ်မုလင်”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ဒီလူပြက်တွေက ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်ပါဘူး”

သွမ်မုလင်က ဝေ့ရှန်းယုအား အေးစက်စက်တစ်ချက်ကြည့်ပြီးနောက် အဝေးသို့ လျှောက်သွားသည်။ သူ အဖမ်းဆီးချင်ဆုံးလူက တရုတ်ရှိအမှောင်လေအဖွဲ့၏ညွှန်ကြားရေးမှူးချုပ်ဖြစ်သည့် ဝမ့်ရှန့်ပင်။

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ဝေ့ရှန်းယုနှင့်သူ့လူများအား လက်ညှိုးထိုးကာ‌ ပြောလိုက်သည် “ကျုပ်တပည့်အပေါ်မှာ ချိတ်ပိတ်စည်းတစ်ခုကို ဖော်ထုတ်နိုင်တဲ့အတွက် ခင်ဗျားက အတော်လေးအံ့အားသင့်စရာကောင်းတဲ့စွမ်းအားတစ်ခုရှိမယ်ဆိုတာ ကျုပ်လဲ သိပါတယ်၊ အကြီးအကဲဝေ့။ ဒါပေမယ့် ခင်ဗျားက ဘယ်လောက်ပဲ အားကောင်းပါစေ၊ ကျုပ်က သူ့ဆရာပဲ၊ ကျုပ်တပည့်က လုပ်ကြံခံရတာကို ဒီအတိုင်းရပ်ကြည့်မနေနိုင်ဘူး။ လာစမ်းပါ၊ ခင်ဗျားတို့ ဘယ်လောက်သန်မာလဲ ကျုပ် ကြည့်ရတာပေါ့”

သူက ထန်ရှုထံမှ ကျွမ်းကျင်သူတစ်ယောက်၏အရှိန်အဝါတစ်ခုမှ မခံစားမိသောကြောင့် ဝေ့ရှန်းယုက ထန်ရှုအား အထင်သေးသောအကြည့်ဖြင့်သာ တုံ့ပြန်လိုက်၏။ ထိုအစား ထန်ရှုနောက်တွင်ရပ်နေသောကျင်းရှီ၏အရှိန်အဝါက သူ့အား အေးစိမ့်စိမ့်ဖြစ်စေသည်။

“ထန်ရှုနောက်က အဲဒီခွေးနှစ်ကောင်နဲ့ ရင်ဆိုင်လိုက်။ ဒီကောင်လေးက ဒီလောက်မောက်မာရအောင် ဒင်းမှာ ဘာစွမ်းရည်တွေ ရှိလဲ ငါ တစ်ချက်ကြည့်ချင်တယ်” ဝေ့ရှန်းယုက လက်ဝှေ့ယမ်းပြလိုက်သည်၊ ကျွမ်းကျင်သူအနည်းငယ်က ကျင်းရှီနှင့်ချန်ကျီကျုံးတို့ထံ ပြေးဝင်သွား၏။

“လာကြစမ်းပါ…”

ကျင်းရှီက ပြုံးစပ်စပ်လုပ်လျက် ဓားမြှောင်တစ်လက်က သူ့လက်ထဲ၌ ရုတ်ချည်း ထွက်ပေါ်လာသည်။ ချန်ကျီကျုံး၏လက်ထဲတွင်မူ လှံရှည်တစ်လက်က ထွက်ပေါ်လာ၏။ သူ့လက်ကို လှုပ်ခါလိုက်ရာ လှံရှည်ပုံရိပ်က ပေါ်ထွက်လာတော့သည်။

***

All Chapters