← Chapters

ဖရဲသီးခွဲသလို လူတွေကို ခုတ်ပိုင်းခြင်းလား။

Vol. 80 Ch. 1117

ဖရဲသီးခွဲသလို လူတွေကို ခုတ်ပိုင်းခြင်းလား။

Vol. 80 Ch. 1117

ကျင်းရှီနှင့်ချန်ကျီကျုံးတို့၏ခွန်အားအပေါ် သူ၏နားလည်မှုအရ ထန်ရှုက သူတို့အား မစိုးရိမ်ပေ၊ ဝေ့ရှန့်ယုက သူ့အားလာတိုက်ခိုက်မည်ကိုသာ တည်ငြိမ်စွာ စောင့်နေသည်။

ဝှစ်…

လျှပ်စစ်မိုးကြိုးအလား လျင်မြန်သောအရှိန်နှင့်အတူ ဝေ့ရှန့်ယုက ထန်ရှုအရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာသည်။ ရွှေရောင်လက်အိတ်တစ်ခုက ထန်ရှုခေါင်းသို့ ချိန်ရွယ်ထားသည့် သူ့ညာလက်သီး၌ ထွက်ပေါ်လာ၏။

“ရွှေအမြုတေအဆင့်လောက်နဲ့လား၊ ဟမ့်”

အထင်သေးသောအကြည့်တစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ ဝေ့ရှန့်ယု၏လက်သီးက သူ့ဉီးခေါင်းထံ မရောက်ခင် သွေးဝါးမျိုဓားမြှောင်က သူ့လက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာပြီး ထိုလူ၏ခန္ဓာကိုယ်အား ရုတ်ချည်း ထိုးစိုက်သွား၏။ ကြမ်းတမ်းသောမူလဖရိုဖရဲစွမ်းအားက ဓားမြှောင်မှတစ်ဆင့် ဝေ့ရှန့်ယု၏ခန္ဓာကိုယ်ထဲသို့ ဝင်လာသည်။

“ဘာ…”

မျက်နှာအမူအရာပြောင်းလဲသွားလျက် ဝေ့ရှန့်ယုက ကြောက်ရွံ့သွား၏။ ထန်ရှု၏အရှိန်က ဒီလောက်မြန်မည်ဟု သူ ဘယ်တော့မှ မထင်ထားပေ၊ သူက တုံ့ပြန်ရန်ပင် အခွင့်အရေးမရခဲ့။

သို့သော် ဒါက မပြီးသေး။ နောက်စက္ကန့်သုံးဆယ်အတွင်း သူ့အမူအရာက စိုးရိမ်မှုတို့ ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ထဲရှိကြမ်းတမ်းသောမူလဖရိုဖရဲစွမ်းအားက သူ့အား ဒုက္ခပေးလာပြီး သူ့အတွင်းအင်္ဂါများအား ရှုပ်ထွေးလာစေ၏။

ဒီလိုနာကျင်မှုမျိုးက ဝေ့ရှန့်ယု ဘယ်တော့မှ အရသာမခံဖူးသောအရာပင်။ ထန်ရှုက သူ့အရိုးများအား တွယ်ကပ်နေသည့် လောင်တစ်ကောင်နှင့် တူသည်ကိုပင် တွေ့လိုက်ရ၏။ ထန်ရှု၏နှေးကွေးသည်ဟုထင်ရသောလှုပ်ရှားမှုများက အဆုံးစွန်းအထိ လျင်မြန်နေသည်။ သူ့ရင်ဘက်ပေါ်ရှိနောက်ထပ်တိုက်ခိုက်မှုက ကြီးမားသောသက်ရောက်မှုအားကို သယ်ဆောင်လာလျက် သူ့ရင်ညွန့်ရိုးအား ကျိုးသွားစေပြီး အရိုးအပိုင်းအစများက နှလုံးအား ထိုးစိုက်သွားလေသည်။

သူ…သူက ကြောက်စရာကောင်းလွန်းတာ မဟုတ်လား။ အနိမ့်ဆုံးအခြေတည်စိတ်ဝိညာဉ်အဆင့်ရှိတဲ့ကျင့်ကြံသူတစ်ယောက်မလား။

သေလိုက်ပါတော့ကွာ…

ကြီးစွာသောစိုးရိမ်မှုတို့က ဝေ့ရှန့်ယု၏မျက်နှာပေါ်တွင် သိသိသာသာပေါ်လာသည်။ သွေးများက သူ့ပါးစပ်မှ အရူးအမူး ပန်းထွက်လာလျက် ကြီးမားသောအားတစ်ခုသယ်ဆောင်လာသည့်လက်သီးတစ်ချက်က သူ့ခေါင်းနောက်ဘက်အား ထိမှန်သွား၏၊ သူက မူးဝေလျက် လွင့်ထွက်သွား၏။ သူ့ခန္ဓာကိုယ်က လက်ဝှေ့အိတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကိုသာ ခံစားနိုင်ပြီး သူ့ဒဏ်ရာများက ပိုပိုဆိုးလာပေသည်။

ဘန်း…

စက္ကန့်အနည်းငယ်ကြာပြီးနောက် ထန်ရှုက ရိုက်ချက်တစ်ခုပြုပြီး အေးစက်သောကွန်ကရစ်ပေါ်တွင် လဲလျောင်းနေသော ဝေ့ရှန့်ယုအား ခွေးသေတစ်ကောင်အလား ကြည့်လိုက်ချေသည်။ သူက ဤလူအား တန်းကာ မသတ်ခဲ့ပေ၊ သူ့အရိုးများကိုသာ တစ်ချောင်းပြီးတစ်ချောင်း ချိုးလိုက်သည်။

“ဆရာ…”

ဝေ့ရှန့်ယု၏လူငါးယောက်က ထန်ရှုထံ သွေးရူးသွေးတန်း ပြေးဝင်လာသည်၊ သူတို့က ထန်ရှုအား သတ်ကာ သူတို့နှင့်အတူ ပျောက်ကွယ်သွားစေချင်ပုံရ၏။

“ဟမ့်၊ ပိုးစုန်းကြူးအနည်းငယ်က လကို ယှဉ်ပြိုင်ချင်တာလား”

အထင်သေးစွာ တစ်ချက်ကြည့်လျက် ထန်ရှုက နတ်ဘုရားဓားအား ထုတ်လွှတ်လိုက်သည်။ ဓားပုံရိပ်အလွှာများက လှိုင်းများအလား ထိုလူများထံ လွှမ်းခြုံသွားသည်။ ဓားပုံရိပ်အလွှာများ ပျောက်ကွယ်သွားပြီးနောက် ထန်ရှုက နတ်ဘုရားဓားအား သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရုတ်သိမ်းလိုက်၏၊ မြေပြင်ပေါ်တွင် သွေးနှင့်အသားအစအနများသာ ကျန်ရစ်တော့သည်။

မြင်ကွင်းမှ အနီးနားတွင် ကျင်းရှီက ရက်စက်ကြမ်းကြုတ်သောပြယုဂ်တစ်ခုအဖြစ်သို့‌ ပြောင်းလဲသွား၏။ စက္ကန့်သုံးဆယ်အတွင်း သူက ဝေ့ရှန့်ယု၏လူခုနှစ်ယောက်အား သတ်ဖြတ်ခဲ့သည်၊ မှတ်ဉာဏ်တို့ ဝေဝါးနေသော်လည်း ချန်ကျီကျုံးက စွမ်းအားရှိသေး၏။ အထူးသဖြင့် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားက အလွန်တရာသန်မာလွန်းသည်။ လှံဝှေ့ယမ်းလိုက်တိုင်း ပစ်မှတ်အား တိတိကျကျထိမှန်သည်။ စက္ကန့်သုံးဆယ်အတွင်း သူလည်း လူငါးယောက်အား သတ်ဖြတ်ခဲ့၏။

‘”သေကြစမ်း…”

ဝေ့ရှန့်ယု၏လူများအား သတ်ဖြတ်ပြီးနောက် နှစ်ယောက်စလုံးက ထန်ရှုအနား၌ လျင်မြန်စွာ စုဝေးကာ ပတ်ဝန်းကျင်အား သတိနှင့် စောင့်ကြည့်လိုက်သည်။

အခြားဧရိယာများတွင်။

သွမ်မုလင်က ကလပ်အတွင်းပိုင်းထဲသို့ လျင်မြန်စွာ ခြေသုတ်နှင်လာသည်။ အားနည်းစွာနှင့် ခုခံနိုင်စွမ်းမဲ့နေသောအမှောင်လေအဖွဲ့ဝင်များအား မြင်ပြီး သူ့မျက်လုံးများက မျက်လုံးအိမ်မှ ထွက်ပြူလာလုနီးပါးဖြစ်သွား၏။

ဒါက သူ လုံးဝမစဉ်းစားနိုင်ခဲ့သောအရာပင်။

သူက ဖြစ်နိုင်ချေအမျိုမျိုးအား တွေးဆခဲ့သည်။ သို့သော် ဤအမှောင်လေအဖွဲ့ဝင်များက အဆိပ်မိထားသည့်အလား စွမ်းရည်ကင်းမဲ့နေမည်ဟုတော့ ဘယ်တော့မှ မတွေးခဲ့ပေ။

ထန်ရှုက ဘာထပ်ပြောခဲ့တာလဲ။ သူတို့ကို သတ်ရတာ ဖရဲသီးခွဲရသလို လွယ်ကူတတဲ့လား။

ဤအခါတွင်မှ ထန်ရှုပြောခဲ့သည်အား သွမ်မုလင်က နောက်ဆုံး၌ သဘောပေါက်သွား၏။ အမှောင်လေအဖွဲ့ဝင်များ၏လက်ရှိအခြေအနေများက ဖရဲသီးခွဲသလို သတ်ဖြတ်ရလွယ်ကူပေသည်။

ဝှစ်…

ပုံရိပ်တစ်ခုက အဝေးမှ လျင်မြန်စွာ ရွေ့လျားလာပြီး သွမ်မုလင်မှ မီတာအနည်းငယ်အကွာ၌ ထွက်ပေါ်လာသည်။

ရန်သူတစ်ယောက်လား။

ထိုလူက အထူးစွမ်းရည်ဗျူရိုအဖွဲ့ဝင်မဟုတ်၊ ထန်ရှုလူလဲမဟုတ်သည်ကို အတည်ပြုပြီးနောက် မျက်လုံးများက အေးစက်စက်အလင်းတစ်ခု စီးဆင်းလျက် သွမ်မုလင်က အထူးစွမ်းရည်ထုတ်ဖော်ကာ ထိုလူအား သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။

“မဟုတ်ဘူး။ မတိုက်ခိုက်ပါနဲ့။ ငါတို့က ဘက်တူတူပါပဲ…”

သူတို့က အမှောင်လေအဖွဲ့ဝင်များအား သတ်ဖြတ်နေသည်ကို မြင်ပြီးနောက် အထူးစွမ်းရည်ဗျူရိုနှင့်ထန်ဂိုဏ်းမှကျွမ်းကျင်သူများအား ကောထောင်မှ ရှောင်တိမ်းနေခဲ့သည်။ သူ့အား ထိုကျွမ်းကျင်သူများက မှားယွင်းပစ်မှတ်ထားမည်ကို မလိုချင်သောကြောင့် သူက ထန်ရှုအား ကြိုးစားရှာနေရ၏။

သွမ်မုလင်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ထိုလူအား အေးစက်စက်တစ်ချက်ကြည့်ကာ ပြောလိုက်၏ “မင်းက ငါတို့ဘက်ကလို့ ပြောလိုက်တာလား”

“စီနီယာ၊ ငါက သူဌေးထန် သူလျှိုလွှတ်ထားတဲ့ ကောထောင်ပါ”ကောထောင်က လျင်မြန်စွာ ပြန်ဖြေသည် “ငါတို့က အမှောင်လေအဖွဲ့ဝင်တွေရဲ့ဟင်းပွဲထဲကို ဆေးခတ်ခဲ့တာ၊ ဒါကြောင့် သူတို့က ဒီလိုအခြေအနေဖြစ်နေကြတာ။ မင်း ငါ့ကို မယုံကြည်ရင် သူဌေးထန်ကို ရှာပြီး မေးနိုင်ပါတယ်”

ကောထောင်၏ရှင်းပြချက်ကို ကြားပြီး သွမ်မုလင်က သူ့အား အမှန်တကယ်ယုံကြည်သည်။ သို့သော် စိတ်ချစေရန်အတွက် သူက ထန်ရှုအား ဖုန်းခေါ်လိုက်၏။ ထန်ရှုထံမှ အတည်ပြုချက်ကို ရပြီးနောက် သူက ခေါင်းညိတ်လျက် ပြောလိုက်သည် “အခြေအနေနဲ့အချိန်အခါကို ဖတ်နိုင်အတွက် မင်းတို့က မဆိုးဘူးပဲ။ ကောင်းပြီ၊ မင်းတို့တွေ အမှောင်လေအဖွဲ့အတွက် နောက်ထပ် အလုပ်လုပ်ပေးစရာမလိုတော့ဘူး။ ဒီကိစ္စပြီးရင် တိုင်းပြည်ရဲ့အထူးစွမ်းရည်ဗျူရိုကိုယ်စား ငါ မင်းနဲ့ဝမ်ဖန်းကို ဆုပေးမယ်”

ကောထောင်က အနည်းငယ်စိတ်အေးသွားသည် “စီနီယာက တိုင်းပြည်ရဲ့အထူးစွမ်းရည်ဗျူရိုရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ အတိတ်တုန်းက သူတို့အတွက်လုပ်လုပ်ပေးဖို့ အမှောင်လေအဖွဲ့က ငါနဲ့ဝမ်ဖန်းကို ခြိမ်းခြောက်ခဲ့တာ။ တိုင်းပြည်က ဒီလူတွေအားလုံးကို ဖမ်းမိနိုင်ရင်တော့ ငါတို့လဲ ဘေးကင်းကင်းနဲ့ နေနိုင်ပါပြီ၊ ဒီလူတွေအတွက်လဲ ထပ်အလုပ်လုပ်ပေးစရာမလိုတော့ဘူး”

သွမ်မုလင်က ခေါင်းညိတ်လိုက်သည် “ဒါက မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ။ ဒါပေမယ့် ငါ့ကို ပြောပါ၊ ဝမ့်ရှန့်က ဘယ်မှာလဲ”

“ငါ မသိဘူး” ကောထောင်က ခေါင်းခါယမ်းလိုက်သည် “စားသောက်ပွဲ တစ်ဝက်လောက် ရောက်ကတည်းက သူ‌ ပျောက်သွားခဲ့ပြီ။ ငါ့လူတွေ လွှတ်ပြီး သူ့ကို တိတ်တဆိတ် ရှာခိုင်းခဲ့ပေမယ့် ဘာအရိပ်အယောင်မှ မတွေ့ခဲ့ဘူး”

“သွမ်မုလင်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူက လေးလံသောအသံနှင့် ပြောလိုက်သည် “ဝမ့်ရှန့်ရဲ့အရိပ်အယောင်ကို ရှာ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါတို့ သူ့ကို လွတ်မြောက်ခွင့်ပေးလို့မရဘူး”

သွမ်မုလင်က ဝမ့်ရှန့်အား ရှာချင်သည့်အကြောင်းအရင်းကို ကောထောင်က သိသည်။ ထိုလူက တရုတ်ရှိအမှောင်လေအဖွဲ့ဝင်များစာရင်းကို ကိုင်ထားသည်မဟုတ်လော။

သို့သော် အမှောင်လေအဖွဲ့အစည်းတွင် ဝမ့်ရှန့်၏နာမည်က ‘မျက်နှာအသင်္ချေနှင့်လူ’ဟု ကျော်ကြားသည်။ သူက ယနေ့ လူတိုင်းအရှေ့၌ ထွက်ပေါ်လာခဲ့သည်ဆိုရင်တောင် သူ့မျက်နှာအစစ်အား အသုံးပြုထားသည်ဟု ဘယ်သူမှ မပြောနိုင်ပေ။

****

နေရာလပ်အတားအဆီးအတွင်းတွင်။

ထန်အန်းက ပတ်ဝန်းကျင်အား သတိမပြတ်ထားလျက် စောင့်ကြည့်နေသည်။ သူမမျက်လုံးများက တောင့်တင်းသန်မာသောလူလေးယောက်မှကာကွယ်ထားသည့်ဝမ့်ရှန့်ထံမှ မရွေ့ပေ။ လက်ရှိတွင် သူမက ရွှေအမြုတေကလပ်အပြင်ဘက်ရှိဥမင်မှ ထွက်လာကာစဖြစ်၏။

“တရုတ်က အမှေင်လေအဖွဲ့ဝင်တွေရဲ့စာရင်းကို ယူပြီး ဒီတိုင်းပြည်ကနေ ချက်ချင်းထွက်သွားဖို့ အမ်စီအလန်ကို ချက်ချင်း အကြောင်းကြားလိုက်။ ပြီးတော့ သတိပေးကိရိယာကို အသက်သွင်းပြီး ငါတို့အဖွဲ့ဝင်တစ်ယောက်စီကို အသိပေးလိုက်။ သူတို့ကို နှိမ့်နှိ့မ်ချချနဲ့ ဖုံးကွယ်နေဖို့ ပြောလိုက်”

ဝမ့်ရှန့်က ချက်ချင်း အမိန့်ပေးလိုက်ပြီးနောက် ထိုင်ခုံပေါ်တွင် နေရာယူလိုက်သည်။

သို့သော် အရှေ့ထိုင်ခုံတွင် ထိုင်နေသော သူ့နောက်လိုက်ထံမှ ဘာတုံ့ပြန်မှုမှ မရလာပေ။ ထိုလူက တံခါးပင် မပိတ်ရသေးပေ။

ဝမ့်ရှန့်က မျက်မှောင်ကြုတ်ကာ ပြောမည့်ဆဲဆဲတွင် ဒရိုင်ဘာထိုင်ခုံတွင်နေရာယူထားသောအခြားနောက်လိုက်က ရုတ်တရက် မျက်လုံးတို့ကျုံ့လျက် ကြောက်ရွံ့နေပုံပေါ်သည်ကို မြင်လိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ”စိတ်တို့ လေးလံလာလျက် ဝမ့်ရှန့်က ချက်ချင်း‌ အော်မေးလိုက်သည်။

“သူ သေပြီ…”

ဒရိုင်ဘာထိုင်ခုံရှိနောက်လိုက်က စကားပင် ဆုံးအောင် မပြောနိုင်ဘဲ သူ့လည်ပင်းက တွန့်လိမ်သွားသည်။ ထို့နောက် သူ့လည်ချောင်းမှ ဂလုပ်ဂလုပ်မြည်လျက် သေဆုံးသွားခဲ့၏။

ဝမ့်ရှန့်နှလုံးသားထဲရှိကြောက်ရွံ့မှုက အဆများစွာ ပိုလာသည်။ ရန်သူအား မမြင်ရခြင်းက သူ့အား အလွန်စိုးရိမ်ကြောင့်ကြစေသည်။ သူက တံခါးအား လျင်မြန်စွာ တွန်းဖွင့်လျက် သူ့ခါးမှ ဓားမြှောင်တစ်လက်အား ဆွဲထုတ်လိုက်၏။

“ဘယ်သူလဲ…”

ဘေးပတ်လည်အား လျင်မြန်စွာနှင့် သတိထားစစ်ဆေးလျက် ဝမ့်ရှန့်က ကျယ်လောင်စွာ အော်လိုက်သည်။ ကျန်ရှိသေးသောသူ့လူနှစ်ယောက်ကလည်း အခြားကားမှ လျင်မြန်စွာ ထွက်လာလျက် သူ့အား ကာကွယ်လိုက်သည်။

ဝှစ်…ဝှစ်…

အင်မော်တယ်ဓားတစ်လက်က လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ဝမ့်ရှန့်လူနှစ်ယောက်က တုံ့ပြန်ရန်ပင် အခွင့်မရှိဘဲ ဓားမြှောင်က သူတို့လည်ချောင်းများအား ခုတ်ဖြတ်ပြီးနောက် ထပ်မံပျောက်ကွယ်သွား၏။

အတွင်းစွမ်းအင်လား။

မျက်ခုံးကျုံ့လျက် ဝမ့်ရှန့်၏ခြေထောက်က လျှပ်စစ်အလား လျင်မြန်စွာ ရွေ့လျားလျက် သုံးမီတာအကွာ၌ ရုတ်ချည်း ထွက်ပေါ်လာကာ အာရုံခံမိသည့်လေအတက်အကျထံ ဓားမြှောင်အား ခုတ်ပိုင်းချ၏။

ရွှမ်း…

မသဲမကွဲခုတ်ပိုင်းသံတစ်ခုကြားလိုက်ရပြီး ထိုအင်မော်တယ်ဓားက ထပ်မံထွက်ပေါ်လာကာ ဝမ့်ရှန့်၏လက်ကောက်ဝတ်ထံ ရိုက်ခတ်သွားသည်။ သူက ဘယ်လောက်မြန်မြန်၊သူ့လက်ကောက်ဝတ်ရှိအဝတ်အစအား ဖြတ်သွားသေးပြီး သွေးထွက်ဒဏ်ရာတစ်ခုပင် ချန်ထားလေ၏။

“မီးလျှံ…”

ဝမ်ရှန့်က ဘယ်လက်ဝါးအား ဖွင့်လှစ်လိုက်ပြီး မီးစတစ်ခုက ရုတ်တရက် ထွက်လာ၏။ သူက စိတ်စွမ်းအားကို အသုံးပြုလျက် ထိုအတွင်းစွမ်းအင်၏အတက်အကျအား အာရုံခံကာ အချိန်မရွေးတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ဒါ ကိုယ်ပျောက်လူသားပဲ။ ဒီလိုလူတစ်ယောက်အား သူ ဘယ်တော့မှ မရင်ဆိုင်ဖူးပေ။ သူ့တွင် စွမ်းရည်အသုံးပြုသူဟူသောအခြားအထောက်အထားတစ်ခုရှိပြီး စွမ်းရည်အမျိုးအစားများစွာ မြင်ဖူးသော်လည်း ဒီလိုကျွမ်းကျင်သူတစ်ယောက်နှင့်တွေ့ဆုံခြင်းက သူ၏ပထမဆုံးအကြိမ်ပင်။

“ကမ္ဘာဓား- ဓားအကျဉ်းထောင်…”

အလွန်သိမ်မွေ့နူးညံ့သောအသံတစ်ခုက ဝမ့်ရှန့်၏နားထဲသို့ ဉီးတည်ဘက်တိုင်းမှ ဖြတ်သန်းလာပြီး ဓားပုံရိပ်တစ်ခုက လေထဲ မီတာအနည်းငယ်အကွာ၌ ထွက်ပေါ်လာ၏။ ၎င်း၏တိုက်ခိုက်ရေးစွမ်းအားက သိပ်အားမကောင်းလှသော်ငြား ဓားပုံရိပ်က လေလုံလှောင်အိမ်တစ်ခုအလား ဝမ့်ရှန့်အား ခေါင်းမှခြေဖျားအထိ ဖုံးလွှမ်းသွားခဲ့သည်။

ဝမ့်ရှန့်က နောက်မဆုတ်ပေ။ သူ့လက်ထဲရှိမီးဘောလုံးက ပေါက်ကွဲထွက်သွားပြီး မီးလျှံပင်လယ်က ရုတ်တရက် ထွက်လာကာ မီတာဒါဇင်ပတ်လည်အား လွှမ်းခြုံသွား၏။

အနက်ရောင်ညဝတ်စုံနှင့်ကြေးမျက်နှာဖုံးတပ်ထားသည့်ထန်အန်းပုံရိပ်က လေထဲမှ ထွက်လာ၏။ သူမပါးစပ်မှ အသံတစ်သံမှ မထွက်လာဘဲ သူမက လက်ဟန်သင်္ကေတတစ်ခုပြုလုပ်ကာ မီးပင်လယ်အလယ်တွင် နောက်ထပ်မီးလျှံတစ်ခုအား ဆင့်ခေါ်လိုက်၏။

***

All Chapters