သစ္စာရှိရမယ်တဲ့လား
Vol. 80 Ch. 1118
ထန်ဂိုဏ်းတစ်ခုလုံးတွင် ထန်ရှုက ကူးယန်အာနှင့်ကျီချီမိန်တို့နောက် အသန်မာဆုံးဖြစ်သည်။ စိတ်ဝိညာဉ်ဖွဲ့စည်းအဆင့်သို့ ချိုးဖြတ်ထားသည့်ရွှယ်ယုပင်လျှင် သူ့ထက် နိမ့်ကျသေးသည်။ သို့သော် သူ့နောက်အသန်မာဆုံးသူက ထန်အန်းပင်။ သူမက ရွှေအမြုတေနှောင်းပိုင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရုံသာမက နေရာလပ်ဥပဒေသနှင့်အချိန်ဉပဒေသတို့ကိုလည်း ကျွမ်းကျင်သည်။
မှော်မန္တန်များအရ ထန်ဂိုဏ်းတွင် ကောင်းကောင်းနှံ့စပ်သူအများကြီး မရှိသော်ငြား ထန်အန်က သေချာပေါက် တစ်ယောက်အပါအဝင်ဖြစ်၏။ သူမက အစီအရင်အမျိုးမျိုးအား လေ့လာရန် နှစ်သက်ရုံသာမက အချို့တွင် အောင်မြင်မှုတစ်ခုပင် ရရှိထားသည်။
မီးပင်လယ်တွင်ထွက်ပေါ်လာသည့်မီးလျှံများက ခပ်ဖျော့ဖျော့အပြာရောင်တစ်ခု ထုတ်လွှတ်နေသည်။ ထိုမီးလျှံကို ဒဏ္ဍာရီထဲရှိအစစ်အမှန်မီးလျှံအဖြစ် အင်မော်တယ်ကမ္ဘာရှိကျင့်ကြံသူများက သေချာပေါက် သိရှိပေလိမ့်မည်။
ဝမ့်ရှန့်က တုန်လှုပ်သွားပြီး သူ့မျက်လုံးများက ခုန်ပေါက်လုနီးပါးပင်။ ထန်အန်၏စွမ်းအားက မတော်တရား ဖြစ်သော်လည်း သူမက မီးစွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။
“ဒီမီးလျှံက ဘာပါလိမ့်”
ဤမီးလျှံက သာမန်မီးလျှံတစ်ခုမဟုတ်ဟု သူ့မသိစိတ်က သူ့အား သတိပေးခဲ့သောကြောင့် သူက နောက်သို့ ချက်ချင်း ပြန်ဆုတ်လာခဲ့၏။ အပြာရောင်မီးလျှံ ထွက်ပေါ်လာချိန်တွင် သူထုတ်လွှတ်ခဲ့သည့်မီးလျှံပင် ပြန်ဆုတ်ရန် ဖိအားပေးခံရသည်။
ထန်အန်း၏ပုံရိပ်က ထပ်မံပျောက်ကွယ်သွားပြီး သူမ၏အင်မော်တယ်ဓားက လေထဲ၌ ရစ်ဝဲနေသေးကာ ဝမ့်ရှန့်လွတ်မြောက်ရာလမ်းကြောင်းတိုင်းအား တားဆီးပိတ်ဆို့ထားသည်။
“ရား…”
အင်မော်တယ်ဓားတစ်ချက်ကို ရှောင်တိမ်းပြီးနောက် ဝမ့်ရှန့်က ဒေါသတကြီး အော်လိုက်သည်၊ ရုတ်တရက် သူ့ခန္ဓာကိုယ်က မာတောင့်သွားပြီး အေးစက်စက်အထိအတွေ့တစ်ခုက သူ့လည်ပင်းအား ထိမှန်သည်ကို ခံစားမိ၏။ ဓားမြှောင်တစ်လက်က သတိမပေးဘဲ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့လည်ပင်းပေါ်၌ တင်ထားခဲ့ချေ၏။
“မင်း ငါနဲ့ လိုက်လာ”
ထန်အန်း၏အေးစက်စက်အသံက ဝမ့်ရှန့်၏နားထဲသို့ ကူးပြောင်းသွားပြီး သူမပုံရိပ်က သူ့ဘေးနား၌ ထွက်ပေါ်လာသည်။
****
ရွှေကမ်းခြေကလပ်ထဲရှိသတ်ဖြတ်မှုများက လျင်မြန်စွာ မြင့်တက်လာနေသည်။ ခုခံရန်ကြိုးစားသည့်အမှောင်လေအဖွဲ့ဝင်များအားလုံးအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး မခုခံသူများအား ဖမ်းဆီးလျက် ကွက်လပ်သို့ ခေါ်ဆောင်လာ၏။
ထန်ရှုက ကွယ်လပ်သို့ ရောက်လာချိန်တွင် သွမ်မုလင်၏မျက်နှာပေါ်ရှိအပြုံးအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
“စီနီယာသွမ်မုလင်…”ထန်ရှုက ပြုံးကာ အော်လိုက်သည်။
ထိုလူက ပျော်ရွှင်စွာ ခေါင်းညိတ်လျက် ပြောလိုက်သည် “စစ်ဆင်ရေးက ဒီလိုချောချောမွေ့မွေ့နဲ့ ပြီးသွားမယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူး။ မင်းက အတွင်းကနေ သူတို့ကို ပျက်ပြားအောင် လုပ်ပြီး အလွယ်တကူ ဖျက်ဆီးခဲ့တာပဲ။ ဒီအမှေင်လေအဖွဲ့ဝင်နှစ်ယောက်က မဆိုးဘူး။ သူတို့က ဆုလာဒ်ရဖို့ ထိုက်တန်တယ်”
ထန်ရှက ကောထောင်နှင့်ဝမ်ဖန်းတို့အား တည်ငြိမ်စွာ တစ်ချက်ကြည့်ပြီးနောက် အေးစက်စွာ ပြောလိုက်သည် “မင်းပြောတာ မှန်တယ်၊ စီနီယာသွမ်မု။ သူတို့က ဒီတစ်ကြိမ် ကြီးကြီးမားမား စွမ်းဆောင်ခဲ့တယ်၊ ဒါကြောင့် နောက်ကျရင် ငါ သူတို့ကို ဆုချရမယ်”
ခေါင်းညိတ်တုံ့ပြန်လျက် သွမ်မုလင်က ဘေးဘီဝဲယာတစ်ချက်ကြည့်လိုက်ပြီး သူ့အပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူက မျက်မှောင်ပင်ကြုတ်လျက် မေးလိုက်သည် “မင်းတို့ကောင်တွေ ဝမ့်ရှန့်ရဲ့အရိပ်အယောင်ကို တွေ့မိသေးလား”
ကျုးလုံက ခေါင်းခါလိုက်သည် “ငါတို့ မတွေ့ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ဆယ်မိနစ်က သူ့ကို လူတချို့ မြင်ခဲ့တာကြောင့် သူက ကလပ်အိမ်ထဲမှာပဲ ရှိနေလောက်မယ်”
“သူ့ကို ဆက်ရှာကြ။ မင်းတို့တွေ မြေလှန်ရှာရမယ်ဆိုရင်တောင် ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းတို့ သူ့ကို တွေ့အောင် ရှာရမယ်”သွမ်မုလင်က လေးလံသောအသံနှင့် အမိန့်ပေးလိုက်သည်။
ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက ခေါင်းခါယမ်းလိုက်၏ “သူ့ကို ရှာဖို့ လိုမယ်လို့ ငါ မထင်ဘူး”
“မင်း ဘာဆိုလိုတာလဲ”သွမ်မုလင်က ခေါင်းရှုပ်သွားသည်။
သူမေးပြီးလျှင်ချင်း ပုံရိပ်နှစ်ခုက သူ့ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ယောက်က အနက်ရောင်ညဝတ်ရုံဝတ်ဆင်ထားပြီး ကြေးမျက်နှာဖုံးတပ်ထားသည့် ထန်အန်းဖြစ်ပြီး အခြားတစ်ယောက်က ဒဏ်ရာအပြင်းအထန်ရထားကာ စိတ်ဓာတ်ကျနေသောဝမ့်ရှန့်ဖြစ်၏။
“ဒါက…”
ဝမ့်ရှန့်မျက်နှာကို မြင်ပြီး သွမ်မုလင်က ဝမ်းသာပီတိဖြစ်သွားသည်။ သူက ထန်ရှုအား တကယ် လေးစားမိသည်။ ဤလူငယ်က အားကောင်းရုံသာမက မှင်တက်စရာကောင်းသောကျွမ်းကျင်မှုများရှိသည့်နောက်လိုက်တစ်ယောက်ပင် ရှိ၏။
လူ့စိတ်ကို သိရှိပုံရသည့်မျက်လုံးများနှင့်အတူ ထန်ရှုက ဝမ့်ရှန့်အရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာသည်။ သူက ထိုလူ၏ခန္ဓာကိုယ်ရှိ အရေးကြီးအမှတ်များအား ရိုက်နှိပ်ကာ အပြည့်အဝ ချိတ်ပိတ်လိုက်သည်။ ထို့နောက် သူက ရှေ့နှစ်လှမ်းတိုးကာ မေးလိုက်၏ “ခင်ဗျားက တရုတ်က အမှောင်လေအစည်းအရုံးရဲ့ခေါင်းဆောင်မလား”
တုံ့ပြန်သည့်အနေနှင့် ဝမ့်ရှန့်က ထန်ရှုက စိုက်သာ ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ် နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “မင်းက ငါ့ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းအခြေအနေကို မြင်နိုင်မယ်ထင်တယ်။ ငါ့ရဲ့အသက်အားအများစုက ကုန်ခန်းသွားပြီး၊ ငါက နောက်ထပ်မိနစ်အနည်းငယ်လောက်ပဲ ခံတော့မှာ။ မင်းလိုချင်တဲ့အဖြေကို ရဖို့ မင်းမှာ အခွင့်အရေးမရှိတော့မှာကို ငါ စိတ်ပူမိပါရဲ့”
“တကယ်လား”ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလိုက်သည် “ခင်ဗျားက အခြားသူတွေကို အဲလိုပြောလို့ အလုပ်ဖြစ်ချင်ဖြစ်နိုင်ပေမယ့် ကျုပ်အတွက်တော့ အသုံးမဝင်ဘူး။ ခင်ဗျားက တရုတ်က အမှောင်လေဂိုဏ်းခွဲရဲ့ခေါင်းဆောင်ပဲ၊ ဝမ့်ရှန့်။ ခင်ဗျားက ကျုပ်ရဲ့တည်ရှိမှုကို သိမှာပါ၊ ကျုပ်နဲ့ပတ်သက်တဲ့အသေးစိတ်အချိတ်အလက်တွေက ခင်ဗျားရဲ့စားပွဲဆီ ရောက်ရှိလောက်မှာပါ”
မျက်လုံးက အံ့အားသင့်မှုအပြည့်နှင့် ဝမ့်ရှန့်က ခေါင်းညိတ်လိုက်သည် “မင်း ပြောတာ မှန်တယ်။ မင်းနဲ့ပတ်သက်ပြီး သတင်းအချက်အလက်များစွာ ငါ ဖတ်ဖူးတယ်”
“ဒါဆိုရင် တရုတ်တိုင်းရင်ဆေးနဲ့ပတ်သက်ပြီး ကျုပ်ရဲ့အထောက်အထားကို မေ့နေတာလား”ထန်ရှုက ပြုံးကာ အစ်အောက်စစ်ဆေးကြည့်လိုက်သည်။
အမူအရာအနည်းငယ်ပြောင်းလဲသွားလျက် ဆိုးဝါးသောခံစားချက်တစ်ခုက ဝမ့်ရှန့်၏နှလုံးသာားထဲ၌ ပြည့်သွားပြီး သူက လေးလံသောအသံနှင့် မေးလိုက်သည် “မင်း ဘာဆိုလိုတာလဲ”
“ဟမ့်၊ ခင်ဗျား ခန့်မှန်းပြီးနေမှတော့ ဘာလို့မေးနေတာလဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ကျုပ်ရဲ့နောက်လိုက်က ခင်ဗျားကို ဒဏ်ရာအပြင်းအထန်ရသွားစေခဲ့ပေမယ့် ကျုပ်အမိန့်ကြောင့် သူက ခင်ဗျားကို ဘယ်တော့မှ သတ်မှာမဟုတ်ဘူး။ ထပ်ပြောရရရင် ခင်ဗျားရဲ့အသက်အားမြန်မြန်စိမ့်ထွက်နေတယ်ဆိုတာက သူမ သတိမပြုမိတဲ့အချိန်မှာ ခင်ဗျားက သက်သေဖို့ ကြိုးစားခဲ့လို့ပဲ။ ဒါပေမယ့် ကျုပ်က တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ယောက်ပါ။ ကျုပ်က ခင်ဗျားကို သေခွင့်မပေးသရွေ့ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သေမှာမဟုတ်ဘူး”
“ချီးလိုပဲ…”
ဝမ့်ရှန့်၏အမူအရာက ပြောင်းလဲသွားသည်။ သူ့အသက်အားကို ဖျက်ဆီးရန်အတွက် အထူးနည်းလမ်းတစ်ခုကို အသုံးပြုကာ သူက တကယ်ပဲ သက်သေရန် ကြိုးစားခဲ့သည်။ သို့သော် ထန်ရှု၏မှတ်ချက်က သူ့အား ကြောက်ရွံ့သွားစေ၏။ သူက သေရမည်ကို ဘယ်တော့မှ မကြောက်ပေ၊ အသက်ရှင်ခြင်းက သူ့အတွက် ပိုကြောက်စရာကောင်းသောကြောင့်ပင်။
ထန်ရှုက စောင်းငဲ့ကြည့်လျက် ဝမ့်ရှန့်ထံ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခု ထပ်မံပြုလုပ်လိုက်သည်။ “ဒါ့အပြင် ခင်ဗျားက ကျုပ်ရဲ့အထောက်အထားတွေနဲ့ ပတ်သက်ပြီး အချို့သိပေမယ့် ကျုပ်နဲ့ပတ်သက်ပြီး အများကြီးတော့ ခင်ဗျားမသိပါဘူး။ ကျင့်ကြံသူတစ်ယောက်ဆိုတဲ့ကျုပ်ရဲ့အထောက်အထားကို ခင်ဗျား မသိဘူးမလား။ ခင်ဗျားကို ကျုပ်ပြောပါရစေ။ ခင်ဗျားတို့အဖွဲ့က အဲဒီလူအိုကြီးဝေ့ကို ကျုပ် သတ်လိုက်ပြီ။ အားနည်းတဲ့ရွှေအမြုတေအဆင့်လောက်နဲ့ ဒင်းက ကျုပ်အရှေ့မှာ မောက်မာရဲတယ်။ သူက သေဖို့ ထိုက်တန်တယ်”
“ဒါ မဖြစ်နိုင်ဘူး”ဝမ်ရှန့်က ဒေါသတကြီးပြောလိုက်သည်။ ကြောက်ရွံ့မှုက သူ့မျက်နှာပေါ်တွင် သိသာနေလေ၏။
“မဖြစ်နိုင်ဘူးတဲ့လား။ ဟားဟားဟား…”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ခင်ဗျားတို့လိုပုရွက်ဆိတ်တွေက ကျုပ်ရဲ့နည်းလမ်းတွေကို ဖော်ထုတ်နိုင်မယ်လို့ ထင်တာလား။ ကျုပ် ခင်ဗျားကို ပြောနိုင်တဲ့အရာတစ်ခုရှိတယ်။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျုပ်မှာ ခင်ဗျားစိတ်မကူးနိုင်လောက်တဲ့နည်းလမ်းတွေအများကြီးရှိတယ်။ ခင်ဗျားရဲ့စိတ်ဝိညာဉ်ကို ရှာဖွေနိုင်တဲ့ စိတ်ဝိညာဉ်ရှာဖွေပညာရပ်လိုပေါ့။ ခင်ဗျားသေပြီး ငါးမိနစ်အတွင်း ခင်ဗျားရဲ့မှတ်ဉာဏ်ကို ရှာပြီး ကျုပ်လိုချင်တဲ့အဖြေကို ရနိုင်တယ်”
စိတ်ဝိညာဉ်ရှာဖွေပညာရပ်လား။
ဒါက ဒဏ္ဍာရီမှာ ဖော်ပြခဲ့တဲ့ အလွန်ရက်စက်တဲ့နည်းစနစ်တစ်ခုမဟုတ်လား။ နတ်ဆိုးတွေပဲ ကျွမ်းကျင်တဲ့လျှို့ဝှက်ပညာရပ်တစ်ခုမလား။ အိုး၊ ဘုရားသခင်…သူက အမှန်အတိုင်း ပြောနေတာဆိုရင် ငါ အခု သေသွားရင်တောင် အဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်တစ်ခုမှ ငါ မထိန်းထားနိုင်မှာကို ငါ စိတ်ပူတယ်။ ငါ့မှတ်ဉာဏ်ကို သူ စစ်ဆေးလိုက်တာနဲ့ အဖွဲ့အစည်းတစ်ခုလုံးကို အကြီးအကျယ် ထိခိုက်စေမှာပဲ…
“ငါ့ကို အခု သတ်လိုက်…”
ဝမ့်ရှန်က ရုတ်တရက် မော့ကြည့်ကာ ညကောင်ကင်သို့ အော်လိုက်သည်။
ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး ထန်အန်လည်း ရုတ်ချည်း ပျောက်ကွယ်သွားသည်ကို သူ သတိပြုမိလိုက်သည်။ သူက နတ်ဘုရားဓားအား ဿူ့ခန္ဓာကိုယ်မှ ချက်ချင်း ထုတ်လွှတ်လိုက်၏။ ထို့နောက် ကောင်းကင်အား ဖုံးလွှမ်းသည့်ဓားပုံရိပ်တစ်ခု ဖွဲ့စည်းသွားပြီး အပေါ်သို့ တက်သွား၏။ ထိုအချိန်တွင် နောက်ကျောတွင် ဂေါ်ပြားတစ်ခုနှင့် ရွှေရောင်မျက်နှာဖုံးတပ်ထားသည့် အနက်ရောင်ကုတ်အင်္ကျီဝတ်လူတစ်ယောက်က ဓားပုံရိပ်အလွှာများ၏အလယ်၌ ရုတ်တရက် ထွက်ပေါ်လာသည်။
ဝရော…
အေးစက်ပြင်းထန်သောစွမ်းအင်က ပတ်ဝန်းကျင်ရှိလူတိုင်းထံ ရုတ်တရက် တိုက်ခတ်သွား၏။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျွမ်းကျင်သူများနှင့်ယှဉ်နိုင်သည့်သူများပင် နောက်ဆုတ်ရန် ဖိအားပေးခံလိုက်ရသည်၊ အဆက်မပြတ် နောက်ဆုတ်ရင်း သူတို့က မွန်းကျပ်သလို ခံစားမိလာ၏။
ရွှေရောင်မျက်နှာဖုံးနှင့်ဆန်းကြယ်သောလူက လှိုင်းထန်သောပင်လယ်ပြင်ထဲရှိ အဖော်မဲ့လှေတစ်စင်းနှင့် တူသည်။ သူက ဓားဒီရေများအလယ်တွင် သွေးရူးသွေးတန်း ပျံသန်းရင်း သွေးတို့ ယိုစီးကျနေ၏။ ထို့နောက် ထက်ရှသောဓားပျံတစ်လက်အား ထန်ရှု၏ရင်ဘက်ထံ ပစ်ထုတ်လိုက်၏၊ ထန်ရှု၏ရင်ဘက်ပေါ်ရှိအဝတ်အစားများက ပေါက်ကွဲထွက်သွားသည်။ သို့သော် ဓားပျံက သူ့အရေပြားအား ထိုးဖောက်ရန် မတတ်နိုင်ဘဲ အရာဖျော့ဖျော့တစ်ခုသာ ချန်ရစ်၏။
“စိတ်ဝင်စားစရာပဲ…”
ထန်ရှုက ဆန်းကြယ်သောလူထံ နီးကပ်စွာ ပြေးလိုက်သည်။ ခဏကသာ သူက အမြန်မတုံ့ပြန်နိုင်ခဲ့လျှင် ထိုဓားပျံက သူ့ရင်ဘက်အစား ဝမ့်ရှန့်၏ဉီးခေါင်းအား ထိုးဖောက်သွားပေလိမ့်မည်။
ဒါက သက်သေအား နှုတ်ပိတ်သည့် အပြုအမူတစ်ခုပင်။ ဒီလိုရက်စက်မှုမျိုးက သူတို့ကိစ္စရပ်များအား ကိုင်တွယ်သော အမှောင်လေအဖွဲ့၏စတိုင်ပင်။ သို့သော် တစ်ဖက်လူ၏စိတ်ရှည်မှုက သူ၏လေးစားမှုကို ရရှိသည်။ ထိုလူက အဆုံးထိတိုင် စိတ်ရှည်ခဲ့ပြီး သူ ဝမ့်ရှန့်အား ပြောခဲ့သည်များအား ကြားလိုက်ရဖို့ များပေ၏။
“မဖြစ်နိုင်ဘူး…”
ဆန်းကြယ်သောလူ၏အသံက အလွန်ကွဲအက်နေသည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူများနှင့်ယှဉ်နိုင်သောသူ၏ကိုယ်ပိုင်စွမ်းအားအကြောင်း သူက ရှင်းရှင်းလင်းလင်းသိသည်။ ထိုဓားပျံအား ပစ်လွှတ်ရာ၌ သူက ခွန်အားကုန်အသုံးပြုခဲ့၏၊ သို့သော် ၎င်းက ထန်ရှု၏ရင်ဘက်ပေါ်တွင် သေးငယ်သောအရာတစ်ခုသာ ချန်ထားနိုင်ပြီး သူ့အရေပြားအား မထိုးဖောက်နိုင်ပေ။ ဒါက သူ၏စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်ပေသည်။
ထန်ရှုလက်ထဲရှိ နတ်ဘုရားဓားက လျှပ်စီးအလား ဆန်းကြယ်သောလူထံ ပြေးဝင်သွားပြီး သူ့အား စင်တီမီတာအနည်းငယ်ရှည်သာစိုးရိမ်ဖွယ်ရာဒဏ်ရာတစ်ခု လက်ဆောင်ပေးပေးလိုက်၏။ ထို့နောက် ထန်ရှုက သူ့အား နှာခေါင်းရှုံ့လိုက်သည် “ကျုပ်က ကျင့်ကြံသူတစ်ယောက်လို့ ပြောခဲ့တုန်းက မလိမ်ခဲ့ပါဘူး၊ ဒါပေမယ့် ကျုပ်ရဲ့အဓိကကျင့်ကြံခြင်းက အစစ်အမှန်အဆီအနှစ်ကို ကျင့်ကြံတာမဟုတ်ဘူး၊ နတ်ဆိုးနတ်ဘုရားရဲ့ခန္ဓာကိုယ်သန့်စင်ခြင်းကို ကျင့်ကြံတာပဲ။ ကျုပ်က ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်လို့ ပြောနိုင်တယ်။ ခင်ဗျားက ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို ရောက်ရှိပြီး နတ်ဘုရားလက်နက်တစ်ခုကို အသုံးပြုတာ မဟုတ်သရွေ့ ခင်ဗျားက ကျုပ်ကို ဘာဒဏ်ရာမှ ရစေနိုင်မှာမဟုတ်ဘူး”
ဝှစ်…
သူ့အသံက ပျောက်ကွယ်သွားပြီး ကြောက်ရွံ့သောအကြည့်တစ်ခုက ထိုလူ၏မျက်နှာပေါ်တွင် အရိပ်ထင်လာစဉ် နတ်ဘုရားက ထပ်မံရိုက်ခတ်သွားပြီး ထိုလူ၏ခန္ဓာကိုယ်အား တန်းကာ ခုတ်ပိုင်းလိုက်၏။
လေထဲရှိမြင်ကွင်းကို တွေ့မြင်ပြီး ဝမ့်ရှန့်က နာကျင်သောအကြည့်တစ်ခု ဖြစ်နေလေ၏။ အမှောင်လေအဖွဲ့ထဲရှိ အထူးအစီအစဉ်အချို့နှင့် ပတ်သက်၍ သူက ကောင်းကောင်းသိသည်။ တိုင်းပြည်တစ်ခုတွင် တာဝန်ပေးအပ်ခြင်းခံရသည့် ညွှန်ကြားရေးမှူးတိုင်းက သတင်းအချက်အလက်လုပ်ငန်းစဉ်တစ်ခုလုံးအတွက် တာဝန်ရှိသည်၊ သို့သော် အဆုံးသတ်သူ သို့မဟုတ် နှုတ်ပိတ်သူတစ်ယောက်အနေနှင့် တစ်စုံတစ်ယောက်လည်း စီစဉ်ထား၏။
သို့သော် သူ့အဖေက အမှောင်လေအဖွဲ့တည်ထောင်သူများထဲမှ တစ်ယောက်၊ အဖွဲ့အစည်းထဲရှိ ထိပ်ဆုံးသုံးယောက်ထဲမှတစ်ယောက်အနေနှင့် စကားပြောပိုင်ခွင့်အာဏာစွမ်းအားအား ချုပ်ကိုင်ထားသည်။ သူ့အား တရုတ်သို့ မလွှတ်ခင် သူ့အတွက် အဆုံးသတ်ပေးသူ မစီစဉ်ထားဟု သူ့အဖေက ကတိပေးခဲ့သည်။ သူ့အား ဘယ်တော့မှ သစ္စာမဖောက်မည်ကို ယုံကြည်ကြောင်း သူ့အဖေက ပြောခဲ့သည်။
အဖေက ဘယ်တော့မှ ဘယ်သူ့ကိုမှ မယုံကြည်ခဲ့ဘူးပဲ။ သူ့ရဲ့ကိုယ်ပိုင်သားကိုတောင်မှပေါ့လေ…
နှလုံးကွဲမတတ်နာကျင်မှုက သူ့အား ဝန်းရံလာသည်။ သူ့အဖေက ဤကမ္ဘာတွင် သူ အလေးစားဆုံးနှင့်အရိုအသေဆုံးလူတစ်ယောက်ပင်၊ သူ ဘယ်တော့မှသစ္စာမဖောက်မည့်တစ်စုံတစ်ယောက်ပင်။ ဒီမတိုင်ခင်တုန်းက အမှောင်လေအဖွဲ့၏လျှို့ဝှက်ချက်အား ထိန်းသိမ်းရန်အတွက် သူ့ကိုယ်သူအား သတ်သေရန်ပင် စိတ်ပိုင်းဖြတ်ထားခဲ့၏။
သို့သော် ယခု သူ မှားယွင်းခဲ့မှန်း သိလိုက်ရပေပြီ။
***