သစ္စာဖောက်သူတစ်ယောက်
Vol. 80 Ch. 1119
“ထန်ရှု”
သူ့စိတ်အခြေအနေက လျင်မြန်စွာ ပြောင်းလဲသွားလျက် ဝမ့်ရှန့်က ထန်ရှုအား မော့ကြည့်လိုက်သည်။ ပြတ်သားသောမျက်နှာအမူအရာနှင့် သူက နက်ရှိုင်းစွာ ပြောလိုက်သည် “မင်း သိချင်တာအားလုံး ငါ ပြောပြမယ်”
ထန်ရှုက အံ့အားသင့်သွားပြီး ထိုလူ၏မျက်နှာအား စေ့စေ့စပ်စပ်ကြည့်ရှုကာ မေးလိုက်သည် “စောစောက မင်းကို သတ်ချင်ခဲ့တဲ့လူသတ်သမားကြောင့်လား”
အေးစက်စက်အလင်းတစ်ခုက ဝမ့်ရှန့်၏မျက်လုံးများထဲတွင် လင်းလက်သွားလျက် သူက ခေါင်းညိတ်လိုက်သည် “မှန်တယ်။ ငါက အမှောင်လေရဲ့ထိပ်တန်းအလုပ်အမှုဆောင်တွေထဲကတစ်ယောက်ပဲ၊ ဒီနှစ်တွေမှာ အဖွဲ့အစည်းအတွက် အများကြီး စွမ်းဆောင်ပေးခဲ့တယ်။ ဒါပေမယ့် ငါ သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ အဆုံးသတ်သူက ငါ့ကို လာမကူညီတဲ့အပြင် ငါ့ကို သတ်ချင်ခဲ့တယ်။ ဒီလိုအဖွဲ့အစည်းတစ်ခုအတွက် ငါ့အနေနဲ့ ၎င်းရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ မထိုက်တန်ဘူး။ ပြီးတော့ ငါ့အဖေ…သူက သူ့ရဲ့သားကိုတောင် စွန့်ပစ်နိုင်တယ်၊ ဒီတော့…”
ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “မင်းအဖေလို့ ပြောလိုက်တာလား။ သူ ဘယ်သူလဲ”
“ဝမ့်ရှန်း၊ အမှောင်လေရဲ့တည်ထောင်သူသုံးယောက်ထဲကတစ်ယောက်”ဝမ့်ရှန့်က ပြန်ဖြေသည်။
ဖွင့်ဟချက်က ထန်ရှုအား အတော်လေးထိတ်လန့်တုန်လှုပ်သွားစေပြီး သူက အလားတူတုန်လှုပ်နေသောသွမ်မုလင်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ချက်ချင်း မေးလိုက်သည် “မင်းအဖေက အမှောင်လေအဖွဲ့ရဲ့တည်ထောင်သူလို့ မင်း ပြောခဲ့တာလား၊ သူ့သားအနေနှင့် မင်းက ဒီအဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်အများစုကို သိရမယ်လို့ ဆိုလိုတာမလား”
“ဒါ မှန်တယ်”ဝမ့်ရှန့်က ခေါင်းညိတ်ကာ ပြောလိုက်သည် ‘သူတို့နဲ့ပတ်သက်ပြီး ငါ သိတာတွေ အများကြီးရှိတယ်”
ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီး သိုလှောင်လက်စွပ်မှ သန့်စင်ကုသဆေးလုံးတစ်လုံးကို ယူထုတ်ကာ ဝမ့်ရှန့်၏ပါးစပ်ထဲသို့ လျင်မြန်စွာ ထည့်သွင်းပေးလိုက်၏ “ဒီဆေးလုံးက မင်းရဲ့အသက်ကို စိတ်ချဖို့ လုံလောက်တယ်။ ငါတို့ မင်းကို မသတ်ပါဘူး၊ ဒါပေမယ့် မင်း ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးရမယ်။ အမှောင်လေအဖွဲ့အစည်းက ငါ့အတွက်ရောတရုတ်အတွက်ရော ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုပဲ၊ ဒါကြောင့် ငါတို့က ဒီအဖွဲ့အစည်းကို ရှာဖွေဖော်ထုတ်ပြီး စောင့်ကြပ်ကာကွယ်ဖို့ လိုအပ်တယ်”
ဝမ့်ရှန့်က ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည် “သေတယ်ရှင်တယ်ဆိုတာက ငါ့အတွက် ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ သာမန်ဘဝနဲ့တောင် ငါ နေလို့မရတော့ဘူးလေ။ မင်းရဲ့နောက်လိုက်က တကယ်ကို ရက်စက်တယ်”
“မင်းရဲ့ရန်သူတွေကို ကြင်ကြင်နာနာနဲ့ ဆက်ဆံတာက မင်းကိုယ်မင်း ရက်စက်တာပဲ”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည် “မင်းက ငါနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ငါက မင်းရဲ့ခွန်အားကို အပြည့်အဝပြန်ရအောင် မလုပ်ပေးနိုင်ပေမယ့် မင်းရဲ့ဒဏ်ရာကို ကုသပေးနိုင်တယ်လို့တော့ အာမခံတယ်။ မင်းက သာမန်လူတစ်ယောက်လို အသက်ဆက်ရှင်နိုင်ပြီး မင်းရဲ့လက်ကျန်ဘဝကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်မှာပါ”
ဝမ့်ရှန့်က ထန်ရှုအား အချိန်အတော်ကြာ စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “မင်းနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ ငါ့မှာ ပြဿနာမရှိဘူး။ ဒါပေမယ့် ငါ မင်းကို မေးချင်တာ တစ်ခုရှိတယ်။ မင်း အဲဒါကို အလေးအနက်ဖြေပေးမယ်ဆိုရင် အမှောင်လေအဖွဲ့နဲ့ ပတ်သက်ပြီး ငါ သိသမျှအရာအားလုံး ပြောပြမယ်”
“မေးပါ”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
“မင်းက စိတ်ဝိညာဉ်ရှာဖွေခြင်းပညာရပ်ကို တတ်တယ်လို့ ပြောခဲ့တယ်နော်၊ ဒါဆို ဘာလို့ မင်း အဲဒါကို တိုက်ရိုက်ဖော်ထုတ်ပြီး ငါ့စိတ်ဝိညာဉ်ကို ရှာဖွေပြီး ငါ့မှတ်ဉာဏ်တွေကို မဖတ်တာလဲ”ဝမ့်ရှန့်က မေးလိုက်သည် “နောက် ငါ မင်းကို ပြောတဲ့အခါ ဘာတစ်ခုမှ မဖုံးကွယ်ဘူးလို့ ငါ အာမခံပါတယ်”
မေးခွန်းက ထန်ရှုအား ခဏစဉ်းစားမိသွားစေသည်။ ထို့နောက် သူက ခေါင်းခါယမ်းလိုက်၏ “စိတ်ဝိညာဉ်ရှာဖွေမန္တန်ကို အသုံးပြုတဲ့အခါမှာ အားနည်းချက်တစ်ခုရှိတယ်။ ငါ မင်းရဲ့မှတ်ဉာဏ်ကို မြင်နိုင်ပေမယ့် ငါ့ကိုယ်ငါလဲ သက်ရောက်စေလိမ့်မယ်။ တကယ်တော့ မင်းရဲ့အတိတ်အကြောင်းအရာတွေကို လေ့လာဖို့ ငါ့ရဲ့စိတ်ဝိညာဉ်အာရုံကို အသုံးပြုနေတာ။ ဒါ့အပြင် ငါ့မှာ အချိန်အများကြီးမရှိဘူး၊ ငါ့ရဲ့လက်ရှိခွန်အားက အားနည်းလွန်းနေသေးတယ်။ မင်းရဲ့မှတ်ဉာဏ်တွေအားလုံးကို အချိန်တိုအတွင်း စစ်ဆေးဖို့က မဖြစ်နိုင်ဘူး။ မင်းရဲ့မှတ်ဉာဏ်ကို အချိန်အကြာကြီး ဖတ်မယ်ဆိုရင်လဲ ငါက အချိန်တွေအများကြီး ဖြုန်းတီးသလိုဖြစ်လိမ့်မယ်”
“မင်း တစ်ခုလုံး ငါ့ကို မပြောရသေးဘူး”ဝမ့်ရှန့်က ခေါင်းခါယမ်းလိုက်သည်။
‘မင်းက အရမ်းဉာဏ်ကောင်းတယ်”ထန်ရှုက ချီးကျုးလိုက်သည် “ထပ်ပြောရရင် စိတ်ဝိညာဉ်ရှာဖွေမန္တန်ကို အသုံးပြုလိုက်တာနဲ့ မင်းရဲ့မှတ်ဉာဏ်က ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်။ ပြီးရင် မင်းက အသက်ရှင်ရင်တောင် အရူးတစ်ယောက်လို ပြောင်းသွားနိုင်တယ်။ ဒါ့အပြင် စိတ်ဝိညာဉ်ရှာဖွေပညာရပ်ကနေရတဲ့မှတ်ဉာဏ်တွေက အရမ်းဖရိုဖရဲရှိနေလိမ့်မယ်၊ ဒီတော့ အရေးကြီးတဲ့သတင်းအချက်အလက်များစွာ ဆုံးရှုံးဖို့ ဖြစ်စေလိမ့်မယ်”
ဝမ့်ရှန့်က ရှင်းပြချက်အား လျင်မြန်စွာ ဆုပ်ကိုင်မိသွားပြီး အားတင်းပြုံးလိုက်သည် “အရူးတစ်ယောက်ဖြစ်ရမှာထက်စာရင် သေရတာက ငါ့အတွက် ပိုကောင်းတယ်။ ဟုတ်ပြီလေ၊ ငါ မေးပြီးပြီဆိုတော့ မင်းမေးချင်တာ မေးလို့ရပြီ”
“အလျင်မလိုပါနဲ့”ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ဒီနေရာက ကိစ္စတွေက မပြီးသေးဘူး။ ဒါ့အပြင် ငါတို့က ပြောစရာအများကြီးရှိမှာ”
ထိုသို့ပြောပြီးနောက် သူက သွမ်မုလင်ထံ အကြည့်ပြောင်းကာ ပြောလိုက်သည် “စီနီယာသွမ်မုလင်၊ ဒီညဖြစ်ပျက်ခဲ့သမျှအရာအားလုံးက လျှို့ဝှက်ထားရမယ်၊ ပေါက်ကြားလို့မရဘူး။ ခင်ဗျားက ဘယ်သတင်းချန်နယ်ကိုမဆို ချိတ်ပိတ်သင့်တယ်၊ အနည်းဆုံးရက်အနည်းငယ်အတွင်း ဒီနေရာမှာ ဖြစ်ပျက်သမျှတွေက အပြင်လူတွေဆီ ပျံ့နှံ့သွားလို့မရဘူး”
“ငါ နားလည်ပါတယ်”သွမ်မုလင်က ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် တရုတ်က အမှောင်လေအဖွဲ့ဝင်စာရင်းကို ငါ လိုအပ်သေးတယ်”
“စာရင်းက ဖူးခန်းခရိုင်မှာ သိမ်းထားတယ်”ဝမ့်ရှန့်က ပြန်ဖြေသည်။
“ဒါဆို အခုပဲ ဖူးခန်းခရိုင်ကို ဉီးတည်သွားကြတာပေါ့”သွမ်မုလင်က ပြန်ဖြေသည်။
“ငါ အဲနေရာကို ထပ်မသွားချင်တော့ဘူး”ဝမ့်ရှန့်က ခေါင်းခါယမ်းလိုက်သည် “ဒါပေမယ့် စာရင်းကို ငါ့ဆီ ယူလာဖို့ တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်မယ်။ အဲဒီလူနဲ့ပတ်သက်ပြီး မင်း စိတ်ချပါ။သူက ငါ့ကို အကြွင်းမဲ့သစ္စာရှိတယ်၊ ဒါကြောင့် ဘာမတော်တဆတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူး”
“ထန်ရှု…”သွမ်မုလင်က ထန်ရှုဘက်လှည့်ကာ တုံ့ဆိုင်းနေခဲ့သည်။
ထန်ရှုက ဝမ့်ရှန့်၏အမူအရာအား ဂရုတစိုက် ကြည့်ရှုပြီးနောက် ခေါင်းညိတ်လိုက်သည် “ငါတို့ သူ့ကို ယုံကြည်နိုင်တယ်လို့ ငါ ထင်တယ်၊ စီနီယာသွမ်မု။ ကိုယ့်ရဲ့အနီးကပ်ဆုံးလူက သစ္စာဖောက်တာခံရတဲ့ခံစားချက်ကို ငါ သိတယ်။ ဒီလိုသစ္စာဖောက်မှုမျိုးက အရမ်းနာကျင်စေတယ်”
ထန်ရှုပြောတာ မှန်သည်ဟု သွမ်မုလင်လည်း ခံစားရသည်။ ထို့ကြောင့် သူက သူ့မိုဘိုင်းဖုန်းအား ယူထုတ်ကာ ဝမ့်ရှန့်ထံ ကမ်းပေးလိုက်သည်။ ထို့နောက် သူက ထိုလူဘေးနားတွင် အသင့်ရပ်လိုက်၏၊ ထိုလူပြောစကားများထဲတွင် တစ်ခုခုအမှားအယွင်းရှိလျှင် သူက ဖုန်းခေါ်ဆိုမှုအား ချက်ချင်း ရပ်တန့်နိုင်သည်။
“အဲလိုလုပ်မနိုင်ဘူး”ဝမ့်ရှန့်က ခေါင်းခါယမ်းလိုက်သည် “ထန်ရှုရဲ့နောက်လိုက်ကြောင့် ငါ့အရိုးတွေအားလုံး ကျိုးပဲ့ပျက်ဆီးနေပြီ။ ငါ့ရဲ့အတွင်းစွမ်းအင်ရဲ့ထောက်ပံ့မှုကြောင့် ငါ အရင်က ခုခံနိုင်သေးတာ။ ပြီးတော့ ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့် ငါ့ချီက အခု ပျောက်ကွယ်သွားနေပြီ။ လက်ရှိအချိန်မှာ ဖုန်းတစ်လုံးကိုင်ဖို့ မပြောနဲ့၊ စက္ကူတစ်စတောင် မနိုင်မယ်လို့ ငါ မထင်ဘူး”
ထန်ရှုက ဖုန်းယူထုတ်ကာ ပြောလိုက်သည် “ကောင်းပြီလေ၊ ငါ့ကို ဖုန်းနံပါတ်ပြောပါ၊ ငါ ခေါ်ပေးမယ်”
ဝမ့်ရှန့်က ထန်ရှုအား ဖုန်းနံပါတ်ပြောလိုက်သည်။ နံပါတ်နှိပ်ပြီးနောက် တစ်ဖက်မှ ဖုန်းကိုင်လိုက်ပြီး နက်ရှိုင်းသောအသံတစ်ခုက ထွက်ပေါ်လာသည် “ဘယ်သူလဲ”
“ငါပါ၊ အားလီ”ဝမ့်ရှန့်က ပြော၏ “ဌာနချုပ်က လျှို့ဝှက်ခန်းထဲကို ချက်ချင်းသွားပါ။ အတွင်းအကျဆုံးထောင့်မှာ ဂဏန်းတွဲသော့ခလောက်တစ်ခုပါတဲ့သေတ္တာတစ်လုံးရှိတယ်၊ အဲမှာ တရုတ်က အမှောင်လေအဖွဲ့ဝင်တွေရဲ့စာရင်းကို သိမ်းထားတယ်။ အဲဒါကို ယူပြီး မင်းကိုယ်တိုင် လျန်ကန်းမြို့ကို လာခဲ့။ ငါ အခု အဲဒါကို အမြန်လိုအပ်တယ်”
“နားလည်ပါပြီ”တစ်ဖက်လူက ရိုသေလေးစားစွာ ပြန်ဖြေသည်။
ဝမ့်ရှန့်က ထန်ရှုအား ခေါင်းညိတ်ပြလိုက်သည်။ ဖုန်းချသည်ကို မြင်ပြီးနောက် သူက ပြော၏ “မင်းတို့ကောင်တွေ ငါ့ကို စောင့်ကြပ်ဖို့ လိုမယ်လို့ ငါ မထင်ဘူး။ ငါက မင်းတို့ကို လှည့်စားချင်တယ်ဆိုရင် စောစောက ဖုန်းကို ခေါ်လိုက်မှာ မဟုတ်ဘူး”
‘မင်းပြောတာမှန်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါဆို အထဲကို သွားကြတာပေါ့။ မင်း ငါတို့ကို အားလုံးအမှန်အတိုင်း ပြောပြဖို့ ငါ မျှော်လင့်တယ်”
“ငါက အခု အမှောင်လေအဖွဲ့ရဲ့သစ္စာဖောက်တစ်ယောက်ပဲ၊ သူတို့က သစ္စာဖောက်တွေကို အမြဲတမ်း ရက်ရက်စက်စက် ဆက်ဆံကြတယ်”ဝမ့်ရှန့်က ခါးသီးစွာ ပြောလိုက်သည် “မင်းတို့က အမှောင်လေအဖွဲ့အစည်းတစ်ခုလုံးကို တကယ် သုတ်သင်နိုင်မယ်ဆိုရင် ငါ ပျော်ရမှာပါ”
“အမှာင်လေက အလွန်ကြောက်စရာကောင်းတဲ့ခွန်အားရှိတဲ့အဖွဲ့တစ်ခုပဲ။ ကမ္ဘာရဲ့ထောင့်တိုင်းမှာရှိတဲ့သူတို့သတင်းပေးတွေအရ သူတို့ကို အပြည့်အဝဖျက်ဆီးဖို့က မဖြစ်နိုင်ဘူး။ မင်းရဲ့မျှော်လင့်ချက်က မြင့်မားလွန်းတယ်။ ဒါပေမယ့် တရုတ်ရဲ့အထူးစွမ်းရည်ဗျူရိုက မင်းအတွက် ကာကွယ်ရေးပရိုဂရမ်တစ်ခုလုပ်ပေးမယ်လို့ ငါ အာမခံတယ်။ အနည်းဆုံး နောက်နှစ်အနည်းငယ်အထိ မင်းရဲ့ဘေးကင်းမှုကို စိတ်ချစေရမယ်”
ဝမ့်ရှန့်က ခေါင်းညိတ်လျက်သာ တုံ့ပြန်သည်။
ခဏကြာပြီးနောက် ထန်ရှုနှင့်သွမ်မုလင်က ဝမ့်ရှန့်နှင့်အတူ စည်းဝေးခန်းငယ်တစ်ခုသို့ ရောက်လာသည်၊ သူတို့နောက်မှ ချန်ကျီကျုံးနှင့်ကျူးလုံတို့က လိုက်ပါလာ၏။
အချိန်အတော်ကြာသည့်အထိ လူတိုင်းက ထိုအခန်း၌ ရှိနေခဲ့သည်။ ထန်ရှုနှင်သွမ်မုလင်တို့က ထိုစည်းဝေးခန်းမှ အတူတူထွက်လာချိန်တွင် သူတို့၏အမူအရာက အနည်းငယ် အရုပ်ဆိုးနေသည်၊ အထူးသဖြင့် ရှေ့လူပင်။ ထန်ရှုက ဝမ်ဖန်းထံမှ သူ ဘယ်တော့မှမမျှော်လင့်ထားသည့်အရာတစ်ခု ကြားလိုက်ရ၏၊ အမှောင်လေအဖွဲ့၏ထိပ်ဆုံးခေါင်းဆောင်သုံးယောက်ထဲမှတစ်ယောက်က ဒိုလန်အိမ်တော်ခေါင်းဆောင်၊ အိန်ဂျယ်လိုဒိုလန်၏အဖေဖြစ်နေခြင်းပင်။
ဒီလိုဆိုလျှင် သူက ဒိုလန်အိမ်တော်အား ဖယ်ရှားချင်လျှင် အမှောင်လေအဖွဲ့အားလည်း ဖျက်ဆီးရမည်ဟု ဆိုလိုသည်။ ဒီရန်သူနှစ်ဖွဲ့လုံးက ပူးပေါင်းလာခဲ့လျှင် ထန်ဂိုဏ်းက ထိုဒုက္ခများအား ဖယ်ရှားနိုင်မည်ဆိုလျှင်ပင် ကြီးမားသောဆုံးရှုံးမှုတစ်ခုအား ခံစားရမည်မှာ ရှောင်လွှဲလို့မရပေ။
“ငါတို့မှာ အချိန်အများကြီးမရှိတော့ဘူး”
ထန်ရှုက ရွှေကမ်းခြေကလပ်ဂိတ်ပေါက်ရှိရာ ဉီးတည်ဘက်အား ကြည့်ကာ ရေရွတ်လိုက်သည်။
သွမ်မုလင်က ခေါင်းညိတ်လိုက်သည် “မင်း ပြောတာ မှန်တယ်။ အခုက ငါတို့ ထွက်ခွာသွားဖို့ အချိန်ပဲ။ ထန်ရှု၊ ဝမ့်ရှန့်ရဲ့ဝန်ခံချက်အပေါ် မင်း ဘယ်လိုထင်လဲ။ ဘယ်လောက်ထိ ယုံကြည်ရလဲ၊ ဘယ်လောက်ထိ မမှန်ဘူးလဲ”
“အလိမ်တွေကနေ အမှန်တရားကို ခွဲခြားဆုံးဖြတ်နိုင်တဲ့စွမ်းရည် ကျုပ်ဆီမှာရှိတယ်”ထန်ရှုက ပြော၏ “ဒါပေမယ့် အနည်းဆုံးရှစ်ဆယ်ရာခိုင်နှုန်းလောက်က အမှန်ပဲ။ အခြားတစ်ဖက်ကနေကြည့်ရင် သူက ငါတို့ရဲ့လက်ကို သုံးပြီး အမှောင်လေအဖွဲ့ကို သင်ခန်းစာတစ်ခုပေးချင်တဲ့အတွက် အကုန်လုံးကို အမှန်ဖြစ်ဖို့များတယ်”
သွမ်မုလင်က သူ့ထင်မြင်ချက်အား မပေးဘဲ ထန်ရှုနှင့်ဘေးချင်းယှဉ်လျက် အပြင်ဘက်သို့ လျှောက်လာသည်၊ ထိုတွင် ကျင်းရှီက အဝေးမှ အပြေးတစ်ပိုင်းရောက်လာ၏။
“တစ်ယောက်ယောက်ရောက်လာပြီး ဝမ့်ရှန့်ကို တွေ့ချင်တယ်လို့ ပြောတယ်၊ ဂိုဏ်းချုပ်”ကျင်းရှီက လေးစားစွာ တင်ပြ၏ “သူက ဖူးခန်းခရိုင်ကလာတာလို့ သူ ပြောတယ်”
ထန်ရှုက ပြန်မဖြေသေးခင် သွမ်မုလင်က အလျင်စလို မေးလိုက်သည် “ဒီလူက ဘယ်မှာလဲ”
“အရှေ့က ရေကန်အနီးမှာ”ကျင်းရှီက ပြန်ဖြေ၏။
သတိထားသောအကြည့်တစ်ခုနှင့် တောင့်တင်းသန်မာသောလူတစ်ယောက်အား သူတို့က လျင်မြန်စွာ မြင်လိုက်ရသည်။ ထန်ရှုက သူ့အား ပေါ့ပေါ့ပါးပါးနှင့် နှုတ်ဆက်လျက် ဆိုလိုက်သည် “မင်း အဲဒါကို ယူလာခဲ့လား”
“မင်းတို့က ဘယ်သူလဲ”တောင့်တင်းသန်မာသောလူက အေးစက်စွာနှင့် ပြန်မေးသည် “ငါ့သူဌေးဘယ်မှာလဲ”
“မင်းရဲ့သူဌေးက ဝမ့်ရှန့်မလား။ သူ အခု ဒဏ်ရာရလို့ ကုသနေတယ်”ထန်ရှုက ပြန်ပြောလိုက်သည် “ငါ့ကို မင်းယူလာတဲ့စာရင်းကို ပေးပါ၊ ငါ မင်းကို ဝမ့်ရှန့်ဆီ တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်မယ်”
ထိုလူ၏မျက်နှာက ပိုအေးစက်သွားပြီး သူက ပြန်ဖြေ၏ “ငါ မင်းကို ဒီစာရင်း လုံးဝမပေးနိုင်ဘူး၊ ငါ သူဌေးကို မြင်မှ ရမယ်။ မဟုတ်ရင် ဒီဂဏန်းတွဲသော့ခလောက်သေတ္တာရဲ့ဖျက်ဆီးရေးယန္တရားကို အသက်သွင်းပြီး အထဲက အချက်အလက်တွေအားလုံးကို ငါ ဖျက်ဆီးပစ်လိုက်မယ်”
“အိုး၊ ကျင်းရှီ၊ ဝမ့်ရှန့်ကို သွားခေါ်လာခဲ့လိုက်”ထန်ရှုက အေးစက်စွာ နှာခေါင်းရှုံ့လျက် အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ”ကျင်းရှီက ပြန်ဖြေကာ စည်းဝေးခန်းသို့ လျင်မြန်စွာ ပြေးသွား၏။
***