အင်တာနက်မှတစ်ဆင့် တစ်ယောက်ယောက်က ရှာဖွေခြင်း
Vol. 80 Ch. 1120
အရှေ့အရပ်မှ ပထမဆုံးနေလုံးကြီးမြင့်တက်လာချိန်တွင် ထန်ရှုက ရှန်းဟိုင်သို့ တစ်ယောက်တည်း ပြန်ရောက်လာခဲ့ပြီး ကျင်းရှီ၊ ထန်အန်းနှင့် ထန်ဂိုဏ်းမှ ကျွမ်းကျင်သူများက သတင်းအချက်အလက်ကွန်ရက်တည်ဆောက်ရန်အတွက် လျန်ကန်းမြို့မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့၏။
ကြယ်ပြာအိမ်ရာတွင်။
ထန်ရှုက ပြန်ရောက်လျှင်ချင်း မုဝမ်ရင်က ဖုန်းခေါ်လာသည်။ များမကြာမီ သူမက သူ့ထံ စာတစ်စောင်ပို့လိုက်၏။
“သူမ ထွက်သွားပြီ၊ ဒါပေမယ့် သူမ ဘယ်နေရာကို ဉီးတည်နေသလဲဆိုတာတော့ မပြောခဲ့ဘူး။ သူမက ဒါကို ရှင့်ဆီ ပေးခိုင်းခဲ့တယ်”မုဝမ်ရင်က လွယ်အိတ်ဖွင့်ကာ လှပစွာရစ်ပတ်ထားသောလက်ဆောင်သေတ္တာတစ်ခုအား ထုတ်ယူလိုက်သည်။
ရှုပ်ထွေးသောအကြည့်တစ်ခုနှင့် ထန်ရှုက သူ့ထံ ကမ်းပေးလာသည့်လက်ဆောင်သေတ္တာအား ကြည့်ရုံသာ ကြည့်လိုက်သည်။ ခဏနှုတ်ဆိတ်သွားပြီးနောက် သူက သေတ္တာအား သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်၏။
‘အရာအားလုံးကို အတိတ်မှာပဲ မြှုပ်နှံခဲ့ပြီးပြီ၊ တွယ်ငြိနေစရာမလိုတော့ဘူးလို့ ငါ ထင်တယ်။ သူမက ထွက်သွားပြီး သူမရဲ့ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ ပျောက်ကွယ်သွားဖို့ ရွေးချယ်ခဲ့မှတော့ ဒါက အကောင်းဆုံးအဆုံးသတ်ပဲ ဖြစ်မှာပါ”
မုဝမ်ရင်ကသာ အံအားသင့်သွားလေ၏ “ရှင် တစ်ချက်ကလေးတောင် ဖွင့်မကြည့်တော့ဘူးလား”
“လိုလို့လား”ထန်ရှုက တည်ငြိမ်စွာနှင့် မေးလိုက်သည်။
မုဝမ်ရင်က နှုတ်ဆိတ်သွားသည်။ ထန်ရှုနှင့်ဟန်ကျင်းဝူကြားတွင် မရှင်းလင်းသောဆက်ဆံရေးတစ်ခုရှိသည်ဟု သူမက ခံစားမိ၏။ ဟန်ကျင်းဝူက တစ်ချိန်က ထန်ရှုအား နာကျင်အောင် ပြုလုပ်ခဲ့သည့်အမျိုးသမီးတစ်ယောက်ဟုပင် တွေးမိသည်။ သို့သော် ထန်ရှုက ဟန်ကျင်းဝူနှင့် ပတ်သက်ပြီး ဘာမှ မပြောချင်မှတော့ သူမက သူမ၏သိလိုစိတ်ကိုသာ ဖိနှိပ်လိုက်သည်။ ထို့နောက် သူမက ခေါင်းစဉ်ပြောင်းလိုက်၏ “ဒါနဲ့ ရှင် တစ်ခုခုကို သတိပြုမိပြီးပြီလား။ အင်တာနက်ပေါ်မှာ သတင်းတစ်ခုရှိတယ်၊ ပိုင်ဟဲစီရင်စုကလူနာတစ်ယောက်က ကြယ်တာရာမြို့ကနေ ရှန်းဟိုင်ကို ခေါက်တုံ့ခေါက်ပြန်သွားလာနေတယ်တဲ့။ ထိုလူက တစ်ယောက်ယောက်ရဲ့ရောဂါကို ကုသပေးဖို့ ရှင့်ကို ရှာတွေ့ဖို့ မျှော်လင့်နေတယ်။ သူမက အခုထိ ရှင့်ကို ရှာမတွေ့သေးဘူး၊ ဒါကြောင့် အင်တာနက်ကနေတစ်ဆင့် ရှင့်ကို ရှာနေတာ”
ထန်ရှုက အနည်းငယ်မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်လိုက်သည် “ငါ့က ဆေးကုသမှုကို ရပ်ထားမှတော့ ငါ့ကို ရှာတွေ့ဖို့က ဘယ်လွယ်ပါ့မလဲ။ ပြီးတော့ ငါက အစကတည်းက တရုတ်တိုင်းရင်းဆေးဆရာတစ်ယောက်မဟုတ်ဘူးလေ၊ ဒါကြောင့် လူနာတွေနဲ့ ဆုံတွေ့ဖို့ ကံကြမ္မာသတ်မှတ်ထားရင်သာ ငါ သူတို့ကို ကုသပေးတာ။ ငါက သူတို့နဲ့ တိုက်ရိုက်တွေ့ရင် မကုသဘဲ ဒီအတိုင်းထိုင်ကြည့်နေမှာတော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့် ထိုလူက ငါ့ကို အင်တာနက်ကနေ ရှာရုံလောက်နဲ့ ပိုင်ဟဲစီရင်စုကို မသွားနိုင်ဘူး”
“ကျွန်မ သိတယ်”မုဝမ်ရင်က ခေါင်းညိတ်လိုက်သည် “ယနေ့ခေတ်မှာ ကုသမှုကို လိုအပ်နေတဲ့လူနာတွေအများကြီးရှိတယ်။ အယောက်စီတိုင်းက ရှင့်ကို အင်တာနက်ကနေ ရှာပြီး သူတို့ဆီ လာလည်ဖို့ ဖိအားပေးခဲ့ရင် ရှင်က မောပန်းလွန်းပြီး သေသွားရမှာ။ ဒါပေမယ့် ကျွန်မ တစ်ခုခုတော့ သိချင်တယ်။ ထိုလူက ပြောတယ်၊ ရှင်က သူမရဲ့အမေကို ကုသပေးနိုင်ရင် ရှင့်အတွက် အလွန်တန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုရှိတယ်တဲ့။ အဲဒါက ဘယ်လက်ဆောင်လဲဆိုတာ ကျွန်မ တကယ်သိချင်တယ်”
လက်ဆောင်တစ်ခုလား။
“ကမ္ဘာကြီးက တန်ဖိုးရှိတဲ့ရတနာတွေနဲ့ ပြည့်နေတာ။ မင်းက သူတို့ကို ရနိုင်ရင်တော့ ကောင်းတာပေါ့၊ မင်း မရရင်လဲ ဖိအားပေးစရာမလိုပါဘူး”ထန်ရှုက ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
“ကောင်းပါပြီ၊ ရှင်က ဒီကိစ္စကို စိတ်မဝင်စားမှတော့ ထားလိုက်တော့”မုဝမ်ရင်က ရယ်ကာ ပြော၏ “ဒီတော့ ခေါင်းစဉ်ပြောင်းလိုက်ကြတာပေါ့။ ဒါဆို ရှင် နောက်ထပ်ဘာလုပ်မှာလဲ။ ရှင် နဂါးကိုးကောင်ကျွန်းကို ပြန်သွားမှာလား”
ငါ နောက်ထပ်ဘာလုပ်မှာလဲ။
ရှုပ်ထွေးမှုက သူ့အား ရုတ်တရက် ရိုက်ခတ်လာသည်။ ယခင်ကဆိုလျှင် သူ့အား တစ်ခုခုက အမြဲတမ်းတွန်းပို့နေသည်ဟု ခံစားခဲ့မိ၏။ သို့သော် ယခု နောက်ထပ် ဘာလုပ်ရမလဲ သူ မသိတော့ပေ။
နဂါးကိုးကောင်ကျွန်းကို ပြန်မှာလား။
ထိုနေရာရှိ အရာအားလုံးအား အထိုင်ချထားပြီးပြီဖြစ်သောကြောင့် သူက ထိုနေရာတွင်နေမနေ ကိစ္စမရှိပေ။ ခန်ရှက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအား စီမံခန့်ခွဲနေပြီး သူက ပါဝင်စရာမလိုတော့ပေ၊ ထို့ပြင် အခြားသူများကလည်း အခြားအသေးအဖွဲ့ကိစ္စများအား ဖြေရှင်းနေသည်။ ရုတ်တရက် သူက အလောတကြီး ဘာမှလုပ်စရာမရှိသည်ကို သိလိုက်ရ၏။
ထန်ရှု၏အမူအရာကို မြင်ပြီး ထန်ရှုက အချိန်အချို့အားလပ်နေသည်ကို မုဝမ်ရင်က သဘောပေါက်သွားပြီး သူမက ပြုံးကာ ပြောလိုက်သည် “ဟုတ်ပြီလေ၊ ရှင့်မှာ အရေးတကြီးလုပ်စရာမရှိမှတော့ ရှန်းဟိုင်မှာပဲ နေနေပေါ့။ ပြီးတော့ ကျွန်မတို့က ခွဲနေရတာ အတော်ကြာပြီးလေ၊ ဒါကြောင့် ကျွန်မနဲ့ပဲ နေပါ”
ထန်ရှုက ခဏစဉ်းစားလိုက်ပြီးနောက် ပြုံးကာ ခေါင်းညိတ်လိုက်သည် “ကောင်းပါပြီ၊ လောလောဆယ် ငါ ရှန်းဟိုင်မှာပဲ နေအုံးမယ်။ ဒါနဲ့ ဟုတ်တယ်။ မင်းရဲ့ကြော်ငြာအေဂျင်စီကရော ဘယ်လိုလဲ”
“လုပ်ငန်းက အရမ်းကောင်းတယ်။ ရှင့်ကြောင့် ကျွန်မတို့က ဖောက်သည်တွေ၊ အော်ဒါတွေ ရခဲ့တယ်”မုဝမ်ရင်က တခစ်ခစ်ရယ်ကာ ပြော၏ “ရှင်သိလား၊ အဲကတည်းက အဲဒီသူဌေးကြီးတွေက ကျွန်မကို အခြားစီးပွားရေးလုပ်ငန်းတွေနဲ့ မိတ်ဆက်ပေးနေခဲ့တာ။ လူတော်တော်များက ကျွန်မတို့ရဲ့ဆက်ဆံရေးကို ကြားမိပုံပဲ၊ အခြားစီရင်စုကကုမ္ပဏီကြီးအချို့ကတောင် ပူးပေါင်းဖို့အတွက် ကျွန်မရဲ့ကုမ္ပဏီကို လာနေခဲ့ကြတယ်”
“ဒါဆို အဲကတည်းက မင်းက အရမ်းအလုပ်များနေမှာပေါ့”ထန်ရှုက မေးလိုက်သည်။
“အဲလိုတော့ မဖြစ်ပါဘူး”မုဝမ်ရင်က ခေါင်းခါယမ်းလိုက်သည် “အဲဒါက ကျွန်မကို အလုပ်မအားလပ်ဖြစ်စေခဲ့ပေမယ့် ကျွန်မက ရွှေမန်နေဂျာတစ်ယောက်ကို ရှာတွေ့ခဲ့တယ်လေ။ သူ့ရဲ့ဂုဏ်သတင်းက ခန်းရှထက် နိမ့်ကျပေမယ့် သူက ကြော်ငြာလောကမှာ ကျော်ကြားတဲ့ပုံရိပ်တစ်ခုပဲ၊ ဒါကြောင့် သူက ကုမ္ပဏီရဲ့အထွေထွေကိစ္စတွေကို ကိုင်တွယ်ပေးနေတယ်လေ။ ဒါကြောင့် အရေးကြီးကိစ္စတစ်ခုမရှိရင် ကျွန်မမှာ လုပ်စရာအများကြီးမရှိဘူး”
“သူက ယုံကြည်စိတ်ချရလား”ထန်ရှုက အံ့အားသင့်သွားသည်။
“စိတ်ချရတာပေါ့။ ငါတို့က တက္ကသိုလ်အတူတူပဲလေ၊ သူ့ဇနီးနဲ့ငါက ညီအမကောင်းတွေလို့ ပြောလို့ရတယ်၊ ပြီးတော့ သူက ယုံကြည်လို့ရတဲ့လူတစ်ယောက်ဆိုတာကိုလဲ ငါ သိတယ်။ ပြီးတော့ ငါက ကုမ္ပဏီရဲ့ငွေရေးကြေးရေးကဏ္ဍကို သေချာဂရုစိုက်ထားတယ်လေ၊ ဒါကြောင့် ဘာပြဿနာမှ မရှိပါဘူး”မုဝမ်ရင်က ပြုံးကာ ရှင်းပြလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆို မင်းက အလုပ်မရှုပ်နေမှတော့ မင်းရဲ့အချိန်တွေကို ကျင်ကြံခြင်းမှာ အာရုံစိုက်ပါ”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “အာ၊ ဒီတော့မှ ငါ တစ်ခုခုကို ရုတ်တရက် သတိရလာတယ်။ နောက်ကျရင် ငါ ပေကျင်းကို အချိန်ခဏလောက် သွားရမယ်။ မင်းငါနဲ့လိုက်ချင်ရင် လိုက်ခဲ့လေ”
“ဘာအတွက်လဲ”မုဝမ်ရင်က သိလိုစိတ်နှင့် မေးလိုက်သည်။
“ငါက ကျင့်ကြံသူတစ်ယောက်ပါ။ ငါ လုပ်နိုင်မှတော့ ငါ့မိသားစုဝင်တွေကို ပိုသန်မာစေချင်တာပေါ့”
“ရှင်က ထန်ကလန်သားတွေကို ကျင့်ကြံခြင်းပညာရပ်တွေ သင်ပေးချင်တာလား”မုဝမ်ရင်က အံ့အားသင့်သွားသည်။
“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ငါက ထန်မိသားစုက ဆယ်စုနှစ်တစ်ခုနှစ်ခုလောက် ကာကွယ်နိုင်ပေမယ့် အမြဲတမ်းတော့ မကာကွယ်နိုင်ဘူးလေ။ မင်းရဲ့ကလန်ကို အမြဲတမ်း အမြင့်မှာ ရပ်တည်စေချင်ရင် မင်းတို့မှာ ထူးချွန်တဲ့ပါရမီရှင်မျိုးဆက်တစ်ခုရှိရမယ်လေ။ ပြီးတော့ မင်းလဲ မင်းရဲ့မိသားစုကို ပိုသန်မာအောင် လုပ်သင့်တယ်။ မင်း လိုချင်ရင် ငါ မင်းကို ကျင့်ကြံခြင်းပညာရပ်တစ်စုံပေးမယ်၊ ပြီးရင် ဘယ်သူ့ကို သင်ကြားပေးရမလဲဆိုတာ မင်း ဆုံးဖြတ်နိုင်တယ်”
မုဝမ်ရင်က ခဏစဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည် “လက်ရှိအချိန်မှာ အဲဒါက အဆင်ပြေမှာမဟုတ်ဘူး”
“ဘာလို့လဲ”ထန်ရှုက သိလိုစိတ်နှင့် မေးလိုက်သည်။
“အဲဒီကျင့်ကြံခြင်းပညာရပ်က ရှင့်ဟာပဲ၊ ရှင့်ကလန်သားတွေပဲ အဆင့်တစ်ခုရောက်တဲ့အထိ အဆင့်တစ်ခုရောက်တဲ့အထိ အရင်ကျင့်ကြံစေပါ”မုဝမ်ရင်က ရှင်းပြလိုက်သည် “ပြီးမှာ ကျွန်မ မုတွေကို သင်ကြားပေးမယ်၊ ဒါပေမယ့် လက်တစ်ဆုပ်စာလောက်ပါပဲ။ အဖိုးက မိသားစုတစ်ခုလုံးကို ထိန်းသိမ်းထားပေမယ့် အချိန်တွေလဲ ကြာပြီးဆိုတော့ ကောင်းမွန်တဲ့နေ့ရက်တွေက မရှိတော့ဘူး၊ လူအချို့ရဲ့စိတ်တွေက မသန့်ရှင်းတော့ဘူး။ ကျန်တာတွေနဲ့ ပတ်သက်ပြီး ပတ်သက်ပြီး ကျွန်မ မပြောတော့ဘူး၊ ကျွန်မအဖေကတောင် …ရှင် မြင်နိုင်ပါတယ်လေ”
ထန်ရှုက သူမအား စာနာသောအကြည့်နှင့် ကြည့်လိုက်သည်။ ထန်အိမ်က ရှန်းဟိုင်နှင့်ပေကျင်းရှိ လူမှုအသိုင်းအဝိုင်းမုန်တိုင်းများအား ဂရုစိုက်နေရသည်မှာ ဆိုးဝါးသောအရာတစ်ခုမဟုတ်မှန်း အခုမှ သူ သဘောပေါက်လာသည်။ ယောင်အိမ်၏ဖိနှိပ်မှုနှင့်အခြားမိသားစုများမှပစ်မှတ်ထားခြင်းမရှိလျှင် ထန်များက ယခုလို တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေလိမ့်မည်မဟုတ်။ သူတို့လည်း မကြာခင်သို့မဟုတ် နောက်ကျလျှင် မုအိမ်ကဲ့သို့ အဆုံးသတ်သွားနိုင်သည်။
“မင်းက ဉာဏ်ကောင်းတဲလူတစ်ယောက်ပဲ။ ဘာက လုပ်နိုင်တယ်၊ ဘာက မလုပ်နိုင်ဘူးဆိုတာ သိပြီးသားဖြစ်မှာပါလေ”
မုဝမ်ရင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်၊ ထို့နောက် သူမက ရုတ်တရက် ပြောလိုက်သည် “ဒါနဲ့ ရှင်က ရှန်းဟိုင်မှာ ရက်အနည်းငယ်နေအုံးမှာဆိုတော့ ရှင့်ကို ရှာနေတဲ့လူနာကို ဆက်သွယ်ကြည့်ပါလား။ သူတို့က ရှန်းဟိုင်ကို လာဖို့ ဆန္ဒရှိရင် လူနာကို ကြည့်ပေးလိုက်ပေါ့”
ထန်ရှုက ခဏစဉ်းစားလိုက်ပြီး သူမ၏အကြောင်းပြချက်က ကောင်းမွန်သည်ဟု ခံစားမိကာ သူက ပြုံးလျက် ပြောလိုက်သည် “ကောင်းပြီလေ၊ တစ်ဖက်လူရဲ့ဆက်သွယ်ရမယ့်အချက်အလက်ကို ရှာလိုက်ပါ။ ငါကိုယ်တိုင် သူတို့ကို ဖုန်းခေါ်ပြောလိုက်မယ်”
“ကောင်းပါပြီ”
သူက ဖုန်းထုတ်ကာ အင်တာနက်ပေါ်တွင် ထိုပို့စ်အား ရှာလိုက်သည်၊ ထို့နောက် ထိုလူချန်ထားသောဖုန်းနံပါတ်အား ထန်ရှုထံ ခေါ်ပေးလိုက်၏။
“ဟယ်လို၊ ကျွန်မက လီချိုက်ပါ။ အခု ဖုန်းပြောနေတာ ဘယ်သူလဲဆိုတာ သိလို့ရမလားရှင့်”ကျွတ်ဆတ်ဆတ်အသံတစ်ခုအား ဖုန်းမှ ကြားလိုက်ရသည်။
“ငါက ထန်ရှုပါ။ မင်းက ငါ့ကို အင်တာနက်ပေါ်မှာ ရှာနေတာမလား”ထန်ရှုက ပြန်ဖြေသည်။
“…”
တစ်ဖက်လူက စက္ကန့်အနည်းငယ် နှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည် “ရှင်က တကယ်ပဲ နတ်ဆေးဆရာထန်လား။ ရှင့်ရဲ့အထောက်အထားကို သက်သေပြနိုင်မလား။ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ။ မကြာသေးမီက ကျွန်မဆီ ဖုန်းတွေ အများကြီး ခေါ်လာကြတယ်။ အချို့က စာနာသနားပြီး ကျွန်မအမေရဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးဖို့ ဖုန်းခေါ်လာကြပေမယ့် အချို့က နတ်ဆေးဆရာထန်ဟန်ဆောင်ပြီး ကျွန်မအမေရဲ့အသက်ကို ပိုဆိုးအောင် လုပ်နေခဲ့ကြတယ်”
“ဒါဆို ငါတို့ video call ခေါ်ကြရင် ဘယ်လိုလဲ”ခဏစဉ်းစားပြီးနောက် ထန်ရှုက ပြောလိုက်သည်။
“ဒါ အရမ်းကောင်းတယ်”တစ်ဖက်မှ ပျော်ရွှင်စွာနှင့် ချက်ချင်းတုံ့ပြန်သည်။
များမကြာမိ ထန်ရှုက တစ်ဖက်လူ၏မျက်နှာအား မြင်လိုက်ရသည်။ သူမက အသားဖြူပြီး အသက်ဆယ့်ခြောက်နှစ်အရွယ်မိန်းမလှလေးတစ်ယောက်ဖြစ်၏။ အထူးသဖြင့် သူမမျက်လုံးများက အလွန်သန့်စင်ပြီး အလွန်လှပသည်။
“ဒါ ရှင်တကယ်ပဲလား၊ မစ္စတာထန်။ ဒါ အရမ်းကောင်းတာပဲ။ ကျွန်မအမေ့ရဲ့အသက်ကို ကယ်နိုင်ပြီပေါ့”video callမှတစ်ဆင့် ထန်ရှု၏မျက်နှာကို မြင်ပြီး ပုဟဲစီရင်စုမြို့တော်တွင် နေထိုင်သော လီချိုက်က ချက်ချင်း ပျော်ရွှင်သွားလေသည်။
“ကောင်းပါပြီ၊ မင်းအမေရဲ့အခြေအနေကို အရင်ပြောပြနိုင်မလား”ထန်ရှုက မေး၏။ “ပြီးတော့ မင်းအမေကို ငါ့ရဲ့ကုသမှုကို တကယ်ပဲ လိုအပ်တယ်ဆိုရင် မင်းတို့က ရှန်းဟိုင်ကိုလာဖို့ လိုမယ်”
“ဒါ ပြဿနာမရှိပါဘူး။ ငါတို့ အဲကို လာမှာပါ”
လီချိုက်၏တုံ့ပြန်မှုက ကျေနပ်ပီတိတို့ဖြစ်နေလေသည်။ ထို့နောက် သူမက သူမအမေ၏အခြေအနေအား တင်ပြကာ နောက်ဆုံးတွင် မျှော်လင့်ချက်အကြည့်တစ်ခုနှင့် မေးလိုက်သည် “နတ်ဆေးဆရာထန်၊ ရှင်…ကျွန်မအမေက ဘယ်လိုရောဂါမျိုးဖြစ်နေတယ်ဆိုတာ ဆုံးဖြတ်နိုင်လား”
ထန်ရှုက ခဏနှုတ်ဆိတ်သွားသည်၊ ထို့နောက် သူက ခေါင်းခါယမ်းပြီးမှ သူမအား ခေါင်းညိတ်ပြလိုက်သည် “ငါ လူနာကို မမြင်ရသေးဘူး၊ ဒါကြောင့် မင်းအမေရဲ့ရောဂါကို ဆုံးဖြတ်ဖို့ နည်းလမ်းမရှိဘူး၊ ဒါပေမယ့် ငါ့စိတ်ထဲမှာ ခန့်မှန်းမှုအချို့ ပြုလုပ်ထားပြီးပါပြီ။ ဒါပေမယ့် ငါ့ခန့်မှန်းချက်က မှန်ကန်တယ်ဆိုရင် သူမကို ကုသလို့ရနိုင်ပါသေးတယ်”
“ရှင်ဆိုလိုတာက…ဒါဆိုရင်….ကျွန်မအမေကို ခေါ်ပြီး ရှန်းဟိုင်ကို ချက်ချင်းလာခဲ့မယ်၊ နတ်ဆေးဆရာဝန်ထန်။ ဒါက ရှင့်ရဲ့ဖုန်းနံပါတ်မလား။ ရှန်းဟိုင်ကို ရောက်တဲ့အခါ ကျွန်မတို့ ရှင့်ကို ဘယ်နေရာမှာ လာရှာရမှာလဲ”လီချိုက်က စိတ်လှုပ်ရှားစွာနှင့် မေးလိုက်သည်။
“ဒါ တကယ်ကို ငါ့ရဲ့ဖုန်းနံပါတ်ပဲ”ထန်ရှုက ဖြေလိုက်သည် “ပြီးတော့ မင်းတို့ ရှန်းဟိုင်ကို ရောက်တဲ့အခါ ငါ့ဆီ ဖုန်းခေါ်လာပါ။ ငါ တစ်ယောက်ယောက်လွှတ်ပြီး မင်းတို့ကို လာကြိုခိုင်းလိုက်မယ်”
“ဒါ အရမ်းကောင်းတယ်၊ ကျေးဇူးတင်ပါတယ်၊ နတ်ဆေးဆရာထန်။ ရှင်က လူကောင်းတစ်ယောက်ပါပဲ”လီချိုက်က ကျေးဇူးတင်သောမျက်နှာနှင့် ပြောလိုက်သည်။
“ရောဂါကုသပေးရတာ၊ လူနာတစ်ယောက်ကို ကယ်တင်ရတာ ငါလုပ်သင့်တဲ့အရာပါပဲ။ ဒါဆို ကောင်းပြီ၊ ငါတို့ နောက်တွေ့တော့မှပဲ စကားထပ်ပြောကြတာပေါ့”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူက ဖုန်းတန်းချလိုက်ပြီး သူ့ဘေးနားရှိ မုဝမ်ရင်အား လှည့်ကြည့်လိုက်သည်။ သူမက မျက်နှာက တစ်ခုခုကို ပြောချင်သော်လည်း တုံ့ဆိုင်းနေသည်ကို မြင်သောအခါ သူက ချက်ချင်းမေးလိုက်၏ “ဘာဖြစ်လို့လဲ။ တစ်ခုခုမှားနေလို့လား”
“ဘာမှမဟုတ်ပါဘူး။ ကျွန်မက သိချင်ရုံလေးပါ”မုဝမ်ရင်က ရယ်လိုက်သည် “ရှင်က အဲဒီလူနာကို ကုသပေးနိုင်ရင် သူတို့က ရှင့်ကို အရမ်းကျေးဇူးတင်မှာသေချာတယ်။ စောစောက ဖုန်းကနေ အဲဒါနဲ့ ပတ်သက်ပြီး ရှင် မေးလိုက်ရမှာလို့ ကျွန်မ ထင်တယ်။ တကယ်တော့ သူမက ရှင့်ကို အင်တာနက်ပေါ်မှာ ရှာနေတာ၊ ပြီးတော့ ရှင့်အတွက် ကျေးဇူးတင်ခြင်းလက်ဆောင်က အရမ်းကောင်းတယ်လို့ သူမက အကြိမ်ကြိမ်ပြောနေခဲ့တာ”
***